Part4
ဒီအပိုင်းကစပြီးယိမ်းယိမ်းယာကသူ့ခင်ပွန်းကိုပြန်ပြောပြနေတာလို့သိပေးပါနော်..သူတို့နှစ်ယောက်ပြောနေသည့်အခန်းများကိုအရှေ့ပိုင်းတွေမှာလိုမထည့်ပေးတော့ဘူးနော်....နားမလည်ရင်ရွှန်းကိုပြန်မေးပါနော်.....
☆Yate☆
အချိန်နာရီတွေကိုကျော်လွန်ပြီးသည်နှင့်နေ့သစ်တစ်ဖန်စတင်လာပြန်သည်...
"ရွှတ်..."သမီးငယ်လေးအားပါးပေါ်သို့အနမ်းဖွဖွချွေလိုက်သည်....ယိမ်းယိမ်းလေးကိုဘယ်လောက်ပင်ချစ်ခင်သနားမိသော်လည်းကလေးငယ်မှာကိုယ်နှင့်သူစိမ်းဖ့စ်သည့်အတွက်အချိန်တန်ရင်တော့ခွဲခွာရမှာပဲလေ...ဒါ့အပြင်ကိုယ်ကသာချစ်ပေမယ့်ယိမ်းယိမ်းလေးအရွယ်ရောက်လာတဲ့အခါသူစိမ်းနဲ့တူတူနေတာဟာမသင့်တော်လေဘူးမလား....အင်း...တချိန်ချိန်ပေါ့...တစ်နေ့နေ့တော့ခွဲရမှာပေါ့...သို့သော်မခွဲခင်တော့ဒီသားဖတွေကိုမေတ္တာစေတနာအပြည့်ဖြင့်စောင့်ရှောက်ဦးမည်
ထို့နောက်ထကာထုံးစံအတိုင်းဦးယာများနိုးနေမလားဟုနာမည်ကိုတိုးညှင်းစွာခေါ်မိသည်...ခါတိုင်းကလိုအင်းမလုပ်အဲမလုပ်ဘဲအသက်ရှုသံပြင်းပြင်းအရအိပ်နေတယ်ထင်ပါရဲ့.......သူလည်းမနိုးတော့ဘဲသားအဖနှစ်ယောက်ကိုအိပ်စေခဲ့ကာမျက်နှာသစ်ရေမိုးချိုးပြီးဦးယာရေချိုးရန်ပါပြင်ထားလိုက်ကာအခန်းထဲတွင်သန့်ရှင်းရေးလုပ်နေလိုက်သည်.....
"မေမေ...."မျက်လုံးမပွင့်သေးသောယိမ်းယိမ်းလေးသည်မျက်လုံးလေးကိုပွတ်လျက်ရှုပ်ပွနေသောခေါင်းလေးကိုလည်းသပ်တင်လျက်သူ့အားငိုသံစွတ်လေးနှင့်ခေါ်လေသည်...
"မေမေရှိတယ်မီးမီးလေး"ဟုပြောတော့လက်သေးသေးလေးတွေဆန့်တန်းကာသူ့ကိုချီပါဟုအချက်ပြလေသည်......ကောက်ချီလိုက်တော့သင်ပေးထားတဲ့အတိုင်းသူ့ပါးကိုရွှတ်ခနဲနမ်းကာချီထားရင်းပင်သူ့ဖေဖေမျက်နှာနားကပ်ပေးလိုက်တော့အိပ်နေသောသူ့ဖေဖေရဲ့ပါးကိုလည်းရွှတ်ကနဲနမ်းလေသည်.........
မင်းဦးယာအိပ်မောကျနေတုန်းပါးပေါ်သို့ရောက်လာသောနွေးထွေးသောအထိအတွေ့လေးကြောင့်ပါးချ်ုင့်လေးရေးရေးပေါ်အောင်ပြုံးလိုက်မိသည်....ရိပ်တစ်ယောက်အိမ်ရောက်ပြီးကတည်းကသူ့အနားနဲနဲကပ်လာကာသူ့ကိုနမ်းရှုံ့တာလေးတွေလုပ်လာတက်သောသမီးလေးရယ်ပါလေ......ညကခေါင်းကိုက်ထားတဲ့အရှိန်ကြောင့်မျက်လုံးမပွင့်တာကြောင့်သမီးလေးရဲ့မျက်နှာနားလေးသို့ခန့်မှန်း၍ပြုံးပြလိုက်ကာဆက်မှေးနေလိုက်သည်....သို့သော်ကြာကြာမမှေးနိုင်ပါရေချိုးခန်းထဲမှအသံလေးတွေကိုနားစွင့်နေမိသည်....တခိုးခိုးတခိခိနဲ့သမီးလေးရဲ့ရယ်သံလွင်လွင်လေးနဲ့အေးချမ်းပြီးနားထောင်လို့ကောင်းသောယောကျ်ားသံသြသြလေး......သူရောက်လာမှသမီးရဲ့ရယ်သံလေးတွေဟာဖြစ်တည်လာခဲ့သည်...မိသားစုနှင့်တောင်ပြုံးခဲခဲ့သောကျွန်တော်ဟာလည်းနှစ်နှစ်ချိုက်ချိုက်ပြုံးတက်နေလေပြီ.....သူဟာလူနာစောင့်ဆိုတာထက်ပိုသော....အင်း..ဘယ်လိုတောင်သုံးနှုန်းရမလဲမသိတော့ပါလေ......
ခဏနေတော့ရေချိုးခန်းထဲမှခြေသံလေးတွေအနားသို့ကပ်လာတာခံစားမိတာကြောင့်မျက်လုံးများဖွင့်ကာနားစွင့်မိသည်..
"ဦးယာ...."ချွဲပစ်ပစ်လဲမဟုတ်ဘဲအသံညှောင်ညှောင်လေးလဲမဟုတ်ဘဲ..အေးအေးလေးနှင့်ယောကျာ်းဆန်ဆန်အသံလေး...နားထဲသို့စိမ့်စမ်းလေးပမာစီးဝင်လာသည်.. အမြင်အာရုံမရှိသောသူ့အတွက်တော့အကြားအာရုံနှင့်သာခံစားရသည်ကလည်းခံစားမှုတစ်မျိုးပင်.....
"ဦးယာ...."ဒုတိယအကြိမ်ခေါ်သံလေးကြားမှသတိဝင်မိသည်....ဘုရားရေ..သူဘာတွေကိုတွေးနေမိတာပါလဲ...
"အင်း..."
"နိုးရင်ရေချိုးရအောင်နော်..."
"အင်း...သမီးလေးရော"
"ခုလေးတင်ပဲထွက်သွားတယ်...အောက်မှာစောင့်နေမယ်တဲ့..."
"စိတ်ချရပါ့မလား..ဟိုမိန်းကလေးတွေနဲ့"
"ရတယ်..သမီးလေးကိုအယ့်လိုလုပ်ရင်တိုင်ဖို့မှာလိုက်တယ်"
"ကျေးဇုးတင်ပါတယ်နော်ရိပ်"
"ဗျာ..."
"ဪ...သမီးလေးကိစ္စပါ....မင်းသိတဲ့အတိုင်းပဲကိုယ့်ကိုဆိုသမီးကကြောက်တော့မပြောရဲဘူးရယ်...မင်းသာမမေးရင်သမီးလေးကလည်းဘယ်တော့မှဖွင့်ပြောရဲမှာမဟုတ်သလိုဟိုမိန်းမတွေလည်း...ကျစ်"လက်သီးကျစ်ကျစ်ဆုပ်ကာနှုတ်ခမ်းကိုဖိကိုက်လျက်ခေါင်းငုံ့သွားသောဦးယာဟာသူ့ကိုယ်သူအားမလိုအားမရဖြစ်ကာဒေါသထွက်နေသယောင်...
"ခုကျွန်တော်ရှိနေပြီပဲ...ဦးယာတို့ကိုကျွန်တော်အတက်နိုင်ဆုံးစောင့်ရှောက်ပါ့မယ်"
နွေးထွေးလွန်းတဲ့စကားလေးတွေဟာရိုးရှင်းပြီးလှပလွန်းလေတယ်.....ဘာရယ်ကြောင့်နွေးထွေးမှုတွေနဲ့ပြုစားနိုင်ရသလဲကွယ်...
"ဦးယာ..ရေချိုးကြမယ်နော်..."
"ဟင်..."
"ရေချိုးကြမယ်လို့"
"အင်းအင်း..."
ရှက်မိပါသည်...အသက်၃၃နှစ်အရွယ်ထိမခုန်လှုပ်ဘဲငြိမ်သက်နေသောနှလုံးသားသည်...မျက်နှာတောင်မမြင်ဖူးတဲ့ယောကျာ်းတစ်ယောက်....မိမိတို့အားစေတနာအပြည့်ဖြင့်စောင့်ရှောက်နေသောထိုကောင်လေးအပေါ်တိမ်းညွတ်ချင်နေသည့်မိမိစိတ်တွေကိုရှက်မိပါသည်........
"ရိပ်"
"ဗျာ..."မင်းဦးယာ၏ခေါ်သံကြောင့်ရေချိုးပေးနေသောလက်လေးများရပ်တန့်သွားကာပြောလာမည့်စကားကိုနားစွင့်နေမိသည်
"ဒီနေ့ကိုယ့်doctorလာမှာ...."
"ဟုတ်...ကျွနိတော်ပြင်ဆင်ထားလိုက်ပါမယ်"
"ရတယ်..ဘာမှပြင်စရာမလိုဘူး...သူကကိုယ့်သူငယ်ချင်းပဲ...ကိုယ်မင်းကိုအသိပေးတာ....."
"ဪ..ဟုတ်ဦးယာ..."
"ဒီနေ့ဟိုလူတွေကိုအလုပ်ထုတ်ရမယ်"
"ဟုတ် ..ကျွန်တောိလည်းဘကြီးကိုပြောထားတယ်..ကြီးမေကိုခေါ်လာဖို့...ကြီးမေကလည်းဟိုမှာတစ်ယောက်ထဲလေ...."
"အင်း....ကျေးဇူး..."မင်းဦးယာ၏ကျေးဇူးတင်စကားဆိုပုံကြောင့်ရိပ်ပြုံးလိုက်မိသည်...ထိုအပြုံးကိုတော့မင်းဦးယာမမြင်နိုင်သည့်အတွက်အဓိပ္ပါယ်မဖော်နိုင်ပါ.......
ထို့နောက်ရေမိုးချိုးပြီးယိမ်းယိမ်းလေးကိုခေါ်ကာအိမ်အကူတွေကိုပါစုလျက်အကြောင်းစုံပြောပြတော့ခုမှကိုယ့်လုပ်ရပ်ကိုရှက်သလိုကြောက်သလိုနှင့်....ငြင်းတော့မငြင်းကြပါ....သနားစဖွယ်အားကိုးရာမဲ့ကလေးလေးရဲ့ခန္ဓာကိုယ်လေးမှာဒဏ်ရာတွေကသက်သေထူနေသည်ကိုး......အိမ်အကူတွေကိစ္စရှင်းပြီးသည်နှင့်အိမ်ကြီးထဲတွင်သူတို့၃ယောက်သာကျန်နေခဲ့သည်...အေးရိပ်၏ဘကြီးဖြစ်သူကတော့ကြီးမေကိုသွားခေါ်လေသည်.......
"တီး..တောင်"
"ရိပ်doctorလာပြီထင်တယ်..."
"ဪ..ဟုတ်သွားကြိုလိုက်မယ်"
"အင်းကျေးဇူးပါ.."အေးရိပ်ခြံတံခါးဖွင့်ကာကြိုတော့လူတစ်ယောက်ကပြုံးပြလေသည်....
"Doctorလားခဗျ"
"ဟုတ်ပါတယ်ညီ...ဒီနေ့မင်းဦးကိုကျန်းမာရေးစစ်ရမှာမို့လို့"
"ဪ..လာပါခဗျ"
"အင်း...ဒါနဲ့ညီကnurseအသစ်ထင်တယ်"
"ဟုတ်ပါတယ်ဗျ"
"ဪ...အင်းအင်း..."
"မင်းဦး..."
"အင်း..မြတ်သူရောက်ပြီလား..စောင့်နေတာ"
"အေး..ဒီနေ့လူနာချိန်းထားတာရှိလို့နောက်ကျသွားတာ"
"အေးပါရပါတယ်...အခန်းထဲသွားကြမလား"
"အင်း....သွားကြမယ်"
အခန်းထဲသွားမည်ဆိုသောကြောင့်အေးရိပ်ကမင်းဦးယာ၏ဝှီးချဲကိုတွန်းကာယိမ်းယိမ်းလေးကဒေါက်တာဆိုသူ၏လက်ကိုဆွဲလျက်ပါလာလေသည်......အခန်းရှေ့ရောက်တော့ယိမ်းလေးနှင့်အေးရိပ်ကိုအောက်ပြန်လွှတ်ကာသူတို့နှစ်ဦးသာကျန်နေခဲ့လေသည်.........
"မင်းဦး...ခုတစ်လောကိုက်တာတွေဘယ်လိုနေသေးလဲ...."
"အင်း...ထုံးစံအတိုင်းပဲပေါ့...."
"ငါလည်းမင်းခြေထောက်အတွက်treatmentရှိနိုင်မလားသုတေသနလုပ်နေပါတယ်ကွာ...အားတင်းထားငါ့ကောင်..."
"အင်းပါ...ကျေးဇူး...ဒါနဲ့ငါ့မျက်လုံးတွေ"
"အင်း..."
"ခွဲရင်ပြန်ကောင်းနိုင်မလား...."
"အင်းမျက်ကြည်လွှာအစားထိုးလို့ရတယ်...မင်းသာမြင်ချင်ရင်ငါဘာပဲဖြစ်ဖြစ်လုပ်ပေးမှာ"
"အေးပါကွာကျေးဇူး....."
"စကြတော့မလား...."
"အင်း..အပူချိန်အရင်တိုင်းမယ်လေ"
"အင်းအင်း"စမ်းတဝါးဝါးဖြစ်နေသောမိမိသူငယ်ချင်းကိုကြည့်ကာမြတ်သူလင်းတစ်ယောက်စိတ်မကောင်းနိုင်....မင်းဦးယာဆိုသောသူသည်အရမ်းကိုသွက်လက်ထက်မြတ်သောလူရွယ်တစ်ယောက်....သူလိုလူတစ်ယောက်အတွက်ဒီလိုဖြစ်သွားရခြင်းသည်သိပ်ကိုရင်နာစရာကောင်းလှသည်..
အေးရိပ်တစ်ယောက်ယိမ်းယိမ်းလေးကိုထိန်းရင်းသမီးလေးရဲ့မပီကလာပီကလာနှင့်စပ်စုသမျှကိုလည်းသဘောကျလျက်တစ်ခုချင်းပြောပြနေလေသည်...ချစ်ဖို့ကောင်းလွန်းတဲ့ဒီကလေးလေးကိုပစ်ထားခဲ့ရက်တဲ့အမေလုပ်သူရဲ့စိတ်ကိုလည်းနားမလည်နိုင်ပါ.........
"ဖွား..."မီးဖိုခန်းထဲတွင်မုန့်လုပ်နေရင်းယိမ်းလေးအသံကြောင့်ကြည့်မိတော့အသက်၅၀အရွယ်လောက်လူနှစ်ယောက်....ယိမ်းယိမ်းလေးရဲ့အဖိုးနဲ့အဖွားထင်တယ်....ခြံတံခါးနံပါတ်ကိုလည်းသိနေတယ်ဆိုတော့......
"မင်ဂလာပါခဗျ..."အေးရိပ်လည်းရိုရိုသေသေသာနှုတ်ဆက်လိုက်သည်....ထိုလူကြီးနှစ်ယောက်ရဲ့သူ့ကိုကြည့်နေပုံကတစ်ခုခုပြောချင်နေသလို.....
"မေမေ..ဒါယိမ်းယိမ်းဖိုးနဲ့ဖွား"အားရဝမ်းသာနှင့်အေးရိပ်ရဲ့လက်ကိုဆွဲကာနှုတ်ဆက်ပေးသောသမီးလေးရဲ့အခေါ်အဝေါ်ကြောင့်ထိုလူကြီးနှစ်ယောက်မှာအားနာသွားသယောင်.....
"သားလေးအေးရိပ်ဝေမလား"
"ဟုတ်ပါတယ်ခဗျ..ဦးယာရဲ့nurseပါ"
"အင်းအန်တီတို့သိပြီးပါပြီ...ယာလေးကိုသေချာစောင့်ရှောက်ပေးပါနော်...ယာလေးနားမှာနေပေးနိုင်မလား......"
"ခဗျာ..."
"အာ..ဒီလိုပါ...မနေ့ကအန်တီတို့လာသေးတယ်..သားတို့မသိလိုက်ဘူး...သားတို့မီးဖိုခန်းထဲမှာပျော်နေတာကိုမနှောင့်ယှက်ချင်လို့....ယာလေးကaccidentမဖြစ်ခင်တည်းကအပြုံးအရယ်နဲတာaccidentဖြစ်ပြီးတော့လုံးဝစိတ်ဓါတ်ကျနေခဲ့တာ.. ယိမ်းယိမ်းလေးရောပဲပေါ့...အန်တီတို့ကလည်းcompanyကိုထိန်းသိမ်းရတော့မြေးလေးကိုအချိန်သိပ်မပေးဖြစ်ဘူး...မြေးလေးကလည်းအရင်တုန်းကဆ်ုငိုပဲငိုနေတာ...ဒါပေမဲ့မနေ့ကမြေးလေးကအရမ်းပျော်နေတယ်ထင်တယ်......အယ့်တာအေးရိပ်ဝေရောက်လာပြီးမှဒီလိုလေးပြန်ဖြစ်လာတာပါကွယ်...အယ့်တာကြောင့်ပြောမိတာပါ..."
"ဪ...မပူပါနဲ့အန်တီ....ဦးယာနေပြန်ကောင်းတဲ့ထိကျွန်တော်သေချာပြုစုပေးမှာပါ..ယိမ်းလေးကိုလည်းစောင့်ရှောက်ပေးပါ့မယ်....."
"နေပြန်ကောင်းတာမဟုတ်ဘဲနဲ့..အသက်ဆက်ရှင်ချင်အောင်လုပ်ပေးပါကွယ်...ယာလေးက...."
"မာမီ!"
"ယာလေး...."
"မလိုအပ်တာတွေမပြောပါနဲ့....."
"မင်းမာမီ့ခံစားချက်ကိုနားမလည်ဘူးလားယာလေး...."
"ကျွန်တော်ပြောပြီးပြီပဲမာမီ....ပြန်မပြင်တော့ဘူး...."
"အဟင့်...မင်းရက်စက်တယ်မင်းဦးယာ..."မင်းဦးယာ၏မိခင်သည်ငိုလျက်ထွက်သွားလေသည် ...သူ့ဖခင်ကတော့ခေါင်းကိုသာခါရင်းအေးရိပ်အား အားကိုးတကြီးကြည့်လျက်စောင့်ရှောက်ပေးပါဟုပြောကာသူ့ဇနီးသည်နောက်လိုက်သွားလေသည်.......
အယ့်တုန်းကအခြေအနေတွေကိုသေးငယ်သေးသောယိမ်းယိမ်းလေးရောသူစိမ်းဖြစ်တဲ့အေးရိပ်ဝေပါနားမလည်နိုင်ခဲ့ပါ....
"မာမီထွက်သွားပြီလား..."
"မင်းအယ့်လိုမပြောသင့်ဘူးလေမင်းဦးရယ်"
"ငါသိပါတယ်...ဒါပေမဲ့ငါ့ဆုံးဖြတ်ချက်ကိုမပြင်ဘူး...မင်းအသိဆုံးပါ..."
"အေးပါကွာ....."
ထို့နေရာတွင်မင်းဦးယာရယ်..အေးရိပ်ရယ်ယိမ်းယိမ်းလေးရယ်..မြတ်သူရယ်သာကျန်နေခဲ့သည်.....
"ဒီကညီက..."
"အေးရိပ်ဝေပါ..."
"ဪ..အင်း..ညီအေးရိပ်ဝေ ကိုယ် မင်းဦးအတွက်ဆောင်ရန်ရှောင်ရန်တွေပြပေးခဲ့မယ်....."
"ဟုတ်...."
တိတ်ဆိတ်နေသောထိုအခြေအနေကိုထိုသို့သာဖြိုခွဲလိုက်ပြီးပုံမှန်ပြန်လည်ပတ်စေလိုက်ရတော့သည် ....
ဒေါက်တာပြန်သည့်အခါစောနဦးယာအမေပြောချင်သည့်စကားကိုသိချင်စိတ်ကြောင့်မေးမိသည် ..ထိုအခါ"ကာယကံရှင်ကိုယ်တိုင်ပြောမှပဲနားထောင်လိုက်ပါ"ဟူ၍သာဖြေသည်.. ....မပြောချင်လို့သူ့မိခင်ကိုတောင်တားဆီးတာကိုကိုယ်မေးလည်းပြောပြမည်တဲ့လားလေ.......
ချစ်တူးတို့ရေMy KingS2လေးကစupပြီနော်....အာ့ကြောင့်My King S2လေးနဲ့ရိပ်လေးကိုတစ်ရက်ခြားစီupပေးပြီးMy destiny from bookလေးကိုSat Sun upပေးမယ်နော်
အဆင်ပြေလား...💖💖💝
_///////////////////////
☆Yate☆
မင်းဦးယာအိပ်မောကျနေတုန်းပါးပေါ်သို့ရောက်လာသောနွေးထွေးသောအထိအတွေ့လေးကြောင့်ပါးခ်ျုင့်လေးရေးရေးပေါ်အောင်ပြုံးလိုက်မိသည်....ရိပ်တစ်ယောက်အိမ်ရောက်ပြီးကတည်းကသူ့အနားနဲနဲကပ်လာကာသူ့ကိုနမ်းရှုံ့တာလေးတွေလုပ်လာတက်သောသမီးလေးရယ်ပါလေ......ညကခေါင်းကိုက်ထားတဲ့အရှိန်ကြောင့်မျက်လုံးမပွင့်တာကြောင့်သမီးလေးရဲ့မျက်နှာနားလေးသို့ခန့်မှန်း၍ပြုံးပြလိုက်ကာဆက်မှေးနေလိုက်သည်....သို့သော်ကြာကြာမမှေးနိုင်ပါရေချိုးခန်းထဲမှအသံလေးတွေကိုနားစွင့်နေမိသည်....တခိုးခိုးတခိခိနဲ့သမီးလေးရဲ့ရယ်သံလွင်လွင်လေးနဲ့အေးချမ်းပြီးနားထောင်လို့ကောင်းသောယောက်ျားသံသြသြလေး......သူရောက်လာမှသမီးရဲ့ရယ်သံလေးတွေဟာဖြစ်တည်လာခဲ့သည်...မိသားစုနှင့်တောင်ပြုံးခဲခဲ့သောကျွန်တော်ဟာလည်းနှစ်နှစ်ချိုက်ချိုက်ပြုံးတက်နေလေပြီ.....သူဟာလူနာစောင့်ဆိုတာထက်ပိုသော....အင်း..ဘယ်လိုတောင်သုံးနှုန်းရမလဲမသိတော့ပါလေ......
"အင်း..."
"အင်း...သမီးလေးရော"
"ဗျာ..."
"ဟင်..."
"ရေချိုးကြမယ်လို့"
"အင်းအင်း..."
"ရိပ်"
"ဪ..ဟုတ်ဦးယာ..."
"ဟုတ် ..ကျွန်တေိာလည်းဘကြီးကိုပြောထားတယ်..ကြီးမေကိုခေါ်လာဖို့...ကြီးမေကလည်းဟိုမှာတစ်ယောက်ထဲလေ...."
"တီး..တောင်"
"Doctorလားခဗျ"
"ဪ..လာပါခဗျ"
"ဟုတ်ပါတယ်ဗျ"
"ဪ...အင်းအင်း..."
"မင်းဦး..."
"အင်း....သွားကြမယ်"
"အင်း..."
"အေးပါကွာကျေးဇူး....."
"စကြတော့မလား...."
"သားလေးအေးရိပ်ဝေမလား"
"ခဗျာ..."
"မာမီ!"
"ယာလေး...."
"မာမီထွက်သွားပြီလား..."
"အေးပါကွာ....."
"ဒီကညီက..."
"အေးရိပ်ဝေပါ..."
"ဟုတ်...."
အဆင်ပြေလား...💖💖💝

Коментарі