Chapter - 14
"ငါကတကယ်ပဲHyungကိုအဲ့ဒီလို ပြောခဲ့တာ
လား?"
Yi Fan အား အတင်းအကျပ်စေခိုင်း၍ ပြောပြစေသည့် ကျွန်တော့်အကြောင်းအရာ
တစ်ချို့ ၌ ကျွန်တော်သည် သူ့ တစ်ယောက်မှ
လွဲ၍ မိသားစုနှင့် အတော်လေးအစေးမကပ်ခဲ့
ကြောင်း သိလိုက်ရသည်။ မိသားစု ဆိုသည်
ထက် ကျွန်တော်ချစ်သည်ဟု ယူဆရသော
အစ်ကို YooChun ။
"အင်း…"
အေးစက်တည်ငြိမ်စွာ ပြန်ဖြေသည့် သူ့ မျက်နှာ
တွင် ဤအကြောင်းအရာများသည် အထူးအ
ဆန်းမဟုတ်သည့် ပုံစံပေါ်နေသည်။
မသိလျှင် သူသည် အသည်းနှလုံးပူဆွေးခြင်း၊ အားနာခြင်း ကင်းမဲ့သူအဖြစ် အသွင်ဆောင်နေ
သည်။
ကျွန်တော်သိလိုက်ရသည့်အကြောင်းအရာတစ်
ချို့ ၌…ကျွန်တော်သည် Hyungအား ကျွန်တော်
ဧ။် အရာရာနှင့် ပက်သက်၍ သွေးသားမတော်
စပ်သူ သူစိမ်းတစ်ယောက်အဖြစ်သာနေရန် ပြောဆိုခဲ့သည်တဲ့။ ထိုအခြင်းအရာကြောင့်ပင်
hyungနှင့်ကျွန်တော် ဆေးရုံတက်ရသည်အထိ
ထိုးနှက်ခဲ့ကြသည်တဲ့။ အကြောင်းပြချက်သည်
"သူ" ဟူသော လူသားတစ်ယောက်ကြောင့် ဖြစ်နေခြင်း။
ဤမျှအထိ …။ ကျွန်တော်သည် သူနှင့် ပေါင်းဖက်ရန် အလွန်ပင်စိတ်အားထက်သန်ခဲ့
သည်လား။
"ငါ့ဘက်က…။ ငါ့ဘက်ကမင်းကိုအဲ့ဒီလောက် ရူးသွပ်ခဲ့တာလား။"
မယုံကြည်နိုင်စွာ မေး၍ ခေါင်းကိုငိုက်စိုက်ချဖြစ်
သည်။
"အဲ့ဒီထက်ကိုပိုပြီး…။"
သူ့ စကားသံတိုးရှရှသည် ကျွန်တော့်ကိုယ် ကျွန်တော် ပထမဦးဆုံး ရွံရှာခြင်းဖြစ်မိသွားရ
သည်။ သူသိသွားရသည်အထိ 'အချစ်' ဆိုသည့်
စိတ္တဇနာမ်အား ကျွန်တော်ရူးသွပ်စွာ ထုတ်ဖော်
ပြခဲ့သည် ဟူသော အတွေးဆိုးကြောင့် ဖြစ်လိမ့်
မည်။
"Chan~"
သူဧ။် ခေါ်သံကို ကျွန်တော်မော့မကြည့်ဖြစ်
တော့ သူ့ ထံမှ သက်ပြင်းချသံအား သိသိသာ သာကြားလိုက်ရသည်။
"မင်းတွေးနေတာငါသိတယ်Chanyeol …။ တကယ်တော့ …မင်းဘက်ကလည်း ရင်ခုန်ရ လောက်အောင်အချစ်ကိုမပြသဖူးသလို ငါ့ဘက်
ကလည်းကြည်နူးရလောက်တဲ့အချစ်ကိုမထုတ်
ဖော်ဖူးဘူး။ "
"ဒါပေမယ့်…အံ့သြစရာကောင်း
လောက်အောင် ငါတို့ နှလုံးသားချင်းနီးခဲ့ကြ
တယ် …"
"ဟက်~မင်းမမှတ်မိတဲ့ငါတို့ အကြောင်း
ပြန်ပြောရတာ…တော်တော်လေးတော့ ကသိ
ကအောက်ဖြစ်လွန်းတယ် ။"
ကျွန်တော် သူ့ ကိုမော့ကြည့်ရန် ကြိုးစားသော်
လည်း စိတ်မပါသည်မို့ ။
"အချင်းချင်းဘယ်လောက်ထိချစ်ကြောင်း အပေါ်ယံပြောပြစရာမလိုအောင်ကို ငါတို့ နား
လည်ခဲ့ကြတယ် …"
"အချစ်ဆိုတာကို ဓါတ်ငွေ့ တစ်ခုလို ထုတ်ဖော်
ဖို့ မလိုအပ်ဘူးလို့ သတ်မှတ်ခဲ့ကြလို့ လေ…"
ကျွန်တော့်ပုခုံးအား ဆုပ်ကိုင်လာသော သူဧ။်
နူးညံ့သောလက်ဖဝါးမှ နွေးသောခံစားချက်
ကြောင့် ငိုက်စိုက်ချဖြစ်သည့် ခေါင်းသည် သူ့  အားလည်ပြန်ကြည့်မိသည်။
"ရူးသွပ်သူကမင်းတစ်ယောက်တည်းမဟုတ်
ဘူးChanyeol…။ ရူးသွပ်ပုံခြင်းမတူညီတာက
လွဲလို့ ပေါ့။"
"ငါ …ရူးသွပ်နေဆဲပဲထင်တယ် ။ "
ကျွန်တော့်စကားကြောင့် သူနှုတ်ခမ်း အနည်းငယ်တွန့် သွားသည်။
"သေစမ်း!ငါအချိန်ကောင်းကိုရောက်လာတာပဲ"
အိမ်တံခါးအဝမှ အသံကြောင့် Yi Fan နှင့် ကျွန် တော် လှည့်ကြည့်သည့်အခါ …ကြွပ်ကြွပ်အိတ်
အမည်းကို(အထဲတွင်ပစ္စည်းများပါသော) ကိုင် ဆောင်ထားသည့် Kevin …ထို့ နောက် ။ Kasper…ကျွန်တော့်ဧ။် …?!
"ဝင်လာလေကွာ။"
ကျွန်တော်လှမ်းခေါ်သောကြောင့် ပြုံးစစဖြင့် ဝင်လာသည့် Kevin သည် ယခင်လို ကျွန်တော့်
အရှေ့ တွင် ယုန်သူငယ်သဖွယ်ဟန် ကင်းစင်
နေသည်မို့ ။
"မင်းကဘာလိုက်လုပ်တာလဲ။"
တွေ့ တွေ့ ခြင်းဆောက်နှင့်ထွင်းသည့် သူ့ ကို
အထွင်းခံရသည့်Kasperက တစ်ချက်ကြည့်ပြီး
ကျွန်တော့်ဘေး၌ကပ်ထိုင်လာသည်။
"မင်းကိုတွေ့ ဖို့ လာတာမဟုတ်လို့  စိတ်ပူမနေ
နဲ့ ။"
မည်သည့်အကြောင်းအရာသည် ထိုသူနှစ်ဦး အား အချင်းချင်းရန်ရှာစေသည်ကိုကျွန်တော် မသိ၍ Kevinကိုမေးငေါ့ပြတော့ သူသည်လည်း
မသိသည့်ဟန် ပုခုံးတွန့် ပြသည်။
"မင်းတို့ နှစ်ယောက်အတူနေကြတာလား။"
ကျွန်တော်သိရသလောက် Kevinနှင့် Kasper သည် ရင်းနှီးကြသည်မဟုတ်၍။
"အင်း…ဒီလိုပဲဖြစ်သွားတယ်။"
Kevin မပီဝိုးတဝါးပြော၍ အိတ်အမည်းထဲမှ ပုလင်းအချို့ (ဝိုင် များဖြစ်နေသည်) အား စားပွဲ
ပေါ် နေရာချနေသည်။ဘေးမှ တရားခံဖြစ်သူ Yi Fan ကတော့ ဤဖြစ်စဉ်သည် သူနှင့် မဆိုင်
သည့်အလား တည်ငြိမ်လျက်သာ ကြားနာသူ အဖြစ်ဟန်ဆောင်နေသည်။
"ကိုယ့်အိမ်မှာဒုက္ခသည်ခေါ်တင်ထားတာလေ"
ကျွန်တော့်ပုခုံးထက်သို့  လက်တင်၍ ရွှတ်နောက်နောက်ပြောဆိုသည့် Kasper အား
Kevin တုံ့ ပြန်ခြင်းမရှိသော်လည်း မကျေနပ်
ကြောင်း ရုတ်တရက်ဖွင့်သောက်လိုက်သည့် ဝိုင်ပုလင်းကသက်သေခံနေသည်။
"ဗရမ်းဗတာတွေ…"
မကျေမချမ်းဆိုပြီးနောက် ထမင်းစားခန်းထဲသို့ 
ဝင်သွားသည့်သူ့ ထံသို့  ကျွန်တော်လိုက်မသွား
ဖြစ်။
"နှစ်ယောက်ကသိတာကြာပြီလား။"
"မကြာသေးပါဘူး။ Yi Fan မင်းကို မပြောပြဖူး
လား။"
Yi Fan နေရာတွင် ဝိုင်ပုလင်းကိုင်လျက် လာထိုင်သည့် Kevin ကို ကျွန်တော် အားနာရန်
စိတ်ကူးဖြစ်သွားသည်။
"ကိုယ် Yi Fan နဲ့ စကားသွားပြောလိုက်ဦးမယ်"
အလိုက်သိစွာ ရှောင်ဖယ်ပေးသည့် Kasperအား ကျွန်တော် အပြုံးတစ်ခုသာ တုံ့ ပြန်
လိုက်နိုင်သည်။
"Chanyeol'ah…တောင်းပန်ပါတယ် ။"
တောင်းပန်စကားပြောဆိုမည်ဟု မထင်မှတ်
ထားသည်ဖြစ်၍ ကျွန်တော်အံ့သြသွားရသည်။
"အမှန်တော့…ငါ မင်းကိုတောင်းပန်စကားသေ
ချာပေါက် ပြောချင်ခဲ့တာ ဒီမှာနေခဲ့စဉ်အတွင်း
ပေါ့ ။ ဒါပေမယ့်…ငါမင်းကိုတောင်းပန်ဖို့ 
တောင် မတန်ဘူးလို့ ထင်ခဲ့တယ်။ နှလုံးသားရဲ့ 
ဆန္ဒအတိုင်း…ငါမင်းနဲ့ Yi Fan အပေါ်ကို အမှား
တွေ အထပ်ထပ်ကျူးလွန်ခဲ့တာ တောင်းပန်ရင် တောင်မကျေနိုင်ဘူးလို့  ခံစားရတယ် ။"
ယောက်ျားတန်မဲ့ မျက်ရည်ကျခြင်းအား ကျွန်တော် နားလည်စွာပင် Kevinဧ။် ပုခုံးနှစ်ဖက်ကို သိုင်းဖက်၍ နှစ်သိမ့်ပေးဖြစ်
သည်။ ယောက်ျားတစ်ယောက်မျက်ရည်ကျရ ခြင်းသည် အသားနာ၍မဟုတ် ။ ရင်ထဲမှ ထိန်းသိမ်းခွင့်မရှိအောင် နာကျင်ရလွန်း၍ ဖြစ်
သည်။
"မလိုဘူးKevin ။ မင်း Yi Fan ကိုချစ်ခဲ့တာ အမှားမဟုတ်ဘူး။မင်းမှာ ချစ်ခွင့်ရှိခဲ့တယ်။ ဒါပေမယ့်…။ ဒါပေမယ့်…မင်းချစ်တဲ့သူက
ငါမစွန့် လွှတ်နိုင်သူဖြစ်သွားခဲ့တာက အမှားတစ်ခုဖြစ်ခဲ့တာပဲ။ မင်းမှာအပြစ်မရှိဘူး Kevin ဒါမင်းအပြစ်မဟုတ်ဘူး။ ပြီးတော့…
ဒါကမင်းနှလုံးသား…သေဆုံးသွားတဲ့ Eun Raeရဲ့  မပြီးဆုံးသွားတဲ့ ရွေးချယ်မှု မှားယွင်းခြင်းလို့  ခေါင်းစဉ်တပ်ကြရအောင်။"
…ခလွမ်း…
တစ်စုံတစ်ရာကွဲသွားသည့်အသံကြောင့် ကျွန်တော်နှင့်Kevin အသံထွက်ပေါ်ရာသို့  လှည့်ကြည့်မိရာ…ကြမ်းပြင်ပေါ်မှ ဖန်အကွဲအစ
များ…ထို့ နောက် အံ့သြထိတ်လန့် နေပုံဖြင့် ရပ် နေသောKasper …။
"Kas…Kasper "
ကျွန်တော့်ဘေးမှ Kevinသည်လည်း ထိတ်လန့် 
သွားဟန်ကြောင့် ကျွန်တော် သည်အခြေအနေ အား နားမလည်နိုင်တော့ချေ။
"ဘာတွေကွဲသွား…? "
ထမင်းစားခန်းမှထွက်လာသည့် Yi Fanသည်
ထူးဆန်းနေသောအခြေအနေကြောင့် ပြောလက်စစကားပင် ရပ်တန့် သွားသည်။
"Yi Fan…"
အေးစိမ့်သွားသော လေထုကြားမှ စကားစသူ
သည် Kasper ။
"ဘာလဲ?"
"Eun Rae …Eun Raeရဲ့ နှလုံးက…"
Eun Rae? ထိုမိန်းကလေးအား Kasper သည်လည်းသိရှိနေသည်လား။
"ဟင်? .…"
ရုတ်တရက် လှမ်းကြည့်လာသည်မှာ ကျွန်တော့်
ထံ…။ မဟုတ် ။ ကျွန်တော့်ဘေးမှ အသက်ရှူ
မြန်နေသည့် Kevin ထံ ။
"Eun Rae ပေးခဲ့တာလား!!!!…"
Yi Fanဧ။် ကော်လံကိုဆွဲကာဒေါသကြီးနေသည့်
Kasperကြောင့် ကျွန်တော် နေရာမှ မတ်တပ်ထရပ်မိသည်။
"အင်း…"
"ဟာ…တောက် !!!! "
Kasper ဧ။် ဒေါသကို မမြင်ဖူးသည့် ကျွန်တော် ။
ထိုဒေါသဖြင့်ပင် Yi Fanအား ထိုးနှက်လိုက်ခြင်း
အား မြင်တွေ့ ရ၍ ဒေါသူပုန်ထသွားရသည်။
"Kasper !! မင်း ထိုးချင်ရင်ငါ့ကိုထိုးလိုက်စမ်းပါ
ကွာ။ Yi Fan မှာ ဘာအပြစ်ရှိလို့ လဲ??"
ကြမ်းပြင်ထက် လဲကျနေသည့် Yi Fan အား ကျွန်တော်ဆွဲထူသည့်အခိုက် Kevin စကား
ကြောင့် ထိုရန်ပွဲသည် ကျွန်တော်နှင့် မသက်
ဆိုင်သယောင် ခံစားရသည်။
"အပြစ်မရှိဘူးပေါ့ ? ဟုတ်လား ?! မိန်းကလေး တစ်ယောက်ကို အရှက်ကင်းမဲ့တဲ့အထိ အရှုံး ပေးချစ်ခိုင်းခဲ့ပြီး …သေသွားတာတောင် မင်းကို
နှလုံးပေးခဲ့ပြီး သူ့ အနားနေခိုင်းတာ အပြစ်မ
ဟုတ်ဘူးတဲ့လား?? ဟက်…"
နှုတ်ခမ်းမှ သွေးတို့ ကို သုတ်နေသည့် Yi Fan ကို ကျွန်တော် ငုံ့ ကြည့်မိသည် ။ Eun Rae ဟူ သောမိန်းကလေးဧ။် နှလုံးတစ်စုံသည် Kevin
ထံ၌ ရှိသည်ဟူသည့် အရာကလွဲလျှင် သေချာ
စွာမသိထားသည်မို့ ။
"ဒါငါ့ကိစ္စပါ Kasper ! ငါ့နှလုံးသားအလိုကျအ
တိုင်းနေပေးခဲ့တာ သူဆွဲခေါ်ထားတာမဟုတ်
ဘူး။"
"မင်း!!!!! "
Kevin ကိုပါ ထိုးရန်ဟန်ပြင်သည့် Kasper ကြောင့် ကျွန်တော်ဆွဲရန်ထမိသော်လည်း …
တောက်တစ်ချက်ခေါက်၍ အိမ်ထဲမှ ထွက်သွား
ခဲ့သည်မို့ ။
"တောင်းပန်ပါတယ် Yi Fan …ငါ Kasper
နောက် လိုက်သွားလိုက်ဦးမယ်။"
"သတိထားဦး။"
"မင်းဒဏ်ရာသာဂရုစိုက်ပါကွာ။"
အိမ်ထဲမှ ပြေးထွက်သွားသည့် Kevinဧ။် နောက်
ကျောအား ငေးကြည့်ရင်း သက်ပြင်းသာ ချမိတော့သည်။
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
"Kasper…!! "
လမ်းမတွင် အသက်မဲ့စွာလမ်းလျှောက်နေသော
Kasper ဧ။်နောက်သို့  အမှီလိုက်၍ ခေါ်သော်
လည်း လှည့်မကြည့်လာခဲ့ပေ။
"Kasper…"
အမှီလိုက်၍ အနားရောက်သည်နှင့် ပုခုံးအား
ဆွဲလှည့်တော့ အလိုက်သင့်လှည့်လာသည့်
Kasper သည် နှုတ်ခမ်းအား တင်းတင်းစေ့ထား
ပြီး မျက်လုံး၌ ဝမ်းနည်းရိပ်ဖုံးလွှမ်းနေသည်။
"ကျေးဇူးပြုပြီး…တစ်ယောက်တည်း ပေးနေပါ"
ခပ်တိုးတိုး ဆိုလာပြီး Kevinဧ။်လက်တို့ ကို ဆွဲဖယ်၍ ဦးတည်ရာမရှိလျှောက်လှမ်းနေပြန်
သည်။
"မင်းပုံစံနဲ့ ငါတစ်ယောက်တည်းမလွှတ်နိုင်ဘူး"
Kevin ဘေးမှ လိုက်လာရင်း ပြောတော့ သက်ပြင်းချသံကြားရသည်။
"ဘာလို့ …ဘာလို့ မင်းဖြစ်နေရတာလဲ?! "
Kasper လမ်းလျှောက်ခြင်းကို ရပ်တန့် လိုက်၍
Kevinလည်း ရပ်လိုက်သည်။
"Eun Raeရဲ့ နှလုံးသားကဘာလို့ မင်းဆီမှာ ဖြစ်နေရတာလဲ?"
"ငါ…တိုက်ဆိုင်သွားလို့ ပါ ။ ငါ နှလုံးဖောက်တဲ့
အချိန်နဲ့  Eun Rae…သေဆုံးပြီးဆေးရုံရောက်
လာတဲ့အချိန်နဲ့ …ပြီးတော့ သူမ…ရဲ့  ခန္ဓာကိုယ်ကို ဆေးရုံကိုလှူတဲ့ အာမခံစာချုပ်ရှိ
နေတဲ့ဆေးရုံဖြစ်နေတာနဲ့ …တိုက်ဆိုင်သွားလို့ 
ပါ "
"တိုက်ဆိုင်တယ် ? …တိုက်ဆိုင်မှုဆိုတာ ရွေးချယ်သူရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တာ
ပဲ …"
Kasper ချစ်ဦးသူအား နှမြောတသမှုကြောင့်
အသိစိတ်လွတ်ကာ ပြောဆိုမိသည်။
" ငါဘယ်လိုရွေးချယ်ရမလဲ? ငါ …အသက်ရှင်
ချင်တယ် ။ ငါ အသက်ရှင်ဖို့ အတွက် လူသတ်ပြီး
နေခဲ့တာမဟုတ်ဘူး။သေဆုံးပြီးသားလူရဲ့  …
နှလုံးသားကို ငါရွေးချယ်ခဲ့ရုံပါ …"
"……"
"ဒါပေမယ့် …ငါ့ရှင်သန်နေမှုက လူသုံးယောက်
ကိုထိခိုက်စေလာတယ် ။ ငါဘယ်လိုလုပ်ရမလဲ …ပြောပါ Kasper ငါ ဘာလုပ်သင့်လဲ။ ငါ…ငါ
သေပေးရမှာလား?"
"သေပေး…။"
Kasperမျက်ရည်များကြောင့် ရီဝေနေသော မျက်လုံးအစုံသည် Kasper ကို ငေးကြည့်လာ
သည်။
"မင်းသေလို့ …Yi Fan အတွက် ငါ့အတွက် Chanyeol အတွက် သူရဲကောင်းဖြစ်သွားမယ်
ဆိုရင်သေလိုက် …။ ငါ့…ငါ့ နှလုံးသားထဲ မင်း
ကဂန္ထဝင်မြောက်သွားမယ်ဆိုရင် သေပေး ။ င့ါနှလုံးသားထဲက နာကျင်မှုတွေ အဆုံးသတ်
သွားမယ်ဆိုရင် သေပစ်လိုက်စမ်းပါ ။"
စကားဆုံးသည်နှင့် မျက်ဝန်းထဲမှ မျက်ရည်များ
စီးဆင်းလာသည် ။ Kevin…ရင်နာလှပြီ ။
"တော်ပါတော့ကွာ…"
Kevin , Kasper အား ပြေးဖက်ရင်း နှစ်ဦးသား
နာကျင်စွာ ငိုနေမိသည်။
"မင်းပြောဖူးတဲ့…လူတစ်ယောက်က တစ်ခါပဲ
ချစ်နိုင်တယ်ဆိုတာ ငါလက်မခံချင်ဘူး။
ပထမတစ်ခါချစ်တာဟာ အဦးဆုံးအချစ်ဖြစ်ပြီး
ဒုတိယအကြိမ်ဆိုရင်တော့…ဒါဟာ နောက်ဆုံး
အချစ်စစ်ပဲဖြစ်လိမ့်မယ် ။"
"…အချစ်စစ် ? "
"အင်း…ဒါပေမယ့် အချစ်စစ်ကို တွေ့ ချိန် အချစ်မှန်းနားလည်ဖို့ ကတော့…သိပ်ကြာလွန်း
တယ် ။"
"ကိုယ် စောင့်နိုင်တယ်ဆိုရင်ကော…?"
Kasper ဖက်ထားရာမှ လွှတ်၍ Kevin အား စေ့စေ့ကြည့်ကာ မေးလိုက်သည်။
"ငါတို့ …အတူတူစောင့်ကြတာပေါ့။"
တစ်ဦးမျက်နှာတစ်ဦးကြည့်ကာ ပြုံးမိလိုက်ကြ
သည့်အခိုက်…နာကျင်ခြင်းသည် ချိုမြိန်မှုအား
နိဒါန်းပျိုးခြင်း ဖြစ်သွားခဲ့သည်။
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
…… …… ……
ရေချိုးခန်းမှ ထွက်လာချိန် စားပွဲပေါ်မှ ဖုန်းလင်း
နေမှုကြောင့် ကြည့်မိတော့ ဖုန်းခေါ်ဆိုထား
သည်မှာ ခြောက်ကြိမ်ပင်ရှိနေပြီဖြစ်သည်။
နံပါတ်စိမ်းဖြစ်၍ ပြန်လည်ခေါ်ဆိုရန် ပြုစဉ် ထပ်မံခေါ်ဆိုလာသည်မို့ …
"ဟယ်လို "
"……"
"ဟယ်လို…ဘယ်သူလဲမသိဘူး။"
"Oppa.…"
တစ်ဖက်မှ မိန်းကလေးအသံသည် ညုတုတုဖြစ်
နေသည်မို့ ။
"ဘယ်သူလဲ?"
"Oppaကလည်း မေ့တတ်လိုက်တာ ။ Cherry လေ…Oppaရဲ့ ။"
"ဘာ? ဘယ်သူလဲ ဖုန်းမှားနေတယ်ထင်တယ်။"
တစ်ဖက်မှ ငြိမ်သွားသောကြောင့် ကျွန်တော် ဖုန်းချလိုက်ပြီး ခေါင်းသုတ်နေစဉ် photo messageတစ်စောင် ဝင်လာသည်။
မြင်နေရသည့် ပုံကြောင့် ကျွန်တော် လက်သီး
တင်းတင်းဆုပ်လိုက်ဖြစ်သည်။
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
Tbc…
Steven_Cheng

Коментарі