Part1
"ယိမ်းလေးဘာတွေအယ့်လောက်ရေးနေတာလဲ.....ကိုယ်လေးလက်ဝန်ကြီးနဲ့သက်တောင့်သက်သာနေပါယိမ်းရဲ့....."
"နေပါတယ်ကိုရဲ့....ယိမ်းဒါလေးရေးနေရတာပျော်လို့ပါ...ဖြစ်နိုင်ရင်ယိမ်းကဒီဇာတ်လမ်းလေးကိုတစ်ရက်ကွက်လုံးကိုတောင်လိုက်ပြောပြချင်တာ....."
"ဟားဟား...အယ့်လောက်တောင်သဘောကျလား...."
"ဟုတ်....."
မျက်လုံးလေးများပိတ်သည်အထိပြုံးသွားသောချစ်ဇနီးလေးသည်ဗိုက်ထဲမှာသက်ရှိလေးကိုထည့်လို့....သိပ်ကိုမြတ်နိုးစရာကောင်းနေပါရော့လား.......
"ကဲဒါဆိုလည်းကိုကို့ကိုပြော...အကြာကြီးထိုင်မရေးနဲ့ယိမ်းပင်ပန်းမှာစိုးလို့...နော်..ကိုကိုနားထောင်ပေးမယ်....ကိုကို့ကိုပြောပြ...ဟုတ်ပြီလား...."
"ဟုတ်...ပြောပြမယ်...ကိုကိုသေချာတန်ဖိုးထားပြီးနားထောင်ရမယ်နော်....."
"ဟုတ်ပါပြီဗျာ....လာ..."
ဗိုက်လုံးလေးနှင့်ချစ်ရသူလေးသည်ကုတင်ပေါ်သို့တရွေ့ရွေ့လှမ်းလာပြီးအပြုံးမျက်နှာလေးနှင့်သူသိပ်ကြိုက်ပါတယ်ဆိုသောဇာတ်လမ်းလေးကိုပြောရန်နေရာယူတော့သည်............
"ဒီလိုကိုရဲ့......"
"မေစီ...မင်းမယုတ်မာနဲ့နော်...မင်းဟာမင်းဘယ်လင်နဲ့အိပ်အိပ်ငါဘာမှမပြောဘူး...ငါ့သမီးလေးကိုတော့အမေဆိုတဲ့နေရာမလစ်ဟင်းစေနဲ့....မင်းလိုမိန်းမကမွေးသာမွေးပြီးမိခင်စိတ်မှမရှိတာ..ကိုယ့်သားသမီးကိုပစ်သွားဖို့လွယ်လွယ်နဲ့ပြောထွက်တာပေါ့......"
"ဟက်...နဂိုတည်းကအယ့်ကောင်မလေးကကျွန်မစိတ်ပါလို့ရခဲ့တာမှမဟုတ်ဘဲ...ရှင့်မိဘတွေအတင်းတိုက်တွန်းလို့ယူခဲ့တာလေ...မမှတ်မိဘူးလား...ခုဆက်ပြီးသည်းမခံနိုင်တော့ဘူး....ကျွန်မရှင့်စည်းစိမ်လည်းမမက်ဘူး...ကျွန်မကိုသာကွာပေး...ဒီမှာကွာရှင်းစာချုပ်..ကျွန်မလက်မှတ်ထိုးပြီးပြီ...ရှင်ထိုးဖို့ပဲကျန်တော့တယ်...သွားပြီ...အောက်မှာမောင်ရောက်နေပြီ....."
ဟုပြောကာဆင်းသွားသောမိန်းမဖြစ်သူ၏နောက်သို့လိုက်ဆွဲမိသည်....အနည်းဆုံးတော့သူတို့နှစ်ယောက်မချစ်ကြရင်တောင်အပြစ်ကင်းတဲ့သမီးငယ်လေးကအမိမမဲ့သင့်ဘူးမလား.....
"မေစီ...မသွားနဲ့..သမီးမျက်နှာကိုထောက်ပါကွာ...ငါတောင်းပန်ပါတယ်....."
"လွှတ်စမ်း....."
မေစီသည်ယောကျာ်းဖြစ်သူ၏အတင်းဆွဲနေသောလက်ကိုခါထုတ်ကာအဆင်သင့်ရောက်နေသောကားပေါ်သို့တက်သွားသည်........
"မေစီ!"
ဟင့်အင်းမဖြစ်ရဘူးလေ...ဘာမှမသိသေးတဲ့သူ့သမီးလေးအတွက်မိခင်ဆိုတာရှိမှဖြစ်မယ်....သူလိုက်ခေါ်ရမယ်.....
မင်းဦးယာသည်မိမိကားပေါ်အမြန်တက်ကာမိန်းမဖြစ်သူပါသွားသောကားနောက်သို့လိုက်မိသည်....အလောတကြီးနှင့်မို့ခါးပတ်ပင်မပတ်မိ.....
မိမိရှေ့ကသွားနေသောအဖြူရောင်ပြိုင်ကားလေးကိုဟွန်းတွေတရစပ်တီးကာရပ်စေသည်...မရပ်သည့်အဆုံးရှေ့ကပိတ်ရပ်ရန်ကျော်တက်မည်ဟူသောအတွေးနှင့်ကားရှင်းမရှင်းကြည့်ကာလမ်းပြောင်းပြန်တက်သွားလိုက်သည်.......ထိုစဥ်ကွေ့ကျောမှကူးလာသောကားနှင့်ခေါင်းချင်းဆိုင်တိုက်မိပြီးခါးပတ်မပတ်ထားသောကိုယ်မှာလွင့်ထွက်ကာခြေထောက်များမှာကျိတ်ခံလိုက်ရသည်..........မှန်ကွဲစများမှာခန္ဓာကိုယ်အနှံ့စိုက်ဝင်၍သူဟာသေဆုံးခြင်းကိုသွားဖို့သေချာနေပါပြီ.........သို့သော်သူသေလို့မရဘူး....အိမ်မှာ၁နှစ်အရွယ်သမီးလေးကသူ့ကိုလိုနေသေးတယ်လေ....ဖေဖေဆိုပြီးခေါ်သံလေးကိုကြားချင်သေးတယ်....လမ်းလျှောက်တာလေးမြင်ချင်သေးတယ်....သမီးလေးကိုချီပိုးပြီးကျောင်းလိုက်ပို့ချင်သေးတယ်....သူမသေပါရစေနဲ့......
"တီ...တီ...တီ...."
နှလုံးခုန်စက်မှမြည်သံတွေဟာတရစပ်ထွက်ပေါ်နေသည်...တစ်ကိုယ်လုံးပတ်တီးအဖွေးသားနှင့်လူဟာကုတင်ထက်ဝယ်လဲလျောင်းလို့လူးလွန့်နေသည်....ဆရာဝန်တွေသူနာပြုတွေယောက်ယက်ခက်စွာလှုက်ရှားနေကြပြီးထိုလူကိုဝိုင်းချုပ်ကာငြိမ်ကျသွားစေရန်ဆေးထိုးလိုက်ရသည်......
သူဟာမသေသေးပေမယ့်သူ့ခန္ဓာကိုယ်...သူ့မျက်စိ..အကုန်သေဆုံးသွားခဲ့ရပြီ.....သူ့သမီးလေးအတွက်သူဟာမသေပေမယ့်သူ့အတွက်တော့သူဟာသေဆုံးနေခဲ့ပြီ......
"အယ့်လိုနဲ့ပဲကလေးမလေးဟာအမိမဲ့ခဲ့ပြီးအဖဘဝကိုသေစေခဲ့ရတယ်....."
"ကျစ်...ရက်စက်လိုက်တာယိမ်းရယ်မေစီဆိုတဲ့မိန်းမက...."
"သိပ်ဟုတ်တာပေါ့ကိုရယ်...ဒုက္ခိတဖြစ်တဲ့ယောကျာ်းကိုတစ်ချက်လှည့်မကြည့်တဲ့အပြင်၁နှစ်အရွယ်သမီးလေးကိုလည်းမငဲ့ညှာခဲ့ဘူးလေ.....ဒါပေမဲ့ကလေးမလေးကပဲကံကောင်းလွန်းတာလားမသိဘူး...သူ့အတွက်မိခင်မေတ္တာဆိုတာမငတ်ခဲ့ရဘူး...မိန်းမတစ်ယောက်ကပေးတာမဟုတ်ပေမဲ့လို့ပေါ့......"
မင်းဦးယာAccidentဖြစ်ပြီး၁နှစ်ကြာပြီးနောက်..........
"ယိမ်းလေးရေ...."
"ယိမ်းလေးရေ...."
"ယိမ်းလေးရေ....."
တစ်အိမ်လုံးကအိမ်အကူများခေါ်နေသော်လည်းကလေးငယ်လေးမှာအသံတစ်စက်မထွက်.....ဘယ်သူမှမမြင်နိုင်ဘူးလို့ထင်တဲ့ထောင့်လေးမှာကျုံ့ကျုံ့လေးထိုင်ကာငိုလို့နေသည်....
"မေမေ..ဟင့်...အင့်...အီးဟီး .."
အမေကိုတနေသောသမီးလေးဘဝမှာအမေဆိုတာမရှိဘူးလို့မင်းဦးယာပြောမထွက်ခဲ့ပါ.....အဖေဖြစ်တဲ့ကိုယ်တောင်မျက်စိမမြင်လို့စမ်းစမ်းစမ်းစမ်းနဲ့သမီးကြောက်မှာစိုးလို့တယုတယမပြုခဲ့....သမီးမမြင်နိုင်နားမလည်နိုင်သောနည်းဖြင့်သာအချစ်တွေပေးခဲ့ရသည်........သမီးလေးဘယ်မှာရှိလဲသူသိတာပေါ့အမြင်အာရုံချို့ယွင်းတဲ့လူတွေဟာတခြားအာရုံမှာအားသန်တာကြောင့်သမီးလေးရဲ့အသံသေးသေးလေးရှိရာကိုသူသိတာပေါ့....သမီးလေးကသူ့ရှေ့ကလှေကားကြီးရဲ့အောက်ထဲမှာကျုံ့ကျုံ့လေးထိုင်လို့ငိုနေမှာ...သမီးရဲ့ပုံလေးကိုတွေးပြီးရင်ထဲစို့နင့်လာရသည်....သမီးရယ်.....သူဘာမှမလုပ်နိုင်တဲ့အခြေအနေမှာသမီးလေးရဲ့အငိုတိတ်တာသာစောင့်ရပေလိမ့်မည်........
"သမီးငယ်လေး..."
သာယာသောအသံလေးတစ်ခုကသူ့ဘေးကလေထဲမှနေဖြတ်သန်းသွားသည်....သည်အသံလေးကိုသူတစ်ခါမှမကြားဖူးပါ...လူစိမ်းအသံ...အိမ်ကလူတွေမတားကြဘူးလား....
"မင်းဘယ်သူလဲ..."
"ရှူး...ပြီးရင်မိတ်ဆက်ပါ့မယ်...."
"သမီးငယ်လေးရေ...ခဏထွက်ခဲ့ပါဦးကွာ...."
"ဟင့်..မေမေ့ကိုခေါ်...အင့်..အင့်..."
ထိုကောင်လေးသည်လှေကားအောက်ထဲသို့ခေါင်းလေးစောင်းပြီးချောင်းကြည့်ကာကလေးမလေးအားအချိုသာဆုံးပြုံးပြလိုက်သည်...ထိုအပြုံးလေးဟာအလုပ်ဖြစ်တယ်ထင်ပါရဲ့......ကလေးမလေးဟာတအင့်အင့်ရှိုက်ရင်းသူ့ကိုကြည့်လာသည်.......
"သမီးလေးကမေမေ့ကိုရှာနေတာလား..."
ပါးဖောင်းဖောင်းလေးနှင့်ကလေးမလေးဟာခေါင်းလေးတငြိမ့်ငြိမ့်မျက်လုံးလေးတွေဝိုင်းစက်လာသည်........
"လာပါဦးသမီးလေးရဲ့မေမေ့ဆီကို....."
ထိုကောင်လေးကလက်လေးဆန့်တန်းကာခေါ်တော့ဖြူဖြူလုံးလုံးသေးသေးလေးဟာလိမ့်လိမ့်လိမ့်လိမ့်နှင့်ထွက်လာလေသည်......
"ဦးဦးက..အင့်..မေမေမှမဟုတ်တာ..."
"သမီးလေးကမေမေလိုချင်ရင်ဦးဦးကမေမေဖြစ်ပေးမှာပေါ့သမီးလေးရဲ့......"
ထိုကောင်လေးရဲ့နွေးထွေးတဲ့စကားတွေဟာကလေးငယ်ရဲ့နှလုံးသွေးတွေထိနူးညံ့နွေးထွေးခြင်းတွေကိုဖြစ်စေခဲ့သည်...အိမ်ဖော်တွေနှင့်နေရသောကလေးငယ်လေးမှာဝတ်ကျေတန်းကျေကလွဲ၍သူလိုချင်တောင့်တခဲ့တဲ့နွေးထွေခြင်းတွေမရရှိခဲ့....ခုတော့သူရှေ့မှာသူလိုချင်တဲ့နွေးထွေးခြင်းတွေရောက်လာခဲ့ပြီ......ကလေးမလေးဟာမိမိရှေ့ကထိုလူကိုတင်းကျပ်စွာဖတ်လိုက်သည်.....
"မေမေ...အင့်...မေမေ...သမီးရဲ့မေမေ"
သမီးလေးရဲ့မေမေဆိုသောခေါ်သံလေးနဲ့ဝမ်းသာခြင်းတွေရောနေသောအသံလေးဟာမင်းဦးယာရဲ့ရင်ထဲသို့လှိုက်၍ကြည်နူးစေသည်...ထိုကောင်လေးကဘယ်သူလဲ..........
"သမီးလေးနာမည်ဘယ်လိုခေါ်လဲ..."
"ယိမ်းယိမ်းယာပါမေမေ..."
"ဟား..ဟုတ်ပါပြီဗျာ..ယိမ်းယိမ်းလေးကရေချိုးပြီးပြီလား..."
"သမီးငယ်...လေးလို့..ထော်..."
"အင်း...သမီးငယ်လေးကရေချိုးပြီးပြီလား...."
"ချိုးရတေး.."
"အာ့ဆိုချိုးလိုက်နော်မေမေစောင့်နေမယ်.."
"ဘယ်မှမတွားရဘူးနော်...ရှိနေပေးနော်...တတိ..."
လက်သန်းသေးသေးလေးနှင့်ချိတ်ကာဂတိပြုသွားသည်ထိုင်လှည့်ကြည့်လှည့်ကြည့်လုပ်နေသေးသည်.......သမီးလေးဝင်သွားတော့မှ.......
"မင်ဂလာပါခဗျ...ကျွန်တော်ကအေးရိပ်ဝေပါ...ဒီကဦးမင်းဦးယာရဲ့သူနာပြုအသစ်ပါ..."
မင်းဦးယာကိုနှုတ်ဆက်လိုက်သည်......
"အင်း...ဦးလေးရဲ့တူလား.."
"ဟုတ်ပါတယ်ဗျ...ဒီနေ့ကစပြီးဒီမှာနေမှာပါ...ဦးမင်းဦးယာရဲ့ဝေယျာဝစ္စတွေပါလုပ်ပေးဖို့ပါ...."
"အင်း...ငါ့အရင်သူနာပြုတွေတော့တစ်ပတ်မခံဘူး...မင်းကိုတော့မျှော်လင့်လို့ရတယ်မလား...."
"စိတ်ချပါ...ကျွန်တော်သေချာစောင့်ရှောက်မှာပါ.....သမီးလေးကိုရော....."
တကယ်တော့အေးရိပ်ဝေစောင့်ရှောက်ရမှာဦးမင်းဦးယာတစ်ယောက်ထဲပါ...လမ်းမှာဦးလေးဖြစ်သူပြောတာတွေနားထောင်ပြီးနောက်ကလေးမလေးကိုသနားစိတ်ဝင်မိသည်...ရောက်တာနဲ့မြင်ရတဲ့မြင်ကွင်းလေးကလည်းသူစိမ်းကိုတောင်ရင်နာစေတယ်မလားလေ......ငိုနေတဲ့သမီးလေးကိုမြင်အောင်တောင်မကြည့်နိုင်တဲ့ဖခင်ဟာကျေကွဲစွာပဲထားတဲ့နေရာမှာတင်ထိုင်လို့.....ရင်ထဲမှာတော့ဘယ်လောက်ပူလောင်လိုက်မလဲလေ......ကိုယ်ချင်းစာမိပြီးသနားတက်တဲ့အေးရိပ်ဝေဟာတစ်ဦးတည်းသူ့အတွက်မိသားစုဆိုတာဦးလေးပြီးရင်ဒီသားအဖဖြစ်လာခဲ့တယ်.....
"မင်းကအသက်ဘယ်လောက်လဲ..."
"၂၃ပါ...."
"ကိုယ်က၃၃ဆိုတော့၁၀နှစ်လောက်ကွာတာပေါ့...ကိုယ့်ကိုဦးယာပဲခေါ်ပါ....."
"ဟုတ်...ကျွန်တော့်ကိုလည်းအေးရိပ်ဖြစ်ဖြစ်အေးဝေဖြစ်ဖြစ်ခေါ်လို့ရပါတယ်...."
"ရိပ်...ရိပ်လို့ခေါ်မယ်...."
"ဟုတ်......"
"မင်းကကိုယ့်အခန်းထဲပဲနေရမှာ...နေရာသွားချလိုက်..."
"ဟုတ်...."
ထို့နောက်အေးရိပ်ဝေဟာပါလာတဲ့အထုပ်လေးကိုဆွဲလို့ဒီအိမ်ကြီးမှာစတင်အချေချခဲ့တယ်လေ.........
"အယ့်လိုနဲ့ယိမ်းယိမ်းယာဆိုတဲ့ကလေးမလေးကမိခင်မေတ္တာရဖို့အစပြုခဲ့တယ်ဆိုပါတော့ကိုရယ်......"
"ယိမ်းရယ်ကိုယ်ဒါတွေမသိခဲ့ဘူး...ယိမ်းလေးနာကျင်ခဲ့ရမှာပဲ...."
"ဟင့်အင်းယိမ်းအရမ်းပျော်ခဲ့တာပါကို...."
"နောက်တော့ဘာဆက်ဖြစ်လဲ...."
"ညကျမှဆက်ပြောမယ်လေကိုရယ်...ခုလမ်းလျှောက်ရအောင်နော်....."
"အင်းယိမ်းသဘော..."
ထို့နောက်မွေးဖွားဖို့၂လအလိုဗိုက်လုံးလုံးနဲ့ယိမ်းလေးဟာဟိုဘက်ခြံကမိမိနဲ့တူတူကိုယ်ဝန်ဆောင်ထားရတဲ့သူငယ်ချင်းဖြစ်သူနဲ့လမ်းလျှောက်ဆင်းကြလေသည်.....
ဖတ်ရတာအဆင်ပြေရဲ့လားရှင့်😀
///////////////////////
"ဟုတ်....."
"ဟုတ်ပါပြီဗျာ....လာ..."
"ဒီလိုကိုရဲ့......"
"လွှတ်စမ်း....."
"မေစီ!"
"တီ...တီ...တီ...."
"ယိမ်းလေးရေ...."
"ယိမ်းလေးရေ...."
"ယိမ်းလေးရေ....."
"မေမေ..ဟင့်...အင့်...အီးဟီး .."
"သမီးငယ်လေး..."
"မင်းဘယ်သူလဲ..."
"ယိမ်းယိမ်းယာပါမေမေ..."
"သမီးငယ်...လေးလို့..ထော်..."
"ချိုးရတေး.."
"အင်း...ဦးလေးရဲ့တူလား.."
"မင်းကအသက်ဘယ်လောက်လဲ..."
"၂၃ပါ...."
"ရိပ်...ရိပ်လို့ခေါ်မယ်...."
"ဟုတ်......"
"ဟုတ်...."
"အင်းယိမ်းသဘော..."

Коментарі