Part7
သူ့အတွက်ရောက်လာတဲ့သူနာပြုတွေက၁ပတ်တောင်မခံကြဘူးတဲ့...မင်းကိုတော့အားကိုးလို့ရတယ်မလားတဲ့......
စစတွေ့ချင်းကပေါ့ဦးယာပြောခဲ့တဲ့စကားလေး.....တကယ်တော့အေးရိပ်အတွက်လည်းအလွတ်တန်းသူနာပြုလုပ်ဖို့ဆိုတာသင်တန်းဆင်းပြီးပြီးချင်းပထမဆုံးဖြစ်တာကြောင့်သူလည်းပဲလုပ်နိုင်ပါ့မလားဆိုတဲ့စိတ်ကလေးဝင်ခဲ့ဖူးသည်....သို့သော်ထိုသားအဖကိုမြင်လိုက်သည့်အခါလုပ်နိုင်ပါ့မလားဆိုတဲ့အတွေးဟာလုပ်ကိုလုပ်နိုင်ရမယ်ဆ်ုပြီးပြောင်းလဲသွားခဲ့တာကိုသူသာလျှင်သိသည်....လုပ်ကိုလုပ်နိုင်ရမယ်ဆိုပြီးလုပ်ခဲ့တာဒီနေ့ဆ်ု၁လပင်ပြည့်ခဲ့ပြီပေါ့.....၁လအတွင်းမှာလည်းပြောင်းလဲသွားခဲ့တဲ့ယိမ်းယိမ်းလေးဟာအရင်လိုဂျောင်လေးမှာကပ်ပြီးငိုနေရှာတဲ့ကလေးလေးမဟုတ်တော့ဘူး...အဖေကိုကြောက်တဲ့ကလေးလေးမဟုတ်တော့ဘူး...သူမလေးကပျော်တက်လာပြီ၊ပျော်ရွှင်မှုဆိုတာကိုရှာတက်လာပြီ၊သာမန်၄နှစ်ထဲရောက်နေပြီဖြစ်တဲ့ကလေးလေးတွေလိုလွတ်လွတ်လပ်လပ်ဆော့ကစားတက်နေပြီ...တစ်ခုခုဆိုငိုနေမယ့်အစားပျော်ရွှင်မှုကိုအစားထိုးတက်လာပြီ...ဦးယာကလည်းအရင်လိုသိပ်ပြီးအားမငယ်နေတော့ဘူးထင်ပါရဲ့၊သူလည်းပဲပါးချိုင့်လေးတွေထင်အောင်ပြုံးတက်လာပြီ၊တစ်ခါတစ်လေတွေငေးနေတက်ပေမယ့်လို့ပေါ့....ဘယ်လောက်တောင်ကြည်နူးဖို့ကောင်းလိုက်လဲလေ...ကိုယ့်ကြောင့်ဆိုပြီးတယူသန်ဂုဏ်မမောက်ချင်ပေမဲ့တကယ်ပါတဖြည်းဖြည်းပြောင်းလဲလာကြတဲ့သူတို့လေးနှစ်ဦးကြောင့်ကျွန်တော့်ရင်ထဲဘယ်လောက်ထိပီတိဖြစ်ရတယ်ဆိုတာ၊ဘယ်လောက်ထိကြည်နူးရတယ်ဆိုတာက်ုယ်သာသိသည်.....
ဒီနေ့လေးကတော့သူတို့လေး၂ဦးနဲ့တွေ့တာ၁လပြည့်တဲ့နေ့လေးပေါ့....၁လအတွင်းမှာဖြစ်တည်လာတဲ့သံယောဇဥ်ကြိုးလေးတွေဟာလည်းနှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာရစ်နှောင်လို့နေပြီ....ဦးယာရဲ့ဖေဖေနဲ့မေမေကခေါ်ထားတာကြောင့်ဒီနေ့တွေ့ဖို့သွားရမည်.....အကယ်၍များသူနာပြုအသစ်တွေ့တယ်ဆိုပြီးများပြောင်းဖို့ပြောလာခဲ့ရင်သေချာပေါက်ဝမ်းနည်းမိမယ်ထင်ပါရဲ့....သို့သော်လည်းငြင်းဆန်လို့မှမရဘဲလေ...ကိုယ်မပိုင်တဲ့ဘဝလေး၂ခုအတွက်ကိုယ်ကခဏတာစောင့်ရှောက်သူသက်သက်သာ၊ကိုယ်ဟာအပြင်လူသူစိမ်းမလားလေ.......လေးလံသောခြေလှမ်းလေးများသည်ဦးယာ၏ဖခင်နှင့်မိခင်ရှိရာသို့လှမ်းရင်း...........
"ဒေါက်...ဒေါက်..."
"ဝင်ခဲ့ပါ..."CEO's ဆိုတဲ့အခန်းထဲကိုဝင်သွားတော့ဦးယာ၏အဖေ၊အမေနှင့်အတူဒေါက်တာမြတ်သူလင်းပါရှိနေလေသည်...
"အေးရိပ်ဝေ..လာလေသား...."
"ဟုတ်ကဲ့ခဗျ..."အခန်းထဲဝင်သွားကာဒေါက်တာမြတ်သူလင်းဘေးတွင်ဝင်ထိုင်လိုက်သည်....
"ကော်ဖီသောက်မလားအအေးသောက်မလားသား"
"ရေလေးပဲပေးပါခဗျ"
"ကောင်းပါပြီ"ဦးယာ၏ဖခင်သည်အတွင်းရေးမှူးသို့လှမ်းပြောလိုက်တော့ခဏအကြာရေခွက်လေးနှင့်ကောင်မလေးတစ်ယောက်ရေလာချပေးလေသည်...ထိုအချိန်ထိတိုင်လူလေးဦးကြားမှအခြေအနေသည်ငြိမ်သက်လျက်.....ထိုမိန်းကလေးပြန်ထွက်သွားမှသာ....
"ဟုတ်ပြီ..အန်တီတို့တွေ့ရတဲ့အကြောင်းလေးပြောရအောင်နော်..."
"ဟုတ်...."
"အန်တီသားကိုယာလေးနဲ့ယိမ်းယိမ်းလေးတို့နဲ့အတူနေပေးဖို့တောင်းဆိုချင်တယ်..."
"သားသာအဆင်ပြေမယ်ဆိုရင်သားရဲ့ရှေ့ရေးကိုအကုန်တာဝန်ယူပါမယ်.....သားရဲ့သဘောထားလေးကိုသိချင်လို့....."
"ကျွန်တော်ကတော့တစ်ကောင်ကြွက်ဆိုတော့အဆင်ပြေပါတယ်ခဗျ...ကျွန်တော့်ဦးလေးကလည်းဒီအိမ်မှာပဲဆ်ုတော့....."
"ဒါဆ်ုနေပေးနိုင်တယ်လားသား..."
"ဟုတ်...ကျွန်တော့်အတွက်ကအဆင်ပြေပါတယ်...မဟုတ်တောင်ယိမ်းလေးနဲ့လည်းသံယောဇဥ်ဖြစ်နေပြီဆိုတော့....."
"အေးကွယ်...အယ့်တာဆိုဦးတို့အန်တီတို့ကသားကိုကျေးဇူးအရမ်းတင်ပါတယ်ကွယ်....သားကိုတစ်ခုလောက်လဲထပ်တောင်းဆိုပါရစေကွယ်..."
"ဟုတ်ပြောပါခဗျ...."
"ယာလေးကိုအသက်ရှင်ချင်အောင်လုပ်ပေးပါကွယ်....ယာလေးကသူ့ဘဝကိုအရှုံးပေးဖို့ပဲဆုံးဖြတ်ထားတယ်...."
"ခဗျာ..."
ဦးယာမိဘတွေနှင့်ဒေါက်တာမြတ်သူပြောပြလိုက်သောစကားများသည်သူ့နှလုံးသားအစုံကိုတင်းကျပ်စွာစွဲဆုပ်ထားလေသည်....
အိမ်သို့အလျင်အမြန်ပြန်ပြီးမခိုင်တော့သောခြေထောက်တွေကြောင့်ဂျောင်ကျတဲ့နေရာလေးမှာထိုင်ချမိသည်.....ဝမ်းနည်းလွန်းလို့စိတ်မကောင်းလွန်းလို့ကျလာတဲ့မျက်ရည်နဲ့ငိုရှိုက်သံတွေကိုနားပါးလွန်းလှတဲ့ဦးယာမကြားစေဖို့အတွက်မိမိလက်ကိုတင်းတင်းဖိကိုက်ရင်းငိုနေမိသည်.....
ဦးယာကိုသနားလွန်းလို့ဘယ်လိုလုပ်ရပါ့မလဲလေ....သူစိမ်းဖြစ်တဲ့သူတောင်ရင်တွေနာလိုက်တာ....ဒေါက်တာမြတ်သူပြောတဲ့စကားတွေကြားယောင်လာမိသည်....
"မင်းဦးကaccidentကြောင့်ဒီလိုဖြစ်သွားတာညီသိမှာပါ..."
"ဟုတ်"
"အယ့်ချိန်တုန်းကသူကားထဲကနေလွင့်ထွက်ပြီးလိမ့်သွားတဲ့အချိန်သူ့ခြေထောက်နှစ်ဖက်လုံးကကြိတ်ခံလိုက်ရတယ်ညီ...ကြိတ်ခံလိုက်ရတဲ့ခြေထောက်တွေအရိုးဆိုပြီးပြန်ဆက်စရာမရှိအောင်..ရစရာမရှိအောင်ကိုသူ့အတွင်းထဲမှာကြေမွသွားခဲ့တာညီ..အယ့်တာတွေအတွက်သူ့မှာကုဖို့လမ်းမရှိဘူး...ဖြတ်ထုတ်ပစ်မှရမယ်...အကယ်၍မဖြတ်ရင်တဖြည်းဖြည်းနဲ့အထဲမှာလှိုက်စားလာပြီးတစ်ကိုယ်လုံးကအကြောတွေသေပြီးနောက်ဆုံးသူပါ...."
"တော်ပါတော့...ကျွန်တော်နားလည်ပါပြီ.."
"အကယ်၍ခုနေဖြတ်ပစ်ပြီးအတုနဲ့အစားထိုးမယ်ဆိုသူပိုကြာကြာနေနိုင်မှာ...ဒါကိုသူကမလုပ်ဖူးတဲ့ညီ...မျက်လုံးကိုလည်းကုလို့ရရဲ့သားနဲ့မကုဘူးညီ...မင်းဦးကသူ့ဘဝကိုသူအရှုံးပေးထားတယ်....ညီရောသူ့ကိုဖြောင်းဖြပေးနိုင်မလား..."တဲ့လေ..ထိုစကားကိုပြောတဲ့ဒေါက်တာမြတ်သူရဲ့အသံတွေကလည်းဆို့နင့်လို့......
"ကျွန်တော်...ကျွန်တော်ကြိူးစားကြည့်ပါမယ်....မဟုတ်ဘူး...ရအောင်ဖြောင်းဖြမယ်"....အေးရိပ်ရဲ့အဖြေကိုကြားကာဝမ်းသာသွားတဲ့ဦးယာရဲ့အဖေနဲ့အမေရဲ့မျက်နှာမှာမျက်ရည်လေးတွေတွဲခိုလို့အားကိုးတကြီးနှင့်......
ဒေါက်တာ၏စကားကိုပြန်တွေးမိကာရင်တွေနာလွန်းလို့ငိုမိရပြန်သည်.....ဦးယာကိုသနားလွန်းလို့ဘယ်လိုလုပ်ရပါ့မလဲလေ....ဒေါက်တာပြောပုံအရဆိုဦးယာရဲ့ခြေထောက်တွေကအမြဲနာကျင်နေတာတဲ့လေ ....သို့သော်သူနဲ့ယိမ်းယိမ်းလေးရှေ့မှာနာကျင်မှုကိုထုတ်မပြတက်တဲ့ဦးယာဟာလူတွေမမြင်နိူင်တဲ့နေရာလေးတစ်ခုမှာဘယ်လောက်တောင်နာကျင်နေလိုက်မလဲလေ.....ဘယ်လိုတောင်တင်းခံနေခဲ့ရလဲဦးယာရယ်....
ထိုစဥ်သူ့အနားသို့ရောက်လာကာငိုနေတဲ့သူ့အားအလိုက်တသိနှင့်ဖက်ကာလက်သေးသေးလေးများနှင့်ပုတ်ကာနှစ်သိမ့်နေသောယိမ်းယိမ်းလေး.....ကလေးရယ်...
သိပ်ကိုနုနယ်လွန်းတဲ့ဒီကလေးလေး....လောကကြီးမှာအမေရယ်ဆိုပြီးတွယ်တာစရာမရှိရှာတဲ့ဒီကလေးလေး...သူ့မေတ္တာတွေကိုပဲမိခင်မေတ္တာဆိုပြီးပြုံရွှင်လျက်ခံယူနေရှာတဲ့ဒီကလေးလေးကဖအေကိုပါဆုံးရှုံးလို့မဖြစ်ဘူးမလား...ဆိုးလိုက်တာဦးယာရယ်...သမီးလေးအတွက်ဆေးကုသမှုခံယူရမယ်လေဦးယာရဲ့....ယိမ်းယိမ်းလေးကိုဖက်ရင်းရင်ထဲမှသာပြောမိသည်.....
ကလေးငယ်ဟာခုမှကလေးသဘာဝလေးအတိုင်းပျော်ရွှင်ရယ်မောတုန်းလေ၊ခုမှသံယောဇဥ်တွယ်တာတက်တုန်းလေ...သူတို့ဘဝလေး၂ခုကနာကျင်စရာတွေများလိုက်တာ.....ရက်စက်တဲ့ကံကြမ္မာကိုလည်းအပြစ်မတင်ချင်၊နာကျင်ခက်ခဲစွာအသက်ရှင်နေရတဲ့ဦးယာကိုလည်းမပြစ်မတင်ရက်ပါ....သနားလိုက်တာကလေးရယ်...ဘယ်လိုလုပ်ရပါ့မလဲ....နုနယ်သေးတဲ့သမီးလေးကဒါတွေကိုခံနိုင်ရည်ဘယ်ရှိပါ့မလဲလေ..........
သူရအောင်ကယ်မယ်...ဦးယာကိုရအောင်ဖြောင်းဖြမယ်...ပျော်ရွှင်မှုဆိုတာတွေကိုပြသပေးဦးမည်....ချစ်ခြင်းမေတ္တာဆိုတာကိုပြသပေးဦးမည်...ဦးယာသိပ်ဖြစ်ချင်သလိုယိမ်းယိမ်းလေးနဲ့ခရီးတွေထွက်နိုင်အောင်၊ယိမ်းယိမ်းလေးကိုကျောင်းပို့ပေးနိုင်အောင်၊လောကကြီးရဲ့အလှကိုပြန်ခံစားနိုင်အောင်သူသေချာပေါက်ကြိုးစားမည်......
ရင်ဘက်ထဲမှာဝင်ခွေကာသူ့ကိုနှစ်သိမ့်ပေးနေတဲ့သမီးလေးကသိပ်ကိုဖြူစင်လွန်းလှသည်၊ချစ်ဖို့ကောင်းလှသည်၊အငိုတ်တ်သွားတဲ့သူ့ကိုမော့ကြည့်လာပုံလေးကချစ်စဖွယ်အတိ.....သမီးလေးကိုပြုံးပြမိသည်...မေတ္တာတရားတွေနဲ့သိပ်ကိုထိုက်တန်တဲ့သမီးလေးကိုဦးဦးကအလှပဆုံးမေတ္တာတွေ၊ပျော်ရွှင်မှုတွေဖန်ဆင်းပေးမှာပါကလေးရေ.........
"မေမေ..."
"လိမ္မာလိုက်တာသမီးလေးက....မေမေ့ကိုနှစ်သိမ့်ပေးနေတာပဲ....."
"ဟုတ်...ယိမ်းယိမ်းငိုရင်မေမေလည်းဖက်ထားပေးလို့ယိမ်းယိမ်းကမေမေ့ကိုပြန်ဖက်ထားပေးတာ...."
"ဟုတ်ပါပြီ...မေမေငိုတာဖေဖေ့ကိုပြန်မပြောနဲ့နော်...ဖေဖေသိရင်စိတ်မကောင်းဖြစ်မယ်မလား...နော်.."
"ဟုတ်...ယိမ်းယိမ်းမပြောဘူးနော်.."
"လိမ္မာလိုက်တာ...ဘယ်သူ့ကလေးလေးပါလိမ့်...."
"မေမေ့ကလေး..."
"ဟားဟား..ဟုတ်ပါပြီဗျာ...မေမေ့ကလေးကို....ကလိထိုးမယ်ကွ...."
"ခစ်ခစ်....ယားတယ်...ခစ်ခစ်...."
"ကလ်..ကလိ...လာပြီနော်....ခစ်ခစ်"
"ခစ်ခစ်...ယားတယ်...ခိခိ..."ယိမ်းယိမ်းလေးသည်အေးရိပ်ပေါင်ပေါ်မှထကာရယ်ရင်းပတ်ပြေးလေသည်....ပျော်နေပါသမီးလေးရေ၊ပျော်ရွှင်မှုတွေကိုခံစားပြီးအမှတ်တရလေးတွေဖန်တီးပါ......
ယိမ်းယိမ်းလေးသည်အပေါ်သို့တက်ပြေးပြန်ကာဦးယာဆီသို့ပြေးလေသည်....
"ဖေဖေ...."
သူ့မလေးရဲ့အဖေဆီသို့တန်းတန်းမတ်မတ်ပြေးကာဝှီးချဲပေါ်ကုတ်တက်လျက်သူ့အဖေရင်ခွင်ထဲဝယ်ပုန်းအောင်းနေသောကလေးလေးသည်ဖခင်ကိုထိုကဲ့သို့အားကိုးတွယ်တာတက်နေပါပြီလေ.....
"လာပြီနော်...."
"ဖေဖေ...ယိမ်းယိမ်းကိုကာပေးထား...ခစ်ခစ်...."ယိမ်းယိမ်းလေးကပြောတော့ဦးယာကယိမ်းယိမ်းလေးရဲ့ကိုယ်လုံးလေးကိုစမ်းကာ ကာပေးရှာသည်...
"ဘာတွေပျော်နေကြတာလဲကွ..."
"သမီးလေးပေါ့...ကလိထိုးတာထွက်ပြေးနေတယ်..."
"ခိခိ....ယိမ်းယိမ်းပုန်းနေတယ်...."
"ဟယ်..ဦးယာ...အသံကြားလား...သမီးလေးဘယ်မှာလဲမသိဘူးနော်......."
"အင်းကိုယ်လည်းကြားတယ်..."
"ခစ်ခစ်..."
"ဟောရယ်နေပြန်ပြီ...."
"သမီးလေးရေ...."
"ခစ်ခစ်..."
"တွေ့ပြီကွ...ဝါး...."အဖေရဲ့ရင်ခွင်ထဲဝယ်လုံလှပြီဆိုပြီးပုန်းကွယ်နေသောကလေးလေးကိုဦးယာလက်ထဲမှကောက်ချီလိုက်တော့တခစ်ခစ်ရယ်လျက်ပါလာလေသည်......ကြားရဲ့လားဦးယာ...သမီးလေးရဲ့ရယ်သံတွေ....သမီးလေးရဲ့ရယ်သံလေးတွေဖြစ်တည်လာတာဟာဦးယာကြောင့်လည်းပါတယ်ဆိုတာသတိထားမိရဲ့လားဦးယာ......လုံးဝလက်လျှော့လို့မရဘူးနော်ဦးယာ...ကျွန်တော်ရအောင်ဖြောင်းဖြမှာမို့လို့...သမီးလေးအတွက်အကာအကွယ်ဖြစ်ပေးရမယ်၊တံတိုင်းဖြစ်ပေးရဦးမယ်၊သမီးလေးကိုကျောင်းပို့ပေးရမယ်၊သမီးလေးရဲ့ရယ်သံလေးတွေကိုအသံနဲ့မဟုတ်ဘဲကိုယ်တိုင်မြင်အောင်ကြည့်ရမယ်ဦးယာ၊သမီးလေးကိုချီပွေ့ရမယ်လေ...သမီးလေးအတွက်မေတ္တာဆိုတာသူစိမ်းဖြစ်တဲ့ကျွန်တော်တစ်ယောက်ထဲပြပေးလို့မလုံလောက်တာမို့အဖေဖြစ်တဲ့ဦးယာကလည်းပြပေးရဦးမယ်လေဦးယာရယ်
ထိုနေ့ညလေးမှာကလေးမလေးတစ်ယောက်ဟာပျော်ရွှင်လျက်ကျန်လူ၂ဦးကတော့ကိုယ်စီနာကျင်ခြင်းလေးတွေနဲ့ပေါ့.........
အသက်ရှင်ခွင့်ရတာဟာဘယ်လောက်တောင်အဖိုးတန်လိုက်လေလဲကွယ်
ဘဝကိုအရှုံးပေးဖို့ကြိုးစားမိတိုင်းကိုယ့်ကိုချစ်ပြီးတန်ဖိုးထားနေတဲ့လူတွေကိုသတိရပါ...အကယ်၍အယ့်လိုလူတွေမရှိခဲ့ဖူးဆိုရင်တောင်...ကိုယ့်ကိုကိုယ်အသုံးမကျဘူးလို့ခံစားမိရင်တောင်ကိုယ်ကအကျိုးပြုပေးနိုင်တဲ့တစ်စုံတစ်ရာကတော့ရှိနေမှာပါ......
အရမ်းဝမ်းနည်းလာတဲ့အခါပြုံးကြည့်ပါ....အားမလျှော့ဘဲရှင်သန်ကြည့်ပါ....ဦးယာလိုပေါ့....သူဟာသေဖို့ဆုံးဖြတ်ထားပေမဲ့ယိမ်းယိမ်းလေးအတွက်ရသလောက်ရှင်သန်နေခဲ့တယ်...သူတို့ဘဝထဲရုတ်တရတ်ဝင်လာတဲ့အေးရိပ်ဟာသူ့တို့ကိုတန်ဖိုးထားစောင့်ရှောက်ပေးခဲ့တယ်.....
ဒီလိုပါပဲ..တစ်ချိန်မှာတော့ကိုယ့်ကအကျိုးပြုပေးနိုင်မယ့်သူ ကိုယ့်ကိုတန်ဖိုးထားပေးမဲ့သူရှိကိုရှိလာမှာပါ...
ဖတ်ရတာအဆင်ပြေရဲ့လားရှင့်🥰
လက်ကတုန်နေတာရပ်သွားလို့ချင်ချင်းထရိုက်ပြီးupပေးလိုက်ပါတယ်ချစ်တူးလေးတို့ရေ🤘🤘........
ရွှန်းရဲ့စာဖတ်သူလေးတွေထဲမှာလည်းစိတ်အားငယ်တက်တဲ့သဲငယ်လေးတွေ၊တစ်စုံတစ်ခုကိုရင်ဖွင့်ချင်လွန်းလို့မွန်းကျပ်နေတဲ့သဲငယ်လေးတွေ...အကယ်၍များရင်ထဲကစကားတွေကိုနားထောင်ပေးမယ့်သူမရှိရင်ဟော့ဒီ့ကအရွှန်းလေးဆီလာပါနော်....တို့ကစာရေးသူတစ်ယောက်ဆိုတာထက်လိုအပ်ရင်မင်းတို့ရဲ့ရင်ထဲကစကားတွေကိုလည်းနားထောင်ပေးနိူင်ပါတယ်ကွယ်.....ဒီနေ့ခတ်မှာလူသိမခံနိုင်တဲ့မွန်းကြပ်မှုတွေကြောင့်၊ပြောပြလို့မရတဲ့ နားမလည်ပေးနိုင်ကြတဲ့အကြောင်းအရာတွေကြောင့်တန်ဖိုးရှိလှတဲ့ကြယ်လေးတွေကိုတို့တွေဆုံးရှုံးနေရတယ်......အယ့်တာကြောင့်တစ်ခုခုကိုမွန်းကျပ်နေတယ်ဆိုတို့ကိုသူငယ်ချင်းလေးလိုသဘောထားပြီးရင်ဖွင့်လို့ရတယ်နော်....ရွှန်းတက်နိုင်သလောက်လေးအကြံပြုပေးမယ် နွေးထွေးပေးပြီးနှစ်သိမ့်ပေးမှာပါ💖
ချစ်တယ်နော်ချစ်တူးလေးတို့💝
လျှာတွေရှည်လိုက်တာဆိုပြီးအမြင်မကပ်ကြပါနဲ့ကွယ်ကြုံတုန်းလေးပြောရတာပါ😖🙆♀️🙆♀️🙆♀️
SEE YA🙋♀️🙋♀️🙋♀️
///////////////////////////
စစတွေ့ချင်းကပေါ့ဦးယာပြောခဲ့တဲ့စကားလေး.....တကယ်တော့အေးရိပ်အတွက်လည်းအလွတ်တန်းသူနာပြုလုပ်ဖို့ဆိုတာသင်တန်းဆင်းပြီးပြီးချင်းပထမဆုံးဖြစ်တာကြောင့်သူလည်းပဲလုပ်နိုင်ပါ့မလားဆိုတဲ့စိတ်ကလေးဝင်ခဲ့ဖူးသည်....သို့သော်ထိုသားအဖကိုမြင်လိုက်သည့်အခါလုပ်နိုင်ပါ့မလားဆိုတဲ့အတွေးဟာလုပ်ကိုလုပ်နိုင်ရမယ်ဆ်ုပြီးပြောင်းလဲသွားခဲ့တာကိုသူသာလျှင်သိသည်....လုပ်ကိုလုပ်နိုင်ရမယ်ဆိုပြီးလုပ်ခဲ့တာဒီနေ့ဆ်ု၁လပင်ပြည့်ခဲ့ပြီပေါ့.....၁လအတွင်းမှာလည်းပြောင်းလဲသွားခဲ့တဲ့ယိမ်းယိမ်းလေးဟာအရင်လိုဂျောင်လေးမှာကပ်ပြီးငိုနေရှာတဲ့ကလေးလေးမဟုတ်တော့ဘူး...အဖေကိုကြောက်တဲ့ကလေးလေးမဟုတ်တော့ဘူး...သူမလေးကပျော်တက်လာပြီ၊ပျော်ရွှင်မှုဆိုတာကိုရှာတက်လာပြီ၊သာမန်၎နှစ်ထဲရောက်နေပြီဖြစ်တဲ့ကလေးလေးတွေလိုလွတ်လွတ်လပ်လပ်ဆော့ကစားတက်နေပြီ...တစ်ခုခုဆိုငိုနေမယ့်အစားပျော်ရွှင်မှုကိုအစားထိုးတက်လာပြီ...ဦးယာကလည်းအရင်လိုသိပ်ပြီးအားမငယ်နေတော့ဘူးထင်ပါရဲ့၊သူလည်းပဲပါးချိုင့်လေးတွေထင်အောင်ပြုံးတက်လာပြီ၊တစ်ခါတစ်လေတွေငေးနေတက်ပေမယ့်လို့ပေါ့....ဘယ်လောက်တောင်ကြည်နူးဖို့ကောင်းလိုက်လဲလေ...ကိုယ့်ကြောင့်ဆိုပြီးတယူသန်ဂုဏ်မမောက်ချင်ပေမဲ့တကယ်ပါတဖြည်းဖြည်းပြောင်းလဲလာကြတဲ့သူတို့လေးနှစ်ဦးကြောင့်ကျွန်တော့်ရင်ထဲဘယ်လောက်ထိပီတိဖြစ်ရတယ်ဆိုတာ၊ဘယ်လောက်ထိကြည်နူးရတယ်ဆိုတာက်ုယ်သာသိသည်.....
"ဒေါက်...ဒေါက်..."
"အေးရိပ်ဝေ..လာလေသား...."
"ရေလေးပဲပေးပါခဗျ"
"ဟုတ်...."
"ဟုတ်ပြောပါခဗျ...."
"ခဗျာ..."
"ဟုတ်"
"ကျွန်တော်...ကျွန်တော်ကြိုးစားကြည့်ပါမယ်....မဟုတ်ဘူး...ရအောင်ဖြောင်းဖြမယ်"....အေးရိပ်ရဲ့အဖြေကိုကြားကာဝမ်းသာသွားတဲ့ဦးယာရဲ့အဖေနဲ့အမေရဲ့မျက်နှာမှာမျက်ရည်လေးတွေတွဲခိုလို့အားကိုးတကြီးနှင့်......
ဒေါက်တာ၏စကားကိုပြန်တွေးမိကာရင်တွေနာလွန်းလို့ငိုမိရပြန်သည်.....ဦးယာကိုသနားလွန်းလို့ဘယ်လိုလုပ်ရပါ့မလဲလေ....ဒေါက်တာပြောပုံအရဆိုဦးယာရဲ့ခြေထောက်တွေကအမြဲနာကျင်နေတာတဲ့လေ ....သို့သော်သူနဲ့ယိမ်းယိမ်းလေးရှေ့မှာနာကျင်မှုကိုထုတ်မပြတက်တဲ့ဦးယာဟာလူတွေမမြင်နိုင်တဲ့နေရာလေးတစ်ခုမှာဘယ်လောက်တောင်နာကျင်နေလိုက်မလဲလေ.....ဘယ်လိုတောင်တင်းခံနေခဲ့ရလဲဦးယာရယ်....
"မေမေ..."
"မေမေ့ကလေး..."
"ခစ်ခစ်....ယားတယ်...ခစ်ခစ်...."
"ဖေဖေ...."
"လာပြီနော်...."
"ခစ်ခစ်..."
"ဟောရယ်နေပြန်ပြီ...."
"သမီးလေးရေ...."
"ခစ်ခစ်..."
လက်ကတုန်နေတာရပ်သွားလို့ချင်ချင်းထရိုက်ပြီuးpပေးလိုက်ပါတယ်ချစ်တူးလေးတို့ရေ🤘🤘........
ရွှန်းရဲ့စာဖတ်သူလေးတွေထဲမှာလည်းစိတ်အားငယ်တက်တဲ့သဲငယ်လေးတွေ၊တစ်စုံတစ်ခုကိုရင်ဖွင့်ချင်လွန်းလို့မွန်းကျပ်နေတဲ့သဲငယ်လေးတွေ...အကယ်၍များရင်ထဲကစကားတွေကိုနားထောင်ပေးမယ့်သူမရှိရင်ဟော့ဒီ့ကအရွှန်းလေးဆီလာပါနော်....တို့ကစာရေးသူတစ်ယောက်ဆိုတာထက်လိုအပ်ရင်မင်းတို့ရဲ့ရင်ထဲကစကားတွေကိုလည်းနားထောင်ပေးနိုင်ပါတယ်ကွယ်.....ဒီနေ့ခတ်မှာလူသိမခံနိုင်တဲ့မွန်းကြပ်မှုတွေကြောင့်၊ပြောပြလို့မရတဲ့ နားမလည်ပေးနိုင်ကြတဲ့အကြောင်းအရာတွေကြောင့်တန်ဖိုးရှိလှတဲ့ကြယ်လေးတွေကိုတို့တွေဆုံးရှုံးနေရတယ်......အယ့်တာကြောင့်တစ်ခုခုကိုမွန်းကျပ်နေတယ်ဆိုတို့ကိုသူငယ်ချင်းလေးလိုသဘောထားပြီးရင်ဖွင့်လို့ရတယ်နော်....ရွှန်းတက်နိုင်သလောက်လေးအကြံပြုပေးမယ် နွေးထွေးပေးပြီးနှစ်သိမ့်ပေးမှာပါ💖

Коментарі