Part1
Part2
Part3
Part4
Part5
Part6
Part7
Part8
Part9
Part10
Part11
Part12
Part13
Part14
Part15
Extra1
Extra2
Extra3
Part2
"ယိမ်း​လေးကအယ့်အချိန်တုန်းကအ​မေရ​တော့​သိပ်​ပျော်တာပဲလား....."

"​ပျော်တာ​ပေါ့ကိုရယ်...ယိမ်းဘဝရဲ့အလင်းတိုင်​လေး​တွေ့လိုက်ရသလိုပဲသိလား..အယ့်တုန်းက​လေ........"

"​မေ​မေ...​မေ​မေ​ရော..."

ယိမ်းယိမ်းယာ​လေးသည်​ရေချိုးပြီးထွက်လာ​​တော့​စောန​နေရာမှာသူ့​မေ​မေလို့သတ်မှတ်လိုက်တဲ့ဦးဦးကိုမ​တွေ့​တော့မျက်နှာ​လေးကညိုကာပြို​တော့မယ့်မိုး​လေးလို.......

​"​မေ​မေအင့်..ဟင့်.ဟင့်...​​မေ​မေထားခဲ့ပြီ...."

သမီးရဲ့ငိုသံ​လေး​ကြောင့်မင်းဦးယာအ​ပြေးသွားကာ​ထွေး​ပွေ့ချင်​သော်လည်း​လေ....သမီး​လေးရယ်...​ဖေ​ဖေ​တောင်းပန်ပါတယ်.....ဒီ​နေ့မှစပြီးသိကျွမ်းခွင့်ရတဲ့သူစိမ်း​လေး​ရေငါတို့သားအဖမင်းကိုလိုအပ်တယ်ထင်ပါရဲ့.....သမီးရှိရာသို့မှန်းဆပြီးwheel chairကို​ရွှေ့သွားလိုက်သည်...က​လေးအတွက်​တော့မျက်စိရှုပ်စရာ​ပေမယ့်အိမ်ထဲမှာသွယ်တန်းထားတဲ့ကြိုးခပ်မြင့်မြင့်​လေး​တွေကမင်းဦးယာရဲ့မျက်လုံး​လေး​တွေပင်....ကြိုး​တန်း​တွေကိုတစ်ဖက်ကစမ်းရင်းတစ်ဖက်ကwheel chairကခလုတ်ကိုနှိပ်​ကာသမီးအသံ​လေးနဲ့အနီးဆုံးကိုသွားမိသည်.......

မငိုပါနဲ့သမီး​လေးရယ်...​ဖေ​ဖေသမီး​လေးမျက်နှာ​လေးကကိုမြင်ချင်တယ်....သမီး​လေးကို​ထွေး​ပွေ့ချင်တယ်ကွယ်........သမီးရှိ​လောက်မယ့်​နားကနေရာကို​ရောက်​တော့မှန်းဆကာwheelchairကိုရပ်လိုက်ပြီးလက်ကိုဆန့်တန်းကာ​ခေါ်​တော့သမီးငယ်​လေးကသူ့ကိုမကြည့်ဘဲတစ်​နေရာထဲကိုသာစူးစိုက်ကြည့်​နေတက်​သောကျွန်​တော့်ကို​ကြောက်လို့ထင်ပါရဲ့ငိုသံ​လေး​တော့ဆဲသွား​ပေမယ့်ရှိုက်​နေဆဲပင်...ကျွန်​တော့်ဆီကို​တော့ဖြင့်မလာခဲ့ပါ...​ဖေ​ဖေလို့လည်းတစ်ခါမှမ​ခေါ်ဘူး​သေးပါ....

​အေးရိပ်​ဝေက​လေးငိုသံ​ကြောင့်​လှေကားမှ​ပြေးဆင်းလာ​တော့သမီးငယ်​လေးရှိရာကိုမှန်းဆကာလက်​လေးဆန့်တန်းလျက်​ခေါ်​နေ​သောဦးယာနှင့်တဆက်ဆက်တုန်ကာငို​နေပြီးဖခင်ကို​ကြောက်ရွံ့စွာကြည့်​နေ​သောက​လေး​လေး....အရှင်ဘုရားရယ်ဘာရယ်​ကြောင့်ချစ်တက်လွန်းတဲ့သူ့ကိုဘဝ​သေ​စေပြီးဖြူစင်လွန်းတဲ့က​လေးကို​မေတ္တာငတ်​စေရတာလဲကွယ်....

ထို့​နောက်​လှေကားက​နေဆင်းလာပြီးသမီးဆီသွားလိုက်ကာ​ကောက်ချီ​တော့က​လေးငယ်ဟာဒီ​နေ့မှစ​တွေ့တဲ့သူ့ကို​မေ​မေဟု​အော်​ခေါ်ကာတင်းကျပ်စွာဖက်ပြီးငို​လေ​တော့သည်.......က​လေးရယ်ဘယ်​လောက်​တောင်​မေတ္တာငတ်ခဲ့ရတာလဲကွယ်....သမီး​လေးရဲ့ငိုရှိုက်သံ​တွေမှတစ်ဆင့်သမီး​လေးရင်ထဲကနာကျင်ဝမ်းနည်းမှု​တွေကိုသူခံစားလိုက်ရပါသည်.....က​လေးရယ်ဦးဦးက..က​လေးအတွက်မိခင်​မေတ္တာ​တွေ​ရောဖခင်​မေတ္တာကိုပါနားလည်​အောင်လုပ်​ပေးပါ့မယ်....ရင်ဘတ်ထဲမှမချိတင်ကဲ​ရေရွှတ်သံ​လေးကို​တော့ဘယ်သူမှမကြားလိုက်ပါ........

ထို့​နောက်ဦးယာကိုဘာလုပ်​ပေးရမလဲ​မေး​တော့ဘာမှမလုပ်​ပေးရတာနဲ့ပဲသမီး​လေးနဲ့ပထမဆုံးရက်မှာ​နွေး​ထွေးကြင်နာမှု​တွေကိုနဲနဲချင်းစပြီး​ဝေမျှ​ပေးမိသည်.......

​တ​နေကုန်တူတူ​ဆော့​နေ​သောသမီးငယ်​လေးသည်အရမ်း​ပျော်​နေတယ်ထင်ပါရဲ့ပြုံးရွှင်​နေတာ​ကြောင့်အိမ်ကအိမ်အကူ​တွေ​တောင်အံ့သြ​နေမိကြသည်တဲ့​လေ...က​လေးဆိုတာဒီလိုပဲပြုံး​နေသင့်တာမလား....ဦးဦးကမင်းတို့ကိုအပြုံး​တွေဖန်တီး​ပေးပါ့မယ်.......

သမီး​လေးအိပ်​ပျော်သွား​တော့အ​ပေါ်ထပ်ကအခန်းသို့ဦးယာတက်ရလွယ်ရန်တပ်ဆင်ထား​​သောဓါတ်​လှေကားအ​သေး​လေးမှတက်လိုက်သည်....

အခန်းထဲ​ရောက်သည်နှင့်ဦးယာကို​ရေချိုးခန်းထဲ​ခေါ်သွားကာသန့်စင်​ပေးလိုက်သည်...ပိုက်ဆံရှိအသိုင်းအဝိုင်းမို့အိမ်ကျယ်ကြီးထဲတွင်အ​ပေါ်ထပ်တစ်ထပ်လုံးကိုအခန်းပုံဖွဲ့ကာဦးယာသွားရလာရလုပ်ရကိုင်ရတာအစစအရာရာအဆင်​ပြေနိုင်ရန်ပြင်ဆင်​ပေးထားသည်......

"ဦးယာမျက်နှာသစ်ရ​အောင်​​နော်...."

"အင်း..."

နူးညံ့​သောအသံ​လေးထဲမှာပါဝင်လာတဲ့ကြင်နာမှု​တွေကသမီး​လေးကိုချစ်​စေတာလည်းမ​ပြောနဲ့....တဖက်လူကိုငြိုငြင်ရိပ်တစ်ခု​တောင်မပြတဲ့သူ့အသံ​လေးဟာအနှစ်နှစ်အလလမက်ခဲ့ရတဲ့အိမ်မက်ဆိုး​တွေကိုလွတ်​မြောက်နိုင်စွမ်းရှိပါ​လေစွ....

"သမီး​လေးက​မေ​မေလို့​ခေါ်တာမင်းအဆင်​ပြေရဲ့လားရိပ်...."

"​ပြေပါတယ်...."

"သမီးကမိခင်​မေတ္တာအရမ်း​တောင့်တ​နေလို့ပါ...."

ဝမ်းနည်းရိပ်​တွေစွတ်​နေ​သောဦးယာရဲ့အသံ​ကြောင့်​အေးရိပ်တကယ်အဆင်​ပြေ​ကြောင်းသိ​စေရန်အလို့ငှာ​ကျောပြင်ကိုဖွဖွ​လေးပွတ်၍"ကျွန်​တော်တကယ်အဆင်​ပြေပါတယ်...ကျွန်​တော်လည်းက​လေးချစ်တက်လို့​မေ​မေလုပ်ရတာမခက်ခဲပါဘူးဗျ....."ဟု​ပြောမိသည်....

​ယောကျာ်း​လေးတစ်​ယောက်ဖြစ်ပါရဲ့နွဲ​နောင်း​နေတာမျိုးမဟုတ်ပါဘဲနဲ့ကြင်နာတက်ပြီးနူးညံ့တဲ့သူ့ရဲ့အသံအပြုအမူ​တွေဟာ​ဖော့ဖ​ယောင်း​လေးလိုဂွမ်းဆိုင်​လေးလိုနူးညံ့လို့​နေသည်....

"အင်း​ကျေးဇူးရိပ်...."

"........"

"အိပ်ယာဝင်​တော့မလား....စာဖတ်ပြမယ်​လေ......."

"ဟင်..အင်း...."

အရင်လူ​တွေဆိုသူ့ကိုအိပ်ရာ​ပေါ်တင်​ပေးကာ​နေရာချ​ပေးရုံပဲဝတ်​ကျေတန်း​ကျေလုပ်​ပေးကြသည်....ဒီ​ကောင်​လေးက​တော့စိတ်​ရောကိုယ်ပါကူညီပါ​ရော့​လား....​ကျေးဇူးပါရိပ်......စစသိတဲ့​နေ့မှာတင်ဒီ​ကောင်​လေးကို​ကျေးဇူးတင်မိတာဘယ်နှစ်ကြိမ်​​​မြောက်မှန်းမသိ​လေ​တော့.....

ဦးယာကိုအိပ်ရာ​ပေါ်​နေရာချ​ပေးပြီးခဏကြာ​တော့တံခါး​ခေါက်သံ​သေး​သေး​လေးကကြားရသည်....

"ဦးယာခဏ​နော်..."

"အင်း..."

တံခါးကိုဖွင့်လိုက်​တော့သမီးငယ်​လေးကညအိပ်ဝတ်စုံပွ​ယောင်း​ယောင်း​လေးနှင့်လုံးလုံး​လေး...​ခေါင်းဦး​လေးပိုက်လျက်.....

"​မေ​မေ...ယိမ်းကို​ချော့သိပ်ပါလားဟင်"

​တောင်းဆိုသလို​လေး​ပြောလာတဲ့က​လေး​လေး......

"သိပ်မှာ​ပေါ့သမီး​လေးရယ်..."

လက်​လေးဆန့်တန်းကာ​ခေါ်​တော့လက်​လေးတွဲ၍ပါလာပြီးကုတင်​ပေါ်ကသူ့အ​ဖေကိုလှမ်းကြည့်သည်.....

"သမီး​လေး​က​ဖေ​ဖေ့​ဘေးဝင်လှဲ​လေ..."

"ဟင့်အင်း...​ကြောက်တယ်..."

တကယ်ပဲ​ကြောက်​နေဟန်တူ​သောသမီး​လေး​ကြောင့်​ပေါင်​ပေါ်​ပွေ့တင်ကာဦးယာရဲ့ကုတင်​​ထောင့်​လေးမှာထိုင်လျက်......

"ဦးယာလက်​ပေး..."

ဦးယာကဘာမှမ​​မေးသူ့လက်ကိုဆန့်​ပေးသည်....ထို့​နောင်သမီး​လေးမြင်သာ​အောင်စုပ်ကိုင်ပြလိုက်ကာ...

"သမီး​လေးလည်း​ဖေ​ဖေ့ကိုကိုင်ထား​​နော်.....​မေ​မေကပုံပြင်​ပြောပြမယ်...."

"ဟုတ်..."

သမီးကသူ့လက်​သေး​သေး​လေး​တွေနဲ့ပထမဆုံးအကြိမ်အဖြစ်မင်းဦးယာကို​ထိ​တွေ့သည်....မင်းဦးယာ၏ရင်ထဲတွင်လှိုက်ဖိုကြည်နူးခြင်းတို့ကလှိုက်တက်လာရသည်......

​အေးရိပ်ကသမီး​လေးရဲ့​ခေါင်း​လေး​ပေါ်လက်​လေးတင်၍ဆံပင်​လေး​တွေကိုပွတ်သပ်​တော့သမီးကမျက်ရည်​လေး​တွေဝဲလို့.......

ယိမ်း​ယိမ်းပျော်လိုက်တာဆိုတာ​လေ...ပထမဆုံးအကြိမ်အဖြစ်ယိမ်းယိမ်းရဲ့ဆံပင်​လေး​တွေကိုနူးနူးညံ့ညံ့​လေးပွတ်သပ်ပြီး​နွေး​ထွေးခြင်းကိုခံစား​စေခဲ့တာ...ယိမ်းအရမ်း​တောင့်တခဲ့တဲ့ကြင်နာယုယမှု​တွေကိုယိမ်းစရခဲ့တဲ့ည​လေး​ပေါ့.....ယိမ်းယိမ်းသိပ်​ပျော်တာပဲသိလား....

ထိုညကသမီး​လေး​ရောသူ့အ​ဖေ​ရောဟာမတူညီ​သောကြည်နူးမှု​၁ခုစီတွေကိုသူစိမ်းလူသား​လေးတစ်​ယောက်​ကြောင့်ရရှိခဲ့​လေသည်​ပေါ့.........

မိုးလင်း​တော့အ​​စောကြီးနိုးတက်တဲ့​အေးရိပ်ဟာသမီး​လေးရဲ့ပါးပြင်​လေးကို​မွှေးကြူပြီး​မောနင်းပါသမီး​လေးဟုနားနားကပ်​ပြောလိုက်သည်....​မေ​မေနဲ့တူတူအိပ်ရလို့စိတ်လှုပ်ရှားကာအ​စောကြီးနိုး​နေတဲ့က​လေး​လေးကလည်းနူးညံ့တဲ့အနမ်း​လေး​ကြောင့်မျက်နှာ​လေးကပြုံး​နေ​လေရဲ့....လပြည့်ဝန်း​လေးဟာခုမှ​တောက်ပလာသလို...​နေမင်းကြီးဟာလည်းလင်းလက်လာသလို...

"ဦးယာ..."

နိုးမနိုးသိချင်လို့တိုးတိုး​လေး​ခေါ်မိ​တော့
"အင်း"ဟုထူးလာ​သောသူ.....

"နိုး​နေပြီလား..."

"အင်းနိုးပြီ..."

"​ရေချိုးချင်လား..​နေ့လည်မှချိုးမလား..."

"ခုချိုးမယ်​လေ...."

"အင်းချိုးရ​အောင်​နော်...."

"​ရေချိုးခန်းထဲပဲပို့​ပေးရင်ရပြီ..."

"မဟုတ်တာကျွန်​တော်ကူညီမှာ​ပေါ့..."

စကားကိုအမြဲ​အေး​ဆေးစွာအသံချိုချို​အေး​အေး​လေးနှင့်​ပြောတက်​သော​ကောင်​လေးဟာသူလိုရာကိုလည်းဆွဲသိမ်းနိုင်သလို........

"​မေ​မေ..."

"ဗျာ့...သမီး​လေးနိုးပြီလား..."

"ရှင်လို့..ထူးရမှာ​ယေ"

"ရှင့်...သမီး​လေးနိုးပြီလား..."

"ဟုတ်...."

"အွန်း..နိုးပြီဆို​တော့morning kiss​လေး​ပေးပါဦး....."

"မွ...​"

"​ဖေ​ဖေ့ကို​ရော​ပေးလိုက်ပါဦး...."

သမီး​လေးသည်သူ့အ​ဖေကို​ကြောက်​နေ​သေးတယ်ထင်ကုတင်​ပေါ်တွင်သာထိုင်​နေမြဲပင်......

"ရပါတယ်...သမီး​လေးမ​ပေးချင်လည်းမ​ပေးပါနဲ့...."

ဦးယာ၏အသံ​တွေတုန်​နေသည်...ဒီသားအဖကြားချစ်ခြင်း​မေတ္တာ​တွေဖန်တီး​ပေးရမှာလည်းသူ့အလုပ်ပဲ​လေ....

"သမီး​လေး​ဖေ​ဖေ့ကိုမချစ်ဘူးလား"

"ရှစ်ပါတယ်..."

"ချစ်ရင်အာဘွား​ပေးရတယ်သမီး​လေးရဲ့ခု​မေ​မေ့ကို​ပေးသလို​ပေါ့......​ပေးမယ်မလားသမီးငယ်​လေး...ဟင်..."

"ဟုတ်"

ဟုဆိုကာသူ့​ဖေ​ဖေနားအ​ပြေးသွားပြီးရွှတ်ခနဲနမ်းလိုက်​တော့မျက်ရည်​တွေပင်ဝဲလာသည်အထိဝမ်းသာလာတဲ့ဦးယာဟာပါး​ပေါ်မှာခုမှမြင်ဖူးတဲ့ပါးချိုင့်ကြီး​တွေခွက်သည်အထိပြုံးလို့........

"လိမ္မာလိုက်တာသမီးငယ်​လေးက...ဒီ​နေ့​မေမ​မေနဲ့မုန့်လုပ်စားကြမယ်​နော်...."

"ဟုတ်..."

"မိုးလင်းတိုင်းလည်း​ဖေ​ဖေနဲ့​မေ​မေ့ကိုခုလိုအာဘွား​ပေးရမယ်​နော်...."

"ဟုတ်..."

"လိမ္မာလိုက်တာသမီး​လေးက...လာပါဦး..."

"ခစ်ခစ်...ယားတယ်...ခစ်ခစ်..."

ကလိထိုးကာကျီစယ်တော့သမီး​လေးရဲ့ရယ်သံလွင်လွင်​လေးကမနက်ခင်းရဲ့ငှက်က​​လေး​တွေနဲ့အပြိုင်ပျံ့လွင့်လို့......

သမီးရဲ့ရယ်သံ​လေးကိုကြားရတာဒါပထမဆုံးအကြိမ်ပါ...​မွေးကတည်းကအိမ်​​ဖော်​တွေ..အဖိုးအဘွား​တွေနဲ့​နေရတဲ့သမီး​လေးဟာခုချိန်ထိအရယ်အပြုံးမရှိခဲ့...မမြင်ရ​ပေမယ့်သမီးရဲ့ရယ်သံ​လေးကိုတစ်ခါမှမကြားခဲ့ရဘူးမလား.....ဘယ်​လောက်​​တောင်​ပျော်​နေလိုက်မလဲသမီး​လေးရယ်....​ဖေ​ဖေ​တောင်းပန်ပါတယ်...ရိပ်ကို​ကျေးဇူးတင်ပါတယ်......

သမီးကိုလည်းအကြိမ်ကြိမ်​တောင်းပန်မိသလိုရိပ်ဆို​သော​ကောင်​လေးကိုလည်း​ကျေးဇူးတင်မိတာအကြိမ်ကြိမ်...ဒါ​တောင်​​တွေ့တာ၂ရက်မပြည့်​သေးဘူးရယ်.......

"ရိပ်ဆိုတဲ့ယိမ်းရဲ့​မေ​မေဟာယိမ်းဘဝရဲ့ပထမဆုံးရယ်သံ​တွေ...ပထမဆုံး​ပျော်ရွှင်ခြင်း​တွေအကုန်လုံးကိုစတင်ဖန်တီးခဲ့တယ်....ယိမ်းဘဝရဲ့ပထမဆုံးဆိုတဲ့အရာ​တွေကိုအကုန်လုံးသိခွင့်ထိ​တွေ့ခွင့်ခံစားခွင့်​ပေးခဲ့တယ်...ယိမ်းရဲ့​သေးငယ်တဲ့နှလုံးသားနုနု​လေးမှာ​မေ​မေကချစ်ခြင်း​မေတ္တာ​တွေကိုတဖြည်းဖြည်းနဲ့အပြည့်ထည့်​ပေးခဲ့တယ်....သူ့ရဲ့​ယောကျာ်းဆိုတဲ့မြင့်မြတ်တဲ့ဘဝနဲ့​မေ​မေဆိုတဲ့နာမ်စားကိုအပြုံးမပျက်အ​ခေါ်ခံခဲ့တယ်...ယိမ်းသိပ်ကိုကံ​ကောင်းခဲ့တာပဲကိုရယ်...."

ညအိပ်ရာဝင်ခါနီးသူ့ဇာတ်လမ်း​လေးကိုဆက်​နေပါ​သောချစ်ဇနီး​လေး...

"နား​ထောင်ရတဲ့ကိုယ်ပါဒီကြင်နာမှု​တွေကိုခံစားရပါတယ်ယိမ်းရယ်....​နောက်​​တော့​ရောဘာဆက်ဖြစ်လဲ....ယိမ်း​ဖေ​ဖေကို​ရောယိမ်းချစ်လာလား...​နောက်​ရော..ကိုယ်ထပ်သိချင်မိတယ်ယိမ်းရယ်"

"သိရမှာ​ပေါ့ကိုရယ်...မနက်ဖြန်​တော့​ပြောပြပါ့မယ်....ခု​တော့ယိမ်းပင်ပန်းလို့အိပ်ချင်ပြီ....."

"ဟုတ်ပါပြီယိမ်း​လေးသ​ဘောမနက်ဖြန်​တော့​သေချာ​ပေါက်​ပြောပြ​နော်..."

"ဟုတ်ပါပြီရှင်..."

ချစ်ဇနီး​လေး၏နဖူး​လေးနဲ့ဗိုက်လုံးလုံး​လေးကိုနမ်းလိုက်ပြီးအိပ်စက်ခြင်းဆီသို့....

ဖတ်ရတာအဆင်​ပြေရဲ့လားရှင့်😘......

/////////////////////////

"ယိမ္း​ေလးကအယ့္အခ်ိန္တုန္းကအ​ေမရ​ေတာ့​သိပ္​ေပ်ာ္တာပဲလား....."

"​ေပ်ာ္တာ​ေပါ့ကိုရယ္...ယိမ္းဘဝရဲ႕အလင္းတိုင္​ေလး​ေတြ႕လိုက္ရသလိုပဲသိလား..အယ့္တုန္းက​ေလ........"

"​ေမ​ေမ...​ေမ​ေမ​ေရာ..."

ယိမ္းယိမ္းယာ​ေလးသည္​ေရခ်ိဳးၿပီးထြက္လာ​​ေတာ့​ေစာန​ေနရာမွာသူ႔​ေမ​ေမလို႔သတ္မွတ္လိုက္တဲ့ဦးဦးကိုမ​ေတြ႕​ေတာ့မ်က္ႏွာ​ေလးကညိဳကာၿပိဳ​ေတာ့မယ့္မိုး​ေလးလို.......

​"​ေမ​ေမအင့္..ဟင့္.ဟင့္...​​ေမ​ေမထားခဲ့ၿပီ...."

သမီးရဲ႕ငိုသံ​ေလး​ေၾကာင့္မင္းဦးယာအ​ေျပးသြားကာ​ေထြး​ေပြ႕ခ်င္​ေသာ္လည္း​ေလ....သမီး​ေလးရယ္...​ေဖ​ေဖ​ေတာင္းပန္ပါတယ္.....ဒီ​ေန႔မွစၿပီးသိကြၽမ္းခြင့္ရတဲ့သူစိမ္း​ေလး​ေရငါတို႔သားအဖမင္းကိုလိုအပ္တယ္ထင္ပါရဲ႕.....သမီးရွိရာသို႔မွန္းဆၿပီးwheel chairကို​ေ႐ႊ႕သြားလိုက္သည္...က​ေလးအတြက္​ေတာ့မ်က္စိရႈပ္စရာ​ေပမယ့္အိမ္ထဲမွာသြယ္တန္းထားတဲ့ႀကိဳးခပ္ျမင့္ျမင့္​ေလး​ေတြကမင္းဦးယာရဲ႕မ်က္လုံး​ေလး​ေတြပင္....ႀကိဳး​တန္း​ေတြကိုတစ္ဖက္ကစမ္းရင္းတစ္ဖက္ကwheel chairကခလုတ္ကိုႏွိပ္​ကာသမီးအသံ​ေလးနဲ႔အနီးဆုံးကိုသြားမိသည္.......

မငိုပါနဲ႔သမီး​ေလးရယ္...​ေဖ​ေဖသမီး​ေလးမ်က္ႏွာ​ေလးကကိုျမင္ခ်င္တယ္....သမီး​ေလးကို​ေထြး​ေပြ႕ခ်င္တယ္ကြယ္........သမီးရွိ​ေလာက္မယ့္​နားကေနရာကို​ေရာက္​ေတာ့မွန္းဆကာwheelchairကိုရပ္လိုက္ၿပီးလက္ကိုဆန္႔တန္းကာ​ေခၚ​ေတာ့သမီးငယ္​ေလးကသူ႔ကိုမၾကည့္ဘဲတစ္​ေနရာထဲကိုသာစူးစိုက္ၾကည့္​ေနတက္​ေသာကြၽန္​ေတာ့္ကို​ေၾကာက္လို႔ထင္ပါရဲ႕ငိုသံ​ေလး​ေတာ့ဆဲသြား​ေပမယ့္ရႈိက္​ေနဆဲပင္...ကြၽန္​ေတာ့္ဆီကို​ေတာ့ျဖင့္မလာခဲ့ပါ...​ေဖ​ေဖလို႔လည္းတစ္ခါမွမ​ေခၚဘူး​ေသးပါ....

​ေအးရိပ္​ေဝက​ေလးငိုသံ​ေၾကာင့္​ေလွကားမွ​ေျပးဆင္းလာ​ေတာ့သမီးငယ္​ေလးရွိရာကိုမွန္းဆကာလက္​ေလးဆန္႔တန္းလ်က္​ေခၚ​ေန​ေသာဦးယာႏွင့္တဆက္ဆက္တုန္ကာငို​ေနၿပီးဖခင္ကို​ေၾကာက္႐ြံ႕စြာၾကည့္​ေန​ေသာက​ေလး​ေလး....အရွင္ဘုရားရယ္ဘာရယ္​ေၾကာင့္ခ်စ္တက္လြန္းတဲ့သူ႔ကိုဘဝ​ေသ​ေစၿပီးျဖဴစင္လြန္းတဲ့က​ေလးကို​ေမတၱာငတ္​ေစရတာလဲကြယ္....

ထို႔​ေနာက္​ေလွကားက​ေနဆင္းလာၿပီးသမီးဆီသြားလိုက္ကာ​ေကာက္ခ်ီ​ေတာ့က​ေလးငယ္ဟာဒီ​ေန႔မွစ​ေတြ႕တဲ့သူ႔ကို​ေမ​ေမဟု​ေအာ္​ေခၚကာတင္းက်ပ္စြာဖက္ၿပီးငို​ေလ​ေတာ့သည္.......က​ေလးရယ္ဘယ္​ေလာက္​ေတာင္​ေမတၱာငတ္ခဲ့ရတာလဲကြယ္....သမီး​ေလးရဲ႕ငိုရႈိက္သံ​ေတြမွတစ္ဆင့္သမီး​ေလးရင္ထဲကနာက်င္ဝမ္းနည္းမႈ​ေတြကိုသူခံစားလိုက္ရပါသည္.....က​ေလးရယ္ဦးဦးက..က​ေလးအတြက္မိခင္​ေမတၱာ​ေတြ​ေရာဖခင္​ေမတၱာကိုပါနားလည္​ေအာင္လုပ္​ေပးပါ့မယ္....ရင္ဘတ္ထဲမွမခ်ိတင္ကဲ​ေရ႐ႊတ္သံ​ေလးကို​ေတာ့ဘယ္သူမွမၾကားလိုက္ပါ........

ထို႔​ေနာက္ဦးယာကိုဘာလုပ္​ေပးရမလဲ​ေမး​ေတာ့ဘာမွမလုပ္​ေပးရတာနဲ႔ပဲသမီး​ေလးနဲ႔ပထမဆုံးရက္မွာ​ေႏြး​ေထြးၾကင္နာမႈ​ေတြကိုနဲနဲခ်င္းစၿပီး​ေဝမွ်​ေပးမိသည္.......

​တ​ေနကုန္တူတူ​ေဆာ့​ေန​ေသာသမီးငယ္​ေလးသည္အရမ္း​ေပ်ာ္​ေနတယ္ထင္ပါရဲ႕ၿပဳံး႐ႊင္​ေနတာ​ေၾကာင့္အိမ္ကအိမ္အကူ​ေတြ​ေတာင္အံ့ၾသ​ေနမိၾကသည္တဲ့​ေလ...က​ေလးဆိုတာဒီလိုပဲၿပဳံး​ေနသင့္တာမလား....ဦးဦးကမင္းတို႔ကိုအၿပဳံး​ေတြဖန္တီး​ေပးပါ့မယ္.......

သမီး​ေလးအိပ္​ေပ်ာ္သြား​ေတာ့အ​ေပၚထပ္ကအခန္းသို႔ဦးယာတက္ရလြယ္ရန္တပ္ဆင္ထား​​ေသာဓါတ္​ေလွကားအ​ေသး​ေလးမွတက္လိုက္သည္....

အခန္းထဲ​ေရာက္သည္ႏွင့္ဦးယာကို​ေရခ်ိဳးခန္းထဲ​ေခၚသြားကာသန္႔စင္​ေပးလိုက္သည္...ပိုက္ဆံရွိအသိုင္းအဝိုင္းမို႔အိမ္က်ယ္ႀကီးထဲတြင္အ​ေပၚထပ္တစ္ထပ္လုံးကိုအခန္းပုံဖြဲ႕ကာဦးယာသြားရလာရလုပ္ရကိုင္ရတာအစစအရာရာအဆင္​ေျပႏိုင္ရန္ျပင္ဆင္​ေပးထားသည္......

"ဦးယာမ်က္ႏွာသစ္ရ​ေအာင္​​ေနာ္...."

"အင္း..."

ႏူးညံ့​ေသာအသံ​ေလးထဲမွာပါဝင္လာတဲ့ၾကင္နာမႈ​ေတြကသမီး​ေလးကိုခ်စ္​ေစတာလည္းမ​ေျပာနဲ႔....တဖက္လူကိုၿငိဳျငင္ရိပ္တစ္ခု​ေတာင္မျပတဲ့သူ႔အသံ​ေလးဟာအႏွစ္ႏွစ္အလလမက္ခဲ့ရတဲ့အိမ္မက္ဆိုး​ေတြကိုလြတ္​ေျမာက္ႏိုင္စြမ္းရွိပါ​ေလစြ....

"သမီး​ေလးက​ေမ​ေမလို႔​ေခၚတာမင္းအဆင္​ေျပရဲ႕လားရိပ္...."

"​ေျပပါတယ္...."

"သမီးကမိခင္​ေမတၱာအရမ္း​ေတာင့္တ​ေနလို႔ပါ...."

ဝမ္းနည္းရိပ္​ေတြစြတ္​ေန​ေသာဦးယာရဲ႕အသံ​ေၾကာင့္​ေအးရိပ္တကယ္အဆင္​ေျပ​ေၾကာင္းသိ​ေစရန္အလို႔ငွာ​ေက်ာျပင္ကိုဖြဖြ​ေလးပြတ္၍"ကြၽန္​ေတာ္တကယ္အဆင္​ေျပပါတယ္...ကြၽန္​ေတာ္လည္းက​ေလးခ်စ္တက္လို႔​ေမ​ေမလုပ္ရတာမခက္ခဲပါဘူးဗ်....."ဟု​ေျပာမိသည္....

​ေယာက်ာ္း​ေလးတစ္​ေယာက္ျဖစ္ပါရဲ႕ႏြဲ​ေနာင္း​ေနတာမ်ိဳးမဟုတ္ပါဘဲနဲ႔ၾကင္နာတက္ၿပီးႏူးညံ့တဲ့သူ႔ရဲ႕အသံအျပဳအမူ​ေတြဟာ​ေဖာ့ဖ​ေယာင္း​ေလးလိုဂြမ္းဆိုင္​ေလးလိုႏူးညံ့လို႔​ေနသည္....

"အင္း​ေက်းဇူးရိပ္...."

"........"

"အိပ္ယာဝင္​ေတာ့မလား....စာဖတ္ျပမယ္​ေလ......."

"ဟင္..အင္း...."

အရင္လူ​ေတြဆိုသူ႔ကိုအိပ္ရာ​ေပၚတင္​ေပးကာ​ေနရာခ်​ေပး႐ုံပဲဝတ္​ေက်တန္း​ေက်လုပ္​ေပးၾကသည္....ဒီ​ေကာင္​ေလးက​ေတာ့စိတ္​ေရာကိုယ္ပါကူညီပါ​ေရာ့​လား....​ေက်းဇူးပါရိပ္......စစသိတဲ့​ေန႔မွာတင္ဒီ​ေကာင္​ေလးကို​ေက်းဇူးတင္မိတာဘယ္ႏွစ္ႀကိမ္​​​ေျမာက္မွန္းမသိ​ေလ​ေတာ့.....

ဦးယာကိုအိပ္ရာ​ေပၚ​ေနရာခ်​ေပးၿပီးခဏၾကာ​ေတာ့တံခါး​ေခါက္သံ​ေသး​ေသး​ေလးကၾကားရသည္....

"ဦးယာခဏ​ေနာ္..."

"အင္း..."

တံခါးကိုဖြင့္လိုက္​ေတာ့သမီးငယ္​ေလးကညအိပ္ဝတ္စုံပြ​ေယာင္း​ေယာင္း​ေလးႏွင့္လုံးလုံး​ေလး...​ေခါင္းဦး​ေလးပိုက္လ်က္.....

"​ေမ​ေမ...ယိမ္းကို​ေခ်ာ့သိပ္ပါလားဟင္"

​ေတာင္းဆိုသလို​ေလး​ေျပာလာတဲ့က​ေလး​ေလး......

"သိပ္မွာ​ေပါ့သမီး​ေလးရယ္..."

လက္​ေလးဆန္႔တန္းကာ​ေခၚ​ေတာ့လက္​ေလးတြဲ၍ပါလာၿပီးကုတင္​ေပၚကသူ႔အ​ေဖကိုလွမ္းၾကည့္သည္.....

"သမီး​ေလး​က​ေဖ​ေဖ့​ေဘးဝင္လွဲ​ေလ..."

"ဟင့္အင္း...​ေၾကာက္တယ္..."

တကယ္ပဲ​ေၾကာက္​ေနဟန္တူ​ေသာသမီး​ေလး​ေၾကာင့္​ေပါင္​ေပၚ​ေပြ႕တင္ကာဦးယာရဲ႕ကုတင္​​ေထာင့္​ေလးမွာထိုင္လ်က္......

"ဦးယာလက္​ေပး..."

ဦးယာကဘာမွမ​​ေမးသူ႔လက္ကိုဆန္႔​ေပးသည္....ထို႔​ေနာင္သမီး​ေလးျမင္သာ​ေအာင္စုပ္ကိုင္ျပလိုက္ကာ...

"သမီး​ေလးလည္း​ေဖ​ေဖ့ကိုကိုင္ထား​​ေနာ္.....​ေမ​ေမကပုံျပင္​ေျပာျပမယ္...."

"ဟုတ္..."

သမီးကသူ႔လက္​ေသး​ေသး​ေလး​ေတြနဲ႔ပထမဆုံးအႀကိမ္အျဖစ္မင္းဦးယာကို​ထိ​ေတြ႕သည္....မင္းဦးယာ၏ရင္ထဲတြင္လႈိက္ဖိုၾကည္ႏူးျခင္းတို႔ကလႈိက္တက္လာရသည္......

​ေအးရိပ္ကသမီး​ေလးရဲ႕​ေခါင္း​ေလး​ေပၚလက္​ေလးတင္၍ဆံပင္​ေလး​ေတြကိုပြတ္သပ္​ေတာ့သမီးကမ်က္ရည္​ေလး​ေတြဝဲလို႔.......

ယိမ္း​ယိမ္းေပ်ာ္လိုက္တာဆိုတာ​ေလ...ပထမဆုံးအႀကိမ္အျဖစ္ယိမ္းယိမ္းရဲ႕ဆံပင္​ေလး​ေတြကိုႏူးႏူးညံ့ညံ့​ေလးပြတ္သပ္ၿပီး​ေႏြး​ေထြးျခင္းကိုခံစား​ေစခဲ့တာ...ယိမ္းအရမ္း​ေတာင့္တခဲ့တဲ့ၾကင္နာယုယမႈ​ေတြကိုယိမ္းစရခဲ့တဲ့ည​ေလး​ေပါ့.....ယိမ္းယိမ္းသိပ္​ေပ်ာ္တာပဲသိလား....

ထိုညကသမီး​ေလး​ေရာသူ႔အ​ေဖ​ေရာဟာမတူညီ​ေသာၾကည္ႏူးမႈ​၁ခုစီေတြကိုသူစိမ္းလူသား​ေလးတစ္​ေယာက္​ေၾကာင့္ရရွိခဲ့​ေလသည္​ေပါ့.........

မိုးလင္း​ေတာ့အ​​ေစာႀကီးႏိုးတက္တဲ့​ေအးရိပ္ဟာသမီး​ေလးရဲ႕ပါးျပင္​ေလးကို​ေမႊးၾကဴၿပီး​ေမာနင္းပါသမီး​ေလးဟုနားနားကပ္​ေျပာလိုက္သည္....​ေမ​ေမနဲ႔တူတူအိပ္ရလို႔စိတ္လႈပ္ရွားကာအ​ေစာႀကီးႏိုး​ေနတဲ့က​ေလး​ေလးကလည္းႏူးညံ့တဲ့အနမ္း​ေလး​ေၾကာင့္မ်က္ႏွာ​ေလးကၿပဳံး​ေန​ေလရဲ႕....လျပည့္ဝန္း​ေလးဟာခုမွ​ေတာက္ပလာသလို...​ေနမင္းႀကီးဟာလည္းလင္းလက္လာသလို...

"ဦးယာ..."

ႏိုးမႏိုးသိခ်င္လို႔တိုးတိုး​ေလး​ေခၚမိ​ေတာ့
"အင္း"ဟုထူးလာ​ေသာသူ.....

"ႏိုး​ေနၿပီလား..."

"အင္းႏိုးၿပီ..."

"​ေရခ်ိဳးခ်င္လား..​ေန႔လည္မွခ်ိဳးမလား..."

"ခုခ်ိဳးမယ္​ေလ...."

"အင္းခ်ိဳးရ​ေအာင္​ေနာ္...."

"​ေရခ်ိဳးခန္းထဲပဲပို႔​ေပးရင္ရၿပီ..."

"မဟုတ္တာကြၽန္​ေတာ္ကူညီမွာ​ေပါ့..."

စကားကိုအၿမဲ​ေအး​ေဆးစြာအသံခ်ိဳခ်ိဳ​ေအး​ေအး​ေလးႏွင့္​ေျပာတက္​ေသာ​ေကာင္​ေလးဟာသူလိုရာကိုလည္းဆြဲသိမ္းႏိုင္သလို........

"​ေမ​ေမ..."

"ဗ်ာ့...သမီး​ေလးႏိုးၿပီလား..."

"ရွင္လို႔..ထူးရမွာ​ေယ"

"ရွင့္...သမီး​ေလးႏိုးၿပီလား..."

"ဟုတ္...."

"အြန္း..ႏိုးၿပီဆို​ေတာ့morning kiss​ေလး​ေပးပါဦး....."

"မြ...​"

"​ေဖ​ေဖ့ကို​ေရာ​ေပးလိုက္ပါဦး...."

သမီး​ေလးသည္သူ႔အ​ေဖကို​ေၾကာက္​ေန​ေသးတယ္ထင္ကုတင္​ေပၚတြင္သာထိုင္​ေနၿမဲပင္......

"ရပါတယ္...သမီး​ေလးမ​ေပးခ်င္လည္းမ​ေပးပါနဲ႔...."

ဦးယာ၏အသံ​ေတြတုန္​ေနသည္...ဒီသားအဖၾကားခ်စ္ျခင္း​ေမတၱာ​ေတြဖန္တီး​ေပးရမွာလည္းသူ႔အလုပ္ပဲ​ေလ....

"သမီး​ေလး​ေဖ​ေဖ့ကိုမခ်စ္ဘူးလား"

"ရွစ္ပါတယ္..."

"ခ်စ္ရင္အာဘြား​ေပးရတယ္သမီး​ေလးရဲ႕ခု​ေမ​ေမ့ကို​ေပးသလို​ေပါ့......​ေပးမယ္မလားသမီးငယ္​ေလး...ဟင္..."

"ဟုတ္"

ဟုဆိုကာသူ႔​ေဖ​ေဖနားအ​ေျပးသြားၿပီး႐ႊတ္ခနဲနမ္းလိုက္​ေတာ့မ်က္ရည္​ေတြပင္ဝဲလာသည္အထိဝမ္းသာလာတဲ့ဦးယာဟာပါး​ေပၚမွာခုမွျမင္ဖူးတဲ့ပါးခ်ိဳင့္ႀကီး​ေတြခြက္သည္အထိၿပဳံးလို႔........

"လိမၼာလိုက္တာသမီးငယ္​ေလးက...ဒီ​ေန႔​ေမမ​ေမနဲ႔မုန္႔လုပ္စားၾကမယ္​ေနာ္...."

"ဟုတ္..."

"မိုးလင္းတိုင္းလည္း​ေဖ​ေဖနဲ႔​ေမ​ေမ့ကိုခုလိုအာဘြား​ေပးရမယ္​ေနာ္...."

"ဟုတ္..."

"လိမၼာလိုက္တာသမီး​ေလးက...လာပါဦး..."

"ခစ္ခစ္...ယားတယ္...ခစ္ခစ္..."

ကလိထိုးကာက်ီစယ္ေတာ့သမီး​ေလးရဲ႕ရယ္သံလြင္လြင္​ေလးကမနက္ခင္းရဲ႕ငွက္က​​ေလး​ေတြနဲ႔အၿပိဳင္ပ်ံ႕လြင့္လို႔......

သမီးရဲ႕ရယ္သံ​ေလးကိုၾကားရတာဒါပထမဆုံးအႀကိမ္ပါ...​ေမြးကတည္းကအိမ္​​ေဖာ္​ေတြ..အဖိုးအဘြား​ေတြနဲ႔​ေနရတဲ့သမီး​ေလးဟာခုခ်ိန္ထိအရယ္အၿပဳံးမရွိခဲ့...မျမင္ရ​ေပမယ့္သမီးရဲ႕ရယ္သံ​ေလးကိုတစ္ခါမွမၾကားခဲ့ရဘူးမလား.....ဘယ္​ေလာက္​​ေတာင္​ေပ်ာ္​ေနလိုက္မလဲသမီး​ေလးရယ္....​ေဖ​ေဖ​ေတာင္းပန္ပါတယ္...ရိပ္ကို​ေက်းဇူးတင္ပါတယ္......

သမီးကိုလည္းအႀကိမ္ႀကိမ္​ေတာင္းပန္မိသလိုရိပ္ဆို​ေသာ​ေကာင္​ေလးကိုလည္း​ေက်းဇူးတင္မိတာအႀကိမ္ႀကိမ္...ဒါ​ေတာင္​​ေတြ႕တာ၂ရက္မျပည့္​ေသးဘူးရယ္.......

"ရိပ္ဆိုတဲ့ယိမ္းရဲ႕​ေမ​ေမဟာယိမ္းဘဝရဲ႕ပထမဆုံးရယ္သံ​ေတြ...ပထမဆုံး​ေပ်ာ္႐ႊင္ျခင္း​ေတြအကုန္လုံးကိုစတင္ဖန္တီးခဲ့တယ္....ယိမ္းဘဝရဲ႕ပထမဆုံးဆိုတဲ့အရာ​ေတြကိုအကုန္လုံးသိခြင့္ထိ​ေတြ႕ခြင့္ခံစားခြင့္​ေပးခဲ့တယ္...ယိမ္းရဲ႕​ေသးငယ္တဲ့ႏွလုံးသားႏုႏု​ေလးမွာ​ေမ​ေမကခ်စ္ျခင္း​ေမတၱာ​ေတြကိုတျဖည္းျဖည္းနဲ႔အျပည့္ထည့္​ေပးခဲ့တယ္....သူ႔ရဲ႕​ေယာက်ာ္းဆိုတဲ့ျမင့္ျမတ္တဲ့ဘဝနဲ႔​ေမ​ေမဆိုတဲ့နာမ္စားကိုအၿပဳံးမပ်က္အ​ေခၚခံခဲ့တယ္...ယိမ္းသိပ္ကိုကံ​ေကာင္းခဲ့တာပဲကိုရယ္...."

ညအိပ္ရာဝင္ခါနီးသူ႔ဇာတ္လမ္း​ေလးကိုဆက္​ေနပါ​ေသာခ်စ္ဇနီး​ေလး...

"နား​ေထာင္ရတဲ့ကိုယ္ပါဒီၾကင္နာမႈ​ေတြကိုခံစားရပါတယ္ယိမ္းရယ္....​ေနာက္​​ေတာ့​ေရာဘာဆက္ျဖစ္လဲ....ယိမ္း​ေဖ​ေဖကို​ေရာယိမ္းခ်စ္လာလား...​ေနာက္​ေရာ..ကိုယ္ထပ္သိခ်င္မိတယ္ယိမ္းရယ္"

"သိရမွာ​ေပါ့ကိုရယ္...မနက္ျဖန္​ေတာ့​ေျပာျပပါ့မယ္....ခု​ေတာ့ယိမ္းပင္ပန္းလို႔အိပ္ခ်င္ၿပီ....."

"ဟုတ္ပါၿပီယိမ္း​ေလးသ​ေဘာမနက္ျဖန္​ေတာ့​ေသခ်ာ​ေပါက္​ေျပာျပ​ေနာ္..."

"ဟုတ္ပါၿပီရွင္..."

ခ်စ္ဇနီး​ေလး၏နဖူး​ေလးနဲ႔ဗိုက္လုံးလုံး​ေလးကိုနမ္းလိုက္ၿပီးအိပ္စက္ျခင္းဆီသို႔....

ဖတ္ရတာအဆင္​ေျပရဲ႕လားရွင့္😘......

© Shoon Oo,
книга «Yate(Complete)».
Коментарі