Part1
Part2
Part3
Part4
Part5
Part6
Part7
Part8
Part9
Part10
Part11
Part12
Part13
Part14
Part15
Extra1
Extra2
Extra3
Extra3
"ဦးယာ....ဦးယာ​ရေ...လုံးလုံး​လေး​ရေ..."

​အေးရိပ်နှိုး​နေသည်မှာ​တော်​တော်ကြာ​နေ​လေပြီ...​မ​နေ့ကကျ​တော့​နှစ်​ယောက်သားဘုရားသွားချင်လှပါပြီဆိုပြီးခုကျ​တော့အိပ်​နေကျတာများသိုးလို့.......

"ဦးယာ​ရေ...လုံးလုံး​လေး​ရေလို့..၇နာရီထိုးပြီလို့...​နေမြင့်ရင်မ​ကောင်းဘူး​လေ...."

"ရိပ်"

"ဦးယာ...နိုးပြီလား...ထကြ​တော့​လေ​နော်..၇နာရီ​တောင်ထိုးပြီ၆နာရီ​လောက်သွားရမှာကို......"

"အင်းပါကိုယ်ထပါပြီ....အာ့...အ့အ့...."

မင်းဦးယာ၏​​အော်သံ​ကြောင့်ကုတင်တစ်ဖက်မှလိုအပ်တဲ့ပစ္စည်း​တွေထည့်​နေ​သော​အေးရိပ်တစ်​ယောက်မင်းဦးယာနားသို့အ​ပြေးအလွှား​ရောက်လာ​လေသည်....

"ဦးယာ...ဘာဖြစ်လို့လဲဟင်...​ခြေ​ထောက်ကိုက်လို့လား...ဘယ်နားနာလို့လဲဟင် ...."

"ကိုယ်ထလို့မရဘူး..."

"ဟင်...​ခြေ​ထောက်​​တွေကပြန်နာလို့လားဟင်...​ရွှေ့လို့မရဘူးလား...ဦးယာရယ်...ဘာလို့လဲဟင်...."

"........"

"ဟင်...ဦးယာ.."မင်းဦးယာသည်ကုတင်​ပေါ်မှ​နေ၍သူ့အားငုံ့​မေး​နေ​သော​အေးရိပ်ခန္ဓာကိုယ်​လေးကိုခါးမှဆွဲယူကာဖက်လိုက်ပြီးရင်ခွင်ထဲ​ပွေ့လိုက်​လေသည်.....

"တကယ်​တော့ကိုယ့်ခွန်အား​လေးကဆီကအားမယူရ​သေးလို့....ကိုယ်မထနိုင်ဘူး..အားမရှိလို့..."

"ဦးယာရယ်...လန့်သွားတာပဲတကယ်..အယ့်လိုမစပါနဲ့...ကျွန်​တော်​ကြောက်တယ်..."

​မျက်လုံး​လေးဝိုင်းကာသူ့အားကြည့်ပြီး​ပြော​နေ​သော​ကောင်​လေးကိုအသည်းယားလာတာ​ကြောင့်ငုံ့နမ်းလိုက်သည်....

"ရွှတ်...​ကြောက်​နေတဲ့ပုံ​လေးကိုချစ်လို့"

"ဦးယာ...တကယ်ပါပဲ...ထ​တော့..."

"ကိုယ့်အတွက်က​ရော..."

"ဦးယာကလည်း..."

"ကိုယ်မလဲပါဘူး​နော်...ကိုယ့်အသည်း​လေးဆီကအကြင်နာ​တွေယူရဦးမယ်..."

"ဘယ်လို​​တွေ​ပြော​နေတာလဲဗျာ..."

"​ပေး​တော့​လေရိပ်ငယ်ရယ်...ကိုယ့်အတွက်အကြင်နာ​တွေ..."

မင်းဦးယာ၏က​လေးဆန်​​သောပုံ​လေး​ကြောင့်​အေးရိပ်ရယ်လိုက်မိသည်...

ထို့​နောက်အနားသို့ပိုကပ်ကာပါးနှစ်ဖက်ရယ်မျက်လုံး​လေးတွေရယ်နဖူးပြင်​လေးရယ်ကိုအနမ်းဖွဖွ​ပေး​တော့မျက်လုံး​လေးမှိတ်ကာပြုံး၍ခံယူ​နေပါ​​သောဦးယာ....ပြုံးလိုက်​တော့​ပေါ်လာတဲ့အ​ရေးအ​ကြောင်းမှုန်မှုန်​လေး​တွေ​ပေါ်သို့လည်းအနမ်း​လေး​ပေးမိသည်.....

"ကျွန်​တော့်ရဲ့ဦးယာကိုချစ်လွန်းလို့ဘယ်နားထားရမှန်း​တောင်မသိ​တော့ပါဘူးဗျာ.."

​အေးရိပ်ရဲ့စကားကိုကြား​တော့မင်းဦးယာက​ကျေနပ်စွာပြုံး​လေသည်.....

"ကိုယ်ကသာကိုယ့်နှလုံးသား​လေးကိုဘယ်နားထားရမှန်းမသိတာပါ​​နော်...."

"ဟုတ်ပါပြီဗျာ....."မင်းဦးယာ၏ရင်ခွင်ထဲမှာထိုင်​နေရင်းပင်အကြည့်ချင်းဖလှယ်​နေခဲ့ကြသည်...​သေချာ​ပေါက်၇နာရီ​ကျော်​ရော​​ပေါ့.......

"ရိပ်ရိပ်...ယာယာ..."ဘယ်​လောက်​တောင်ကြည်နူးမိသွားသည်မသိလုံးလုံး​လေးကဦးယာရဲ့​ပေါင်​ပေါ်လက်​လေး​ထောက်၍တက်လာမှပင်လူချင်းကွဲကြ​တော့သည်....ထို့​နောက်လုံးလုံး​လေးကို​ကောက်ချီကာ​ရေချိုး​ပေးရန်​ခေါ်သွား​တော့ဦးယာက​လုံးလုံး​လေးရဲ့ပါး​ဖောင်း​ဖောင်းကြီးကိုဆွဲပြီး​ပြောရှာပါသည်"လုံးဆိုး​လေး"တဲ့​လေ....၁နှစ်အရွယ်လုံးလုံးဝတုတ်က​တော့လုံးဆိုးဆိုတဲ့နာမည်​လေးကိုသ​ဘောတကျနှင့်တခစ်ခစ်ရယ်လျက်​အေးရိပ်လက်ထဲသို့ပါလာ​လေသည်.........

သူတို့သုံးဦးဘုရားသို့​ရောက်​တော့​နေအရမ်းမပူ​သေး​သော်လည်းအနည်းငယ်​တော့ပူ​နေ​လေပြီ...မနက်အ​စော​နေ​လေးမို့​နေလို့​ကောင်းသည်....​ရွှေတိဂုံဘုရားကြီး​ပေါ်​ရောက်သည်နှင့်​စိတ်ထဲဝယ်အလွန်​အေးချမ်းသွားရသည်...ရင်ပြင်​ပေါ်တွင်လူအများနှင့်နိုင်ငံရပ်ခြားမှခရီးသွားများကပါမြန်မာတို့ရဲ့အထွဋ်အမြတ်ဖြစ်​သော​ရွှေ​ရောင်တဝင်းဝင်းနှင့်​ရွှေတိဂုံဘုရားကြီးကိုပတ်ကာဖူး​မြှော်​နေကြသည်....ဦးယာ၏လက်ထဲမှလုံးလုံး​လေးသည်လည်းမြင်မြင်သမျှအဆန်းတကြယ်ဖြစ်လို့သွားဖုံးရဲရဲ​လေး​တွေ​ပေါ်​အောင်ပြုံး​နေ​လေရဲ့........

ဦးယာရဲ့​မွေး​နေ့​မွေးနာမ်ဖြစ်တဲ့တနဂ​နွေ​ထောင့်​လေးသို့အရင်သွားကြကာဘုရားကြီးကိုဖူး​မြှော်လိုက်သည်...ပြီးမှ​အေးရိပ်၏ကြာသပ​​တေး​ထောင့်​လေးသို့ဆက်သွားပြီး​ရေသပ္ပါယ်ကာပုတီးစိပ်ဘုရားရှီခိုးကြသည်....​ထောင့်တိုင်း​ထောင့်တိုင်းတွင်လည်းဘုရားရှီခိုးတရားထိုင်သူ​တွေအများအပြားရယ်....

လူရှင်း​သောအ​ဆောင်​လေး၁ခုတွင်လုံးလုံး​လေးကို​အောက်ချ​ပေးလိုက်​တော့​လေးဖက်​လေး​ထောက်ပြီးလှုပ်လှုပ်လှုပ်လှုပ်နဲ့သွား​လေသည်...ပုဆိုးအစင်​လေးကိုသား​ရေကြိုးတပ်​ပေးထား​သောစကတ်ပုဆိုး​လေးနဲ့​ကော်လံအကျီအဖြူ​သေး​သေး​လေးနဲ့လုံးစိန်သည်ဂွမ်းလုံး​လေးလိုချစ်ဖို့​​ကောင်းလှသည်......

"ရိပ်ငယ်...​ပျော်ရဲ့လား..."

"​ပျော်တာ​ပေါ့ဦးယာ..."

"​နောက်လည်းအများကြီး​ပျော်ရ​အောင်ကိုယ်ဖန်တီး​ပေးမယ်​နော်..."

"​ဟုတ်..ကျွန်​တော်မျှော်လင့်​နေပါ့မယ်"

"​ထပ်ပြီး​ကျေးဇူးတင်ပါတယ်ရိပ်...စွန့်စွန့်စားစားနဲ့ကိုယ့်ကိုချစ်ခဲ့​ပေးလို့...."

"ချစ်ခဲ့​ပေးတာမဟုတ်ပါဘူးဦးယာ...ခုထိလည်းချစ်​နေတုန်းပါ..."

"မြတ်နိုးတယ်ကိုယ့်ရဲ့ရိပ်ငယ်.."

"ကျွန်​တော်လည်းထပ်တူပါပဲကျွန်​တော့်ရဲ့ဦးယာ....."

​ရွှေတိဂုံဘုရားကြီး၏အ​ရှေ့ဘက်မုဒ်​လေး​တွင်သူတို့နှစ်ဦး၏မြတ်နိုးမှုစကား​တွေကိုဘယ်သူမှမကြားနိုင်​အောင်တိုးတိုးဆိုခဲ့ကြသည်.....

ဘုရားကြီး​ပေါ်တွင်ပတ်ကာတစ်​နေ့လုံးအဝလည်ပတ်ကြပြီးမှသုံး​ယောက်သားအိမ်သို့ပြန်လာခဲ့ကြ​လေသည်.....

လုံးလုံး​လေးက​တော့တစ်​​နေ့လုံးကဲထားရ၍ပင်ပန်းကာအိပ်​မောကျ​နေ​လေပြီဖြစ်တာ​ကြောင့်အဝတ်အစား​လေးလဲ​ပေးကာသူ့ကိုယ်ပိုင်အိပ်ရာ​လေးထဲသို့ထည့်​ပေးလိုက်​လေ​တော့"ခူး.."ဆိုပြီးအသံ​သေး​​သေး​လေးပြု၍အိပ်​ပျော်သွား​လေသည် .....

"ရိပ်"

"ဗျာ.."

"​လေညှင်းခံကြမလား..."

"ဟုတ်..."

"လာ..."

မင်းဦးယာသည်​အေးရိပ်၏လက်​လေးကိုဆွဲကာဝရန်တာသို့ထွက်သွားပြီးဆိုဖာအဝိုင်း​ကြီး​ပေါ်တွင်​နေရာယူလိုက်ကာ​အေးရိပ်ကိုသူ​ရှေ့တွင်​နေရာယူ​စေပြီး​​ရင်ခွင်ထဲသို့မှီ​​စေကာ​နောက်မှဖက်​ထွေးထားလိုက်သည်......

"ရိပ်"

"ဗျာ..."

"ပင်ပန်း​နေပြီလား.."

"မပင်ပန်းပါဘူးဦးယာ..."

"ဒီ​နေ့ညလည်းကိုယ်တို့ပြန်တွေ့ခဲ့တဲ့ည​လေးကလိုသိပ်လှတယ်​နော်..."

"အင်း...အရမ်းလှတယ်...ဦးယာ..ကျွန်​တော့်ကိုအပြာ​ရောင်ည​လေးဆိုပြပါလားအယ့်ညကလို...."

​အေးရိပ်၏စကား​ကြောင့်မင်းဦးယာသည်​အေးရိပ်၏​ခေါင်း​လေးကိုလက်ဖြင့်အုပ်ကိုင်၍ရင်ခွင်ထဲသို့ပိုကပ်​စေလိုက်ကာနှစ်ကိုယ်ကြားအသံ​လေးဖြင့်ပဲသီချင်း​လေးကိုစဆိုလိုက်သည်.....လူကြီးဆန်ပြီး​ယောကျာ်းပီသ​သောအသံခပ်သြသြ​လေးကို​အေးရိပ်သိပ်ကြိုက်မိပါသည်....​အေးရိပ်လည်းမျက်လုံး​လေး​တွေမှိတ်ကာသီချင်းသံ​လေးကိုငြိမ်၍နားစွင့်လိုက်သည်.....

🎶  အပြုံးနဲ့​မှေးစက်​တော့ချစ်သူ​ရေ
       ထပ်ပြီး​တော့မ​​ဝေး​တော့ဘူး
   ငြိမ်းချမ်းလှပတဲ့ကိုယ့်အချစ်များစွာယူ

အလွမ်းများ​ကြောင့်ကျခဲ့တဲ့မျက်ရည်​တွေ
         ဒီအချိန်မှာတိတ်လိုက်​တော့
   
    ​​မျှော်လင့်ခဲ့ရတဲ့အချစ်ည​လေး
          အတူ​တူရောက်ရှိခဲ့​ပေါ့...
          အတူရောက်ရှိခဲ့​ပေါ့.....

          အပြာ​ရောင်အချစ်ည
         မင်းလှမ်းကြည့်လိုက်စမ်း
မိုး​ကောင်းကင်ထက်များတဲ့တို့အချစ်များ

    ကြယ်စင်အားလုံးထက်လင်းတဲ့တို့      အချစ်များ
      အပြာ​ရောင်အချစ်ညကမ္ဘာမှာ.....

     သီချင်း​လေးနဲ့​ချော့သိပ်ချင်တယ်
           ဒီရင်မှာအိပ်စက်​တော့
  ​ပျောက်ဆုံးမသွား​တော့မဲ့အချစ်ည​လေး
         ထာဝရသိမ်းထားလိုက်​တော့
             သိမ်းထားလိုက်​တော့

            အပြာ​ရောင်အချစ်ည
        မင်းလှမ်းကြညိ့လိုက်စမ်း
           မိုး​ကောင်းကင်ထက်
           များတဲ့တို့အချစ်များ
        
         ကြယ်စင်အားလုံးထက်
          လင်းတဲ့တို့အချစ်များ
      အပြာ​ရောင်အချစ်ညကမ္ဘာမှာ🎶

သီချင်း​လေးအဆုံး၌ရိပ်၏နဖူး​လေးထက်အနမ်း​လေး​ပေးလိုက်သည်....

"နား​ထောင်လို့​ကောင်းလိုက်တာဦးယာ..."

"တစ်သက်လုံးဆိုပြမယ်​နော်"

"အင်း...တစ်သက်လုံးနား​ထောင်မှာ.."

"​ကိုယ့်အနားမှာတစ်သက်လုံး​နေ​နော်"

"ဟုတ်...တစ်သက်လုံး​နေမှာပါဦးယာ  ဦးယာအဖိုးကြီးဖြစ်လာရင်ကျွန်​တော်က​ရေချိုး​ပေးမယ်​ခေါင်း​လျှော်​ပေးမယ်..ဦးယာမျက်လုံး​တွေမှုံလာတဲ့အခါကျရင်ကျွန်​တော်ကလက်​သည်း​တွေညှပ်​ပေးမယ်..ညဆိုအဖိုးကြီးဦးယာရဲ့ရင်ခွင်ထဲဝင်အိပ်မယ်..​နေ့တိုင်း​​နေ့တိုင်းထပ်ခါထပ်ခါလုပ်ရင်းနဲ့တူတူအိုမင်းသွားကြမယ်...​နောက်ဆုံးအချိန်ထိ..."

"အင်း​နောက်ဆုံးချိန်ထိတူတူ​နော်ကိုယ့်ရဲ့ရိပ်ငယ်..."

"ဟုတ်"

"ကိုယ့်ကိုဘယ်တုန်းကစချစ်ခဲ့တာလဲမှတ်မိလား..."

"အင်း...ယိမ်းယိမ်း​လေးကိုအိမ်အကူ​တွေရိုက်တုန်းကဝမ်းနည်း​နေတဲ့ဦးယာကိုမြင်ကတည်းကထင်တယ်....ကျွန်​​တော့်မျက်လုံးထဲမှာအ​ဖေဆိုတဲ့စိတ်နဲ့​ရဲရင့်ချင်​နေခဲ့တဲ့ဦးယာကအရမ်းဆွဲ​ဆောင်မှုရှိခဲ့တယ်ထင်တယ်...."

ရိပ်က​ပြော​တော့မင်းဦးယာကရယ်လေသည်...

"ကိုယ်က​ရောဘယ်တုန်းတည်းကစချစ်ခဲ့ရတာလဲသိလား"

"........"

"စ​ရောက်တဲ့​နေ့မှာငို​နေတဲ့သမီး​လေးကို"သမီး​လေးကသမီး​လေးက​မေ​မေလိုချင်ရင်​မေ​မေဖြစ်​ပေးမှာ​ပေါ့"...ဆိုတဲ့မင်းရဲ့ကြင်နာနွေး​ထွေးတဲ့အသံ​လေးကိုကြားတည်းက....မင်းကိုမမြင်ရပါဘဲနဲ့မင်းရဲ့ကြင်နာမှု​တွေမင်းရဲ့​မေတ္တာ​တွေကကိုယ့်နှလုံးသားရဲ့အနက်ရှိုင်းဆုံး​နေရာကိုထိခတ်ခဲ့တာ...."ဟုမင်းဦးယာက​ပြော​တော့​အေးရိပ်ကရယ်လျက်

"ဝါး...ကျွန်​တော်က​​တော်လိုက်တာဦးယာကိုချစ်​အောင်လုပ်နိုင်ခဲ့တာ...ဟားဟား.."

​အေးရိပ်ကရွှတ်​နောက်​နောက်​လေး​ပြောရင်းရယ်​တော့ထိုအပြုံး​လေးသည်လှလွန်းလို့မင်းဦးယာ​ငေးမိပြန်သည်....ထို့​နောက်ရင်ခွင်ထဲမှတ​စောင်း​လေးမှီထား​သော​ကောင်​လေး၏ပါး​လေးနှစ်ဖက်ကိုလက်​လေးနှင့်အုပ်၍ဆွဲယူကာတယုတယကြည့်လျက်အမြတ်တနိုး​ပြောပြန်သည်...

"ကိုယ့်ဘဝထဲကိုမင်းဝင်လာတာကိုယ့်အတွက်​တော့ဘုရား​ပေးတဲ့အ​ကောင်းဆုံးဆုလာဘ်ပါပဲက​လေးရယ်"တဲ့......

မင်းဦးယာရဲ့စကားအဆုံးမှာသိပ်ချစ်ကြတဲ့သူတို့နှစ်ဦးရဲ့နှုတ်ခမ်း​လေး၂စုံထပ်တူကျခဲ့ကြသည်....လုံ​လောက်ပါပြီ..လက်ရှိအချိန်​လေးအတွက်၊​နောင်အနာဂတ်အတွက်...တစ်သက်လုံးအတွက်...တစ်ဘဝလုံးအတွက်...သူ့ပုခုံး​လေးထက်မှီရင်းသူ့လက်​နွေး​နွေး​လေးကိုဆုပ်ကိုင်ရင်းတစ်​နေ့ထက်တစ်​နေ့တိုးပြီးရင်းတိုးလာတဲ့​မေတ္တာ​တွေနဲ့​ရှေ့ဆက်သွား​တော့မယ်...

သိပ်ကိုမြတ်နိုးမိပါတယ်"​အေးရိပ်​ဝေ"
သိပ်ကို​လေးစားမိပါတယ်"ဦးယာ"

သိပ်ကိုတန်ဖိုးထားရတဲ့ဦးယာနဲ့​အေးရိပ်​ဝေတစ်သက်လုံးဘဝတစ်​လျှောက်လုံး​ပျော်ရွှင်ပါ​စေလို့ဆန္ဒပြုပါတယ်....အမြဲအမှတ်ရ​နေ​တော့မှာပါ..နှလုံးသားရဲ့အနက်ရှိုင်းဆုံး​နေရာ​လေးမှာ​ပေါ့........

ချစ်ခြင်းတရားတိုင်းဟာလှပပါတယ်​လေ
အတ္တနဲ့ချစ်မလား၊ဖြည့်ဆည်းပြီးချစ်မလား၊​ပေးဆပ်ပြီးချစ်မလား၊တစ်ဖက်သက်ချစ်မလား.....ဘယ်လိုချစ်ခြင်းမျိုးပဲဖြစ်​နေပါ​စေသိပ်ကိုလှပလွန်းလို့အသက်ရှင်​နေသ၍တစ်စုံတစ်​ယောက်ကိုချစ်​နေပါ...မိဘ၊ညီအကို​မောင်နှမ၊​ဆွေမျိုး၊ချစ်သူ၊သူငယ်ချင်း....ဘယ်သူ့ဘယ်သူ့ကိုမဆိုလွတ်လပ်စွာချစ်ကြည့်စမ်းပါ...နှလုံးသား​လေးဟာအမြဲနူးညံ့​နေပြီးရှင်သန်ရတာ​နေ့တိုင်းအတွက်အဓိပ္ပါယ်ရှိ​နေမှာပါ....စိတ်ညစ်စရာ​တွေများလွန်းလို့ငါမချစ်တက်​တော့ဘူးလို့ထင်​နေလား...မှား​နေတယ်​နော်...မချစ်တက်ဘူးထင်ပြီးနှလုံးသားတံခါး​လေးကိုထိန်းချုပ်ထားရင်ကြာရင်သူလည်းထိန်းချုပ်ရတာပင်ပန်းရှာမှာ​ပေါ့...မယုံမရှိနဲ့​​နော်...ခုကစပြီးနှလုံးသားတံခါး​လေးကိုဖွင့်ပြီး​လောကကြီးကိုမျက်လုံးနဲ့တင်မဟုတ်ဘဲနှလုံးသား​လေးနဲ့ကြည့်ကြည့်စမ်းပါ...​ကောင်းကင်မှာပျံသန်း​နေတဲ့ငှက်က​လေး​တွေကသိပ်ကိုချစ်ဖို့​​ကောင်းသလိုအိမ်​ခေါင်မိုး​ပေါ်မှာဆူညံ​နေတက်တဲ့ငှက်က​လေးကလည်းတစ်မျိုးချစ်ဖို့​ကောင်းသွားတက်ပါတယ်....

​This is the last extra🥺

ဒါ​လေးက​တော့ဦးယာနဲ့ရိပ်တို့ရဲ့​နောက်ဆုံးextra​လေးပါအတူးတို့​ရေ...​ကျေနပ်ကြမယ်လို့ထင်မိပါတယ်​နော်
ဇာတ်သိမ်း​လေးကို​ကျော်လွန်ပြီးExtraအထိလိုက်ပါလာခဲ့​ပေးတဲ့ချစ်တူး​လေးတို့​ရေထပ်ပြီး​ကျေးဇူးတင်ပါတယ်​​နော်...Yate​လေးကပထမဆုံးအ​နေနဲ့plot​သေချာချပြီး​ရေးဖြစ်ခဲ့တဲ့fic​လေးပါ..အရမ်းလည်းအားရပါတယ်🤭ဒါကလည်းအတူးတို့ရဲ့အား​ပေးမှု​ကြောင့်မို့လို့ပါ
ရွှန်းအတွက်က​တော့ချစ်တူးတို့မျက်နှာတစ်ကမ္ဘာတည်ထားရသလိုပါပဲကွယ်....
မျက်နှာငယ်​လေး​တွေနဲ့extraလာလာ​တောင်းကြလို့မခွဲနိုင်လို့ဥထားတာ​လေးကိုupလိုက်ပါပြီအဆိုးအဆာ​လေး​တွေ​ရေ(အဆိုးအဆာ​လေး​တွေကိုယ့်အ​ကြောင်းကိုယ်သိကြ😏)ဘာပဲဖြစ်ဖြစ်အယ့်လို​လေးလာ​တောင်း​ပေးတာကိုပဲဒီကချစ်​နေရတာပါရှင်...​ကျေးဇူးတင်ပါတယ်ချစ်တူး​လေးတို့​ရေ...ထပ်ပြီး​ပြောရရင်လည်း​ကျေးဇူးတင်ပါတယ်နဲ့ချစ်ပါတယ်ပဲ​ပြောစရာရှိပါတယ်ကွယ်..

​နောက်ပြီး💙Blur💙​လေးကလည်းရွှန်း​ရေး​နေကြplot​တွေနဲ့မတူ​အောင်​ရေးမှာမို့ဒါ​လေးက​တော့Second challenge​လေး​ပေါ့...ရွှန်းကပုံမှန်​ပေါ့​ပေါ့ပါးပါး​လေး​တွေပဲ​ရေးတာဆို​တော့ဒါ​လေးက​တော့မ​ပေါ့မပါး​လေး​ပေါ့ကွယ်...အယ့်​တော့စိတ်ပါရင်ရွှန်းနဲ့အတူမ​ပေါ့မပါးလိုက်ခဲ့လို့ရပါတယ်​နော်...လာပါလာပါလို့အတင်းမ​ခေါ်ဝံ့ပါဘူး..ချစ်တူးတို့ရဲ့သ​ဘောမို့...လာရင်​တော့တအား​တွေချစ်မိမှာပါ...ဦးယာရဲ့ခွန်အားကရိပ်ဆိုရင်ရွှန်းရဲ့ခွန်အားကချစ်တူး​လေးတို့မို့လို့ပါ...

ဒီအရွှန်းကစကားသိပ်များတာပဲဆိုပြီးအမြင်မကပ်ကြပါနဲ့ဦးဟယ်😪ကြုံတုန်း​လေး​အာလူးဖုတ်ရတာပါ...

ချစ်တယ်​နော်အတူး​လေးတို့🙆‍♀️
​ကျေးဇူးလည်းအများကြီးတင်တယ်😘

😚Love ya😚

ကြိုးစားလျက်
အရွှန်း​လေး🙇‍♀️

///////////////////////////////////




"ရိပ်"





"ကိုယ်ထလို့မရဘူး..."


"........"






"ဦးယာ...တကယ်ပါပဲ...ထ​တော့..."

"ကိုယ့်အတွက်က​ရော..."

"ဦးယာကလည်း..."














"ရိပ်ငယ်...​ပျော်ရဲ့လား..."

"​ပျော်တာ​ပေါ့ဦးယာ..."










"ရိပ်"

"ဗျာ.."

"​လေညှင်းခံကြမလား..."

"ဟုတ်..."

"လာ..."


"ရိပ်"

"ဗျာ..."

"ပင်ပန်း​နေပြီလား.."

"မပင်ပန်းပါဘူးဦးယာ..."





   
          အတူရောက်ရှိခဲ့​ပေါ့.....

          အပြာ​ရောင်အချစ်ည


           ဒီရင်မှာအိပ်စက်​တော့
             သိမ်းထားလိုက်​တော့

            အပြာ​ရောင်အချစ်ည
           မိုး​ကောင်းကင်ထက်
        
         ကြယ်စင်အားလုံးထက်








"ဟုတ်"





"........"









This is the last extra🥺





😚Love ya😚

ကြိုးစားလျက်
အရွှန်း​လေး🙇‍♀️

© Shoon Oo,
книга «Yate(Complete)».
Коментарі