Part5
"တူလေး..အေးရိပ်"
"ဟာ..ကြီးကြီးတို့ရောက်ကြပြီလားမြန်သားပဲ"
"ဒီမှာလေမင်းဦးလေးလောနေလို့"
"ဟားဟား..ဟုတ်ပါပြီဗျာ...လာအိမ်ထဲဝင်..."
"အေးအေး....အိမ်ကြီးကလည်းအကျယ်ကြီးပဲတော်...အတော်မိုက်သကိုး"
"ဟုတ်ပါ့ကြီးကြီးရယ်.....ဦးယာကြီးကြီးရောက်ပြီ...."
"ဪ...အင်းအင်း..."
"ကြီးကြီးဒါဦးယာတဲ့...ဒီအိမ်ပိုင်ရှင်..ဒါလေးကယိမ်းယိမ်းယာတဲ့...ကြီးကြီးစောင့်ရှောက်ပေးရမှာ....သမီးလေးနှုတ်ဆက်လိုက်ပါဦး"
"မင်ဂလာပါရှင့်ယိမ်းယိမ်းယာပါ"ယိမ်းယိမ်းလေးသည်လက်လေးပိုက်၍ချစ်စဖွယ်ဆိုလေသည်......
"ဟောတော်လက်လေးတောင်ပိုက်လို့ချစ်စရာလေးပါလားကွဲ့မီးငယ်လေးက"
"ဟုတ်တယ်ကြီးကြီးရေယိမ်းယိမ်းလေးကတအားချစ်ဖို့ကောင်းတာ....ဒီနေ့ကစပြီးယိမ်းယိမ်းလေးနဲ့အိမ်မှုကိစ္စတွေကိုကြီးကြီးနဲ့စိတ်ချပါရစေနော်"
"ဟုတ်ပါပြီကွယ်...စိတ်ချ..."
"ဪ..ဘကြီး..ကြီးကြီးကိုနေရမယ့်အခန်းလိုက်ပြပေးလိုက်ပါဦး"
"အေးအေး...လာဒေါ်လုံးတင်"
"လာပြီ...လာပြီတော်ရေ"အေးရိပ်၏ဘကြီးဖြစ်သူခေါ်ရာနောက်သို့ဒေါ်လုံးတင်ပါသွားလေသည်....
"ဦးယာအဆင်ပြေရဲ့လား..."
"ကိုယ်မှမမြင်ရတာ...မင်းကိုပဲယုံရမှာပေါ့"
မင်းဦးယာ၏အဖြေကြောင့်အေးရိပ်ဘာမှတော့ဆက်မပြောတော့ပေ.....
"မေမေ.."
"ပြောလေသမီးလေး"
"မေမေကယိမ်းယိမ်းကိုမချစ်တော့လို့အယ့်ဘွားဘွားနဲ့ထားတာလားဟင်....."အေးရိပ်ဝေ၏လက်လေးကိုဆွဲ၍မေးနေသောယိမ်းယိမ်းလေး၏ပုံလေးသည်သနားဂရုဏာသက်ဖွယ်.....
"မဟုတ်ပါဘူးမီးလေးရဲ့....အယ့်ဘွားဘွားကမီးမီးလေးက်ုရေချိုးပေးတာတို့ပြင်ဆင်ပေးတာတ်ု့ပဲလုပ်ပေးမှာလေ...မီးမီးလေးကမေမေနဲ့ပဲနေရမှာ...ဟုတ်ပြီလား..."
"အင့်....."ထိုအခါမှသူ့အားပြေးဖက်သောကလေးလေးသည်စကားလေးတစ်ခွန်းကိုဆိုပြန်သည်..."ယိမ်းယိမ်းကမေမေမချစ်တော့လို့ထားခဲ့မှာကြောက်နေတာ"တဲ့....၃နှစ်ဆိုတဲ့အရွယ်ဟာပျော်ပျော်ပါးပါးပေါ့ပေါ့ပါးပါးလေးကစားနေရမယ့်အချိန်ဆိုပေမယ့်ယိမ်းယိမ်းလေးကတော့သူ့မိခင်လို့သတ်မှတ်ထားတဲ့အေးရိပ်ဝေထားခဲ့မှာကိုသာကြောက်နေသည်တဲ့လေ...သနားဖို့ကောင်းလိုက်တဲ့ကလေးရယ်......
ဝှီးချဲပေါ်မှထိုင်ကာယိမ်းယိမ်းလေးရဲ့စကားကိုနားထောင်နေသောမင်းဦးယာလည်းသေချာပေါက်ဘယ်စိတ်ကောင်းနိုင်ပါ့မလဲ......အယ့်နေ့ကမချစ်လို့ပစ်ပစ်ခါခါလုပ်ရက်နိုင်သူကိုသာလိုက်မတားခဲ့ရင်သူလည်းဒီလိုဖြစ်မှာမဟုတ်သလိုသမီးလေးကိုလည်းအနည်းဆုံးတော့ပိုချစ်ပေးလို့ရမယ်မလားလေ....မြင်ချင်လိုက်တာသူ့သမီးလေးရဲ့မျက်နှာလေး..အပြုံးလေး..လမ်းလျှောက်ပုံလေး....သုတ်ပေးချင်ခဲ့တယ်သမီးလေးရဲ့မျက်ရည်တွေကို၊ထွေးပွေ့ပေးချင်ခဲ့တယ်အမေကိုရှာပြီးငိုနေရှာတဲ့အချိန်တိုင်း...သူပင်ပန်းလှပြီ..သမီးလေးအတွက်ရပ်တည်ရမယ်ဆိုတဲ့စိတ်နဲ့သူနာကျင်မှုတွေကိုအံတုနေရတာပင်ပန်းလွန်းလှနေပြီ...ဘယ်လောက်ထိနာကျင်ရလဲသူသာသိသည်.....
"ဦးယာ...ဦးယာ..."
"ဟင်...အင်း..."
"မနက်ဖြန်ကစားကွင်းသွားကြမလား..."
"မင်းတို့သွားလေကိုယ်မလိုက်တော့ဘူး...ကိုယ်ပါရင်အလုပ်ရှုပ်နေလိမ့်မယ်"
"ဦးယာနဲ့သွားချင်တာလေသမီးလေးက"
"ဟင်...တကယ်လား..."
"ဟုတ်တယ်မနေ့ကကျွန်တော့်ကိုပြောတယ်..ဟုတ်တယ်နော်မီးမီး"
"ဟုတ်တယ်....ဖေဖေနဲ့တွားရှင်တေးတာ...မေမေရောပဲ"
"သမီးလေးကသွားချင်ရင်လိုက်ပို့ရမှာပေါ့နော်ဦးယာ..."
"အင်း..အင်းပေါ့.....လိုက်ပို့ရမှာပေါ့"
"ယေး...."
"သမီးလေးလိုချင်တာကိုဖေဖေကပေးတော့ဘာလုပ်ရမလဲ..."ဟုအေးရိပ်ကမေးတော့ယိမ်းယိမ်းလေးကလှစ်ခနဲပြေးသွားကာသူ့အဖေပေါ်ကုတ်တပ်ပြီးပါးကိုနမ်းလေသည်....မင်းဦးယာ၏ပါးပြင်ထက်ကပါးချိုင့်လေးတွေကပီတိကြောင့်ထင်းခနဲပေါ်လို့ပေါ့...........ကျေးဇူးတင်ပါတယ်ရိပ်ဟုလည်းစိတ်ထဲမှပြောရင်း
~~~~~~~~~~~~~~~~~~~~~~~
သာယာသောမနက်ခင်းလေးတစ်ခုပြန်လည်အစပြုချိန်တွင်တစ်စုံတစ်ယောက်လေးကတော့တက်ကြွလို့နေလေသည်.....ဒီအချိန်ဟာကလေးလေးတွေရဲ့နှစ်နှစ်ခြိုက်ခြိုက်အိပ်ချိန်ဖြစ်နေပါရဲ့နဲ့သူလေးကတော့လူရယ်လို့ဖြစ်ပြီးကတည်းကပထမဆုံးအပြင်ထွက်ရခြင်းမို့စိတ်လှုပ်ရှားနေလေရဲ့......ကလေးငယ်လေးကစိတ်လှုပ်ရှားနေတယ်ဆိုတာဖြစ်နိုင်ရဲ့လား....သိပ်ကိုဖြစ်နိုင်တာပေါ့..ဒီ၃နှစ်အရွယ်ကလေးလေးမပြောနဲ့မွေးကင်းစကလေးလေးကတောင်လူ့လောကထဲစရောက်လာချိန်ရင်ခုန်နေတက်သေးတာကိုး....အိပ်ပျော်နေသောသူမလေးရဲ့ဖေဖေနှင့်မေမေဆိုသောရိပ်ကိုတရှုံ့ရှုံ့နမ်းရင်းသူနိုးနေပြီဖြစ်ကြောင်းသတင်းပေးနေလေရဲ့........
"ဟားဟား...ထပါပြီကွာ...တို့သမီးလေးအစောကြီးနိုးနေတာပဲကွ...."ကုတင်တစ်ဖက်ကရိပ်ရဲ့"တို့သမီးလေး"ဆိုသောအသုံးအနှုန်းကြောင့်မင်းဦးယာရဲ့ခန္ဓာကိုယ်တွင်းမှသွေးကြောလေးတွေလှုပ်ခတ်သွားလေသည်....
"မေမေ..ဒီနေ့ပျော်ပျော်သွားနော်"
"အင်းပျော်ပျော်သွားမယ်...မီးမီးကအောက်မှာကြီးကြီးကိုရေချိုးခိုင်းပြီးပြင်ဆင်ထားနော်...မုန့်မုန့်လေးပါစားထား"
"ဟုတ်ကဲ့ပါရှင့်"ယိမ်းယိမ်းလေးသည်ခုန်ပေါက်၍ပါးမို့မို့လေးတွေဖောင်းတက်အောင်ပြုံးလျက်ပြေးထွက်သွားလေသည်
"ဦးယာနိုးနေလား"ပုံမှန်အတိုင်းသူ့ရဲ့မူပိုင်အေးချမိးသောအသံလေးနှင့်ပြောလေပြန်သည်......
"အင်း...သမီးလေးကပျော်နေတာပဲ.."
"ဦးယာလည်းပျော်မှာပါ..."
"ကိုယ်မှမမြင်ရတာ"
"မြင်ရမှာပါ....ကဲပါရေချိုးရအောင်"
"အင်း...."
ရေမိုးချိုးပြီးနောက်မင်းဦးယာအားပြင်ဆင်ပေးကာမုန့်စားရန်အောက်သို့ပို့ပေးခဲ့ပြီးသူပါပြင်ဆင်လိုက်သည်....
"ကဲပြီးပါပြီခဗျာ..."
"ယေး...သွားလို့ရပြီကွ...."
"ဟားဟား...သွားပါမယ်ကလေးရယ်...ကြီးကြီးထမင်းချိုင့်လေးတွေထည့်ပြီးပြီးလား..."
"ပြီးပါပြီရှင်"
"ဟုတ်..ဒါဆိုကျွန်တော်တို့သွားပြီ...စိတ်ချမယ်နော်ကြီးကြီး...တစ်ခုခုဆိုကိုယ့်ကိုကိုယ်သာကာကွယ်ဒီမှာCCTVတွေရှိတယ်"
"ဟုတ်ပါပြီတော်"ဒီစကားသည်တစ်နည်းအားဖြင့်ကြီးကြီးကိုလည်းစိတ်ပူရာရောက်သလိုအိမ်မှာလည်းCCTVတပ်ထားကြောင်းသတိပေးရာရောက်သည်...ကြီးကြီးကထိုသို့မလုပ်တက်ဘူးဆိုပေမယ့်လည်းဦးယာတို့အတွက်ကတော့သူစိမ်းမဟုတ်လားလေ...မျက်နှာမပျက်ရအောင်ကြိုတင်ကာကွယ်သင့်သည်.......
"သွားပြီးနော်ကြီးကြီး...."
"အေးပါအေးပါ..ပျော်ခဲ့နော်ယိမ်းယိမ်းလေး"
"ဟုတ်ကဲ့ပါဖွား"
"အေးအေး..."
ထို့နောက်သူတို့သုံးယောက်သားထွက်လာကြလေသည်....
"ဦးယာ...အလင်းရောင်ကိုခံစားမိလား..."
"အင်း...."
"လက်လေးခဏပေးမလား..."ဟုဆ်ုတော့လက်ပေးလေသည်...ထိုအခါယိမ်းယိမ်းလေးကိုလက်နားခေါ်ကာဦးယာ၏လက်ကိုထပ်ကိုင်၍
"ဒီမှာဒါယိမ်းယိမ်းလေး...ဒါလေးကမျက်လုံးလေး၊ဒါလေးကနှာခေါင်းလေး၊ဒါလေးကနှုတ်ခမ်းလေး...."ဟုဆိုကာအစိတ်အပိုင်း၁ခုချင်းစီကိုထိတွေ့စေသည်..
"ပြုံးနေတာလားသမီးလေးက"
"ခစ်ခစ်..."
"ဟုတ်ပါ့ဗျာ..ပြုံးလို့....သမီးလေးကဂါဝန်ပန်းရောင်လေးဝတ်ထားတယ်"ဟုဆိုကာဂါဝန်လေးကိုလည်းထိတွေ့စေသည်.....မျက်လုံးလေးမှိတ်ပြီးပုံဖော်ကြည့်တော့သူ့ကိုပြုံးပြနေတဲ့သမီးလေးကချစ်ဖို့ကောင်းလိုက်တာ.......
"မင်းကရော...."
"ဗျာ..."
"ရိပ်ကရောဘယ်လိုပုံလဲ"နှလုံးသားကထိန်းမရစွာသူ့ပုံလေးကိုလည်းပုံဖော်ကြည့်ချင်မိပါရဲ့...အတင့်ရဲ့လို့ထုတ်မေးမိတော့အံ့သြသွားတယ်ထင်ပါရဲ့.....သူမှားသွားပြီထင်တယ်......သို့သော်အေးစက်သောလက်တစ်စုံသည်သူ့လက်ကိုစောနလိုလာထပ်ကိုင်ကာ....
"ဒါကျွန်တော့်မျက်လုံး..."ဝိုင်းစက်နေပါလားကွာ....
"ဒါလေးကနှာခေါင်းလေး...ဒါလေးကပါး...."သမီးလေးရဲ့ပါးလေးလိုအိအိလေး...
"ဒါလေးကနှုတ်ခမ်း"နှုတ်ခမ်းပေါ်သို့လက်တင်လိုက်ချိန်အိစက်နူးညံ့သောအထိအတွေ့လေးကြောင့်နှလုံးသားကပေါက်ထွက်မတက်ခုန်လာပြန်သည်ကြောင့်မပေါက်ကွဲခင်လက်ကိုအလျင်အမြန်ရုပ်သိမ်းလိုက်ရသည်......မျက်မမြင်ဒုက္ခိတကိုယ်လိုလူအတွက်စိတ်တောင်မကူးသင့်တဲ့လူသားလေးမို့လို့.......
"ဦးယာကျွန်တော်တို့ကိုပုံဖော်ကြည့်ပြီးရင်...ခုကျွန်တော်ကဝှီးချဲတွန်းပြီးသမီးလေးကဦးယာရဲ့ညာဘက်မှာရှိနေတယ်....ဒီနေ့တော့ဒီနားကပန်းခြံလေးကိုသွားကြမယ်နော်...သဘောတူလားမီးမီးလေး"
"ဟုတ်...ပျော်ပျော်ဖြစ်ရင်ယိမ်းယိမ်းကပျော်တယ်"
"ဟုတ်ပါပြီဗျာ....ဒါဆိုသွားကြစို့ဖေဖေ့လက်ကိုတွဲထားနော်မီးမီး"
"ဟုတ်"ယိမ်းယိမ်းလေးသည်မင်းဦးယာ၏လက်ကိုသူ့လက်သေးသေးလေးများနှင့်ဆုပ်ကိုင်လိုက်လေသည်.......
ထို့နောက်ထမင်းဘူးလေးတွေကိုဝှီးချဲနောက်ကအိတ်လေးထဲထည့်ကာပန်းခြံလေးသို့ပျော်ပွဲစွားထွက်ကြသည်ပေါ့.....
ပန်းခြံထဲမှာဖြစ်နေသမျှကိုပုံဖော်ကာပြောပြပေးနေသောရိပ်ကြောင့်မင်းဦးယာတကယ်ကိုပျော်ခဲ့ရပါသည်.....အရင်ကနိုင်ငံပေါင်းများစွာရဲ့အလှရှုခင်းတွေကိုကိုယ်တိုင်မြင်ဖူးခဲ့ပေမယ့်ခုသူပုံဖော်ပေးတဲ့ပန်းခြံရှုခင်းလေးလောက်လှမည်မထင်ဟုတောင်ခံစားမိပါရဲ့
ပထမဆုံးအကြိမ်အဖြစ်ယိမ်းယိမ်းလေးရဲ့စိတ်လှုပ်ရှားခဲ့ရဆုံး...ပထမဆုံးပျော်ပွဲစားလေးဖြစ်သလိုမင်းဦးယာရဲ့Accidentဖြစ်ပြီးနောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်အပြင်ပြန်ထွက်ခြင်းပေါ့....
သေချာတာတစ်ခုကတော့သူတို့သားအဖရဲ့နှလုံးသားထဲမှာတူညီတဲ့ပျော်ရွှင်မှုနဲ့ကြည်နူးမှုလေးတည်ရှိနေမှာပင်...
အယ့်နေ့ကပေါ့ကလေးမလေးဟာတစ်လောကလုံးမှာသူအပျော်ဆုံးဆိုတဲ့အပြုံးလေးနဲ့ပြုံးနေပြီးသူ့ရဲ့ဖေဖေကိုလည်းနှလုံးသားလေးထဲမှာနေရာတစ်ခုစတင်ပေးခဲ့တဲ့နေ့လေးပေါ့....လစ်ဟာနေတဲ့သူမလေးရဲ့နှလုံးသားသေးသေးလေးကမထင်မှတ်ဘဲဝင်ရောက်လာတဲ့မေမေဆိုတဲ့သူရဲ့သွန်သင်မှုတွေ၊နွေးထွေးမှုတွေကြောင့်ချစ်ခြင်းမေတ္တာဆိုတာကိုစတင်နားလည်တက်ခဲ့သလို၊ချစ်ခြင်းမေတ္တာကိုလည်းပြန်လည်ပြသတက်ခဲ့သည်ပေါ့......
နုနယ်တဲ့ကလေးငယ်လေးတွေကို
သွန်သင်ပါ၊ဆုံးမပါ၊ပုံသွင်းပေးကြပါ
မေတ္တာလေးတော့အပြည့်ပါပစေနော်......
မေတ္တာဆိုတာချစ်ပါတယ်ဆိုပြီးမြင်အောင်ပြသမှမဟုတ်ပါဘူး၊ချစ်တယ်လို့တဖွဖွပြောနေမှမဟုတ်ပါဘူး.....
ကိုယ့်ရဲ့အပြုအမူ၊စကားသံ၊နွေးထွေးတက်ခြင်းတွေကနေမှတစ်ဆင့်တစ်ပါးသူဆီစီးဆင်းပါစေလေ........
ဦးယာကရိပ်ရဲ့မေတ္တာတွေကိုမမြင်ရမထိရဘဲနဲ့ဘာကြောင့်ခံစားတက်တယ်ထင်ပါသလဲ.......
ယိမ်းယိမ်းလေးကရော.....ချစ်ခြင်းမေတ္တာဆိုတာထိုကဲ့သို့နက်နဲ့ပြီးလှပပါတယ်.....
💖💖💖💖💖
မနက်ဖြန်ကOnly with youလာမယ်နော်😘😘
//////////////////////////
"တူလေး..အေးရိပ်"
"ဪ...အင်းအင်း..."
"ဟုတ်ပါပြီကွယ်...စိတ်ချ..."
"အေးအေး...လာဒေါ်လုံးတင်"
"ဦးယာအဆင်ပြေရဲ့လား..."
"မေမေ.."
"ပြောလေသမီးလေး"
"ဦးယာ...ဦးယာ..."
"ဟင်...အင်း..."
"ဟင်...တကယ်လား..."
"ယေး...."
~~~~~~~~~~~~~~~~~~~~~~~
"ဦးယာလည်းပျော်မှာပါ..."
"ကိုယ်မှမမြင်ရတာ"
"အင်း...."
"ကဲပြီးပါပြီခဗျာ..."
"ယေး...သွားလို့ရပြီကွ...."
"ပြီးပါပြီရှင်"
"ဟုတ်ကဲ့ပါဖွား"
"အေးအေး..."
"အင်း...."
"ခစ်ခစ်..."
"မင်းကရော...."
"ဗျာ..."
💖💖💖💖💖

Коментарі