Part10
ယိမ်းယိမ်းရဲ့ဖေဖေမျက်လုံးလေးပြန်မြင်ပြီးဆေးရုံဆင်းလာတဲ့နေ့လေးကပေါ့ယိမ်းယိမ်းလေးကပျော်လွန်းလို့ဖခင်ရဲ့ဝှီးချဲလေးပေါ်ထိုင်ရင်းတစ်အိမ်လုံးတစ်ခန်းဝင်တစ်ခန်းထွက်နဲ့ဘယ်မှာဘာရှိတာဖေဖေရဲ့၊ဒါလေးကယိမ်းယိမ်းအခန်းလေး၊ဒါလေးကယိမ်းယိမ်းအရုပ်လေး၊ယိမ်းယိမ်းအကျီလေးလှလား၊ယိမ်းယိမ်းကိုချစ်လားဆိုပြီးတက်ကြွစွာမေးလိုက်သူမလေးရဲ့ဖခင်ကသူ့မရဲ့မျက်နှာလေးကိုကြည့်ပြီးဖြေရင်သားအဖနှစ်ယောက်ပါးချိုင့်ဆင်တူလေးတွေပေါ်အောင်ပြုံးလိုက်နဲ့အလုပ်ရှုပ်နေခဲ့ကြလေရဲ့.............
အယ့်နေ့ကမြင်ကွင်းလေးကကြည်နူးဖို့ကောင်းလွန်းလို့ကင်မရာတစ်လုံးနဲ့ယိမ်းယိမ်းရဲ့ဖိုးဖိုးကမှတ်တမ်းတင်ထားလေရဲ့....
"ဦးယာကြည့်ရတာအဆင်ပြေရဲ့လား..."
"အင်းပြေတယ်ရိပ်...."
"ဟုတ်...ကျွန်တော်ပစ္စည်းတွေသွားထားဦးမယ်နော်...ခဏနေခဲ့နော်..."
"အင်းအင်း..ရတယ်သွား..."
"ဟုတ်...."ဟုပြောကာအေးရိပ်ကအပေါ်သို့တက်သွားပြီးအောက်တွင်တော့အပျော်လွန်နေတဲ့ယိမ်းယိမ်းလေးရဲ့လှုပ်ရှားမှုသေးသေးလေးတွေကိုယ်တိုင်ကြည့်ကာကြည်နူးနေတဲ့မင်းဦးယာကျန်ခဲ့နေလေရဲ့................
မင်းပေးတဲ့မေတ္တာတွေဟာ
ကိုယ့်အတွက်တော့
ဘုရားပေးတဲ့ဆုပါအေးရိပ်ဝေ.....
~~~~~~~~~~~~~~~~~~~~~~
"သမီးလေးရေပြီးပြီလား..."
"ပြီးပြီးမေမေ...ယိမ်းယိမ်းကဝယ်ဒီပဲ"
"ဟားဟား..ဟုတ်ပါပြီဗျာ....မေမေတို့လာပြီနော်ခဏစောင်."ဟုပြောပြီးသည်နှင့်အပေါ်အောက်စကားပြောရန်လူခေါ်ရန်တပ်ဆင်ထားသောဖုန်းလေးကိုချကာကိုယ့်ကိုကိုယ်မှန်ထဲတစ်ချက်ကြည့်လိုက်ပြီးဦးယာကိုလည်းပြုံးပြလိုက်သည်.....မျက်လုံးပြန်မြင်ပြီးကတည်းကဦးယာသည်အေးရိပ်ဘာလုပ်လုပ်လိုက်ကြည့်နေတက်သည်.....
ထိုအကြည့်သည်မယုံလို့မဟုတ်ဘဲချစ်ရသူ၏လှုပ်ရှားမှုတိုင်းကိုအသေးစိတ်မှတ်သားနေတာကိုအေးရိပ်တစ်ယောက်သိပါလေစ...............
"ဦးယာ...သွားရအောင်လေ..."
"အင်း...သွားကြမယ်..."ဝှီးချဲတကားကားနှင့်သူအားစရောက်တည်းကမငြီးမငြူသည့်အပြင်ငြိုငြင်ခြင်းမရှိသောသည်ကောင်လေးသည်ဘယ်သွားသွားဂရုတစိုက်နှင့်ခေါ်သွားတက်သေးသည်....ဘယ်လိုလုပ်ရမလဲ....သူလေး၏အဖြူရောင်မေတ္တာတွေသည်နှိုင်းစရာမရှိသလိုသူ့အပေါ်ထားတဲ့မဖြစ်သင့်တဲ့ကိုယ့်ချစ်ခြင်းတွေသည်လည်းအတိုင်းအဆမရှိကျယ်ပြန့်နေလေပြီ.......မဖြစ်သင့်တဲ့ဒီစိတ်တွေကိုတားမြစ်နေပါ့ရက်နဲ့ပါးမို့မို့လေးပေါ်ကမှဲ့နက်ကလေးကိုမြင်လိုက်တိုင်း၊ကြည်ကြည်တောက်တောက်မျက်ဝန်းလေးတွေနဲ့ကြည့်လိုက်တိုင်း၊သွားဖြူဖြူတန်းတန်းလေးတွေပေါ်အောင်နွေးထွေးစွာပြုံးလိုက်တိုင်း၊အသံအေးအေးလေးနဲ့လိုရာကိုပြောလိုက်တိုင်း....ယိုင်နဲ့နေတဲ့ဒီလူရဲ့နှလုံးသားမှာအလဲလဲအပြိုပြိုဖြစ်ခဲ့ရတာအကြိမ်ကြိမ်........
"ဖေဖေ..."
"ပြောလေသမီးလေး..."
"ယိမ်းယိမ်းကိုဖေ့ပေါင်ပေါ်တင်..."
"ဟုတ်ပါပြီဗျ..."သမီးငယ်လေးသည်သူ၏ပေါ်ပေါ်မှနေ၍ဝှီးချဲပေါ်မှလိုက်စီးရတာကိုသိပ်ပျော်သည်တဲ့လေ.....
"သမီးလေးကဘာတွေဝယ်ရမှာလဲမှတ်မိလား....."စင်တာထဲပတ်ရင်းဝှီးချဲဘေးမှသမီးလေးရဲ့လက်လေးကိုတွဲကာလိုက်လာသောအေးရိပ်ကမေးတော့.....
"ယိမ်းယိမ်းကခဲတံရယ်၊စာအုပ်ရယ်၊ကွန်ပါဘူးရယ်၊ခဲဖျက်ရယ်၊ပေတံရယ်၊ရောင်စုံရယ်...ပြီးတော့...လွယ်အိတ်ရယ်..."
"တော်လိုက်တာမေ့ကလေးလေးက...အကုန်မှတ်မိနေတာပဲ...."
"ခစ်ခစ်...."အေးရိပ်ကခေါင်းလေးပုတ်လျက်ချီးကျူးတော့မင်းဦးယာပေါ်င်ပေါ်မှကလေးလေးသည်တခစ်ခစ်နှင့်ခေါင်းလေးထိုးပေးလျက်.......
"ဒါဆိုရှေ့ကဆိုင်မှာလွယ်အိတ်အရင်ဝယ်မယ်နော်....."
"ဟုတ်..."
"ဦးယာမောနေပြီလား..."
"မမောပါဘူး...ကိုယ်တို့သားအဖကစီးတော်ယာဥ်နဲ့လာတာပဲဟာ...ကိုယ်ကခလုတ်လေးနှိပ်ထားရုံပဲ...မင်းပဲပင်ပန်းမှာပေါ့လမ်းလျှောက်လိုက်ရတာ..."
"မပင်ပန်းပါဘူး...ကဲပါစဝယ်ကြတာပေါ့..."ဟုပြောကာယိမ်းယိမ်းလေးမူကြိုတက်ရန်အတွက်စာရေးကိရိယာလေးတွေကိုရွေးလိုက်ဝယ်လိုက်နှင့်....မုန့်တွေစားလိုက်နှင့်ပျော်နေသောကလေးငယ်လေးသည်သူမလေးရဲ့ဘဝအတွက်အမှတ်တရကောင်းလေးတစ်ခုကိုထပ်မံရရှိလိုက်ပြန်သည်ထင်ပါရဲ့............
"သမီးလေးရေပြီးပြီလား..."
"ပြီးပါပြီရှင့်....."ဟုပြောကာကြီးမေလက်ကိုဆွဲ၍ထွက်လာသောယိမ်းယိမ်းလေးသည်အဖြူနဲ့အပြာကျောင်းဝတ်စုံလေးနှင့်ဒူးလောက်စကတ်လေးနဲ့ချစ်စရာခြေထောက်တုတ်တုတ်လေးတွေမှာခြေအိတ်အစင်းလေးနဲ့လေဒီရှူးအနက်ကလေးစီးလို့.....ကြိုးဆွဲရေဘူးသေးသေးလေးကလည်းဆွဲထားသေးသည်......ပါးဖောင်းဖောင်းလေးထက်ကကြီးမေလက်ရာဝလုံးလေးတွေကလုံးလို့.....
"ချစ်ဖို့ကောင်းလိုက်တာမေ့ကလေးလေးက...လာပါဦးမွှေးမွှေးပေးမယ်..."ဟုပြောတော့အနားသို့ပြေးလာကာပါးလေးထိုးပေးလေသည်....
"ရွှတ်...ရွှတ်..."ပါးဖောင်းဖောင်းလေးတွေကိုရွှတ်ခနဲမြည်အောက်မွှေးမွှေးပေးလိုက်တော့ကလေးငယ်လေးကပြုံးလို့.....
"ဖေ့ဆီလည်းလာပါဦး..."သမီးလေးထွက်လာတည်းကပြုံးကြည့်နေသောဦးယာသည်လည်းသမီးလေးသူ့ပေါ်သို့ရောက်သည်နှင့်ပါးလေးတွေကိုနမ်းမွှေးလေသည်........
"တီတီ..."
"ဟောဖိုးတို့လာခေါ်ပြီနဲ့တူတယ်..."ဟုပြောတော့ပေါင်ပေါ်မှဆင်းသွားကာသူ့လွယ်အိတ်လေးလွယ်လူကြီးတွေကိုတာ့တာပြလျက်ငိုခြင်းဂျီကျခြင်းမရှိဘဲခုန်ပေါက်ကာထွက်သွားလေသည်......
"သမီးလေးထမင်းကုန်အောင်စားနော်"ဟုအော်ပြောလိုက်တော့"ဟုတ်မေမေ"ဟုပြန်ဖြေလျက်ကားပေါ်သို့ကုတ်တက်သွားလေသည်.....သူ့မလေးရဲ့ဖိုးနဲ့ဖွားမှာတော့မြေးမလေးက်ုကြည့်ကာတပြုံးပြုံးနှင့်.....
"ငါ့တူကြီးလည်းတကယ့်ကလေးအမေဖြစ်နေပြီ"ဟုကြီးမေကစတော့ဦးယာကအားနာနေဟန်ရှိပေမယ့်အေးရိပ်ကတော့ပြုံးလျက်သာ.........
အလှပဆုံးပုံသွင်းပေးလိုက်တဲ့ပန်းပုရုပ်လေးသည်သူ့တန်ဖိုးကိုမြှင့်ဖို့အတွက်ပထမဆုံးခြေလှမ်းလေးကိုစတင်လေပြီကိုး....
ယိမ်းယိမ်းတက်သောကျောင်းသည်မင်းဦးယာ၏အဖေနှင့်အမေတည်ထောင်ပေးထားသောကျောင်းဖြစ်သည့်အတွက်ယိမ်းယိမ်းလေးလုံခြုံရေးအတွက်တော့မပူရပါ....သမီးလေးကိုလည်းအကောင်းဆုံးသွန်သင်ပေးလိုက်သည်မို့ကျောင်းမှာအဆင်ပြေမည်ဆိုတာက်ုသေချာပေါက်ယုံပါသည်.......ကလေးဟူသည်အိမ်၏ဆည်းလည်းလို့ပြောကြသလိုပဲအိမ်ကဆည်းလည်းလေးကျောင်းသွားတော့လူကြီးနှစ်ယောက်ပျင်းနေကြသည်မှာတော့အမှန်ပင်...........
"ဦးယာ...စာဖတ်ပြရမလား..."
"ရပါတယ်..."
"ဦးယာဘာလုပ်ချင်လဲ...ကျွန်တော်ကူညီမယ်လေ...."
"အင်း...ကိုယ့်ကိုစာအုပ်စင်နားပို့ပေးပါလား...."
"ဟုတ်..."ဟုပြောလျက်ဝှီးချဲကိုစာအုပ်စင်နားတွန်းသွားလိုက်ကာထိုနားတွင်ရပ်လိုက်တော့ဦးယာသည်စာအုပ်စင်ထောင့်မှခလုတ်လေးကိုနှိပ်လိုက်လေသည်......ထိုအခါစာအုပ်စင်ကတံခါးသဖွယ်နှစ်ခြမ်းကွဲသွားပြီး...အထဲတွင်အခန်းငယ်လေးတစ်ခု....ဦးယာသည်ဝှီးချဲကိုကိုယ်တိုင်ခလုတ်နှင့်သွားရင်းဝင်သွားလေသည်.........
"လာလေရိပ်...."
"ဟုတ်....."ထိုအခန်းလေးထဲတွင်တစ်ခူသောစန္ဒရားလေးကလွဲ၍ဘာမှမရှိချေ......
"ကိုယ်စန္ဒရားတီးချင်တယ်...မျက်လုံးမမြင်တော့တည်းကမတီးနိုင်ခဲ့တာ...."
"............."
"ကိုယ့်ကိုစောင့်နေပေးနိုင်မလား....ခဏလောက်တီးချင်လို့......."
"ဟုတ်တီးပါဦးယာ...ကျွန်တော်စောင့်မယ်နော်..."
"အင်းကျေးဇူးရိပ်...."ဦးယာသည်ပြုံးပြပါ၏...နွမ်းလျနေသောအပြုံးမဟုတ်ဘဲကြည်လင်စွာ.....
ထို့နောက်တိတ်ဆိတ်သွားသောအခန်းငယ်လေးထဲတွင်သာယာသောတီးခတ်သံလေးနှင့်အတူသီချင်းသံသဲ့သဲ့လေး......သီချင်းဆိုနေသောဦးယာကြောင့်အေးရိပ်အံ့သြကာမျက်လုံးလေးများဝိုင်းစက်သွားရကာ..ပါးစပ်လေးမှာလည်းအနည်းငယ်ဟလျက်....
When i am down
(ကိုယ်ဟာပြိုလဲနေခဲ့တဲ့အချိန်မှာ)
And oh my soul so weary
(ကိုယ့်ရဲ့စိတ်ဝိဥာဏ်ဟာလည်းအရမ်းကိုနွမ်းလျနေခဲ့ပါပြီ)
When troubles come
(ဒုက္ခတွေဝေလာတဲ့အခါမှာလည်း)
My heart burdened be
(ကိုယ်နှလုံးအိမ်ဟာအရမ်းကိုလေးလံနာကျင်နေခဲ့ပြီ)
Then i am still...and wait here
In the silence
(ကိုယ်ဟာဒီနေရာလေးမှာပဲမင်းလေးကိုတိတ်ဆိတ်စွာစောင့်နေခဲ့ပါတယ်...)
Until you come and sit at while with me
(မင်းလေးကိုယ့်ကိုလာရောက်အားပေးသည်အထိပေါ့ကွယ်)
You raise me up
(မင်းကကိုယ့်အတွက်အားဖြစ်စေခဲ့ပါတယ်)
So i can stand on mountain
(မင်းကြောင့်ကိုယ်အမြင့်ဆုံးမှာရပ်တည်နိုင်ခဲ့တယ်....)
You raise me up
(မင်းကကိုယ့်အတွက်အားဖြစ်စေခဲ့ပါတယ်)
To walk on stormy sea
(လှိုင်းထန်တဲ့ပင်လယ်ပြင်ကိုဖြတ်ကျော်ဖို့အတွက်)
I am stroung
(ကိုယ်ဟာအားအင်တွေရှိလာပါတယ်)
When i am on your shoulders
(မင်းပုခုံးလေးထက်မှီနေချိန်မှာပေါ့)
You raise me up
To more than i can be
(မင်းဟာကိုယ်လုပ်နိူင်တာထက်ကိုပိုပြီးလုပ်နိုင်အောင်အားဖြစ်စေခဲ့ပါတယ်ကွယ်)
သီချင်းလေးရဲ့အဆုံးမှာလှန်ကြည့်လာသောဦးယာရဲ့မျက်လုံးများနှင့်ဆုံတာကြောင့်မကြည့်ဝံ့စွာအကြည့်လွှဲမိသည်......
"ဝါး...ဦးယာကအဆိုရောအတီးရောတော်လိုက်တာ.."ဟုလက်ခုပ်တီးလျက်တိတ်ဆိတ်သွားသောအခြေအနေကိုဖြိုခွင်းလိုက်လေသည်....ထိုအခါရယ်ပြလာသောဦးယာကြောင့်သူလည်းပြန်ရယ်ပြလိုက်လေသည်.......
မင်းနားလည်နိုင်ပါစေရိပ်....ဖွင့်မပြောတက်တဲ့...ဟင့်အင်းဖွင့်ပြောဖို့အခွင့်မရှိတဲ့ကိုယ့်ရဲ့တလွဲမေတ္တာတွေကိုဒီသီချင်းလေးကနေသိပါစေရိပ်ရေ.......
ထိုအချိန်တွင်ကျောင်းတက်နေရသောယိမ်းယိမ်းလေးကတော့သူငယ်ချင်းတွေနဲ့အရမ်းကိုပျော်နေလေရဲ့...ကလေးငယ်လေးဟာသူ့သဘာဝရယ်ရင်းမောရင်းဆရာမသင်ပေးတဲ့ကဗျာလေးတွေဆိုရင်းကရင်း...သူမလေးရဲ့မေမေထည့်ပေးတဲ့ထမင်းဘူးလေးကိုတခြားသူငယ်ချင်းတွေလိုပဲငါမေမေပြင်ပေးလိုက်တာဟုဂုဏ်ယူဝင့်ကြွားစွာပြောရင်းဗိုက်ကလေးဖောင်းအောင်စားရင်းပေါ့.....ယိမ်းယိမ်းလေးဟာအေးရိပ်ဝေဆိုတဲ့လူသားလေးကြောင့်ငါ့အမေကငါ့ကိုဘယ်လိုချစ်ပေးတာဆိုပြီးဂုဏ်ယူဝင့်ကြွားစွာပြောနိုင်ခဲ့တဲ့ကလေးလေးဖြစ်ခဲ့သည်ဟုပြောလျှင်ပိုလွန်းရာကျမလားလေ....သို့သော်သူမလေးသည်လူ့လောကထဲလွတ်လပ်စွာပျံသန်းတက်သည့်အရွယ်ရောက်သည့်တိုင်ချစ်ခြင်းမေတ္တာအကြောင်းကိုမခမ်းတနားနှင့်ဖော်ကျူးတက်ခဲ့လေသည်တဲ့လေ........
ယိမ်းယိမ်းလေးကမူကြိုစတက်တဲ့နေ့မှာသူငယ်ချင်းအသစ်ကလေးရခဲ့တယ်....သူမနာမည်ကမေသက်ချိုတဲ့....ဘယ်သူကသိမှာလဲ..ထိုကောင်မလေးကယိမ်းယိမ်းရဲ့အမေတူအဖေကွဲညီအမဖြစ်နေခဲ့မယ်ဆိုတာ........
ဇာတ်လမ်းလေးဖတ်ရတာပျင်းနေကြပြီးလားဟင်🥺အကယ်၍ပျင်းစေခဲ့ရင်တောင်းပန်ပါတယ်နော်ချစ်ခြင်းမေတ္တာအေးအေးလေးကိုပဲဖော်ကျူးချင်တာမို့အကြိုက်မတွေ့ရင်ခွင့်လွှတ်နော်အတူးလေးတို့....
အပေါ်မှာသီချင်းလေးလဲနားဆင်လိုက်ကြဦးနော်You raise me upတဲ့
ဦးယာအတွက်ရိပ်ကခွန်အားဖြစ်စေခဲ့တာကိုဦးယာကဆိုပြသွားတာပါ...ရွှန်းကတော့အရမ်းကြိုက်တာရယ်❣....
Westlifeဆိုထားတာလည်းကောင်းတယ်သိလား😊
ချစ်တယ်နော်အတူးလေးတို့🙆♀️..
/////////////////////////////////
"အင်းပြေတယ်ရိပ်...."
"အင်းအင်း..ရတယ်သွား..."
ကိုယ့်အတွက်တော့
~~~~~~~~~~~~~~~~~~~~~~
"သမီးလေးရေပြီးပြီလား..."
"ဦးယာ...သွားရအောင်လေ..."
"ဖေဖေ..."
"ပြောလေသမီးလေး..."
"ဟုတ်..."
"ဦးယာမောနေပြီလား..."
"သမီးလေးရေပြီးပြီလား..."
"တီတီ..."
"ဦးယာ...စာဖတ်ပြရမလား..."
"ရပါတယ်..."
"လာလေရိပ်...."
"............."
When i am down
And oh my soul so weary
When troubles come
My heart burdened be
In the silence
You raise me up
You raise me up
To walk on stormy sea
I am stroung
You raise me up
To more than i can be
(မင်းဟာကိုယ်လုပ်နိုင်တာထက်ကိုပိုပြီးလုပ်နိုင်အောင်အားဖြစ်စေခဲ့ပါတယ်ကွယ်)

Коментарі