Part12
"ဖေဖေ..မေမေ..."ကျောင်းကပြန်လာတာနဲ့ကားပေါ်ကပြေးဆင်းလာသောကလေးလေးသည်အေးရိပ်နှင့်မင်းဦးယာထံသို့ပြေးကာပွေ့ဖက်ရင်းပါးတွေကိုတစ်ယောက်တစ်လှည့်နမ်းရှုံ့နေကြလေသည်....
"သမီးလေးကျောင်းမှာပျော်ခဲ့ရဲ့လား..."
"ဟုတ်မေမေ..ဒီနေ့မေသက်ကမုန့်တွေများကြီးထည့်လာတာ...ယိမ်းယိမ်းနဲ့တူတူစားကြတာ...ဗိုက်ကိုဖောင်းရော..."
သူ့ဗိုက်လေးကိုပွတ်၍ပြောနေပါသောကလေးလေးသည်ချစ်စဖွယ်အတိ......
"ဟုတ်လား...ပြပါဦးဗိုက်လေး...ဘယ်လောက်တောင်ပူလာလဲ"ဟုအေးရိပ်ကမေးတော့ယိမ်းယိမ်းလေးကစကတ်ထဲကအကျီလေးထုတ်ကာသူ့ဗိုက်ဆူဆူလုံးလုံးလေးကိုလှန်ပြရှာသည်.....
"ဒီမှာ...ယိမ်းယိမ်းဗိုက်ကိုကြည့်..."
"ဟားဟား...ဗိုက်လေးကဖောင်းနေပါလား...ကိုက်မယ်ကွာ...လာပြီနော်"ဟုအေးရိပ်ကစလျက်ပြောတော့သူ့အကျီလေးကိုချကာပတ်ပြေးလေသည်...တခစ်ခစ်ရယ်ရင်းတော်တော်လေးမောသွားမှခနနားကာရေမိုးချိုးပြီးအစားပုတ်လေးသည်ထမင်းထပ်စားကာတစ်ရေးတစ်မောအိပ်လေရဲ့............
ယိမ်းယိမ်းလေးသည်နေ့လည်ဘက်ဆိုသူ့အခန်းထဲသူအိပ်ပြီးညဘက်ဆိုအေးရိပ်တ်ု့နှင့်အိပ်လေသည်....ယခုလည်းသူမလေးရဲ့အခန်းထဲတွင်မွေ့ရာအိအိလေးထက်စောင်လေးခြုံကာနှစ်ခြိုက်စွာအိပ်မောကြနေလေရဲ့.....အေးရိပ်ကတော့ကုတင်စွန်းတွင်တင်လေးလွှဲထိုင်ကာပုတ်သိပ်နေလေသည် .........
မင်းဦးယာမှာတော့ယိမ်းယိမ်းလေးကျောင်းကပြန်လာသည့်အချိန်မှစ၍သူ၏သမီးလေးနှင့်ချစ်ရသူလေး၏လှုပ်ရှားမှုတိုင်းကိုစက္ကန့်မျှတောင်အလွတ်မခံတိတ်တဆိတ်သာလိုက်ကြည့်နေလေသည်............
"ဦးယာ.."
"ဟင်..."
"အပေါ်သွားတော့မလား...."
"သမီးလေးအိပ်ပျော်သွားပြီလား..."
"ဟုတ်..."
"အာ့ဆိုသွားကြမယ်လေ..."
"ဟုတ်...."အေးရိပ်ကမင်းဦးယာ၏ဝှီးချဲကိုတွန်းကာအပေါ်သို့တက်သွားလေသည်.....ပုံမှန်အချိန်များတွင်တော့ဝှီးချဲကိုသူကိုယ်တိုင်သာတွန်းရသည်ကိုနှစ်သက်သောအေးရိပ်ပါလေ.....
"ဦးယာ..."
"ဟင်..."
"လမ်းပြန်လျှောက်ကြည့်ချင်လားဟင်"
"လျှောက်လို့မှမရတော့ဘဲကွာ...."
"ရရဲ့သားနဲ့ဦးယာရယ်...ဘာလို့ကျွန်တော့်ကိုလိမ်တာရလဲ...."
စိတ်ဆိုးမာန်ဆိုးလည်းမဟုတ်ပါဘဲတည်တည်ငြိမ်ငြိမ်သာပြောလာသောအေးရိပ်အသံကြောင့်မင်းဦးယာမျက်လုံးခြင်းဆုံကြည့်မိသည်.......
"ကိုယ်မလိမ်ပါဘူး...တကယ်လျှောက်ဖို့မဖြစ်နိုင်တော့ဘူး..."
"လိမ်တယ်..."
"ရိပ်..."
"ကျွန်တော်အကုန်သိပြီးပြီ...ဦးယာဆေးကုသမှုမခံတာကို...."
"ကိုယ်..."
"ဘာလို့လဲဦးယာရယ်.....ဘာလို့လဲ...ဟင်..."
"အယ့်တာကမလွယ်ဘူးလေကွယ်...."
ဦးယာရဲ့စကားတွေဟာဘာရယ်ကြောင့်မသိသူ့ကိုဝမ်းနည်းစေပါသည်.....ဦးယာရဲ့အသံတွေဟာလည်းတိမ်ဝင်နေခဲ့သည်....ဘာတွေကခက်ခဲလို့ကာစီးနေပါသလဲကွယ်......
"ဆေးကုကြည့်ပါလားဦးယာရယ်..ဟင်...."
"ကိုယ်မရနိုင်ဘူးရိပ်..."
"မကြိုးစားကြည့်ပဲနဲ့လက်မလျှော့လိုက်ပါနဲ့လားဦးယာ..."
"မင်းကတော့ကိုယ့်ကိုလက်လျှော့တယ်လို့ထင်ကောင်းထင်ပါလိမ့်မယ်...ဒါပေမဲ့ဒီလိုနေတဲ့နည်းလမ်းကကိုယ့်အတွက်အန္တရာယ်အကင်းဆုံးပါ......"
"ဟင့်အင်းမှားနေပြီ...ဦးယာဒီအတိုင်းပဲနေရင်တဖြည်းဖြည်းနဲ့....တဖြည်းဖြည်းနဲ့....အင့်..." ထိန်းထားတဲ့ကြားကကျဆင်းလာတဲ့မျက်ရည်တို့ကတလိမ့်လိမ့်နှင့်ရှိုက်သံတို့ကထွက်ကုန်လေသည်......
ဘာရယ်ကြောင့်နှလုံးသားကဒီလောက်ထိနာနေရပါသလဲကွယ်...
"မငိုပါနဲ့...ဘာကြောင့်ကိုယ့်အတွက်မျက်ရည်ကြမှာလဲ...."
မိမိရှေ့ကငိုနေတဲ့ကောင်လေးကဘာအတွက်ကြောင့်သူစိမ်းတစ်ယောက်အတွက်ငိုပါသလဲကွယ်....ဒါမှမဟုတ်သူလည်းပဲ...သူလည်းပဲဆိုတဲ့အတွေးလေးနဲ့ဘာကြောင့်ငိုတယ်မေးမိတော့...
"မသိဘူး...ဦးယာကဆိုးလိုက်တာ...."တဲ့....
"ကိုယ်ကဆိုးတယ်ဟုတ်ပါတယ်..ဒါပေမဲ့မင်းကတော့မငိုရဘူးလေ...ကိုယ့်ကိုကြည့်"
ဟုပြောတော့စိုပြီးရဲနေသောမျက်လုံးလေးများနှင့်မော့ကြည့်ရှာသည်....
"ကိုယ်လည်းနာကျင်ရပါတယ်ရိပ်ရယ်
ကိုယ့်ခြေထောက်တွေကြေမွနေတဲ့အစိတ်အပိုင်းတွေ...လှိုက်စားလာလို့တမြေ့မြေ့နဲ့တဆစ်ဆစ်နဲ့ကိုက်ခဲနေတဲ့နေရာတွေ...ကိုယ်လည်းပဲသိပ်ကိုနာကျင်နေပါတယ်လို့အော်ပြောချင်လိုက်တဲ့အထိနာရတယ်....ဒါပေမဲ့ဘယ်လိုခွန်အားနဲ့ပြောရမလဲ......ကိုယ်နာကျင်နေတာကိုသိရရင်ဘယ်သူကစိတ်ချမ်းသာမှာတဲ့လဲ......နာကျင်နေတဲ့ကိုယ့်အတွက်ခေါင်းမာလွန်းတဲ့ကိုယ့်အတွက်...မင်းလိုပဲပူဆွေးပြီးအားမလိုအားမရဖြစ်ကြရုံပဲရှိမှာလေကွယ်..........
ကိုယ်လည်းကုသချင်မိပါတယ်ရိပ်ရယ်...ဒါပေမဲ့ကုသရင်ကိုယ့်အတွက်က၅၀-၅၀တောင်မဟုတ်ဘူး...အသက်ရှင်ဖို့၁၀%လောက်ပဲသေချာတဲ့အခြေအနေမှာကိုယ်ဘယ်လိုခွန်အားနဲ့ရုန်းကန်ရမလဲကွာ...ဟင်...အနည်းဆုံးတော့ဒီအတိုင်းလေး..ဒီအတိုင်းလေးသေမယ့်ချိန်ကိုစောင့်နေလိုက်တာကကိုယ့်အတွက်ပိုမကောင်းဘူးလားကွာ...
တမြေ့မြေ့နဲ့နာကျင်နေတာကလွဲပြီး၊တဖြည်းဖြည်းချင်းခန္ဓာကိုယ်ကအကြောတွေသေဆုံးသွားတာကလွဲပြီး...ကိုယ်ဟာသမီးလေးနားနေပေးနိုင်မယ်...နောက်ဆုံးချိန်မှာနှုတ်ဆက်ခွင့်ရမယ်မလားကွာ......
ရုတ်တရတ်သေသွားရမှာထက်စာရင်...ရုန်းကန်ရင်းနဲ့ထွက်ခွာသွားရမှာထက်စာရင်...ကိုယ့်သမီးလေးနားမှာဖခင်ကောင်းတစ်ယောက်အဖြစ်နဲ့နှုတ်ဆက်သွားချင်ရုံလေးပါ....မေတ္တာငတ်နေခဲ့တဲ့ဒီကလေးလေးကိုမထားခဲ့နိုင်ရုံလေးပါ.......ကိုယ်သိပ်များမှားနေသလားရိပ်ရယ်.....ဟင်....."
"ဦးယာရယ်...."
ဦးယာရဲ့စကားတွေဟာရင်တွေနာရပါသည်.....မချိတင်ကဲဖြစ်ရုံကလွဲပြီးဒီလူဟာဘာများလုပ်ပေးနိုင်တော့မှာတဲ့လဲ.....
ဘယ်ကတည်းကပြိုလဲချင်နေခဲ့တယ်မသိတဲ့ခြေထောက်တို့ကဦးယာရဲ့ဝှီးချဲရှေ့တည့်တည့်တွင်ပြိုလဲသွားခဲ့လေသည်......
"ဦးယာရယ်"ဟုပဲရေရွတ်ရင်းနာကျင်နေမည့်သူ၏မလှုပ်ရှားနိုင်သောခြေထောက်ထက်ခေါင်းကိုမှောက်တင်ရင်းငိုမိသည်....
ဒီတစ်ခါငိုရသူကတော့အေးရိပ်ဝေပင်ဖြစ်လေသည်....နှလုံးသားကဘာနဲ့ထုဆစ်ထားတာမို့လို့လဲဦးယာရယ်...ငိုပါရစေတော့........ထိုအခါအေးရိပ်ဝေ၏ဆံစတိုနှံ့နှံ့လေးတွေထက်မင်းဦးယာ၏လက်ချောင်းများကနှစ်သိမ့်ပေးသည့်သဖွယ်ပြေးလွှားလို့နေလေသည်.....မငိုပါနဲ့တော့လို့တော့မတားခဲ့ပါ...ဒီလောက်ဆိုနားလည်ခဲ့ပါပြီ...ဒီကောင်လေးရဲ့ဖြူစင်တဲ့ချစ်ဖွယ်နှလုံးသားလေးကို.......
ထိုနေ့လေးမှစ၍နေ့မှရက်၊ရက်မှလတွေပြောင်းသည့်တိုင်အေးရိပ်သည်မင်းဦးယာအားခြေထောက်ကုသရန်ထပ်မံတွန်းအားပေးခြင်းမပြုခဲ့လေတော့ပါ...သူရဲ့တက်နိုင်သလောက်စွမ်းအားလေးနဲ့သာနာကျင်သူကိုနှစ်သိမ့်ပေးရင်း၊နုနယ်သေးတဲ့ကလေးလေးကိုမေတ္တာတွေဆက်လက်ပေးရင်း...အမှတ်တရပေါင်းများစွာကိုသာရင်နာနာနဲ့ဖန်တီးပေးနေလေသည်....ထွက်ခွာသွားမည့်သူကိုမတားရက်ခဲ့သလိုကျန်နေခဲ့ရမည့်သူကလေးလေးအတွက်လည်းတစ်ချိန်ချိန်မှာအမှတ်တရကောင်းလေးတွေကိုသတိရနိုင်ရေးအတွက်ပေါ့......သူကိုယ်တိုင်ကတော့ဝမ်းနည်းပြီးရင်တွေကွဲသလိုနာနေရှာမှာပေါ့.....သို့သော်ဘယ်လိုလုပ်ရမလဲ...သူ့မှာဦးယာကိုအတင်းကုသပါလို့တိုက်တွန်းဖို့အင်အားမရှိတော့ဘူးလေ..........
ဖတ်ရတာအဆင်ပြေရဲ့လားရှင့်
//////////////////////////////////
"ဦးယာ.."
"ဟင်..."
"အပေါ်သွားတော့မလား...."
"ဟုတ်..."
"အာ့ဆိုသွားကြမယ်လေ..."
"ဦးယာ..."
"ဟင်..."
"လိမ်တယ်..."
"ရိပ်..."
"ကိုယ်..."
"ကိုယ်မရနိုင်ဘူးရိပ်..."
"ဦးယာရယ်...."

Коментарі