Part9
လူနာကုတင်ထက်ငြိမ်သက်စွာလဲလျောင်းနေသောဦးယာမျက်လုံးမှပတ်တီးလေးမှာလည်းတစ်နေ့ကအတိုင်းစည်းနှောင်ထားလျက်..........
"ဦးယာ..မနက်ဖြန်ပက်တီးဖြေရတော့မယ်နော်...."
"အင်း.. "
"စိတ်လှုပ်ရှားနေလား..."
"အင်း...အလင်းရောင်ကိုမတွေ့တာကြာတော့ကြောက်နေမိတယ်...."
"အဆင်ပြေသွားမှာပါ...အခက်ခဲဆုံးခွဲစိတ်မှုကိုတောင်ဦးယာကျော်ဖြတ်နိုင်ခဲ့တာပဲဟာ.... ."
"အင်း...မင်းနဲ့သမီးလေးရဲ့ကျေးဇူးကြောင့်ပါ....."
"မဟုတ်တာ...ဦးယာကိုယ်တိုင်ကအားတင်းခဲ့လို့ပါ....ကျေးဇူးတင်ပါတယ်ဦးယာ...ကျွန်တော်ပြုစုရကျိုးနပ်အောင်ကျန်းမာနေပေးလို့......"
"အင်းကိုယ်ကလည်းကျေးဇူးပါ....ကိုယ်တို့သားအဖကိုမေတ္တာအပြည့်နဲ့စောင့်ရှောက်ပေးလို့......"မင်းဦးယာမမြင်နိုင်တဲ့တစ်နေရာတွင်အေးရိပ်ဝေသည်သူ့မူပိုင်အတိုင်းအနွေးထွေးဆုံးပြုံးလိုက်ပါ၏.....
"အိပ်ကြမလားဦးယာ..."
"အင်း...အိပ်မယ်လေ..."တိတ်ဆိတ်သောဤအခြေအနေကိုဆက်လက်တိတ်ဆိတ်စေရန်ရည်ရွယ်ပြီးအိပ်စက်ခြင်းကိုသွားရာတွင်မင်းဦးယာ၏ခန္ဓာကိုယ်အားညှင်သာစွာကိုင်တွယ်ရင်းကုတက်ထက်ပုံစံမကျလဲလျောင်းနေသောခန္ဓာကိုယ်ကိုသေချာနေရာချပေးလေသည်......
နူးညံ့လွန်းသော..ညှင်သာလွန်းသော..ဤအထိအတွေ့၊ချိုမြိန်သောအသံအေးအေးလေးနှင့်နွေးထွေးသောမေတ္တာတွေအရာအားလုံးအတွက်ကျေးဇူးပါအေးရိပ်ဝေ...နာမည်လေးနဲ့လိုက်အောင်အေးချမ်းတဲ့အရိပ်လေးကိုမျှဝေပေးခဲ့တဲ့ရင်ဘတ်ထဲကရိပ်........ကျေးဇူးတင်ပြီးရင်းတင်နေမိမှာပါကွယ်............
မိုးလင်းအာရုံတက်ချိန်အလင်းရောင်လားအမှောင်ထုလားမသိသေးသောမင်းဦးယာသည်စိတ်လှုပ်ရှားမှုကြောင့်ကုတင်ထက်ဝယ်လူးလှိမ့်နေခဲ့သည်.....
"ဦးယာ...အိပ်မပျော်ဘူးလား.."နိုးသွားစေရန်မရည်ရွယ်သော်လည်းအအိပ်ဆက်သောကောင်လေးသည်ချက်ချင်းဆိုသလိုအနားသို့လျှောက်လာတာကိုခံစားမိလေသည်......
"အိပ်မပျော်ဘူးလားဦးယာ..."
"အင်း...ဘယ်နှစ်နာရီရှိပြီလဲ..ရိပ်"
"၃နာရီပဲရှိသေးတယ်ဦးယာရဲ့ ..ရင်တွေအရမ်းခုန်နေလို့လားဟင်...."
"အင်း..."
"အဆင်ပြေသွားမှာပါ...ပြန်အိပ်လိုက်နော်...ကျွန်တော်ရှိနေပေးမယ်..."ဟုဆိုကာသူ့ကုတင်ဘေးထက်ဆိုဖာကိုရွှေ့ကာသူ့ရင်ဘတ်ပေါ်လက်လေးတင်ပြီးသူ့အားကလေးငယ်တစ်ယောက်သဖွယ်ပုတ်သိပ်နေလေသောကောင်ငယ်လေး.......
"အိပ်တော့နော်ဦးယာကျွန်တော်ရှိတယ်..."ဟုပြောရင်းလက်လေးကလည်းရင်ဘတ်ပေါ်တွင်ညှင်သာစွာထိတွေ့လျက်....ချက်ချင်းဆိုသလိုမှေးကျလာသောမျက်လုံးတွေကနာကျင်စူးကိုက်နေတာတွေကိုတောင်မမူ့တော့ဘဲအိပ်မောကျရန်ပြင်နေလေရဲ့.......ထို့နောက်သူသည်အမှောင်ကိုအမှောင်ထပ်ဖုံးရင်းအိပ်မောကျသွားခဲ့လေသည်.....နာကျင်မှုတွေကိုအံတုခံနိုင်ရင်း...အိမ်မက်ကမ္ဘာလေးထဲသို့
"ဦးယာ...ဦးယာ..."အိမ်မက်လိုလိုတကယ်လိုလိုဝိုးတဝါးခေါ်သံလေးသည်သူ့နားထဲတွင်ပဲ့တင်ထပ်လို့.......
"ဖေဖေရေ...ယိမ်းယိမ်းရောက်ပြီ..."ဆိုသောအသံသေးသေးလေးကလည်းထွက်လာပြန်သည်......
"ဦးယာမိုးလင်းပြီ"ဆိုသောစကားလေးကြားမှသူနိုးထလာခဲ့လေသည်.....
"ကိုယ်အိပ်ပျော်သွားတယ်....မြတ်သူရောက်ပြီလား..."
"မရောက်သေးပါဘူးဦးယာရဲ့ကြိုနှိုးထားတာ...ရေပတ်လေးတိုက်ပြီးအဝတ်စားလေးလဲရအောင်လေနော်....."
"အင်း...."
"ယိမ်းယိမ်းလည်းကူညီမယ်..."
"ကူညီပါဗျ....ဟားဟား..."သမီးလေးရဲ့အသံလေးသည်ချစ်ဖွယ်ကောင်းစွာ...သူမလေးရဲ့အဖေနှင့်ပထမဆုံးမျက်လုံးချင်းဆုံကြည့်ရမှာကိုစိတ်လှုပ်ရှားနေသောကလေးလေးကဆေးရုံသို့အစောကြီးရောက်လာလေသည်........
ခန္ဓာက်ုယ်ကိုရေပတ်တိုက်ပေးပြီးအဝတ်အစားလဲပေးချိန်တွင်တော့ယိမ်းယိမ်းလေးကသူ့လက်သေးသေးလေးများနှင့်အကျီကြယ်သီးတပ်ပေးလေသည်...အားလုံးပြီးစီးသွားပြီးနောက်အချိန်ကိုက်ရောက်လာသောဒေါက်တာမြတ်သူ.........
"မင်းဦး...အဆင်သင့်ပဲလား...."
"အင်း..."
"ဖြည်တော့မလား..."
"ဖြည်မယ်လေ...."ဟုပြန်ဖြေသောမင်းဦးယာသည်စိတ်တွေလှုပ်ရှားလျက်........
"သမီးလေးမေမေ့ဆီလာ...."ဟူ၍မင်းဦးယာနားတွင်ထိုင်နေသောသမီးလေးကိုခေါ်လိုက်တော့အေးရိပ်နားသို့ရောက်လာကာချီခိုင်းလေသည်.. .ကိုယ်လုံးဝတုတ်လေးကချီလိုက်တာနှင့်နင့်ကနဲ.....
"ကဲစဖြည်မယ်နော်...."
"အင်း...."ဦးယာ၏အဖေနှင့်အမေသည်ဦးယာ၏လက်အားဆုပ်ကိုင်ပေးထားလေသည်...
ပတ်တီးစလေးသည်တလိပ်လိပ်နှင့်ပြေကျသွားပြီးနောက်ပေါ်လာသောမျက်လုံးလေးများသည်ရဲပြီးမို့အစ်လျက်....
"မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်"ဟုပြောတော့တဖြည်းဖြည်းချင်းအနှေးကွက်ပြသလိုပွင့်လာသောမျက်လုံးအစုံသည်လှပစွာ.........စူးရှသောအလင်းရောင်ကြောင့်မျက်မှောင်ကျုံ့ကာအားယူဖွင့်မိသည်......မိမိမျက်လုံးထောင့်မှမြင်နေရသောဖခင်နှင့်မိခင်မှာမိမိလက်ကိုတင်းတင်းဆုပ်ကိုင်၍မျက်ရည်တွေဝဲလို့....လောကဒဏ်၏ရိုက်ခက်မှုတွေကြောင့်အနည်းငယ်အိုမင်းသွားကြသယောင်......
ထို့နောက်မျက်လုံးရှေ့တည့်တည့်ကအရိပ်လေး၂ခု.....သူ့ဆီသို့ပြေးလာသောချစ်စရာဖြူလုံးလုံးလေးသည်သူ့သမီးလေးလားလေ..........
"ဖေဖေ...ယိမ်းယိမ်းကိုမြင်ရပြီ"ဟုပြောလျက်ကုတင်ပေါ်သို့ခွတက်ကာသူ့ကိုဖက်၍နမ်းလာသောသမီးလေး၏မျက်နှာက်ုတယုတယကိုင်၍ကြည့်မိသည်.....မျက်ရည်တွေကျနေသောကလေးငယ်နှင့်အတူသူလည်းငိုမိပါရဲ့....သမီးလေးရဲ့မျက်နှာအနှံ့သို့ငိုရင်းတရှုံ့ရှုံ့နမ်းနေသောမင်းဦးယာ......ခွဲစိတ်မှုကတအားငိုလို့မဖြစ်သေးတာကိုပြောမနေတော့ပါ....ခုမှမြင်ဖူးကြတဲ့သားအဖကိုအလွမ်းသယ်ပါစေတော့.......
သမီးလေးရဲ့ပါးလေးတွေကသွေးကြောလေးတွေယှက်ဖြာရင်းဖောင်းလို့...ရယ်လိုက်ရင်လည်းသူ့လိုပါးချိုင့်လေးနဲ့....ဝဝလုံးလုံးလေးနဲ့ချစ်စရာကလေးလေး.....သမီးလေးရဲ့မျက်နှာလေးကိုနှလုံးသားထဲစွဲနေအောင်မှတ်လိုက်ပြီးနှလုံးသားပိုင်ရှင်ကောင်လေးကိုရင်ခုန်ကြီးစွာကြည့်မိတော့မြင်လိုက်ရတဲ့ကျောပြင်ငယ်လေးကသိမ့်သိမ့်တုန်လို့....ကျောပြင်ငယ်လေးကတောင်သည်လောက်အေးချမ်းသည်တဲ့လား.....ထို့နောက်မျက်ရည်တွေသုတ်ကာဒီဘက်သို့ပြန်လှည့်လာသောကောင်လေး၏မျက်လုံးလေးများနှာခေါင်းလေးများဟာနီရဲလို့...ကြည်တောက်သောမျက်လုံးလေးများအားစိုရွှဲနေသောမျက်တောင်ရှည်လေးများကဝန်းရံထားလေသည်....သူ့အားပြုံးပြလာသောခဏမို့တက်သွားသောပါးလေးထက်ကမှဲ့နက်သေးသေးလေးကလှပစွာဖြစ်တည်လျက်......"ဦးယာ...အဆင်ပြေလား.."ဟုစိုးရိမ်တကြီးမေးလာသောကောင်လေးသည်အသံလေးပင်ချိုသည်မဟုတ်မျက်နှာလေးကပါရွှေမှုန်ခြယ်ထားသောသဘာဝပန်းချီကားလေးတစ်ချပ်လိုအေးချမ်းနေသည်လား...... ပထမဆုံးမြင်တွေ့ရသော ချစ်ရသူနှစ်ယောက်၏မျက်နှာလေးများကိုနှလုံးသားထဲ့သိမ်းဆည်းလို့ပေါ့ပါးသောအပြုံးလေးကိုပေးမိသည်.....
"ဖေဖေ...ယိမ်းယိမ်းကိုချစ်လား"ဟုမေးတော့မျက်လုံးချင်းဆုံကြည့်၍"ချစ်တာပေါ့"ဟုဖြေလာသောမင်းဦးယာ၏အဖြေကြောင့်ယိမ်းယိမ်းလေးမှာပျော်လွန်းလို့တပြုံးပြုံးနှင့်.......ဖွင့်ဟမပြောတက်ပေမယ့်ဖခင်ဆီမှနွေးထွေးသောအကြည့်လေးနှင့်သည်လိုအပြုအမူကိုစောင့်စားမျှော်လင့်နေမိခဲ့တဲ့ကလေးလေးမလား........
ယခုအချိန်တွင်ဤနေရာ..ဤပတ်ဝန်းကျင်လေး၌နွေးထွေးသောချစ်ခြင်းမေတ္တာတွေနှင့်ပျော်ရွှင်မှုတွေနှင့်သာပြည့်နှက်လို့....အပြုံးကိုယ်စီ..နွေးထွေးခြင်းကိုယ်စီနှင့်.....
"နောက်၂ရက်နေရင်ဆေးရုံဆင်းလို့ရပြီ..."
"အင်း.. ကျေးဇူးပါမြတ်သူ..အရာရာအတွက်ပါ..."
"မလိုပါဘူးကွာ...ကဲ..ငါသွားဦးမယ်...အန်တီနဲ့ဦးကျွန်တော်သွားမယ်နော်..."
"အေးပါကွယ်ကျေးဇူးပါ..."ဒေါက်တာပြန်လည်ထွက်သွားပြီးနောက်ယိမ်းယိမ်းလေးအားအလွမ်းသယ်ရင်းတရှုံ့ရှုံ့နမ်းနေသောမင်းဦးယာနှင့်ဘေးမှပြုံးလျက်ရပ်ကြည့်နေသောအေးရိပ်ဝေကိုထားခဲ့ကာလူကြီးနှစ်ယောက်မှာလည်းထွက်လာကြလေသည်...ဝမ်းသာလို့ကျတဲ့မျက်ရည်တွေကိုလည်းအခန်းအပြင်ဘက်တွင်လွတ်လပ်စွာကျဆင်းစေခဲ့ကြသည်......
"ဖေဖေ"
"ဗျာ..."
"ယိမ်းယိမ်းကချစ်ဖို့ကောင်းလား..."
"ကောင်းတာပေါ့...ဖေဖေ့သမီးလေးကတစ်လောကလုံးမှာချစ်ဖို့အကောင်းဆုံး..."
"ခစ်ခစ်..."ရယ်လိုက်သောမျက်နှာလေးသည်ပကတိအပြစ်ကင်းစင်ပြီးချစ်ဖွယ်ကောင်းလျက်....
"ရိပ်"
"ဗျာ..."
"ကျေးဇူးတင်ပါတယ်...."မျက်လုံးချင်းဆုံကြည့်ကာပြောလာသောဦးယာကြောင့်အရင်လိုငြင်းဆန်မနေမိတော့...ပြုံးသာပြလိုက်မိပါ၏.......
ထိုအပြုံးလေးသည်တောက်ပလွန်းလို့...နွေးထွေးလွန်းလို့နှလုံးသားတစ်စုံကိုယိုင်နဲ့အောင်ကိုင်လှုပ်နေလေရဲ့........
ချစ်ခြင်းတရားမှာသာအတိမ်အနက်
ဆိုတာရှိခဲ့ပါလျှင်.....
ဤသူစိမ်းကောင်လေးနှင့်
ဤသားအဖလေးနှစ်ယောက်ကြားမှ
နက်ရှိုင်းလွန်းသောအဖြူရောင်
ချစ်ခြင်းမေတ္တာလေးသည်ကတော့
အတိမ်မရှိဘဲအနက်သာရှိသော
မေတ္တာတရားပင်ဖြစ်ပေလိမ့်မည်.........
ယိမ်းယိမ်းယာ
လမင်းဟာတောက်ပဖို့နေ့အလင်းရောင်
လိုအပ်သလို
ကြယ်တွေတည်ရှိနေဖို့ကောင်းကင်ကြီးကို
လိုအပ်သလို
လူတွေအသက်ရှင်ဖို့ရေလိုအပ်သလိုလေလိုအပ်သလို
မပြည့်စုံတဲ့ချို့တဲ့နေရတဲ့ဒီသားအဖနှစ်ယောက်ရဲ့ဘဝဟာလည်းမင်းကိုလိုအပ်နေပါတယ်အေးရိပ်ဝေ
မင်းဦးယာ
လှပလွန်းတဲ့ချစ်ခြင်းမေတ္တာရဲ့
သဏ္ဏာန်အမျိုူမျိုးကိုနည်းအမျိုးမျိုးနဲ့
ပြသပေးမှာမို့
ခေါင်းမော့ရင်ကော့ပြီးလိုက်ခဲ့ကြပါကွယ်
အေးရိပ်ဝေ
ချစ်တူးလေးတို့ကိုချစ်လွန်းလို့စောစောလေးupပေးပေမယ့်
မျက်လုံးပတ်တီးဖြေတဲ့အခန်းနဲ့ပဲတစ်ပိုင်းကုန်အောင်ရေးမိသွားတဲ့ရွှန်းရဲ့ညံ့ဖျင်းတဲ့အရေးအသားလေးကိုခွင့်လွှတ်ပါကွယ်
ဒါပေမဲ့ဘာပဲရေးရေးနှလုံးသားထဲမှလှိုက်လှိုက်လှဲလှဲရေးပေးထားတဲ့စေတနာလေးကိုတော့တစ်ခါတစ်လေအသိအမှတ်ပြုပေးပါကွယ်
ချစ်စရာရွှန်းရွှန်းလေး🧏♀️
ချစ်တယ်နော်အတူးတို့🙆♀️💝
////////////////////////
"အင်း.. "
"စိတ်လှုပ်ရှားနေလား..."
"အိပ်ကြမလားဦးယာ..."
"အင်း..."
"အင်း...."
"မင်းဦး...အဆင်သင့်ပဲလား...."
"အင်း..."
"ဖြည်တော့မလား..."
"ကဲစဖြည်မယ်နော်...."
"ဖေဖေ"
"ဗျာ..."
"ရိပ်"
"ဗျာ..."
ဆိုတာရှိခဲ့ပါလျှင်.....
ယိမ်းယိမ်းယာ
လိုအပ်သလို
လိုအပ်သလို
မင်းဦးယာ
သဏ္ဏာန်အမျိုမျိုးကိုနည်းအမျိုးမျိုးနဲ့
ပြသပေးမှာမို့
အေးရိပ်ဝေ
ချစ်တူးလေးတို့ကိုချစ်လွန်းလို့စောစောလေuးpပေးပေမယ့်
ချစ်တယ်နော်အတူးတို့🙆♀️💝

Коментарі