Part8
မနေ့ညလေးကပျော်ရွှင်စွာဆော့ကစားရင်းအိပ်သွားတဲ့သမီးလေးနဲ့ဦးယာကိုအေးရိပ်တစ်ယောက်ဥာဥ့်နက်သည်အထိကြည့်နေခဲ့မိသည်.....သူတို့သားအဖလေးနှစ်ဦးအတွက်သူလုပ်ပေးနိုင်မည့်အရာကိုစဥ်းစားရင်းပေါ့.....
"ရွှတ်...မောနင်းပါမေမေ"ညကအိပ်တာနောက်ကျတာကြောင့်ခါတိုင်းလိုစောစောမနိုး သမီးလေးကပါးပေါ်သို့အာဘွားလာပေးမှပင်နိုးတော့သည်......
"မောနင်းသမီးလေး..."
"ရိပ်..အိပ်ချင်သေးရင်အိပ်ဦးလေ...သမီးနဲ့ကိုယ် ကြီးမေကိုကူညီခိုင်းလိုက်မယ်..."
"မဟုတ်တာ...ရပါတယ်. ကျွန်တော်နိုးပြီ...လာသမီးလေးမျက်နှာသွားသစ်ကြမယ်နော်.. ."
"ဟုတ်...."
"ဦးယာခဏစောင့်နော်.."
"အင်း....."
အေးရိပ်သည်ယိမ်းယိမ်းလေး၏လက်ကိုဆွဲကာရေချ်ုးခန်းသို့ခေါ်သွားလိုက်ပြီးမျက်နှာသစ်သွားတိုက်လိုက်ကြလေသည်...
"သမီးလေး.."
"ရှင့်"
"သမီးလေးကနောက်လဆိုမူကြိုတက်ရတော့မယ်ပျော်လား...."
"မူကြိုကဘာလဲမေမေ"
"အင်း..မူကြိုဆိုတာသမီးလေးကိုစာသင်ပေးမယ့်နေရာပေါ့သမီးလေးရဲ့....သူငယ်ချင်းတွေရောဆရာမတွေရောပျော်စရာကြီး..."
"ဟုတ်လား...ယိမ်းယိမ်းတက်ချင်တယ်.."
"တက်ရမှာပေါ့မီးမီးရဲ့....မီးမီးလေးမူကြိုတက်ရင်မေမေကနေ့တိုင်းထမင်းဘူးလေးနဲ့မုန့်လေးနဲ့လည်းထည့်ပေးဦးမှာ....ကြိုက်လား..."
"ကြိုက်တယ်..ခစ်ခစ်..."ယိမ်းယိမ်းလေးသည်အေးရိပ်နှင့်မူကြိုအကြောင်းတွေပြောလျက်သဘောတွေကျကာနှစ်ယောက်သားရေချိုးခန်းထဲမှာတခစ်ခစ်နှင့်....ခဏကြာတော့ယိမ်းယိမ်းလေးမျက်နှာသစ်ပြီးအောက်သို့ဆင်းသွားကာဦးယာကိုကိုယ်လက်သန့်စင်ပေးရန်ပြင်လိုက်သည်......
"ဦးယာ.."
"ဟင်.."
"ပသိုင်းမွှေးတွေနှုတ်ခမ်းမွှေးတွေရိတ်လိုက်ပါလား....."
"ကိုယ်...မရိတ်ဖြစ်တာတော်တော်ကြာပြီ...မရိတ်ရဲဘူး...."
"ကျွန်တော်လုပ်ပေးမှာပေါ့ဦးယာရဲ့...ဦးယာကိုယ်တိုင်လုပ်စရာမလိုပါဘူး...ရိတ်မယ်မလား...ဟင်...."
"အင်း...ရိတ်လေ..."
"ဟုတ်....."ခွင့်ပြုချက်ရသည်နှင့်မုတ်ဆိတ်ရိတ်ဓါးလေးကိုကိုင်ကာလိုအပ်တာတွေသုတ်လိမ်းပြီးစတင်ရိတ်လေတော့သည်... ဓါးသွားလေးရဲ့လှုပ်ရှားမှုနှင့်အတူလက်လေး၁စုံ၏နူးညံ့ကျွမ်းကျင်သောလှုပ်ရှားမှုလေးမှာလည်းသူ့မျက်နှာပြင်ထက်ပြေးလွှားလို့.......နာမှာစိုး၍ဂရုတစိုက်ကိုင်တွယ်နေသည့်ခံစားချက်လေးက မင်းဦးယာ၏ရင်အစုံကိုသိမ့်သိမ့်တုန်စေလေသည်.........
"ဦးယာပြီးပြီ...ခန့်ညားသွားလိုက်တာ..."
"ဟုတ်လား..."
"အင်းမှန်ကြည့်ချင်လား...."
"မှန်?..ကိုယ်ကမြင်မှ.."
"ရှူး...မမြင်ရဘူးလို့ပြောမလို့မလား...ဦးယာသာမြင်ချင်ရင်ကျွန်တော်ကမြင်ရအောင်လုပ်ပေးမှာပေါ့ဦးယာရဲ့...လက်ပေး..."ဟုပြောကာမင်းဦးယာရဲ့လက်ကိုကိုင်လျက်.....
"မျက်လုံးမှိတ်ထားနော်"ဟုဆိုကာမင်းဦးယာ၏လက်ကိုသူ့မျက်နှာပေါ်သို့ပြန်တင်လိုက်လေသည်....
"ဒါလေးကဦးယာရဲ့မျက်ခုံးလေး...ထူပြီးတန်းနေတာပဲတွေ့လား...."
"အင်း...."
"ဒါလေးကမျက်လုံးလေး...တစ်နေရာထဲကိုပဲကြည့်နေတက်ပေမယ့်ကြည်ပြီးတောက်နေတာပဲ....အရမ်းကြည့်လို့ကောင်းတာ....."
"........."
"ဒီမှာဒါလေးကနှာခေါင်းလေး..ချွန်ပြီးစင်းနေတာပဲ...အောက်နည်းနည်းဆင်းလိုက်ရင်နှုတ်ခမ်းလေး..ခပ်ထူထူလေးနော်....ပြီးရင်ဘေးပတ်ပတ်လည်ကိုစမ်းကြည်...အရင်လိုမုတ်ဆိတ်တွေမရှိတော့ဘူးတွေ့လား...ပြောင်ပြီးချောနေတာပဲ.....
မြင်လား..ဦးယာဘယ်လောက်ခန့်လဲ....."
"အင်း...မြင်ပါပြီ...."
"သေချာမြင်ချင်ရင်တကယ်မြင်အောင်ကြည့်သင့်တယ်...."
"............"
"ယိမ်းယိမ်းလေးကပြောတယ်....သူမူကြိုတက်ရင်ဖေဖေကသူ့ကိုကျောင်းလိုက်ပို့ရင်သိပ်ကောင်းမှာပဲတဲ့....ဖေဖေ့ကိုကျောင်းဝတ်စုံလေးဝတ်ပြချင်တယ်တဲ့.....ဦးယာရောသမီးလေးကိုမမြင်ချင်ဘူးလား...ဟင်....."
"ကိုယ်...."
"ရပါတယ်...ဦးယာသဘောပါ...သမီးလေးကနောက်လမှတက်မှာပဲဟာ...စဥ်းစားကြည့်ပေါ့ဦးယာရဲ့နော်..ဦးယာမှာအခွင့်အရေးတွေအချိန်တွေအများကြီးရှိပါတယ်...."
"အင်းပါ...ကျေးဇူးပါရိပ်"
"ကျေးဇူးတွေမလိုပါဘူးဦးယာ...ကျွန်တော်ကဦးယာတို့ကိုအမြဲစောင့်ရှောက်ပေးမှာမို့ကျေးဇူးတင်ရင်ကျန်းကျန်းမာမာနေပေးရမယ်နော်..တစ်နေရာရာကအရမ်းနာရင်ကျွန်တော့်ကိုပြောရမယ်နော်......"
"............."
"မနက်စာသွားစားရအောင်နော်......"
"အင်း....."ကျွန်တော်ဘယ်လိုလုပ်ရမလဲဦးယာ...ဦးယာကိုနာတာကိုကြိတ်မခံစားဘဲဖွင့်ဟလာတက်အောင်ဘယ်လိုကြိုးစားရမလဲ.....ဖြည်းဖြည်းချင်းလေးသွားကြတာပေါ့ဦးယာ...ကျွန်တော်ကရအောင်ကယ်ထုတ်မှာမို့လို့.......
"ဖေဖေ...မောနင်း...."ယိမ်းယိမ်းလေးသည်ထုံးစံအတိုင်းဦးယာကိုမြင်သည်နှင့်ဝှီးချဲပေါ်သို့ကုတ်တက်ကာပါးတွေကိုနမ်းလေသည်......
"ဖေဖေ...ဒီနားကဟာလေးတွေရော.."သူ့မလေး၏ဖခင်၏မျက်နှာကိုကြည့်လျက်မေးနေပါသောကလေးငယ်သည်တအံ့တသြလေးနှင့်.....
"ရှိတော့ဘူးသမီးလေးရဲ့.....အယ့်တာလေးတွေကိုဖယ်လိုက်ပြီ....ဖေဖေကပိုကြည့်ကောင်းသွားလားသမီးလေး..."ဟုအေးရိပ်ကမေးတော့...
"ဟုတ်...ယိမ်းယိမ်းဖေဖေကချောသွားတယ်...."ဟုလက်မလေးထောင်လျက်ပြုံးရင်းပြန်ဖြေသောကလေးငယ်.....ဒီအပြုံးလေးတွေကိုမြင်ချင်တယ်မလားဦးယာ....
သေချာပေါက်မြင်ချင်တာပေါ့....မြင်ချင်လွန်းလို့ရောက်နေကြတဲ့ဒီနေရာလေး..၂ပတ်အကြာမှာချလိုက်တဲ့ဆုံးဖြတ်ချက်လေးအတွက်ဖြစ်ပေါ်လာတဲ့ဒီနေ့လေး....မှောင်ရီပျ်ုးနေပြီဖြစ်တဲ့အချိန်လေးဝယ်ဝမ်းသာလွန်းလို့ပြုံးနေကြတဲ့သူတို့အပြုံးတွေကထင်ရှားလို့......ဆေးရုံကုတင်ထက်ကလူတစ်ယောက်ကတော့တစ်နေရာကိုသာမမြင်ရပေမဲ့လည်းငေးနေဆဲ........
"သားယာလေး...မေမေတို့ပြန်မယ်နော်...မနက်ဖြန်မိုးလင်းတာနဲ့လာခဲ့မယ်နော်...."
"ဟုတ်...."
"ဖေဖေကမနက်ဖြန်ကျရင်ယိမ်းယိမ်းကိုမြင်ရတော့မှာလားဟင်..."
"အင်း...မနက်ဖြန်မဟုတ်ဘူးနောက်သုံးရက်လောက်မှမြင်ရမှာသမီးလေးရဲ့...."
"ဪ...ဘာပဲဖြစ်ဖြစ်ဖေဖေမြင်ရရင်ယိမ်းယိမ်းပျော်တယ်....အားတင်းထားနော်ဖေဖေ...."
"ဟုတ်ပါပြီဗျ..."စကားတွေတက်လွန်းသောယိမ်းယိမ်းလေးသည်ချစ်ဖွယ်စကားလေးတွေကိုသာဆိုတက်လေသည်.. ....
"သားယာလေး...မေမေတို့ပြန်တော့မယ်နော်.."
"ဟုတ်..."
"အေးရိပ်..အန်တီတို့သွားမယ်နော်သားလေး....ကျေးဇူးပါကွယ်..."
"ရပါတယ်အန်တီ...."ဦးယာ၏အဖေနှင့်အမေသည်ယိမ်းယိမ်းလေးကိုခေါ်ကာအိမ်ပြန်သွားကြလေသည်...သမီးလေးကတော့အေးရိပ်နှင့်တူတူမအိပ်ရ၍စူပုတ်ပုတ်လေးဖြစ်နေပေမယ့်ဂျီမကျဘဲအသာတကြည်သာလိုက်သွားလေသောအလိုက်သိလွန်းသောသမီးလေးပါလေ....အားလုံးပြန်သွားချိန်အခန်းထဲတွင်ဦးယာနှင့်သူသာကျန်ခဲ့လေသည်.....
"ဦးယာ...စိတ်လှုပ်ရှားနေလား..."
"နည်းနည်းပါ...."နည်းနည်းပါတဲ့လားဦးယာ....အသံတွေတောင်တုန်နေခဲ့တာကိုနည်းနည်းပါတဲ့လား......ကုတင်ခေါင်းရင်းကိုကျောမှီကာထိုင်နေသောဦးယာ၏အနားသို့သွားကာတင်လေးလွှဲထိုင်လိုက်သည်.....
"ဦးယာ...ကျွန်တော့်ရှေ့မှာဦးယာခံစားရတဲ့အတိုင်းနေလို့ရပါတယ်....ဟန်ဆောင်စရာမလိုပါဘူး....ဦးယာတစ်ယောက်ထဲကြိတ်ခံနေရင်ပိုခံစားရမှာပေါ့ဦးယာရဲ့....နော်...."အမြဲတည်ငြိမ်နေသောအသံအေးအေးလေးသည်သူလိုရာကိုအမြဲဆိုသလိုသိမ်းသွင်းနိုင်ပါလေသည်....
"ကိုယ်တကယ်ပဲအယ့်လိုနေခွင့်ရှိလား..."
"ရှိတာပေါ့ဦးယာရယ်...ကျွန်တော်တစ်ယောက်လုံးရှိတာမို့ဦးယာခံစားရတဲ့အတိုင်းဖွင့်ထုတ်လိုက်ပါ...."
"............."
"ကြောက်တယ်...ကိုယ်အရမ်းကြောက်တယ်....ကိုယ့်ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းမဆိုကုသရင်အောင်မြင်နိုင်ချေက၅၀%ပဲရှိတာ....ကိုယ်သာတစ်ခုခုဖြစ်သွားခဲ့ရင်....မကုတာထက်ကုလိုက်မှလွဲသွားခဲ့ရင်...သမီးလေးကိုထားခဲ့ရမှာသိပ်ကြောက်တယ်.....ကိုယ့်ရဲ့ခြေထောက်တွေလည်းအရမ်းနာကျင်တယ်ရိပ်....ကိုယ်မခံစားနိုင်ဘူး......ကိုယ်...."
ပြောရင်းနဲ့ခေါင်းငိုက်စိုက်ကျ၍ငိုရှိုက်လာသောဦးယာ.... အားတစ်စုံတစ်ရာဖြစ်စေရန်ကျောပြင်ကိုဖွဖွပုတ်၍ဖက်ပေးထားမိသည်....ထိုအခါသူ၏ပုခုံးထက်ခေါင်းတင်၍ငိုကြွေးလေသောဦးယာရယ်ပါလေ...ငိုပါစေမတားတော့ပါ...ဒီမျက်ရည်တွေကိုသူဘယ်လောက်တောင်သိမ်းဆည်းထားခဲ့ရမလဲ.. ......
"အဆင်ပြေမှာပါဦးယာ...ကျွန်တော်ယုံတယ်...ဦးယာကသေချာပေါက်ဖြတ်ကျော်နိုင်မှာပါ.....ကျွန်တော်ယုံတယ်နော်...."
ယုံတာပေါ့.. သေချာပေါက်လုပ်နိုင်မှာပါဦးယာ...ယုံကြည်ပါတယ်ဆိုတဲ့စကားလေးတစ်ခွန်း....အားငယ်နေသူ...သိမ်ငယ်နေသူ..ရှုံးနိမ့်နေသူကိုဘယ်လောက်တောင်အားဖြစ်စေလိုက်သလဲလေ....အရာရာမှာကျရုံးနေတဲ့လူတစ်ယောက်ကို"နင်အရမ်းညံ့တာပဲ၊အသုံးအကျဘူး၊အဖြစ်မရှိဘူး"ဆိုပြီးလက်လျော့ဖို့ထိုးနှက်နေမယ့်အစား"သေချာပေါက်လုပ်နိုင်မှာပေါ့၊ငါယုံတယ်...နင်လုပ်နိုင်တယ်"ဆ်ုပြီးအားပေးကြည့်ပါလား....သူဟာသေချာပေါက်ထိုယုံကြည်မှုကိုတောက်ပအောင်အရောင်တင်ပေးမှာပါ....မနက်ဖြန်မှာဦးယာဟာအားတင်းလို့သူ့ကိုယုံကြည်ပြီးစောင့်နေကြမယ့်သူတွေအတွက်သူသေချာပေါက်ကိုကြိုးစားရင်းတိုက်ခိုက်လိမ့်မယ်.......
ကျေးဇူးတင်ပါတယ်အေးရိပ်ဝေ...သမီးလေးကကိုယ့်အတွက်တွန်းအားလေးတစ်ခုဆိုရင်မင်းကအယ့်ဒီ့တွန်းအားလေးကိုဖြစ်အောင်လုပ်စေမယ့်ခွန်အားလေးပါ.....ကိုယ့်ဘေးနားမှာရှိနေတဲ့တွန်းအားနဲ့ခွန်အားလေးကိုစွဲကိုင်ပြီးသေချာပေါက်ပြန်လာခဲ့မှာပါ.......
မိုးလင်းအရုဏ်တက်ချိန်တွင်ဘီးရွေ့သံလေးနှင့်လူနာတင်လှည်းလေး၁ခုသည်ခွဲခန်းထဲသို့ဝင်သွားလေသည်.....ထိုလှည်းလေးပေါ်တွင်ပါသွားသောလူသားလေးသည်ချစ်ခြင်းမေတ္တာလေးကိုလက်ကိုင်သွားလျက်...သူ့အတွက်ပေးလိုက်ကြတဲ့ကောင်းသောဆုလေးတွေကိုနှလုံးသွင်းလျက်ငြိမ်သက်စွာ.......
ခွဲခန်းတံခါးလေးနှစ်ချပ်ပိတ်သွားသည်နှင့်အပြင်တွင်ကျန်နေခဲ့သူတွေမှာလည်းစိတ်တွေပူကာခုံတန်းလေးတွေတင်ထိုင်လျက်.....အန္တရာယ်ရှိသည်ကိုမသိသောကလေးငယ်လေးသည်သူမရဲ့ဖေဖေဟာသူမလေးကိုမြင်နိုင်တော့မယ်၊တူတူဆော့ပေးနိုင်တော့မယ်၊ပုံပြင်တွေဖတ်ပြတော့မယ်ဟူသောရိုးရှင်းသောကလေးအတွေးလေးနှင့်ပြုံးပျော်လို့ပေါ့.....ခွဲစိတ်ခန်းတွင်မီးနီလေးလင်းလာတာဟာဦးယာစတင်တိုက်ပွဲဝင်နေပြီဆိုတဲ့အချက်ပြသင်ကေတလေးပေါ့........မီးလေးစိမ်းလာမည့်အချိန်ကိုစောင့်စားရင်းဘုရားစာတွေလည်းရွတ်ရင်း...ယုံယုံကြည်ကြည်နှင့် ပြန်လာပေးမည့်သူကိုမျှော်နေမိသည်........
၄နာရီကြာမြင့်ပြီးနောက်စိမ်းသွားသောမီးလေးသည်အောင်မြင်ခြင်းရဲ့အချက်ပြမီးလေးလို့သက်မှတ်လျက်ထွက်လာမည့်လူကိုမျှော်မိကြသည်.....သေးငယ်သောသမီးလေးအပါအဝင်ပေါ့ .....လူနာတင်လှည်းပေါ်တွင်မျက်လုံးကိုပတ်တီးတွေစည်းလျက်ထွက်လာသောဦးယာသည်ငြိမ်သက်စွာလဲလျောင်းလို့......အားလုံးရဲ့ဂရုဏာသက်ဖွယ်အကြည့်တွေကမေ့မျောနေတဲ့သူထံတွင်.....ထိုစဥ်အကျီစလေးကိုလာဆွဲသောသမီးလေးကမျက်ရည်လေးတွေဝဲလျက်မော့ကြည့်လို့.....
"မေမေ...ဖေဖေကယိမ်းယိမ်းကိုကြည့်တော့မှာလား"တဲ့......
"ကြည့်မှာပေါ့သမီးလေးရဲ့....နောက်နေ့တွေကစပြီးဖေဖေကသမီးလေးကိုချစ်လွန်းလို့အချိန်တိုင်းကြည့်နေတော့မှာ"လို့ပြန်ဖြေမိတော့လပြည့်ဝန်းလေးလိုသမီးလေးရဲ့မျက်နှာဝိုင်းဝိုင်းထက်ကနှုတ်ခမ်းလေးတွေကကော့တက်လို့....ကလေးငယ်လေးကလည်းသူ့အဖေမျက်စိပြန်မြင်ဖို့မျှော်လင့်နေတယ်ထင်ပါရဲ့....."ပျော်လိုက်တာမေမေရယ်တဲ့...."ဟုဆိုကာသူ့ဗိုက်ကိုမျက်နှာလေးအပ်လျက်ဖက်ကာငိုလေသောသမီးငယ်.....ဒီအရွယ်လေးကဘာနားလည်မှာလဲဆိုပြီးတွေးဖူးခဲ့ကြတယ်၊ပြောဖူးခဲ့ကြတယ်မလား....တကယ်တော့သူတို့လေးတွေဟာလည်းအရာရာကိုသူတို့နည်းသူတို့ဟန်နဲ့နားလည်တက်နေတဲ့ကလေးလေးတွပါ...အပြင်ပန်းမှာသာသေးငယ်ပေမယ့်မဖွံ့ဖြိုးသေးပေမယ့်သူတို့နှလုံးသားလေးတွေဟာမသေးငယ်ကြပါဘူး.....သူတို့လေးတွေပျော်တက်တယ်၊ငိုတက်တယ်၊ခံစားတက်ကြတယ်...ယိမ်းယိမ်းလေးလိုပေါ့....လူကြီးတွေကသာတစ်ခါတစ်လေပြုံးတာ၊ငိုတာတွေကိုဟန်ဆောင်ပြီးလုပ်တက်ပေမယ့်ကလေးငယ်လေးတွေကတော့နှလုံးသားကလာတဲ့အပြုအမူလေးတွေကိုပဲလုပ်တက်ကြလေသည်လေ.....
အယ့်ဒီလိုနဲ့ယိမ်းယိမ်းယာဆိုတဲ့ကလေးမလေးဟာလစ်ဟာနေတဲ့မိခင်မေတ္တာကိုအပြည့်အဝရခဲ့ပြီးရင်ဒုတိယအနေနဲ့ဖခင်ရဲ့တယုတယနဲ့ချစ်ခင်ခြင်းနဲ့မေတ္တာကိုပါရဖို့ဖြစ်လာခဲ့လေတယ်............
"ယုံတယ်"
ရိုးရှင်းလှတဲ့စကားလေးနှစ်ခွန်းပါပဲ
သို့သော်ဦးယာလိုအရှုံးကိုသာကြိုလင့်နေတက်သူ၊အရှုံးပေးတက်သူ၊လက်လျှော့ချင်နေကြတဲ့သူတွေအတွက်တော့"အချိန်တန်ရင်ရှုံးမှာပဲ၊အသုံးမကျဘူး"စတဲ့စကားတွေပြောနေမယ့်အစား...
"လုပ်နိုင်တယ်၊အောင်မြင်မှာယုံကြည်တယ်"ဆိုပြီးအစားထိုးပြီးပြောပေးကြည့်လိုက်ပါ...သူ့အတွက်ယုံကြည်မှုလေးတစ်ခုကိုတည်ဆောက်ပေးကြည့်ပါ...ကိုယ့်အတွက်လည်းမခက်ခဲသလိုသူ့အတွက်လည်းခွန်အားတစ်ခုဖြစ်စေမှာပါ.......
ကလေးလေးတွေ.....
အပြင်သွားရင်လိုက်ချင်တယ်..ဟိုနေရာသွားတကောက်ကောက်၊ဒီနေရာသွားတစ်ကောက်ကောက်.....လိုက်ချင်ကြတယ်...လိုက်ပါစေ..သူတို့ချစ်တဲ့လူကြီးနောက်လိုက်ချင်တာ..သူတို့လေးတွေအတွက်အသစ်အဆန်းဖြစ်တဲ့ပတ်ဝန်းကျင်လေးကိုစူးစမ်းချင်ကြရှာတာ...ငိုယိုပြီးတော့ကျန်မနေခဲ့ပါစေနဲ့သူတို့လေးတွေရဲ့အပြုအမူခံစားချက်လေးတွေဟာနှလုံးသားကဖြစ်တည်လာတာမို့သူတို့လေးတွေကိုဝမ်းမနည်းပါစေနဲ့..သူတို့လေးတွေရဲ့မျက်ရည်တွေဟာနှလုံးသားကထုတ်လွှတ်ပေးလိုက်တာမို့....သူတို့လေးတွေဟာလည်းယိမ်းယိမ်းလေးလိုပျော်လွန်းလို့ငိုတက်သလို၊ဝမ်းနည်းလွန်းလို့လည်းငိုတက်ပါတယ်... ဖြူစင်တဲ့ကလေးငယ်တွေကိုချုပ်ချယ်နေကြမယ့်အစားစည်းဘောင်လေးနဲ့လွတ်လပ်ခွင့်တစ်ခုပေးပြီးရယ်သံလေးတွေဖန်တီးလိုက်စမ်းပါ.......ချစ်ပေးပါ၊နားလည်ပေးပါ၊အလှပဆုံးပုံသွင်းပြီးပျိုးထောင်ပေးလိုက်ပါ....
ဖတ်ရတာအဆင်ပြေရဲ့လားရှင့်💝
မနေ့ကပင်ပန်းသွားလို့မupပေးဖြစ်တာတောင်းပန်ပါတယ်ချစ်တူးလေးတို့😔ဒီနေ့ရှည်ရှည်လေးupပေးထားတယ်နော်🥰🥰
ချစ်တယ်ရှင့်🙆♀️
//////////////////////////
"မောနင်းသမီးလေး..."
"ဟုတ်...."
"ဦးယာခဏစောင့်နော်.."
"အင်း....."
အေးရိပ်သည်ယိမ်းယိမ်းလေး၏လက်ကိုဆွဲကာရေခ်ျုးခန်းသို့ခေါ်သွားလိုက်ပြီးမျက်နှာသစ်သွားတိုက်လိုက်ကြလေသည်...
"သမီးလေး.."
"ရှင့်"
"မူကြိုကဘာလဲမေမေ"
"ဦးယာ.."
"ဟင်.."
"အင်း...ရိတ်လေ..."
"ဟုတ်လား..."
"မှန်?..ကိုယ်ကမြင်မှ.."
"အင်း...."
"........."
"အင်း...မြင်ပါပြီ...."
"............"
"ကိုယ်...."
"အင်းပါ...ကျေးဇူးပါရိပ်"
"............."
သေချာပေါက်မြင်ချင်တာပေါ့....မြင်ချင်လွန်းလို့ရောက်နေကြတဲ့ဒီနေရာလေး..၂ပတ်အကြာမှာချလိုက်တဲ့ဆုံးဖြတ်ချက်လေးအတွက်ဖြစ်ပေါ်လာတဲ့ဒီနေ့လေး....မှောင်ရီပ်ျုးနေပြီဖြစ်တဲ့အချိန်လေးဝယ်ဝမ်းသာလွန်းလို့ပြုံးနေကြတဲ့သူတို့အပြုံးတွေကထင်ရှားလို့......ဆေးရုံကုတင်ထက်ကလူတစ်ယောက်ကတော့တစ်နေရာကိုသာမမြင်ရပေမဲ့လည်းငေးနေဆဲ........
"ဟုတ်...."
"ဟုတ်..."
"............."
၎နာရီကြာမြင့်ပြီးနောက်စိမ်းသွားသောမီးလေးသည်အောင်မြင်ခြင်းရဲ့အချက်ပြမီးလေးလို့သက်မှတ်လျက်ထွက်လာမည့်လူကိုမျှော်မိကြသည်.....သေးငယ်သောသမီးလေးအပါအဝင်ပေါ့ .....လူနာတင်လှည်းပေါ်တွင်မျက်လုံးကိုပတ်တီးတွေစည်းလျက်ထွက်လာသောဦးယာသည်ငြိမ်သက်စွာလဲလျောင်းလို့......အားလုံးရဲ့ဂရုဏာသက်ဖွယ်အကြည့်တွေကမေ့မျောနေတဲ့သူထံတွင်.....ထိုစဉ်အကျီစလေးကိုလာဆွဲသောသမီးလေးကမျက်ရည်လေးတွေဝဲလျက်မော့ကြည့်လို့.....
"ယုံတယ်"
ကလေးလေးတွေ.....
မနေ့ကပင်ပန်းသွားလို့မupပေးဖြစ်တာတောင်းပန်ပါတယ်ချစ်တူးလေးတို့😔ဒီနေ့ရှည်ရှည်လေuးpပေးထားတယ်နော်🥰🥰
ချစ်တယ်ရှင့်🙆♀️

Коментарі