Chapter - 5
ပြတင်းမှန်ကနေစီးကျနေသည့်မိုးရေစက်တွေကိုကျွန်တော်မက်မက်မောမောငေးကြည့်မိနေ
သည်။ ကျွန်တော်ချစ်သောမိုးရေစက်များ ...။
"ဘာတွေဒီလောက်ထိငေးနေလဲ Yeol"
ကြည်လင်သောစကားပြောသံနှင့်အတူ ကျွန်တော့်နံဘေးရောက်လာသော အရူးဆရာဝန်ဆိုသည့် Kasper ။ နေမွန်းတည့်
နေပြီဖြစ်သည့်တိုင်အောင်ထိုဆရာဝန်ဧ။် အိမ်မှ
ကျွန်တော်မခွာမိသေး။ သူသည်လည်း နှင်ထုတ်ခြင်းငှာမပြုချေ။ မသိလျှင် ထိုအရူးဆရာဝန်နှင့်ကျွန်တော်သည် မိတ်ဆွေ အရင်းအချာပမာ။
"ခင်ဗျားမိုးကိုချစ်လား။"
"မိုးကို? မချစ်ဘူး။ "
"ကျွန်တော်ကတော့ချစ်တယ်။ "
Kasperကကျွန်တော့်ကိုပြုံးပြရင်း ပြတင်းပေါက်
မှန်ကိုငေးကြည့်ကာ။
"မိုးရွာနေရင်တစ်စုံတစ်ယောက်ကိုလွမ်းသလို
လို ခံစားရလို့ ။ Forever aloneတွေအတွက် ဒီခံစားချက်ကအဆင်မပြေဘူးလေကွာ ... "
"အဟားးးးခင်ဗျားကforever aloneဆိုပဲ။ မထင်ရဘူး။"
ကျွန်တော်ရယ်သံစွက်၍ပြောတော့ သူပါလိုက်
ရယ်လာသည်။
"အခုထင်လိုက်ပေါ့ကွာ ...ဟက် !"
ထို့ နောက် တိတ်ဆိတ်စွာပင် မိုးရေစက်တွေကို
ပြန်ငေးကြည့်မိကြပြန်သည်။
"ကျွန်တော့်မှာယောက်ျားရှိတယ်လို့ ပြောရင် ခင်ဗျားယုံမလားKasper?"
Kasper ကျွန်တော့်အား အံ့သြသည့်ဟန်မဟုတ်
ပဲ ကျွန်တော်မဝေခွဲတတ်သည့် မျက်နှာအမူအ
ယာဖြင့်လှည့်ကြည့်လာသည်။ ရွံသွားသည့်ပုံစံ ဟုထင်မှတ်၍ ကျွန်တော်မဲ့ပြုံးတစ်ခုကို အလိုအ
လျောက်ပြုံးလိုက်ဖြစ်သည်။
"မင်းကိုရွံလို့ မဟုတ်ပါဘူး။ ကိုယ်ဒီလိုအဖြစ်အ
ပျက်တွေကိုလက်ခံနိုင်ပါတယ်။ ကိုယ်ထင်တာ မင်းမှာ ပုရိသအပေါင်းစိတ်ဝင်စားမဲ့ ချစ်သူကောင်မလေးတော့ရှိမှာပဲလို့ ။ "
အခြေအနေကိုနားလည်လွယ်သည့်Kasperဧ။်
အေးဆေးစွာဖြေရှင်းသည့်စကားကို ကျွန်တော်
ပြန်လည်ပြုံးပြလိုက်သည်။
"ညကမင်းလူနဲ့ တစ်ခုခုဖြစ်လာလို့ လား။"
အရိပ်အကဲနားလည်လွယ်သည့် Kasperကို ကျွန်တော် မျက်ခုံးပင့်ကြည့်ရင်း
"ခင်ဗျားအရူးတွေကိုဆေးမကုပဲအကြားအမြင် ဆရာလုပ်သင့်တယ်။"
ကျွန်တော့်အကြံပေးချက်ကိုသူကသဘောကျ
စွာခေါင်းငြိမ့်၍
"အင်း။ အလုပ်ပြောင်းလိုက်ရမလား။"
"ခင်ဗျားဟာလေ..."
ကျွန်တော်ဆက်မပြောပဲသူ့ လက်မောင်းကို
သာမနာအောင်ထိုးလိုက်သည်။
"တိုက်ရိုက်ပြဿနာမျိုးမဟုတ်ပေမဲ့ သူနဲ့ ပက်
သက်တယ်ပြောရမလား။"
Kasperကငြိမ်သက်ကာနားစွင့်နေသည်။ သို့  သော်ကျွန်တော်ဆက်မပြောရန်သာဆုံးဖြတ်
လိုက်သည်။
"အိမ်ပြန်တော့မယ်။ "
"...အင်း ကိုယ်လိုက်ပို့ ပေးမယ်။ "
ကျွန်တော်ငြင်းဆန်ခြင်းမပြုမိချေ။ အနည်းဆုံး Kasper နှင့်ရောက်တက်ရာရာစကားပြောနေရ
ခြင်းသည်ပင် ကျွန်တော့်စိတ်ရှုပ်ထွေးမှုကို ခဏတာမေ့ပျောက်စေသည်ဖြစ်၍။
ကျွန်တော်အိမ်ရှေ့ ရောက်သည်နှင့် Kasper ကနှုတ်ဆက်၍ပြန်သွားသည်။ ကျွန်တော် တွန့် 
ဆုတ်နေမိသည်။ ကိုယ့်အိမ်ကိုယ်ဝင်ရန် စိတ်လေးနေသည်။
.........ချလောက်.........
အိမ်ထဲရောက်တော့အခြေအနေအားလုံးတိတ်
ဆိတ်နေသည်။ Yi Fanကတော့ ဆေးခန်းသွား
သည်ဖြစ်မည်။ Kevinကိုတော့ မပြောတတ်။
မတွေ့ တာပဲကောင်းမည်ထင်သည်။ ကျွန်တော်အိပ်ခန်းထဲသို့ ဝင်တော့ ကုတင်ပေါ်မှ ကျွန်တော့်ဖုန်းသည် screenလင်း
နေသည်။ မနေ့ ညကဖုန်းကျန်ခဲ့ခြင်းဖြစ်မည်။
... ::::::::::::::::::: ...
ပြန်လည်လာသောvibration toneကြောင့်
ကျွန်တော်ကိုင်ရန်ကြည့်လိုက်တော့ JongWoo
ထံမှဖြစ်သည်။
"အင်း။ JongWoo"
"သြော် ဖုန်းကိုင်သေးတယ်ဆိုတော့အသက်ရှိ သေးတယ်ပေါ့။"
"ခေါ်ထားသေးတာလား။Sorryကွာ ငါအပြင်ရောက်နေတာဖုန်းအိမ်မှာကျန်ခဲ့လို့ ။"
"သြော်။ အေး မင်းကိုငါပြောမလို့ ။ Cherry ရဲ့ 
ဆေးစစ်ချက်ထွက်လာပြီ။ သတိလည်းရနေပြီ။
ဆေးရုံလာခဲ့ကွာ။ အရေးကြီးတယ်။"
"အင်း ..."
ကျွန်တော်စိတ်တွေလေးလံရင်းဖြင့်သာဖုန်းချ
လိုက်ရသည်။
ရေချိုးအဝတ်အစားလဲပြီးသည်အထိ အိမ်သည်
ထုံးစံအတိုင်းခြောက်ကပ်နေဆဲပင်။
•••••••••••••••••••••••••••••••••••••••••
ယခု ...ကျွန်တော့်ဘေးတွင် Soohyuk နှင့် ကျွန်တော့်အရှေ့ တွင်မျက်နှာမူကာ JongWoo
တို့  ထိုင်နေကြသည်။
"ဆေးစစ်ချက်အရ ..."
စတင်ပြောလာသည့်JongWooကြောင့် ကျွန်တော်ခါးဆန့် ဖြစ်သည်။
"မင်းတို့ နားလည်လွယ်အောင်ပြောရမယ်ဆို
ရင်သားအိမ်ရဲ့ တစ်ဝက်လောက်ကစုတ်ပြတ်
သွားတယ်။ မိန်းမတစ်ယောက်အနေနဲ့  သားဖွားတဲ့အမှုပြုဖို့ မဖြစ်နိုင်တော့ဘူး။ "
"ဘာ!!!!"
ထိုအာမေဋိတ်အသံသည်Soohyukထံမှဖြစ်
သည်။
"Chanyeol'ah...မင်း မိန်းမတစ်ယောက်ရဲ့ ဘ
ဝကိုဖျက်ဆီးလိုက်တာပဲ။ "
ဤစစ်ဆေးချက်အရ မိန်းမတစ်ယောက်ရဲ့ 
ဘဝကိုကျွန်တော်ကဖျက်ဆီးသည်တဲ့လား။
အဟက် ...ကလေးမမွေးနိုင်တာလေးတစ်ခုနဲ့ 
ဘဝပျက်သွားသည်တဲ့လား။
"လျော်ကြေးဘယ်လောက်လဲ။"
"ဟင်?"
"ဟင်?"
JongWooနှင့်Soohyukထံမှပြိုင်တူထွက်ပေါ်
လာမှုကြောင့်
"ကလေးမမွေးနိုင်တာလေးပဲမလား။ Cherry ကလျော်ကြေးဘယ်လောက်ပေးရမယ်ပြောလဲ။"
"Chanyeol...ဒါဒီလောက်သေးတဲ့ပြဿနာမ
ဟုတ်ဘူးနော်။ လျော်ကြေးကပေးရမှာဟုတ်ပေ
မဲ့ ဒါမိန်းမတစ်ယောက်ဘဝပျက်စီးတာလေ။ ကလေးမမွေးနိုင်တဲ့ ......"
"ငါကကော ? ကလေးမမွေးနိုင်တာချင်းအတူ
တူသူကမှဘာလို့ အသည်းအသန်ဖြစ်နေရတာ
လဲ။ လျော်ကြေးပြောရင်ဆက်သွယ်လိုက် ။ ပြီးတော့မင်းတို့ သိထားဖို့ က Cherry ဆိုတဲ့ မိန်းမကအစကတည်းကဘဝပျက်ပြီးသား။ ငါ့ကိုခေါင်းစဉ်လာမတပ်နဲ့ ။ "
"Park Chanyeol!!!"
"ငါ့ကိုမအော်နဲ့ JongWoo ! ဘဝပျက်ပြီးသား
မိန်းမက ကလေးမမွေးနိုင်တာပိုတောင်အဆင်
ပြေသေးတယ်။ အဟက်...ငါ့ကိုတောင်ကျေးဇူး
တင်သင့်သေးတယ်။"
"Chanyeol!!! မင်းပါးစပ်ပိတ်ထားလိုက်တော့။
ငါ့သူငယ်ချင်းဖြစ်တဲ့မင်းကြောင့်လူနာ ထိခိုက် တာမျိုး တာဝန်ခံဆရာဝန်ဖြစ်နေတဲ့ငါက ဘယ်လိုလက်ပိုက်ကြည့်နိုင်မှာလဲ။ သူ့ ကို တာဝန်ယူပေးခိုင်းတာမဟုတ်ဘူး။ အနည်းဆုံး လူမှုရေးစိတ်ဓာတ်နဲ့  တစ်ဖက်က မိန်းမသားကိုငဲ့ပေးစေချင်တာ။"
ကော်လံကိုဆွဲကာဒေါသတစ်ကြီးထပြောလာ
သည့် JongWooကို Soohyukကဝင်ဆွဲသည်။
ငဲ့ပေးရမယ်တဲ့လား။
"ငါပြန်တော့မယ်။"
ကျွန်တော်ကားသော့ကိုယူ၍ ထွက်ခဲ့သည်။
ဘယ်လိုနည်းနဲ့ ငဲ့ပေးရမှာလဲ။ ကားကိုတစ်ရ
ကြမ်းမောင်းရင်း အမှတ်အထင်ကြည့်မိသည့်
နေရာမှာ ... တစ်ယောက်ပုခုံးတစ်ယောက်ဖက်
၍ ရယ်ကာမောကာတစ်နေရာရာသို့ သွားနေ
ကြသော သူနှင့် Kevin ...။
ဟက်။ကျွန်တော်အခုဘာကိုမြင်နေသည်လဲ။
"တောက်!!!!"
ကျွန်တော် လီဗာကိုအဆုံးထိမြှင့်တင်၍ ကျွန်တော်မြင်နေရသောနေရာသို့  စတီယာတိုင်ကိုလှည့်ကာ ...
"ခဏပဲ Yi Fan "
မျက်လုံးကိုစုံမှိတ်သောအခါမြင်ယောင်လာသည် ကကျွန်တော်ချစ်သောသူဧ။်မျက်နှာချော
ချော...။
......ကျွီ......ဝုန်း!!!!!!!......
••• ••• ••• ••• ••• ••• ••• ••• ••• ••• •••
သာယာ၍လှပသောညတစ်ခုတွင် သူနှင့်ကျွန် တော် နှစ်ဦးစပ်ကာဝယ်ယူထားသော ခေါင်မိုး
ထပ်တိုက်ခန်းဧ။် အမိုးအကာကင်းမဲ့သည့် အိမ်
ရှေ့ ဘက် ခုံတန်းရှည်တွင်ဆိုဂျူသောက်ရင်း ပက်လက်လှန်၍လှဲအိပ်နေကြသည်။
လက်မောင်းကိုခေါင်းအောက်ထိုး၍ လှဲနေသောကျွန်တော့်ဧ။်ဝမ်းဗိုက်ပေါ်တွင် ခေါင်းအုံး၍ ကန့် လန့် ဖြတ်ကာလှဲနေသော သူသည် ကျွန်တော်နှင့်အတူမိုးကောင်း
ကင်ထက်မှကြယ်တာရာများကိုရေတွက်နေ
သည်။
" 14ခုရှိတယ်။"
"ဘယ်ကလာ....28ခုရှိတာပါYi Fanရာ။"
"အဟက် ...မင်းမူးနေပြီChanyeol အဲ့ဒါကြောင့်
နှစ်ထပ်စီမြင်နေရတာ။"
"ငါမမူးပါဘူးကွ။"
ကျွန်တော်သည် ထပ်မံ၍ ကြယ်တို့ ကို ရေတွက်ပြန်သည်။ 28ခုသာတွေ့ ရပြန်သည်။
"Chanyeol'ah ..."
အသံတိတ်ရေနေသည့်ကျွန်တော် Yi Fanစကားစ၍ ရေတွက်မှုကိုရပ်ဆိုင်းကာ ပြန်လည်ထူးဖြစ်သည်။
"အင်း ..."
"တကယ်လို့ များကွာ ...ငါတို့ အကြောင်းကိုအိမ်
ကသိခဲ့ရင် ...သဘောမတူခဲ့ရင် ငါတို့ အခုလို ဆက်နေနိုင်ပါ့မလား။"
ကလေးဆန်သည်ဟုကျွန်တော်ထင်မိသည့်မေး
ခွန်းဧ။်အဖြေသည်အမှန်တစ်ကယ်ကျွန်တော့်
အတွက်ဖြေဆိုရန်ခက်ခဲလွန်းသည်။
ဒုဝန်ကြီးချုပ်ဖြစ်သောအဖေ့အတွက် ကျွန်တော့်
ဧ။်အချစ်ရေးမှာဆူးခလုတ်တစ်ခုဖြစ်နေမှာ မလွဲပေမို့ ။ သို့ သော် ။ မိဘကြောင့်ဟူသော
အကြောင်းပြချက် နှင့်အခြားတစ်စုံတစ်ရာအ
တွက်ဟူသောအကြောင်းပြချက်တို့ သည် ကျွန်တော်နှင့်သူ့ အကြားရှိလာမည်မဟုတ်ဟု
ယုံကြည်သည်။
"ဒါ ...ငါတစ်ယောက်တည်းဖြေရမဲ့မေးခွန်းမ
ဟုတ်ဘူးထင်တယ်Yi Fan"
သူသာကျွန်တော့်လက်ကိုဆုပ်ကိုင်ထားသ၍။
သူသာကျွန်တော့်နှုတ်ခမ်းကိုပိုင်ဆိုင်နေသ၍။
သူသာကျွန်တော့်အချစ်ကိုမျက်ကွယ်မပြုသ၍။
"ငါမင်းကိုဘယ်လိုအကြောင်းပြချက်နဲ့ မှ လက်လွှတ်ပေးမှာမဟုတ်ဘူးChanyeol ။ "
သူသည်လှဲရာမှထထိုင်၍ဆိုသည်။ကျွန်တော်
သည်လည်းထထိုင်ရင်း။
"မင်းငါ့လက်ကိုမလွှတ်သ၍ အခုထက်ပိုပြီး ငါတို့ နေလို့ ရတယ်လေYi Fan"
ကျွန်တော့်အားလှည့်ကြည့်လာသော ဆွဲဆောင်
မှုရှိသောမျက်လုံးတို့ ကြောင့် ကျွန်တော်ရှက်
သည်မဟုတ်သော်လည်းငြိမ်သက်နေမိသည်။
"Chanyeol..."
တိုးညှင်းစွာခေါ်သည့်သူ့ အသံတို့ ကြောင့် ကျွန်တော့်နှလုံးသည် တီးကွက်မဲ့ တုန်ခါနေ
သည်။
"အရမ်း......"
စူးရှသည့်အလင်းရောင်ကြောင့်ကျွန်တော်ဖွင့်
လိုက်မိသောမျက်လုံးကိုပြန်ပိတ်လိုက်ရသည်။
တစ်ဆက်တည်းခံစားမိသည်ကဦးခေါင်းထက်မှ
နာကျင်နေခြင်း။
"Chanyeol'ah...သတိရပြီလား။"
သည်အသံ။ ကျွန်တော်နှင့်ရင်းနှီးနေသလို ခံစား
ရသည်။ ထို့ ကြောင့် အားယူကာမျက်လုံးပြန်
ဖွင့်မိတော့ မြင်နေရသည်မှာ အဖြူရောင်မျက်
နှာကြက်ပေါ်မှအဖြူရောင်မီးချောင်းတစ်ခု။
"Chanyeol ..."
ထိုအသံပိုင်ရှင်ကိုကြည့်မိတော့ဂျူတီကုတ်အဖြူ
ရောင်ဝတ်ထားသောခပ်ချောချောဆရာဝန် တစ်ယောက်။
"ငါစစ်ကြည့်ဦးမယ်။"
နောက်ထပ်ဂျုတီကုတ်အဖြူရောင်နှင့်ကျွန်တော့်
မြင်ကွင်းအရှေ့ တိုးလာသည်က ကျွန်တော့် သူငယ်ချင်းJongWoo...
"ငါ့ကိုမှတ်မိလား။"
"JongWooလေ သိတာပေါ့ကွ။"
"ဒါဆို ...သူ့ ကိုကော။"
JongWooလက်ညှိုးထိုးပြသည့်သူကို ကျွန်တော်ကြည့်တော့ ပထမမြင်ခဲ့သည့်ဆရာ
ဝန်ဖြစ်နေသည်။ သူ့ မျက်နှာချောချောတွင် တစ်စုံတစ်ရာပူပန်မှုထင်ဟပ်နေသည်ကို ကျွန်တော်ခံစားရသည်။
"ဘယ်သူလဲ။ မင်းသူငယ်ချင်းလား။"
ထိုဆရာဝန်မျက်နှာပျက်သွားသည်ကိုလည်း ကျွန်တော်မြင်တွေ့ လိုက်ရသည်။ သို့ သော်
လည်းကျွန်တော်မှမသိပါပဲလေ။
"Chanyeol... ငါ့ကိုကော သိရဲ့ လား။"
အသံကြားသည်နှင့်မည်သူမှန်းကျွန်တော်သိ
လိုက်သည်။
"ဟေ့ကောင် Soohyukမင်းကိုငါမသိစရာလား။"
"ဟမ်!!ငါတို့ ကိုကျသိပြီးဘာလို့ Yi Fanကိုမသိ
တာလဲ။"
Yi Fan??သူကဘယ်သူလဲ။ ကျွန်တော့်မြင်ကွင်း
ထဲမှကျွန်တော်မသိသောဆရာဝန်သည် သွေးဖိအားတိုင်းကိရိယာကိုသာတစ်စုံတစ်ခု ပြု
လုပ်နေသည်။ ကျွန်တော်သည်လည်း မည်သည့်အကြောင်းပြချက်ကြောင့်ရယ်မသိပဲ
သူ့ ထံမှအကြည့်ကိုမလွှဲဖြစ်သေးချေ။
"အာ...Chanyeol မင်းနာနေတဲ့နေရာတွေဘာ
တွေရှိလား။"
JongWooအသံကြားမှကျွန်တော်အကြည့်ကို
မျက်နှာကြက်ထံသို့ လွှဲပစ်လိုက်သည်။
"ခေါင်းနာနေတယ်။ ဒါနဲ့ ငါဘာဖြစ်နေတာလဲ။"
"မင်း...ကားအက်စီးဒင့်ဖြစ်တာလေ။ ဓါတ်တိုင်
နဲ့ အရှိန်ပြင်းပြင်းဆောင့်သွားတယ်ထင်တယ်။ ခေါင်းနာတာကပြန်ချုပ်ထားတာကြောင့် ခဏနာတာပါ။ပျောက်သွားလိမ့်မယ်။ "
"သြော် ..."
"Yi Fan မင်းတစ်ခုခုမပြောတော့ဘူးလား။"
ထပ်မံ၍ အနှီဆရာဝန်ထံသို့ အကြည့်က အလည်ရောက်သွားပြန်သည်။
"ငါဆေးခန်းကနေထွက်လာခဲ့တာမို့  ပြန်တော့
မယ်။"
အလိုအလျောက်ကြားဖူးနေသောသြရှရှအသံ။
"ဒါပေမဲ့ မင်းနေပေးသင့်တယ်ထင်တယ်။"
ထိုသူကပြုံး၍ကျွန်တော်တို့ အားကျောခိုင်းကာ
"ငါပြန်လာမှာပါ။"
ထို့ နောက် သူထွက်သွားခဲ့သည်။ အခန်းထဲ Soohyukနှင့်JongWooထံမှသက်ပြင်းချသံတို့ 
ကဖုံးလွှမ်းသွားသည်။
•••••••••••••••••••••••••••••••••••••••••
ကျွန်တော့်ဘေးတွင် စာအုပ်ဖတ်နေသူကို ကျွန်တော်ကြည့်ရင်းစိတ်ထဲတစ်စုံတစ်ခုကိုအလိုမကျဖြစ်နေမိသည်။
"ဟေ့ ..."
မထူးပဲစာအုပ်မှအကြည့်ကိုကျွန်တော့်ထံသို့ 
ရွှေ့ လာသည့်သူ။
"မေးစရာရှိလို့ ။"
"မေးလေ။"
စာအုပ်ကိုပိတ်ရင်းဆိုသည့်သူ့ ကိုကျွန်တော် စိုက်ကြည့်ပြီး
"မင်း...ငါနဲ့ ရင်းနှီးလား။"
သူပြန်မဖြေသေးပဲကျွန်တော်ပြန်လည်ကြည့်နေ
သေးသည်။ ကျွန်တော့်မျက်နှာတွင်အဖြေရှိနေ
သယောင်။
"မရင်းနှီးဘူး။"
သည်လူ...ကျွန်တော့်ကိုလိမ်သည်။ Soohyuk အားမေးကြည့်တော့ ကျွန်တော်နှင့်သူသည် ရင်းနှီးသည်ထက်ပိုသောဆက်ဆံရေးဖြစ်သည်
တဲ့။ ယခုသူကကျွန်တော်နှင့်မရင်းနှီးကြောင်းကို
မျက်နှာမပျက်ပြောနေသည်။
"သူစိမ်းတွေလား။"
သူ့ ထံမှသက်ပြင်းချသံကိုကြားရသည်။
"ဘယ်လိုအဖြေကိုကြားချင်လဲ ။"
"နေတော့။ ငါမသိချင်တော့ဘူး။ "
"ဟက်...အင်းပါ။ "
သူပြန်လည်၍စာအုပ်ဖတ်နေသည်။ သို့ သော် ... စာမျက်နှာတစ်ရွက်မှမလှန်တော့ခြင်းသည်
စာအုပ်ထဲတွင်အာရုံမရှိတော့ကြောင်း သိသာလှသည်။
တစ်စုံတစ်ရာကိုသတိထားမိသောကျွန်တော်
သည် ကုတင်မှဆင်းရန်ထဖို့ ပြင်နေစဉ် ကျွန်တော့်ပုခုံးကိုလာရောက်ဆုပ်ကိုင်သောသူ။
"ဘယ်သွားမလို့ လဲ။"
Shit!!!! အလျင်လိုပါသည်ဆိုမှကွာ။
"သန့် စင်ခန်းသွားမလို့ ။ ဖယ်စမ်းပါကွာ။"
"မင်းဘာသာသွားနိုင်မလားအရင်ကြည့်ဦး။"
သူပြောမှကျွန်တော်သတိထားမိသည်။ ကျောက်ပတ်တီးအဖွေးသားနှင့် ညာဘက်ခြေထောက်။
"Shit !! "
ကျွန်တော့်ကိုပွေ့ ချီလိုက်သည့်သူ ။ ရင်းနှီးနေ
သောကိုယ်သင်းရနံ့  ...။
သန့် စင်ခန်းထဲရောက်မှကျကျနနချပေးသည်။
"ပြီးရင်ခေါ်လိုက်။တံခါးအရှေ့ မှာရှိနေမယ်။"
"အေး။"
ကျွန်တော် ကိစ္စပြီးမြောက်သော်လည်း မထမိသေး။
"Chanyeol ပြီးပြီလား။"
ကျွန်တော် အတင်းအကြပ်မရမကစဉ်းစားနေမိ
သောသူဧ။်အသံကြောင့် စဉ်းစားမရသောကိစ္စ
ကိုဘေးချိတ်၍ ။
"ပြီးပြီ။"
စကားဆုံးသည်နှင့်တံခါးပွင့်လာပြီးသူသည် ကျွန်တော့်အားပွေ့ ချီရန်အမှုပြုနေသည်။
"ခဏ..."
"......?"
အနီးကပ်မြင်နေရသည့် သူဧ။်ယောက်ျားပီသ
သောမျက်နှာအား တစ်စုံတစ်ရာအားသတိရ
လာမည်လားဟူ၍ ။
"ကြည့်လို့ မဝသေးရင်နောက်မှဆက်ကြည့်။"
ပြောရင်းပွေ့ ချီလိုက်သူဧ။်ဂုတ်ပိုးအား ကျွန်တော်သိုင်းဖက်လိုက်သည်။
သူ့ ထံမှကျေနပ်ဟန်အပြုံးကိုကျွန်တော်မမြင်
ဟန်ဆောင်၍ သူဧ။်ရင်ခွင်နွေးနွေးထံ၌ ကုတင်
ပေါ်မရောက်ခင်အထိခေတ္တခဏခိုလှုံဖြစ်သည်။
••• ••• ••• ••• ••• ••• ••• ••• ••• ••• •••
ညလေတို့ ကအရိုင်းဆန်ဆန်တိုက်ခတ်နေ
သည်။ ကျွန်တော်နှင့်သူစိမ်းဖြစ်သော Yi Fan
သည် ဆေးရုံပန်းခြံထဲရှိခုံတန်းလျားတစ်ခုတွင်
ထိုင်နေကြသည်။
ညကိုးနာရီပင်ကျော်ပြီဖြစ်၍ပန်းခြံအတွင်း လူများမရှိသလောက်နည်းပါးကြသည်။
တိတ်ဆိတ်သည့်ဝန်းကျင်တွင် သူ့ ဖုန်းဧ။် တုန်ခါမှုသည်ဖျက်လိုဖျက်ဆီးလုပ်နေသည်။
"ဟေး...မင်းဖုန်းမကိုင်ဘူးလား။"
"အင်း..."
သူ ဖုန်းထုတ်နေစဉ်ကျွန်တော်မသိမသာကြည့်
မိတော့ Kevin ဆိုသူထံမှ။ သူဖုန်းကိုပိတ်လိုက်
ပြီးကျွန်တော့်ကိုလှည့်ကြည့်သည်။
" ဖုန်းပိတ်လိုက်ပြီ။ "
"အင်း ...တကယ်က မင်းမကိုင်ရင်silentလုပ်ဖို့ 
ပြောမလို့ ပါ။"
"Chanyeol'ah..."
ကျွန်တော့်ပါးပြင်ကိုခပ်ဖွဖွအုပ်ကိုင်လာသည့်
သူ့ လက်သွယ်သွယ်တို့ ကြောင့် နှလုံးသားနေ
ရာမှရှိန်းခနဲ...
"ဘာ...ဘာလဲ။"
" ဘာလို့  ငါ့ကိုမေ့ထားနိုင်တာလဲ။"
ကျွန်တော် သူ့ မျက်ဝန်းထဲသို့  စိုက်ကြည့်မိ
သည်။ မီးအရောင်ကြောင့်ပေလားမသိ အရည်လဲ့နေသောသူ့ မျက်ဝန်းတွေ၌နာကျင်
နေသောအငွေ့ အသက်များအား ကျွန်တော်
သည်လည်းထပ်တူထပ်မျှ နှလုံးသားထဲနာကျင်
မှုကိုခံစားနေရသည်။ သူနှင့်ကျွန်တော် မည်မျှထိရင်းနှီးခဲ့ကြသည်လဲ။
" Yi Fan......"
•••••••••••••••••••••••••••••••••••••••••
Tbc...
Steven_Cheng

Коментарі