Part11
ကျောင်းတက်ရက်ပထမဆုံးနေ့လေးမှာပထမဆုံးသိကျွမ်းခွင့်ရတဲ့သူငယ်ချင်းမလေးနဲ့ယိမ်းယိမ်းလေးဟာကံတရားရဲ့စီမံရာအတိုင်းသိပ်ကိုခင်တဲ့သူငယ်ချင်းတွေဖြစ်လာကြတယ်လေ......အယ့်နေ့ကကျောင်းဆင်းတော့တူညီဝတ်စုံလေးတွေနဲ့ကလေးလေးတွေဟာမိမိတို့မိဘတွေရှိရာကိုပြေးလွှားလ်ု့ပေါ့.... .ထို့အတူပါပဲယိမ်းယိမ်းလေးကလည်းသူ့ဖိုးနဲ့ဘွားက်ုရှာသလိုမေသက်ချိုလေးဟာလည်းသူ့အမေနဲ့အဖေကိုရှာလို့ပေါ့.........
"သမီးလေး..."
"ဟယ်...မေမေလာပြီ...."မေသက်ကလေးကသူ့အမေရင်ခွင်ထဲပြေးသွားတော့ယိမ်းယ်မ်းလေးရဲ့မျက်လုံးလေးထဲအားကျနေတဲ့အကြည့်ကလေးကဝေလို့ပေါ့...
"မေမေဒါမီးမီးသူငယ်ချင်း"
"ဪ...မေ့မီးငယ်လေးကသူငယ်ချင်းတောင်ရပြီလား..."
"ဟုတ်....."
"သမီးလေးကနာမည်ဘယ်လိုခေါ်လဲ....."
"ယိမ်းယိမ်းယာပါအန်တီ..."ယိမ်းယိမ်းလေးသည်လက်လေးပိုက်၍ယဥ်ကျေးစွာဖြေလေသည်.....
"ယိမ်းယိမ်းယာ...."ယိမ်းယိမ်းလေး၏စကားကိုနောက်မှသံယောင်လိုက်ရွတ်မိသည်......
"ယိမ်းလေး..."
"ဖွား..."စကားပြောနေတုန်းနောက်မှခေါ်သံကြောင့်ယိမ်းယိမ်းလေးသည်ထိုခေါ်သံရှ်ရာဆီပြေးသွားလိုက်လေသည်.....ထိုအခါသူလည်းပဲနောက်သို့လှည့်ကြည့်မိတော့.....
"ဟင်..မေစီ..!"
"အန်တီ!"
"ဖွားကအန်တီနဲ့သိလား..."
"အရင်ကသိတာပါယိမ်းလေးရယ်...သွားရအောင်.."
"ဟုတ်...မေသက်ချိုတာ့တာ..အန်တီတာ့တာ"သူ့အားတာ့တာပြနှုတ်ဆက်သွားသောကလေးလေးကိုဟန်ဆောင်၍တောင်ပြုံးမပြနိုင်တော့ပါ.....ကလေးအပေါ်အပြစ်ရှိစိတ်ကြောင့်ခြေပင်မခိုင်ချင်တော့.....မေ့ပစ်ခဲ့ပြီးကာမှ...ကံကြမ္မာကဘယ်လိုတွေပြုစားနေသလဲကွယ်.......
ယိမ်းယိမ်းလေးအိမ်သို့ပြန်ရောက်ချိန်တွင်တော့သူမလေးရဲ့ဖေဖေနဲ့မေမေဟုသတ်မှတ်ထားတဲ့လူသားလေးကလက်လေးဆန့်လျက်ပြုံးကာထွေးပွေ့ပေးရန်ကြိုလင့်နေလေရဲ့.......
"မေမေ..."ကလေးငယ်လေးသည်လည်းကားပေါ်ကဆင်းတာနဲ့အေးရိပ်၏လက်နှစ်ဖက်ကြားခိုလှုံကာဖက်လိုက်လေသည်.......
"ကျောင်းမှာပျော်ခဲ့ရဲ့လားသမီးလေး..."
"ဟုတ်...ယိမ်းယိမ်းသူငယ်ချင်းတွေလည်းရတယ်...စာတွေလည်းသင်ရတယ်...ဆိုလည်းဆိုရတယ်...ကလည်းကရတယ်..."
"ဟုတ်လား...မိုက်တယ်ကွာ..."
"ထမင်းရောစားကောင်းလား.."
"ဘဲရီးဒွတ်ပဲ..."ယိမ်းယိမ်းလေးရဲ့မပီတဲ့အသံလေးကြောင့်အကုန်ရယ်မောကြလေတော့သည်.........
"ခုရောဗိုက်ဆာပြီလား..."
"ဆာပြီ...ခစ်ခစ်..."
"ဟုတ်ပါပြီဗျာ...အာ့ဆိုကိုယ်လက်သန့်စင်ပြီးစားကြမယ်နော်..."
"ဟုတ်...."ဟုပြောကာကလေးငယ်သည်သူ့မ၏ဖခင်ကိုအာဘွားလေးပေး...အဖိုးအဖွားတွေကိုလည်းနှုတ်ဆက်ကာအိမ်ထဲသို့အေးရိပ်လက်ကိုဆွဲ၍ဝင်သွားလေရဲ့.....
မင်းဦးယာနှင့်သူ၏အဖေနှင့်အမေမှာတော့စကားပြောရင်းကျန်နေခဲ့ကြလေသည်......
"ယာလေး...နေရထိုင်ရတာသက်သာရဲ့လား"
"ဟုတ်သက်သာပါတယ်"
"မာမီတို့ပြောစရာရှိတယ်...."
"ပြောလေမာမီ...."
"ယိမ်းယိမ်းလေးကိုသွားကြိုတော့...ဒေါ်မေစီကိုတွေ့ခဲ့တယ်...."
"ဟင်မေစီ...?"
"အင်း...."
"သူကဘာလာလုပ်တာလဲ...."
"သူ့မှာလည်းသမီးတစ်ယောက်ရှိနေတယ်ထင်တယ်...သူ့သမီးလေးကမြေးရဲ့သူငယ်ချင်း...."
"ဟက်...သူကသမီးတောင်ရှိတယ်ဆိုတော့ကျွန်တော်နဲ့မကွာခင်ကတည်းကရှုပ်ထားတာပေါ့...."
"အင်း...ဟုတ်မယ်...မာမီတို့လည်းသားကိုသူနဲ့နေရာအတင်းချပေးခဲ့မိတာတောင်းပန်ပါတယ်ကွယ်....."
"ရပါတယ်မာမီ....ပြီးတာတွေလည်းပြီးခဲ့ပြီပဲဟာ..."
"သားအဆင်ပြေရဲ့လား..."
"ပြေတယ်မာမီ...ရတယ်..."
"အင်းပါပြီးရော...အယ့်တာဆိုမာမီတို့ပြန်မယ်နော်...မနက်ဖြန်ယိမ်းလေးကိုလာခေါ်မယ်......"
"ဟုတ်မာမီ.....ကျေးဇူးပါ..."
မင်းဦးယာ၏စကားကြောင့်သူ၏အမေနှင့်အဖေမှာရယ်လေသည်....
"ထူးထူးဆန်းဆန်းတွေပြောလို့ငါ့သားရယ်"
"တကယ်ပါကျေးဇူးတင်တယ်..."ဟုပြောကာလှည့်ဝင်သွားသောဝှီးချဲလေးကိုကြည့်ရင်းပြုံးမိကြလေရဲ့......သူတို့သားလေးတောင်ပြောင်းလဲသွားခဲ့ပြီပဲ........
မင်းဦးယာစကားပြောပြီးပြန်ဝင်လာတော့ထမင်းစားပွဲတွင်ထမင်းတွေစားလိုက်ကျောင်းကအကြောင်းတွေပြောပြလိုက်လုပ်နေသောသမီးလေးနှင့်ပြုံးရင်းနားထောင်ကာထမင်းခွံ့နေသောအေးရိပ်ကိုကြည့်ပြီးသူပြုံးလိုက်မိလေရဲ့........ဘယ်လောက်တောင်လှပလိုက်တဲ့မြင်ကွင်းလေးလဲလေ.....
သို့သော်ပြန်မလည်ချင်တဲ့အတိတ်ဆိုးကြောင့်အနည်းငယ်စိတ်ထိခိုက်ရတာတော့အမှန်ပင်.....
အေးရိပ်သမီးလေးကိုထမင်းကျွေးပြီးနောက်တစ်ရေးတစ်မောအိပ်ရန်သိပ်ခဲ့ပြီးဦးယာရှိရာသို့လာခဲ့လေသည်......အခန်းပြတင်းပေါက်အပြင်ဘက်သို့ဆွေးဆွေးလေးကြည့်နေသောဦးယာ...ဘယ်အရာတွေကနာကျင်အောင်ပြုလုပ်ပြန်ပြီလဲလေ.....
"ဦးယာ..."စိမ့်စမ်းလေးပမာကြည်လင်သောဤအသံပိုင်ရှင်ကောင်လေး၏ရင်ခွင်ထဲသို့ခဏလောက်ခိုလှုံမိချင်ပါရဲ့လေ......
"ဘယ်နားနာလို့လဲဟင်.. မျက်လုံးကိုက်လို့လား...ခြေထောက်တွေနာလို့လား...ကျွန်တော်ဘာလုပ်ပေးရမလဲဟင်....."
"ရပါတယ်....ကိုယ်အဆင်ပြေတယ်.. မင်းလည်းအိပ်ချင်အိပ်လေ..."
"ရပါတယ်...ကျွန်တော်မအိပ်ချင်ပါဘူး....ဦးယာတကယ်ဘာမှမဖြစ်ပါဘူးနော်...."
"ကိုယ့်ကိုခဏလောက်ဖက်ထားပေးမလား...."စိတ်ထဲမှစကားသံသည်မထိန်းနိုင်စွာအပြင်သို့ပွင့်အံကျလာလေသည်....ဟုတ်ပါရဲ့ခုကိုယ်လိုနေတာမင်းရင်ခွင်ပါကောင်လေးရေ.....သို့သော်လည်း.....
"ကိုယ်တောင်းပန်ပါတယ်..ရပါတယ်...မပြောခဲ့ဘူးလို့သဘောထားလိုက်ပါ...ကိုယ်ဘာ...."စကားပင်ဆက်မပြောနိုင်လောက်အောင်ပြုစားလေသောသူ....မင်းဦးယာအားရင်ခွင်သေးသေးလေးထဲထည့်လျက်ကျောလေးကိုပုတ်ပေးရင်း....
"ရှူး....ကျွန်တော်အဆင်ပြေပါတယ်.....ဦးယာစိတ်သက်သာသွားတဲ့ထိနေနော်...."ဟုပြောလေတဲ့ထိုကောင်လေး.....ဘာမှတွေးမနေတော့ပါ...ထိုရင်ခွင်သေးသေးလေးထဲမျက်နှာအပ်၍ပိုတ်ုးလို့ပင်ခိုဝင်မိသည်.........
တစ်သက်လုံးအတွက်ဒီရင်ခွင်သေးသေးလေးကိုအပိုင်သိမ်းပစ်ချင်မိရင်ကိုယ်လိုဒုက္ခိတကသိပ်ကိုအတ္တကြီးသွားလေမလားကိုယ့်ခွန်အားလေးရယ်...........
တကယ်ပါကွယ်
အားငယ်နေချိန်ဖေးမပေးခဲ့တဲ့
မင်းရဲ့နွေးထွေးတဲ့လက်၁စုံကို
ကိုယ်နှစ်သက်တယ်.......
ချို့တဲ့နေတဲ့ဘဝလေးတွေကိုပြည့်စုံစေခဲ့တဲ့
မင်းရဲ့နွေးထွေးတဲ့မေတ္တာတွေကို
ကိုယ်မြတ်နိုးတယ်
အပြုံးတွေကိုသာဖန်တီးပေးခဲ့တဲ့
မင်းရဲ့စေတနာသန့်သန့်ကို
ကိုယ်သိပ်ကိုတန်ဖိုးထားမိပါတယ်
ကိုယ်မပိုင်ရဲတဲ့ချစ်ရသူရယ်.......
ထိုနေ့လေးသူလေးရဲ့ရင်ခွင်ထဲပထမဆုံးခိုလှုံခဲ့ရတဲ့နေ့လေးပေါ့...နွေးထွေးလွန်းလို့အချိန်တွေကိုတောင်ရပ်တန့်ပစ်ချင်မိပါရဲ့
နေ့တစ်နေ့တာကိုကုန်ဆုံးပြီးပြန်လည်အစပြုချိန်တွင်ယိမ်းယိမ်းလေးသည်ပျော်ရွှင်စွာပင်ကျောင်းသို့သွားရန်ပြင်ဆင်နေလေရဲ့......ကျောင်းဝတ်စုံလေးကိုသေချာဝတ် ကြီးမေလက်ရာဝလုံးလေးကိုပါးပေါ်တင် မွှေးကြိုင်သွားအောင်Baby Mild powderလေးလည်းရိုက်....ရေဘူးလေးကိုဆွဲ...သူမလေးရဲ့မေမေထည့်ပေးတဲ့အာဟာရပြည့်ဝတဲ့ထမင်းဘူးလေးကိုသယ်...ပြီးရင်သူမလေးရဲ့ဖေဖေနဲ့မေမေရဲ့ပါးကိုရွှတ်ခနဲနမ်းကာ တာ့တာပြရင်းကျောင်းသို့ပျော်ရွှင်စွာသွားလေရဲ့.....အထီးကျန်ခဲ့ရတဲ့ကလေးငယ်လေးကကျောင်းမှာသူငယ်ချင်းတွေနဲ့ပျော်နေတယ်ထင်ပါရဲ့လေ.......
ယိမ်းယိမ်းလေးကျောင်းသွားချိန်တွင်တော့ကျန်နေခဲ့တဲ့လူကြီးတွေကအိမ်အလုပ်လုပ်တဲ့သူကလုပ်မယ်...ခြံရှင်းတဲ့သူကရှင်းမယ်...စာဖတ်ပြနေတဲ့သူလည်းရှိမယ်...တမေ့တမောငေးရင်းနားထောင်နေတဲ့သူလည်းရှိမယ်ပေါ့......ဒါမှမဟုတ်ခြံထဲမှာထိုင်ရင်းစကားတွေပြောရင်လည်းပြောနေကြမှာပေါ့.......
"တီတီ...."ခြံရှေ့မှကားဟွန်းတီးသံကြောင့်အေးရိပ်၏ဦးလေးဖြစ်သူတံခါးသွားဖွင့်ပေးလေသည်.....ထိုစဥ်တွေ့လိုက်ရသောကားထဲမှအမျိုးသမီးကြောင့်ဦးမောင်တစ်ယောက်မျက်နှာပျက်သွားလေသည်....ရှေ့မှီနောက်မှီဖြစ်သောဦးမောင်အတွက်ထိုအမျိုးသမီးဘယ်သူဆိုတာတန်းသိလေသည်.......
"ဦးလေးမောင်...ကျွန်မကိုဝင်ခွင့်မပေးတော့ဘူးလား..."
"ဟ်ု...အကိုလေး..."
"ဝင်ခွင့်ပေးလိုက်ပါဦးလေး..."မင်းဦးယာရဲ့စကားကြောင့်ဦးမောင်ဝင်ခွင့်ပေးလိုက်လေသည်.....သူမ လာမယ်ဆိုတာကြိုခန့်မှန်းပြီးသားရယ်မို့မင်းဦးယာအတွက်ထူးဆန်းမနေတော့ပါ..သို့သော်ကောင်းသောလာခြင်းလားဆိုးသောလာခြင်းလားဆိုတာတော့.......
"ဦးမင်းဦးယာမတွေ့တာကြာပြီနော်..."
"အင်း...ဘာကိစ္စလဲ...."
"အိမ်ထဲတောင်ပေးမဝင်တော့ဘူးလား.."
"လိုလို့လား..."
"ပေးဝင်ပါဦး...ကျွန်မပြောစရာတွေရှိလို့ပါ"
"မြန်မြန်ပြောပြီးမြန်မြန်ပြန်ပါဒေါ်မေစီချို......"
ထိုအမျိုးသမီးသည်အိမ်ထဲသို့လိုက်ဝင်လာကာဧည့်ခန်းတွင်ထိုင်လိုက်လေသည်....
"ဦးယာ..ကျွန်တော်ဧည့်သည်အတွက်..."
"မလိုဘူးရိပ်....ကိုယ့်နားမှာပဲထိုင်နေ..."
"ဟုတ်..."
ထို့နောက်ဧည့်ခန်းအလယ်ဆက်တီစားပွဲတည့်တည့်တွင်မင်းဦးယာ၏ဝှီးချဲရှိနေပြီးကျန်၂ယောက်မှာတော့မျက်နှာချင်းဆိုင်လျက်........
"ကဲပြော...."
"ကျွန်မတောင်းပန်ပါတယ်ဦးမင်းဦးယာ..."
"ဟက်...ဘာအတွက်လဲ..."
"ရှင့်ကိုဒီလိုဖြစ်စေတဲ့အတွက်ရော...သမီးလေး..."
"ပါးစပ်ပိတ်ထား...မင်းပါးစပ်ကငါ့သမီးလေးကိုထည့်ပြောစရာမလိုဘူး....အယ့်ကလေးကမင်းနဲ့ဘာမှမဆိုင်ဘူး..."
"ဦးယာ..."ဒေါသတွေတအားထွက်နေသောမင်းဦးယာရဲ့လက်မောင်းကိုအေးရိပ်အနည်းငယ်ဆုပ်ကိုင်လိုက်ကာစိတ်လျှော့ရန်သတိပေးလိုက်လေသည် .......
"မင်းခုလာရတဲ့ကိစ္စကဘာလဲ....သမီးလေးကိစ္စဆိုရင်တော့မင်းပြန်လိုက်တော့...."
"ကျွန်မတစ်ကယ်တောင်းပန်ပါတယ်...အယ့်အချိန်တုန်းကမိဘတွေကိုအရွဲ့တိုက်ချင်တာရယ်...ချစ်သူနဲ့ခွဲရမှာကြောက်တာရယ်ပဲကျွန်မသိခဲ့တာ....တကယ်ကိုတောင်းပန်ပါတယ်....ကျွန်မစိတ်တိုင်းကျလုပ်ခဲ့ပြီးကျွန်မတို့နိုင်ငံခြားထွက်သွားမှရှင့်ရဲ့အခြေအနေကိုသိခဲ့ရတာပါ....အယ့်ချိန်ကျွန်မမှာလည်းမေသက်ကလေးရှိနေပြီ.....အယ့်တာကြောင့်ကျွန်မ...."
"အယ့်တာကြောင့်ပြန်မလာခဲ့တာတောင်းပန်တယ်ပေါ့...ဟုတ်လား..."
"တကယ်တောင်းပန်ပါတယ်...ကျွန်မမှာတောင်းပန်တာကလွဲပြီးပြောစရာမရှိတော့ပါဘူးရှင်....ခုလေ..ယိမ်းယိမ်းလေးကိုပြန်စောင့်ရှောက်ပေးပါရစေ....မိခင်မေတ္တာတွေပြန်ပေးပါရစေ...."
"ဟားဟား...မိခင်မေတ္တာ.. .မင်းပါးစပ်ကပြောတယ်တဲ့ယုံတောင်မယုံနိုင်ဘူး....မင်းသိလားမင်းအလာနောက်ကျသွားပြီ...သမီးကမင်းကိုမလိုအပ်တော့ဘူး...
လွန်ခဲ့တဲ့၅နှစ်ကကလေးငယ်လေးကနို့ဆာတိုင်းသူငိုနိုင်သလောက်ငိုနေရှာခဲ့တယ်...သူ့ရဲ့ဆာလောင်နေတဲ့ဗိုက်ကလေးအတွက်သူ့ငိုသံလေးများကြားရင်မင်းလာမလားဆိုပြီး....ငါကမျက်မမြင်ဒုက္ခိတမို့သမီးလေးကအိမ်ဖော်တွေလက်ထဲနေခဲ့ရတယ်....အယ့်ဒီ့အိမ်ဖော်တွေဘာလုပ်လဲသိလား...ချစ်တာနဲ့နှိပ်စက်တာကိုမသိတဲ့ကလေးကိုချစ်လို့ရိုက်တာပါဆိုပြီးလူမမြင်တဲ့နေရာတွေကိုရိုက်ခဲ့ကြတယ် ....မေတ္တာဆိုတာငတ်နေတဲ့သမီးလေးကသူ့ကိုချစ်လို့ရိုက်ပါလားဆိုပြီးကြိတ်ခံနေခဲ့ရတာတွေမင်းသိလား....ဝမ်းနည်းလွန်းလို့ငိုရင်တောင်မေမေဆိုပြီး..သူ့ကိုပစ်ခဲ့တဲ့မင်းကိုတနေရှာတာသိရဲ့လား...သူများကလေးတွေရယ်မောနေကြတဲ့အရွယ်မှာငါ့သမီးလေးကမရယ်ခဲ့ရဘူး....တီတီတာတာလေးတွေပြောရမယ့်အရွယ်မှာမေမေဆိုပြီးပဲခေါ်နေခဲ့တာမင်းသိရဲ့လား...မင်းကတော့မင်းရဲ့ကလေးကိုထွေးပွေ့နေတဲ့အချိန်ငါ့မှာတော့သမီးရဲ့ငိုရှိုက်သံလေးတွေနဲ့ပဲအသက်ဆက်ခဲ့ရတာမင်းသိလား....ငါတို့မင်းကိုလိုအပ်ခဲ့တယ်...အယ့်အချိန်တုန်းကမင်းကလျစ်လျူခဲ့တယ်...ခုမင်းကိုငါတ်ု့ဘဝမှာမလိုအပ်တော့ဘူး....ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီးငါတို့နဲ့ဝေးဝေးမှာနေပေးပါ....မင်းမှာသာမိခင်စိတ်ဆိုတာရှိမယ်
ဆိုရင်ပျော်နေတဲ့ကလေးလေးကိုသူ့ဘဝနဲ့သူနေပါစေတော့... မင်းကိုလည်းခွင့်လွှတ်တာမို့ကျေးဇူးပြုပြီး...ထွက်သွားပေးပါတော့......"
"ဦးမင်းဦးယာရယ်....ကျွန်မအရမ်းမိုက်မဲခဲ့ပါတယ်...ကျွန်မတကယ်မထိုက်တန်ပါဘူး.....ဒါပေမဲ့တစ်ခုပဲ....သမီးသူငယ်ချင်းရဲ့အမေအဖြစ်တော့တွေ့ခွင့်ပေးပါ....ကျွန်မဒါလေးပဲတောင်းဆိုပါရစေ..."
"ကောင်းပြီ...ငါခွင့်ပြုတယ်...."မျက်ရည်များနှင့်သူမမျက်နှာသည်နောင်တကြောင့်ညှိုးငယ်နေလေသည်...ထိုညှိုးငယ်မှုကြားကအပြုံးလေးတစ်ပွင့်သည်ကိုယ့်သွေးသားကိုကာကွယ်ပေးတော့မယ့်မိခင်တစ်ဦးလို...........
အတ္တတွေဟာလည်းပြာကျခဲ့ပါပြီကလေးရယ်
နာကျင်စရာတွေကိုသာဖန်တီးပေးမိတဲ့မေမေဟာသမီးရဲ့မိခင်ပါလို့လည်းပြောမထွက်တော့ပါဘူးကွယ်
ဘေးနားကနေပဲဖေးမပေးပါ့မယ်ကလေးရယ်
ငါ့ကလေးလေးပျော်ရွှင်ပါစေတော့
ဒီအမိမိုက်ကတစ်သက်လုံးဘေးနားကနေအပြစ်ကြွေးဆပ်ပါ့မယ်ကလေးရယ်.....
ဒေါ်မေစီပြန်ထွက်သွားပြီးနောက်ဦးယာသည်ခေါင်းကိုငုံ့ချလျက်မျက်နှာကိုအုပ်ထားလေသည်........သေချာပါသည်..ဒီလူကြီးငိုနေပါပြီ.....
"ဦးယာ...."
"ကိုယ်မှားသွားလားရိပ်...သမီးကိုသူ့မိခင်နဲ့ခွဲလိုက်မိတာကိုယ်မှားသွားလားကွာ..."
ဒုတိယအကြိမ်အဖြစ်ရင်ခွင်သေးသေးထဲကိုခိုဝင်လာသောဦးယာသည်ဒီတစ်ခါတော့သူ့အားတင်းတင်းဖက်လျက်ငိုလေသည်.........
"ဦးယာမမှားပါဘူး....သမီးလေးကဒါတွေနားလည်ဖို့ငယ်သေးတယ်လေ...ဒေါ်မေစီလည်းသမီးလေးရဲ့အချစ်တွေကိုဖြည်းဖြည်းချင်းယူပါစေဦး...သမီးလေးနားလည်တက်တဲ့အရွယ်ရောက်တောွသေချာပြောပြလိုက်ရင်ပိုကောင်းတာပေါ့ဦးယာရဲ့.....ဦးယာမမှားဘူးနော်...ဦးယာဆုံးဖြတ်တာမှန်တယ်....ဦးယာအရမ်းတော်တယ်...."သူလေးရဲ့မူပိုင်အသံအေးအေးလေးနှင့်ပြောလျက်ကျောပြင်လေးကိုပုတ်ကာနှစ်သိမ့်လေတော့မင်းဦးယာမှာမျက်ရည်များကြားကပြုံးမိလေသည်....မင်းကအေးချမ်းလိုက်တာကောင်လေးရယ်............
ရင်ခွင်ထဲကနေမျက်ရည်စတွေနဲ့သူ့အားမော့ကြည့်လာသောဦးယာဟာတကယ်ကိုတည်ကြည်ခန့်ညားပါပေတယ်...သူပြန်ပြုံးပြမိပါရဲ့.....နှလုံးသားရဲ့အလိုအရပေါ့........
"ဦးယာကအငိုသန်လိုက်တာ..."
မင်းရင်ခွင်ထဲမှာမို့လို့ပါကောင်လေးရေ..မင်းရှေ့မှာမို့လို့ပါ....စိတ်ထဲမှသာပြောလိုက်သည်.....အပြင်မှာတော့ပြုံးသာပြလိုက်မိပါရဲ့.......
ချစ်စကားတွေမဆိုပါဘဲနဲ့
ချစ်ခြင်းတွေကိုခံစားမိပါစေလေ........
ဖတ်ရတာအဆင်ပြေရဲ့လားရှင့်🥺💖
//////////////////////////////
"သမီးလေး..."
"ဟုတ်....."
"ယိမ်းလေး..."
"ဟင်..မေစီ..!"
"အန်တီ!"
"ဖွားကအန်တီနဲ့သိလား..."
"ဟုတ်လား...မိုက်တယ်ကွာ..."
"ခုရောဗိုက်ဆာပြီလား..."
"ဆာပြီ...ခစ်ခစ်..."
"ဟုတ်သက်သာပါတယ်"
"ပြောလေမာမီ...."
"ဟင်မေစီ...?"
"အင်း...."
"သူကဘာလာလုပ်တာလဲ...."
"သားအဆင်ပြေရဲ့လား..."
"ပြေတယ်မာမီ...ရတယ်..."
"ဟုတ်မာမီ.....ကျေးဇူးပါ..."
တကယ်ပါကွယ်
ကိုယ်နှစ်သက်တယ်.......
ကိုယ်မြတ်နိုးတယ်
"ဟ်ု...အကိုလေး..."
"အင်း...ဘာကိစ္စလဲ...."
"လိုလို့လား..."
"ဟုတ်..."
"ကဲပြော...."
"ဟက်...ဘာအတွက်လဲ..."
"ဦးယာ...."
"ဦးယာမမှားပါဘူး....သမီးလေးကဒါတွေနားလည်ဖို့ငယ်သေးတယ်လေ...ဒေါ်မေစီလည်းသမီးလေးရဲ့အချစ်တွေကိုဖြည်းဖြည်းချင်းယူပါစေဦး...သမီးလေးနားလည်တက်တဲ့အရွယ်ရောက်တွောသေချာပြောပြလိုက်ရင်ပိုကောင်းတာပေါ့ဦးယာရဲ့.....ဦးယာမမှားဘူးနော်...ဦးယာဆုံးဖြတ်တာမှန်တယ်....ဦးယာအရမ်းတော်တယ်...."သူလေးရဲ့မူပိုင်အသံအေးအေးလေးနှင့်ပြောလျက်ကျောပြင်လေးကိုပုတ်ကာနှစ်သိမ့်လေတော့မင်းဦးယာမှာမျက်ရည်များကြားကပြုံးမိလေသည်....မင်းကအေးချမ်းလိုက်တာကောင်လေးရယ်............
"ဦးယာကအငိုသန်လိုက်တာ..."

Коментарі