Chapter - 12
"Chan,ထတော့လေကွာ။"
မငြင်သာစွာလှုပ်နှိုးနေသည့် သူ့ ကိုကျွန်တော်
မကြည်ကြည့် ကြည့်၍ နိုးလာရသည်။
"Shit...မင်းကမာရ်နတ်ရဲ့ သားတော်များလား Yi Fanရာ ။ "
ကျွန်တော် ကျိန်ဆဲ၍ အိပ်ယာမှထတော့ သူက
မခိုးမခန့် ရယ်နေသေးသည်။
"ကိုယ့်ချစ်သူနဲ့ မနက်စာအတူစားချင်လို့ ပါ
ကွ။"
ကျွန်တော် အင်္ကျီချွတ်နေစဉ် ပြောလိုက်ခြင်း
ကြောင့် ချွတ်ပြီးသောအင်္ကျီသည် သူ့ မျက်နှာ
ချောချောထံသို့  ရည်ရွယ်ချက်ရှိရှိ ရောက်သွား
သည်။
"စောစောစီးစီးအန်ချင်စရာတွေ မပြောစမ်းနဲ့ ။"
" ဟား~~အကြင်နာတစ်ခုတည်းနဲ့  ကိုယ်ဝန်
ရသွားတာငါမမြင်ဖူးသေးဘူး။"
ရေချိုးခန်းသို့  လှမ်းရန်ပြင်နေသည့် ကျွန်တော်
ရင်ထဲနင့်သွားရသည်။ ထိုစကားကြောင့် ။
"Yi Fan!!"
ကုတင်ဘေး၌မတ်တပ်ရပ်နေသောသူ့ အား
အိပ်ယာထက်သို့ ကျွန်တော်တွန်းလှဲဖြစ်သည်။
အနည်းငယ်အံ့သြသွားဟန်ဖြင့် ကျွန်တော့်အား
ကြည့်နေသည့်သူဧ။် လည်ပင်းကို လက်ဖျံဖြင့်
ဖိထားလိုက်မိသည်။
"ငါ့ကိုမိန်းမအရာမသွင်းစမ်းနဲ့ ။"
မရုန်းမကန်ပဲ သူပြုံးသည်။ ကလေးတစ်ယောက်
ကသူသဘောကျသည့်အရာကိုရရှိသွားသည့်
ပြုံးနည်းမျိုးဖြင့်သူ့ ကို မျက်မှောင်ကြုံ့ မိတော့
ကျွန်တော့်လက်ကို အသာဆုပ်ကိုင်လာသည်။
"အရင်ကအတိုင်းပဲ။"
ဝမ်းသာဟန်ဖြင့် ဆိုသည်။
"ဘာလဲ။"
မေးငေါ့၍မေးမိတော့ မျက်နှာကို အုပ်ကိုင်လာ
ပြန်သည်။
"လွမ်းနေခဲ့တာ..."
ခပ်တိုးတိုးညည်းဟန်ဖြင့်ပြောသည့်သူ့ အား
ကျွန်တော် အံ့သြသွားရသည် ။ ကျွန်တော့်အား
တွေ့ နေလျက် ၊ မြင်နေလျက်နှင့် လွမ်းနေသည်
ဟုဆိုနေသည်ဖြစ်၍။
"မင်းေxာက်ရူးလား။"
ကျိန်ဆဲ၍ သူ့ အားမွေ့ ယာထက်၌သာ ထားရစ်
ခဲ့ပြီး ကျွန်တော်ရေချိုးခန်းထဲသို့  ဝင်ခဲ့သည်။
||တွေ့ လား။ သူက အခုမင်းကိုမလိုအပ်ဘူး။||
ကျွန်တော့်အရှေ့ ၌ ရပ်နေသော မှန်ထဲမှ ကျွန်တော်သည် လှောင်ပြောင်မှုပြုနေသည်
မို့  ။
"အား!!!!!! "
အသံကိုခြစ်၍ မှန်ထဲမှ ကျွန်တော့်အား လက်သီး
ဖြင့်ထိုးမိတော့ အနည်းငယ်အက်သွားသော မှန်
၌ ကျွန်တော်သည် သွေးချင်းချင်းရဲနေခဲ့သည်။
"Chanyeol ?! ဘာဖြစ်လို့ လဲ။"
တံခါးအား'တဒုန်းဒုန်း'ထုရင်း စိတ်ပူနေသော
သူဧ။် အော်ဟစ်သံကြောင့် ကျွန်တော်လက်ကို
ငုံ့ ကြည့်မိတော့ ထိုးမိသောအရှိန်ကြောင့် သွေး
များရဲရဲနီနေသည် ။
"ဘာမှမဖြစ်ဘူး။"
ခပ်အေးအေးလှမ်းအော်၍ ထိုလက်အား ရေဆေးတော့ စပ်ဖျင်းဖျင်းခံစားမှုကြောင့် အောက်နှုတ်ခမ်းကိုသာ မဲ၍ကိုက်ထားဖြစ်
သည်။
အပြင်မှ တံခါးထုသံသည် ငြိမ်သက်သွားသည်။
သူသည် 'အချစ်' နှင့် 'ဂရုစိုက်မှု' တို့ အား အကန့် ခွဲထားသည်ထင်ဧ။်။
ရေပန်းမှ ရေတို့ ကျဆင်းလာသောကြောင့်
မျက်လုံးများမှိတ်ထားသော်လည်း နားထဲ၌
ကျွန်တော် မဟုတ်သည့် ကျွန်တော့်ထံမှ လှောင်
ပြောင်ရယ်မောသံအား ကြားသိနေရသည်။
"စိတ်ပျက်ဖို့ ကောင်းတယ် ။"
••• ••• ••• ••• ••• ••• ••• ••• ••• •••
"အား...tsk..tsk "
နားထင်မှ ကိုက်ခဲမှုကြောင့် Kevin ညည်းညူ၍
နိုးထလာသည်။ ညောင်းညာနေသော ခံစားမှု
ကြောင့် ဘေးဘီဝဲယာသို့ မျက်လုံးဖွင့်ကြည့်မိ
သည့်အခိုက် ကားအတွင်း၌ ဖြစ်နေကြောင်း
သိလိုက်ရသည်။
|| ငါ ကားမောင်းဖို့ မဖြစ်တော့ဘူး ။ ဒီမှာပဲ အိပ်
ကြရအောင်။||
ညက Kasperဧ။် စကားကို အမှတ်ရပြီးသည့်
နောက် ကားမောင်းသူနေရာအား အသေအချာ
ကြည့်လိုက်တော့ နှစ်ခြိုက်စွာ အိပ်ပျော်နေ
သည့်Kasperအား တွေ့ မြင်ရသည်။
" ဘယ်အချိန်တောင်ရှိနေပြီလဲမသိဘူး။"
တိုးညှင်းစွာပြော၍ ကားထဲမှထွက်ရန်အပြု...
"မထွက်နဲ့ တော့။အိမ်ပဲပြန်ကြရအောင်။"
ပုခုံးကိုကိုင်၍ အပြုံးချိုချိုဖြင့် ပြောသည့် Kasper
ကို ခေါင်းငြိမ့်၍ နေရာတွင် ကျကျနနပြန်လည်
ထိုင်လိုက်သည်။
"ခေါင်းအရမ်းကိုက်နေတယ်ကွာ"
Kevin နားထင်ကိုဖိ၍ပြောလိုက်တော့ Kasper
ကားစက်နှိုးရင်း တစ်ချက်လှည့်ကြည့်သည်။
" ခဏပဲသည်းခံ။ကိုယ့်အိမ်ရောက်တဲ့အခါ မနက်စာစားပြီးဆေးသောက်လိုက်။"
"မင်းအိမ်မလိုက်တော့ဘူးလေ။ ငါ့အိမ်ပဲ ပြန်မယ်။"
ထိုစကားကြောင့် Kasper နှုတ်ခမ်းတွန့် ရုံမျှ
သာ ပြုံးလိုက်သည်။
"မင်းအိမ်မှမဟုတ်ပဲ..."
နှစ်ကိုယ်ကြားရုံမျှကြည်လင်သောစကားသံဖြစ်
သော်လည်း Kevin ရှက်ရွံ့ သွားသည်။
"မင်းအိမ်ကလည်း ငါ့အိမ်မဟုတ်ဘူးလေ။"
Kevin အထွန့် တက်၍ ကားပြတင်းပေါက်မှ တစ်ဆင့် ဖြတ်သန်းသွားသော အရာတို့ ကို ကြည့်လိုက်သည်။ ကားအရှိန်ကြောင့် တစ်ရိပ်ရိပ်ဖြတ်သွားသောအရာတို့ သည် Yi Fanဧ။် သူ့ အပေါ်ထားရှိသော 'အချစ်'ကဲ့သို့ ပင်
အကောင်အထည်ဟူ၍လုံးလုံးမမြင်နိုင်သည်မို့ ။
"ကိုယ့်ကိုယ်ကို ငရဲတောထဲဆွဲခေါ်မလို့ လား။
ကိုယ့်အထင်...ကိုယ့်အိမ်ကမှမင်းအတွက် အဆင်ပြေနိုင်လိမ့်မယ် ။"
"မင်းကွာ...စကားနဲ့ သိပ်နှိပ်စက်တတ်တာ။"
Kevin မချိတင်ကဲဆိုသည့်အခိုက်အတန့်  Kasper အားနာသွားရသည်။
......Ringtone......
ခေါ်ဆိုသူအား Kasper ကြည့်၍ Kevin ထံသို့  တစ်ချက်လှမ်းကြည့်လိုက်သည်။ Kevin ကား
သူ့ ထံ၌ အာရုံရှိမနေသည်မို့ ။
"ဟယ်လို "
"......"
"ကျွန်တော်ပို့ ထားတာမလောက်သေးလို့ လား"
"......"
"သိပြီ။"
Kasper ဖုန်းချလိုက်သည်။ Kevin လှည့်ကြည့်
သော်လည်း Kasper မျက်နှာသိပ်မကောင်း
သောကြောင့် မေးသင့်၊မမေးသင့်အား စဉ်းစား
နေသည်။
"မင်း ဘာစားချင်လဲ။"
Kasper ထံမှပင် စကားစလာခြင်းကြောင့် ။
"အထူးတလည်စားချင်တာမျိုးတော့မရှိပါဘူး။
ဗိုက်ပြည့်ရင်တော်ပြီ။"
"ကောင်းပြီလေ။"
Kasper ကားကိုအရှိန်မြှင့်လိုက်သည်။
••• ••• ••• ••• ••• ••• ••• ••• ••• •••
"Yi Fan အခုထိ Kevinအိမ်ပြန်မလာသေးတာ
လား။"
ညနေ3:00ထိုးပြီးသည်အထိ Kevinအားမတွေ့ 
ရသည်မို့  ခြံ၌ ရေလောင်းပေါင်းသင်နေသည့်
Yi Fanကို ကျွန်တော်ဆင်းမေးရသည်။
" ဟုတ်မှာပေါ့ ..."
ခပ်အေးအေး ပြန်ဖြေသည့် သူ့ ကြောင့် သူနှင့်
Kevin အကြား ပြဿနာတစ်စုံတစ်ခုဖြစ်ထား
ကြောင်း သိလိုက်သည်။
ပန်းအိုးတစ်အိုးထဲကိုသာ ရေဖြန်းနေသည့်
သူ့ ပုံစံသည် ကျွန်တော်မသိသော သူတို့ အ
ကြားမှ ပြဿနာအပေါ် အာရုံရောက်သွားပုံပင်။
" ရေဖြန်းနေတာလား...ရေဖြည့်နေတာလား
မသဲကွဲဘူး။"
ပြောပြောဆိုဆိုဖြင့် သူ့ လက်ထဲမှ ရေပိုက်အား
ဆွဲယူမိတော့ ပတ်တီးအဖွေးသားဖြင့် ကျွန်တော့်
လက်ကိုမြင်တော့ သတိပြန်ဝင်လာသည်ထင်
ဧ။်။
" ဝေးဝေးနေစမ်းပါ Chanyeolရာ ။"
ပိုက်ကို ပြန်ဆွဲ၍ အခြားပန်းပင်များသို့  ရေဖြန်း
နေသည့်သူ့ အား ကျွန်တော်သိပ်၍စိတ်မရှည်
ချင်။
"ဘာဖြစ်နေတာလဲ ဟေ့ကောင်။"
စိတ်မရှည်နိုင်စွာ လှမ်းအော်တော့ သူငြိမ်သွား
သည်။
"ပြော...မင်းနဲ့ Kevinဘာဖြစ်နေတာလဲ။"
သူ့ လက်ထဲမှ ပိုက်ကို မြေပြင်ပေါ်သို့  ဆွဲကာ
ကျွန်တော် လွှတ်ချလိုက်သည်။ သူသည်
ကျွန်တော့်အား စိုက်ကြည့်လာသည်။
" ငါတို့ ရပ်တန့် သင့်တဲ့အကြောင်းပြောခဲ့တယ်"
ကျွန်တော် သူ့ မျက်ဝန်းထဲမှ အမှန်တရားကို
ရှာဖွေရာ ကျွန်တော့်ကိုသာ စိုက်ကြည့်၍ တည်ငြိမ်စွာ ပြောနေသည့် သူ့ ပုံအရ အမှန်ဖြစ်ကြောင်း သိမြင်လိုက်ရသည်။
" သူ တစ်နေရာရာမှာကောင်းကောင်းမွန်မွန်ရှိ
နေမှာပါ။"
ကျွန်တော် သူ့ ကိုသိုင်းဖက်လိုက်ဖြစ်သည်။
ကျွန်တော် ပိုင်ဆိုင်နေမြဲ ဖြစ်သည်မို့  အမြတ်တ
နိုး ဖက်ထားချင်ခဲ့သည်။
Kevinဧ။်Yi Fan အပေါ်ထားရှိသော အချစ်သည်
ကျွန်တော့် နီးပါး မရှိနိုင်သော်ငြား ။ အနည်းနှင့်
အများ ခံစားရလိမ့်မည်ကို သိလျက်နှင့် ကျွန်တော် သဘောကျနေမိသည် ။ ပျော်ရွှင်နေမိသည်။ ကျေနပ်နေမိသည်။ ဤသည်မှာ မှန်သလား ၊ မှားသလား ကျွန်တော်
မခွဲခြားမိ။ ခွဲခြားရန်လည်း မကြံမိပါချေ။
ကျွန်တော်ဧ။် အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန် စသည်တို့ ဧ။် ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း ၊ မုန်းတီးခြင်း ၊ ချိုမြိန်ခြင်းတို့ အား အထူးတလည်
ဂရုစိုက်ခြင်း မရှိသည်မှာ ကျွန်တော်သည် တောင်ကိုရီးယားနိုင်ငံသမိုင်းဧ။် ရာဇဝင်၌ စာတင်မည့် ပုဂ္ဂိုလ် မဟုတ်သည်ဖြစ်၍။
သူတစ်ပါး စိတ်ခံစားချက်ကို အလေးမထားချင်
မိပါ။
"အားနာမိရုံကလွဲရင် ငါပျော်နေတယ် Yi Fan။
ငါ ထူးဆန်းနေတာလား။"
ကျွန်တော့်အား ဖက်ထားရာမှ ခွာ၍ သူပြုံးသည်။
" ဒီလိုမဖြစ်မှထူးဆန်းတာ...။ ငါသိခဲ့တဲ့မင်းက
သူများငိုတိုင်းလိုက်ငိုတတ်သူမှမဟုတ်ပဲ။"
နဖူးကို အသာနမ်း၍ သူ့ နှုတ်ခမ်းဧ။် အထိအတွေ့ ကြောင့် နွေးသွားရသည်။
သို့ သော် ။ စိတ်ထဲ မတင်မကျဖြစ်နေသည့် အကြောင်းကြောင့် ။
"မင်း ငါ့ကိုချစ်တာလား။ အတိတ်ကChanyeol
ကိုချစ်တာလား။"
ကျွန်တော် နံဘေးမှ အဖြေကိုမျှော်လင့်စောင့်
စားနေသည့် အတိတ်မှ ကျွန်တော့်အား ကြည့်
၍ သူ့ အားမေးလိုက်သည်။
" ငါ့အတွက်...ငါချစ်တဲ့ Park Chanyeol က
တစ်ယောက်တည်းပဲ။ အတိတ်မေ့နေ
သည်ဖြစ်စေ၊ အတိတ်ကChanyeolပဲ ဖြစ်စေ
ငါ့နှလုံးသားကPark Chanyeolဆိုတဲ့ မင်းရဲ့  ဖြစ်တည်မှုကိုပဲ တစ်ခုတည်းသော စည်းချက်
ကျကျခုန်နိုင်တာ။"
ကျွန်တော် ပြုံးလိုက်မိသည့် နည်းတူ အတိတ်မှ
ကျွန်တော်သည်လည်း ပြုံးသွားသည်။
||တကယ်တော့ ငါတို့ ကတစ်ယောက်တည်း
ပဲ Park Chanyeol||
ကျွန်တော် အတိတ်မှကျွန်တော့်အား ခေါင်းငြိမ့်
ပြလိုက်မိသည်ထင်သည်။
"လူကအတိတ်မေ့ပေမယ့် နှလုံးသားက အတိတ်မမေ့ဘူးထင်ပါတယ်Yi Fanရာ ။ မင်း
ရဲ့ စကားလုံးတိုင်းကို ရင်ခုန်နေတုန်းပဲ။"
ကျွန်တော် သူ့ ရင်ခွင်ကျယ်ထဲသို့  တိုးဝင်
လိုက်တော့သည်။ သူဧ။် ယှက်နွယ်လာသော
လက်တစ်စုံကြောင်း ပထမဆုံးအနေဖြင့် ကျွန်တော် သူ့ အားချစ်ကြောင်း သိစေချင်လာ
ခဲ့သည်။
•••••••••••••••••••••••••••••••••••
"မင်းကိုဆရာဝန်လို့ ပဲသိထားတာ။ အခု ကြည့်
တော့မှ မင်းကလိုင်းပေါင်းစုံပဲ။"
Kasper ချက်ထားသည့် ဟင်းလျာ(ငါးသံပုရာ
ပေါင်း) အား မြည်းကြည့်၍ Kevin ပြောတော့
Kasperလည်းအေပရွန်ကိုချွတ်ကာ မြည်းကြည့်
လိုက်သည်။
"တော်သေးတယ် ။ ဆိုးဆိုးရွားရွားအရသာမ
ဟုတ်တာပဲ။"
Kevin ပို၍ ဗိုက်ဆာလာသည်မို့ ။
"ထမင်းကျက်ပြီမလား။ ငါဗိုက်ဆာလာပြီ။"
ထမင်းပန်းကန်လုံးကိုင်၍ ပေါင်းအိုးထံသို့  သွားသည့်Kevinကို အသံထွက်သည်အထိ Kasperရယ်လိုက်မိသည်။
" ရယ်စရာများငါလုပ်မိသွားလား။"
ထမင်းခပ်ထည့်ရင်းKevinမကျေမချမ်းလှမ်း၍ မေးသည်။
"ဟာသမမြောက်ပေမယ့်သဘောကျလို့ ။"
Kevin ထမင်းခူးပြီးသားပန်းကန်လုံးတစ်လုံး
အား Kasperကိုပေးလိုက်သည်။
"ကျေးဇူးပဲ။ကောင်းကောင်းစားပါ့မယ်။"
Kevinပြောပြီးသည်နှင့်ထိုင်စားသဖြင့် Kasper
လည်းခေါင်းငြိမ့်ပြ၍ ထိုင်ခုံတွင် အကျအနထိုင်
ကာနံနက်စာနှင့် နေ့ လည်စာကို ပေါင်းစားကြ
ရသည်။
ထမင်းစားပြီး၍ ပန်းကန်ဆေးခြင်း အမှုအား Kevinမှတာဝန်ယူမည်ဆို၍ Kasper ဧည့်ခန်း
သို့ ထွက်လာကာ ရှုပ်နေသည်များကို ရှင်းလင်း
ရင်း တစ်စုံတစ်ဦးနှင့် အကြင်နာယိုဖိတ်ခဲ့ဖူး
သည့် ပြတင်းပေါက်နေရာသို့  အကြည့်ရောက်
သောအခါ မထင်မှတ်ထားသော လွမ်းဆွတ်မှု
ဖြစ်ပေါ်လာသည်။
"ပြတင်းပေါက်ကနေခုန်ချမလို့ စဉ်းစားနေတာ
လား။"
ပန်းကန်ဆေးကြောပြီးသည့် Kevin သည် အနောက်မှကပ်၍ ပြောလိုက်သောကြောင့် Kasper အနည်းငယ်လန့် သွားသည်။
"ကိုယ်ခုန်ချရင် မင်းကတရားခံဖြစ်မှာ။"
Kasper ပြောရင်း ခုံပေါ်ထိုင်လိုက်သည်။
"ထောင်ထဲရောက်ဖူးသွားတာပေါ့ ။"
Kasperဧ။်ဘေးကပ်ရပ်တွင် Kevinထိုင်လိုက်
ပြီး အနောက်ကိုမှီလိုက်သည်။
"Chanyeol ...နဲ့ မင်းနဲ့ တစ်ခုခုရှိနေတယ်မ
လား။"
Kevinဘေးသို့ ခေါင်းစောင်း၍မေးလိုက်သည်။
Kasper သည်လည်း ခေါင်းစောင်း၍ လှည့်
ကြည့်လာသည်။
"ဘယ်လိုအဖြေမျိုးလိုချင်လဲ။"
Kevin ပုခုံးတစ်ချက်တွန့် ၍...
"မင်းလိမ်ပြီးဖြေဖြေ၊အမှန်အတိုင်းဖြေဖြေ မင်း
ဖြေတဲ့အတိုင်းပဲငါသိရမှာလေ။"
"ဟက်~အင်း...ကိုယ် Yeollieကို စိတ်ဝင်စား
နေတာ။"
"ထင်တဲ့အတိုင်းပဲ..."
Kasper ,Kevinဧ။် ဆံပင်တိုတိုကို ဆွဲဖွလိုက်
ရင်း...
"ကိုယ်မှမဖုံးကွယ်ခဲ့ပဲ...။ Chanyeolလည်းသိ
သလိုYi Fanလည်းသိနေမှာ။ မင်းလည်း သိသင့်
တာပဲမဟုတ်လား။"
"ခေါင်းလာမကိုင်စမ်းပါနဲ့ ကွာ..."
Kevin,Kasperဧ။် လက်ကိုပုတ်ထုတ်၍ မနှစ်
ခြိုက်စွာပြောလိုက်သည်။
"မင်းသိလား။ Yi Fanနဲ့ ကိုယ်ကတကယ်မ
ကောင်းတဲ့ရေစက်ပဲ။"
Kasper ကြမ်းပြင်ကို ငေး၍ ရေရွတ်တော့ Kevinစိတ်ဝင်စားသွားသည်။
"Eun Raeမသေဆုံးခင်အထိကိုယ်နဲ့ သူက မိတ်ဆွေကောင်းတွေဖြစ်ခဲ့ကြတာပေါ့။"
Eun Rae? Cha Eun Rae??? Kevin အံ့သြ
စွာ ၊ ထိတ်လန့် စွာဖြင့် Kasperအား ကြည့်နေ
မိသည်။
"ကိုယ် အရှုံးပေးချစ်ခဲ့ရတဲ့ ကောင်မလေး..."
ပြောရင်းဖြင့် Kasper အသံသည် တိမ်ဝင်သွား
သည်။ Kevin ဧ။် နှလုံးသားသည် ထူးခြားစွာပင်
လှိုက်ခုန်လာခဲ့သည်။
" သူ့ ကို အရှုံးပေးချစ်ခဲ့တဲ့ မိန်းကလေး"
Kasper ခပ်တိုးတိုးပြောကာ Kevinကို မော့
ကြည့်လာသည်။ အတိတ်ကို ပြန်မြင်နေသည့်
Kasperဧ။် မျက်ဝန်းတို့ သည် ပြိုတော့မည့်
မိုးကဲ့သို့  အုံ့ မှိုင်းနေသည်။
••••••••••••••••••••••••••••••••••••
Tbc...
Steven_Cheng

Коментарі