Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 5.5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter -10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16(Final Part)
Extra Part
Chapter - 16(Final Part)
ပြင်ပလူနာဆောင်…။
အခန်းအမှတ် ၂၇၆…။
နာရီပေါင်း၂၈နာရီကြာမေ့မျောနေသည့်လူနာ
…။ နံဘေးမည်သူမျှမရှိ ။ ထိုလူနာဧ။် ညာဘက်
ဘေး၌ ရှိနေသော နှလုံးခုန်နှုန်းတိုင်းတာစက်
မှာ ပုံမှန်အနေအထားဖြင့် 'တတီတီ'မြည်လာ
သည်။ လူနာဧ။် မှေးစက်နေသည့် မျက်လုံးတို့ 
ဧ။် မျက်ခွံများ လှုပ်ရှားလာသည် ။ အကြောများ
သတိပေးချက်အရ လက်ချောင်းကလေးများပါ
လှုပ်ရှားလာခဲ့သည်။
ထို့ နောက်……။
လူနာဧ။် မျက်လုံးတို့  ပွင့်လာခဲ့သည် ။
"       …   "
မြင်မြင်ချင်း မျက်နှာကြက်ကိုသေချာကြည့်မိ
သည့်အခိုက် နားလည်မှုနှင့်အတူ စိတ်ပျက်သွား
ရသည်။
ထပ်ပြီးတော့ ဆေးရုံမှာပဲလား?!
ဦးခေါင်းမှ နာကျင်မှုအနည်းငယ်ကို မျက်ကွယ်
ပြုပြီး အိပ်ရာမှထိုင်ရန်ထပြီး အခန်းအတွင်း
ဝေ့ကြည့်လိုက်သည်။
ဘယ်သူမှမရှိနေဘူး။
လက်၌ချိတ်ထားသည့်ပိုက်ကိုဆွဲဖြုတ်ပြီး  အခန်း
ထဲကထွက်လာပြီး အပြင်ဘက်ကိုတစ်ဖန်ပြန်
လေ့လာရာ…ဒါ သူအကြိမ်များစွာ ရောက်ဖူးနေ
သောဆေးရုံဖြစ်သည်။
ဖျတ်ခနဲဝင်လာသည့်အသိတစ်ခုနှင့်အတူ …
ခြေလှမ်းတို့ အား ဒေသတစ်ခုထံသို့  လှမ်း၍။
"လူနာကသူ့ ရောဂါအနည်းအကျဉ်းကို အရမ်း
ကြီးမားနေတယ်၊ဒီရောဂါပျောက်ရမယ်၊ ရောဂါ
ပျောက်ဖို့ ဆေးသောက်ရမယ် အဲ့လိုအတွေးက
side effect ကသူ့ စိတ်ကိုပိုဆိုးဝါးစေတာပဲ…"
'စိတ်ရောဂါအထူးကုဋ္ဌာန' အမည်တပ်ဆင်ထား
သောအခန်းထဲမှ ကြည်လင်ပြတ်သားသော ရောဂါဖြစ်စဉ်ကိုရှင်းပြသံထွက်ပေါ်နေသည်။
"ဘယ်သူလဲ ? "
ကျောအနောက်မှ မိန်းကလေးအသံကြောင့် သူလှည့်ကြည့်တော့ သူနာပြုတစ်ဦးဖြစ်နေ
သည်။ ထိုသူနာပြုက သူ့ ကိုမြင်တော့ ထူးဆန်း
နေပုံရသော်လည်း …
"ဆရာ လူနာပြီးမှဝင်ပေးပါနော် Chanyeol-ssi"
သူ ခေါင်းပဲငြိမ့်ပြလိုက်သည်။
"အရမ်းလည်းအဆိုးဘက်ကိုမတွေးထားကြပါ
နဲ့ ။လူနာကအသက်ငယ်သေးတော့ကျွန်တော်
တို့ ဆေးရုံကကုသချက်တွေကိုကောင်းကောင်း
တုံ့ ပြန်လာနိုင်ပါလိမ့်မယ်။အချိန်တော့ယူရမှာ
ပေါ့ဗျာ…"
"ဟုတ်ကဲ့ပါဆရာရယ်…ကျွန်မတို့ ဆရာ့ကိုပဲ အားကိုးပါတယ်။"
"ဟုတ်ကဲ့ပါဗျာ…စိတ်ချပါ။"
"ဒါဆိုကျွန်မတို့ ကိုခွင့်ပြုပါဦး။"
"ဟုတ်ကဲ့…သတိထားသွားကြပါ။"
ထို့ နောက် တံခါးပွင့်လာပြီး အဒေါ်ကြီးတစ်ဦး
နှင့် ဆယ်ကျော်သက်ကောင်ငယ်လေးတစ်ဦး
ထွက်လာကြသည်။ သူ အခန်းတံခါးကို ဆွဲဖွင့်
ကာ အထဲဝင်တော့…
"ဆရာမ လူနာဘယ်နှစ်ယောက်…ဟင်? Yeollie…"
ထိုင်ရာမှထ၍ သူ့ ထံမပြေးရုံတမယ် ရောက်လာသူ။
"ဘယ်တုန်းကသတိရလာတာလဲ? Yi Fan ကော?"
Chanyeol ပြန်မဖြေသေးပဲ လူနာကုတင်အ
ပေါ် ထိုင်နေကျအတိုင်းတက်ထိုင်လိုက်သည်။
"မသိဘူးလေ…ကျွန်တော်နိုးလာတော့ ဘယ်
သူမှမရှိနေဘူး။"
Kasper ခေါင်းရှုပ်သွားသည်။ ၁ရက်ကျော်ကြာ
အောင်သတိမေ့နေသော Chanyeolသည် ယခုမူအကောင်းပကတိအတိုင်း သူ့ ထံရောက်
လာ၍ Yi Fan လည်းမရှိနေပုံကြောင့်။
"တစ်ခုခုသွားဝယ်နေတာများလား…။ မင်း သတိရကတည်းကဆရာဝန်မစမ်းသပ်ထားဘူး
မလား။လှဲလိုက်…ကိုယ်စစ်ပေးမယ်။"
"တော်ပြီ။ကျွန်တော်အကုန်ကောင်းတယ် …
တစ်ခါတစ်ခါနိုးလာရင်ဆေးရုံမှာပဲဖြစ်နေတာကလွဲရင်။"
Kasper ပြောစရာမရှိတော့ပုံဖြင့် Chanyeol ဘေး၌ရပ်လိုက်ပြီး။
"စိတ်ထဲတစ်ခုခုဖြစ်နေတာရှိလား?"
"ကျွန်တော်မရူးခဲ့ဘူး Kasper ။ ဒီအတိုင်း…
အချစ်ကြီးသွားလို့ အရူးတစ်ပိုင်းဖြစ်ခဲ့ရုံလေး"
Kasper အံ့သြသွားပုံဖြင့် ထိုင်နေသည့် Chanyeolကိုလှည့်ကြည့်လိုက်သည်။ ဤသို့ 
ပြောဆိုခြင်းအရ Yi Fan အား ပြန်လည် မှတ်မိ
နေပုံပင်။
"Kasper!!ဒီကို Chan…"
"ရှိနေတာပဲ။"
အလောတကြီးဖြစ်နေဟန် အပြေးတစ်ပိုင်း၊ အမေးတစ်ဝက်နှင့်ရောက်လာသည့် Yi Fan နှင့် Jong Wooအား Chanyeol လှမ်းကြည့်လိုက်
သည်။
သတိရရခြင်းKasperထံသို့ ရောက်နေသည့်သူ့ 
အား မကျေနပ်ဟန်ဖြင့်ကြည့်လာသူ Yi Fan ကြောင့် ။
"ဘာတွေဖြစ်လာတာလဲ? "
Chanyeol မတ်တပ်ရပ်ရင်းပြောလိုက်သည်။
"ငါ့တစ်ယောက်ကိုပဲမေ့သွားတာကိုး ။"
Yi Fan ခြေလှမ်းတွေကို နောက်ဆုတ်ကာ မပီ ပြင်သောအပြုံးတစ်ခုနှင့်အတူ အခန်းထဲမှ ထွက်
သွားသည်။
"Yeollie…ဘာလို့ မပြောလိုက်တာလဲ။"
"သူနားထောင်ဖို့ မှမကြိုးစားတာ"
အပြုံးယဲ့ယဲ့ဖြင့်ပြန်ဖြေသည့် Chanyeol …
နားမလည်စွာ ပွဲကြည့်ပရိသတ်လုပ်နေသည့် Jong Woo…
"လိုက်သွားသင့်တယ်မဟုတ်ဘူးလား?"
"ကျွန်တော် …"
ခြေလှမ်းတို့ ကို အရှိန်တင်ကာ လူနာဝတ်စုံဖြင့်
ပင်ပြေးလိုက်သွားလေသော…။
Jong Wooကို ခေါင်းငြိမ့်ရုံသာ အဖြေပြန်ပေး
ရင်း ပြေးထွက်သွားသူဧ။် နောက်ကျောပြင်အား
မမြင်ရတော့သည်အထိ ငေးကြည့်နေမိသည်။
"Wu Yi Fan…"
ခေါင်းငိုက်စိုက်ချလျက် မဟုတ်သော်လည်း အသက်မပါသောလျှောက်လှမ်းမှုနှင့် အတူ မည်သည့်အရပ်ကိုဦးတည်နေမှန်း မသိရ၍ Chanyeol လှမ်းခေါ်လိုက်ရသည်။
ခြေလှမ်းများရပ်တန့် သွားသည်မို့  …။
"ငါသတိရကတည်းကမင်းနာမည်ကိုခေါ်နေမိ
တာ…"
ကျောခိုင်းထားသူဧ။် ကျောပြင်အား ဖက်တွယ်
ကာ ကျောနှင့်ရင်ကပ်လျက်သား ရင်ဖွင့်ဖြစ်
သည်။
ငါဧ။် နှလုံးခုန်သံ…ကျောပြင်မှတစ်ဆင့် ကြားသိပါစေ။
"ငါမင်းကိုမေ့နေခဲ့တာကလည်း…ငါမင်းကို
အရမ်း…အရမ်းချစ်လို့ မေ့သွားခဲ့တာ။ ငါ့ဦး
နှောက်ထဲမင်းနဲ့ ပက်သက်တဲ့အရာတွေက များ
လွန်းလို့  ဖျောက်ဖျက်ပစ်မိသွားတယ်…"
ငါဧ။်မျက်ရည်…ကျောပြင်မှတစ်ဆင့် ခံစားသိ
ရှိပါစေ။
"ငါမင်းကို…လိုအပ်တာထက်ပိုချစ်မိသွားတယ်
Yi Fan ရာ…"
ဝန်မခံချင်သော်လည်း မမြိုသိပ်နိုင်တော့ပြီမို့ 
ပွင့်အံကျလာသည့် ဖြစ်ရပ်မှန်တို့ အား … ချစ်ရ
သူနားလည်ပါစေ။
"မင်းသိလား Chanyeol? "
ဖက်တွယ်ထားခံရသည့်လက်တစ်စုံကို အသာ
အယာဆွဲကိုင်၍ ဖက်တွယ်သူထံ လှည့်လိုက်
သည်။
"မင်းက…မင်းအချစ်ကိုပြသတတ်ပေမယ့်
ငါက…မင်းမမြင်နိုင်တဲ့ဘက်ခြမ်းမှာပဲ ငါ့အချစ်
ကိုပြနေတတ်တာ…။"
"………"
"ငါမင်းကို…လိုအပ်တာထက်ပိုဖုံးကွယ်မိသွား
တယ်ထင်တယ် …ငါတောင်းပန်ပါတယ် ။"
ဟင့်အင်း…မင်းမတောင်းပန်ရဘူး။
ကဖုံးကွယ်နေပေမယ့် စိတ်ကိုမလိုက်နာနိုင်တဲ့ မင်းမျက်လုံးတွေက မင်းငါ့ကိုချစ်ကြောင်း သက် သေပြနေတယ် ။"
Yi Fan ပြုံးလိုက်မိသည်။
"ပြန်မှတ်မိပေးလို့ အရမ်းကျေးဇူးတင်ရတယ်.…
မင်းမြင်လား Chan!.…ငါအရမ်းဝမ်းသာနေ
တယ် ။"
Chanyeol, Yi Fan အားဖက်လိုက်သည်။ အလိုက်သင့်ပြန်ဖက်လာသည့် Yi Fan ရင်ခွင်
ထဲအသာမှီကာ…
"နောက်ဘယ်တော့မှမဖုံးကွယ်ပါနဲ့ ။ ဒါ…ငါတို့ 
နှစ်ယောက်လုံးနာကျင်ရတယ်မဟုတ်လား။"
သူ့ ထက် ကျွန်တော်ပို၍နာကျင်ရကြောင်း သူမသိပါစေနှင့် ။
"အင်းပါ…ကလေးရာ။"
ခပ်ပေါ့ပေါ့အဖြေဖြစ်သော်လည်း လေးနက်
ကြောင်း ကလေးသိပါစေ။
"သေစမ်း…ဘာကလေးလဲ?"
ထူးဆန်းစွာပင် ကျွန်တော်ရှက်သွားရသည်။
သူဧ။် ကျွန်တော့်အပေါ် ' ကလေး ' ဟူသော အသုံးအနှုန်းသည် ဤမျှအထိ ပြုစားနိုင်သည်
လား။
"မင်းငါ့ထက်မငယ်လို့ လား။"
သူသည်ကျွန်တော့်ထက် အသက်နှင့် အတန်းပါ
ကြီးသည်ကို အလိုအလျောက်မေ့ဖျောက်ထား
သော ကျွန်တော် ။ အမှတ်ရသွားရသည်။
"ငါတို့ စသိကတည်းကမင်းကိုအကြီးလို့ ကို မမှတ်ခဲ့တာ။"
ကျွန်တော် သူ့ ရင်ခွင်အတွင်းမှ ထွက်ကာ မကျေမနပ်ပြောတော့ သူရယ်သည် ။
"ဘာပဲဖြစ်ဖြစ်...ကလေးကကိုယ့်ကလေးပါပဲ။"
နားကြားပြင်းကပ်စရာအသုံးအနှုန်းနှင့်သူ့ ကို
"မင်းကွာ…"
တစ်ခါတစ်ရံ၌ အလိုအလျောက်အရှုံးပေးတတ်
သောအကျင့်သည် ပေါ်လာတတ်သည်။
"ကိုယ် ကလေးကို သိပ်ချစ်တာပါကွာ "
တစ်ဖန် အသုံးအနှုန်းအသစ်နှင့် ပြန်လည်ပွေ့
ဖက်လာသူအား ကျွန်တော်မငြင်းဆန်ဖြစ်တော့။
ဤအခြေအနေအား ကျွန်တော်နှစ်ခြိုက်မိသည်
လေ။
"ငါကောပဲ…"
ဆေးရုံဝန်းအတွင်းဖြစ်နေသည်အား သတိရမိ
သွားသော်လည်း ကျွန်တော်မရှက်ဖြစ်တော့။
' ချစ်သူရှိနေလျှင် အရာရာကျော်လွှားနိုင်သည် '
ကလေးလည်းသိပ်ချစ်တာ……
ဤသို့ သော ကလေးပီပီအသုံးအနှုန်း သူကြား
ချင်မည်ကို သိသော်လည်း။
နောက်မှပေါ့…Yi Fan ။
ငါကြိုးစားပေးပါ့မယ် ။
••• ••• ••• ••• ••• ••• ••• ••• ••• •••
"ဒီနှစ်ယောက်ငါတကယ်အမြင်ကတ်နေပြီ။"
သတင်းစာကိုအရွက်လိုက်ဆောင့်ချကာ ပြောဆိုသောKevinအား ကျွန်တော့်ကို ထမင်း
ခွန့် နေသောYi Fanမှာအဖက်လုပ်ရမည်ကို မသိသည့်ပုံ။ ကျွန်တော်၌ကား Kevinအား ရယ်ပြချင်သော်လည်း ပေါ်ပေါ်ထင်ထင်ဖော်ပြ
လာသည့် Yi Fanဧ။် သဝန်တိုခြင်းအား သိထား
"ကလေး…ကုန်တော့မယ် ။အာ…"
သူသည် ကျွန်တော်တစ်ဖန်ပြန်လည်သတိရ
လာခဲ့သည့်အချိန်မှစ၍ ကျွန်တော့်အား အခေါ်
အဝေါ်အတိုင်း ကလေးတစ်ယောက်အသွင်
ပြုမူတတ်လာသည်။ အသိစိတ်က
မကျေနပ်သော်ငြား ကျွန်တော့်မသိစိတ်က  ပြုံး
ပျော်နေတတ်သည်။
Kevinသည်လည်း မျက်စောင်းတစ်ဝံ့ဝံ့ဖြစ်နေ
ပေမယ့် တစ်ချက်တစ်ချက်ပြုံးနေသည်။
သူသည်လည်း ကျွန်တော်ဧ။် ပြောင်းလဲမှုအ
တွက် ဝမ်းသာနေဟန် ။
ကျွန်တော်တစ်ယောက်ပြောင်းလဲရုံဖြင့် ဤသို့  အဆင်ပြေပြေဖြစ်နိုင်မည်ကို ကြို၍သိခဲ့လျှင်
မဟုတ်။
သို့ သော်ငြားလည်း…။ အိပ်ယာထဲမှ သာယာမှု
အား ကျွန်တော်ပေးရမည့်အထိတော့ ကျွန်တော်မပြောင်းလဲပေးနိုင်သေးပါချေ။ ထို အကြောင်းအား သူလည်း နားလည်သည်ထင်
ဧ။်။ ထိုကိစ္စအား ထုတ်ဖော်မပြောကြား မတောင်းခံပါ။
"ဘာတွေတွေးနေတာလဲ?"
Kevin ပြန်သွားသည့်တိုင်အောင် အတွေးပွား
၍ ကျန်နေခဲ့သည့်ကျွန်တော့်အား အနောက်မှ
သိုင်းဖက်၍ မေးလာသူကြောင့်။
"ငါ့မှာတွေးစရာဘာရှိသေးလို့ လဲ?"
ကျွန်တော် နူးညံ့စွာဂျစ်တိုက်ဖြစ်တော့ ပြစ်ဒဏ်
သွားရသည်။
"ကိုယ် ကလေးကိုအရမ်းချစ်တယ် ။"
မကြာခဏလိုလိုပြောကြားတတ်လာသည့် သူ့  စကားသံသြရှရှကြောင့် ကျွန်တော် ကြားပြီးတိုင်း ရှိန်းခနဲဖြစ်သွားတတ်သည်။
ယခုမှ ဆယ်ကျော်သက်လာဖြစ်နေသည်။
"ငါကောပဲ…"
အမြဲလိုလိုတုံ့ ပြန်ပြောဆိုလေ့ရှိသည့် ကျွန်တော့်အဖြေ။ သူ ငြိုငြင်ခြင်းမရှိသည့်အ
တွက် ကျေနပ်ရပါသည်။
"ကလေး…"
ခေါ်ဆိုပြီး ကျွန်တော့်ကိုဖက်လျက် ဘေးတွင်
ထိုင်လာသည်။
"အင်း "
ကျွန်တော်ပြန်ထူးပြီးသော်လည်း သူ့ စကားသံ
ထွက်မလာ။ အဘယ့်ကြောင့်နည်း။
သူ့ ကိုကြည့်မိသည့်အခိုက်…ကျွန်တော့်အား စိုက်ကြည့်နေသောသူဧ။်မျက်ဝန်းတို့ နှင့် ရင်ဆိုင်လိုက်ရသည်။
"ပြောလေ…ဘာပြောမလို့ လဲ။"
"ကိုယ် …။ ဘာမှမဟုတ်ပါဘူး…မနက်ဖြန် bar ပြန်ထိုင်မယ်ဆို?"
Bar ဟူသည့် စကားကြောင့် ကျွန်တော်မေ့နေ
သည့်အကြောင်းအရာအား သတိရကာ ထိတ်
လန့် သွားမိသည်။
"Yi Fan…ငါမင်းကိုပြောစရာရှိတယ် ။"
"ပြောလေ"
"ငါ…ငါ့မှာမင်းမသိတဲ့ပြဿနာတစ်ခုရှိနေ
တယ် ။"
ကျွန်တော် သူ့ အားပြောပြသင့်သည်ဟုထင်
သည်။ ကျွန်တော့်စကားကြောင့် စိုးရိမ်ရိပ်သန်း
သွားသည့် သူ့ ပုံစံကြောင့် ကျွန်တော့်အတိတ်မှ
လုပ်ရပ်ကို မုန်းတီးဖြစ်သွားသည်။
"ငါ့ကြောင့် မိန်းကလေးတစ်ယောက်ဘဝပျက်
စီးသွားခဲ့ရတယ်…ငါတမင်ရည်ရွယ်ခဲ့တာ မဟုတ်ပေမယ့် ။ ငါ စိတ်မထိန်းနိုင်ခဲ့တာ…
ငါ …"
"ရပြီ။ အဲ့ဒီကိစ္စကြောင့်ဆို ဘာမှမစိုးရိမ်နဲ့ ။ "
"မင်းသိတယ်ဟုတ်လား? ဘာလို့ မစိုးရိမ်လို့  ဖြစ်မှာလဲ။ ငါ့ကိုတာဝန်ယူခိုင်းနေတာလေ။"
"ဟက်…"
ရုတ်တရက်ရယ်ချလိုက်သည့်သူ့ ကြောင့် ကျွန်
တော် ကြောင်တောင်တောင်ဖြစ်သွားရသည်။
"တကယ်ကြီးတာဝန်ယူပေးမလို့ လား။"
သူ့ မေးခွန်းကို အချိန်ယူမစဉ်းစားလိုက်ရ။
သေချာတာပေါ့…ကျွန်တော် လုံးဝတာဝန်မယူ
နိုင်သည်ပေ။
"အဖြေကိုသိရက်နဲ့ ။"
"တာဝန်ယူမယ့်သူကသူ့ တာဝန်မဟုတ်တာ
တောင်ယူပြီးသွားပြီ။"
"ဟမ်? ဘယ်လို? "
ကျွန်တော် နားမလည်နိုင်တော့။ ဘယ်သူက အနစ်နာခံ၍ ထိုအပျက်မကို တာဝန်ယူလိုက်
သည်လဲ။
"Soohyukလေ…Lee Soohyuk ရဲ့ ကျောင်း
ထဲကအချစ်ဦးတဲ့။ "
ကျွန်တော့်သူငယ်ချင်းSoohyukဧ။် အချစ်ဦးက
ထိုမိန်းမတဲ့လား။ ကျွန်တော်အံ့သြလွန်းမက
အံ့သြနေရသည်။
"Cherryလည်းသနားဖို့ ကောင်းပါတယ်။ သူ့  အိမ်အဆင်မပြေလို့ ဒီလိုအလုပ် လုပ်ရတာ။ ဒါပေမယ့်…သူလည်းမိန်းမတစ်ယောက်အနေ
နဲ့ မစွမ်းဆောင်နိုင်တဲ့အခြေအနေဆိုတော့ မင်း
ကိုပဲအကျပ်ကိုင်မိတာပေါ့ ။ Soohyukက မင်း မတော်တဆဖြစ်ရတာCherryကြောင့်ဆိုတော့
ထို့ ကြောင့် Soohyukအား သည်နေ့ အထိ မမြင်ရသည်လား။
"ကလေးမမွေးနိုင်ရုံနဲ့ …"
ကျွန်တော်ဆက်မပြောဖြစ်တော့။ ပျက်ယွင်းနေ
သည့်မျက်နှာကိုသာ လွှဲလိုက်ရသည်။
"မတူညီဘူးလေ…သူကမိန်းကလေးဖြစ်လို့ ။
မိန်းကလေးဖြစ်နေလို့ ပိုခံစားရတာ။ "
"ငါကျတော့ကော…?ငါမင်းကို သာယာမှုလည်း
မပေးနိုင်သလို မိသားစုတစ်ခုလည်း… မတည်
ဆောက်ပေးနိုင်ဘူး။"
'မတည်ဆောက်ပေးနိုင်ဘူး' ဟူသည့် စကား၌
ကျွန်တော့်အသံသြသြသည် အလိုအလျောက် တိုးလျသွားရသည် ။
"မဟုတ်ဘူး!! အရင်က…ဒါကိုလိုအပ်တယ် ထင်ခဲ့ပေမယ့် ဒါအစစ်အမှန်မဟုတ်ဘူး။  ကိုယ်
တို့ ကြား ဒါတွေမလိုအပ်တော့ဘူးလေကွာ။ သွေးသားဆန္ဒကမပြင်းပြနိုင်ဘူးလို့ တော့ ကိုယ် အာမမခံနိုင်ပေမယ့် မိသားစုတစ်ခုတည်
ဆောက်ဖို့ က…မင်းနဲ့ ကိုယ်ရှိနေရင်ရပါပြီကွာ"
သူ့ စကားသည် ကျွန်တော်ဧ။် မခံချင်စိတ် ရောယှက်သည့်ဝမ်းနည်းစိတ်အား ပျောက်ရှစေ
သည်။
"ငါမင်းကိုချစ်တယ် Yi Fanရာ။"
ကျွန်တော့်နှုတ်မှ မကျေချမ်းစွာ ဖွင့်ဟဖြစ်သည်။
"ကိုယ်သိနေပြီးသားပါ…"
ကျွန်တော်ပြုံးလိုက်ရင်း သူ့ ရင်ခွင်ထံ ကလေး
တစ်ဦးသဖွယ် တိုးဝင်မိသည်။
"ငါကလေးမဆန်ချင်ဘူး။"
သူ့ အားရင်ဖွင့်ခြင်းစတင်ဖြစ်သည်။
"ငါ့ကလေးဆန်မှုတွေကို…မင်းတစ်ယောက်ပဲ
မြင်ပေးနိုင်မလား။"
ဖို့ ကောင်းနေမဲ့ပုံစံထက် ဆိုးသွမ်းမယ့်ပုံပဲ ပြပစ်
စမ်းပါ "
"မင်းပျော်ရင်ကိုယ်လည်းသိပ်ပျော်ရတာ…"
ကျွန်တော် သူဧ။်ရင်ခွင်ထဲပို၍ တိုးဝင်ကာ ကျွန်
တော့်ကြောင့် ဖြစ်ပေါ်လာသည့် သူဧ။်နှလုံးခုန်
သံအား ပျော်ရွှင်စွာနားဆင်နေဖြစ်သည်။
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
လှည့်ကာ အခန်းထဲဝင်ရောက်လိုက်သည်။
ကျောခိုင်းကာ သတို့ သားဝတ်စုံကိုဆင်မြန်းနေ
သော…
"Lee Soohyuk…"
မမာကြေပေမယ့် ပြတ်သားသောခေါ်သံ…
သတို့ သားထိတ်လန့် စွာလှည့်ကြည့်လာသည်။
"Chan…Chanyeol'ah "
မင်းအပြစ်မလုပ်ထားပဲ ငါ့ကိုလန့် နေဖို့  မလို
အပ်ဘူးလေ…။
"ပြောစမ်းပါဦး…လက်ထပ်ပွဲမှာYi Fanကိုကျ ဖိတ်ပြီးငါ့ကိုချန်ထားရတဲ့အကြောင်းလေး။"
ကျွန်တော့်အပြစ်အား အချစ်ကြောင့်တာဝန်ခံ သွားသော သူငယ်ချင်းအား ကြည့်ရုံဖြင့် ကျွန်
အောင်ပင် ရှောင်ဖယ်နေသည်မလား။
"ငါမင်းကိုအားနာ…"
"သေလိုက်ပါလားSoohyukရာ ။ "
မင်္ဂလာနေ့ ၌ ဒေါသကြီးစွာဖြင့် ကျွန်တော် အမင်္ဂလာစကားပြောထွက်မိသည့်အတွက် အသစ်စက်စက်သတို့ သားကို အားနာသွားမိ
သည်။
"ငါသိပါတယ်။ ငါသူငယ်ချင်းအချင်းချင်း မလုပ်
သင့်တာလုပ်မိ …"
"ကွန်ဂရက်ကျူလေးရှင်းပါကွာ။"
မရှိသည့်အမှားကို ကျူးလွန်ထားသဖွယ် ပြောနေသည့် Soohyukကို မြင်ပြင်းကတ်စွာ
ကျွန်တော်ဖက်လိုက်သည်။
"ငါ့အပြစ်တွေကိုကိုယ်စားခံယူပေးတဲ့မင်းကျေး
ဇူးငါတစ်သက်လုံးမမေ့ဘူး။"
"Cherryဖြစ်နေလို့ ပါ…ငါမင်းကို မပြောပြထား
မိတာ။ Cherryက ငါကျောင်းတုန်းက crushခဲ့
တဲ့ Aခန်းကကျောင်းသူပဲ။"
ကျွန်တော့်မျက်ခုံးတို့ ပင့်တက်သွားကာ Soohyukကို တည့်တည့်ကြည့်လိုက်တော့ အမှန်တရားဟူသော အရာက သူ့ မျက်နှာ၌ ထင်ဟပ်နေသည်။
သွားတယ်ဆိုတာလား?"
"အမှန်ပဲ။ ငါသူ့ ကိုသိပ်ချစ်သလို…သူလည်း ငါ့ကိုချစ်တယ် Chanyeol ။ မင်းရဲ့ မတော်တ
ဆမှုအတွက်တော့ငါတကယ်မျက်နှာမပြဝံ့ဘူး။"
"ထားလိုက်ပါတော့…အရာအားလုံးပြီးသွားပြီ
အမြန်ပြင်ဆင်ပြီးထွက်ခဲ့လေ…ငါတို့ ခန်းမထဲ ရှိနေမယ် ။"
"အင်းပါ ကျေးဇူးပဲ။"
"O…Oppa"
အပြစ်ရှိသူ သူမကို ကျွန်တော်ပြုံးပြ၍…
"Soohyukကို ချစ်ပေးတာ ကျေးဇူးတင်တယ်"
ထိုမျှသာ ပြော၍ သူမကို ကျော်ဖြတ်လာခဲ့တော့
"Oppa…"
"……"
ကျေးဇူးတင်ပါတယ် ။"
ကျောခိုင်း၍သာ မလိုအပ်ကြောင်းလက်ပြ၍
ခန်းမရှိရာသို့  ထွက်လာခဲ့သည်။
အခုကျတော့လည်း လောကကြီးဟာ ချစ်တတ်
သူတို့ နှင့် ပြည့်နှက်နေသည်လေ။
ရောက်မဆိုက် မေးလာသည့်Yi Fanကို ကျွန်တော်ခေါင်းငြိမ့်ပြကာ…
အမြဲတမ်းကျွန်တော့်ကို စိတ်ပူနေတတ်သော…
"မပြေရမဲ့အကြောင်းကပျောက်ကွယ်သွားပြီ
လေ။"
"ဝမ်းသာပါတယ်။"
ကျွန်တော့်လက်အားခပ်ဖွဖွ ဆုပ်ကိုင်လာသည့်
သူ့ လက်တို့ အား ကျွန်တော်ပြန်လည်ဆုပ်ကိုင်
၍…
"ငါတို့ လက်ထပ်ပွဲကိုတောင်ပြန်သတိရမိတယ်"
ဘုရားကျောင်း၌ပင် ရိုးရှင်းလှသော လက်ထပ်
ခြင်းအမှုကို ပြုခဲ့သော်လည်း ထိုနေ့ က ရင်ခုန်
မှုနှင့် ပျော်ရွှင်မှုသည် ယခုထက်တိုင် လတ်လတ်ဆတ်ဆတ်ဖြစ်နေဆဲပင်။
"ချစ်တယ် …"
ကျွန်တော့်နှလုံးသားလှိုက်ခုန်ရပြန်သည်။
"ဟေး…လက်ထပ်မှာSoohyukတို့ နော်…"
"သူတို့ နှစ်ယောက်ကပြောလို့ မရတာကြာခဲ့
ပြီ။"
Kasper လည်းအနားသို့ ရောက်လာကာ ခပ်ထေ့ထေ့ပြောတော့ ကျွန်တော်ရယ်လိုက်
ရင်း အခမ်းအနားကြိုဆိုသည့်နေရာမှ Kevin
ကိုကြည့်ကာ…
"ခင်ဗျားတို့ လည်း လှုပ်ရှားသင့်ပြီ ။"
Kasper လည်း Kevin အား လှမ်းကြည့်၍
"အင်း…တစ်နေ့ နေ့ ပေါ့။"
"နောက်ကျသွားရင်သူများလက်ထဲပါသွားလိမ့်
မယ်Hyungရ ။"
ကာစကားပြောနေသော JongWooအား သက်
သေခံနေသည်။
"သူတို့ ဘယ်တုန်းကဒီလောက်ရင်းနှီးသွားလဲ ကိုယ်မသိခဲ့ဘူး။"
အကြည့်လွှဲကာဆိုသောKasperဧ။်စကားတွင်
မနှစ်သက်သယောင်ပါဝင်နေသည်။
"ကိုယ်တွေက တစ်ခန်းတည်းသားJongWoo ဘက်ကနော်။"
"ကျွန်တော်က Kasperဘက်က။"
အားတက်သရောလောင်းကစား၌ ဝင်ပါမိသော
ကျွန်တော် မဲပေးရင်း Yi Fanကိုစိုက်ကြည့်ဖြစ်
တော့ အင်တင်တင်ဖြင့်သူသည် Kasper ဘက်
၌ ရပ်တည်လိုက်သည်။
"သတို့ သားနဲ့ သတို့ သမီးထွက်လာတော့မယ်"
Kevin ကပြောပြောဆိုဆိုဖြင့် Kasperဘေး၌ ရပ်လာသည်။ ထိုင်ရန်နေရာယူပြန်ရာ Kevin
ဘေး၌ JongWooကဝင်ထိုင်လာသည်။
ခန်းမထဲသို့ ဝင်လာသည့် Soohyuk သည် မြင်
နေကျထက်ပိုစွာသန့် ပြန့် နေပြီး Cherry သည်
လည်း ယခင်လိုရွံရှာဖွယ်ဆေးဆိုးပန်းရိုက် မျက်
နှာဖြင့်မဟုတ်ပဲ ဖြူဖြူစင်စင်ပြင်ဆင်ထားသည်
မို့ ထိုမင်္ဂလာပွဲသည် လိုက်ဖက်လွန်းနေသည်။
"သတို့ သမီးပန်းစည်းပစ်မယ် …"
စင်မြင်ပေါ်မှ သတို့ သမီးCherryပစ်ပေးသော
ပန်းစည်းသည်……။
"Wowwww"
နှစ်ခြမ်းကွဲ၍ ပန်းစည်းအားဖမ်းနေသော Kevin
ထံနှင့် ခပ်တည်တည်မတ်တပ်ရပ်နေသော Kasperထံသို့ ပြုတ်ကျသွားသည်။
"Yayyyy~~"
ကျွန်တော်နှင့်Yi Fan မှန်းထားသည့်အတိုင်း ဖြစ်တော့မည်ဖြစ်၍ မတိုင်ပင်ထားပဲ ထအော်
ဖြစ်ကြသည်။
"ဟေ့ကောင် Kasper…မင်းဆီကို Kevin အပ်
တာ မင်းကိုစိတ်ချလို့ ။"
"အေးပါကွာ~"
ငြိမ်သက်ပိပြားသော ယောက်ဖလောင်းအလား
ဖြစ်နေသည့် Kasper ကြောင့် party စား သောက်ပွဲအတွင်း ကျွန်တော်တို့ သူငယ်ချင်း
အုပ်စု အပူပင်သောကနည်းပါးစွာ ရယ်မော
ပျော်ရွှင်ခဲ့ကြသည်။
ကားခါးပတ်ကိုပင် အထာမကျစွာ ပတ်နေသည့်
မေးမြန်းရသည်။
"ရတယ်လို့ ပြောချင်ပေမယ့်…ခဏလောက် ကားထဲဆက်နေရအောင် ။ ခဏပါပဲ…အမူးပြေ
သွားလိမ့်မယ်။"
"ငါမောင်းမယ်လေ"
ကျွန်တော့်အား ရီဝေစွာကြည့်လာသည့် သူ။
ထိုင်ခုံအတိုင်းမထိုင်ပဲ ကျွန်တော့်ထံသို့  တိုးလာ
သည်။
"မမောင်းရဘူး။ ကိုယ့်ကိုထပ်မေ့သွားမှာ စိုးရိမ်
တယ် ။"
မှန်သည်။ နောက်ဆုံးအကြိမ်ကားမတော်တဆ
ဖြစ်ပြီးချိန်မှစ၍ ကျွန်တော့်အား ကားမောင်းခွင့်
မပြုတော့သည်မှာယနေ့ အထိဖြစ်သည်။
"ငါသတိထားမောင်းမယ်လေကွာ"
ထပ်၍ အထွန့် တက်ဖြစ်တော့ မျက်မှောက်ကြုံ့
သွားသည်။
"ကလေးက လူကြီးစကားနားထောင်ရမှာကို မသိဘူးလား။"
ပြောကာဆိုကာအနားကိုပို၍ တိုးလာသည့် သူ့ 
ပုံစံကြောင့် ကျွန်တော်အထာနပ်ကာ ခေါင်းကို
နှုတ်ခမ်းအထက်ကျွန်တော့်နှုတ်ခမ်းတို့ ဖြင့်
ဖိကပ်လိုက်သည်။ မြန်ဆန်သောတုံ့ ပြန်မှုကို
လက်ခံရရှိသဖြင့် အနမ်းကြားထဲမှ ကျွန်တော်
ပြုံးလိုက်ဖြစ်သည်။
သေချာသည်မှာ သူအမူးပြေသွားလိမ့်မည်။
ကားပါကင်မှ မမြင်ရသောမှန်အနက်ဖြင့် ကား
အနီရောင်လေးအတွင်းမှ အကြင်နာဖလှယ်နေ
ကြသောလူနှစ်ဦးသည် အကြင်နာပြီးဆုံးချိန်၌
တစ်ဦးကိုတစ်ဦး အရှိန်မပြေစွာ ငေးကြည့်နေမိ
ကြသည်။
"ကိုယ်က ကလေးကို သိပ်ချစ်တာ…"
နဖူးထက်အကြင်နာခြွေကာ နှစ်ကိုယ်ကြားရုံ
မျှပြောဆိုသည့်သူ့ နှုတ်ခမ်းအား စက္ကန့် ပိုင်းမျှ
သော အကြင်နာဖျတ်ခနဲခြွေ၍…
"ကလေးကောပဲ။"
ဖွင့်ဟပြီးသည့်နောက် မျက်နှာပူလာ၍ ခေါင်းငုံ့ 
ထားဖြစ်သည်။ အကျင့်မရှိ၍ ယားလာသော လျှာကြောင့် နှုတ်ခမ်းကိုကိုက်ထားမိတော့…
"နာသွားမယ်လေကွာ"
သူဧ။် လက်တို့ ကကျွန်တော်မေးစေ့ကို ဆွဲမော့
လာသည်။
"ကိုယ့်ခန္ဓာကိုယ်ပြဿနာရှိလာပြီ…ဘယ်လို
လုပ်ရမလဲ?"
ကျွန်တော်လက်မခံချင်သောအခြေအနေ …။
သူ့ ပုံစံကိုမြင်နေရသည်မှာလည်း အရက်ကြောင့် ပို၍ အစွမ်းထနေဟန် ။
မင်းကိုချစ်ပေမယ့်…ဒါတော့မဟုတ်သေးဘူး
Yi Fan ။
"အိမ်ပြန်ပြီးလက်နဲ့ ဖြေကွာ။"
လက်နှင့်တင်မရမှန်း ကျွန်တော်သိသော်လည်း
မညှာမတာအကြံပေးဖြစ်သည်။
"ဟာ……ဟုတ်ပါပြီ။"
ကားစက်နှိုးကာ အိမ်သို့ တရကြမ်းမောင်းနေ
သည့်သူ့ ပုံကြောင့် ကျွန်တော်ပင် စိတ်ထဲမရိုးမ
ရွဖြစ်လာရသည်။
ဟင့်အင်း…မဖြစ်စမ်းနဲ့  Park Chanyeol ။
ဒါမလုပ်ရလို့ ဘာမှမဖြစ်ဘူး။
…ဝုန်း…
ကားတံခါးပိတ်၍ အိမ်ထဲဝင်သွားသည့် သူ့ ပုံစံ
သည် အရေးကြီးနေသည့်အပြင်…ကျွန်တော့် ကိုပင် စိတ်ပျက်နေဟန် ။
"Yi Fan ရာ …"
ကျွန်တော် တီးတိုးရေရွတ်ရင်းဖြင့်သာ အိမ်ထဲ
ဝင်၍ အိပ်ခန်းထဲသို့ ဝင်ခဲ့သည်။
…ahh…
သန့် စင်ခန်းထဲမှအသံဟာ ကျွန်တော့်အား နှိပ်
စက်နေသည် ။
"Yi…Yi Fan…ငါ မရ တော့…"
လော့မချထားသည့် သန့် စင်ခန်းသို့ ဝင်ကာ အကူအညီတောင်းမိသည့်အခိုက် …။
ကျွန်တော်ဧ။် လက်မခံနိုင်သော စိတ်တို့ သည်
လက်ခံလိုက်ရသည်။
"ငါ…ငါ့ကို hahh…စိတ်…မပျက်…ပါနဲ့  ahh…"
ကျွန်တော်သာယာသောနာကျင်မှုကြောင့် သူ့ 
အားဖက်တွယ်ကာ တောင်းဆိုမိသည်။
"ဘယ်တုန်းကမှ …မင်းကိုစိတ်မပျက်ဖူးဘူး…"
ထို့ နောက်……။
သူနှင့်ကျွန်တော်ဧ။် အိမ်ထောင်ရေးလိုအပ်ချက်
များပြည့်စုံသွားရသည် ။
တစ်ဦးကိုတစ်ဦး ရူးမတတ်ချစ်သော်လည်း မဖြစ်သင့်သောမာနတရားများကြောင့် အမျိုးစုံ
သောအကြောင်းအရာများကြုံရသည်ကို သိမြင်
လာရသည်။
"ကလေး အိပ်ကြမယ်လေ ဘာတွေရေးနေတာ
လဲ? "
ကျွန်တော့်ကို သိုင်းဖက်လာသော သူ့ လက်
သွယ်သွယ်တို့ သည် အသားအရည်တွေတွန့်  ကာနေခဲ့သည်။
"ဒိုင်ယာရီရေးနေတာ…။"
သူ့ လက်တွေအား ပြန်လည်ဆုပ်ကိုင်မိသော
ကျွန်တော့်လက်တို့ သည်လည်း သူ့ နည်းတူ အရည်တွေတွန့် နေခဲ့သည်။
ယခုမူ…။ သူ့ အသက် ၇၂နှစ်။ ကျွန်တော့် အသက် ၇၀နှစ်။
သူသည်လည်း အဖိုးအိုတစ်ယောက်အသွင်အ
ပြင်ဖြစ်နေခဲ့ပြီး ကျွန်တော်သည်လည်း သူ့ အား
အမှီလိုက်နေခဲ့သည်။
ပါးရည်နားရည်များတွန့် နေသော၊ ငွေမှင်ရောင်
ဆံပင်များ ဇရာအရရှိနေပြီဖြစ်သော သူနှင့် ကျွန်တော်သည် ထပ်တူကျနေခဲ့သည်။
သို့ သော်…သူသည် ငယ်စဉ်ကလို နုရွချောမော
သည်မဟုတ်သည့်တိုင်အောင် ခန့် ညားနေဆဲ ဖြစ်သည်။ သူဧ။် ကျွန်တော့်အပေါ်ထားရှိသော
အချစ်သည် နှစ်ပေါင်းများစွာကြာညောင်းသည့်
တိုင်အောင် မကုန်ခန်းနိုင်ပဲရှိသကဲ့သို့  ကျွန်တော်သည်လည်းပဲ ထပ်တူဖြစ်သည်။
"ပြီးရင် အိပ်ကြမယ်လေ။ အသက်ကြီးလာလို့  ထင်တယ် …ညဘက်ကိုစောစောပဲအိပ်ချင်နေ
တယ်။"
"အင်း…အိပ်ကြမယ်လေ။"
သူနှင့်ကျွန်တော်သည် အချင်းချင်းဆေးပေးမီး
ယူပြု၍ တစ်ဦးကိုတစ်ဦးတွဲလျက် အိပ်ယာထက်
လှဲအိပ်လိုက်ကြသည်။
မျက်နှာချင်းဆိုင်နံရံ၌ ကျွန်တော်တို့ နှစ်ဦးဧ။်
မင်္ဂလာဓါတ်ပုံလေးသည် မအိပ်ခင်နှင့် နိုးလာ
ချိန်တိုင်း အားဆေးတစ်ခွက်ဖြစ်နေခဲ့သည်။
ထုံးစံအတိုင်း…သူ့ ရင်ခွင်၌ ခိုလှုံကာ ကျွန်တေိာ
မျက်လုံးတို့ မှိတ်လိုက်သည်။
"အရမ်းချစ်တယ် …"
သူ့ ထံမှ အာလုပ်သံခပ်တိုးတိုး…။
"ငါကောပဲ။"
မပြောင်းလဲသော အာလုပ်သံနှင့် ကျွန်တော့်
အဖြေ။
သည်ညအား ကျွန်တော်တို့ အတူဖြတ်သန်းကြ
ရဦးမည်။
"ကောင်းသောညပါ။"
ကျွန်တော် အိပ်ပျော်သွားခဲ့သည့်နောက် အိပ်မက်ထဲတွင် ကျွန်တော်နှင့် Yi Fan သည် ငယ်ရွယ်သောကာလသို့  ရောက်ရှိနေကြ
သည်။
"JongDae'ah…ငါ Wu Yi Fan ကို ချစ်နေပြီ
ထင်တယ်။"
ယောက်ျားလေးသန့် စင်ခန်း၌ …ပထမဦးဆုံး
သောဝန်ခံမိခဲ့သည့် အဖြစ်အပျက် ။ JongDae
ထံမှ မဖြစ်နိုင်ကြောင်းဆုံးမသံနားထောင်ပြီး နောက် သန့် စင်ခန်းထဲမှ ထွက်ခွာခဲ့သော်
လည်း ပြုံးရယ်လျက်ကျန်ရစ်ခဲ့သော Yi Fan
သည် အခန်းထဲမှ ထွက်လာခဲ့သည်။
"ငါလည်းမင်းကိုချစ်နေပြီ Park Chanyeol"
••• ••• ••• ••• ••• ••• ••• ••• ••• •••
||Wu Yi Fan
အသက်(၇၂)နှစ်||
||Park Chanyeol
အသက်(၇၀)နှစ် ||
ကဗ္ဗည်းထိုးထားသည့် ဘေးချင်းကပ်ရပ် အုတ်
ယောက်ျားလေး(၂)ဦး။
"ဖိုးဖိုးYiFanနဲ့ ဖိုးဖိုးChanyeol… သားတို့  ဖိုးဖိုး
ဆီရောက်လာပါတယ်။"
ပန်းစည်းလေးချရင်း စတင်စကားပြောသည့် အသားအနည်းငယ်ညိုသည့်ကောင်ကလေး။
"မေမေတို့ က လွန်ခဲ့တဲ့နှစ်ရက် လန်ဒန်သွား
မေးရိုးထင်းထင်း အသားဖြူဖြူနှင့် ကောင်လေး
ဟာပန်းစည်းချရင်းထပ်ပြောပြန်သည်။
"ကျွန်တော်တို့ အတန်းရှိသေးလို့ ။သွားလိုက်ပါ
ဦးမယ် ဖိုးဖိုးတို့ ။"
နှစ်ဦးသားဂါဝရပြုလိုက်ကြသည်။
"JongIn'ah…Hunတို့ အမြန်သွားမှရမယ် ထင်တယ်။ မိုးရွာလာတော့မယ်။"
"အင်း…သွားမယ်လေHun"
အုတ်ဂူလေးကိုကျောခိုင်းထွက်လာသည့်  လက်ချင်းတွဲသွားကြသော ကောင်လေးနှစ်ဦး
အား အုတ်ဂူပိုင်ရှင်နှစ်ဦးက ပြုံး၍ ကြည့်နေခဲ့
သည်။
"Soohyukတို့ မြေးနဲ့ သူ့ ချစ်သူက ဒီအရွယ် တောင်ရောက်နေကြပြီပဲ။"
လေတိုက်သံခပ်ကြမ်းကြမ်းအကြား စကားသံ
တိုးတိုးပါထွက်ပေါ်လာခဲ့သည်။
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
                            The End.
                        Steven_Cheng
                          5/10/2017
" မညီမျှခြင်း" အား ဖတ်ရှုအားပေးခဲ့ကြသော
စာဖတ်သူအပေါင်းအား အထူး(အထူး) ပင်
ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
GoodBye…!!
© Steven Cheng Cheng,
книга «မညီမျှခြင်း».
Коментарі