Part14
အချိန်အတိုင်းအတာတစ်ခုကိုကျော်လွန်လာခဲ့ပြီးတဲ့နောက်မှာတော့ကလေးငယ်လေးတစ်ယောက်ဟာနွေးထွေးမှုတွေ၊ကြင်နာခြင်းတွေ၊ဖေးမမှုတွေနဲ့လှပစွာပုံသွင်းခံရရင်းကြီးပျင်းလာခဲ့လေတယ်.....
သူမဘဝရဲ့ပျော်ရွှင်ခြင်းတွေ၊ဝမ်းမြောက်ခြင်းတွေ၊ဝမ်းနည်းခြင်းတွေ..တစ်ခါတစ်လေနားလည်ရခက်တဲ့အရာတွေအကုန်လုံးကိုလူတစ်ယောက်ထဲကပဲသွန်သင်ပြသပေးခဲ့ပြီးချစ်ခြင်းမေတ္တာကိုတော့အရင်းနှီးဆုံးလူ၂ယောက်ကအပြည့်အဝပေးခဲ့ကြတယ်......ငယ်ငယ်ကအမေကိုမြင်ချင်ရှာလွန်းလို့ငိုနေရှာခဲ့တဲ့ကလေးလေးဟာသူမဟုတ်တော့သလိုပင်၊အမြဲကြောက်ရွံ့အားငယ်နေတက်တဲ့ကလေးငယ်လေးဟာသူမဟုတ်တော့သလိုပင်.....တဖြည်းဖြည်းအရွယ်ရောက်လာတဲ့အယ့်ဒီ့ကလေးလေးဟာခွန်အားအပြည့်နဲ့မိန်းမငယ်လေးအဖြစ်လှပစွာကြီးပြင်းလို့ပေါ့.........သူမလေးကခုဆို၈တန်းဖြေဆိုပြီးလို့၉တန်းတက်ရမယ့်အရွယ်ရောက်နေပြီ......မိန်းမသားမဟုတ်သော်လည်းသိမ်မွေ့ကြင်နာတက်တဲ့ယောကျာ်းတစ်ဦးရဲ့အဖေလိုအမေလိုသွန်သင်ဆုံးမမှုတွေနဲ့သူမလေးဟာယဥ်ကျေးလိမ္မာတဲ့ကလေးလေးဖြစ်ခဲ့လေတယ်....သူမ၆တန်းအရွယ်ကပေါ့သူမလေးရဲ့အမေရင်းဟာဘယ်သူပါဆိုတာကိုသိရှိခဲ့ရတယ်.....သေချာတာပေါ့အယ့်ဒီ့ကလေးငယ်လေးတုန်လှုပ်ခဲ့တယ်....အမှန်တရားကိုသူကြောက်ရွံ့နေရှာမှာပေါ့... သို့ပေမယ့်ခဏပါပဲ.....သူမသိပ်မခံစားခဲ့ရဘူး...လစ်ဟင်းနေခဲ့တဲ့သူ့ရဲ့မိခင်ဆိုတဲ့နေရာကိုတစ်စုံတစ်ယောက်ကဖြည့်ဆည်းပေးခဲ့တယ်လေ....ပြည့်စုံတာထက်ကိုကျော်လွန်ပြီးပေါ့....သေချာအနူးညံ့ဆုံးပုံသွင်းခံရထားတဲ့သူမရဲ့ဦးနှောက်လေးကအမေဆိုတာကိုအမေလို့လက်ခံခဲ့ပေမယ့်သူမနှလုံးသားထဲထိနက်နက်ရှိုင်းရှိုင်းတစ်နေရာမှာရှိနေနှင့်တဲ့အမေကတော့သူမရဲ့လက်ဦးဆရာ၊သူမရဲ့အရာရာ၊သူမရဲ့အလင်းရောင်လေး...အေးရိပ်ဝေပေါ့....
"ဖေငယ်".....ဖေငယ်တဲ့...နားလည်တက်တဲ့အရွယ်ရောက်လာတဲ့ကလေးလေးဟာအေးရိပ်ကိုတစ်ချိန်လုံးမေမေလို့ခေါ်ခဲ့မိတာကိုအားနာသတဲ့လေ....ထိုအချိန်ကစသူမခေါ်တဲ့နာမ်စားလေးကဖေငယ်တဲ့....
"သမီးလေး..."
"ဖေဖေနဲ့ဖေငယ်ကိုလာနှုတ်ဆက်တာ...ယိမ်းဒီနေ့ကျူရှင်စတက်ရမှာ.."
"ဟုတ်ပါပြီဗျာ...တို့သမီးလေးတောင်၉တန်းကျောင်းသူကြီးဖြစ်ပြီပဲ..."
"ဟီး..ယိမ်း မေသက်တို့နဲ့ပဲသွားလိုက်မယ်နော်ဖေငယ်ကဖေဖေနဲ့ပဲနေခဲ့လိုက်"
"ဟုတ်ပါပြီဗျ...တာ့တာ..."
"ဟုတ်...ဖေဖေရောပဲတာ့တာ..."
"အင်းတာ့တာမီးလေး...."သူတို့နှစ်ဦးအားကျောခိုင်းထွက်ခွာသွားသောသမီးလေးကိုကြည့်ကာပြုံးမိကြသည်.....ထို့နောက်ကုတင်ကိုကျောမှီထိုင်နေသောဦးယာဘက်လှည့်ကာ....
"ဦးယာ..တအားနာနေလားဟင်...."
"အင်းနည်းနည်းပါ..."
၇နှစ်ကျော်လောက်ဆေးကုသမှုတွေခံယူလာပြီးတင်းခံလာသောဦးယာဟာပင်ပန်းမှုဒဏ်တွေကြောင့်နွမ်းလျနေလေပြီ...ငြိုးကျနေတဲ့မျက်နှာလေးနဲ့အလယ်မှာစုထားတဲ့မျက်ခုံးနှစ်ဖက်ကနာကျင်မှုရဲ့သက်သေတွေပေါ့.....ဒီ၇နှစ်ခွဲအတွင်းမှာဦးယာသိပ်ကိုပင်ပန်းခဲ့ရပြီ....ဦးယာအမြဲပြောနေခဲ့တဲ့စကားတစ်ခွန်းက"တကယ်ဆိုကိုယ်ကသေရမယ့်အချိန်တန်နေပါပြီတဲ့..."ကြည့်ပါဦး...ဘယ်လောက်တောင်ဆိုးလိုက်တဲ့ဦးယာလည်း........သူစတွေ့ခဲ့တုန်းကဦးယာဟာသိပ်ကိုခန့်ညားသည်...ခုလည်းပဲခန့်ညားတုန်းပါပဲရောဂါနှိပ်စက်မှုကြောင့်အနည်းငယ်ချောင်ကျသွားတာကလွဲလို့ပေါ့........သိပ်ကိုသနားဖို့ကောင်းတဲ့ဦးယာ...အရမ်းကိုနာကျင်နေရှာမှာ...အရမ်းပင်ပန်းနေခဲ့မှာ...သိတာပေါ့...သူဘယ်လောက်တောင်တင်းခံနေခဲ့ရလဲ...ဆေးတွေကလည်းဒီ့ထက်ပိုပြီးမတိုးနိုင်တော့တဲ့ဦးယာ...ဒီနှစ်တော့ကျိန်းသေပေါက်ခွဲစိတ်မှုခံမှရမယ်ဥှီးယာ........
"ဦးယာဒီလကုန်ရင်ဆေးသွားကုတော့မလားဟင်..."
"ကိုယ်ဒီတိုင်းလေးပဲနေလို့မဖြစ်ဘူးလား..."
"အရမ်းနာနေမှာပေါ့ဦးယာရယ်...ဆေးတွေကလည်းဒီ့ထက်ပိုပြီးမထိန်းနိုင်တော့ဘူးလေ...ဦးယာခွဲစိတ်မှုလုပ်မှဖြစ်တော့မှာ...ဒီ့ထက်ထပ်နောက်ကျရင်အန္တရာယ်ရှိတယ်လေဦးယာရဲ့....."
"အကယ်၍"
"ဟင့်အင်း...အကယ်၍ဆိုတာမရှိဘူး...သေချာပေါက်ဆိုတာပဲရှိတယ်...အယ့်တာကြောင့်ဦးယာလျှောက်မတွေးနဲ့နော်...."
"ရိပ်ရယ်..."
"ဦးယာ..သေချာပေါက်အောင်မြင်မှာပါ..."
"ကိုယ့်ကိုခဏလောက်ဖက်ထားပေးမလား..."ဒီအတောအတွင်းမင်းဦးယာဟာနာကျင်လာသည့်အချိန်တိုင်းဒီလူသားလေးရဲ့ရင်ခွင်ထဲမှာဝင်ခိုလှုံရတာလည်းသူရဲ့အကျင့်တစ်ခုပေါ့......သူပြောလိုက်သည်နှင့်ထိုကောင်လေးသည်သူ့နားသို့တိုးလာကာပခုံးထက်မေးတင်မှီ၍ဖက်ထားပေးလေသည်....သိပ်ကိုနွေးထွေးတဲ့ရင်ခွင်လေး...ဒီရင်ခွင်လေးထဲကိုပြန်လာခွင့်မရှိတော့ရင်ဘယ်လိုလုပ်မလဲကိုယ့်ခွန်အားလေးရယ်......
"မင်းအရမ်းပင်ပန်းခဲ့ပြီနော်ရိပ်..."
"နည်းနည်းမှမပင်ပန်းပါဘူးဦးယာ..."
"ကျေးဇူးပါရိပ်ရယ်...ကိုယ်တို့ဘဝထဲဝင်လာပေးလို့...."
"ကျွန်တော်ကလည်းကျေးဇူးပါ..ဝင်လာခွင့်ပေးလို့..."
"သမီးလေးရဲ့အမေဖြစ်ပေးခဲ့လို့ရောကျေးဇူးပါ"
"အယ့်တာဆိုချစ်စရာကောင်းတဲ့သမီးလေးကိုချစ်ခွင်ထွေးပွေ့ခွင့်ပေးလို့ကျွန်တော်ကလည်းကျေးဇူးပါ..."
"ကိုယ်သာပြန်ကောင်းသွားခဲ့ရင်ကိုယ့်ကိုစောင့်ရှောက်ပေးဦးမှာလား...."
"အယ့်ဒီအဖြေကိုဦးယာပြန်လာရင်ဖြေပေးမယ်...ဒီအတောအတွင်းစဥ်းစားထားမယ်လေ ..... "
"အင်း...ကိုယ်မင်းအဖြေကိုနားထောင်နိုင်ဖို့ကြိုးစားမယ်နော်..."
"အင်းကြိုးစားပါဦးယာ...ကျွန်တော်ကဒီအတောအတွင်းမှာဆက်စောင့်ရှောက်သင့်မသင့်စဥ်းစားထားမယ်နော်..."
"ဟားဟား...ဟုတ်ပါပြီ...."
"သမီးလေးရောကိုယ်သွားရင်အဆင်ပြေပါ့မလား...."
"ကျွန်တော့်ရဲ့အရာရာကိုပုံအပ်ပြီးစောင့်ရှောက်ပေးထားမှာမို့လို့အဆင်ပြေမှာပါ..."
"ကျေးဇူးပါကိုယ့်ခွန်အားလေးရယ်..."တဲ့....အပြန်အလှန်ဖက်ရင်းစကားတွေပြောကြရင်းနောက်ဆုံးစကားလေးအပြီးမှာမင်းဦးယာဟာအေးရိပ်ကိုသူ့မှာရှိနေတဲ့အားလက်ကျန်လေးနဲ့တင်းကျပ်စွာပွေ့ဖက်လိုက်လေသည်......
သူတို့နှစ်ဦးကြားကချစ်ခြင်းမေတ္တာတွေဟာမြင်သာတဲ့အထိအတွေ့တွေ၊ချိုမြိန်တဲ့စကားလုံးတွေနဲ့မထုဆစ်ထားပါပဲဘဲသိပ်ကိုနက်ရှိုင်းနေခဲ့လေတယ်....ဦးယာဟာဘယ်တုန်းကမှချစ်ပါတယ်မြတ်နိုးပါတယ်လို့ဖွင့်မပြောခဲ့ပေမဲ့"ကိုယ်ပြန်ကောင်းသွားရင်ကိုယ့်ကိုစောင့်ရှောက်ဦးမှာလား"ဆိုပြီးပဲသွယ်ဝိုက်ကာမေးလေ့ရှိတယ်..သူချစ်ရတဲ့သူကိုချစ်ပါတယ်၊ကိုယ့်ကိုစောင့်နေပေးပါဆိုပြီးမချုပ်နှောင်ခဲ့သလို..အေးရိပ်ကလည်းတူတူပါပဲ...သူ့ရဲ့မေတ္တာကိုအပြောနဲ့မဟုတ်ဘဲအလုပ်နဲ့နှစ်ပေါင်းများစွာပြခဲ့တယ်....ဒါပေမဲ့ဦးယာရဲ့မေးခွန်းကိုတော့သူဘယ်တော့မှပြန်မဖြေခဲ့ဘူး....အယ့်အစားသူဖြေခဲ့တာလေးကရှင်းပါတယ်..."ပြန်လာရင်ဖြေပါ့မယ်"တဲ့....တစ်နည်းအားဖြင့်တော့ဦးယာပြန်လာတဲ့အထိသူစောင့်မယ်လို့သွယ်ဝိုက်ဖြေလိုက်ခြင်းပေါ့....လှပလွန်းတဲ့ဤချစ်ခြင်းတရားလေးရဲ့အဆုံးသတ်ဟာရောလှပနိုင်ပါ့မလားလေ.........
ဦးယာထွက်သွားတဲ့နေ့ကပေါ့...ယိမ်းယိမ်းလေးဟာရင်ကွဲမတက်ငိုနေခဲ့ရှာတယ်....သို့သော်ရင့်ကျက်လှတဲ့ဒီကလေးလေး...ဖခင်ရဲ့နာကျင်မှုတွေကိုနားလည်နေခဲ့တဲ့ကလေးလေးဟာမသွားပါနဲ့လို့မတားခဲ့ဘူး...သူမလေးရဲ့ဖခင်ထွက်သွားသည်ထိပြုံးကာနှုတ်ဆက်ခဲ့တယ်..."ကျန်းကျန်းမာမာနဲ့ပြန်လာပေးပါဖေဖေ"တဲ့...
သူမလေးရဲ့ဖခင်ထွက်သွားတာသေချာတော့မှရင်ကွဲမတက်အော်ငိုနေခဲ့တဲ့ကလေးလေး...သနားလွန်းလို့မကြည့်ရက်နိုင်ခဲ့ကြသည်အထိ.....ဦးယာဟာသိပ်ကိုပြတ်သားတဲ့လူတစ်ယောက်ဆိုတာလည်းထိုနေ့ကသိခဲ့ရတယ်...."သူပြန်မလာမချင်းသူ့ကိုမဆက်သွယ်ကြပါနဲ့တဲ့...ပြီးတော့သူ့ကိုစောင့်ရင်းဒီနေရာမှာပဲရပ်တန့်မနေကြပါနဲ့တဲ့......"ပြောပြီးထွက်သွားခဲ့တဲ့မင်းဦးယာဟာယနေ့ထိတိုင်ပြန်မလာခဲ့လေဘူးတဲ့....
အေးရိပ်ဝေရောသမီးလေးရောဟာမင်းဦးယာရဲ့စကားကိုနားထောင်ခဲ့ကြပါတယ်....သမီးလေးကလည်းကြိုးစားခဲ့သလိုအေးရိပ်ဝေဟာလည်းသမီးလေးအတွက်အားတစ်ခုအဖြစ်နဲ့ကြိုးစားပေးခဲ့လေတယ်......
သို့သော်ချွင်းခြွက်အနေနဲ့အေးရိပ်ဝေဟာဆောင်းတွင်းမနက်ခင်းတွေဆိုခြံထဲကသရက်ပင်လေးအောက်မှာမှိုင်တွေငေးနေတက်လေတယ်......ဘာရယ်လို့ရေရေရာရာမရှိပေမဲ့အကြောင်းပြချက်မဲ့စွာမှိုင်တွေနေတက်ခဲ့တာ......
ဘယ်သူကသိမှာလဲထိုသရက်ပင်လေးအောက်မှာသူနဲ့ဦးယာတို့ဂတိစကားဆိုခဲ့ကြတာ......
အယ့်နေ့လေးကဦးယာသွားရမယ့်မနက်ခင်းလေးပေါ့...ရင်ထဲမှာဝမ်းနည်းလွန်းလို့မနက်အစောကြီးဆောင်းလေအေးအေးလေးမှာအေးရိပ်ဝေတစ်ယောက်သရက်ပင်လေးအောက်ထိုင်နေခဲ့တယ်......
"မြူတွေဆိုင်းနေတာလှတယ်နော်ရိပ်"တဲ့...သူ့နောက်ကရောက်လာသောဦးယာဟာဖျော့တော့စွာပြုံးလို့.....
"အင်း..အရမ်းလှတယ်ဦးယာ..."
ထို့နောက်မည်သည့်စကားမှမဆိုဘဲသူတို့နှစ်ဦးတိတ်ဆိတ်သွားကြပြန်တယ်...ငြိမ်သက်စွာပင်အပြင်သို့ကြည့်နေခဲ့ကြတယ်...
"ရိပ်..."
"ဗျာ..."
"နှင်းတွေဝေတဲ့ဒီလိုဆောင်းမနက်ခင်းလေးမှာကိုယ်တို့ပြန်တွေ့ကြမယ်နော်..."
"အင်း...သေချာပေါက်ပြန်တွေ့ကြမယ်နော်ဦးယာ..."
အတန်ကြာအကြည့်ချင်းဆုံပြီးပြုံးပြခဲ့မိကြသည်.....
"ဂတိကိုဆက်ဆက်တည်ပါနော်ဦးယာ..."
"မင်းပြောသလိုပဲ..သေချာပေါက်တည်မှာပါ...."
ထိုနေ့ကသရက်ပင်လေးအောက်တွင်ထိုသို့ဂတိပြုခဲ့ကြလေတဲ့သူတို့နှစ်ဦး....
ထို့နေ့မှစဆောင်းတွင်းရောက်တိုင်းသရက်ပင်လေးအောက်မှာမင်းဦးယာကိုမျှော်တက်တာအေးရိပ်ရဲ့တာဝန်ဝတ္တရားလေးကိုဖြစ်လို့ပေါ့........
"သူတို့ရဲ့ချစ်ခြင်းလေးကသိပ်ကိုလှပခဲ့တယ်ကို....."
"အင်းကိုယ်နားလည်ပါပြီ...ခုရောဘယ်လိုဖြစ်သွားလဲဟင်..."
"မသိဘူးကို...ဒီဇာတ်လမ်းလေးရဲ့ဇာတ်သိမ်းကိုဘယ်သူမှမသိရသေးဘူး...ဖေဖေကလည်းအယ့်နေ့ထဲကထွက်သွားခဲ့တာခုထိဘာသတင်းမှမကြားရဘူးကို....၅နှစ်ရှိခဲ့ပြီ...ဖေဖေကသူအဆင်ပြေရဲ့လား...ဒါမှမဟုတ်...လူ့လောကကြီးထဲရှိသေးရဲ့လား...ဘာမှပေးမသိဘူးကိုရယ်....ဖေငယ်ကလည်းခုထိစောင့်နေခဲ့တုန်းပဲ...ယိမ်းလည်းလွမ်းလှပြီကိုရယ်..ဖေငယ့်ကိုလညိးသနားလှပြီ....."
"ယိမ်းလေးရယ်....ယိမ်းရဲ့ဖေဖေအဆင်ပြေမှာပါကွာ...သူ့မှာလည်းအကြောင်းရှိလို့နေမှာပါ...."
"အင်း..ဖေဖေအဆင်ပြေမှာယိမ်းယုံပါတယ်..ဦးဦးမြတ်သူလည်းပါသွားတာပဲ..."
"အင်း...ကိုယ်တို့ဆက်စောင့်ကြတာပေါ့..."
"ဟုတ်....ဖေငယ့်ဆီမနက်ဖြန်သွားရအောင်နော်ကို..."
"အင်းသွားကြမယ်...ကိုယ်အရင်ကမသိခဲ့ပေမယ့်...ခုသိလိုက်ရတော့ဖေငယ်ကသိပ်ကိုလေးစားအံ့သြဖို့ကောင်းတဲ့လူပဲနော်..."
"အယ့်တာထက်ကိုပိုပါတယ်ကိုရယ်....တန်ဖိုးရှိတဲ့လူသား...အဖိုးမဖြတ်နိုင်တဲ့ရတနာ...."
"ဟုတ်ပါတယ်...ကိုယ်လည်းလက်ခံပါတယ်...ကိုယ့်ဇနီးလေးကသိပ်ကံကောင်းခဲ့တာပဲ...."
ဟုမေးစေ့လေးကိုချစ်စနိုးလက်လေးနဲ့ဆွဲတော့အလှဆုံးပြုံးလေသည်...သူ့ဇနီးလေးသည်ဒီအကြောင်းတွေပြောနေစဥ်အတောအတွင်းသိပ်ကိုပျော်နေခဲ့တာပဲ......
Flash back endသွားပါပြီနော်☺
ဖတ်ရတာအဆင်ပြေရဲ့လားရှင့်❣
/////////////////////////////
"သမီးလေး..."
"ဟုတ်ပါပြီဗျ...တာ့တာ..."
"ဟုတ်...ဖေဖေရောပဲတာ့တာ..."
"ဦးယာ..တအားနာနေလားဟင်...."
"အင်းနည်းနည်းပါ..."
"အကယ်၍"
"ရိပ်ရယ်..."
"ဟားဟား...ဟုတ်ပါပြီ...."
"အင်း..အရမ်းလှတယ်ဦးယာ..."
"ရိပ်..."
"ဗျာ..."
"ဟုတ်ပါတယ်...ကိုယ်လည်းလက်ခံပါတယ်...ကိုယ့်ဇနီးလေးကလေးကသိပ်ကံကောင်းခဲ့တာပဲ...."

Коментарі