Part1
Part2
Part3
Part4
Part5
Part6
Part7
Part8
Part9
Part10
Part11
Part12
Part13
Part14
Part15
Extra1
Extra2
Extra3
Extra1
​အေးရိပ်အိပ်ရာမှနိုးထလာခဲ့ချိန်သူ့ရဲ့ခန္ဓာကိုယ်​လေးဟာတစ်စုံတစ်​ယောက်ရဲ့တင်းကျပ်စွာ​ထွေး​ပွေ့ခြင်းကိုခံထားရတာ​ကြောင့်ပြုံးလိုက်မိသည်........

မင်းဦးယာ၏ရင်ခွင်ထဲတွင်တစ်ကိုယ်လုံးမြုပ်​နေသည့်အ​နေအထားအတိုင်းပင်​ခေါင်း​လေးကိုအနည်းငယ်အလုပ်​ပေးကာ​မော့ကြည့်​တော့ခန့်ညား​ချော​မော​သောသူ့ရဲ့ဦးယာဟာအိပ်​မောကျ​နေ​လေသည်......

အိပ်​မောကျ​နေသူကိုမနှိုးရက်တာ​ကြောင့်ရင်ခွင်ထဲသို့အသာ​လေးပြန်တိုး​ဝှေ့ကာ​မှေး​နေလိုက်သည်.....​​​သေချာ​ပေါက်နှုတ်ခမ်းပါး​လေးကပြုံးလို့​ပေါ့........

နာရီဝက်​လောက်ကြာသွားပြီးမှနိုးလာ​သောဦးယာသည်သူမနိုး​​သေးဘူးအထင်နှင့်​စောနကထက်ပင်ပို၍တင်းကျပ်စွာဖက်ကာ​ထွေးထားပြန်သည်.........

"ဦးယာ..."

"နိုး​နေတာလားရိပ်ငယ်..."

"​စောနကမှနိုးတာပါ..မကြာ​သေးပါဘူး..."

"ဪ...ကိုယ်ကမနိုး​သေးဘူးထင်လို့...."

"ထ​တော့မလား..."

"အင်းထကြမယ်​လေ..."ဟုဆိုကာနှစ်ဦးသားအိပ်ရာမှထရင်း​စောင်​တွေ​ခေါက်တွန့်​​ကြေ​နေ​သောအိပ်ရာခင်း​လေး​တွေကိုဆန့်နှင့်အတူလုပ်ကြ​လေသည်.....

"မျက်နှာသစ်​ပြီးကိုယ်လက်သန့်စင်​ပေးမယ်​နော်ဦးယာ.... "

"ကိုယ်ကကိုယ့်ဘာကိုယ်လုပ်နိုင်ပြီ​လေရိပ်ငယ်​လေးရဲ့...."

"အာ..ဟုတ်သားပဲ​​နော်.....ဦးယာနာတာကိုက်တာ​တွေ​ရောရှိလား..."

"ဟင့်အင်း...ကိုယ်က၅နှစ်​တောင်အချိန်ယူခဲ့တာ...လုံးဝပဂတိ​ကောင်း​အောင်လို့​လေ...."

"ဟုတ်ပါပြီ...မျက်နှာသစ်ကြမယ်​​နော်...ဒီ​နေ့​တော့ဦးယာကိုကျွန်​တော်မ​စောင့်ရ​တော့ဘူး​ပေါ့...."​အေးရိပ်ရဲ့စကား​လေး​ကြောင့်မင်းဦးယာစိတ်မ​ကောင်းဖြစ်သွားရ​လေသည် .......

"အယ့်လိုကျ​တော့လည်းကိုယ်ကမင်းရဲ့ဒုက္ခအိုးဖြစ်ခဲ့တာပဲ​နော်...."

"မဟုတ်ပါဘူးဦးယာရဲ့...ဦးယာကကျွန်​​တော့်ရဲ့paradise​လေး...အလှပဆုံးနိဗ္ဗာန်ဘုံ​လေးဖြစ်ခဲ့တာ...."ဟုဆိုကာသူ့မူပိုင်အပြုံး​လေးနှင့်​တောက်ပစွာပြုံးပြ​လေသည်​ကြောင့်မင်းဦးယာမှာ​ငေးခနဲ......

"ရိပ်..."

"ဗျာ..."

"ကိုယ်မင်းကိုခဏ​လောက်ထပ်ဖက်ထားလို့ရမလား..."မင်းဦးယာစကား​ကြောင့်​အေးရိပ်ပို၍ပြုံးလိုက်မိ​လေသည်.....

"ရတာ​ပေါ့ဦးယာရဲ့...လာဒီကို"ဟုဆိုကာကုတင်တစ်ဖက်မှမင်းဦးယာကိုလက်​လေးဆန့်တန်းလို့​ခေါ်​​လေသည်.....ထိုအခါမင်းဦးယာမှာချက်ချင်းပင်​အေးရိပ်ဆီသွား၍​ထွေး​ပွေ့ထားလိုက်သည်.....အရာအားလုံးထက်ဒီရင်ခွင်​နွေး​​နွေး​လေးကသူ့အတွက်အားအဖြစ်ဆုံးမို့......သူ့ပုခုံး​လောက်ရှိ​သော​အေးရိပ်၏ခန္ဓာကိုယ်​လေးကို​ထွေး​ပွေ့ကာပခုံး​ပေါ်သို့​ခေါင်း​လေးမှီချလိုက်သည်........

"ကိုယ့်မင်းကိုတရားဝင်ဖက်ခွင့်ရပြီပဲ...​ပျော်လိုက်တာ...."

"တရားဝင်?"

"အင်း...အရင်ကကိုယ်အရမ်းပင်ပန်းလာချိန်တိုင်းမင်းရင်ခွင်ထဲကိုအ​ကြောင်းအမျိုးမျိုးပြပြီးဝင်​နေခဲ့တာ​လေ... တကယ်​တော့ကိုယ် ကိုယ်တိုင်ကိုကမင်းရင်ခွင်​လေးကို​တောင့်တမိလို့ပါ....မင်းကဖြူဖြူစင်စင်နဲ့ကိုယ့်ကိုရင်ခွင်ငှား​ပေး​ပေမယ့်ကိုယ်ကမဖြူစင်ခဲ့​တော့အယ့်တာတရားမဝင်ဘူး​လေ....ခုက​တော့ကိုယ်ကိုယ်တိုင်ကမင်းရင်ခွင်​လေးကိုလိုချင်လို့လို့ဖွင့်​ပြောပြီးမှလုပ်တာဆို​တော့တရားဝင်​ပေါ့........."

မင်းဦးယာ၏စကား​ကြောင့်​အေးရိပ်ရယ်လိုက်မိသည်...

"​နောက်ဆိုဦးယာဘာပဲလုပ်လုပ်ကျွန်​တော်ကတရားဝင်ခွင့်ပြုချက်​ပေးထားတယ်​နော်ဟုတ်ပြီလား...."

"ဟုတ်ပါပြီရိပ်ငယ်...ကိုယ့်အရွယ်ကချစ်ပါတယ်လို့​ပြောရမယ့်အရွယ်ကို​ကျော်လာ​​ပေမယ့်လည်း​ပြောပါရ​စေ​နော်.....ချစ်တာထက်ကို​ကျော်လွန်ပြီးမင်းကိုကိုယ်ချစ်ပါတယ်ကိုယ့်ခွန်အား​လေး......"

".............."

"ရိပ်ငယ်..."ရင်ခွင်ထဲမှ​ကောင်​လေးကိုမျက်နှာ​လေး​မော့​စေ​တော့အကြည့်ချင်းလွှဲပြီးနားရွက်ဖျား​လေး​တွေရဲ​နေသည်ကရှက်​နေတာလား​လေ....သိပ်ကိုမြတ်နိုးဖို့​ကောင်းတဲ့သူ့ရဲ့ရိပ်ငယ်...အမူအယာတစ်ခုစီတိုင်းကပန်းချီကား​လေးတစ်ချပ်လိုပင်..........

"မျက်နှာသွားသစ်ရ​အောင်​လေ..."

"ဟုတ်ပါပြီဗျ...."

ရှက်​နေ​သော​ကောင်​လေးကိုထပ်မစ​တော့ဘဲမျက်နှာသစ်ရန်သာ​ရေချိုးခန်းသို့​ခြေဦးလှည့်ကြ​တော့သည်......

လွန်ခဲ့တဲ့၅နှစ်ထဲက​ထပ်ခါထပ်ခါစိတ်ကူးယဥ်ခဲ့ရတဲ့​နေ့​လေး.....မိုးလင်းရင်သူ့ကိုကိုယ့်ရင်ခွင်ထဲမှနိုးထ​စေမည်..မိုးလင်းတိုင်းအနမ်းဖွဖွ​ပေးကာချစ်စကားဆိုဦးမည်၊တစ်​နေ့လုံးလည်းအနားမှာတွယ်ကပ်​နေဦးမည်၊ခြံထဲမှာ​လေညှင်းခံရင်းစကား​တွေ​ပြောမည်၊ဘယ်​လောက်ထိမြတ်နိုးရ​ကြောင်း​တွေလည်း​ပြောပြဦးမည်....အိမ်မက်နဲ့​မျှော်လင့်ချက်ဟာမနက်ဖြန်အတွက်အလင်း​ရောင်လို့​ပြောကြရင်မင်းဦးယာရဲ့အိမ်မက်က​အေးရိပ်​ဝေ၊​မျှော်လင့်ချက်ကလည်း​အေးရိပ်​ဝေ...သူ့အတွက်အလင်း​ရောင်ကလည်း​အေးရိပ်​ဝေ​ပေါ့.....ခု​တော့ဒီစိတ်ကူး​တွေဟာတကယ်ကိုအ​ကောင်အထည်​ပေါ်ခဲ့​လေပြီ....ဒီအချိန်မှာကမ္ဘာ​ပေါ်မှာအ​ပျော်ဆုံးလူကိုပြပါဆိုသူဟာထိပ်ဆုံးမှာရှိ​နေမည်ထင်.........

"ဦးယာ.."

"ဟင်"

"မနက်စာအပြင်မှာစားချင်လား...အိမ်မှာလုပ်​ကျွေးရမလား..."

"အင်း...ကိုယ့်ရိပ်ရဲ့လက်ရာ​လေးကို​တော့လွမ်းမိတယ်"

"ဟုတ်ပါပြီ...ကျွန်​တော်လုပ်​ကျွေးပါမယ်.."

"​ကျေးဇူးပါခဗျ.."

"ရပါတယ်ခဗျ.."

"ဟားဟား...လာ​အောက်သွားရ​အောင်..."

"ဟုတ်...."

နှစ်ဦးသာ​အောက်သို့ဆင်းသွားကာမီးဖိုခန်းထဲသို့တန်းဝင်သွားကြသည်...မ​နေ့ကအိမ်မှာလူစုံတုန်းရှိသမျှမုန့်​တွေချ​ကျွေးလိုက်တာ​ကြောင့်မီးဖို​ချောင်ထဲတွင်ဆန်မှအပဘာမှမရှိ...

"ဦးယာတအားဗိုက်ဆာ​နေပြီလား..."

"ဟင့်အင်း...တကယ်​​တော့ရင်​တောင်ပြည့်​နေတာ..."

"ဟင်...ဘာလို့လဲ...​နေလို့မ​ကောင်းဘူးလား...အစာ​ကြေ​ဆေးစားမလားဟင်...အဖျားလည်းမရှိပါဘူးဦးယာရဲ့"

"​ဖြေး​ဖြေး​​မေးပါ...ရိပ်ငယ်​လေးရဲ့...တကယ်​တော့ကိုယ်ကအချစ်​တွေနဲ့တဗိုက်ပြည့်​နေတာ...."

"အာ..ဦးယာကလည်း..."

"ဟားဟား..."နားရွက်​လေး​တွေရဲလာပြန်​သော​ကောင်​လေးသည်ပါးမို့မို့​လေးကို​ဖောင်းတက်လာ​အောင်ပြုံး​လေသည်....

"ကျွန်​တော်ထမင်းသုပ်​ကျွေးမယ်​နော်ခဏ​​စောင့်...မနက်စာကိုထမင်းသုပ်ကနဲနဲ​တော့အဆင်မ​ပြေ​ပေမယ့်လည်းအိမ်မှာဒါ​လေးပဲရှိလို့...ည​နေကျမှ​စျေးဝယ်သွားကြမယ်​နော်...."

"အင်း...မင်းသ​ဘောပါ..."

ထို့​နောက်​အေးရိပ်သည်မ​နေ့ကကျန်​နေတဲ့ထမင်း​လေးကိုပူ​အောင်​နွှေးလိုက်ကာထမင်းပူပူ​လေးကိုဇလုံထဲထည့်ရင်းလိုအပ်သည်များထည့်..​ရေခဲ​သေတ္တာထဲကရှိတဲ့အသီးအနှံ့​လေး​တွေကိုအ​နေ​တော်​လေး​တွေလှီးချွတ်ထည့်ကာလက်အိပ်​လေးစွတ်ပြီးထမင်းနယ်ရန်ပြင်ဆင်​နေ​လေသည်....

သူ့လှုပ်ရှားမှု​လေး​တွေအကုန်လုံးကိုမျက်​တောင်မခတ်တမ်းလိုက်ကြည့်​နေတာက​တော့မင်းဦးယာပင်.....ကျွမ်းကျင်စွာလှုပ်ရှား​နေ​သောလက်​ချောင်း​လေးများသည်​ပေါ့ပါး၍လှပလွန်းသည်....နဖူးထက်ဝယ်​ချွေး​လေး​တွေစို့​နေပုံကိုကရင်ခုန်ဖွယ်အတိပြီးလျက်......

"သ​ဘောကျလိုက်တာ"

"ဗျာ..."

"မင်းကိုတရားဝင်ကြည့်ခွင့်ရတာကို..."

"ကိုယ်အမြဲတမ်းမင်းရဲ့လှုပ်ရှားမှု​လေး​တွေကိုခိုးကြည့်ခဲ့ရတာ...မျက်လုံးမမြင်ရတုန်းကလည်းနူးညံ့တဲ့မင်းရဲ့အသံ​လေးကိုပဲရင်ခုန်ခဲ့ရတာ....ကိုယ့်ရဲ့ရိပ်ငယ်​​လေးကသိပ်ကိုဆွဲ​ဆောင်တက်တာပဲ​နော်...."

မင်းဦးယာရဲ့စကား​တွေ​ကြောင့်​အေးရိပ်မှာပူထူလို့​နေ​လေပြီ....ရှက်လွန်းလို့မျက်နှာ​တွေလည်းပူတက်လာပြီ...ဦးယာသည်​တော်​တော်ကိုဆိုးတဲ့လူကြီးပင်......

"ထမင်းသုပ်ရပြီဦးယာ..."

"ဟားဟား...စားကြမယ်​နော်..."

"ဟုတ်..."

"ပန်းကန်နဲ့မခွဲနဲ့​တော့တူတူပဲစားလိုက်မယ်..."

"ဟုတ်...."တူတူစားမယ်ဆိုတဲ့စကား​​အောက်မှာထမင်းသုတ်ပန်းကန်​လေးသည်ဟိုဘက်ယိမ်းလိုက်ဒီဘက်ယိုင်လိုက်နှင့်လုံးလည်ချာလည်လိုက်ကာ​ပြောင်စင်သွား​လေသည်.......

မနက်စာစားခြင်းပြီးစီးပြီး​နောက်နှစ်ဦးသား​စျေးဝယ်ထွက်ရန်ထွက်လာကြ​လေသည်.....အရပ်ရှည်ရှည်နှင့်မင်းဦးယာသည်​တောင့်​ဖြောင့်​​သောခန္ဓာကိုယ်နှင့်အ​ရေးအ​ကြောင်း​လေးအနည်းငယ်ရှိ​နေရုံမှအပခန္ဓာကိုယ်တစ်ခုလုံးကအားကိုးချင်စရာပင်....အ​ပေါ်က​ကော်လံအကျီလေးနှင့်​အောက်ကလည်း​ခြေတုကိုပါလုံ​စေရန်​ပုဆိုးအနက်က​လေးကိုတွဲဝတ်ထား​လေသည်.......အကျီလက်တို​လေး​အောက်က​သွေး​ကြောစိမ်းများနှင့်လက်ဖျံ​လေးမှာလည်းထင်းလို့....​အေးရိပ်က​တော့တီရှပ်အကျီက​လေးကိုပဲပုဆိုး​လေးနှင့်တွဲဝတ်ကာသူ့မူပိုင်အတိုင်းခပ်​အေး​အေး​လေးပင်...

အိမ်နားက24 hours mart​လေးသို့နှစ်ဦးသားလမ်း​လည်း​လျှောက်ရင်း​ခြေကျင်သွားကြ​လေသည်......

"ရိပ်..."

"ဗျာ..."

"ကိုယ့်နားကိုကပ်"

"ဘာလို့လဲဦးယာရဲ့ဦးယာရှုပ်မှာစိုးလို့ပါ...."

"ရတယ်...ကိုယ်အဆင်​ပြေတယ်...ကိုယ့်နားကိုကပ်​နော်"

"ဟုတ်...."မင်းဦးယာ၏​တောင်းဆိုမှု​ကြောင့်​​အေးရိပ်မှာ​စျေးဝယ်သည့်တစ်​လျှောက်လုံးအနားသို့ကပ်ကာသာဝယ်ရ​လေသည်.......အပြန်ကျ​တော့လည်းထိုနည်းလည်း​ကောင်း​အေးရိပ်ကိုသူနှင့်အနီးဆုံးက​နေသာ​လျှောက်ခိုင်း​လေသည်. .......

အိမ်ပြန်​ရောက်သည်နှင့်နှစ်ဦးသားအိမ်မှာသန့်ရှင်း​ရေးလုပ်ရင်း၊စကား​တွေ​ပြောရင်းစ​နောက်ကြရင်းတစ်​နေ့တာကုန်ဆုံးခဲ့ကြသည်....ခုမှပြန်​တွေ့ကြတဲ့သူတို့နှစ်ဦးအဖို့အလွမ်းသယ်ချိန်ကိုတသီးတစ်သန့်ထားမ​နေကြ​တော့...အတူရှိ​နေရတဲ့အချိန်တိုင်းကိုတန်ဖိုးထားကြသည်မို့အချိန်တိုင်းသည်ပြည့်စုံလို့​နေသည်......အားလုံးပြီးစီးသွားချိန်တွင်​တော့နှစ်ဦးသား​ခြေကုန်လက်ပန်းကျကာဝရံတာ​လေးတွင်​လေတဖြူဖြူးနှင့်ညအလှကိုခံစားရင်းထွက်ထိုင်ကြ​လေသည်....

ဆိုဖာအဝိုင်း​လေးထက်မင်းဦးယာကထိုင်ကာမင်းဦးယာ၏ရင်ခွင်ထဲ၌​အေးရိပ်​ဝေကိုထည့်ကာ​ထွေး​ပွေ့ထားပြန်သည်....

"ရိပ်..​နောက်​နေ့​တွေကျရင်တစ်​ယောက်ထဲအပြင်မသွားရဘူး​နော်"

"ဘာလို့လဲဦးယာရဲ့..."

"မင်းကိုသူများ​တွေကြည့်မှာစိုးလို့...."

"ဘယ်သူမှမကြည့်ပါဘူးဦးယာရယ်"

"ကြည့်တယ်...​နောက်ကိုတစ်​ယောက်ထဲမသွားပါနဲ့​နော်..."

"ဟုတ်ပါပြီဗျာ..."​အေးရိပ်ကို​နောက်မှသိုင်းဖက်၍ပုခုံးထက်​မေးတင်ကာ​ပြော​နေ​သောမင်းဦးယာသည်လိုချင်တာကို​တောင်းဆို​နေတဲ့က​လေးငယ်​လေးတစ်​ယောက်လို........

"အရင်ကဆိုညတိုင်းဦးယာကိုစကား​တွေ​ပြော​နေခဲ့တာ..."

"........."

"ဦးယာ​ရော...ဘာ​တွေလုပ်​နေခဲ့လဲ..."

"မင်းနဲ့သမီး​လေးကိုလွမ်း​နေခဲ့​တာပေါ့"

"ကျွန်​တော့်ကိုဘာလို့ချစ်ခဲ့တာလဲဦးယာ..."

"မင်းကကိုယ့်အတွက်ဖြစ်တည်လာတဲ့လူသား​လေးမို့လို့ကိုယ့်နှလုံးသားကမင်းအတွက်သီးသန့်ခုန်​နေတာမို့...ရိပ်ငယ်က​ရောကိုယ့်ကိုဘာလို့ချစ်တာလဲ...."

"ကျွန်​တော်ကလည်းဦးယာအတွက်ဖြစ်တည်လာတာမို့လို့.ကျွန်​တော့်နှလုံးသားကလည်းဦးယာအတွက်ခုန်​နေတာမို့လို့..."

"ဟားဟား...ဟုတ်ပါပြီ..."

"ဦးယာကြည့်လိုက်ပါဦး...​ကောင်းကင်ကြီးကလှလိုက်တာ​​နော်... "

"အင်း...တအားကိုလှတယ်...."

"အမြဲ​​မျှော်လင့်နေခဲ့တာ...ဦးယာကျန်းကျန်းမာမာနဲ့ဒီလို​ပျော်​နေနိုင်ဖို့....ညတိုင်းဆု​တောင်းခဲ့ဖူးတယ်ကြယ်​လေး​တွေနဲ့လမင်းကြီးကိုသက်​သေထားပြီး​တော့...ကျွန်​​တော့်ရဲ့ဦးယာ​ပျော်ရွှင်ရပါ​စေလို့......"

"မင်းဆု​တောင်း​​တွေပြည့်ခဲ့ပါတယ်ရိပ်ငယ်​လေး....ဒါ​ပေမဲ့အယ့်ဆု​တောင်း​တွေကမင်းရှိမှပြည့်စုံမှာပါ...မင်း​ကြောင့်သာကိုယ်ဒီလိုရှင်သန်နိုင်ခဲ့တာ...မင်း​ပေးတဲ့အားအင်​တွေနဲ့​လေ....ကိုယ့်ရဲ့ရိပ်ငယ်​လေးကိုအရမ်း​ကျေးဇူးတင်တယ်​နော်..."

"အင်း...ကျွန်​တော်ကလည်း​ကျေးဇူးတင်တယ်ဦးယာရဲ့ဘဝထဲဝင်ခွင့်​ပေးခဲ့လို့...ယိမ်းယိမ်း​လေးကိုပျိုး​ထောင်ခွင့်​ပေးခဲ့လို့၊မိသားစု​လေး​​ပေးခဲ့လို့၊ပြီး​တော့ချစ်​ပေးလို့.......အရမ်းချစ်တယ်​နော်ဦးယာ..."

"ကိုယ်ကလည်းမ​လျော့​သောချစ်ခြင်းနဲ့ချစ်ပါတယ်ရိပ်ငယ်"

"ယုံပါတယ်ဦးယာ...."

မင်းဦးယာသည်ရင်ခွင်ထဲမှ​အေးရိပ်​ဝေရဲ့မျက်နှာ​လေးကိုဆွဲယူကာပါးမို့မို့​လေးထက်ကမှဲ့နက်က​လေးထက်အနမ်း​ချွေလိုက်​လေသည်...ထိုအခါမျက်လုံး​လေးမှိတ်လို့ငြိမ်လျက်ခံယူ​နေပါ​သော​အေးရိပ်.....
ချိုမြိန်​သောအနမ်း​လေး​တွေကမျက်နှာအနှံ့ယုယစွာ​​ကြွေကြရင်းနှုတ်ခမ်းဖူးဖူး​လေးတစ်စုံထက်၌အဆုံးသတ်ပါ၏.......

ပထမဆုံးအပြန်အလှန်ဆိုမိကြတဲ့ချစ်စကား​လေး​တွေသည်သိပ်ကိုလှပခဲ့​လေသည်......

သည်​နေ့မှစ​နောင်နှစ်​ပေါင်းများစွာတိုင်
သူတို့နှစ်ဦးဟာ​နွေး​ထွေးတဲ့ချစ်ရိပ်မြုံ​လေးမှာတည်ရှိ​နေပါလိမ့်မယ်....တစ်​ယောက်လဲကျရင်တစ်​ယောက်က​ဖေးမရင်း​အပြန်အလှန်အတွက်​နွေး​ထွေးတဲ့ရင်ခွင်တစ်စုံကို​ပေးအပ်ရင်းတစ်ဦးကိုတစ်ဦး​ထွေး​ပွေ့ထားကြလိမ့်မည်.....ဤချစ်ခြင်း​လေးဟာထာဝရအတွက်လှပစွာတည်ရှိ​နေ​တော့မည်..........

ဖတ်ရတာအဆင်​ပြေရဲ့လားရှင့်🥺❣
မိုးလင်းလို့update​လေး​​တွေ့ရင်
အရွှန်းရဲ့အတူး​လေး​တွေ​ပျော်မယ်ထင်ပါတယ်...​မျှော်​နေမယ်ဆိုရင်​ပေါ့....
အရွှန်းကသိပ်မroတက်တာ​လေးကို​တော့နားလည်​ပေးဖို့​တောင်းဆိုပါရ​စေ​နော်😔

၂နာရီလည်းထိုးပြီဆို​တော့အရွှန်းအိပ်​တော့မယ်​နော်🥵မျက်လုံးထဲမှာအ​ကောင်​လေး​တွေဥဝင်ဥသွားသလို​လေးလံပြီးအိပ်ချင်​နေပြီ😵good nightကွယ် love u ❤❤

////////////////////////////////

​ေအးရိပ္အိပ္ရာမွႏိုးထလာခဲ့ခ်ိန္သူ႔ရဲ႕ခႏၶာကိုယ္​ေလးဟာတစ္စုံတစ္​ေယာက္ရဲ႕တင္းက်ပ္စြာ​ေထြး​ေပြ႕ျခင္းကိုခံထားရတာ​ေၾကာင့္ၿပဳံးလိုက္မိသည္........

မင္းဦးယာ၏ရင္ခြင္ထဲတြင္တစ္ကိုယ္လုံးျမဳပ္​ေနသည့္အ​ေနအထားအတိုင္းပင္​ေခါင္း​ေလးကိုအနည္းငယ္အလုပ္​ေပးကာ​ေမာ့ၾကည့္​ေတာ့ခန္႔ညား​ေခ်ာ​ေမာ​ေသာသူ႔ရဲ႕ဦးယာဟာအိပ္​ေမာက်​ေန​ေလသည္......

အိပ္​ေမာက်​ေနသူကိုမႏႈိးရက္တာ​ေၾကာင့္ရင္ခြင္ထဲသို႔အသာ​ေလးျပန္တိုး​ေဝွ႔ကာ​ေမွး​ေနလိုက္သည္.....​​​ေသခ်ာ​ေပါက္ႏႈတ္ခမ္းပါး​ေလးကၿပဳံးလို႔​ေပါ့........

နာရီဝက္​ေလာက္ၾကာသြားၿပီးမွႏိုးလာ​ေသာဦးယာသည္သူမႏိုး​​ေသးဘူးအထင္ႏွင့္​ေစာနကထက္ပင္ပို၍တင္းက်ပ္စြာဖက္ကာ​ေထြးထားျပန္သည္.........

"ဦးယာ..."

"ႏိုး​ေနတာလားရိပ္ငယ္..."

"​ေစာနကမွႏိုးတာပါ..မၾကာ​ေသးပါဘူး..."

"ဪ...ကိုယ္ကမႏိုး​ေသးဘူးထင္လို႔...."

"ထ​ေတာ့မလား..."

"အင္းထၾကမယ္​ေလ..."ဟုဆိုကာႏွစ္ဦးသားအိပ္ရာမွထရင္း​ေစာင္​ေတြ​ေခါက္တြန္႔​​ေၾက​ေန​ေသာအိပ္ရာခင္း​ေလး​ေတြကိုဆန္႔ႏွင့္အတူလုပ္ၾက​ေလသည္.....

"မ်က္ႏွာသစ္​ၿပီးကိုယ္လက္သန္႔စင္​ေပးမယ္​ေနာ္ဦးယာ.... "

"ကိုယ္ကကိုယ့္ဘာကိုယ္လုပ္ႏိုင္ၿပီ​ေလရိပ္ငယ္​ေလးရဲ႕...."

"အာ..ဟုတ္သားပဲ​​ေနာ္.....ဦးယာနာတာကိုက္တာ​ေတြ​ေရာရွိလား..."

"ဟင့္အင္း...ကိုယ္က၅ႏွစ္​ေတာင္အခ်ိန္ယူခဲ့တာ...လုံးဝပဂတိ​ေကာင္း​ေအာင္လို႔​ေလ...."

"ဟုတ္ပါၿပီ...မ်က္ႏွာသစ္ၾကမယ္​​ေနာ္...ဒီ​ေန႔​ေတာ့ဦးယာကိုကြၽန္​ေတာ္မ​ေစာင့္ရ​ေတာ့ဘူး​ေပါ့...."ေအးရိပ္ရဲ႕စကား​ေလး​ေၾကာင့္မင္းဦးယာစိတ္မ​ေကာင္းျဖစ္သြားရ​ေလသည္ .......

"အယ့္လိုက်​ေတာ့လည္းကိုယ္ကမင္းရဲ႕ဒုကၡအိုးျဖစ္ခဲ့တာပဲ​ေနာ္...."

"မဟုတ္ပါဘူးဦးယာ...ဦးယာကကြၽန္​​ေတာ့္ရဲ႕paradise​ေလး...အလွပဆုံးနိဗၺာန္ဘုံ​ေလးျဖစ္ခဲ့တာ...."ဟုဆိုကာသူ႔မူပိုင္အၿပဳံး​ေလးႏွင့္​ေတာက္ပစြာၿပဳံးျပ​ေလသည္​ေၾကာင့္မင္းဦးယာမွာ​ေငးခနဲ......

"ရိပ္..."

"ဗ်ာ..."

"ကိုယ္မင္းကိုခဏ​ေလာက္ထပ္ဖက္ထားလို႔ရမလား..."မင္းဦးယာစကား​ေၾကာင့္​ေအးရိပ္ပို၍ၿပဳံးလိုက္မိ​ေလသည္.....

"ရတာ​ေပါ့ဦးယာရဲ႕...လာဒီကို"ဟုဆိုကာကုတင္တစ္ဖက္မွမင္းဦးယာကိုလက္​ေလးဆန္႔တန္းလို႔​ေခၚ​​ေလသည္.....ထိုအခါမင္းဦးယာမွာခ်က္ခ်င္းပင္​ေအးရိပ္ဆီသြား၍​ေထြး​ေပြ႕ထားလိုက္သည္.....အရာအားလုံးထက္ဒီရင္ခြင္​ေႏြး​​ေႏြး​ေလးကသူ႔အတြက္အားအျဖစ္ဆုံးမို႔......သူ႔ပုခုံး​ေလာက္ရွိ​ေသာ​ေအးရိပ္၏ခႏၶာကိုယ္​ေလးကို​ေထြး​ေပြ႕ကာပခုံး​ေပၚသို႔​ေခါင္း​ေလးမွီခ်လိုက္သည္........

"ကိုယ့္မင္းကိုတရားဝင္ဖက္ခြင့္ရၿပီပဲ...​ေပ်ာ္လိုက္တာ...."

"တရားဝင္?"

"အင္း...အရင္ကကိုယ္အရမ္းပင္ပန္းလာခ်ိန္တိုင္းမင္းရင္ခြင္ထဲကိုအ​ေၾကာင္းအမ်ိဳးမ်ိဳးျပၿပီးဝင္​ေနခဲ့တာ​ေလ... တကယ္​ေတာ့ကိုယ္ ကိုယ္တိုင္ကိုကမင္းရင္ခြင္​ေလးကို​ေတာင့္တမိလို႔ပါ....မင္းကျဖဴျဖဴစင္စင္နဲ႔ကိုယ့္ကိုရင္ခြင္ငွား​ေပး​ေပမယ့္ကိုယ္ကမျဖဴစင္ခဲ့​ေတာ့အယ့္တာတရားမဝင္ဘူး​ေလ....ခုက​ေတာ့ကိုယ္ကိုယ္တိုင္ကမင္းရင္ခြင္​ေလးကိုလိုခ်င္လို႔လို႔ဖြင့္​ေျပာၿပီးမွလုပ္တာဆို​ေတာ့တရားဝင္​ေပါ့........."

မင္းဦးယာ၏စကား​ေၾကာင့္​ေအးရိပ္ရယ္လိုက္မိသည္...

"​ေနာက္ဆိုဦးယာဘာပဲလုပ္လုပ္ကြၽန္​ေတာ္ကတရားဝင္ခြင့္ျပဳခ်က္​ေပးထားတယ္​ေနာ္ဟုတ္ၿပီလား...."

"ဟုတ္ပါၿပီရိပ္ငယ္...ကိုယ့္အ႐ြယ္ကခ်စ္ပါတယ္လို႔​ေျပာရမယ့္အ႐ြယ္ကို​ေက်ာ္လာ​​ေပမယ့္လည္း​ေျပာပါရ​ေစ​ေနာ္.....ခ်စ္တာထက္ကို​ေက်ာ္လြန္ၿပီးမင္းကိုကိုယ္ခ်စ္ပါတယ္ကိုယ့္ခြန္အား​ေလး......"

".............."

"ရိပ္ငယ္..."ရင္ခြင္ထဲမွ​ေကာင္​ေလးကိုမ်က္ႏွာ​ေလး​ေမာ့​ေစ​ေတာ့အၾကည့္ခ်င္းလႊဲၿပီးနား႐ြက္ဖ်ား​ေလး​ေတြရဲ​ေနသည္ကရွက္​ေနတာလား​ေလ....သိပ္ကိုျမတ္ႏိုးဖို႔​ေကာင္းတဲ့သူ႔ရဲ႕ရိပ္ငယ္...အမူအယာတစ္ခုစီတိုင္းကပန္းခ်ီကား​ေလးတစ္ခ်ပ္လိုပင္..........

"မ်က္ႏွာသြားသစ္ရ​ေအာင္​ေလ..."

"ဟုတ္ပါၿပီဗ်...."

ရွက္​ေန​ေသာ​ေကာင္​ေလးကိုထပ္မစ​ေတာ့ဘဲမ်က္ႏွာသစ္ရန္သာ​ေရခ်ိဳးခန္းသို႔​ေျခဦးလွည့္ၾက​ေတာ့သည္......

လြန္ခဲ့တဲ့၅ႏွစ္ထဲက​ထပ္ခါထပ္ခါစိတ္ကူးယဥ္ခဲ့ရတဲ့​ေန႔​ေလး.....မိုးလင္းရင္သူ႔ကိုကိုယ့္ရင္ခြင္ထဲမွႏိုးထ​ေစမည္..မိုးလင္းတိုင္းအနမ္းဖြဖြ​ေပးကာခ်စ္စကားဆိုဦးမည္၊တစ္​ေန႔လုံးလည္းအနားမွာတြယ္ကပ္​ေနဦးမည္၊ၿခံထဲမွာ​ေလညႇင္းခံရင္းစကား​ေတြ​ေျပာမည္၊ဘယ္​ေလာက္ထိျမတ္ႏိုးရ​ေၾကာင္း​ေတြလည္း​ေျပာျပဦးမည္....အိမ္မက္နဲ႔​ေမွ်ာ္လင့္ခ်က္ဟာမနက္ျဖန္အတြက္အလင္း​ေရာင္လို႔​ေျပာၾကရင္မင္းဦးယာရဲ႕အိမ္မက္က​ေအးရိပ္​ေဝ၊​ေမွ်ာ္လင့္ခ်က္ကလည္း​ေအးရိပ္​ေဝ...သူ႔အတြက္အလင္း​ေရာင္ကလည္း​ေအးရိပ္​ေဝ​ေပါ့.....ခု​ေတာ့ဒီစိတ္ကူး​ေတြဟာတကယ္ကိုအ​ေကာင္အထည္​ေပၚခဲ့​ေလၿပီ....ဒီအခ်ိန္မွာကမာၻ​ေပၚမွာအ​ေပ်ာ္ဆုံးလူကိုျပပါဆိုသူဟာထိပ္ဆုံးမွာရွိ​ေနမည္ထင္.........

"ဦးယာ.."

"ဟင္"

"မနက္စာအျပင္မွာစားခ်င္လား...အိမ္မွာလုပ္​ေကြၽးရမလား..."

"အင္း...ကိုယ့္ရိပ္ရဲ႕လက္ရာ​ေလးကို​ေတာ့လြမ္းမိတယ္"

"ဟုတ္ပါၿပီ...ကြၽန္​ေတာ္လုပ္​ေကြၽးပါမယ္.."

"​ေက်းဇူးပါခဗ်.."

"ရပါတယ္ခဗ်.."

"ဟားဟား...လာ​ေအာက္သြားရ​ေအာင္..."

"ဟုတ္...."

ႏွစ္ဦးသာ​ေအာက္သို႔ဆင္းသြားကာမီးဖိုခန္းထဲသို႔တန္းဝင္သြားၾကသည္...မ​ေန႔ကအိမ္မွာလူစုံတုန္းရွိသမွ်မုန္႔​ေတြခ်​ေကြၽးလိုက္တာ​ေၾကာင့္မီးဖို​ေခ်ာင္ထဲတြင္ဆန္မွအပဘာမွမရွိ...

"ဦးယာတအားဗိုက္ဆာ​ေနၿပီလား..."

"ဟင့္အင္း...တကယ္​​ေတာ့ရင္​ေတာင္ျပည့္​ေနတာ..."

"ဟင္...ဘာလို႔လဲ...​ေနလို႔မ​ေကာင္းဘူးလား...အစာ​ေၾက​ေဆးစားမလားဟင္...အဖ်ားလည္းမရွိပါဘူးဦးယာရဲ႕"

"​ေျဖး​ေျဖး​​ေမးပါ...ရိပ္ငယ္​ေလးရဲ႕...တကယ္​ေတာ့ကိုယ္ကအခ်စ္​ေတြနဲ႔တဗိုက္ျပည့္​ေနတာ...."

"အာ..ဦးယာကလည္း..."

"ဟားဟား..."နား႐ြက္​ေလး​ေတြရဲလာျပန္​ေသာ​ေကာင္​ေလးသည္ပါးမို႔မို႔​ေလးကို​ေဖာင္းတက္လာ​ေအာင္ၿပဳံး​ေလသည္....

"ကြၽန္​ေတာ္ထမင္းသုပ္​ေကြၽးမယ္​ေနာ္ခဏ​​ေစာင့္...မနက္စာကိုထမင္းသုပ္ကနဲနဲ​ေတာ့အဆင္မ​ေျပ​ေပမယ့္လည္းအိမ္မွာဒါ​ေလးပဲရွိလို႔...ည​ေနက်မွ​ေစ်းဝယ္သြားၾကမယ္​ေနာ္...."

"အင္း...မင္းသ​ေဘာပါ..."

ထို႔​ေနာက္​ေအးရိပ္သည္မ​ေန႔ကက်န္​ေနတဲ့ထမင္း​ေလးကိုပူ​ေအာင္​ေႏႊးလိုက္ကာထမင္းပူပူ​ေလးကိုဇလုံထဲထည့္ရင္းလိုအပ္သည္မ်ားထည့္..​ေရခဲ​ေသတၱာထဲကရွိတဲ့အသီးအႏွံ႔​ေလး​ေတြကိုအ​ေန​ေတာ္​ေလး​ေတြလွီးခြၽတ္ထည့္ကာလက္အိပ္​ေလးစြတ္ၿပီးထမင္းနယ္ရန္ျပင္ဆင္​ေန​ေလသည္....

သူ႔လႈပ္ရွားမႈ​ေလး​ေတြအကုန္လုံးကိုမ်က္​ေတာင္မခတ္တမ္းလိုက္ၾကည့္​ေနတာက​ေတာ့မင္းဦးယာပင္.....ကြၽမ္းက်င္စြာလႈပ္ရွား​ေန​ေသာလက္​ေခ်ာင္း​ေလးမ်ားသည္​ေပါ့ပါး၍လွပလြန္းသည္....နဖူးထက္ဝယ္​ေခြၽး​ေလး​ေတြစို႔​ေနပုံကိုကရင္ခုန္ဖြယ္အတိၿပီးလ်က္......

"သ​ေဘာက်လိုက္တာ"

"ဗ်ာ..."

"မင္းကိုတရားဝင္ၾကည့္ခြင့္ရတာကို..."

"ကိုယ္အၿမဲတမ္းမင္းရဲ႕လႈပ္ရွားမႈ​ေလး​ေတြကိုခိုးၾကည့္ခဲ့ရတာ...မ်က္လုံးမျမင္ရတုန္းကလည္းႏူးညံ့တဲ့မင္းရဲ႕အသံ​ေလးကိုပဲရင္ခုန္ခဲ့ရတာ....ကိုယ့္ရဲ႕ရိပ္ငယ္​​ေလးကသိပ္ကိုဆြဲ​ေဆာင္တက္တာပဲ​ေနာ္...."

မင္းဦးယာရဲ႕စကား​ေတြ​ေၾကာင့္​ေအးရိပ္မွာပူထူလို႔​ေန​ေလၿပီ....ရွက္လြန္းလို႔မ်က္ႏွာ​ေတြလည္းပူတက္လာၿပီ...ဦးယာသည္​ေတာ္​ေတာ္ကိုဆိုးတဲ့လူႀကီးပင္......

"ထမင္းသုပ္ရၿပီဦးယာ..."

"ဟားဟား...စားၾကမယ္​ေနာ္..."

"ဟုတ္..."

"ပန္းကန္နဲ႔မခြဲနဲ႔​ေတာ့တူတူပဲစားလိုက္မယ္..."

"ဟုတ္...."တူတူစားမယ္ဆိုတဲ့စကား​​ေအာက္မွာထမင္းသုတ္ပန္းကန္​ေလးသည္ဟိုဘက္ယိမ္းလိုက္ဒီဘက္ယိုင္လိုက္ႏွင့္လုံးလည္ခ်ာလည္လိုက္ကာ​ေျပာင္စင္သြား​ေလသည္.......

မနက္စာစားျခင္းၿပီးစီးၿပီး​ေနာက္ႏွစ္ဦးသား​ေစ်းဝယ္ထြက္ရန္ထြက္လာၾက​ေလသည္.....အရပ္ရွည္ရွည္ႏွင့္မင္းဦးယာသည္​ေတာင့္​ေျဖာင့္​​ေသာခႏၶာကိုယ္ႏွင့္အ​ေရးအ​ေၾကာင္း​ေလးအနည္းငယ္ရွိ​ေန႐ုံမွအပခႏၶာကိုယ္တစ္ခုလုံးကအားကိုးခ်င္စရာပင္....အ​ေပၚက​ေကာ္လံအက်ီေလးႏွင့္​ေအာက္ကလည္း​ေျခတုကိုပါလုံ​ေစရန္​ပုဆိုးအနက္က​ေလးကိုတြဲဝတ္ထား​ေလသည္.......အက်ီလက္တို​ေလး​ေအာက္က​ေသြး​ေၾကာစိမ္းမ်ားႏွင့္လက္ဖ်ံ​ေလးမွာလည္းထင္းလို႔....​ေအးရိပ္က​ေတာ့တီရွပ္အက်ီက​ေလးကိုပဲပုဆိုး​ေလးႏွင့္တြဲဝတ္ကာသူ႔မူပိုင္အတိုင္းခပ္​ေအး​ေအး​ေလးပင္...

အိမ္နားက24 hours mart​ေလးသို႔ႏွစ္ဦးသားလမ္း​လည္း​ေလွ်ာက္ရင္း​ေျခက်င္သြားၾက​ေလသည္......

"ရိပ္..."

"ဗ်ာ..."

"ကိုယ့္နားကိုကပ္"

"ဘာလို႔လဲဦးယာရဲ႕ဦးယာရႈပ္မွာစိုးလို႔ပါ...."

"ရတယ္...ကိုယ္အဆင္​ေျပတယ္...ကိုယ့္နားကိုကပ္​ေနာ္"

"ဟုတ္...."မင္းဦးယာ၏​ေတာင္းဆိုမႈ​ေၾကာင့္​​ေအးရိပ္မွာ​ေစ်းဝယ္သည့္တစ္​ေလွ်ာက္လုံးအနားသို႔ကပ္ကာသာဝယ္ရ​ေလသည္.......အျပန္က်​ေတာ့လည္းထိုနည္းလည္း​ေကာင္း​ေအးရိပ္ကိုသူႏွင့္အနီးဆုံးက​ေနသာ​ေလွ်ာက္ခိုင္း​ေလသည္. .......

အိမ္ျပန္​ေရာက္သည္ႏွင့္ႏွစ္ဦးသားအိမ္မွာသန္႔ရွင္း​ေရးလုပ္ရင္း၊စကား​ေတြ​ေျပာရင္းစ​ေနာက္ၾကရင္းတစ္​ေန႔တာကုန္ဆုံးခဲ့ၾကသည္....ခုမွျပန္​ေတြ႕ၾကတဲ့သူတို႔ႏွစ္ဦးအဖို႔အလြမ္းသယ္ခ်ိန္ကိုတသီးတစ္သန္႔ထားမ​ေနၾက​ေတာ့...အတူရွိ​ေနရတဲ့အခ်ိန္တိုင္းကိုတန္ဖိုးထားၾကသည္မို႔အခ်ိန္တိုင္းသည္ျပည့္စုံလို႔​ေနသည္......အားလုံးၿပီးစီးသြားခ်ိန္တြင္​ေတာ့ႏွစ္ဦးသား​ေျခကုန္လက္ပန္းက်ကာဝရံတာ​ေလးတြင္​ေလတျဖဴျဖဴးႏွင့္ညအလွကိုခံစားရင္းထြက္ထိုင္ၾက​ေလသည္....

ဆိုဖာအဝိုင္း​ေလးထက္မင္းဦးယာကထိုင္ကာမင္းဦးယာ၏ရင္ခြင္ထဲ၌​ေအးရိပ္​ေဝကိုထည့္ကာ​ေထြး​ေပြ႕ထားျပန္သည္....

"ရိပ္..​ေနာက္​ေန႔​ေတြက်ရင္တစ္​ေယာက္ထဲအျပင္မသြားရဘူး​ေနာ္"

"ဘာလို႔လဲဦးယာရဲ႕..."

"မင္းကိုသူမ်ား​ေတြၾကည့္မွာစိုးလို႔...."

"ဘယ္သူမွမၾကည့္ပါဘူးဦးယာရယ္"

"ၾကည့္တယ္...​ေနာက္ကိုတစ္​ေယာက္ထဲမသြားပါနဲ႔​ေနာ္..."

"ဟုတ္ပါၿပီဗ်ာ..."​ေအးရိပ္ကို​ေနာက္မွသိုင္းဖက္၍ပုခုံးထက္​ေမးတင္ကာ​ေျပာ​ေန​ေသာမင္းဦးယာသည္လိုခ်င္တာကို​ေတာင္းဆို​ေနတဲ့က​ေလးငယ္​ေလးတစ္​ေယာက္လို........

"အရင္ကဆိုညတိုင္းဦးယာကိုစကား​ေတြ​ေျပာ​ေနခဲ့တာ..."

"........."

"ဦးယာ​ေရာ...ဘာ​ေတြလုပ္​ေနခဲ့လဲ..."

"မင္းနဲ႔သမီး​ေလးကိုလြမ္း​ေနခဲ့​တာေပါ့"

"ကြၽန္​ေတာ့္ကိုဘာလို႔ခ်စ္ခဲ့တာလဲဦးယာ..."

"မင္းကကိုယ့္အတြက္ျဖစ္တည္လာတဲ့လူသား​ေလးမို႔လို႔ကိုယ့္ႏွလုံးသားကမင္းအတြက္သီးသန္႔ခုန္​ေနတာမို႔...ရိပ္ငယ္က​ေရာကိုယ့္ကိုဘာလို႔ခ်စ္တာလဲ...."

"ကြၽန္​ေတာ္ကလည္းဦးယာအတြက္ျဖစ္တည္လာတာမို႔လို႔.ကြၽန္​ေတာ့္ႏွလုံးသားကလည္းဦးယာအတြက္ခုန္​ေနတာမို႔လို႔..."

"ဟားဟား...ဟုတ္ပါၿပီ..."

"ဦးယာၾကည့္လိုက္ပါဦး...​ေကာင္းကင္ႀကီးကလွလိုက္တာ​​ေနာ္... "

"အင္း...တအားကိုလွတယ္...."

"အၿမဲ​​ေမွ်ာ္လင့္ေနခဲ့တာ...ဦးယာက်န္းက်န္းမာမာနဲ႔ဒီလို​ေပ်ာ္​ေနႏိုင္ဖို႔....ညတိုင္းဆု​ေတာင္းခဲ့ဖူးတယ္ၾကယ္​ေလး​ေတြနဲ႔လမင္းႀကီးကိုသက္​ေသထားၿပီး​ေတာ့...ကြၽန္​​ေတာ့္ရဲ႕ဦးယာ​ေပ်ာ္႐ႊင္ရပါ​ေစလို႔......"

"မင္းဆု​ေတာင္း​​ေတြျပည့္ခဲ့ပါတယ္ရိပ္ငယ္​ေလး....ဒါ​ေပမဲ့အယ့္ဆု​ေတာင္း​ေတြကမင္းရွိမွျပည့္စုံမွာပါ...မင္း​ေၾကာင့္သာကိုယ္ဒီလိုရွင္သန္ႏိုင္ခဲ့တာ...မင္း​ေပးတဲ့အားအင္​ေတြနဲ႔​ေလ....ကိုယ့္ရဲ႕ရိပ္ငယ္​ေလးကိုအရမ္း​ေက်းဇူးတင္တယ္​ေနာ္..."

"အင္း...ကြၽန္​ေတာ္ကလည္း​ေက်းဇူးတင္တယ္ဦးယာရဲ႕ဘဝထဲဝင္ခြင့္​ေပးခဲ့လို႔...ယိမ္းယိမ္း​ေလးကိုပ်ိဳး​ေထာင္ခြင့္​ေပးခဲ့လို႔၊မိသားစု​ေလး​​ေပးခဲ့လို႔၊ၿပီး​ေတာ့ခ်စ္​ေပးလို႔.......အရမ္းခ်စ္တယ္​ေနာ္ဦးယာ..."

"ကိုယ္ကလည္းမ​ေလ်ာ့​ေသာခ်စ္ျခင္းနဲ႔ခ်စ္ပါတယ္ရိပ္ငယ္"

"ယုံပါတယ္ဦးယာ...."

မင္းဦးယာသည္ရင္ခြင္ထဲမွ​ေအးရိပ္​ေဝရဲ႕မ်က္ႏွာ​ေလးကိုဆြဲယူကာပါးမို႔မို႔​ေလးထက္ကမွဲ႔နက္က​ေလးထက္အနမ္း​ေခြၽလိုက္​ေလသည္...ထိုအခါမ်က္လုံး​ေလးမွိတ္လို႔ၿငိမ္လ်က္ခံယူ​ေနပါ​ေသာ​ေအးရိပ္.....
ခ်ိဳၿမိန္​ေသာအနမ္း​ေလး​ေတြကမ်က္ႏွာအႏွံ႔ယုယစြာ​​ေႂကြၾကရင္းႏႈတ္ခမ္းဖူးဖူး​ေလးတစ္စုံထက္၌အဆုံးသတ္ပါ၏.......

ပထမဆုံးအျပန္အလွန္ဆိုမိၾကတဲ့ခ်စ္စကား​ေလး​ေတြသည္သိပ္ကိုလွပခဲ့​ေလသည္......

သည္​ေန႔မွစ​ေနာင္ႏွစ္​ေပါင္းမ်ားစြာတိုင္
သူတို႔ႏွစ္ဦးဟာ​ေႏြး​ေထြးတဲ့ခ်စ္ရိပ္ၿမဳံ​ေလးမွာတည္ရွိ​ေနပါလိမ့္မယ္....တစ္​ေယာက္လဲက်ရင္တစ္​ေယာက္က​ေဖးမရင္း​အျပန္အလွန္အတြက္​ေႏြး​ေထြးတဲ့ရင္ခြင္တစ္စုံကို​ေပးအပ္ရင္းတစ္ဦးကိုတစ္ဦး​ေထြး​ေပြ႕ထားၾကလိမ့္မည္.....ဤခ်စ္ျခင္း​ေလးဟာထာဝရအတြက္လွပစြာတည္ရွိ​ေန​ေတာ့မည္..........

ဖတ္ရတာအဆင္​ေျပရဲ႕လားရွင့္🥺❣
မိုးလင္းလို႔update​ေလး​​ေတြ႕ရင္
အ႐ႊန္းရဲ႕အတူး​ေလး​ေတြ​ေပ်ာ္မယ္ထင္ပါတယ္...​ေမွ်ာ္​ေနမယ္ဆိုရင္​ေပါ့....
အ႐ႊန္းကသိပ္မroတက္တာ​ေလးကို​ေတာ့နားလည္​ေပးဖို႔​ေတာင္းဆိုပါရ​ေစ​ေနာ္😔

၂နာရီလည္းထိုးၿပီဆို​ေတာ့အ႐ႊန္းအိပ္​ေတာ့မယ္​ေနာ္🥵မ်က္လုံးထဲမွာအ​ေကာင္​ေလး​ေတြဥဝင္ဥသြားသလို​ေလးလံၿပီးအိပ္ခ်င္​ေနၿပီ😵good nightကြယ္ love u ❤❤


© Shoon Oo,
книга «Yate(Complete)».
Коментарі