Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 5.5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter -10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16(Final Part)
Extra Part
Chapter - 2
ခေါင်းထဲမှတစ်ဆစ်ဆစ်ထိုးကိုက်ခြင်းကို အိပ်ယာနိုးသည်နှင့် ကျွန်တော်ခံစားရ၍ မျက်လုံးကိုမဖွင့်နိုင်ပဲ နားထင်နှစ်ဖက်ကိုသာ လက်နှစ်ဖက်ဖြင့်ဖိထားရသည်။
"ခေါင်းကိုက်နေပြီမလား။"
သူ့ အသံ…။ ကျွန်တော် နားကြားများမှားသွားသ
လား။ ကျွန်တော်နိုးလေတိုင်းသူမှမရှိတတ်ပဲ။
"ခေါင်းကိုက်နေမှာကိုသိပေမဲ့ မျက်နှာထသစ်
လိုက်။ပြီးရင်မနက်စာစားပြီးဆေးသောက်ရ အောင်။"
ကျွန်တော် မျက်လုံးဖွင့်ကြည့်မိတော့ ကုတင်ဘေးမတ်တပ်ရပ်ကာဆိုလေသောသူ။
"မင်း  …ဆေးခန်းမသွားဘူးလား။"
ကျွန်တော့်မေးခွန်းကိုသူမဖြေ။ ကျွန်တော့်ကို
သာ အတင်းထလာရန်ဆွဲထူနေသည်။ ထို့  ကြောင့် ကျွန်တော်အိပ်ယာထ၍ ရေချိုးခန်းထဲ
ဝင်ရလေသည်။ ရေချိုးခန်းမှန်ထဲမှ ကျွန်တော်
နှင့် ဆင်တူသူကိုမြင်နေရသည်။ Beer အရှိန်ကြောင့် မျက်နှာမှာ အနည်းငယ် မဟုတ် အတော်လေးဖောနေပြီး ဆံပင်တို့ မှာလည်း မိုးကြိုးစက်ကွင်းမိထားသည့်အလား။ မှန်ထဲမှ ကျွန်တော်သည် အရုပ်ဆိုးလွန်းသည်။
မျက်နှာသစ် သွားတိုက်ရုံဖြင့်ပင် မကျေနပ်နိုင်
သောကျွန်တော်သည် တစ်နာရီနီးပါးမျှ ရေချိုး
ပြီးထွက်လာတော့ သူက မကြည်သလိုလှမ်း
ကြည့်သည်။ အမြဲအစဉ် စမတ်ကျနေသောသူ
သည် အထူးတစ်လည်မသန့် နေသော်လည်း
ကြည့်ကောင်းနေ၍ ကျွန်တော်နှာခေါင်းရှုံ့ ပစ်
မိသည် ။ လျှော်ထားသည့်ခေါင်းကို သဘက်ဖြင့်
လက်တစ်ဖက်ကသုတ်ရင်း ကျန်လက်တစ်ဖက်
မှ ဗီဒိုဖွင့်နေသောကျွန်တော့်အား သူစိတ်မရှည်
" ငါဒီနေ့ ဆေးခန်းမသွားဘူး။အထူးလူနာရှိလို့ "
"သြော်…"
စိတ်မဝင်စားသည်ကပို၍မှန်လိမ့်မည်။
"ခေါင်းတော့ခြောက်ပြီ။အဝတ်အစားမြန်မြန်လဲ
Chanyeol ဖျားလိမ့်မယ်။"
ကျွန်တော် သူ့ ကိုလှည့်ကြည့်မိသည်။ သူက ကျွန်တော့်ကို စိတ်ပူနေခြင်းလား ။
"ပြီးရင်အောက်ဆင်းလာခဲ့။"
ကျွန်တော့်အကြည့်ကိုရိပ်မိသွားသည့်သူသည်
ဝန်ခံချင်ဟန်မတူ ။ ကျွန်တော့်ကို သဘက်ပြန်
ပေး၍ ထွက်ခွာရန်ကြိုးစားနေသူအား လက်ကို အမှီဆွဲ၍
" ငါ့ကိုစိတ်ပူတယ်မဟုတ်လား။"
"ဟက်…"
သူရယ်သည်။ ဟာသမမြောက်သည့် ကျွန်တော့်
စကားအားသူလှောင်သည်။
"ငါမသိဘူးChanyeol…မင်းကိုစိတ်ပူသင့်ရဲ့
လားဆိုတာကို။"
ကျွန်တော့်လက်ကိုဆွဲခွာ၍ သူထွက်သွားသည်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
နံနက်စာစားစဉ်တစ်လျှောက် သူဘာတစ်ခွန်း
မှမပြော။ စားစရာရှိသည်ကိုစား၍ တိုက်စရာရှိ
သည့်ဆေးအားကျွန်တော့်ကို တိုက်သွားသည်။
ယခုလည်း ခြံထဲဆင်းကာ မြက်ခင်းကိုရေ
မှနေကာ ကြည့်မိနေသည်။ ရေပိုက်ကို ကိုင်၍
ဘောင်းဘီရှည်ကို ဒူးခေါင်းအထိခေါက်တင်ကာ
ရေလောင်းနေပုံက ယောက်ျားဆန်လွန်းနေ
သည်။ ကျွန်တော်ကကော ။ မိန်းမဆန်နေသည်
လား။ မဟုတ်။ သူ့ ထက်ပင်ပို၍ ဗလရှိသေး
သည်။ သူပိုင်ဆိုင်သော လက်ချောင်းရှည်သွယ်
သွယ်ပင်မရှိ။ ကျောင်းသားဘဝက ဂစ်တာတီး
၍ မလှပသောလက်သာပိုင်ဆိုင်သည့် ကျွန်တော်သည် သူ့ ထက်စာလျှင် ပို၍ ယောက်ျားပီသမည်ထင်သည်။ သို့ သော်ငြား။
အတူယှဉ်လိုက်တိုင်း သူ့ ထက်ပို၍ ကလေးဆန်
သည့် ကျွန်တော့်ရုပ်ရည်အပေါ် သူက ဘဝင်ကြွခဲ့သည်မှာ ယနေ့ အထိ။
အတွေးလွန်နေသည်မှာမည်မျှကြာသွားသည် မသိ။ မြင်ကွင်းတွင် သူမရှိတော့၍ ။
" ငါ့ကိုဘယ်လောက်တောင် ရင်ခုန်သွားလဲ ပြောစမ်းပါဦး။"
နောက်ကျောမှသူသည် ကျွန်တော်ကြည့်နေ
သည်ကိုသိသွားပုံပင်။
"မင်းထင်သလိုမဟုတ်တာတော့စိတ်မကောင်း
ဘူးYi Fan"
ကျွန်တော်လှည့်မကြည့်ပဲပြန်ဖြေရာ သူ့ ဆီမှ ရယ်သံသဲ့သဲ့ကြားရပြီးနောက် ကျွန်တော့် ခါးကို ရစ်ပတ်လာသောလက်တစ်စုံ။ ချိတ်ဆက်သွား
သည့်သူ့ လက်တွေအပေါ်ထပ်၍ ကျွန်တော် အုပ်ကိုင်ဖြစ်သည်။ ကျွန်တော့်ညာဘက် ပုခုံးထက်သူဧ။်မေးစေ့တင်လာ၍ အနည်းငယ် ခေါင်းစောင်းပေးတော့ အလိုက်သိသည် ဟူ၍ မှတ်ချက်ပြုသည်။
"Chanyeol…"
"အင်း"
"နောက်ထပ်ငါတို့ အချင်းချင်းသံသယဝင်တဲ့ စကားမ်ျိုးမသုံးကြရအောင်။"
"ငါမနေ့ ကသုံးခဲ့လို့ လား။"
"ဆိုပါတော့ ။"
ကျွန်တော် ဆိတ်ဆိတ်နေဖြစ်သည်။ ဝန်ခံခြင်း ဆိုတာကိုသူသိမှာပါ။
"ဒါနဲ့  Chanyeol မင်းအကာအကွယ်တော့သုံး
တယ်မလား။"
"သုံးတာပေါ့ကွ။ မဟုတ်ရင်ငါတန်းစီရနေမှာ
ပေါ့။"
"အင်းပါ သုံးရင်ပြီးတာပါပဲ။"
"မင်းကော"
"ငါဆရာဝန်ပါကွာ…"
"မသိဘူးသုံးတာလားမသုံးတာလား။"
" နှစ်ခုစလုံးပဲ။"
"ဘာ!!!"
သူဘယ်လိုလူလဲ။ ကလေးအဖေဖြစ်ချင်နေတာ
လား။
"ငါဆရာဝန်ပါဆို။မသုံးဖြစ်တဲ့အခါလည်း ဆေးသုံးရတာပေါ့။"
ကျွန်တော် ဆက်မပြောဖြစ်တော့။ အမှန်ပြောရ
လျှင် ဤကိစ္စ၌ဝါသနာထုံလွန်း၍မဟုတ်။ သူ့
ဘက်မှစ၍ ပြုသောကြောင့် အဘယ်အမှုကိုမ
ဆို လိုက်ပြိုင်နေသည့်ကျွန်တော်က သူ့ ထက်ပို
၍လက်စောင်းထက်အောင် ပြုနေရခြင်း ။
……we don't talk anymore…we don't…
ထမြည်လာသည့် သူ့ ဖုန်းသံကြောင့် သူ ကျွန်တော့်အားဖက်ထားသည်ကို လွှတ်ကာ ဖုန်းကိုင်သည်။ ကျွန်တော်ရှိရာမှ ဝေးသောအ
ရပ်သို့ ထွက်ခွာ၍ ။ကျွန်တော် ပြတင်းပေါက်
လိုက်ကာအားဆွဲပိတ်၍ TV ကြည့်ရန်သာ ဧည့်
ခန်းသို့ ထွက်လာခဲ့တော့သည်။
ရုပ်သံမှလာနေသည်မှာ Drama ဇာတ်လမ်းဖြစ်မည်ထင်သည်။ ပျင်းပျင်းရှိသည်
မို့  ဤသည်ကိုသာ ကြည့်မိနေရင်း အတော်ကြာမှ သူကျွန်တော့်ဘေးတွင်လာထိုင်
သည်။
"Chanyeol ငါအပြင်သွားမယ်။ညနေအိမ်ပြန်
တာနောက်ကျလိမ့်မယ်။ ထမင်းသေချာစားပြီး ဆေးသောက်လိုက်ဦး။"
"ဘယ်ကိုလဲဆိုတာငါမေးလို့ ရမလားYi Fan"
ကျွန်တော်TVမှအကြည့်မလွှဲပဲနှင့်မေးလိုက်သည်။
"အင်း …ငါ့လူနာအိမ်ကိုပါ။ နှလုံးဖောက်လာ
တာကြောင့်။"
"သြော် …အင်း။"
သူဆေးပစ္စည်းများသယ်၍ ထွက်သွားခဲ့သည်။
နှစ်ယောက်တည်းရှိနေလျှင်တောင် ခြောက်ကပ်နေသော အိမ်သည် တစ်ယောက်
ထွက်သွားပြန်တော့ ပို၍ခြောက်ကပ်နေသည်။
စဉ်းစားပြန်လျှင် အရင်နေ့ များနှင့် မထူးခြားနား
သွား။ နံနက်စာအတူစား၍ ထွေးပိုက်ခြင်း ခဏ
တာလက်ခံရယူလိုက်ရသည်က အိပ်မက်တစ်ခု
လိုသာ။
             ………တင်းတောင်………
TVထဲအာရုံမရောက်သည့်ကျွန်တော်သည် ဘဲလ်မြည်သံကြောင့် မျက်မှောင်ကျုတ်မိသည်။
Yi Fanသာဆိုလျှင် ဘဲလ်တီးမြည်မဟုတ်။
တံခါးကိုဖွင့်လိုက်မိစဉ်ခဏ …ကျွန်တော့်ရင်တစ်ခုလုံးလေပွေတစ်ခု တိုက်
ခတ်လိုက်သယောင်။
"အမေ"
Yi Fanဧ။်မိခင် ။ ကျွန်တော် ခါးကို 90°ချိုး၍ ဦးညွတ်ဂါရဝပြုဖြစ်သည်။ လက်ထပ်ရန် တောင်းဆိုခဲ့စဉ်က ပိုင်းလုံးဇာတ်သွင်းစော်ကား
"FanFan ဆေးခန်းမှာလား။"
အိမ်ထဲဝင်ရင်းတည်ငြိမ်စွာနေမေးသည့် အမေ့
ကို ကျွန်တော်ထိုင်ရန်လောကွတ်ပြု၍
"ခုနကမှလူနာအိမ်ကပင့်လို့ ထွက်သွားတာပါ အမေ။"
အော်ကြီးဟစ်ကျယ်ရန်ဖြစ်ခန်းလာနေသည့် TVကိုပိတ်လိုက်ရသည်။
"သြော် ။ မင်းလည်းထိုင်လေ။ အမေ လာတာ မင်းကိုပြောစရာရှိလို့ ။"
နူးညံ့လွန်းသည်မဟုတ်ပေမဲ့ အရင်ကထက် ပြောင်းလဲသည့်အပြောအဆိုကြောင့်
"ဟုတ်ကဲ့။ပြောပါအမေ။"
အမေသည်ကျွန်တော့်အား သေသေချာချာကို စိုက်ကြည့်နေသည်။ ကျွန်တော်မနေတတ်စွာ ပြန်ကြည့်မိတော့
"အမေပြောမှာကိုမင်းသေချာနားထောင်စေချင်
တယ်။ "
"ဟုတ်ကဲ့။"
"မင်းတို့ နှစ်ယောက်စလုံးက ယောက်ျားလေး
တွေဖြစ်တဲ့အတွက် Wuမျိုးရိုးအတွက်ကော Parkမျိုးရိုးအတွက်ကော မျိုးဆက်ပြတ်မှာကို သိမယ်ထင်ပါတယ်။"
ကျွန်တော်သိပ်သိတာပေါ့အမေ။ မျိုးဆက်ကို တန်ဖိုးထားကြတဲ့နှစ်ဖက်မိဘတွေအပြင်းအထန် ကန့် ကွက်ကြတာလည်းဒါကြောင့်ပဲလေ အမေ။
"လက်ထပ်တာကတော့ တားတဲ့ကြားထဲက ဖြစ်သွားတာကိုမတတ်နိုင်ပေမဲ့ မျိုးဆက် မပျောက်ဖို့ ကိုတော့ သေသေချာချာစီမံချင်
တယ်။"
"အမေ ဘာကိုဆိုလိုချင်တာပါလဲ။"
"မင်းကိုယ်တိုင်ကိုယ်ဝန်ရအောင်လုပ်မလား။
အငှားကိုယ်ဝန်ဆောင်မလား။ မင်းရွေးချယ်ပါ။"
မာန်ပါလာသည့် အမေ့စကားကြောင့် ကျွန်တော့်စိတ်တွေ အစိုးမရတော့။
"ကျွန်တော်ငြင်းပါရစေအမေ။"
"ဘာ!!"
စိတ်တိုဟန်ပြုလာသည့် အမေ့ကို ကျွန်တော် ပြူံးပြရင်း
"ပထမတစ်ချက် ကျွန်တော် ယောက်ျား တစ်ယောက်ပါ ။ ကနွဲ့ ကလျနိုင်တဲ့အခြောက်မ ဟုတ်သလိုသားအိမ်ပါတဲ့ မိန်းမ တစ်ယောက်လည်း မဟုတ်ပါဘူး။ဒါကြောင့် ကျွန်တော့်ဘက်က ကိုယ်ဝန်မဆောင်ပေး နိုင်ပါဘူး။ ဒုတိယတစ်ချက် အငှားကိုယ်ဝန်
ဆောင်ဖို့ ကို အမေဘယ်လောက်ထိ တာဝန်
ယူနိုင်ပါသလဲ။ အငှားကိုယ်ဝန်ဆောင်သည်နဲ့ 
ပက်သက်ပြီးဖြစ်ပွားတဲ့အရှုပ်အယှက်တွေ လက်ခ်ျိုးရေလို့ မရအောင်များလွန်းတယ် အမေ။
ဖြစ်လာမဲ့ပြဿနာတွေတာဝန်ယူနိုင်လား ဆိုတာအရင်သိပါရစေ။"
ကျွန်တော့်စကားကအမေ့ကို မည်မျှထိရောက်
နေမှန်း အသားတွေတစ်ဆတ်ဆတ်တုန်နေ
သည့်အမေ့ကိုကြည့်၍သိနိုင်ပေသည်။
"မင်းငါ့စကားကိုမလွန်ဆန်နဲ့  Park Chanyeol"
အဟက်  …လွန်ဆန်တာမဟုတ်ဘူးအမေ။ မဖြစ်နိုင်မှန်းအမေသိအောင် ထောက်ပြတာ။
သို့ သော် ကျွန်တော်ထုတ်မပြောဖြစ် ။
"မင်းကျိန်းသေပေါက် ကလေးမွေးရမယ်။"
"ဟော်…အတင်းပဲအမေရယ် ။ အမေ ကလေးလိုချင်လွန်းတယ်ဆိုရင် အမေ့သားကို buttomထိုင်ခိုင်းလိုက်လေ။ ကျွန်တော်က ကျန်းမာပြီးသားဖြစ်လို့  အဆင်ပြေပါတယ် အဟင်းးး"
                ……ဖြောင်း………
ဘယ်ဘက်ပါးပြင်ပေါ်က စပ်ဖျဉ်းဖျဉ်းအရသာ။
"မင်းသိပ်ရိုင်းတယ်။ အဆုံးထိလက်ထပ်ပွဲကို မဖြစ်အောင်တားခဲ့ရမှာ။အခုတော့ မျိုးဆက်ကပြတ်တော့မယ်။ ဒီမှာ Park Chanyeol ငါဒီအတိုင်းငြိမ်လိုက်မယ်မထင်နဲ့ ။
ငါကတော့ငါတို့ မျိုးဆက်မပြတ်ဖို့  လုပ်ရမှာပဲ။"
"အဲ့ဒါ အမေ့ကိစ္စပါ။ တံခါးထိတော့ ကျွန်တော်
လိုက်မပို့ လို့ ရတယ်မလား။"
ကျွန်တော့်ကို ဒေါသတစ်ကြီးကြည့်ကာ ထွက်သွားသည့် အမေ့ကို ကျွန်တော် မဲ့ပြုံး သာပြုံးပြလိုက်ဖြစ်သည်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ညဆယ့်တစ်နာရီ…
သူပြန်မလာသေး။ ဆေးကုတာဤမျှထိကြာဖို့ 
လိုလို့ လား။ ဖုန်းcontactမှ သူ့ ကို ဖုန်းလည်း
မခေါ်ချင်။ ကျွန်တော့်ဘက်မှ အချစ်ပိုလွန်းသည်
ဟုအထင်မခံရချင် ။
ဆယ့်တစ်နာရီခွဲ……
ကျွန်တော်ဆက်၍မစောင့်ချင်ပြီ။ သူဧ။် မူမမှန်သောခြေလှမ်းကိုလည်း မစုံစမ်းချင်။ စိတ်ထဲမှထုတ်ပစ်ကာအိပ်လိုက်လျှင် မေ့သွား
မည်ထင်သည်။ အချိန်ကြာကြာ စိတ်ထဲထား
လျှင် ကျွန်တော်ပဲနာကျင်ရမည်မလား။
ညအိပ်မီးသာဖွင့်၍ ကျွန်တော်မှေးစက်လိုက်
သည်။ ထမင်းစားချင်စိတ်မရှိ၍ မစားထားသော
သမုဒ္ဓရာဝမ်းတစ်ထွာမှာ သံစုံတီးဝိုင်းရောက်
နေသော်ငြား မသိကျိုးကျွံပြု၍ နံပါတ်များကို ရေတွက်ကာကျွန်တော် အိပ်ပျော်ရန် ကြိုးစားနေမိသည် ။
နံပါတ်စဉ် 3896 အရောက်တွင် ပွင့်လာသော
အခန်းတံခါးဖွင့်သံနှင့် သူသုံးနေကျမဟုတ်
သော ရေမွှေးအနံ့  ။ 
ဟင်းအင်း။ ကျွန်တော် သူသုံးသည့် ရေမွှေးအ
နံ့ ကိုမသိပါ။ အခုရနေသည့်အနံ့ မှာ သူ့  ရနံ့ 
သာဖြစ်ရမည်။
"ပါးတစ်ဖက်ဘာဖြစ်ထားတာလဲ။"
ကျွန်တော့်ကိုမေးသည်မဟုတ်ပဲ သူ့  နှုတ်မှ တစ်ကိုယ်တည်းပြောနေခြင်း။
ဆိုရင်မင်းဘာလုပ်မလဲYi Fan…။
သူ့ ထံမှပင့်သက်ရှိုက်သံကြားလိုက်ရသည်။
သူဘာဖြစ်နေသည်လဲ။
" အိပ်မက်ထဲမှာတော့ ကွာခြားပါရစေ ကလေး။"
သူခပ်တိုးတိုးပြောကာ ကျွန်တော့် နှုတ်ခမ်းထက်အကြင်နာတစ်ပွင့်ပေးသည်။
ကျွန်တော် မျက်လုံးမှိတ်ထားမိသည်ကိုပင် ကျေးဇူးတင်ရမလား။
ညတိုင်း သူအခုလိုပြုမူနေကြလား ။ တွေးမိပြန်တော့ ရင်ထဲနွေးသွားရသည်။
||ငါလည်းကွာခြားချင်ပါတယ် Yi Fan||
သူ့ အကြင်နာသည် အိပ်ဆေးပါသလား မသိ။
ကျွန်တော် မျက်လုံးနှစ်ဖက်ပြန်ပွင့်သည့်အခါ မိုးစင်စင်လင်းနေချေပြီ။
မနေ့ ကလိုသူ့ မျက်နှာကိုမြင်ကာ နိုးရသည်
မဟုတ်ပေမဲ့။ ကျွန်တော်သိလိုက်ရသည့် အကြင်နာကြောင့် ပြုံးမိနေသည်ဆိုလျှင် ကျွန်တော်ရူးနေသည်လား။
နံနက်စောစောရေသောက်တတ်သည့်အကျင့်
ကြောင့် ရေဗူးရှိရာသို့ အလှမ်း ရေဗူး၌ ကပ်
ထားသည့် စာကြောင့် ပြုံးရပြန်သည်။
       * မနေ့ ညက ညစာမစားထားဘူး
          မလား။ ငါ မနက်စာပြင်ထားခဲ့
          တယ်။ မင်းဆိုင်ကိုလည်းသွားဦး။
          ညနေငါစောစောပြန်လာခဲ့မယ်။*
ဆိုင်ဆို၍ ဟုတ်သား။ ကျွန်တော် ဆိုင်မသွားဖြစ်သည်မှာ လပိုင်းရှိနေရော့မည်။
ရေမိုးချိုးရင်း မျက်နှာကိုကြည့်မိတော့ မှန်ထဲမှ
ကျွန်တော့်ပါးပြင်ဟာ သိသိသာသာကြီး အရောင်လျော့သွားသည်။ သူ ရေခဲဝတ် ကပ်ပေးခဲ့ခြင်းဖြစ်မည်။ အတွေးနှင့် အတူ မှန်ထဲပြန်ကြည့်မိတော့ မှန်ထဲမှ ကျွန်တော်ဟာ
ရယ်မောနေသည်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Tbc……
Steven_Cheng
© Steven Cheng Cheng,
книга «မညီမျှခြင်း».
Коментарі