Extra2
မနက်ခင်းရဲ့အလင်းရောင်ခြည်လေးနဲ့အတူချစ်ရသူရဲ့မျက်နှာကိုမြင်ရတာဟာဘယ်လောက်တောင်ကောင်းလိုက်သလဲလေ.......
အိပ်မောကျနေတဲ့အေးရိပ်ရဲ့မျက်နှာလေးကိုအုပ်မိုးကိုင်ကာတဝကြီးကြည့်ပြီးနဖူးလေးကိုထိလိုက်ခွာလိုက်နှင့်အကြိမ်ကြိမ်လုပ်လျှက်အနမ်းပေးမိသည်....လုံးလုံးကောင်းကျိုးကြောင့်သူ၏ရိပ်သည်အရင်လိုစောစောမထနိုင်တော့...လုံးလုံးကလည်းလသားအရွယ်တည်းကယိမ်းလေးလက်နဲ့အေးရိပ်လက်ထဲသာလိုက်သည်...၁နှစ်အရွယ်ရောက်တော့အေးရိပ်ကိုသာတကပ်ကပ်နှင့်.....မင်းဦးယာလည်းမုန့်လုခံလိုက်ရသလိုပင်...သိပ်ချစ်ရသောသူကိုသိပ်ချစ်ရသောသူကလုယူသွားတဲ့ခံစားချက်........
ဒါတောင်ဒီနေ့လုံးလုံးကပုခက်ထဲမှာအိပ်လို့ခုလိုမျိုးသူ့ချစ်ရသူကိုရင်ခွင်ထဲထွေးပွေ့ခွင့်ရခြင်းသာ...နို့မို့ဆိုလုံးလုံးကနေ့နေ့ညညအေးရိပ်လက်ထဲတွင်သာ......
ထို့နောက်မိမိလက်ပေါ်အိပ်မောကျနေတဲ့ကောင်လေး၏ပါးလေးနှစ်ဖက်ကိုလက်လေးနှင့်ညှစ်လိုက်ကာဆူထွက်လာသောနှုတ်ခမ်းရဲရဲလေးကိုခပ်ဖွဖွနမ်းလိုက်သည်...ချစ်ချင်ပေမယ့်လည်းရိပ်လေးကိုတော့အိပ်ရေးမပျက်စေလို.....
"ဦးယာ..."
"အင်း..နိုးပြီလားရိပ်..."
"ဟုတ်..."
"မျက်နှာသစ်ရအောင်...ကိုယ်ချီရမလား...ညကအရမ်းပင်ပန်းမှာပေါ့..."
"မပင်ပန်းပါဘူးဦးယာရဲ့..."
"အင်းပါကိုယ်တွေလက်တွေနာရင်ပြောနော်...လုံးလုံးကိုထိန်းရတာလွယ်တာမဟုတ်ဘူး...."
"ဟုတ်ကဲ့ပါဦးယာရဲ့...လုံးလေးရောမနိုးသေးဘူးလား..."
"အင်း.."
အေးရိပ်အိပ်ရာမှထကာကုတင်ဘေးကလုံးလုံးရဲ့ပုခက်ကုတင်လေးကိုသွားကြည့်တော့လုံးလုံးလေးသည်ဖင်လုံးလေးကိုနောက်ပစ်လို့လက်လေးတစ်ဖက်ကိုပါးစပ်ထဲစုပ်ကာကျန်လက်တစ်ဖက်ကိုလည်းလက်သီးလေးစုပ်၍ဖွက်ပြီးအိပ်နေလေသည်....ခေါင်းအုံးကိုအားရပါးရ ပါးအပ်ပြီးအိပ်နေတာကြောင့်နှုတ်ခမ်းလေးကစူထွက်လို့...........
"အဟင်း..."လုံးလုံးရဲ့အိပ်နေပုံလေးကိုအေးရိပ်အသည်းယားတာကြောင့်ရယ်မိသည်.....
"ချောလိုက်တာကိုယ့်ရဲ့ရိပ်ငယ်လေးက..."
"အာ..ဦးယာကလည်း..မျက်နှာသွားမသစ်သေးဘူးလား...."
"မျက်နှာသစ်ချိန်က၁၀မိနစ်လောက်တောင်ကြာတာကိုကိုယ်ကတစ်ယောက်တည်းသွားသစ်စရာလား...ကိုယ့်ရဲ့ရိပ်ငယ်လေးနဲ့၁၀မိနစ်တောင်ဝေးနေရမှာပေါ့..."
မင်းဦးယာ၏စကားကိုအေးရိပ်ကသဘောတကျရယ်လျက်ပိုရန်ကောဆိုတဲ့အကြည့်လေးနဲ့ကြည့်လေသည်.....
"လာ..သွားသစ်ကြမယ်..."
"အင်း...."
အေးရိပ်နှင့်မင်းဦးယာမျက်နှာသစ်ပြီးထွက်လာတော့လုံးစိန်မှာတအဲ့အဲ့နှင့်အသံပေးလျက်မျက်လုံးလေးပြူးလို့နိုးနေလေပြီ.......
"လုံးလုံးလေးရေ...နိုးပြီလားဗျ..."
"ရိပ်ရိပ်...."
"ဗျာ့...ရိပ်ရိပ်ရဲ့လုံးလုံးလေးနိုးပြီလား..."
အေးရိပ်သည်လုံးလုံးလေးကိုပုခက်ထဲမှထုတ်၍ချီမြှောက်ကာစတော့တခစ်ခစ်နှင့်ပါလာလေသည်....လုံးလုံးလေးသည်အေးရိပ်ကိုရိပ်ရိပ်လို့ခေါ်ပြီးမင်းဦးယာကိုယာယာလို့ခေါ်တက်လေသည်.......
(၁နှစ်ကစကားမပြောတက်သေးပါဘူးနော်လုံးလုံးလေးရဲ့အသံလေးကိုမပီတဲ့ကလေးလေသံလေးလိုပဲဖတ်ပေးပါနော်...အသံထွက်တယ်ဆိုရုံလေး..ပီပီသသကြီးမဟုတ်ဘဲနဲ့)
လုံးလုံးလေးရဲ့ရယ်နေပုံလေးကိုအေးရိပ်အသည်းယားတာကြောင့်ပါးတွေကိုနမ်းပစ်လိုက်သည်....လုံးလုံးလေးသည်ဝပြီးအဆစ်ကလေးတွေပင်ထွက်ကာတစ်တုတ်နေသည်....နုနယ်လွန်းသောအသားအရည်ကြောင့်ပါးလေးတွေကရဲတွတ်လို့...မျက်လုံးလေးကပြူးပြူးလေးနဲ့သိပ်ကိုချစ်ဖို့ကောင်းလှသည်...တစ်အိမ်လုံးရဲ့အသည်းအသက်ကလေးပေါ့.....
"ဗိုက်ဆာပြီလားလုံးလုံးလေး...အူးမွ..အူးမွ..အူးမွ...."
"ခစ်ခစ်...ခစ်ခစ်..."
"ရီနေတာလား...လာပြီနော်..အူးမွ...အူးမွ..."
"ဟီးဟီး..ခစ်ခစ်..."
ပုခတ်နားတွင်တစ်တီတူးလို့ချစ်ကြည်နူးနေကြသောနှစ်ယောက်သည်မင်းဦးယာအပါအဝင်တစ်လောကလုံးကိုမေ့သွားသလိုပင်.....အေးရိပ်ဆီကmorning kissလေးကိုသူတောင်မရရသေးဘူး...လုံးလုံးကရသွားပြီတဲ့လား...အလျှင်အမြန်ပင်အေးရိပ်နဲ့လုံးလုံးနားသွားလိုက်ခါလုံးလုံးလေးကိုပြောင်းချီလိုက်သည်...
"ယာယာ.."
"ဦးယာ...ဘာလို့လဲ..."
"ပါးကိုခြင်ကိုက်သွားလို့..."
"ဟင်..ဟုတ်လား...တအားယားလာလို့လား...ခဏလေးနော်ထုံးလေးသုတ်ပေးမယ်..."
"ဟင့်အင်း..ရတယ်..တံတွေးလေးသုတ်လိုက်ရင်ရတယ်..."
"ဒါပေမဲ့..."
"အင့်..ကိုယ့်ကိုတံတွေးပဲသုတ်ပေး..."
အေးရိပ်ရှေ့သို့ကိုယ်ကိုကိုင်းကာပါးထိုးပေးလာသောမင်းဦးယာကြောင့်အေးရိပ်ရယ်လိုက်မိသည်...သူ၏ဦးယာသည်မိုးလင်းတိုင်းအနမ်းလိုချင်လို့ပါးကိုအမြဲအကောင်ကိုက်တက်သည်.....
"အင်း..ကျွန်တော့်ဦးယာပါးလေးရဲနေပါလား...ဒီခြင်တော်တော်ဆိုးတာပဲ...ရွှတ်...ရွှတ်...ရပြီလားခဗျ..."
"အင်း..နဲနဲတော့သက်သာပြီ..."
"ဟားဟား...ဟုတ်ပါပြီဦးလူလည်ရယ်..."
"ကိုယ်ကလည်တာမဟုတ်ပါဘူးရိပ်ရဲ့...ကိုယ်ကမိုးလင်းတော့လုံးလုံးလေးကိုထိန်းနိုင်အောင်ကိုယ့်ခွန်အားလေးဆီကအားဆေးယူတာ..."
"ဟားဟား...ဟုတ်ပါပြီ...."
လုံးလုံးလေးမှာတော့မင်းဦးယာလက်ပေါ်တွင်ငြိမ်၍တစ်တီတူးတို့နှစ်ယောက်ကိုကြည့်နေလေသည်.......
လုံးလုံးလေးသည်မနက်စာစားပြီးသည်နှင့်အားရှိသွားပြီဖြစ်ရာသူ့အတွက်ဝယ်ပေးထားသောလေးထောင့်ဖော့ပြားထဲတွင်စတင်ကဲလေတော့သည်.....အရုပ်တွေကြားမှောက်ယက်လေးချပေးထားရင်လက်ဝတုတ်လေးနှစ်ဖက်ကိုဖော့ပြားပေါ်သို့ထောက်ကာအားပြုလျက်ဖင်လေးကုန်းပြီးထချင်သေးသည်....ထလို့မရမှသာအရုပ်တွေနှင့်နပန်းလုံးရင်းခြေကုန်လက်ပန်းကျသည်အထိဆော့တက်သည်....အေးရိပ်နှင့်မင်းဦးယာမှာလည်းတစ်နေ့လုံးလုံးလုံးကိုထိန်းရင်းညနေဆိုလုံးလုံးလေးကိုမင်းဦးယာရင်ဘတ်မှာကလေးလွယ်ကြိုးလေးနှင့်ပိုက်၍လမ်းလျှောက်ထွက်ကြသည်....ပြန်ရောက်လျှင်လည်းလုံးလုံးလေးသည်ယိမ်းယိမ်းလေးတို့နှင့်ခဏသာနေ၍အေးရိပ်လက်ထဲသို့သာပြန်ပါလာပြန်သည်......
"လုံးလုံးကဒီနေ့ပုခင်ထဲအိပ်နော်...လိမ္မာတယ်..."
"အမ်..ဖူး..အမ်ဖူး..."
"အိပ်ပါ..မနက်ဖြန်ကျရင်ယာယာကလုံးလုံးအကြိုက်အချိုတွေကျွေးမယ်လေ..ဒီနေ့တော့ပုခက်လေးထဲအိပ်နော်...နော်.."
"အဟင့်...အူဝါး..."
ဤသည်မှာတော့အေးရိပ်ရေချိုးခန်းဝင်နေတုန်းလုံးလုံးကိုပုခက်ထဲတွင်အိပ်ရန်ဆွဲဆောင်နေသောမင်းဦးယာပင်....လုံးလုံးလေးရဲ့ငိုသံကြောင့်အေးရိပ်မှာပြေးထွက်လာလေသည်.....
"ဦးယာ..လုံးလုံးလေးဘာဖြစ်လို့လဲ...."
"ဘာမှမဖြစိပါဘူး...."
"ကျွန်တော်ပြီးတော့မယ်နော်ခဏလေး.."
"အင်း"
အေးရိပ်သည်အဝတ်အစားလေးယူကာရေချိုးခန်းထဲပြန်ဝင်သွားလေသည်....
"အိပ်..အိပ်..ဒီမှာပဲအိပ်ဟုတ်ပြီလား..ရှင်ဘုရင်လေး...."
"ခစ်ခစ်..."
"ဒါမျိုးကျရယ်တယ်...သူများချစ်ခြင်းကိုခွဲတဲ့လုံးလုံး...."
"ခစ်ခစ်...ခိခိ..."
"ဟော..ခုကျတော့လည်းရယ်လို့ပါလား..."
"သူလိုချင်တာရသွားပြီလေ..."
"သူကဘာလိုချင်လို့လဲဦးယာရဲ့...."
"ကိုယ်တို့ချစ်ခြင်းကိုခွဲချင်နေတာ ....လုံးဆိုးလေး"ဟုပြောလျက်အေးရိပ်နှင့်လုံးလုံးကိုကျောပေးကာအိပ်သွားသောဦးယာ.......တခစ်ခစ်လုပ်နေသောလုံးလုံးလေးကိုကုတင်ပေါ်မှလိမ့်ကျမှာစိုး၍ဖက်လုံးလေးနှင့်ကာပေးကာဦးယာဘက်သို့သွားပြီးငုတ်တုတ်လေးထိုင်ချလိုက်သည်...
"ဦးယာ..."
"........."
"ဦးယာလို့..."
"အင်း.."
"စိတ်ဆိုးနေတာလား...လုံးလုံးလေးကကလေးဆိုတော့ဘယ်သိမလဲဦးယာရဲ့....သူချစ်တဲ့သူနဲ့အိပ်ချင်ရှာမှာပေါ့....."
"ကိုယ်နားလည်ပါတယ်..ဒါပေမဲ့ခုကဒီတစ်ညလေးပဲဟာ..."
"ဦးယာကလည်း..."
"ကိုယ်မကြိုက်တာဘာလဲလို့မေး..."
"အင်း...ဦးယာမကြိုက်တာဘာလဲ.."
"ကိုယ်မကြိုက်တာမင်းနဲ့ကိုယ့်ကြားကအကွာအဝေး....ကိုယ်နဲ့မင်းကြားမှာသေးသေးလေးတောင်မကွာဝေးစေချင်ဘူး...."
"ဦးယာကလည်း..."
"အယ့်တာကြောင့်ဒီတစ်ညပဲလေနော်..ဒီတစ်ညပဲကိုယ့်ရဲ့ရိပ်ငယ်လေးကိုဖက်အိပ်ပါရစေလို့...."
"ဦးယာရယ်ကလေးကျလို့...."လုံးလုံးလေးနှင့်အပြိုင်ဂျစ်တိုက်နေသောမင်းဦးယာ၏ပုံစံသည်တကယ့်ကလေးဆိုးလေးလို....အေးရိပ်၏အမြင်တွင်တော့ချစ်ဖို့ကောင်းလှသည်....ပြီးရင်လည်းလုံးလုံးကိုချစ်တာသူ့အပြင်နှစ်ယောက်မရှိ...အပြင်သွားလို့များလုံးလုံးကပစ္စည်းတစ်ခုကိုလက်ညှိုးထိုးကြည့်ချက်ချင်းကိုကောက်ဝယ်ပေးတာ...လုံးလုံးတစ်ခုခုဖြစ်ရင်လည်းသူပါဖြစ်သလိုတမှိုင်တတွေတွေနှင့်......ဦးယာသည်လူကြီးဆန်လျှင်သိပ်ခန့်ညားသလိုကလေးဆန်လျှင်လည်းသိပ်ချစ်ဖို့ကောင်းပြန်သည်.....
"ဒါဆိုဒီလိုလုပ်လုံးလုံးလေးအိပ်ပျော်သွားရင်ပုခက်ထဲရွှေ့လိုက်မယ်လေနော်..."
"အင်း..အာ့ဆိုမြန်မြန်သိပ်ရအောင်...."
"ဟား..ဟား..ဟုတ်ပါပြီဗျာ..."
တစ်နေကုန်ကဲထားသောလုံးလုံးလေးသည်ကြာကြာမသိပ်ရပါ...ခဏလေးနဲ့အိပ်ပျော်သွားလေသည်....
"ကဲ...အိပ်သွားပါပြီခဗျာ..."
"ဟူး...လာပါဦးကိုယ့်ခွန်အားလေး...ကိုယ်အားယူရဦးမယ်..."ဟုပြောလျက်လက်ကိုဆန့်တန်းကာခေါ်နေသောဦးယာ...အေးရိပ်လည်းတုံ့ဆိုင်းမနေပဲမင်းဦးယာ၏ရင်ခွင်ထဲသို့တိုးဝင်လိုက်လေသည်......
"ဦးယာ..."
"ဗျာ့..."
"စိတ်ချမ်းသာပြီလား..."
"ခုလည်းကိုယ်ကစိတ်မဆင်းရဲပါဘူးရိပ်ရဲ့..."
"ဟုတ်ပါပြီဗျာ..."
"ရိပ်ငယ်"
"ဗျာ.."
"စောနကိုယ်မကြိုက်တာကိုမေးတယ်လေ...ခုကိုယ်ဘာကြိုက်လဲမေးပါဦးလား.."
"အင်း...ကျွန်တော့်ရဲ့ဦးယာဘာကြိုက်လဲခဗျ.."
"ကိုယ့်ကိုကြည့်တဲ့မင်းမျက်လုံးလေးတွေကိုကြိုက်တယ်...ကိုယ့်အတွက်ဖြစ်လာတဲ့မင်းအပြုံးလေးတွေကိုကြိုက်တယ်...ဟောဒီ့ပါးလေးပေါ်ကမှဲ့နက်ကလေးကိုကြိုက်တယ်...ပြီးတော့မင်းရင်ခွင်လေးထဲမှာဝင်နေရတာကြိုက်တယ်၊ပြီးတော့မင်းကိုကိုယ့်ရင်ခွင်ထဲထွေးပွေထားရတာကြိုက်တယ်...ကိုယ့်ရဲ့ရိပ်ငယ်လေးနဲ့ပတ်သတ်တာအကုန်ကြိုက်တယ်...."
"........"
"သိရဲ့လားရိပ်ငယ်လေး..."
"........."အေးရိပ်မှာမျက်နှာလေးရဲကာပြုံးနေရုံမှတစ်ပါးမည်သည့်စကားမှပင်မဆိုနိုင်တော့ပါ..ဦးယာသည်ခြွေလွန်းနေသည်မို့......
"ဪ..ပြီးတော့ကျန်သေးတယ်...ပြွတ်စ်..ဒီနှုတ်ခမ်းရဲရဲလေးကိုတစ်သက်လုံးပိုင်ရတာလည်းကြိုက်တယ်....ချစ်တယ်နော်ကိုယ့်ခွန်အားလေး..."
"အင်း...ကျွန်တော်လည်းချစ်တယ်ဦးယာ.."
"ထာဝရထက်တစ်ရက်ပိုချစ်တယ်လို့မပြောတော့ဘူးနော်ရိပ်ငယ်...နေ့တိုင်းနေ့တိုင်းထာဝရအတွက်အချစ်တွေပုံပေးထားတာမို့...."
"ဦးယာ..."
"ဟင်..."
"ဘာလို့စကားတွေဒီလောက်တက်နေရတာလဲ..."
"ကိုယ်ကစကားတက်တာမဟုတ်ပါဘူး...ကိုယ့်ရိပ်ငယ်လေးကိုမြင်ရင်စကားတွေကအလိုလိုထွက်ကျလာတာ..."
"အဟင်း...ဟုတ်ပါပြီလူကြီးရယ်...အိပ်ရအောင်..တော်ကြာလုံးလုံးလေးနိုးလာမှဖြင့်..."
"Good night kiss"
"ပြွတ်စ်...ကျွန်တော့်ရဲ့ဦးယာအိမ်မက်လှလှလေးမက်ပါစေနော်..."
"အင်းကိုယ့်ရဲ့ရိပ်ငယ်လေးလည်းအိမ်မက်ထဲမှာကိုယ့်ကိုထည့်မက်နော်..."
"ဟုတ်..."
မင်းဦးယာ၏လက်သည်အေးရိပ်၏လည်ပင်းလေးအောက်ကနေလျှိုဝင်ကာအပေါ်မှလည်းနောက်လက်တစ်ဖက်နှင့်ဖက်၍ရင်ခွင်ထဲမှာထွေးပွေ့ထားရင်းနဖူးပြင်လေးကိုနှုတ်ခမ်းလေးနဲ့ကပ်လိုက်သည်..ထို့နောက်မျက်လုံးလေးများမှိတ်ကာအလှဆုံးအိမ်မက်ကမ္ဘာထဲသို့သွားရန်အိပ်စက်ခြင်းဆီသို့............လုံးလုံးလေးကလည်းသူ့အိမ်မက်ထဲမှာယာယာနဲ့ရိပ်ရိပ်ကိုနှောင့်ယှက်နေလောက်ရောပေါ့..........
ရွှန်းရဲ့အတူးလေးတို့လည်းအိမ်မက်လှလှမက်ကြပါစေနော်.....
ဖတ်ရတာရောအဆင်ပြေရဲ့လားရှင့်❤
ခေါင်းထဲပေါ်ရင်ပေါ်သလောက်extraလေးတွေရေးပေးမယ်နော်...ခုတော့ဒီလောက်နဲ့ကျေနပ်တော့နော်အတူးလေးတို့....ချစ်တယ်ကွယ်😘🥰
//////////////////////////////////
"ဦးယာ..."
"အင်း..နိုးပြီလားရိပ်..."
"ဟုတ်..."
"အင်း.."
"လာ..သွားသစ်ကြမယ်..."
"အင်း...."
"ရိပ်ရိပ်...."
"ခစ်ခစ်...ခစ်ခစ်..."
"ဟီးဟီး..ခစ်ခစ်..."
"ယာယာ.."
"ဦးယာ...ဘာလို့လဲ..."
"ဒါပေမဲ့..."
"ဟားဟား...ဟုတ်ပါပြီ...."
"အမ်..ဖူး..အမ်ဖူး..."
"အဟင့်...အူဝါး..."
"ဘာမှမဖြစိပါဘူး...."
"အင်း"
"ခစ်ခစ်..."
"ခစ်ခစ်...ခိခိ..."
"ဦးယာ..."
"........."
"ဦးယာလို့..."
"အင်း.."
"ဦးယာကလည်း..."
"ဦးယာကလည်း..."
"ဟား..ဟား..ဟုတ်ပါပြီဗျာ..."
"ကဲ...အိပ်သွားပါပြီခဗျာ..."
"ဦးယာ..."
"ဗျာ့..."
"စိတ်ချမ်းသာပြီလား..."
"ဟုတ်ပါပြီဗျာ..."
"ရိပ်ငယ်"
"ဗျာ.."
"........"
"သိရဲ့လားရိပ်ငယ်လေး..."
"ဦးယာ..."
"ဟင်..."
"Good night kiss"
"ဟုတ်..."

Коментарі