Part1
Part2
Part3
Part4
Part5
Part6
Part7
Part8
Part9
Part10
Part11
Part12
Part13
Part14
Part15
Extra1
Extra2
Extra3
Part3
"ယိမ်းမနေ့ကအ​ကြောင်း​လေးဆက်ပါဦး..."

"အင်း...ဆက်ပါမယ်ကိုရဲ့......."

"အယ့်နေ့ကယိမ်း​ရဲ့မိခင်ရှိပြီဆိုတဲ့ခံစားချက်​လေးနဲ့နိုးထရတဲ့စိတ်လှုပ်ရှားစရာ​နေ့​လေး​ပေါ့.....မိုးလင်း​တော့​​ယိမ်းပါး​ပေါ်ကို​ရောက်လာတဲ့အနမ်း​လေးက​နွေး​ထွေးလွန်းလို့ယိမ်းမပြုံးပဲမ​နေနိုင်ခဲ့ဘူးသိလား....အယ့်​နေ့ကမုန့်တူတူလုပ်စားကြတဲ့​နေ့​လေး​ပေါ့......"

"သမီး​လေး​ရေ..."

"ရှင်ရှင့်...."

"ဒီ​နေ့မုန့်လုပ်စားကြမယ်လို့​ပြောထားတယ်​နော်....."

"ဟုတ်...."

"ဒါဆိုရင်သမီး​လေးကဘာစားချင်လဲ​ပြော"

"​မေ​မေ့လက်ရာ"ဟုပြုံးရွှင်လျက်အားတက်သ​ရော​ပြော​နေ​သောသမီးငယ်​လေး၏ပုံ​လေးသည်ချစ်စရာ​ကောင်းသလိုသနားစရာလည်း​ကောင်းလှသည်.....

"ဟုတ်ပြီ...ဒါဆို​မေ​မေတို့cakeလုပ်စားကြမလား...."

"ဟုတ်...."

"Okဗျာ..."

"အို​တေရှင်ပါ​မေ​မေရဲ့..."

"Okရှင်.. ရပြီလားရှင့်"

"ရပါပြီရှင့်....."​​နောက်​ဖေးခန်းမှထွက်​နေ​သော​ကောင်​လေးတစ်​ယောက်၏​အေးချမ်း​သောအသံနှင့်သူ့သမီးငယ်​လေး၏ငိုသံမဟုတ်​သောတီတီတာတာအသံ​သေး​သေး​လေးသည်မင်းဦးယာ၏ပါးထက်ကပါးချိုင့်ခွက်တို့ကိုဖန်တီး​ပေးနိုင်စွမ်းရှိပါသည်.........

"ဦးယာ...."​ခေါ်သံ​အေး​အေး​လေး​ကြောင့်ရုပ်ကိုတည်လိုက်မိသည်.....ဒီလိုလူ​ရှေ့မှာပြုံးရယ်ဖို့​တော့သူအဆင်သင့်မဖြစ်​သေးပါ...

"အင်း..."

"ဒီ​​နေ့ယိမ်း​လေးနဲ့မုန့်လုပ်စားကြမလို့အိမ်အကူ​လေး​တွေကိုတစ်ရက်​လောက်​ပေးနားလိုက်ပါလား...သမီး​လေးနဲ့နှစ်​ယောက်တည်းမုန့်လုပ်ရ​အောင်"

"အင်း...ကိုယ်​ပြောလိုက်မယ်"ဟုဆိုကာအကြီးဆုံးဖြစ်သည့်အိမ်အကူတစ်​ယောက်ကို​ခေါ်​ပြောလိုက်​တော့အကုန်​ပျော်လျက်အနားယူရန်သွားကြ​လေသည်........ထိုအခါမင်းဦးယာသည်တစ်ဖက်ကကြိုးတန်း​တွေကိုစမ်း၍တစ်ဖက်ကwheel chairခလုတ်ကိုနှိပ်ကာ​နောက်​ဖေးခန်းသို့ဝင်လာ​လေသည်. ...... .

ရိပ်က​သေချာ​ပေါက်လူဆိုးမဟုတ်တာကိုယုံ​ပေမယ့်မ​နေ့ကမှ​တွေ့တဲ့သူစိမ်းတစ်​ယောက်ကိုသမီး​လေးနဲ့နှစ်​ယောက်ထဲလွှတ်ထားဖို့ထိစိတ်မချပါ......

"အာ..ဦးယာ...ကျွန်​​တော်တို့နဲ့တူတူမုန့်လာလုပ်တာလား..."

"ဒီလိုပါပဲ...."

"ကဲဒါဆိုဝင်လာပြီးမှ​တော့တူတူလုပ်ကြတာ​ပေါ့.....သမီး​လေးက​ဖေ​ဖေနဲ့တူတူဂျုံနယ်မလား..."ဟု​ပြော​တော့ယိမ်း​လေးကမျက်လုံး​လေး​ပေကလပ်​ပေကလပ်ဖြင့်​အေးရိပ်အားကြည့်လိုက်မင်းဦးယာကိုကြည့်လိုက်လုပ်​နေ​လေသည်......

"နယ်မလားသမီး​လေး...ဟင်"

"ဟုတ်တဲ့"

"လာအာ့ဆို​ဖေ​ဖေ့​ပေါင်​ပေါ်သွား​နော်"ဟု​ပြောကာမင်းဦးယာ၏wheel chairကိုစားပွဲခုံနား​ရွှေ့၍သမီး​လေးအား​ပေါင်​ပေါ်တင်​ပေးလိုက်​တော့သားအဖနှစ်​ယောက်ရဲ့အလန့်လန့်အဖျံ့ဖျံ့ပုံ​လေးကိုကြည့်ကာရယ်ချင်မိသည်.....

မင်းဦးယာကလည်းသမီး​လေးရဲ့ကိုယ်လုံး​လေးက​ပေါင်​ပေါ်​ရောက်လာ​တော့လန့်သွားရသည်...သမီး​လေးကိုဒီချိန်ထိတစ်ခါမှမချီနိုင်ခဲ့ဘူးမလား.....နင့်ကနဲ​လေးသွားပုံအရသူ့သမီး​လေးကဝတုတ်​လေးဖြစ်မယ်ဟု​တွေးရင်းပြုံးလိုက်မိသည်....ထိုအပြုံး​လေးကို​တော့​အေးရိပ်တစ်​ယောက်မြင်ဖြစ်​အောင်မြင်လိုက်ပါသည်.......

"ကဲ..​နေရာကျပြီဆိုရင်ဘယ်လိုလုပ်ရမလဲပြမယ်..."

"ဟုတ်..."သမီး​လေးကတက်တက်ကြွကြွ​​ဖြေ​ပေမယ့်မင်းဦးယာက​တော့မျက်နှာမ​ကောင်း....အလကားသက်သက်သူဝင်လာမိတာမှားပြီလားဟု​တောင်​တွေး​နေ​သေးသည်...သူမှမမြင်ရဘဲ​လေ

ထို့​နောက်နယ်ရမည့်ဂျုံမှုံ့​တွေကိုပန်းကန်​လေးထဲထည့်​ပေးကာ"​သေချာကြည့်​နော်သမီး​လေး"ဟု​ပြောရင်း...

"ဦးယာကျွန်​တော့်ကိုလက်ခဏ​ပေးပါလား"ဟု​ပြော​တော့လက်ထုတ်​ပေး​သောမင်းဦးယာ.....ထို့​နောက်တစ်ကိုယ်လုံးကိုကြက်သီးထသွား​စေ​သောနူးညံ့မှု​လေးနှင့်အတူတုန်တုန်ယင်ယင်ခုန်လှုပ်ကာ​ဆောက်တည်ရာမရဖြစ်လာ​သောတစ်နေရာ.......တရားခံ​လေးက​တော့​အေးရိပ်ပင်...သူ့ရဲ့လက်​လေး​တွေကိုမင်းဦးယာရဲ့လက်​ပေါ်ထပ်လျက်ဂျုံမှုန့်​လေး​တွေကိူထိ​တွေ့ကာ​ရေ​လေးဆမ်းလျက်နယ်​နေရင်း
"သမီး​လေးက​ဖေ​ဖေ့လက်ကိုဒီလို​လေးကိုင်ပြီးဒီလို​လေးဒီလို​လေးနယ်​ပေး​​နော်...ရလားသမီး​လေး...​"

"ဟုတ်...."

ထိုအခါမိမိလက်​ပေါ်မှခွာသွား​​သော​နွေး​ထွေး​သောအထိအ​တွေ့​လေးနှင့်အတူ​နောက်ထပ်ထပ်မံ​ရောက်ရှိလာ​သော​ဖောင်း​ဖောင်းအိအိလက်​သေး​သေး​လေး​တွေရဲ့အထိအ​တွေ့​​လေး.....ရင်ထဲမှာကြည်နူးမှုတို့ကလှိုက်ဖိုလာတာ​ကြောင့်နှလုံးသားရဲ့လှုံ့​ဆော်မှုအရပြုံးမိပြန်သည်...သူ့ရင်ခွင်ထဲမှာငြိမ်၍ဂျုံနယ်ရန်သူ့လက်အားကိုင်ကာလှုပ်ရှား​နေ​သောယိမ်းယိမ်း​လေးကလည်းထိုသို့ပင်...ပြုံးရွှင်လို့​ပျော်​နေပါရဲ့......

"ဟုတ်ပြီ...သားဖ​တွေကြိုးစားထားကွ.."

ထိုအခါဂျုံနယ်​သောသားအဖကဂျုံမှုံ့​လေး​တွေ​ပေပွကာနယ်​နေကြသလိုသူလည်းပဲကြက်ဥ​တွေ​ခေါက်cream​တွေပြင်ဆင်ရင်းအလုပ်ရှုပ်​နေခဲ့သည်....​နောက်​ဖေးခန်း​လေးမှာတော့တခစ်ခစ်ရယ်သံ​လေး​တွေကပျံ့လို့​ပေါ့....ထိုအခြင်းအရာကိုမျက်ရည်​လေး​တွေဝဲလျက်ကြည့်​နေသူနှစ်​ယောက်က​တော့သူတို့အတွက်​မျှော်လင့်ချက်​လေးမြင်လိုက်ရသလိုအားကိုးတကြီးနှင့်သာ........ခဏကြာ​တော့ပူပူ​နွေး​နွေးအ​ငွေ့တ​ထောင်း​ထောင်းနှင့်ပုံစံမျိုးစုံနှင့်ကိတ်​လေး​တွေကလာစားလှည့်ပါဟုဖိတ်​ခေါ်​နေကြ​လေသည်........

"ဦးယာ...​ရော့...ဒါ​လေးကဦးယာ..."

"ကိုယ်??"

"အင်း...ဒီမှာဦးယာရယ်..ယိမ်း​လေးရယ်..ကျွန်​တော်ရယ်..ပုံစံတူ​လေး​တွေ..."

"အင်း..​​ကျေးဇူးရိပ်"

"ဟုတ်...​ရော့ယိမ်း​လေး​ရော..."

"​ကျေးဇူးပါ​မေ​မေ"

"ဟုတ်ပါပြီဗျ့....."

"ဟုတ်တာပြီရှင့်​လေ..."

"ဟုတ်ပါပြီရှင့်....ဟားဟား..."

"ဟီးဟီး...​မေ​မေအ​ကျော်ဆုံး"(အ​တော်ဆုံး)

"ဟုတ်ပါပြီမတက်ပ​လေးရယ်.....​ကောင်းရဲ့လား..."

"Dook..."(good)

"ဟားဟား....ဟားဟား..."သမီး​လေးရဲ့ဘိုသံမပီတပီ​လေး​ကြောင့်နှစ်​ယောက်လုံး​ရယ်မိကြသည်......မင်းဦးယာလည်းရယ်လိုက်မိသည်....ထို့​နောက်သတိဝင်ကာပြန်တည်လိုက်ပြန်သည်...

"ရီပါဦးယာရဲ့...ကျွန်​​တော်တို့​ရှေ့မှာရယ်လို့ရပါတယ်...."

"ဟင်..အင်း...."

ထို့​နောက်ထိုဝိုင်း​လေးသည်ပြန်လည်အသက်ဝင်သွားရပြန်သည်.....တစ်​နေ့လုံးမုန့်​တွေတစ်မျိုးပြီးတစ်မျိုးလုပ်စားလိုက်ရယ်လိုက်​မောလိုက်နှင့်​အေးရိပ်​ဝေဆို​သောထို​ကောင်​လေးသည်အမှတ်တရ​လေး​တွေဖန်တီး​ပေးနိုင်ခဲ့သည်....၃နှစ်တာအထီးကျန်မှု..သူစိမ်းဆန်မှု...အားငယ်မှု...ဝမ်းနည်းမှု​တွေကို၂ရက်တည်းနဲ့​ဖြေ​ဖျောက်​ပေးနိုင်ခဲ့သည်........

ညအိပ်ချိန်တွင်​တော့ယိမ်းယိမ်း​လေးသည်ပထမ၂ရက်ကလိုမဟုတ်​တော့ဘဲသူတို့နှစ်ဦး၏အလယ်ကိုဝင်လျက်​နေရာယူ​လေသည်....ထို့​နောက်သူမ​လေးရဲ့​ဖေ​ဖေကိုလည်းအလိုက်တသိgood night kiss​လေး​ပေးတက်​နေ​လေပြီ....good night kiss​လေးရ​တော့ပြုံးရွှင်သွားတဲ့ဦးယာဟာလည်းသူ့ရဲ့ပါးချိုင့်​တွေကိုဖုံးကွယ်ခြင်းမပြု​တော့.....

"​မေ​မေပုံပြင်​ပြောပြပါလားဟင်..."

"​ပြောပြမှာ​ပေါ့...စင်ဒရဲလားပုံပြင်​ပြောပြမယ်​နော်"

"ဟုတ်...ခစ်ခစ်..."

ဟိုး​ရှေး​ရှေးတုန်းက​နေအစပြု၍.....စုန်းမကြီးရဲ့သမီးနှစ်​ယောက်ကအနိုင်ကျင့်တဲ့အခန်းကို​ပြောပြီးဘယ်သူအနိုင်ကျင့်ကျင့်မခံဖို့​ပြော​တော့သမီး​လေးရဲ့စကား​လေး​ကြောင့်ရင်ထဲနင့်ရပြန်သည်........

"ယိမ်းယိမ်းကိုအိမ်အကူမမ​တွေက​ရေချိုး​ပေးရင်းအငြိမ်မ​နေရင်ချစ်လို့ဆိုပြီးလက်​တွေ​ခြေ​ထောက်​တွေဆွဲဆိတ်ပြီး...ဗိုက်​တွေကိုနာ​အောင်လုပ်တာက​ရောတဲ့​လေ....."ပြီး​တော့​ပြောပါ​​သေးတယ်

"မမ​တွေချစ်တာယိမ်းယိမ်းသိပ်နာတာပဲတဲ့...ယိမ်းယိမ်းကိုအမြဲအယ့်လိုလုပ်ကြတယ်တဲ့....."လားက​လေးရယ်

က​လေးရယ်....သနားလွန်းလို့ဘယ်လိုလုပ်ရပါ့မလဲ​လေ....တစ်ခုခုဆိုဘယ်သူ့ကိုမှမ​ပြောဘဲ​လှေကား​ထောင့်​လေးမှာငို​နေရှာတက်တာ...အ​မေကို​မျှော်​နေရှာတာဒါ​တွေ့​ကြောင့်လားက​လေးရယ်......

ယိမ်း​လေးစကား​ကြောင့်ဦးယာလက်သီးကိုတင်းတင်းဆုပ်လိုက်သလိုမျက်နှာမှာလည်းမချိတင်ကဲနှင့်ဝမ်းနည်းသွားရတာကို​အေးရိပ်​တွေ့လိုက်ရသည်.......

"​​နောက်​ရော...သမီး​လေးကိုဘာ​တွေလုပ်​သေးလဲဟင်...နာ​အောင်လုပ်​သေးလား..."

"အင်း...ယိမ်းယိမ်းကိုထမင်း​ကျွေးရင်လည်း​ကောင်း​ကောင်းမချားဘူးဆိုပြီးရိုက်တယ်...​​ပေါင်​တွေလည်းလိမ်ဆွဲတယ်...ယိမ်းယိမ်းအရမ်းနာတယ်"ဟုဆိုကာသူ့​ပေါင်​လေးကိုလှန်ပြ​တော့​ပေါင်​သေး​သေးတုတ်တုတ်​လေးမှာညိုမဲဆွဲလို့အကွက်အကွက်​တွေနှင့်.........

"သမီး​လေးရယ်...."ဘယ်​လောက်​တောင်နာ​နေရှာမလဲက​လေးရယ်...​ဖ​အေကိုလည်း​မ​ပြောရဲ...ဂရုစိုက်မယ့်သူလည်းမရှိနဲ့ဘယ်​လောက်​တောင်​ကြောက်​နေရှာခဲ့မလဲက​လေးရယ်...လုပ်ရက်လိုက်ကြတာရယ်.....ဖြူစင်တဲ့က​လေး​လေးကို......

ယိမ်း​လေးကိုရင်ခွင်ထဲထည့်ကာဖက်လိုက်ရင်းဂတိ​ပေးမိသည်..."မနက်ဖြန်ကစပြီးအယ့်လိုမဖြစ်​စေရဘူး​နော်သမီး​လေး..."

"တကယ်လားဟင်"

"တကယ်​ပေါ့သမီး​လေးရဲ့....."

"​ယေး...​ပျော်တယ်..."

"ဦးယာ...အိမ်အကူ​တွေအကုန်လုံးကို.."

"အလုပ်ထုတ်ပစ်မယ်...တရားစွဲမယ်"

"ဟို...ကျွန်​တော်ဝင်မစွက်ဖက်သင့်ဘူးဆို​ပေမယ့်တရား​တော့မစွဲပါနဲ့လား...သူတို့မှာလည်းသူတို့ကိုမှီခို​နေတဲ့မိသားစုရှိမှာ​ပေါ့....ယိမ်း​လေးအတွက်ကျွန်​​တော့်အ​​ဒေါ်လိုခင်ရတဲ့ကြီး​မေကို​ခေါ်​ပေးရမလား.."

"အင်း...​ကျေးဇူးရိပ်"

​ဒေါသထွက်​နေဟန်ရှိ​သောမင်းဦးယာသည်လည်းယိမ်း​လေးစကားကိုနား​ထောင်ပြီးဘယ်​လောက်​တောင်နာကျင်လိုက်မလဲ​လေ.....အမြဲငို​နေရှာတဲ့သူ့သမီး​လေးမှာဒီလိုနာကျင်မှု​တွေရှိ​နေတာ​​တောင်မမြင်မသိနိုင်တဲ့သူ့ဘဝကြီးကိုဘယ်​လောက်ခံပြင်းလိုက်မလဲ​လေ.....အယ့်လို​တွေဖြစ်တိုင်းစိတ်ထိခိုက်စရာ​တွေ​တွေးမိတိုင်းစူးစူးဝါးဝါးကိုက်လာပြန်တဲ့​ခေါင်း​ကြောင့်လက်ဖြင့်တင်းတင်းဖိထားမိ​လေ​တော့သည်......​အေးရိပ်လည်းသမီး​လေးကိုသိပ်ပြီးတာနဲ့မျက်ခုံးနှစ်ဖက်တွန့်ချိုးထား​​သောဦးယာအားအိပ်မ​ပျော်ဘူးထင်တာ​ကြောင့်စိတ်ပူသံဖြင့်​ခေါ်မိသည်"ဦးယာ"

"အင်း"တကယ်ပင်အိပ်မ​ပျော်​သေး​သောသူသည်​ခေါ်သံကိုပြန်ထူး​လေသည်....

"အိပ်မ​ပျော်ဘူးလား"

"​ခေါင်းကိုက်လို့"

"ဟုတ်လား...အယ့်တာဆိုလက်ကြီးနဲ့အတင်းမဖိထားနဲ့​လေ​​​နော်...ကျွန်​တော့်ကို​ပြောမှ​ပေါ့...​နေဦး​နော်..ခဏ"ဟုဆိုကာမင်းဦးယာရှိရာဘက်​ရောက်လာပြီးလက်​လေးဖြင့်ဖွဖွ​လေးနှိပ်​ပေး​လေသည်.....ညှင်သာခြင်း...နူးညံ့ခြင်း...​နွေး​ထွေးခြင်း​စေတနာအပြည့်ဖြင့်....သူ့အားအိပ်​မောကျ​စေခဲ့သည်ထိ...တုန်လှုပ်​နေ​သောနှလုံးသားကမဖြစ်သင့်တဲ့ဘယ်အရာကိုရည်ညွှန်း​​နေပါသလဲကွယ်.......​စေတနာသန့်သန့်နဲ့ကူညီ​နေတဲ့မြင်​တောင်မမြင်ဖူးတဲ့မျိုးတူ​ယောကျာ်း​လေးတစ်ဦးနဲ့မှဘာ​ကြောင့်ဒီနှလုံးသားဟာဂနာမငြိမ်ဖြစ်​နေရပါသလဲကွယ်...............

Hello i am back🙋‍♀️🙋‍♀️🙆‍♀️

ယိမ်းယိမ်း​လေးကိုသနားလွန်းလို့😭😭
အိမ်အကူမိန်းမ​တွေကိုသွားရိုက်မလို့တို့နဲ့ဘယ်သူလိုက်ဦးမလဲ😎




///////////////////////////






"အင်း...ဆက်ပါမယ်ကိုရဲ့......."


"သမီး​လေး​ရေ..."

"ရှင်ရှင့်...."


"ဟုတ်...."




"ဟုတ်...."

"Okဗျာ..."

"အို​တေရှင်ပါ​မေ​မေရဲ့..."

"Okရှင်.. ရပြီလားရှင့်"



"အင်း..."





"ဒီလိုပါပဲ...."


"နယ်မလားသမီး​လေး...ဟင်"

"ဟုတ်တဲ့"






"ဦးယာကျွန်​တော့်ကိုလက်ခဏ​ပေးပါလား"ဟု​ပြော​တော့လက်ထုတ်​ပေး​သောမင်းဦးယာ.....ထို့​နောက်တစ်ကိုယ်လုံးကိုကြက်သီးထသွား​စေ​သောနူးညံ့မှု​လေးနှင့်အတူတုန်တုန်ယင်ယင်ခုန်လှုပ်ကာ​ဆောက်တည်ရာမရဖြစ်လာ​သောတစ်နေရာ.......တရားခံ​လေးက​တော့​အေးရိပ်ပင်...သူ့ရဲ့လက်​လေး​တွေကိုမင်းဦးယာရဲ့လက်​ပေါ်ထပ်လျက်ဂျုံမှုန့်​လေး​တွေကိုထိ​တွေ့ကာ​ရေ​လေးဆမ်းလျက်နယ်​နေရင်း

"ဟုတ်...."




"ဦးယာ...​ရော့...ဒါ​လေးကဦးယာ..."

"ကိုယ်??"


"အင်း..​​ကျေးဇူးရိပ်"

"ဟုတ်...​ရော့ယိမ်း​လေး​ရော..."

"​ကျေးဇူးပါ​မေ​မေ"

"ဟုတ်ပါပြီဗျ့....."

"ဟုတ်တာပြီရှင့်​လေ..."




"Dook..."(good)



"ဟင်..အင်း...."





"ဟုတ်...ခစ်ခစ်..."










"တကယ်လားဟင်"

"တကယ်​ပေါ့သမီး​လေးရဲ့....."

"​ယေး...​ပျော်တယ်..."




"အင်း...​ကျေးဇူးရိပ်"



"အိပ်မ​ပျော်ဘူးလား"

"​ခေါင်းကိုက်လို့"


Hello i am back🙋‍♀️🙋‍♀️🙆‍♀️





© Shoon Oo,
книга «Yate(Complete)».
Коментарі