Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 5.5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter -10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16(Final Part)
Extra Part
Extra Part
"Jong……ငါတို့  သွားရတော့မယ်လေ ။"
ခရီးဆောင်အိတ်ကိုင်ဆွဲရင်း ပြောလာသည့် Sehun ကို Jong Inခပ်ပြုံးပြုံးလေးမော့ကြည့်သည်။
"ဖိုးဖိုးတို့ နှစ်ပတ်လည်မို့ ပြန်ခွင့်ရတာ…ငါ ရင်တွေအရမ်းခုန်နေတယ် Hun……"
"Jongရာ …ငါလည်းထပ်တူပဲ။ ဘယ်လောက်ကြာ ပြီလဲ…ဖိုးဖိုးတို့ ဆုံးပြီးတာငါးနှစ်တောင်ရှိပြီ။ အခုမှ ကျောင်းပြီးတာဆိုတော့ နှစ်ပတ်လည်နဲ့ ကွက်တိဖြစ် သွားတာ ။ ငါလည်း သိပ်ရင်ခုန်နေတယ်။ "
"Hun……ငါတို့  ဘိုးဘိုးWu YiFanနဲ့ ဘိုးဘိုး Park Chanyeolတို့ တက်ခဲ့တဲ့ကျောင်းကိုသွား
ကြည့်မယ်နော် ။ အခုတလော ဘိုးဘိုးChanyeol
"ဝတ္ထုတွေကလို လူဝင်စားဖြစ်နေပြီလားမသိဘူး ။ "
Jong Inခပ်ဟဟရယ်မော၍ "ဖြစ်ရင်သိပ်ကောင်းတာပေါ့ " ဟုပြန်ဖြေရင်း ခရီးဆောင်အိတ်ကိုင်ကာ -
"Hunလည်းငါ့ကို ဘိုးဘိုးYiFanလို အချစ်တွေမ ဖော်ပြတတ်ဘူးဆိုပြီး နေလို့ ကတော့ Kim Jong Inက ဘိုးဘိုးChanyeolလို အဖြစ်ခံမယ်မထင်ပါနဲ့ ။"
"Jongရာ…မွေးကတည်းကအခုထိအတူတွဲ အတူသွားလာနေကြတာ ငါ့အကြောင်း လည်းသိရက်
သားနဲ့ ။"
Sehun ကားထဲခရီးဆောင်အိတ်တွေကိုထည့်၍ မကျေမချမ်းပြန်ချေပသည် ။
Jong In ကားထဲဝင်ထိုင်တော့ Sehunလည်း ခေါင်းတစ်ခါခါဖြင့် ဝင်လာပြီး ကားဒရိုင်ဘာအား လေဆိပ်သို့  ကားထွက်ရန်အချက်ပြလိုက်သည် ။
သည် ။ ဂျပန်၌ ကျောင်းတက်ရင်းအလုပ်လုပ်နေကြ သော Sehunနှင့် JongInမှာ ငါးနှစ်ကြာမှ အမိမြေ
သို့ ပြန်ရမည်ဖြစ်၍ အလွန်ပျော်ရွှင်နေရသည် ။
ဒီဇင်ဘာ ၂၆ရက်နေ့ သည် JongInဧ။်အဘိုးဖြစ်သူ
Lee Soohyuk ဧ။်နှစ်ပတ်လည်ဖြစ်သည်မို့  JongInမှာပို၍ ဝမ်းသာနေပုံရသည် ။ မိဘကင်းမဲ့ သော JongInနှင့် Sehunတို့ အား ကလေးမရနိုင်
သော ဘိုးဘိုးတို့ လင်မယားက အသက်ကြီးမှ မွေးစား
ခဲ့ကြသည်မို့  မွေးစားအဘိုးနှင့်အဘွားအား JongIn တို့ သိပ်ချစ်ကြရှာသည် ။
" Sehun … ငါတို့ မိဘမဲ့ကျောင်းလေးကိုလည်း ပြန်သွားကြည့်ကြရအောင် ။ ငါတို့ အစ်ကိုကြီး JiYong ရှိသေးလားလို့ လေ ။ "
"အင်း …သွားကြမယ်လေ Jong "
လေယာဉ်စတင်ထွက်ခွာသည်နှင့် Sehun က နားကြပ်တပ်ကာ မျက်လုံးတို့ ကို မှိတ်ထားသည် ။
JongInကတော့ အဘိုးChanyeolဧ။် Christmas Day ဒိုင်ယာရီကို ရင်ခုန်စွာ ဖတ်နေ
ဖြစ်သည် ။
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::
Christmas day ဖြစ်၍ ကျောင်းပိတ်သော်လည်း
ကျွန်တော်နှင့် JongDaeမှာ ပိတ်ရက်မရ။ စာမေးပွဲအမှတ်တွေနည်း၍ ကျောင်း၌ စံပြကျောင်း
သားနှင့်အတူ အချိန်ပိုတက်နေရသည် ။ စံပြကျောင်း
သားမှာ အခြားသူမဟုတ်။ကျွန်တော်တို့ ထက် အတန်း
နှစ်နှစ်ကြီးသော စီနီယာWu Yi Fanနှင့်ဖြစ်သည်။
စိတ်တိုနေဟန်တူသည် ။ တွန့် ချိုးနေသောမျက်မှောင်
နှင့် ကျွန်တော်တွက်စာ တွက်နေသည်ကိုသာ စိုက်ကြည့်နေသည်မို့  ။
"ဟို …ငါတွက်တာမှားလို့ လား ? "
သူ့ ပုံစံကြောင့် စီနီယာဟုမခေါ်ချင်၍ ရွယ်တူတန်းတူ
လိုသာခေါ်ဆိုလိုက်သည် ။
" Kim JongDae…ညီလေးပြန်လို့ ရပြီ ။ ကိုယ် ခြစ်ထားတဲ့အပုဒ်တွေကို အိမ်စာအနေနဲ့  တွက်လိုက်
နော် ။ "
ဖြစ်ပျက်နေသည့်မျက်နှာနှင့်မတူညီစွာ JongDae ကို ကောင်းကောင်းမွန်မွန်ပြောနေသည်မို့  ကျွန်တော် စာအုပ်များသိမ်းလိုက်သည် ။ ထို့ နောက် JongDae
နှင့်အတူ လိုက်ထွက်ရန်ပြင်တော့ သူကပုခုံးကနေ လှမ်းဆွဲသည် ။
"ဒါကဘယ်လဲ …? JongDaeကိုပဲပြောတာ မင်းမပါဘူး ။ ပြန်ထိုင် …။ "
JongDaeကတော့ စပ်ဖြဲဖြဲဖြင့် စာကြည့်တိုက်မှ ပြေးထွက်သွားသည် ။ ယခု…စာကြည့်တိုက်၌ သူ နှင့်
ကျွန်တော်နှစ်ဦးတည်းသာ ။
" YiFan …ငါလည်းအိမ်မှာတွက်မယ်လေကွာ ။ "
မည်သူမှမရှိတော့သည်မို့  …ကျွန်တော် သူ့ အား ပေါ့ပေါ့ပါးပါးသာပြောဖြစ်သည် ။ အမှန်စင်စစ် … YiFan နှင့် ကျွန်တော်သည် kakao talk မှတဆင့်
အတော်အသင့်ရင်းနှီးပြီးသားဖြစ်သည် ။ သို့ သော် …
သောဂုဏ်ပုဒ်ညှိုးနွမ်းမည်ကိုစိုး၍သာ ကျွန်တော့်ဘက်
" ငါအခုမင်းကိုဒီစာကြောင့် ခေါ်ထားတယ်ထင်လို့ 
လား ။ "
"ဒါဆို ဘာကြောင့်လဲ ။"
ခြင်းမရှိတော့သော်လည်း အားမလိုအားမရဖြစ်နေဟန်
တွေလွှမ်းခြုံနေသည် ။
" မနေ့ က …မင်းကို ငါစကားပြော တာ ဘာလို့ မသိ ချင်ယောင်ဆောင်သွားတာလဲ။"
"အဲ့ဒါမင်းပြောတာလေ။ငါသဘောတူလို့ လား ။ မင်းကကျောင်းမှာလူမိုက်ခေါင်းဆောင်လုပ်နေတာ
လည်းမဟုတ်ဘူး။စာမလုပ်လို့ ဘိတ်ချေးဖြစ်တာပဲရှိ
တာ။"
သည် ။
"ငါကအသုံးမကျလို့ မင်းနဲ့ သူငယ်ချင်းမလုပ်ချင်တာ
YiFan…မင်းနဲ့ ငါကဆီနဲ့ ရေလိုကွာတယ် ။"
"လိုလို့ လား…ဒီလိုကန့် သတ်ချက်တွေ ။ "
က သူငယ်ချင်းဖြစ်သွားသည်အထိ YiFan မှာ ပြစ်ချက်ဟူ၍တစိုးတစိမျှမရှိသည်ကို ကျွန်တော်သိ
သည် ။ ပေါင်းရင်းနဲ့ မှ …သူနှင့်ကျွန်တော်ဟာ မညီမျှခြင်းလိုပင် ကန့် လန့် ဖြစ်လွန်းလှသည် ။
စင်စစ်…သူဧ။်ပြစ်ချက်မဟုတ်ပါဘဲ ကျွန်တော်ဧ။်
ပြစ်ချက်သက်သက်သာ ။
" YiFan …
ငါတို့  သူငယ်ချင်းမလုပ်ကြရအောင်။"
ကျွန်တော် စိတ်ရှုပ်ထွေးစွာဖြင့် ခပ်တိုးတိုးပြောမိပေမဲ့
တိတ်ဆိတ်နေသောစာကြည့်တိုက်ပေမို့  YiFan ကြားရလောက်သည်အထိ ကျယ်ပါသည် ။
" Chanyeol …"
"ငါတို့  ဒီအတိုင်း …သူငယ်ချင်းဆိုတဲ့ဘောင်နဲ့  မဟုတ်ဘဲ ဘာခေါင်းစဉ်မှမရှိတဲ့ ပက်သက်မှုမျိုးနဲ့ 
နေကြရအောင်။"
ဥာဏ်ကောင်းလွန်းတဲ့ YiFanဟာ ကျွန်တော်ဆိုလို
ချင်သည်ကို နားလည်မှာပါ ။
ကျွန်တော်ယုံကြည်တယ်။
" ထတော့ Chanyeol "
"ဘာဖြစ်လို့ လဲ ? "
"ဒီနေ့  Christmas day လေ …အိမ်မှာအနားမ
ယူနိုင်ရင် လျှောက်တော့လည်သင့်တယ်မလား။"
ကျွန်တော် ပထမဆုံးအကြိမ်အဖြစ် Christmas day ၌ ဂိမ်းကစားရင်းနှင့်အချိန်မကုန်ဖြစ်ခဲ့ပါ ။
Christmas ဖြစ်သည်မို့  Namsan Tower၌
လူသူများပြားနေသည် ။ လမ်းမထက် သီချင်းဆို၍ ဖျော်ဖြေကြသူများ ၊ လမ်းမထက်ကပြဖျော်ဖြေကြသူ
များနှင့် ပျော်ရွှင်စရာလည်းကောင်းသည် ။
လူများနေ၍ YiFanက ကျွန်တော့်ပုခုံးကို နောက် ကျောမှနေ၍ ကိုင်ထားကာ နှစ်ယောက်သား ဖြည်းဖြည်းချင်းတိုးသွားနေရသည် ။
"Chanyeol …ဒီမှာခဏရပ်နေနော် ။ "
သီချင်းဆိုဖျော်ဖြေနေသည့်နေရာ၌ ကျွန်တော့်ကို ထားရစ်ခဲ့ကာ သူထွက်သွားသည် ။ တစ်ခုခုသွားဝယ်
သည်ဟုသာမှတ်၍ လူအုပ်ကြီးကိုတိုးကာ သီချင်းဆို
ခြင်းကို ရပ်ကြည့်နေလိုက်သည် ။
Christmas သီချင်းတွေကို ဆိုနေကြသည်မို့  အလိုလိုကြည်နူးစရာကောင်းနေသည်။
Christmas သီချင်းတစ်ပုဒ်ပြီးသွားတော့ ဆိုနေသည့်ကောင်မလေးကို ကောင်လေးတစ်ဦးက
တစ်စုံတစ်ရာတီးတိုးပြောနေသည် ။ ကောင်မလေးက
အံ့သြသွားသလိုနှင့်တဆက်တည်း ခေါင်းငြိမ့်ကာ ပြုံး
နေသည် ။
"Hello everyone……ကိုလူချောလေးတစ်ဦး
ကို guest ခေါ်ထားပါတာမို့  ဆက်လက်အားပေးကြ
ပါဦးနော် ။ "
ကောင်မလေးထံမှဂစ်တာကိုလွှဲပြောင်းယူရင်း လူအုပ်
ထဲကို လှမ်းကြည့်နေသေးသည် ။
တစ်စုံတစ်ရာကို ရှာဖွေနေသယောင် ~~။
" I can see your eyes gazing at the horizon
An empty street corner, a silent embrace, love is quietly ablaze
Woo~ I can hear your voice
Woo~ I can hear you in my mind
I think back to my first sight of you, think back to those mottled times
With you by my side, I finally stopped wandering aimlessly
I think back to those familiar streets
Think back to the beautiful days that flew away
There is a place
Only you and I know~~~ "
I can hear your voice…softly !!
"I think back to my first sight of you, think back to those mottled times
With you by my side, I finally stopped wandering aimlessly
I think back to those familiar streets
Think back to the beautiful days that flew away
There is a place
Only you and I know
I know, somewhere only we know "
သီချင်းဆုံးသွားသည်နှင့် နားထောင်နေသူများက လက်ခုပ်လက်ဝါးတဖြောင်းဖြောင်းတီးကြသည် ။
YiFan ဂစ်တာကိုကောင်မလေးထံပြန်ပေးပြီး လူအုပ်ကြီးထဲပြန်ကြည့်ကာ ကျွန်တော်နှင့် အကြည့်
ချင်းဆုံသွားသည် ။
ကျဆင်းသွားသည်ကို ခံစားလိုက်ရသည် ။
ကျွန်တော်က ဘာအကြောင်းကြောင့် မျက်ရည်ကျမိရ တာလဲ ????
"Merry Christmas , my secretly friend Chanyeol and I think I need you."
ကျွန်တော်နှလုံးသွေးသားတွေဆောင့်တက်သွားရသ
လို ဘေးရှိ လူအများကလည်း အော်ဟစ်နေကြ၍ ရင်တွေခုန်လာရသည် ။
"Where's  your friend???Show us !!! "
နိုင်ငံခြားသူတစ်ယောက်က ထပြောသောအခါ YiFan
ကပြုံးလျက် ကျွန်တော်မေးငေါ့ပြသည် ။ ကျွန်တော်
စိတ်ကိုတည်ငြိမ်အောင်လုပ်၍ လူအုပ်ကြားထဲမှ ထွက်
လိုက်သည် ။
"Wow~~~Is he your friend ??? He's so cute ."
သူက သဘောတကျရယ်သော်လည်း ကျွန်တော့်မရယ်
" ထင်တယ်ဆိုတဲ့အဆင့်လောက်နဲ့  ငါ့ကိုလာအရှက်ခွဲ နေတာလား Yi Fan ?? "
လို လူအုပ်ကြီးလည်း ငြိမ်ကျသွားသည် ။
"Chanyeol …"
"ငါပြောမယ် YiFan …
ငါမင်းကို လိုအပ်တယ် ။ ပြီးတော့ မင်းကိုသဘောကျတယ်။ "
ပြောပြီးသည်နှင့်မိုက်ကိုလွှတ်ချကာ ကျွန်တော်သူ့ လည်ပင်းကိုဆွဲကာ နမ်းလိုက်သည် ။ တစ်ခုခုဆိုလျှင် အော်ဟစ်နေကြသော လူအုပ်ကိုလည်း ကျွန်တော် စိတ်မဝင်စားတော့။
" ငါမင်းကို ချစ်…"
"မပြောနဲ့ ။ လွယ်လွယ်ပြောရမဲ့စကားလုံးမဟုတ်လို့ 
သဘောကျရုံနဲ့  ဒီစကားလုံးမသုံးနဲ့  ။"
"ငါမင်းကိုအရမ်းသဘောကျတယ် Chanyeol"
"နောက်ဆို ငါ့ကိုအထင်နဲ့  လာမပြောနဲ့  YiFan …
ထင်တယ်ဆိုတဲ့စကားမှာမရေရာခြင်းတွေပါလို့ 
ငါမုန်းတယ် ။ "
သူခေါင်းငြိမ့်ကာ ကျွန်တော့်နဖူးပြင်ကို ခပ်ဖွဖွနမ်း
သည် ။ ထို့ နောက် မတိုင်ပင်ပါပဲနှင့် တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ကာ
လူအုပ်ထဲမှထွက်ပြေးခဲ့ကြသည် ။
ရင်ခုန်စရာကောင်းလွန်းတဲ့ Christmas Day ဟာ
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::
JongIn စာအုပ်ကိုပိတ်ကာ ပြုံးမိသည် ။ အချစ်ဆိုတာ ဒီလိုခံစားချက်ပေါင်းစုံရောနှောနေတာ
လား ။
တဆက်တည်းမှာပင် Sehun ကို ကြည့်ရင်း ခေါင်းသာယမ်းမိသည် ။ Sehun မှာတော့ အသက်လပိုင်းလောက်ကွာသည့်အပြင် အတူနေလာ
တာလည်းငယ်စဉ်ကတည်းမို့  JongIn ကို နားလည်ပေးလွန်း၍ တစ်ခါတစ်ရံJongIn ပျင်းတောင်ပျင်းလာသည် ။
Sehun နှင့် JongInကဝါသနာလည်းတူသည်မို့ 
အကပညာကို တစ်ဖက်တစ်လမ်းမှလေ့လာနိုင်ကြရန် ကျောင်းကိုသာ အမြန်တက်နေရသည် ။ ကျောင်းပြီးမှ
သာ ပညာရေးအတွက်စိတ်ပူစရာမလိုတော့ဘဲ အနုပညာလမ်းကြောင်းထဲလည်း စိတ်အေးစွာ ဝင်ရောက်နိုင်မည်ပင် ။
" ဧည့်သည်များရှင် …လေယာဉ်သက်ဆင်းတော့
မည်ဖြစ်ပါ၍ …………………"
နောက်ဆုံးတော့ ……ကိုရီးယားမြေကို ပြန်နင်းရ
တော့မှာပဲ ။
JongIn အပြင်ကိုလှမ်းကြည့်စဉ် သိုင်းဖက်ခြင်းကို
ခံလိုက်ရ၍ -
"နိုးပြီလား Sehun ? "
"အိပ်ချင်သေးတယ် ။ "
Jong In ရယ်သာရယ်မိတော့သည် ။
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::
The End.
25/12/2018
We wish Yeol marry Kris must
We wish Yeol marry Kris must
( အသံထွက်တူအောင်ရေးတာမို့  အနေအထားတွေ
ယိုယွင်းနေရင်သည်းခံ >< )
Merry Christmas ပါယောရောဘွန်း။
Extraလေးကို သဘောကျကြမယ်လို့ ထင်ပါတယ်။
မကျလည်းကြရမယ်ကွာ :3
ဒီExtraတော့ ဖိဘတ်လိုချင်တယ် -.- ကိုယ်အရမ်း
အားရတဲ့ ficမို့  ယောရောဘွန်းတို့  လက်ဆောင်အနေ
နဲ့  ဖိဘတ်နဲ့ ဖိသတ်ပေးကြပါ ။ update တို့  extra တို့ ထပ်တောင်းရင် ရိုက်သတ်မှာ -.- ကိုယ်က ကလီစာတို့ ဘိုးအေကြီးဆိုတော့ အသက်တွေလည်း
ကြီးလာပြီ ။Updateကအမြဲမလုပ်နိုင်တော့ဘူး ။
ရှိတာနဲ့ ပဲတင်းတိမ်ပေးကြပါ မြေးလေးတို့ ။
တာ့ ……………တာ။
#Steven_Cheng
© Steven Cheng Cheng,
книга «မညီမျှခြင်း».
Коментарі