Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 5.5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter -10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16(Final Part)
Extra Part
Chapter - 3
သူပြင်ပေးသည့် နံနက်စာအားစား၍ပြီးသည်
နှင့် ကျွန်တော် Demonic Bar သို့  ခြေဆန့် 
ဖြစ်သည်။ ဝန်ထမ်းများမှာ ကျွန်တော့်ကိုမြင်
သည်နှင့် ကပျာကယာလုပ်လက်စအလုပ်ကို ရပ်၍ ဂါရဝပြုကြ၍ ကျွန်တော် ခေါင်းငြိမ့် အသိအမှတ်ပြု၍သာ သီးသန့် အလုပ်ခန်းထဲ
သို့ ဝင်ခဲ့သည်။ ကျွန်တော်မရှိလည်း အဆင်ပြေပြေလည်ပတ်နေမည့် Bar အတွက်
အထူးတစ်လည်ကျွန်တော်ဆောင်ရွက်ရန် ကိစ္စမရှိပါချေ ။
           ……ဒေါက် …ဒေါက်……
"ဝင်ခဲ့လေ။"
အလုပ်စားပွဲခြေနှစ်ချောင်းစင်း၍ ခုံကို ကျောခင်းမှုမပျက် ကျွန်တော်အသံပြုတော့ ဝင်လာသည်မှာ ကျွန်တော့်လက်ထောက် တစ်ဖြစ်လဲသူငယ်ချင်းဖြစ်သူ Lee Soohyuk…
"ဟက်…မင်းအခုငါ့ကိုအကောင်လိုက်မြင်ရတယ် မလား။"
"အေး …မြင်ရမှယုံသွားတာ။ ထူးထူးဆန်းဆန်း ရောက်လာပါလားကွ။"
ခုံဆွဲယူ၍ ပြုံးစစမေးသည့် Soohyuk ကို ကျွန်တော် ရယ်ရင်းခေါင်းခါပြတော့ ပြုံးစစမျက်
နှာပေးမှတစ်ဆင့် ခွက်ထိုးခွက်လှန် အဆင့်ထိ ပြောင်းလဲလာသည်။
"YiFan hyungစကားတစ်ကယ်စွမ်းတာပဲ။"
ကျွန်တော်လက်မခံချင်ပြန် ။
"မဟုတ်ပါဘူး။ ငါ့ဆိုင်ပဲကို ငါလာချင်လည်းလာ
မှာပေါ့ကွ။သူပြောလို့ မဟုတ်ဘူး။"
ဘူးထဲမှစီးကရက်ကိုထုတ်ရင်းကျွန်တော်ပြော
တော့ Soohyuk အရယ်ရပ်သွားသော်လည်း
ရယ်ချင်ရိပ်ကသန်းနေဆဲ …။ လူတွေ သိပ်ခက်သည်။ ကျွန်တော်သည် သူ့ စကားတစ်
ခွန်းအတိုင်းပြုမူတတ်သည်ဟူ၍သာ ထင်နေ
ကြသည် ။
… :::::::::::::::: …
"အင်း.…"
ထွက်လာခဲ့ပါ။ "
"Barထဲဝင်ခဲ့လေ။"
" အဲ့ဒီမှာပြောဖို့ အဆင်မပြေဘူး Chanyeol"
ကျွန်တော့်ဘက်မှမထွက်သွားချင်သော်လည်း အရေးကြီးကိစ္စဖြစ်မည်ထင်၍ ကျွန်တော် ထွက်သွားခဲ့ရသည်။ ဆယ်မိနစ်ခန့် လမ်း
လျှောက်ပြီးနောက် ပန်းခြံထဲရှိ ထောင့်တစ်နေရာ (ယခင်ကကျွန်တော်တို့  နှစ်
ယောက်ထိုင်နေကျနေရာ) ၌ ဂျူတီကုတ်ဖြင့်
သူ့ အား ထိုင်နေလျက်ရှိသည်ကို မြင်ရသည်။
"ဘာကိစ္စမို့ လို့ ဒီကိုခေါ်ထုတ်ရတာလဲYi Fan"
သူ့ ဘေးနားဝင်ထိုင်၍ဆိုတော့ သူလှည့်ကြည့်
လာသည်။ ကျွန်တော့်မျက်နှာ …မဟုတ်သေး။
အယောင်ကျစ ပါးပြင်သို့  ။ မိနစ်ပေါင်းကြာမြင့်
စွာ သူစကားမပြော ။ ကျွန်တော့်ပါးပြင်သို့ သာ
ငေးကြည့်နေသည်ကို ခံစားရ၍ ကျွန်တော်သူ နှင့်မျက်နှာချင်းဆိုင်သို့ လှည့်လိုက်သည် ။
Yi Fan …။ သူ့ မျက်ဝန်းထဲ ထူးခြားစွာ အရည်ကြည်တို့ လဲ့နေသယောင် ။ မျက်ဝန်းထဲ
နာကျင်နေသည့် အရိပ်အယောင်ကို ကျွန်တော် ဖောက်ထွင်းမြင်နေရသည် ။
အချိန်မည်မျှကြာသည်အထိ ကျွန်တော်တို့  တစ်ဦးကိုတစ်ဦးကြည့်မိနေသည်မသိတော့။
" ထပ်ပြီးတော့ …မင်းကိုထိခိုက်စေမိပြန်ပြီ။"
ကျွန်တော့်ပါးပြင်ကို ကြွေရုပ်သဖွယ် နူးညံ့ငြင်
သော်လည်း ကျွန်တော်မမှုနိုင်တော့ပဲ ကျွန်တော်ငြိမ်နေမိသည်။
"တောင်းပန်ပါတယ် ။ "
မင်းအမေရိုက်ခဲ့တဲ့ပါးပြင်ထက် မင်းဆီက တောင်းပန်စကားကြားရတာငါပိုနာကျင်ရတာ မင်းသိစေချင်တယ် Yi Fan …။
"မင်းကဘာတောင်းပန်စရာရှိလို့ လဲ။ "
"မဟုတ်ဘူးChanyeolငါမင်းကိုတောင်းပန်ရ
မယ်။ ငါ့မိသားစုကမင်းကိုနာကျင်စေလို့  ငါတောင်းပန်ရမယ်။ ဒီထက်ပိုပြီးလုပ်သင့်ရင် တောင်…"
"မင်းအတွေးများနေပြီ။"
သူ့ လက်ကိုအသာဖယ်ကာ ဆုပ်ကိုင်၍ ကျွန်တော်ဆက်ပြောလိုက်သည်။
"မင်းကောငါကော အမ်ျိုးဖြတ်ခဲ့တဲ့သူတွေမ
ဟုတ်ဘူးလား။"
"………"
"ငါ့ကိုနာကျင်အောင်မင်းလုပ်တာမှမဟုတ်တာ။
မင်းတောင်းပန်စရာမလိုဘူး။ အမေပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ငါ့ကိုထိခိုက်စေရင်တောင် မင်းနဲ့ မဆိုင်ဘူးလေ။ မင်းငါ့ကိုနာကျင်အောင်
လုပ်ရင်လည်းငါကငါမှန်ရင်ငြိမ်ခံနေမယ်ထင်နေလား။ "
"Sorry ငါမေ့သွားတယ်။အမေဖုန်းဆက်ပြီး ပြောပြောချင်းငါပူထူပြီးထွက်လာခဲ့တာ။"
"ထင်ပါတယ်ဂျူတီကုတ်ကြီးနဲ့ ။"
"အဟက် …ဟုတ်သားပဲ။ အခုက သိသာလွန်း
သွားပြီ။"
"မင်းကတော့ကွာ.…"
သူ အသာရယ်ရင်း ကျွန်တော်ဖက်၍
"ညကမြင်လို့ ဘာဖြစ်မှန်းမသိပေမဲ့ ရေခဲဝတ် တောင်ကပ်ပေးထားတာ။"
မေတ္တာလား။"
ကျွန်တော် ခိုးသိလိုက်သည့် အကြင်နာအကြောင်းတော့ စကားမစဖြစ်။
"အင်း မေတ္တာတွေလျှံထွက်လာတာ။"
သူ့ ဝမ်းဗိုက်ကိုလက်သီးဆုပ်ဖြင့် ထိုးရင်း ကျွန်တော် ရယ်မိသည်။ သူ့ ထံမှ စိတ်ပူခြင်း
ခံစားရ၍ ပျော်သည်လား။ မေတ္တာကိုရ၍ ကျေနပ်ခြင်းပေလား။ ကျွန်တော်မခွဲခြားတတ်
တော့ချေ။
•••••••••••••••••••••••••••••••••••••••••
" Yi Fan မင်း ပေါက်ကရလုပ်နေတာတော်
သင့်ပြီ။"
ကျွန်တော့်ကိုညနေစာချက်ကျွေးမည်ဟုဆိုကာ
အကျင့်ကို သိနေ၍ ကျွန်တော် ဤမျှနှင့် တားမြစ်ရတော့မည် ။ မဟုတ်လျှင် ညစာကို
ခေါက်ဆွဲပြုတ်နှင့် နှစ်ပါးသွားရတော့မည် ။
"နေဦး Chanyeol ဒီမှာပြီးတော့မှာ။"
ကျွေးနဲ့ ။"
ထမင်းစားပွဲတွင် ကျွန်တော်ထိုင်ရင်း ပြောတော့
" ရော့ …နောက်မှဒီသမရိုးမကျတဲ့ ဟင်းစားချင်
သေးတယ်လို့ မပြောနဲ့ ။ ကိုယ်တွေက တစ်ခါပဲရမယ်။"
စားပွဲပေါ်ချပေးလာသည့် အမဲရောင်ဟင်းအ
မယ်ကြောင့် ကျွန်တော်သူ့ ကိုမော့ကြည့်တော့
"အရင်စားကြည့်စမ်းပါကွ။ အရောင်အဆင်းဆို
တာပကာသနပါကွာ။"
သူပြောတော့လည်းသူ့ စကားပေမို့ ကျွန်တော်
ဇွန်းဖြင့်ခပ်ရင်းမြည်းကြည့်လိုက်သည်။
ပကာသနသာဖြစ်သောအရောင်အဆင်းနှင့် ဟင်းသည် အထူးတစ်လည်ကောင်းမွန်လှသည့်
အရသာမျိုးမဟုတ်သော်လည်း ။
"မဆိုးပါဘူး။"
ဤသို့ သောမှတ်ချက်သာပြုရင်း ထမင်းနှင့် တွဲဖက်ကာမြိန်ရေရှက်ရေစားပြတော့ သူသဘောကျစွာပြုံးလေဧ။်။
ဒါပါပဲလေ။ သူနှင့်ကျွန်တော့်ကြား Sex ကိစ္စမရှိ
လျှင် အရာရာအဆင်ပြေဧ။်။
       ……  ……  …… …… …… ……
သူပန်းကန်ဆေးနေခိုက် ရုပ်ရှင်ကြည့်ရန် ဧည့်ခန်းသို့ ထွက်လာသော ကျွန်တော် ရီမုစတင်ကိုင်ချိန်၌ပင် စားပွဲပေါ်မှ Yi Fan ဖုန်း
သည် message ဝင်လာသည်ထင်ဧ။်။ ဖုန်းမျက်နှာပြင်လင်းခိုက် ဘာရယ်ကြောင့်မ
ဟုတ် ကြည့်ရာ ဖုန်းနံပါတ်သာပေါ်သည်မို့ ။
"Yi Fan မင်းဆီmessageဝင်နေတယ်။"
ကျွန်တော်လှမ်းအော်သည်နှင့် အပြေးအလွှား
ရောက်လာသူ။ တော်ရုံ message မဖတ်ပဲထားသည့်သူက messageကိုဖတ်ရင်း
မျက်နှာပျက်နေသည်။
"ဘာလို့ လဲYi Fan"
"ဟင်…အာ အထွေအထူးမဟုတ်ပါဘူး။"
ပျက်ယွင်းနေသည့်မျက်နှာကိုပြင်ကာပြောသည့်
သူ့ ကြောင့် ပထမဦးဆုံးသောကျွန်တော်မုန်း
သည့် သံသယဟူသည့် အရာကိုခံစားမိလာ
သည်။
               ……တင်းတောင်……
ကျွန်တော်တို့ နှစ်ယောက်ကြားလေထုသည် အေးစိမ့်နေချိန်၌ ဘဲလ်မြည်သံပေါ်ထွက်လာ
ကျွန်တော်သတိထားမိသည်က သူထိတ်လန့် 
နေသည် ။
"ဘယ်သူလဲမသိဘူး။"
မသိဟန်ဆောင်ကာတံခါးဆီသို့ သာ မပြေးရုံတမယ်လှမ်း၍ပြောမိသည်။ မည်သူလာ
သည်မို့ Yi Fan ထိုအခြေအနေဖြစ်နေရသလဲ။
   ……ချလောက်……
တံခါးဖွင့်ဖွင့်ချင်းမြင်ရသည်က ကျွန်တော်တို့ 
ကဲ့သို့ ပင်အရပ်ရှည်ပြီးအသားဖြူဖြူနှင့် ယောက်ျားတစ်ယောက်။
"ဒါ Wu Yi Fanအိမ်ဟုတ်လား။"
"သြော်…ဟုတ်ပါတယ်။ အထဲဝင်ပါဦး။"
အထဲသို့ လိုက်ဝင်လာသောသူသည် ခရီးဆောင်အိတ်တစ်လုံးနှင့်။
"Yi Fanမင်းဧည့်သည်။"
သူထွက်လာသည်။ တည်ငြိမ်စွာဖြင့်။
"Kevin, long time no seeကွာ"
သူငယ်ချင်းများဖြစ်သည်ထင်ဧ။်။ ကျွန်တော် အလကားသက်သက် ပေါက်ကရအတွေးအ
ခေါ်များတွေးမိသွားသည်ထင်ဧ။်။
"ငါမင်းကိုသတိရနေတာ။အဲ့ဒါကြောင့်လိုက်လာ
တာ။"
"ငါကောပါပဲ။"
ထိုနှုတ်ဆက်ပွဲတွင် ကျွန်တော်ကလူပိုဖြစ်နေ
ဟန်ခံစားရ၍။
"ဟို …တစ်ခုခုသောက်မလား။"
Kevinဆိုသူက ကျွန်တော့်ကို ကြည့်၍ ခေါင်းခါပြသည်။ သို့ သော်…
"တစ်ခုခုသောက်လေ။Chanyeol…ကော်ဖီတစ်
ခွက်လောက်။"
"အင်း။"
သူစိမ်းရှေ့ ပင်မို့ ပြုံး၍သာ မီးဖိုချောင်သို့  ဝင်
ခဲ့သည်။ ပထမဦးစွာသော အခိုင်းခံရခြင်းဟု ဆိုရမည်လား။
"ငါမင်းကိုမလာဖို့ ပြောထားတယ်လေKevin"
Chanyeolဝင်သွားသည်ကိုမြင်မှYi Fan ပြောလိုက်သည်။ Kevinကခပ်ပြုံးပြုံးဖြင့်သာ
"မင်းကိုလွမ်းလို့ လေ။Chanyeol အထင်မလွဲပါ
ဘူးကွာ။ငါဒီမှာလာနေချင်တယ်။"
အစီအစဉ်မကျစွာပြောလာ၍Yi Fan သွေးတက်
ချင်သွားသည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
"မဖြစ်ဘူးKevinငါတစ်ပတ်သုံးခါတော့လာခဲ့ပေးမယ်လို့ ပြောခဲ့တယ်လေ။"
"ဘာကိုကြောက်နေတာလဲ။နယ်ကလာတဲ့ မင်းသူငယ်ချင်းလို့ ပြောလိုက်ကွာ။ သူကသဘောကောင်းမဲ့ပုံလေးပါ။"
Yi Fan အဖြေရခက်စွာဖြင့် ငြိမ်နေမိသည်။
"Yi Fanမင်းပါသောက်မယ်ထင်လို့  နှစ်ခွက်
ဖျော်ခဲ့တယ်။"
"သြော် …အင်း "
Yi Fan အပြုံးသည်အသက်မပါဟုကျွန်တော်
ထင်သည်။
"ကျေးဇူးပါပဲChanyeol-ssi"
"ရပါတယ်။Yi Fanမိတ်ဆွေဆိုတော့ ကျွန်တော်
နဲ့ လည်းမိတ်ဆွေပေါ့။"
"ဒါပေါ့ဗျာ။ ကျွန်တော်နဲ့  Yi Fanက အရမ်းခင်
ခဲ့ကြတာ။နောက်ကျွန်တော်က လန်ဒန်သွားလို့ 
"သြော် …"
လား ။
" Chanyeol-ssi ကိုကျွန်တော်တစ်ခုလောက် အကူအညီတောင်းချင်လို့ ။ "
"Kevin!!!"
ရုတ်တရက်ထအော်သည့်Yi Fanကြောင့် ကျွန်တော်လန့် သည်ထက် အံ့သြရသည်။
"ပြောကြည့်ပါ။"
ကျွန်တော် Yi Fanကိုသာကြည့်၍အဖြေပြန်ပြု
ဖြစ်သည်။
"ကျွန်တော် လန်ဒန်ကပြန်လာပေမဲ့ လောလောဆယ်နေဖို့ အခက်အခဲဖြစ်နေလို့ 
သူငယ်ချင်းကလည်းYi Fanပဲရှိတာဆိုတော့
ဒီမှာအိမ်ရှာပြီးတဲ့အထိခဏလောက်နေခွင့်ပြု
လို့ ရမလားဗျာ။"
"……¡"
Yi Fan ကိုတောက်လျှောက်ကြည့်နေမိသည့်
ကျွန်တော် သတိထားမိသည်မှာYi Fan အကျပ်
ရိုက်နေသည်။ ဘာတွေဖြစ်နေသလဲ Yi Fan…
"အခက်အခဲဖြစ်နေတာပဲ။ လာနေပါ။ Yi Fan သူငယ်ချင်းဆိုတော့ကျွန်တော့်သူငယ်ချင်းပေါ့။"
တစ်လုံးမှဝင်မပြောသည့်သူ့ ထံမှသက်ပြင်းချ
သံကြားလိုက်ရသည်။
"Yi Fan အခန်းလွတ်ရှိနေတာပဲမင်းလိုက်ပို့ 
လိုက်နော်။ လိုအပ်တာကူညီလိုက်ပေါ့။"
"အင်း။"
Kevin အားပြုံးပြ၍ ကျွန်တော်အိပ်ခန်းထဲသို့  ဝင်ခဲ့သည်။
Yi Fanခရီးဆောင်အိတ်သယ်ရင်း အခန်းလွတ်တစ်ခုကိုဖွင့်၍ဝင်လိုက်သည်။
အနောက်မှကပ်ပါလာသောတံခါးပိတ်သံနှင့် အတူခါးကိုဖက်လာသည့်လက်တစ်စုံ။
"ငါအရမ်းပျော်နေတယ်သိလား။"
ငါတော့အရမ်းမွန်းကျပ်နေတယ် …
"မင်းဘာလို့ မျက်နှာပြောင်တိုက်လာရလဲ Kevin! ငါ့ဘက်ကိုဘာလို့ မငဲ့တာလဲ။"
ခါးပေါ်မှလက်ကိုအသာဆွဲဖယ်ရင်း Yi Fan စိတ်ရှုပ်ထွေးစွာပြောလိုက်သည်။
"ငါမင်းကိုဘယ်အထိငဲ့ရမလဲ ။ ငါလည်းမင်းကို နေ့ တိုင်းမြင်ချင်တာပေါ့။ မင်းဆန္ဒရှိတဲ့အခါမှပဲ
မင်းမျက်နှာကိုငါကြည့်ခွင့်ရှိတာ…ဘယ်အချိန်
ထိငါအဖြည့်ခံအဖြစ်နေရမှာလဲ Yi Fan "
"ဒါ……"
တွေသူပိုင်ဆိုင်ရတယ် ။ "
"ငါနားလည်တယ်Kevin ဒါပေမဲ့ ငါချစ်တာ Chanyeolကိုပဲ။မင်းက …ငါ့အတွက်ဒီအတိုင်း သာမန်လူတစ်ယောက်ပဲ…မင်းနဲ့ ငါ့ကြား တခြားအရာတွေမလိုဘူး။"
Yi FanစကားအဆုံးKevinနာနာကျည်းကျည်း
ပြုံးလိုက်သည်။
"သာမန်လူတဲ့လား။ "
ဤစကားကိုသာထပ်တလဲလဲရေရွတ်နေသည့်
KevinကိုYi Fanအားနာသော်လည်း အထင်
လွဲမှားမည်စိုး၍ ပစ္စည်းကိုသာနေရာချပေးနေ
မိသည်။
" Yi……Fan.…"
Kevinထံမှမောဟိုက်နေသံကြောင့် Yi Fan ထိတ်လန့် သွားသည်။ လှည့်ကြည့်မိတော့ ချွေးစေးများထွက်ကာကြမ်းပြင်ပေါ်ဒူးထောက်
နေသည့် Kevinကြောင့် ဆရာဝန်အသိက ဝင်ရောက်လာသည်။
Yi Fan အိတ်ကိုဖွင့်ရင်းရှာနေစဉ်
"မ  …ရှာ နဲ့ တော့ ။"
"သောက်ပြီး …အ သက် …ရှင် နေ တော့ ကော…ဘာထူး မှာ လဲ။"
Yi Fanဂရုမစိုက်စွာပင်ဆေးကိုရှာနေမိသည်။
"စိတ် မလျော့လိုက်နဲ့ ။ ငါရေသွားယူပေးမယ်။"
Yi Fan အခန်းထဲမှပြေးထွက်သွားတော့ Kevin မျက်ရည်ကျဆင်းလာသည်။
ဆရာဝန်တစ်ယောက်ဧ။်ဂရုစိုက်မှုသာ။
ယောက်ျားဖြစ်နေခြင်းသည် ကံဆိုးခြင်းပေလား
မသိ။ အဖြည့်ခံအနေဖြင့် နေခဲ့သည့်အလျောက်
ပို၍အချစ်ပိုလာရခြင်းနှင့်အတူ အထီးကျန်ခြင်း
ပါခံစားလာခဲ့ရသည်။
ယခုအခြေအနေ၌ ထိုရောဂါဖြင့်ပင် သေပစ်
လိုက်ချင်သည်။
"Kevin ဒီမှာရေ …ဆေးသောက်ရအောင်။"
"တောင်းပန်ပါတယ်ကွာ"
ခဲ့ဖြစ်သည်။
တောင်းပန်ပါတယ် … မင်းကိုမချစ်ပေးနိုင်လို့  ။
•••••••••••••••••••••••••••••••••••••••••
မနက်ခင်း၌ထုံးစံအတိုင်းကျွန်တော်နိုးထလာခဲ့
သည်။ရေချိုးပြီး မနက်စာစားရန် ထမင်းစားခန်း
ထဲဝင်လာခိုက်
"နိုးပြီလားChanyeol"
"အာ…အင်းKevin"
"မင်းအတွက်ပါမနက်စာပြင်ထားတယ်။ စားလိုက်ပါလား။"
"အင်း …ကျေးဇူးပဲKevin"
"ရပါတယ်ကွာ။ငါကမင်းတို့ အိမ်မှာလာနေရတဲ့
ူသူပဲ။ဒီလောက်ကတော့အလိုက်သိပါတယ်။"
ကျွန်တော်ဝင်ထိုင်ရင်းပေါင်မုန့် ထောပတ်
သုတ်ကိုစားလိုက်သည်။
"Yi Fanကအစောကြီးသွားတာလား။ ငါနိုးလာတော့မရှိတော့ဘူး။"
"အင်း။၆နာရီလောက်သွားတာ။"
"သြော် …"
တိတ်ဆိတ်သွားသောစားပွဲဝိုင်းတွင် Kevin အနည်းငယ်ရှိန်နေသလိုပင်။
"ဟို ညနေကျရင် ငါBarကိုသွားမလို့ ။ မင်းတစ် ယောက်ထဲနေခဲ့လို့ အဆင်ပြေလား။"
"ပြေပါတယ်။ အေးဆေးသွားပါ။ Yi Fanက ဘယ်အချိန်ပြန်လာလဲ။"
"သူကအတိအကျမရှိဘူး။"
"ဟုတ်လား။"
"အင်း။ မနက်စာကောင်းကောင်းစားလိုက်ရ
ပါတယ်။"
"အင်း :D "
"ငါအခန်းထဲမှာရှိမှာမို့ လို့  ကိုယ့်အိမ်လို့  သဘောထားပြီးနေပါ။"
"အင်း ။"
ကျွန်တော်အခန်းထဲဝင်သည်နှင့်တံခါးနှင့် နောက်ကျောကပ်ထားမိသည်။
ချက်ဝင်ရောက်လာပြီးကျွန်တော့်နှလုံးသားကို
မီးတစ်ခုလိုလောင်မြိုက်နေသည်။
မည်သည့်အချိန်မှစ၍မည့်သည့်အခြေအနေထိ
ဖြစ်နေခဲ့လည်းမသိပေမဲ့သူ့ စကားတစ်ခွန်း
ထဲမှ။နှလုံးသားဧ။်နာကျင်မှုများထဲမှ။
အနည်းငယ်တည်ငြိမ်လာသည့်စိတ်ကြောင့် ထပ်မံမရှုပ်တော့လိုသဖြင့် ကျွန်တော် အပေါ်ဝတ်ကုတ်အရှည်ကိုဝတ်၍ အပြင်ထွက်
လာတော့ဧည့်ခန်းထဲရှိ ဆိုဖာပေါ်ဖုန်းနှင့် တစ်
စုံတစ်ခုပြုနေသောKevinအားမြင်ရသည်။
"ညနေမှသွားမှာဆို Chanyeol"
"ဟင် … အင်း။ အခုတစ်နေရာသွားစရာရှိလို့ ။"
"သြော် ဂရုစိုက်သွားဦး။"
"အင်း :) "
အပြုံးတစ်ခုကိုဆင်မြန်း၍ ထွက်လာပြီးသည့်
နောက် ကားကိုတစ်ရကြမ်းမောင်းဖြစ်တော့
သည်။
••• ••• ••• ••• ••• ••• ••• ••• ••• ••• •••
        ……ဒေါက် …ဒေါက် …ဒေါက်…
"ဝင်ခဲ့။"
ခွင့်ပြုပြီးသည်နှင့် ဝင်လာသောဆေးဆိုးပန်း
ရိုက်မျက်နှာနှင့် Cherry …ဆိုသော ကညာမဒီလေး ။
"မတွေ့ ရတာကြာပြီ ကို…"
နီနီရဲရဲနှုတ်ခမ်းကိုဆူ၍ပြောမိသူမစကားကြောင့် ကျွန်တော်ပြုံးလိုက်သည်။
"လာပါဦးကွာ "
လာသည့်သူမကြောင့်ကျွန်တော်မဲ့ပြုံးကို ပန်ဆင်မိသည်။
"ကဲ…ဘာဖြစ်လာပြန်ပြီလဲပြော"
"No…"
ဤမျှသာဖြေ၍ ကျွန်တော့်လက်တို့ က သူမ ခန္ဓာကိုယ်အနှံ့ ပြေးလွှားဆော့ကစားရင်း သူမဧ။်ညည်းညူသံတို့ အကြား ကျွန်တော့်ရဲ့
ညစ်ညူးနေသောဆန္ဒတို့ အား ထုတ်လွှတ်ဖြစ်
သည်။
         ………::::::::::::::::::………
သေလုမြောပါးနာကျင်နေသည့် အသံကိုလည်း
လျစ်လျူရှုရင်း…
"Yi Fan'ah…"
ပို၍အရှိန်တင်မိသည်နှင့် …
"တော်တော့ Chanyeol !!! Cherry သေတော့
မယ်။ "
ရုတ်တရက်တွန်းထုတ်ခံရမှုကြောင့် ကျွန်တော်
အသိစိတ်တို့ ကိုစုစည်းမိတော့ ကျွန်တော်ချွတ်
ထားသောကုတ်အင်္ကျီအား အောက်ပိုင်းတစ်နေ
ရာ၌သွေးတို့ လွှမ်းနေသောCherryအား ခြုံပေး
"ငါ …ဘာတွေလုပ်မိတာလဲ။"
Soohyukကကျွန်တော့်ကိုစိတ်ပူဟန်တစ်ချက်
"ဟယ်လို …Jong Woo , demonic ကိုလာခဲ့
ပေးပါလား။အရေးကြီးလို့ ။"
"………"
"အင်း မြန်မြန်တော့လာခဲ့ကွာ။"
Soohyuk ဖုန်းပြောပြီး၍ သတိလစ်နေပုံရ
သောCherryအား ဆိုဖာပေါ်ကျကျနနတင်
လိုက်သည်။
"Chanyeol မင်းဘောင်းဘီသေချာဝတ်ဦး။"
ကျွန်တော် အယောင်ယောင်အနနဖြင့် ဘောင်း
ဘီပြင်ဝတ်၍ Cherryထံသို့ လှမ်းမိသည်။
"သူသတိရလာမှမင်းရှင်းပေတော့။ အခန့် မ
သင့်ရင်အဓမ္မကျင့်မှုမြောက်တယ်ကွ။"
"ငါလည်းသတိမထားမိပဲ.…"
"နေစမ်းပါဦး။သတိမထားမိရအောင်ဘယ်
လောက်တောင်ရမ္မက်ထနေလို့ လဲ။"
"မဟုတ်ပါဘူးကွာ "
"တော်သေးတာငါပြောစရာရှိတာနဲ့  ဝင်လာ
လို့ ။မဟုတ်ရင်သေများသေနေမလားမသိဘူး။"
ကျွန်တော်စိတ်ရှုပ်ထွေးစွာဆံပင်တွေကို ဆွဲဖွ
၍ ခုံပေါ်ထိုင်ချလိုက်သည်။
"'မင်းဘာတွေဖြစ်နေတာလဲ။"
ကျွန်တော့်ကိုစူးစိုက်ကြည့်နေသည့် Soohyuk အားကျွန်တော်ပြန်ကြည့်နေမိသည်။
•••••••••••••••••••••••••••••••••••••••••
Tbc…
Steven_Cheng
© Steven Cheng Cheng,
книга «မညီမျှခြင်း».
Коментарі