Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 5.5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter -10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16(Final Part)
Extra Part
Chapter - 7
ဆေးရုံဆင်းသည့်နေ့ ဧ။်နောက်ပိုင်းရက်တွေမှ
စ၍Yi Fanသည်ကျွန်တော့်အားဆေးရုံကထက်
ပို၍ဂရုစိုက်လာသည်ဟုထင်သည်။ လက်ထပ်
ထားကြသည်ကိုကျွန်တော်သိရှိခဲ့၍လားမသိ။
အရာရာကိုဂရုစိုက်ပေး၍ကျွန်တော်နှင့်အသား
မကျသလိုခံစားရသည်။ ပေါက်ကရအတွေးတို့ 
ဝင်လာသည်မှာ ကျွန်တော်ယာဉ်တိုက်မှုမဖြစ်
ခင်(အတိတ်မမေ့စဉ်)ကာလ၌သူသည်ကျွန်
တော့်အားဤသို့ ဂရုမစိုက်ခဲ့ဘူးလားဟူ၍။
ထပ်မံ၍ကျွန်တော်သတိထားမိသည်မှာ သူဧ။်
သူငယ်ချင်းKevinပင် ။ သူကျွန်တော့်အားဂရု
စိုက်နေချိန်တွင် တစ်ခါတစ်ရံရှောင်သွားတတ်
သည်။ တစ်ခါတစ်ရံမမြင်ဖူးဟန် သို့ မဟုတ် အားကျဟန်လည်းခိုးကြည့်နေခြင်းကို ကျွန်တော်မရည်ရွယ်ပဲမိခဲ့ဖူးသည်။
"Chan…ညနေစာဘာစားချင်လဲ ။"
ကျွန်တော်အတွေးကောင်းနေစဉ်သူ့ အသံသည်
ထမင်းစားခန်းထဲမှထွက်လာသည်။ ကျွန်တော်
နှင့် Kevinမှာ ဂျာမနီမှနပန်းသတ်ပွဲကို ကြည့်ရှု
နေကြခြင်းဖြစ်သည်။ ကျွန်တော်သာအတွေး၌
မျောနေသော်လည်းKevinမှာကြည့်ရှုနေဆဲပင်။
" Hot Pot စားချင်တယ် ။ "
ကျွန်တော်ပြန်လည်အသံပြုအော်မှ Kevinက
TVထံမှအကြည့်ကိုကျွန်တော့်ထံလွှဲလာသည်။
တစ်ဆက်တည်းမှာပင်Yi Fanသည်လည်းမီးဖို
ခန်းထဲမှထွက်လာသည်။
"Hot Pot အရမ်းစားချင်နေတာလား။ "
Yi Fanပုံစံမှာကျွန်တော်ခေါင်းငြိမ့်ရုံဖြင့်ချက်ချင်း
ပင်ပြေးဝယ်မည့်ပုံစံ။ ကျွန်တော့်ရင်ထဲနွေးခနဲ လှိုက်ခုံရသည်။ ပျော်မိသည်လားမသိတော့။
"အင်း…စားချင်တယ် ။ "
"ငါသွားဝယ်ပေးပါ့မယ်။"
ကျွန်တော့်အဖြေအဆုံးတစ်ဆက်တည်းထွက်
ပေါ်လာသည်ကKevinထံမှ။ နပန်းပွဲ၌လည်း တစ်ဦးကိုတစ်ဦးအသေအကျေထိုးသတ်နေကြ
သည်။
"မဟုတ်တာပဲ …Kevinရ ။ အားနာစရာကြီး ။"
Yi Fanသူငယ်ချင်းမှဝယ်ပေးမည်ဆိုတာအား
နာစရာကောင်းလွန်းသည်မလား။ကျွန်တော် အားနာစကားဆိုတော့Kevinကအပြုံးသာတုံ့ 
ပြန်သည်။
"ငါပဲသွားဝယ်ပါ့မယ်။ မင်းကChanနဲ့ ပဲနေခဲ့
လိုက်ပါ။"
Yi Fan ပြောရင်းကားသော့ယူကာထွက်သွား
သည်။
"ငါကမင်းတို့ နှစ်ယောက်ကိုနေခဲ့ခိုင်းချင်တာ။
ခဏလေး…Chanyeol "
Kevin , Yi Fanနောက်သို့ ပြေးလိုက်သွားသည်
ကိုကျွန်တော်မတားမြစ်မိ။ နပန်းပွဲကိုသာပြန်
လည်ကြည့်မိတော့ Kevinလောင်းခဲ့သည့် ပြိုင်ပွဲဝင်မှာအထိနာနေပြီး ကျွန်တော်လောင်းခဲ့
သည့်ပြိုင်ပွဲဝင်မှာ အလေးသာနေသည်။
"Yi Fan  "
Yi Fanကားထဲဝင်ခါနီးလှမ်းခေါ်သည့်Kevin
ကြောင့်နောက်လှည့်ကာ…
"ဘာမှာမလို့ လဲ။"
"မမှာပါဘူး။ငါသွားဝယ်မှာမို့ မင်းအထဲပြန်ဝင်ပြီး
Chanနဲ့ သွားနေပါလား။"
"ဘာဖြစ်လို့ လဲ။"
Kevin,Yi Fanဘေးသို့ လျှောက်လာကာ လက်
ထဲမှကားသော့ကိုယူလိုက်သည်။
" …အမှန်တရားကဖုံးကွယ်လို့ မရဘူးပဲ။ ငါ…
Chanyeolနဲ့ အတူယှဉ်ထိုင်နေရင်းနဲ့ ကိုအရှုံး
သမားတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုခံစားရ
တယ်။ ငါခဏလောက်တော့ …ရှောင်ချင်တယ်
Yi Fanရာ ။ အခုမင်းနဲ့ သူကျန်ခဲ့လည်းငါမမြင်
ရတဲ့အတွက်ငါခံနိုင်ရည်ရှိမှာပါ ။"
Kevin ပြုံးပြရင်းကားထဲဝင်ကာစက်နှိုးရင်းထွက်
ခွာသွားခဲ့သည်။
ပြီးမြောက်ခါနီး၂မိနစ်အလိုအထိ နှစ်ဖက်သော
ပြိုင်ပွဲဝင်တို့ သည်သရေအနေအထားတွင်သာ
ရှိသေးသည်။ Kevinရွေးသည့်လူသည် မည်မျှ
ပင်အထိနာနာ အတော်လေးတင်းခံနိုင်သည်။
၁မိနစ်ကျော်၍ စက္ကန့် သာလိုတော့သည့်အချိန်
တွင်ကျွန်တော်ရွေးထားသည့်လူသည် တစ်ဖက်
လူဧ။် ပိုအထိနာနေပုံရသည့်ဝမ်းဗိုက်အားဒူးဖြင့်
သုံးဆင့်တိတိတိုက်ကာခန္ဓာကိုယ်တစ်ကိုယ်လုံး
ထပ်မံ၍ ဒူးခေါင်းအရိုးပေါ်အရှိန်ဖြင့်ကျစေသည့်
အခိုက်……
"Kevinကသူပဲသွားဝယ်မယ်တဲ့။"
အိမ်ထဲပြန်ဝင်လာသည့်Yi Fanစကားအသံနှင့်
နပန်းပွဲမှအောင်နိုင်သူဧ။်ပရိသတ်တို့ ထံမှ အော်ဟစ်သံတို့ ရောနှောသွားသည်။
" အင်း …"
ကျွန်တော် TVကိုအသံတိုးရင်းပြန်ပြောဖြစ်
သည်။ Yi Fanကျွန်တော့်နံဘေးလာထိုင်ကာ
မည်သည့်စကားမှထပ်မပြော။ TVကိုသာ ငိုင်လျက်ကြည့်နေသည်။ သူ့ အာရုံသည်TV၌
မရှိသည်ကိုကျွန်တော်သိလိုက်သည်။
"မင်းနဲ့ Kevinကအရမ်းခင်တာလားYi Fan "
Yi Fan ကျွန်တော့်ကိုလှည့်ကြည့်လာသည်။
"ဘာဖြစ်လို့ လဲ။"
" ဒီအတိုင်းမေးကြည့်ရုံပါ ။"
Yi Fanဘာမှပြန်မဖြေ၍ ကျွန်တော် TV ရီမုဒ် ကိုသာကိုင်ကာ
" ဆောရီးကွာ။မင်းဖြေဖို့ ခက်မှန်းငါမသိခဲ့လို့ ။"
ကျွန်တော် အခြားလိုင်းများဘက်သို့ သာလှည့်
ကြည့်မိတော့သည်။ မကြာမှီ၌ Kevin ပြန်လာခဲ့
ပြီး ကျွန်တော်စားချင်ခဲ့သောHot Potသည် အရသာမရှိဖြစ်ခဲ့ပြီး ကျွန်တော်အားလုံးတိတ်
ဆိတ်မှုကိုသာသရုပ်ဖော်ဖြစ်ခဲ့သည်။
•••••••••••••••••••••••••••••••••••••••••
ကျွန်တော် တစ်ဦးတည်းပင်လယ်ကမ်းစပ်၌ ထိုင်နေသည်။ လှိုင်းလုံးများကိုကြည့်ရင်း ကျွန်တော်မည်သည်ကိုတွေးတောနေသည်မသိ။ ဤသို့ နေစဉ်ခိုက်တွင်ပင် ကျွန်တော့်အနား၌
လူတစ်ဦးလာရောက်ကာထိုင်သည်။ မည်သူဖြစ်သည်မှန်းမသိ၍ ကျွန်တော်လှည့်
ကြည့်မိသည့်ထိတ်လန့် သွားရသည်။ လာထိုင်
သူမှာကျွန်တော်ပင်ဖြစ်နေသည်။
"မင်း …ဘယ်သူလဲ။ "
ကျွန်တော် စိုးထိတ်စွာမေးမိတော့ ဘေးမှကျွန်
တော်သည် ပင်လယ်သို့ ငေးကြည့်ကာ…
လား။
"မင်း မလိမ်နဲ့ !"
ကျွန်တော်မယုံကြည်နိုင်စွာအော်ဟစ်ပြန်တော့
အတိတ်မှကျွန်တော်ဟာဟက်ဟက်ပက်ပက်
ရယ်မောနေပြန်သည်။
ကျွန်တော် ခေါင်းသာယမ်းမိသည်။
"မသိချင်ဘူး ။ မင်းလိမ်နေမှာတွေငါဘာလို့ 
သိရမှာလဲ။"
"ဟား…မင်းကိုလိမ်တာငါ့ကိုငါလိမ်သလိုဖြစ်နေ
မှာပေါ့ ။"
ကျွန်တော်ဆက်၍နားမထောင်ချင်၍ ထထွက်
ရန်အပြု …
||မင်းကိုဂရုစိုက်နေတယ်လို့ မင်းထင်နေတဲ့ Wu Yi Fan က…မင်းကိုအတိတ်မှာ ဂရုမစိုက်ခဲ့တာမှန်နေရင်ကော? ||
||သူ့ မှာသူချစ်တဲ့သူရှိပြီးသားကွ ဟားဟား။ ||
||မင်းကတကယ်တော့ကောင်းကောင်းကြီးအ
လိမ်ခံနေရတာ||
"မဟုတ်ဖူး!!!!!Yi Fanကငါ့ကိုပဲချစ်တာ!!!"
ကျွန်တော်နားနှစ်ဖက်ကိုပိတ်၍အသံကုန်ကြုံး
အော်နေမိသည်။
||မင်းကအလိမ်ခံနေရတာ||
||သူကမင်းကိုမချစ်တော့ဘူး။||
လိမ်စရာမရှိဘူး။ တခြားသူတွေကသာ မင်းကို
လိမ်ပြီးဟန်ဆောင်ချစ်ပြနေတာ…။||
"မယုံဘူး!!!!! မဟုတ်ဘူး!!!!!မင်းလိမ်နေတာ!
မင်းကမှလူလိမ်!!!!!"
"Chan…Chanဘာဖြစ်တာလဲ။ သတိထားဦး
လေ …Chanyeol …!!"
"ထွက်သွား!!! မင်းကလိမ်နေတာ!!!!!! "
"Chanyeol…နိုးလာပါတော့ ကလေးရယ် ။ "
ရုတ်တရက်…တစ်ကိုယ်လုံးနွေးထွေးလုံခြုံသွား
သည်ဟုခံစားလိုက်ရကာ ကျွန်တော့်ဘေးမှ အတိတ်ကကျွန်တော်သည်လည်းပျောက်ဆုံး
သွားသည်။ လှပသောပင်လယ်ကမ်းစပ်သည်
လည်းမရှိတော့။ ကျွန်တော်မျက်လုံးဖွင့်သည့်အ
ခါ လုံခြုံနွေးထွေးစေသောရင်ခွင်တစ်စုံရှိသည်။
"Yi Fan…"
တိုးဝင်မိသည်။ ကျွန်တော်ကြောက်သည်။
"နိုးလာပြီလား…။"
ရုတ်တရက်အတွေးထဲမညှာမတာဝင်ရောက်
လာသည်ကအိပ်မက်ထဲမှအတိတ်ကကျွန်တော်
ပြောသကဲ့သို့ ဟန်ဆောင်နေသည်လား။
ကျွန်တော် ထိတ်လန့် သွားသည်။ နှလုံးသား
အသက်ရှူမြန်လာသည်နှင့်အမျှမောပန်းလာ
သည်။
"Chan …အိပ်မက်ဆိုးဆိုရင်ပြန်မတွေးနဲ့ တော့
လေ။ ထ…ရေသောက်လိုက် ။ နော် ?"
ကျွန်တော် ထထိုင်ရင်းသူကမ်းပေးသည့် ရေကို မက်မက်မောမောယူသောက်ဖြစ်သည်။ သူ့ ကို
ကြည့်မိတော့ကျွန်တော့်အားအမှန်ပင်စိုးရိမ်နေ
ပုံရသည်။ ကျွန်တော် အိပ်မက်ကိုအတွေးလွန်
နေခြင်းကြောင့် Yi Fanကိုအထင်လွဲမိတော့
မည်မဟုတ်ပါလား။
"Yi Fan …"
"ဟင်?ပြောလေ …"
ငါ့ကိုချစ်ခဲ့လား…ဟင့်အင်း ငါ့ကိုချစ်တယ်မလား။
"ဘာမှမဟုတ်တော့ဘူး။ ပြန်အိပ်ရအောင်။"
ကျွန်တော်စောင်ကိုခြံ၍လှဲအိပ်တော့Yi Fan ညအိပ်မီးကိုပိတ်လိုက်သည်။
||မင်းကအလိမ်ခံနေရတာ ||
ကျွန်တော် မျက်လုံးစုံမှိတ်၍ ပြန်အိပ်ရန်လှဲလာ
သည့် Yi Fanရင်ခွင်ထဲတိုးဝင်ဖြစ်သည်။
"အိပ်မက်မက်တာကိုအခွင့်ကောင်းယူပြီး ငါ့ကိုသတ်မလို့ တော့မဟုတ်ပါဘူးနော်?"
တော်ပြန်လည်မတုံ့ ပြန်မိပဲ သူ့ ထံမှ နှလုံးခုန်
သံကိုသာနားထောင်ရင်းဖြင့် …မှေးခနဲဖြစ်သွား
သည့်အခိုက် နဖူးထက်မှနှုတ်ခမ်းတစ်စုံဧ။် နူးညံ့မှုကိုခံစားလိုက်ရသည်။
အတိတ်ကငါ …မြင်စေရန် မျှော်လင့်မိသည်။
•••••••••••••••••••••••••••••••••••••••••
Tbc…
Steven_Cheng
© Steven Cheng Cheng,
книга «မညီမျှခြင်း».
Коментарі