Chapter - 15
အချိန်ကား ညနေ3:00...ဖြစ်သည်။ ကျွန်တော်
အများအားဖြင့် မထိုင်ဖြစ်သော Beer Bar မ ဟုတ်သည့် ကော်ဖီဆိုင်အတွင်း၌ မတည်ငြိမ်မှု
ကို ဟန်ဆောင်ဖုံးကွယ်၍ ထိုင်နေဖြစ်သည်။
2:00Pm ဟူ၍ messageတွင်ပါရှိပြီး ယခုအချိန်
ထိ မရောက်ရှိလာသေးသော Cherry ဟူသည့်
မိန်းမအား ကျွန်တော် ဓါတ်ပုံတစ်ပုံကြောင့်ပင်
စိတ်ရှည်စွာစောင့်နေရသည်။
ကော်ဖီဆိုင်အတွင်းသို့  လူဝင်လာတိုင်း မနေ
တတ်စွာ ကျွန်တော်လှမ်းလှမ်းကြည့်မိသည်။
ကျွန်တော့်ထံပို့ လိုက်သော မိန်းမတစ်ဦးနှင့် ညစ်ညမ်းစွာပြုမူနေသည့် ကျွန်တော်ဧ။် ပုံပန်း
သွင်ပြင်သည် ...အနည်းငယ် ဆိုးရွားနေသည်။
ဘာကြောင့် ဤဓါတ်ပုံအား ပို့ ဆောင်ရသလဲ?
ကျွန်တော်မသိသော ဤအရာသည် ကျွန်တော်
ဖြစ်နေသည့်အပေါ် လက်မခံချင်။ တစ်ဖန် ...
ငြင်းဆန်ချင်စိတ်လည်းမရှိချေ။
"ဆောရီးoppa...Cherry နောက်ကျသွား
တယ်။"
အတွေးလွန်စဉ်အခိုက် ကျွန်တော့်အရှေ့ ၌ လာ
ရောက်ထိုင်လာသော ဆေးဆိုးပန်းရိုက်မျက်နှာ
ဖြင့် မိန်းမငယ် ...။တစ်ဖြစ်လဲ ဓါတ်ပုံထဲမှ မိန်းမ
ပျက် ...? ထိုအသုံးအနှုန်းနှင့် သူမတန်သည်ဟု
ကျွန်တော်ထင်မိပြန်သည်။
"မင်းဘာရည်ရွယ်ချက်နဲ့ ငါ့ဆီပို့ တာလဲ။"
အသံသည် မာကျောနေသည်မှာ ငြင်းစရာမလို။
ကျွန်တော့်မျက်နှာသည်လည်း မာထန်နေပါလိမ့်
မည်။
" Oppaကကိုယ့်လုပ်ရပ်ကိုမှမသိပဲ...Cherry
ကသိအောင်လုပ်ပေးမလို့ လေ။"
ရွံရှာဖွယ်ကောင်းသည့် သူမဧ။် အပြုံးနှင့်အပြော
ကြောင့် ကျွန်တော်အော်ဂလီဆန်လာသည်။
ထို့ ကြောင့် မှာထားပြီးသော ကော်ဖီကိုသာ အေးစက်မှုဧ။် ကျွန်တော်နှစ်ခြိုက်သော အရသာ
အား မခံစားနိုင်အားပဲ မော့သောက်ပစ်လိုက်
သည်။
"Oppa ကလည်း စိတ်ကြီးပဲ...အဟင်း ဟင်း အဲ့
ဒီနေ့ ကလဲ အရမ်းစိတ်ကြီးလို့  Cherryတောင် ဆေးရုံတက်လိုက်ရတာ။ အရမ်းဆိုးတာပဲ..."
ဘေးလူတစ်ချို့ ပင် သတိထားမိရအောင် ပျစ်
ချွဲကာ မသတီစရာစကားလုံးတို့ ကို ပြောဆိုနေ
သော ထိုမိန်းမအား တံတွေးဖြင့် ထွေးပစ်ချင်
စိတ်ကို ကျွန်တော်သည်းခံရသည်။
"ငါလူစကားမေးနေတာဖြစ်လို့  မေးတာကို တိုက်ရိုက်ဖြေပေးစမ်းပါ။"
ထိုမိန်းမဧ။် စပရိန်မျက်နှာသည် တည်သွားပြန်
ကာ သူမ အိတ်ထဲမှ တစ်စုံတစ်ရာကို ထုတ်၍ ကျွန်တော့်ရှေ့ ပေးလာသည်။
Jong Woo တို့ ဆေးရုံစာအုပ်...?
"ငါဆရာဝန်မဟုတ်ဘူး။ဒါ ဘာလုပ်ရမှာလဲ။"
ထိုမိန်းမက ကျွန်တော့်အား စိုက်ကြည့်၍
"ရှင့်ကြောင့်ကျွန်မသားအိမ်ပျက်စီးပြီး ကလေး
မရနိုင်တော့ဘူးPark Chanyeol..."
'ဟင်' ဟူ၍ မအော်မိစေရန် သတိဖြင့်ထိန်း
လိုက်ရသည်။
ကျွန်တော်က မိန်းကလေးတစ်ယောက်ကို ဤမျှ
အထိ...? မဖြစ်နိုင်။ ထိုမိန်းမ လိမ်လည်နေခြင်း
ဖြစ်မည်။
"ငါ့လာလိမ်မနေနဲ့ ။ "
ထိုစကားသံ ။ တုန်ယင်နေခဲ့သည်။ လက်ဖဝါး
နှစ်ဖက်ကို အချင်းချင်းဆုပ်ကိုင်၍ ကျွန်တော်
စိတ်ထိန်းနေရသည်။
"ကျွန်မလိမ်နေတယ်ထင်ရင် ရှင့်သူငယ်ချင်းနှစ်
ယောက်ကိုသွားမေးကြည့်လိုက်လေ။ အမှန်တ
ရားသိရတဲ့အခါ ကျွန်မဘဝအတွက် ရှင်တာဝန်
ယူပေးဖို့ မမေ့ပါနဲ့ ။ ထပ်ဆက်သွယ်လိုက်မယ်။"
"ငါ့သူငယ်ချင်းနှစ်ယောက် ? "
သူမ ထွက်သွားခဲ့သည့်တိုင်အောင် ကျွန်တော် ဆက်လက်ကျန်ရှိနေခဲ့သည်။
သူမဧ။် ဒေါက်ဖိနပ်သံပြင်းပြင်း ပျောက်ဆုံးသွား
သည့်တိုင်အောင် ကျွန်တော်ထိတ်လန့် နေဆဲ ဖြစ်သည်။
သူငယ်ချင်းနှစ်ယောက် ? သေချာသည်မှာ Jong Woo တော့ သိလိမ့်မည်။
ကော်ဖီဧ။်အခကြေးငွေအား ကျွန်တော်မည်သို့ 
ရှင်းခဲ့သည်မသိတော့။ ယိုင်လဲခါနီး ခြေထောက်
ကို အားတင်းကာဖြင့် ကားထံသို့ လျှောက်လာ
ခဲ့ရသည်။
ကားစက်နှိုးရန် နေနေသာသာ ကားသော့ပင်
ချော်ထိုးမိနေ၍ ဒေါသထွက်စွာဖြင့် ကားစတီယာရင်ကို ရိုက်ချလိုက်သည်။
ဂဂဏဏမသိရသေးသော အကြောင်းအရာ
ကြောင့်နှင့် ကျွန်တော်ဤသို့  ပြိုလဲမတတ် ဖြစ်
နေရသည်လား။
ကားစက်နှိုး၍ အရှိန်တင်ကာ Jong Woo ရှိရာ
ထံသို့ ကျွန်တော် ဦးတည်မိသည်။ ဘေးထိုင်ခုံ
ပေါ် တင်ထားဖြစ်သော Cherry ဧ။် ဆေးမှတ်
တမ်းစာအုပ်က လှောင်ရယ်နေသည်။
"တောက်!! "
တကယ်တမ်း ဤသို့ ဖြစ်နေခဲ့လျှင် ...?????
Yi Fan ဧ။် မျက်နှာကို မြင်ယောင်မိသည့်အခါ
ရူးချင်သွားရသည်။
ဟင့်အင်း။ မဖြစ်နိုင်ပါဘူး။ ကျွန်တော်က ဘယ်လိုနည်းနဲ့ မှ သည်ကိစ္စကို......
.........တီ!!!!!! တီ!!!!.........
အတွေးများ ရှုပ်ယှက်ခတ်စဉ် ကားဟွန်းတီးသံ
ကျယ်ကျယ်ကြောင့် ရှေ့ သို့ ကြည့်လိုက်ရာ
ရှေ့ တည့်တည့်သို့ လာနေသော ကုန်တင်ကား
သည် မဝေးတော့သည်မို့ ...။
••• ••• ••• ••• ••• ••• ••• ••• ••• •••
"Chanyeol "
ကျောင်းပြန်ချိန် ကျွန်တော့်အနောက်မှ ရင်းနှီး
နေသည့် ခေါ်သံ...ကျွန်တော် အလိုအလျောက်
ပြုံးသွားရသည်။
"အင်း Yi Fan"
ကျွန်တော့်ထံသို့  ပြေးလာနေသော သူ့ အား
ကျွန်တော်အော်ပြော၍ ရပ်စောင့်နေလိုက်သည်
"မင်းကလည်း ကျောင်းအတူပြန်မယ်လို့  ငါပြော
ထားခဲ့တာကို။"
မောဟိုက်သည့်အသံဖြင့် ကျွန်တော့်အနား
ရောက်လာသည့် သူ့ ကို ကျွန်တော် လက်ကိုင်
ပုဝါပေးလိုက်သည်။
"...ငါမေ့သွားတာ။"
ကျွန်တော် အမှန်အတိုင်းဖြေတော့ သူက မျက်
နှာပျက်သွားသည်။
"ငါ့စကားကိုဒီလိုအလေးထားပေးတာ အရမ်း ကျေးဇူးတင်တယ်။"
"ငါတကယ်မေ့သွားတာ...မနေ့ ကကျောင်းပျက်
ထားတော့ကူးရမယ့်စာတွေကိုတွေးနေလို့ ။"
"သြော်..."
စကားစပြတ်သွားသည်ဖြစ်၍ တိတ်ဆိတ်မှုနှင့်
သာ ကျောင်းဝန်းထဲမှ ထွက်ခွာလာခဲ့ကြသည်။
"ငါ...မင်းအိမ်လိုက်ခဲ့ချင်တယ် Chan"
ကျွန်တော် လက်ခံရန်စိတ်ကူးမိပြီးမှ အိမ်၌ တည်းခိုနေမည့် ဖခင်အကြီးအကဲအား သတိရ
သွားသည်။
"အိမ်မှာ အဖေရှိနေမှာYi Fan။ ငါ မင်းကို တာဝန်ယူခေါ်သွားပြီး စကားမများချင်ဘူး။"
အဖေနှင့်တစ်ခါသာကြုံဖူးပြီး ပြဿနာဖြစ်ဖူး
သော Yi Fanသည် သိသိသာသာပင် စိတ်ပျက်
ူသွားပုံရသည်။
"အဲ့ဒီအစား ငါကပဲမင်းအိမ်လိုက်ခဲ့မလားလို့ "
သူ ကျွန်တော့်အားမော့ကြည့်လာသည်။
"ငါ့ကိုစာကူးပေးပေါ့..."
ကျွန်တော် ပြောကာ သူ့ အရှေ့ မှ ထွက်လာခဲ့
သည်။ ကျွန်တော်သည် အမြဲလိုလို သူမသိစေ
ရန် အလျှော့ပေးလေ့ရှိသည်။ အိမ်ပြန်လျှင် ရရှိ
မည့် ဒဏ်ရာအချို့ အား မေ့ထားရင်းဖြင့်။
"Chanyeol......"
သူ့ အသံ သြရှရှကို ကျွန်တော်လှည့်မထူးဖြစ်။
"ချစ်တယ် ။"
ကျွန်တော့်ခြေလှမ်းတွေရပ်တန့် သွားရသည်။
ဆိုင်းမဆင့်ဗုံမဆင့် ချစ်ကြောင်း ပြောကြားလေ
သည်မို့ ။ ပထမဆုံးအကြိမ်အဖြစ် သူ့ ထံမှ ချစ်
ကြောင်းပြောကြားခြင်းကို ခံရသော်လည်း ကျွန်
တော်ရှက်ရွံ့ မနေခဲ့။
"ငါလည်းချစ်တယ်။"
ပြန်လည်လှည့်ကာ ဖြေကြားလိုက်သည့် ကျွန်
တော့်ကို သူပွေ့ ဖက်လာသည်။
Romantic မဟုတ်သည့် အချစ်သည် ကျွန်တော်
နှင့် သူ့ အား ကြည်နူးစေသည်။
သူဧ။် ပွေ့ ဖက်မှုအား ကျွန်တော်ပြန်လည်တုံ့ 
ပြန်ရင်း မှိတ်ထားမိသည့် မျက်လုံးတို့ ကို ...
ဖြေးညှင်းစွာ ဖွင့်မိတော့စူးရှသောအလင်းရောင်
ကြောင့် ပြန်ပိတ်လိုက်မိသည်။
"Chan...yeol "
ကျွန်တော့်အမည်နာမအားခေါ်ဆိုသံ...။
"Chanyeol ..."
သူ...။ သူ့ အသံ မဟုတ်လား။
လေးလံလာသော မျက်လုံးတို့ ကို အားယူကာ
ဖွင့်ဖြစ်တော့ တစ်စုံတစ်ရာစိုးရိမ်နေပုံရသည့်
သူ့ မျက်နှာ...။
ကျွန်တော် သူနှင့် Kevin အား ကားဖြင့်တိုက်ခဲ့
သည်မဟုတ်လား။
"Chanyeol...ငါ ဘယ်သူလဲ မှတ်မိလား?"
"ငါမင်းကို ဘာအကြောင်းကြောင့် မမှတ်မိစရာ
ရှိမလဲ။"
"ဟားးး တော်သေးတာပေါ့ကွာ။"
ကျွန်တော့်လက်ဖဝါးကို သူ့ ပါးမှာကပ်ရင်း ရယ်
မောလိုက်သည့် သူသည် Yi Fan မှ ဟုတ်ပါရဲ့ 
လား။
"ဆရာဝန်ခေါ်ရမှာမသိတော့ဘူးလား Yi Fan
ရ ။ ဖယ် ...ငါစမ်းသပ်ဦးမယ်။"
Yi Fan အနောက်မှ ပြောနေသည်မှာ Jong Woo။
ကျွန်တော့်အား အလိုရှိသလို စမ်းသပ်ပြီးနောက်
Yi Fan နှင့် တစ်စုံတစ်ရာ ပြောနေကြသည်။
ကျွန်တော် ဂရုမစိုက်နိုင်။ ခေါင်း၌ တင်းကျပ်နေ
သည့် ခံစားချက်နှင့်အတူ တွေးမိနေသည်မှာ
Kevin ဘာဖြစ်သွားသလဲ။
"Kevin ? Kevin ကော Yi Fan?"
ကျွန်တော့်အား ငုံ့ ကြည့်လာသော Yi Fan သည်
မျက်နှာပျက်သွားသည်မို့ ။
ဘာလဲ Yi Fan ။ Kevin ကို သဝန်တိုတယ်ပေါ့
လေ။
"အပြင်မှာရှိတယ်။အရမ်းတွေ့ ချင်နေရင်ခေါ်
ပေးမယ်။"
"မလိုဘူး။"
ူသူ မျက်နှာလွှဲသွားသည်။
"အာ...Chanyeol မင်းခေါင်းပဲနည်းနည်းထိ
သွားတာမို့  နောက်သုံးရက်လောက်ဆို ဆေးရုံ
ဆင်းလို့ ရပြီ။"
Jong Woo စကားကြောင့် သတိရသွားသည်မှာ
ယခုကျွန်တော်ရောက်နေသည့်နေရာသည်
ဆေးရုံဖြစ်သည်။ ကျွန်တော်လှဲနေသည့် နေရာ
သည် ဆေးရုံကုတင်ဖြစ်နေသည်။
"ငါဘာဖြစ်လို့ ဒီရောက်နေတာလဲ။"
"မင်းကားမတော်တဆဖြစ်တာ။ တော်သေး
တယ် တိုက်ရိုက်မတိုက်မိပဲ မင်းလမ်းလွှဲလိုက်
လို့ ထင်တယ် ပလက်ဖောင်းနဲ့ ပဲဝင်ဆောင့်
သွားတယ်။"
"မဖြစ်နိုင်တာ...ငါမင်းတို့ နဲ့  Cherry ကိစ္စ ပြောပြီးအပြန် လမ်းမှာ...သူနဲ့  Kevinကိုမြင်လို့ 
ကားနဲ့ ဝင်တိုက်တာ"
"ဘာ?"
ထိုအသံသည် Yi Fan ထံမှ။ သူ့ အား ကားဖြင့်
ဝင်တိုက်သည်ဆို၍ အံ့သြနေဟန် ။
Yi Fanကို ကြည့်နေရင်းမှ Yi Fan သည် နှစ်
ယောက်သုံးယောက်ဖြစ်သွားသည်။ သူ့ အား သေချာစွာ မမြင်ရတော့သည်မို့ ။
"ခဏ...ခဏလေး ငါခေါင်းအရမ်းမူးတယ်"
ကျွန်တော် မျက်လုံးပင်ပြာလာသည်။ မျက်စိရှေ့ 
၌ မည်သူ့ ကိုမှ မမြင်ရတော့ပဲ ဝေဝါးလာသည်။
||ငါ...ငါမသိဘူး Yi Fan ။ငါမင်းကိုသိနေတယ် လို့  ထင်ခဲ့ပေမဲ့...ငါ့အသိစိတ်ကမင်းကိုမသိနေ ဘူး။||
||ဘယ်တော့မှမမျှော်လင့်သင့်တော့တဲ့အရာထဲမှာငါတို့ မိဘတွေပါတယ်Chanyeol||
||အစကမင်းနဲ့ Yi Fanနေတာလေ... ငါကဒီမှာခဏလာနေတာ||
||အခုဖြစ်တဲ့ကိစ္စကပထမဆုံးမဟုတ်မှန်း မင်းသိတယ်မလား။||
||အိပ်မက်မက်တာကိုအခွင့်ကောင်းယူပြီး ငါ့ကိုသတ်မလို့ တော့ မဟုတ်ပါဘူးနော်?||
||မင်းဘာလို့ မျက်နှာပြောင်တိုက်ရလဲKevin? ဘာလို့ ငါ့ဘက်ကိုမငဲ့တာလဲ။||
||ငါတို့ ရပ်တန့် သင့်တဲ့အကြောင်းပြော ခဲ့တယ်။||
||ဒါပေမယ့်...အံ့သြစရာကောင်းလောက် အောင် ငါတို့ နှလုံးသားချင်းနီးခဲ့ကြတယ်။||
"ဘာတွေလဲ?!!!!"
ကျွန်တော်နားထဲကြားနေရသည်များကို ပြန်
လည်အော်ဟစ်လိုက်ခြင်းသည် လောကနှင့် ခေတ္တအဆက်အသွယ်ပြတ်သွားစေခဲ့သည်။
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
"ငါသတိထားမိတယ် ...သူသတိမမေ့ခင်ငါ့ကို
ကြည့်ခဲ့တဲ့အကြည့်က...တကယ်ကိုမူမမှန်ဘူး။"
Yi Fan အားလျော့သည့်အသံဖြင့်ပြောကာ မျက်
နှာကိုလက်နှစ်ဖက်ဖြင့်အုပ်၍ ငုံ့ ချလိုက်သည်။
"ငါလည်းတွေ့ လိုက်တယ် ...Chanyeol သူ ...
ပထမကားမတော်တဆမဖြစ်ခင်က အခြေအ
နေကိုပြန်ရောက်သွားခဲ့တာ ဖြစ်လိမ့်မယ်။"
ထောက်ခံပြောကြားသူJong Wooစကား
ကြောင့် Kasper သက်ပြင်းပူမှုတ်ထုတ်လိုက်
သည်။
Jong Wooဧ။် ဆေးကုခန်းအတွင်း Yi Fan, Jong Woo နှင့်အတူ Kevin နှင့် Kasper လည်း ရောက်ရှိနေကြသည်။
"ငါ Chanyeol နဲ့ စတွေ့ တဲ့နေ့ ကတည်းက ရိပ်မိတယ်။Chanyeol မှာYi Fanနဲ့ ပက်သက်
ပြီး psychoတစ်ခုရှိနေခဲ့တာ...Kevin နဲ့  က တော့ ပိုဆိုးရွားသွားတယ်လို့ ဆိုရမယ်။"
Yi Fan ခေါင်းမော့လာခဲ့သော်လည်း Kevin မျက်နှာပျက်သွားသည်။ ဤဇာတ်လမ်းအား သူဝင်ပက်သက်မိခဲ့၍...ဖြစ်ပွားရသည်မို့ ။
"ငါတောင်းပန်ပါတယ်ကွာ..."
ညှိုးငယ်စွာ ဆိုလေသည့် Kevin ကို Yi Fan အပြုံးဖျော့ဖျော့သာတုံ့ ပြန်ဖြစ်သည်။ Kevin စိတ်သက်သာစေရန် Kasper ပုခုံးကိုခပ်ဖွဖွ
ပုတ်ပေးပြီး
"Chanyeolပြန်သတိရတဲ့အထိစောင့်ကြည့်ရ အောင်လား။ ငါ့အတွေ့ အကြုံအရ သူ့  psycho
ကအဆိုးကြီးမဟုတ်ဘူး။"
"လောလောဆယ် လုပ်လို့ ရတာဒါပဲရှိတာပဲ။"
လေးယောက်သားပြိုင်တူ သက်ပြင်းချပြီးနောက်
Jong Woo ကကျန်ရစ်ခဲ့၍ Kasperနှင့်Kevin
သည် စားသောက်ရန်သွားဝယ်သည်မို့  Yi Fan,
Chanyeolရှိရာ လူနာအခန်းသို့ ပြန်လာခဲ့
သည်။
ကုတင်ပေါ်ရှိ ငြိမ်သက်စွာ မှေးစက်နေသည့်
Chanyeol အား Yi Fan ပင့်သက်ရှိုက်ကာ
ကြည့်လိုက်သည်။ ထို့ နောက် လူနာစောင့်ထိုင်
ခုံတွင်ထိုင်၍ Chanyeolရဲ့  လက်ချောင်းလေး
ကို ဖြေးညှင်းစွာ ဆုပ်ကိုင်ပြီး နှုတ်ခမ်းဖြင့် ခပ်ဖွ
ဖွဖိနမ်းဖြစ်သည်။
"မင်းနိုင်ပါတယ် Chan...သိသိသာသာကို အနိုင်ရသွားပါတယ်ကွာ။"
Yi Fan မချိတင်ကဲဆိုရင်း Chanyeolဧ။် လက်ဖ
ဝါးအား၌ ပါးပြင်၌ကပ်ထားဖြစ်သည်။
"ငါဘယ်တော့မှမင်းကိုအနိုင်မရခဲ့ဘူး... မင်း
မသိပေမယ့် ငါအမြဲရှုံးနိမ့်ခဲ့တာဖြစ်လို့  ဒီတစ်
ကြိမ်ပဲငါ့ကိုသိသိသာသာအနိုင်ပေးပြီး အထက် တန်းတုန်းကလို Chanyeolအဖြစ်ပဲ ပြန်လာ
ပေးစမ်းပါ Chanရာ "
Chanyeol သာ Yi Fanဧ။် ဤပုံစံအား မြင်ပါက
အံ့သြဘနန်းဖြစ်နေဦးမည်ထင်သည်။ သူ သိ သော Wu Yi Fan သည် အမြဲတစေ ပျော့ညံ့ သောယောက်ျားတစ်ဦးအသွင်အပြင် မထုတ်ပြ
တတ်သည်မို့ ။
Yi Fanမည်သို့ ပင် ဖြစ်ပျက်နေသည်ကာမူ လက်ဖဝါးပိုင်ရှင်ကောင်ကလေးမှာ ယင်းဖြစ်ရပ်
သည် သူနှင့်မသက်ဆိုင်သည့်အလား ငြိမ်းချမ်း
စွာမှေးစက်နေသောကြောင့် ...။
"ကောင်းကောင်းအိပ်ပါ Chan...မမြင်နိုင်တဲ့ အိပ်မက်ထဲ အမှန်တရားကိုရှာဖွေလာခဲ့ပေးပါ။
ချစ်တယ် ..."
မှေးစက်နေသော သူအဖို့  မကြားရက်နိုင်ခဲ့ချေ။
သည်ညဟာ နိုးထနေသူအတွက် အကျည်းတန်
ရုပ်ဆိုးသော ည။
မှေးစက်အိပ်ပျော်နေသူအတွက် သာယာလှပ
သော ည။
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
Tbc...
Steven_Cheng

Коментарі