Part13
"ဦးယာ.."
"ဟင်..."
"သမီးလေး၁တန်းပြန်မတက်ခင်ခရီးသွားချင်လား...."
"အင်းသွားချင်တယ်...သမီးလေးနဲ့အမှတ်တရတွေဖန်တီးချင်တယ်..."
"ဦးယာဘယ်သွားချင်လဲ...."
"ဘယ်ပဲဖြစ်ဖြစ်ပါ...."
"အယ့်တာဆိုခရီးလည်းတအားမပန်းရအောင်အရမ်းအဝေးကြီးမဟုတ်ဘဲဇလွန်ပြည်တော်ပြန်ဘုရားသွားကြမလားဟင်....ဘုရားကြီးကတအားသပ္ပါယ်တာ၊တန်ခိုးလည်းကြီးတယ်....ဒီကနေဆို၄နာရီလောက်ပဲမောင်းရတယ်...သွားကြမလားဦးယာ..."
"အင်းသွားချင်တယ်...."
"အကုန်လုံးသွားကြမယ်နော်...ဦးယာရဲ့ဖေဖေနဲ့မေမေရောယိမ်းယိမ်းလေးရော..ကြီးမေရောဦးလေးရော..."
"အင်း...ကောင်းတယ်..."
"ဟုတ်...အယ့်တာဆိုကျွန်တော်ပြောထားလိုက်မယ်နော်...."
"အင်း...မင်းသဘော..."
"ဟုတ်ကျေးဇူးပါဦးယာ.."
"ဟင့်အင်းကိုယ်ကသာကျေးဇူးတင်ရမှာပါ....ကျေးဇူးပါရိပ်...ကိုယ့်အတွက်အမှတ်တရကောင်းလေးတွေကိုဖန်တီးပေးလို့ပါ...."
အေးရိပ်ပြုံးရုံသာပြုံးပြပြီးအိမ်ထဲသို့ဝင်သွားခဲ့လေသည်...ဦးယာဟာနာကျင်မှုကိုသူကိုယ်တိုင်ရွေးချယ်နေပါရော့လား....တစ်ခါလောက်...တစ်ခါလောက်ထပ်ပြီးဆေးကုသခံဖို့တိုက်တွန်းချင်မိတယ်ဦးယာ......
အိမ်ထဲသို့ဝင်လာပြီးနောက် နောက်ဖေးတွင်ကြီးမေချက်ပြုတ်တဲ့နေရာမှာဟိုရှုပ်သည်ရှုပ်နှင့်ပျော်နေသောယိမ်းယိမ်းလေးဆီသွားမိသည်.....
"သမီးလေး..."
"ရှင်မေမေ..."
"မေမေတို့ဒီစနေဘုရားသွားကြမို့...."
"တကယ်လားမေမေ..."
"တကယ်ပေါ့သမီးလေးရဲ့...သမီးလေးရယ်..ဖိုးနဲ့ဖွားရယ်ကြီးမေနဲ့ဘကြီးရယ်အကုန်လုံးသွားကြမှာ..."
"ယေး...ပျော်တယ်....ယိမ်းယိမ်းကသွားချင်တာ...."
"သွားရတော့မှာပေါ့မီးလေးရဲ့...အယ့်နေ့ကြရင်အိမ်ကနေထမင်းချိုင့်တွေမုန့်တွေလည်းထည့်သွားမယ်နော်..မေမေတို့အစောကြီးထပြီးချက်ကြမယ်လေ..."
"ဟုတ်..ပျော်တယ်...ခစ်ခစ်...."ယိမ်းယိမ်းလေးသည်ပျော်ရွှင်ခြင်းကိုထုတ်ဖော်သည့်အနေဖြင့်ခုန်ပေါက်ကာပြုံးရွှင်လို့နေလေသည်........
ဒါဟာသူ့ဘဝလေးမှာပထမဆုံးသွားရတဲ့မိသားစုခရီးလေးမလား...ဘယ်လောက်တောင်ပျော်နေလိုက်မလဲ....ပန်းခြံလေးသွားတုန်းကတောင်ပျော်လွန်းလို့အိပ်တောင်မပျော်ခဲ့တဲ့ကလေးလေးကအယ့်နေ့လေးမရောက်ခင်ညမှာအိပ်တောင်ပျော်ပါ့မလားလေ..........
ထိုနေ့ညကခုန်ပေါက်ရင်းသူရတဲ့ကဗျာလေးတွေရေရွတ်ကာပျော်နေတဲ့ကလေးလေးဟာတစ်အိမ်လုံးကိုအပျော်တွေကူးစက်စေခဲ့သည်လေ.....သောကြာနေ့ညတွင်ယိမ်းယိမ်းလေးရဲ့အဖိုးနဲ့အဖွားပါရောက်လာကာစနေနေ့မနက်အစောကြီးထထွက်ရန်ပြင်ဆင်ကြလေသည်......
တကယ်ကိုထင်တဲ့အတိုင်းယိမ်းယိမ်းလေးသည်ထိုနေ့ကခရီးစဥ်လေးတွင်အတက်ကြွဆုံးဖြစ်နေခဲ့သည်လေ.....ဒီခရီးစဥ်လေးမှာယိမ်းယိမ်းအတွက်သာမကဦးယာရောဦးယာရဲ့အဖေနဲ့အမေအတွက်ပါပထမဆုံးမိသားစုခရီးလေးတဲ့လေ.....
မနက်၅နာရီလောက်ထွက်ကြပြီး၉နာရီလောက်တွင်တော့ဘုရားကြီးသို့ရောက်သွားကြလေသည်....လူရှင်းနေတဲ့အချိန်လေးမို့ကလေးငယ်လေးသည်ဘုရားမြေပေါ်ချေခြသည်နှင့်သူမလေးရဲ့ဖိုးနဲ့ဘွားလက်ကိုဆွဲကာဘုရားကြီးကိုဝင်ဖူးပြီးစပတ်လေတော့သည်......သူလေးအတွက်တော့မြင်မြင်သမျှဟာအံ့သြစရာပေါ့...
"ဦးယာ..အဆင်ပြေရဲ့လား...သက်တောင့်သက်သာဖြစ်ရဲ့လား...."
"အင်း...ကိုယ်အဆင်ပြေပါတယ်..."
"ဘုရားဖူးကြမယ်နော်..."
"အင်း..."
ဆုတောင်းပြည့်သည်၊တန်ခိုးကြီးသည်ဟုနာမည်ကြီးသောဇလွန်ပြည်တော်ပြန်ဘုရားကြီးရှေ့မှောက်တွင်မော်ဖူးနေသောကောင်လေးတစ်ယောက်ကိုမင်းဦးယာစောင်းငဲ့ကြည့်မိသည်...အေးချမ်းလွန်းလို့...ချစ်စရာကောင်းလွန်းလို့...ဘုရားဝတ်ပြုနေသောကောင်လေးကိုခိုးကြည့်ကာပြုံးခဲ့မိသည်.......
ထို့နောက်ဘုရားရှင်ထံစိတ်ထဲမှယုံယုံကြည်ကြည်နှင့်ဆုတစ်ခုတောင်းခဲ့မိသည်.....
"မျက်စိရှေ့ကမြင်တွေ့နေရတဲ့အေးချမ်းလွန်းလှတဲ့ပုံရိပ်လေးများကိုအခွင့်သာရှိရင်ထာဝရအတွက်မြင်တွေ့ပါရစေ"လို့ပေါ့........ရင်ထဲကနာလွန်းလို့လည်းကြိတ်ကာငိုမိသေးပါရဲ့.......ဘာရယ်ကြောင့်ဒီဘဝဟာဒီလိုအဆုံးသတ်ရပါသလဲလေ...ဘယ်ဘဝကအပြစ်ကြွေးကြောင့်ဒီလိုပေးဆပ်ရပါသလဲလေ ......အကယ်၍များဒါဟာဝဋ်ကြွေးတစ်ခုဆိုရင်ဒီဘဝဒီမျှနဲ့ပဲအကြေဆပ်ပါရစေတော့လို့...သူဘုရားရှင်ထံယုံယုံကြည်ကြည်ရင်ဖွင့်ခဲ့မိသည်.......
တစ်မနက်ခင်းလုံးဘုရားကြီးရဲ့အရိပ်အာဝါသထဲတွင်ခိုလှုံရင်းနေ့လည်စာစားချိန်တွင်လည်းဘုရားစောင်းတန်းလေးတွင်အခင်းတွေခင်းကာချက်ပြုတ်လာကြတဲ့ထမင်းဟင်းတွေကိုအားရပါးရစားကြလေသည်....ဦးယာရယ်အေးရိပ်ရယ်ယိမ်းယိမ်းလေးရယ်ဟာလည်းစကားတွေပြောလိုက်စလိုက်နှင့်ပျော်နေခဲ့သလို...မင်းဦးယာ၏အဖေနှင့်အမေ၊ကြီးမေနှင့်ဦးလေးတို့မှာလည်းလူကြီးတွေပီပီရှေးဟောင်းနှောင်းဖြစ်လေးတွေပြောရင်းပေါ့.....ထိုမြင်ကွင်းလေးဟာလှပလွန်းလို့....သဘာဝအတိုင်းဖြစ်ပေါ်လာကြတဲ့အပြုံးလေးတွေနဲ့...စုတ်ချက်တစ်ချက်စီတိုင်းကအဖိုးတန်ပြီးအသက်ဝင်လွန်းတဲ့ပန်းချီကားလေးတစ်ချပ်လို........အားလုံးဟာသူ့အာရုံလေးတွေနှင့်သူပျော်ဝင်နေကြပေမယ့်မင်းဦးယာကတော့ထိုမြင်ကွင်းလေးကိုမမှိတ်မသုန်ကြည့်နေခဲ့တယ်လေ....ဘယ်အချိန်ထိလဲ...ဘယ်အချိန်ထိသူဒီပျော်ရွှင်မှုလေးတွေကိုမြင်ခွင့်ရမလဲသူကြိုမသိနိုင်ဘူး...တစ်နေ့နေ့မှာသူဟာတိတ်တဆိတ်ထွက်ခွာသွားရမှာ...သူ့မှာရွေးချယ်စရာဆိုလို့နာကျင်မှုနဲ့နာကျင်မှုပဲရှိတဲ့ဘဝ...ဘာကိုပဲရွေးရွေးသူ့အတွက်အဖြေဟာသေဆုံးခြင်းတဲ့....သူအရမ်းကိုကြောက်မိတယ်....ဒီမိသားစုလေးကိုခွဲသွားဖို့အတွက်သူ့ကိုယ်သူအဆင်သင့်ဖြစ်ပြီလို့ထင်ခဲ့မိတာ...သို့သော်သူသိပ်ကြောက်နေတုန်းပဲ...သိပ်ကိုနာကျင်နေတုန်းပဲ....သူ့မျက်စိရှေ့ကပြုံးပျော်နေကြတဲ့လူတွေကိုကြည့်ကာသူတစ်ခါမှမတွေးဘူးတဲ့အတွေးတစ်ခုကိုတွေးလိုက်မိပါရဲ့.....ဘယ်တုန်းကမှသူ့ကိုမျက်နှာသာမပေးခဲ့တဲ့ကံတရားဟာတစ်ခါလောက်တော့ငဲ့ကြည့်ကောင်းပါရဲ့လို့ပေါ့......သိပ်ကိုသနားဖို့ကောင်းပါလားလေ.......တွေးတောနေရင်းပင်ထိုမြင်ကွင်းလေးကိုသူသိမ်းဆည်းချင်ခဲ့မိသည်....
ထို့ကြောင့်ဖြတ်သွားဖြတ်လာတစ်ယောက်ကိုအကူအညီတောင်းပြီးရိုက်ခိုင်းမိတဲ့မိသားစုဓါတ်ပုံလေးဟာပြည့်စုံလို့ပေါ့........ဓါတ်ပုံလေးရဲ့နောက်ကျောတွင်တော့တစ်စုံတစ်ယောက်ရဲ့လက်ရေးလေးကနေရာယူလျက်......
"တစ်ချိန်ချိန်မှာဒီလိုမပြည့်စုံနိုင်တော့ရင်ဒီအမှတ်တရလေးတွေကိုမှိတ်မိနေပေးပါသမီးလေးရေတဲ့........"
ချစ်ရတဲ့ဖေဖေ.....
တို့တွေဟာဘဝမှာအမှတ်ရစရာတွေများလွန်းလို့တစ်ခါတစ်လေသိပ်ကိုလှပတဲ့အမှတ်တရလေးတွေကိုမေ့နေတက်ကြတယ်တဲ့......အယ့်အမှတ်တရလေးကတော့မိသားစုဆိုတာလေးပေါ့..."မိသားစု"တဲ့..ဘယ်လောက်တောင်လှပလိုက်တဲ့စာစုလေးလဲ.....မိသားစုစုံစုံလင်လင်ရှိတာလည်းမိသားစုပဲပေါ့...အမေတစ်ခုသားတစ်ခုကလည်းမိသားစုပဲပေါ့. ...မောင်နှမနှစ်ယောက်တည်းရှိတာပဲမိသားစုပဲပေါ့....မပြည့်စုံတာတွေကိုအားငယ်နေမယ့်အစား..ဪ..ငါ့မှာမိသားစုလေးရှိသေးပါလားဆိုပြီးအမှတ်တရလေးတွေဖန်တီးကြည့်စမ်းပါ....တစ်ချိန်ချိန်မှာသိပ်ကိုလှပတဲ့ အလှပဆုံးအမှတ်တရလေးဖြစ်လာမှာပေါ့.......
ဒီခရီးလေးဟာလည်းပဲယိမ်းယိမ်းလေးအတွက်သိပ်ကိုလှပတဲ့မှတ်ဥာဏ်လေးအဖြစ်ဦးနှောက်ထဲမှာ၊နှလုံးသားထဲမှာစွဲကျန်နေခဲ့မှာပေါ့......ဦးယာအတွက်လည်းသိပ်ကိုကြည်နူးဖို့ကောင်းတဲ့ထာဝရအတွက်အမှတ်တရလေးပေါ့......
ခရီးကပြန်လာပြီးနောက်တစ်ခုခုကိုအသည်းအသန်တွေးနေခဲ့သောဦးယာဟာစိတ်နဲ့လူနဲ့မကပ်တော့သလိုပင်......
"ဦးယာ..."
"ဟင်..."
"နေကောင်းရဲ့လား..."
"ကောင်းပါတယ်...."
"ဘာတွေစိုးရိမ်နေတာလဲ..."
"ကိုယ်စဥ်းစားနေတာ..."
"ဘာကိုလဲဦးယာကျွန်တော့်ကိုပြောလို့ရရင်ပြောပြလေ....."
"ကိုယ်ကုသမှုခံယူရမလားရိပ်...."
"ကောင်းတာပေါ့...!ခံယူသင့်တာပေါ့ဦးယာရယ်...."
"ဒါပေမဲ့ကိုယ်ပြောခဲ့ဖူးတာကိုမင်းမှတ်မိလား...ကိုယ့်အတွက်၁၀%ပဲအသက်ရှင်ဖို့အခွင့်အရေးရှိတယ်ဆိုတာ....."
"ဟင့်အင်းမမှတ်မိဘူး...ကျွန်တော်မှတ်မိတာကဦးယာသေချာပေါက်အောင်မြင်မယ်ဆိုတာပဲ....."
"ရိပ်ရယ်...."
"ကုသမှုခံလိုက်ပါဦးယာရယ်...ဦးယာသေချာပေါက်အောင်မြင်မှာပါ...."
"ဘယ်လောက်ကြာမယ်ကိုယ်မသိဘူးရိပ်...၅နှစ်လား..၁၀နှစ်လား....ကိုယ်အကောင်းပကတိလိုဖြစ်ဖို့ဆိုရင်ကိုယ့်အတွက်လုပ်ရမယ့်ခွဲစိတ်မှုတွေကအများကြီး......သမီးလေးကလည်းငယ်သေးတယ်.....အကယ်၍ကိုယ်သာတစ်ခုခုလွဲချော်သွားခဲ့ရင်..."
"အယ့်လိုတွေမတွေးပါနဲ့လားဦးယာရယ်...ဟင်...ဦးယာတောင့်ခံနိုင်ပါတယ်...ဟုတ်တယ်မလား....ကျွန်တော်နဲ့သမီးလေးလည်းဘေးမှာရှိနေပေးမယ်လေ...."
"ကိုယ်ယုံပါတယ်..."
"ကုသမှုခံယူကြည့်ပါဦးယာ...ဦးယာပြန်ကောင်းလာတဲ့အထိကျွန်တော်စောင့်ရှောက်ပါ့မယ်......."
"ကိုယ်ပြန်ကောင်းသွားရင်ရော...မင်းစောင့်ရှောက်ဦးမှာလား..."
"အယ့်ခါကျရင်ပြောပါ့မယ်ဦးယာ...သေချာတာကတော့ဦးယာနဲ့သမီးလေးလိုတဲ့အချိန်ထိကျွန်တော်ရှိနေပေးမှာပါ....."
"ကျေးဇူးပါရိပ်...တကယ်ကိုကျေးဇူးတင်ပါတယ်..."
မျက်လုံးချင်းဆုံကြည့်ကာပြောလာသောဦးယာရဲ့စကားတွေကိုသူပြန်မတုံ့ပြန်နိုင်ခဲ့ပါ....ထိုအကြည့်တွေထဲကရုန်းထွက်ဖို့ကိုပင်သိပ်ကိုခက်ခဲခဲ့သည်မို့............
ဦးယာရဲ့စကားအတိုင်းယိမ်းယိမ်းလေးနားလည်နိုင်တဲ့အရွယ်ရောက်တဲ့အထိဆေးကုသမှုခံယူရင်းထိန်းထားဖို့သဘောတူခဲ့ကြသည်...ယိမ်းယိမ်းလေးကိုပြောပြလို့ရတဲ့အရွယ်ရောက်မှကလေးငယ်လေးကိုနားလည်အောင်ပြောပြီးခွဲစိတ်ကုသမှုလုပ်မည်......
ကံတရားသာမျက်နှာသာပေးခဲ့မယ်ဆိုရင်ဆုတောင်းတိုင်းသာပြည့်ခဲ့မယ်ဆိုရင်
ကံကောင်းခြင်းတွေအကုန်လုံးကိုဦးယာနဲ့ယိမ်းယိမ်းလေးထံခဏလောက်ငှားပေးဖို့တောင်းဆုပြုပါရစေ........
အေးရိပ်ဝေ.....
ဖတ်ရတာအဆင်ပြေရဲ့လားရှင့်💕
//////////////////////////
"ဦးယာ.."
"ဟင်..."
"ဦးယာဘယ်သွားချင်လဲ...."
"ဘယ်ပဲဖြစ်ဖြစ်ပါ...."
"အယ့်တာဆိုခရီးလည်းတအားမပန်းရအောင်အရမ်းအဝေးကြီးမဟုတ်ဘဲဇလွန်ပြည်တော်ပြန်ဘုရားသွားကြမလားဟင်....ဘုရားကြီးကတအားသပ္ပါယ်တာ၊တန်ခိုးလည်းကြီးတယ်....ဒီကနေဆို၎နာရီလောက်ပဲမောင်းရတယ်...သွားကြမလားဦးယာ..."
"အင်းသွားချင်တယ်...."
"အင်း...ကောင်းတယ်..."
"အင်း...မင်းသဘော..."
"ဟုတ်ကျေးဇူးပါဦးယာ.."
"သမီးလေး..."
"ရှင်မေမေ..."
"တကယ်လားမေမေ..."
"ဘုရားဖူးကြမယ်နော်..."
"အင်း..."
တစ်မနက်ခင်းလုံးဘုရားကြီးရဲ့အရိပ်အာဝါသထဲတွင်ခိုလှုံရင်းနေ့လည်စာစားချိန်တွင်လည်းဘုရားစောင်းတန်းလေးတွင်အခင်းတွေခင်းကာချက်ပြုတ်လာကြတဲ့ထမင်းဟင်းတွေကိုအားရပါးရစားကြလေသည်....ဦးယာရယ်အေးရိပ်ရယ်ယိမ်းယိမ်းလေးရယ်ဟာလည်းစကားတွေပြောလိုက်စလိုက်နှင့်ပျော်နေခဲ့သလို...မင်းဦးယာ၏အဖေနှင့်အမေ၊ကြီးမေနှင့်ဦးလေးတို့မှာလည်းလူကြီးတွေပီပီရှေးဟောင်းနှောင်းဖြစ်လေးတွေပြောရင်းပေါ့.....ထိုမြင်ကွင်းလေးဟာလှပလွန်းလို့....သဘာဝအတိုင်းဖြစ်ပေါ်လာကြတဲ့အပြုံးလေးတွေနဲ့...စုတ်ချက်တစ်ချက်စီတိုင်းကအဖိုးတန်ပြီးအသက်ဝင်လွန်းတဲ့ပန်းချီကားလေးတစ်ချပ်လို........အားလုံးဟာသူ့အာရုံလေးတွေနှင့်သူပျော်ဝင်နေကြပေမယ့်မင်းဦးယာကတော့ထိုမြင်ကွင်းလေးကိုမမှိတ်မသုန်ကြည့်နေခဲ့တယ်လေ....ဘယ်အချိန်ထိလဲ...ဘယ်အချိန်ထိသူဒီပျော်ရွှင်မှုလေးတွေကိုမြင်ခွင့်ရမလဲသူကြိုမသိနိုင်ဘူး...တစ်နေ့နေ့မှာသူဟာတိတ်တဆိတ်ထွက်ခွာသွားရမှာ...သူ့မှာရွေးချယ်စရာဆိုလို့နာကျင်မှုနဲ့နာကျင်မှုပဲရှိတဲ့ဘဝ...ဘာကိုပဲရွေးရွေးသူ့အတွက်အဖြေဟာသေဆုံးခြင်းတဲ့....သူအရမ်းကိုကြောက်တယ်....ဒီမိသားစုလေးကိုခွဲသွားဖို့အတွက်သူ့ကိုယ်သူအဆင်သင့်ဖြစ်ပြီလို့ထင်ခဲ့မိတာ...သို့သော်သူသိပ်ကြောက်နေတုန်းပဲ...သိပ်ကိုနာကျင်နေတုန်းပဲ....သူ့မျက်စိရှေ့ကပြုံးပျော်နေကြတဲ့လူတွေကိုကြည့်ကာသူတစ်ခါမှမတွေးဘူးတဲ့အတွေးတစ်ခုကိုတွေးလိုက်မိပါရဲ့.....ဘယ်တုန်းကမှသူ့ကိုမျက်နှာသာမပေးခဲ့တဲ့ကံတရားဟာတစ်ခါလောက်တော့ငဲ့ကြည့်ကောင်းပါရဲ့လို့ပေါ့......သိပ်ကိုသနားဖို့ကောင်းပါလားလေ.......တွေးတောနေရင်းပင်ထိုမြင်ကွင်းလေးကိုသူသိမ်းဆည်းချင်ခဲ့မိသည်....
ချစ်ရတဲ့ဖေဖေ.....
"ဦးယာ..."
"ဟင်..."
"နေကောင်းရဲ့လား..."
"ကောင်းပါတယ်...."
"ဘာတွေစိုးရိမ်နေတာလဲ..."
"ကိုယ်စဉ်းစားနေတာ..."
"ရိပ်ရယ်...."
"ကိုယ်ယုံပါတယ်..."
အေးရိပ်ဝေ.....

Коментарі