Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 5.5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter -10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16(Final Part)
Extra Part
Chapter - 6
"ဘယ်ကတည်းကသူနဲ့ သိသွားခဲ့တာလဲ။"

အခန်းသို့ ရောက်လျှင်ရောက်ခြင်း Yi Fan ဧ။်
မေးခွန်းသည်အထွေအထူးမဟုတ်သော်လည်း
သူဧ။်အသံမှာတင်းမာနေသည်ကိုကျွန်တော် သတိပြုမိသည်။

"မသိဘူး။"

ကျွန်တော့်အဖြေကြောင့်သူသည်စူးရဲစွာငုံ့  ကြည့်လာသည်။ ကျွန်တော်သည်လည်း ဝှီးချဲ
၌ထိုင်လျက်ဖြင့်ပင်သူ့ ကိုပြန်လည်မော့ကြည့်
ဖြစ်သည်။

"ဘယ်အချိန်ကတည်းကသိနေခဲ့လည်းငါမပြော
တတ်ဘူး။ဒါပေမဲ့ ငါသူ့ ကိုသိနေတာတော့အ
မှန်ပဲ။ "

"မင်းရဲ့ ဇယားတွေနေမှာပေါ့။ "

ကျွန်တော့်ထံမှအကြည့်လွှဲ၍ပြောသည့်သူ့ အား
ကျွန်တော်နားမလည်စွာကြည့်နေမိသည်။

"ဘာကိုဆိုလိုချင်တာလဲ Yi Fan ။ "

သူ မဖြေသေးပဲတံခါးရှိရာသို့ လျှောက်သွား
သည်။ တံခါးလက်ကိုင်ကိုကိုင်သည့်လှုပ်ရှားမှု
ကိုကျွန်တော်လည်ပြန်မကြည့်ပါပဲနှင့် ကြားနေ
ရသည်။

"မင်းရဲ့ sexပါရမီဖြည့်ဖက် ဖြစ်နေမလားလို့ ပါ"

ထို့ နောက် "ဂျိမ်း" ခနဲမြည်သံနှင့်အတူ သူထွက်
သွားခဲ့သည်။ စိန်မခေါ်ပါပဲနှင့် အလဲထိုးခံရသ
လို ရင်ထဲအောင့်သက်သက်ဖြင့် အခန်းထဲကျန်
ရစ်နေခဲ့သောကျွန်တော်သည် ကျွန်တော်မမှတ်
မိသောအသိဥာဏ်အတွက် အနည်းငယ်ဒေါသ
ဖြစ်နေခဲ့သည်။

အလိုအလျောက်မမှတ်မိလာမည့်နည်းတူ မှတ်မိလာစေရန်ကြိုးစားချင်သည်။ စားပွဲပေါ် တင်ထားသည့် ဆေးရုံတယ်လီဖုန်းထံသို့  ကျွန်တော်ဝှီးချဲကို လှိမ့်၍ အံဆွဲထဲမှ Soohyuk ပေးခဲ့သည့်ဖုန်းနံပါတ်စာအုပ်အားထုတ်ကာ အချိန်အတိုင်းအတာတစ်ခုအထိကျွန်တော် ဒွိဟဖြစ်စွာကြည့်နေဖြစ်ခဲ့သည်။

•••••••••••••••••••••••••••••••••••••••••

ယနေ့ ကျွန်တော် ဆေးရုံဆင်းမည်ဖြစ်သည်။ Yi Fan နှင့် ကျွန်တော်သည် မျက်နှာပြောင်တိုက်
ကာဖြင့် စကားများထားသည်ကို မေ့ပစ်ခဲ့ကြ
သည်။ သူမေ့နိုင်သည် ၊ မမေ့နိုင်သည်ကိုကျွန်
တော်အတွင်းကျကျမသိချေ။ သို့ သော် ။
ကျွန်တော်မေ့ဖို့ ရာမဖြစ်နိုင်သည်မှာတော့ သေချာသည်။ တစ်ဖက်စောင်းနင်းအပြောခံခဲ့ရ
သည်မို့ ။

"Yi Fan..."

သူ့ အားခေါ်သူသည်ကျွန်တော်မဟုတ်။ သူနှင့်
အတူလိုက်ပါလာသောသူဧ။်သူငယ်ချင်း Kevin ဟူ၍ အမည်ရသည့်သူပင်။

"အင်း ..."

ရုတ်တရက်သူသည် ကျွန်တော့်အားလှမ်းကြည့်
လာသည်။ခေါ်ဆိုသူသည်ကျွန်တော်မဟုတ်ပါ
ပဲနှင့်။

"ငါကားသွားထုတ်နှင့်မယ်။မင်းက Chanyeol ကိုခေါ်ပြီးထွက်ခဲ့။"

"အင်း ...အဲ့ဒီလိုလုပ်တာပေါ့။"

သူ ကျွန်တော့်ထံမှအကြည့်လွှဲသွားသော်လည်း
သူ့ ပုံစံသည်အနေရခက်နေဟန်တူသည်။ Kevinထွက်သွားသည့်အခါ ကျွန်တော်တို့ နှစ်
ဦးကျန်နေခဲ့သောအခန်းသည် လူမရှိတော့သ
ယောင် တိတ်ဆိတ်သွားသည်။ ကျွန်တော်သိ
သောကျွန်တော်သည် တိတ်ဆိတ်တတ်သည့်
အကျင့်ရှိသူမဟုတ်။ ကျောင်းတုန်းကပင် အတန်းဖော် Chen နှင့်စာသင်ချိန်စကားများ၍
ခဏခဏအပြစ်ပေးခံရဖူးသည်။ သို့ သော်
လည်း ယခုသူနှင့်ကျွန်တော့်အကြား တော်ရုံ စကားမပြောဖြစ်ကြခြင်းကို ကျင့်သားရနေသည့်
အလား အထူးတစ်လည်မနှစ်မြို့ ခြင်းမဖြစ်မိပါ။

"မင်းအဆင်သင့်ဖြစ်ရင်သွားရအောင်။"

အတန်ကြာမှစကားစပြောသည့်သူ့ ကို ပြန်မဖြေကြားတော့ပဲ ကျွန်တော်အားယူ၍ မတ်တပ်ရပ်လိုက်သည်။ သို့ သော်လည်း ... အသေအချာပြန်လည်မကောင်းသေးသော ခြေထောက်ကြောင့် စိတ်ပျက်စွာပြန်ထိုင်လိုက်
ရသည်။

" ငါ့ပုခုံးကိုအားပြုပြီးထလိုက်။ ငါတွဲပေးမယ်။ "

ကျွန်တော့်လက်ကိုကိုင်ရင်းပြောလာသည့်သူ့ 
လက်အားကျွန်တော်ပုတ်ချလိုက်သည်။

"ငါ့ဘာသာလျှောက်နိုင်တယ်။ "

ကျွန်တော် ကုတင်လက်ရန်းကိုအားပြု၍ ထသော်လည်း အခြေအနေမကောင်းစွာပင် ထိုင်ချရပြန်သည်။

"ကျစ် ! မင်းအတော်လေးကိုပြောရခက်ပါလား
Chanyeol ? "

ကျွန်တော် သူ့ ကိုထိုင်လျက်ဖြင့်ပင်မော့ကြည့်
ဖြစ်သည်။

" အဲ့ဒီတော့ ? မကျေနပ်တာလား...။ "

သူ့ ထံမှ သက်ပြင်းချသံကြားလိုက်ရပြီးနောက်
ကျွန်တော့်ခန္ဓာကိုယ်သည်လေပေါ်မြောက် တက်သွားခဲ့သည်။

" ဟေ့ကောင် ...ဘာလုပ်တာလဲ။ ပြန်ချစမ်းပါ။"

"ဒီမှာ Park Chanyeol ...ငါဂျူတီအချိန်တွေလဲ
ပြီးမအားတဲ့ကြားကမင်းဆီလာလာနေတာ။ မင်းအခုလိုပုံနဲ့ ဆေးရုံကထွက်နိုင်ဖို့ မပြောနဲ့  ဒီနေရာကနေတောင်ခြေတစ်လှမ်းရွှေ့ နိုင်မှာ မဟုတ်ဘူး။ အချိန်ကုန်တာမို့ လို့  ငြိမ်ငြိမ်နေပြီး
လိုက်ခဲ့။"

"ဘယ်သူကလာခိုင်းလို့ လဲ။ မင်းမလာလို့ လဲ ဖြစ်တယ်။ ငါ့မိဘတွေရှိတာပဲ။"

"အဟက် !!! "

ကျွန်တော့်စကားတွင် ရယ်စရာမပါပဲနှင့် သူ ရယ်သည် ။ခြောက်ကပ်စွာဖြင့် ။

"ဘာရယ်တာလဲ။"

သူ ကျွန်တော့်အားငုံ့ ကြည့်ကာ ပြုံးပြန်သည် ။
ခပ်ကြောင်ကြောင်နိုင်လွန်းသည်ဟု ကျွန်တော် ထင်မိသော်လည်း သူ့ အားမျက်နှာမလွှဲပဲ ပြန်
ကြည့်ဖြစ်သည်။

"ဘယ်တော့မှမမျှော်လင့်သင့်တော့တဲ့အရာထဲ မှာငါတို့ မိဘတွေပါတယ် Chanyeol ... "

သူ့ မျက်ဝန်းတို့ သည် နာကျင်ရိပ်တို့  လွှမ်းခြုံ
လာသည်ဟူ၍ထင်ရလောက်အောင် သူ့ မျက်
ဝန်းအားစိုက်ကြည့်မိနေသည့်ကျွန်တော်ဧ။် ဘယ်ဘက်ရင်အုံထဲရှိ နှလုံးသားသည် တစ်စုံ တစ်ရာဖြင့်ဖိထားသကဲ့သို့ လေးလံလာခဲ့သည်။

•••••••••••••••••••••••••••••••••••••••••

ကျွန်တော်တို့ အိမ်ဟု သူပြောသည့် အိမ်အား
ကျွန်တော် အသိစိတ်ကမသိသော်လည်း မသိ စိတ်တစ်နေရာမှအလွန်ပင်ရင်းနှီးနေသည် ။

"ဒီမှာ ငါတို့ သုံးယောက်နေကြတာလား။ "

ကျွန်တော့်မေးခွန်းအား သူပြန်မဖြေသေးပဲ ငြိမ်နေသဖြင့် ။

"မဟုတ်ဘူးလား။ ဘယ်သူတွေနေတာလဲ။ "

"သြော် ...အစကမင်းနဲ့ Yi Fanနေတာလေ။ ငါကဒီမှာခဏလာနေတာ။"

Kevin ဝင်ဖြေပေးမှကျွန်တော်သူ့ ကိုကြည့်ရာ
အသာခေါင်းငြိမ့်ပြသည်။

"ငါ့အခန်းကော။ ငါနားချင်လို့ ။ "

"ငါပို့ ပေးမယ်။ "

Yi Fan ကျွန်တော့်အားထပ်မံပွေ့ ချီစဉ် Kevin မျက်နှာပျက်သွားသည်ကို ကျွန်တော် အမှတ်မ
ထင်မြင်လိုက်ရသည်။

"ဒီအတိုင်းတွဲပေးရင်ငါလျှောက်နိုင်ပါတယ် Yi Fan ရာ ။ "

"တော်စမ်းပါ။အလုပ်ရှုပ်တယ် ။ "

သူသည် Kevin အားသတိထားမိပုံမပေါ် ။ ကျွန်တော့်ပွေ့ လျက်ဖြင့်ပင် အခန်းတည်နေရာ
သို့ ဦးတည်သွားခဲ့သည်။

အခန်းသို့ ရောက်တော့ သူသည်ကျွန်တော့်အား
ကုတင်ပေါ်အသာအယာချပေးသည်။ထို့  နောက်စောင်ကိုပါခြုံပေးရင်း

" ခဏနားလိုက်ဦး။ ညနေစာပြင်ပြီးရင်လာခေါ်
မယ်။"

"အင်း ..."

သူ အခန်းထဲမှထွက်သွားသည်။ ကျွန်တော် အိပ်ရန်ပြင်စဉ် တံခါးပြန်ပွင့်လာပြီး သူပြန်ဝင်
လာသည်။

"မှာဖို့ မေ့သွားတယ် ။ "

"ဘာကိုလဲကွာ ...အိပ်ချင်လာပြီ။ "

"မအိပ်ဖို့ ပြောမလို့ ။ ညနေပိုင်းကြီးမအိပ်နဲ့ ။ နေမကောင်းဖြစ်လိမ့်မယ်။ "

"သွားစမ်းပါကွာ ။ ခဏအိပ်တာဘာဖြစ်မှာမို့ 
လို့ လဲ။ "

ကျွန်တော်အမြင်ကတ်စွာဖြင့်အော်ဖြစ်သည်။ အိပ်ချိန်ကိုပင် လာ၍ကန့် သတ်နေသေးသည်။

" မအိပ်နဲ့ ဆိုမအိပ်နဲ့ ပေါ့ကွာ ။ ဆရာဝန်အနေ
နဲ့ ပြောနေတာ ။"

"အေး ...အဲ့ဒါမင်းလူနာကိုသွားပြော။ ငါ့အတွက် မင်းကဆရာဝန်မဟုတ်ဘူး။ "

"ဟော် ..."

သူသည်အမြင်ကတ်စရာကောင်းစွာ ပြီတီတီ ပြုံး၍ အနည်းငယ်လွတ်နေသောကုတင်ဘေး
တွင်လာထိုင်ကာခန္ဓာကိုယ်ကိုငိုက်ချလာသည်။
သူ့ မျက်နှာသည်ကျွန်တော့်မျက်နှာနှင့် သိပ်မကွာသောအနေအထားတွင်ရှိနေသည်မို့  ။

"ဘာလဲကွာ။ဖယ်စမ်းပါ။"

"မဖယ်ခိုင်းခင်အရင်ပြောစမ်းပါဦး။ မင်းအတွက်
ငါကဆရာဝန်မဟုတ်ဘူးဆိုရင် ...ငါကမင်းအ
တွက်ဘာလဲ။"

သူဧ။်နှုတ်ခမ်းတစ်ခါဟလေတိုင်းထွက်လာ
သည့် လေနွေးနွေးတို့ သည်ကျွန်တော်ဧ။် ရင်ကိုထူးဆန်းသည့်လှုပ်ရှားမှုဖြစ်လာစေသည်။

"ဘာမှ...မဟုတ်ဘူး။"

"တကယ်လား?"

ပို၍နီးကပ်လာသည့်သူဧ။်မျက်နှာကြောင့် ကျွန်တော်ခေါင်းကိုဘေးသို့ စောင်းလိုက်သည်။

"ငါဗိုက်ဆာပြီ။"

" အင်း ...ဒါဆိုငါအမြန်ပြင်ဆင်ပေးမှာဖြစ်လို့  မင်းမအိပ်လိုက်နဲ့ ။ "

"အေးပါကွာ ...မြန်မြန်သွားစမ်းပါ။"

သူ ထွက်သွားမှကျွန်တော် ရင်ဘတ်ကိုဖိကြည့်
တော့ ထူးဆန်းစွာပင်ရင်ခုန်နှုန်းမြန်နေခဲ့သည်။
ကျွန်တော် မအိပ်ပျော်စေရန် လှဲနေလျက်ပင်
အခန်းတစ်လျှောက်မျက်လုံးကစားကြည့်ရာ မြင်လိုက်ရသည့်ဓါတ်ပုံတစ်ပုံသည် ကျွန်တော့်
စိတ်အစဉ်တို့ အား ...ကာလအပိုင်းအခြားတစ်
ခုသို့ ခေါ်ဆောင်သွားခဲ့သည်။

•••••••••••••••••••••••••••••••••••••••••

သစ်ပင်၊ပန်းပင်များခြံရံနေသော ဘုရားကျောင်း
တစ်ခုတွင် ကျွန်တော်သည် အနောက်တိုင်း
ဝတ်စုံအဖြူရောင်ဖြင့်သန့် ပြန့် နေသည် ။ ကျွန်တော့်ဘေးတွင် အနောက်တိုင်းဝတ်စုံ အပြာရောင်ဖြင့် Jackson ကရပ်နေသည်။

"နောက်ဆုံးတော့ငါတို့ ကောင်ကြီးတကယ် လက်ထပ်ပြီပဲကွ။"

ကျွန်တော့်ပုခုံးကိုဖက်၍ ဝမ်းသာဟန်ပြောနေ
သည့် Jackson ကိုကျွန်တော်ပြုံးပြရင်း။

" Soohyukတို့ ရောက်နေပြီမလား။"

"အေး ။ မင်းဘဲကြီးလည်းရောက်နေပြီ။"

"ဝင်ကြရအောင်။"

ကျွန်တော် နှင့် Jackson ဘုရားကျောင်းထဲ အတူဝင်တော့ ကျွန်တော့်ကဲ့သို့ ပင် အဖြူရောင်
အနောက်တိုင်းဝတ်စုံနှင့် Yi Fan သည် ကျွန်တော်စွဲမက်သောအပြုံးဖြင့် Soohyuk တို့ 
နှင့်အတူ ရပ်နေကြသည်။

"WoW... ငါတို့  Chanyeol စမတ်ကျနေတယ်"

Minho စကားကြောင့် Yi Fan သည် ကျွန်တော့်ကိုဖက်၍

"Chanyeolကအမြဲစမတ်ကျနေခဲ့တာပါကွာ။"

သူ့ စကားအဆုံး ကျွန်တော်နှင့်သူ ရယ်မောကာ
ဖြင့်လက်သီးချင်းတိုက်ခဲ့ကြသည်။ မကြာမှီ၌
ဖာသာကြီးရောက်လာပြီး ကျွန်တော်တို့  နှစ်ဦး
ဖာသာကြီးအရှေ့ တွင်ရပ်လိုက်ကြသည်။
Yi Fan ဘက်အခြမ်းတွင် Jackson နှင့် Soohyuk က ထိုင်နေပြီး ကျွန်တော့်ဘက်အ
ခြမ်းတွင် Minho နှင့် JongWooက ထိုင်နေကြ
သည်။ အချင်းချင်းကတိကဝတ်ကျမ်းသစ္စာဆိုပြီး
နောက် သူနှင့်ကျွန်တော်သည် သူငယ်ချင်းများ
အရှေ့ ၌ပင်အကြင်နာဖလှယ်ခဲ့ကြသည်။

ကျွန်တော်မြင်နေရသည့် အရာတို့ ကြောင့် ထိုအဖြူရောင်အနောက်တိုင်းဝတ်စုံဆင်တူဖြင့်
ကျွန်တော်တို့ နှစ်ဦး ဓာတ်ပုံအား မျက်တောင် မခတ်တမ်းသာကြည့်နေမိသည်။

"Chanyeol"

မည်မျှအချိန်တွေကြာညောင်းခဲ့သည်မသိ ။ သူသည်အခန်းထဲသို့ နောက်တစ်ဖန်ပြန်ဝင်
လာပြီး ကျွန်တော့်အမည်ကိုခေါ်ဆိုမှသာ အသိပြန်ဝင်လာခဲ့သည်။

"ဟင် ? အင်း ..."

"ညနေစာစားဖို့ ယူလာခဲ့တယ် ။"

ထမင်းနှင့်ဟင်းထည့်ထားသည့် ဗန်းကိုကိုင်ရင်း
ရပ်နေသည့်သူ့ ထံကျွန်တော်လှည့်ကြည့်ကာ

"ငါတို့ က...."

ကျွန်တော် ဆက်ပြောရန်စိုးရွံ့ မိနေသည်။ ဤသို့ ဖြစ်ခဲ့ရိုးမှန်ပါလျှင် ကျွန်တော့်မိသားစု
သည် မလွဲမသွေအမွေပြတ်စွန့် လွှတ်မည်ပင်။
ဂုဏ်ကိုတန်ဖိုးထားသည့်အသိုင်းအဝိုင်းမို့  ကျွန်တော်တစ်ကြိမ်တစ်ခါမျှပင်မတွေးဖူးသော
ယောက်ျားချင်းလက်ထပ်ခြင်းသည် ကြီးမားသောမိသားစုအတွက်ထိခိုက်ခြင်းဖြစ်
နေလိမ့်မည်။ ကျွန်တော်မမှတ်မိသောဘဝအ
ပိုင်းအစတစ်ချို့ တွင် ဆိုးဝါးသောအတိတ်တို့  ရှိခဲ့သည်လား။

"ဆက်ပြောလေ ..."

ကျွန်တော် ထိုင်ရန်ပြုတော့သူကတွဲထူပေး
သည်။ ကျွန်တော်ငြင်းဆန်ရန်မကြိုးစားတော့ပဲ
အတည်တကျထိုင်ကာ ဂွမ်းစောင်၌ပါရှိသည့် ငှက်ရုပ်ကိုငေးကြည့်ရင်းဖြင့်ပင်...

"ငါတို့ က...လက်ထပ်ထားခဲ့ကြတာမလား။"

သူ့ ထံမှစကားပြန်ပြောခြင်းမရှိ။

"ဘာလို့ မပြောခဲ့တာလဲ။ မင်းနဲ့ ငါလက်ထပ်
ထားတာပါဆိုတာဘာလို့ မပြောပြခဲ့တာလဲ။
ငါမမှတ်မိဘူးဆိုရင်တောင်မင်းပြောပြခဲ့သင့် တယ်မဟုတ်ဘူးလား။ ငါ့မှာ မသိစိတ်ကနေ မြင်နေရတဲ့အကြောင်းတွေကိုဘာမှန်းမသိပဲ စိတ်ရှုပ်နေခဲ့ရတာကိုမင်းသိရဲ့ လား Wu Yi Fan...။ ငါခဏခဏမေးခဲ့တယ်။မင်းနဲ့ ငါဘာ
တွေလဲ? ဘယ်လိုပက်သက်လဲ ? ရင်းနှီးတဲ့ သူစိမ်းဆိုတာကလွဲရင်မင်းဘာဖြေခဲ့လဲ?? ဟင် ? ပြောစမ်းပါ ငါ့ကိုဖုံးကွယ်ထားရတဲ့အကြောင်း
ကို ။"

ကျွန်တော် တစ်ရစပ်ပြောရင်းရင်ထဲမောဟိုက်
လာသည်။ သူသည် ဖြေရှင်းခြင်းကိုမပြုသေးပဲ
ကျွန်တော့်ကိုဖက်ထားခဲ့သည် ။ သူဧ။် နှလုံးခုန်
သံမြန်ဆန်နေမှုကိုကျွန်တော်ကြားနေရ၍ သူသည်လည်းစိတ်လှုပ်ရှားနေလိမ့်မည်ထင်
သည်။

" ငါမပြောရဲခဲ့တာ ..."

"....?"

"မင်းနဲ့ ငါလက်ထပ်ထားတယ်ဆိုတဲ့ကိစ္စကို
ပြောပြရင် ငါ့ကိုမမှတ်မိတဲ့မင်းဆီက မဟုတ်ဘူး
လို့ ငြင်းဆိုမှာကိုငါရင်မဆိုင်ရဲလို့ Chanyeol..."

"ဟက် ...မင်းကသူရဲဘောကြောင်တဲ့ကောင်ပဲ"

"ငါသူရဲဘောကြောင်တဲ့သူမဟုတ်ဘူးChan! ဒါပေမဲ့ငါချစ်တဲ့မင်းဆီက အငြင်းခံရမှာတော့
သတ္တိမရှိဘူးဆိုတာဝန်ခံတယ်။"

ကျွန်တော်သူ့ ကိုမော့ကြည့်ရာသူသည်လည်း
စိတ်မကောင်းဖြစ်နေပုံရသည်။ သူထင်သလိုပင် ပြောပြခဲ့လျှင်လည်း ကျွန်တော်
ငြင်းဖြစ်ကောင်းငြင်းဖြစ်လိမ့်မည်။ ဤမျှအထိ သူသည်ကျွန်တော့်အကြောင်းသိနေခဲ့သည်
လား။

"ငါ့ကို မှတ်မိအောင်ကူညီပေးနိုင်မလား Yi Fan?"

"မင်းဆန္ဒရှိခဲ့ရင်ပေါ့ ။ "

"ငါပြန်မှတ်မိချင်တယ် ။ မင်းကို ပြန်မှတ်မိချင်
တယ်။ ငါမသိတဲ့အတိတ်ကမင်းကငါ့အတွက် ဘယ်လိုပုံစံလဲငါသိချင်တယ် ။ "

သူသည် ကျွန်တော့်အတန်ကြာအောင် စိုက်ကြည့်နေ၍ ။

"ဘာဖြစ်လို့ လဲ။"

"ငါစဉ်းစားနေတာပါ ။ငါမင်းအကြောင်းအရာရာ
သိပေမဲ့ မင်းစိတ်ထဲမှာငါကဘယ်လိုရှိနေမလဲ
ဆိုတာ ငါလည်းသိချင်မိတယ် ။"

ကျွန်တော် စားပွဲပေါ်မှထမင်းပန်းကန်ကိုလှမ်း
ယူကာ။

"မင်းစိတ်ထဲမှာရှိနေမဲ့ငါ့လိုပဲ နေမှာပေါ့။"

ကျွန်တော့်စကားကိုသူသည်သဘောကျစွာ ပြုံး
ရယ်နေခဲ့သည်။

•••••••••••••••••••••••••••••••••••••••••

Tbc...
Steven_Cheng

© Steven Cheng Cheng,
книга «မညီမျှခြင်း».
Коментарі