Part15
မြန်မာနိုင်ငံရဲ့ဆောင်းတွင်းဆိုတာရန်ကုန်လိုနေရာမျိုးမှာနှင်းရယ်လို့တော့မကျပေမယ့်မြူတွေဆိုင်းကာဝေနေခဲ့တယ်....
ဒီလိုအချိန်ရောက်တိုင်းသရက်ပင်အောက်ကထိုင်ခုံတန်းလေးမှာအနွေးထည်လေးဝတ်ဦးထုပ်လေးဆောင်းပြီးမျက်ရည်လေးတွေဝဲနေရှာသောအမျိုးသားလေးတစ်ဦးဟာအပြင်သို့မျှော်ရင်းတစ်စုံတစ်ယောက်ကိုစောင့်နေတက်လေတယ်....အေးစက်နေတဲ့လက်အစုံကိုအနွေးဓါတ်ရအောင်ပွတ်ရင်းချေရင်းအကျီအိပ်ကပ်လေးထဲထိုးထည့်လိုက်လေသည်.... ထို့နောက်နှုတ်မှလည်း"ဦးယာသေချာပေါက်ပြန်လာမှာမလား"တဲ့ဆိုပြီးရေရွတ်နေတက်တယ်.......ဒီလိုဆောင်းတွင်းဆိုထိုလူသားလေးသည် မြူတွေရှင်းပြီးနေရောင်ပွင့်လာသည်အထိ ခုံတန်းလေးတွင်ထိုင်နေတက်သည်လေ..........
"ဖေငယ်"
"မီးလေး..."
"အေးကအေးနဲ့ဖေငယ်ရယ်...အပြင်မှာထိုင်နေပြန်ပြီ......"
"ခဏပါသမီးလေးရဲ့....လာလည်ကြတာမလား....လာအပြင်မှာအေးတယ်အိမ်ထဲသွားကြမယ်နော်...."
"ဟုတ်..."
ယိမ်းယိမ်းတစ်ယောက်သူမသိပ်ချစ်ရသောဖေငယ်ကိုကြည့်ကာမျက်ရည်လေးတွေရစ်ဝဲလာရသည်...တကယ်ဆိုသူတို့နဲ့ဘာမှမဆိုင်တဲ့သူစိမ်းဖြစ်ပါရက်နဲ့ဖေငယ်သည်သူ့ရဲ့ဘဝတစ်လျှောက်လုံးနီးပါးကိုယိမ်းယိမ်းတို့ထံမြှုပ်နှံခဲ့သည်...သို့သော်သိပ်ချစ်ဖို့ကောင်းတဲ့ဖေငယ်သည်ယိမ်းယိမ်းငယ်ငယ်ကချစ်ခဲ့ရသည့်အတိုင်းမပြောင်းလဲသေးပေ....အရင်ကထက်ပိုပြီးတည်ငြိမ်လာတာလေးကလွဲလို့ပေါ့.....
"မပေါ့မပါးနဲ့ဘာလို့လာရတာလဲကလေးရယ်....ဖေငယ့်ကိုခေါ်လိုက်တာမဟုတ်ဘူး..."
"ယိမ်းယိမ်းကအဆင်ပြေပါတယ်ဖေငယ်ရဲ့....ဒီလကုန်ရင်တော့ဆေးရုံကြိုတက်တော့မယ်...."
"ဟုတ်ပါပြီဗျာ...ခုတစ်လောတအားကန်သေးလား"
"မကန်တော့ဘူး...ဟီးဟီး...ယိမ်းယိမ်းကလုံးလုံးကိုသေချာဆုံးမထားတယ်..."
"ဟားဟား..ဟုတ်ပါပြီဗျာ...."သူ့ဗိုက်လေးသူပွတ်ကာရယ်ကျဲကျဲပြောနေသောယိမ်းယိမ်းလေးသည်သိပ်ကိုချစ်ဖို့ကောင်းနေပြန်ပါသည်...
"ဖေငယ်ဆောင်းကုန်ရင်ပြန်လာမယ်မလား...."
"အင်း..ပြန်လာမှာပါကလေးရဲ့...."
ယိမ်းယိမ်းကိုယ်ဝန်စရတည်းကသွားရလာရလွယ်စေရန်ဆေးရုံနှင့်နီးသောတိုက်ခန်းတွင်မြေညီထပ်၌ပြောင်းနေကြလေသည်.....အေးရိပ်ရောယိမ်းယိမ်းတို့လင်မယားပါပြောင်းနေကြပြီးအေးရိပ်ကတော့ဆောင်းတွင်းလေးမို့သူ့တစ်ယောက်သောသူကိုစောင့်ရန်ဒီအိမ်တွင်ခဏပြန်လာနေလေသည်.....
"ဖိုးနဲ့ဖွားဆီရောရောက်ဖြစ်သေးလား..."
"တစ်လောကရောက်သေးတယ်...ဖိုးနဲ့ဖွားကလည်းဖေ့ကိုမျှော်နေတုန်းပဲ...ဖေကလည်းဖိုးနဲ့ဖွားကိုတောင်အဆက်အသွယ်မလုပ်ဘူး....တကယ်ပဲအဆင်ရောပြေရဲ့လားမသိပါဘူးဖေငယ်ရယ်....."
"ပြေပါတယ်သမီးလေးရဲ့....သေချာပေါက်အဆင်ပြေမှာပါ....ဖေငယ်တို့ကစိတ်ရှည်ရှည်နဲ့စောင့်ကြမယ်လေနော်..."
"ဟုတ်..."
ထိုနေ့လေးကလည်းသူစောင့်နေခဲ့ရတဲ့ဦးယာဟာပြန်မလာခဲ့ပါ...ယိမ်းယိမ်းတို့နဲ့အချိန်ဖြူန်းပြီးသာထိုနေ့လေးကိုကုန်ဆုံးဖြစ်၏........
"ဒီဆောင်းတွင်းတောင်ကုန်တော့မယ်နော်ဦးယာ..ဘယ်တွေခရီးလွန်နေတာလဲ....ကျွန်တော်ဆက်စောင့်နေသေးတယ်ဦးယာရဲ့......ဦးယာတောင်အဖိုးဖြစ်တော့မယ်သိလား...ဦးယာကအဖိုးဖြစ်ဖို့စောဦးမယ်ထင်တယ်နော်....ယိမ်းယိမ်းလေးကိုသေချာမပေးနိုင်ခဲ့တဲ့အချစ်တွေမြေးလေးကိုတော့ပေးရမယ်မလားဦးယာ...ကျွန်တော့်အသက်တောင်၃ဂဏန်းထိပ်စီးပြောင်းသွားပြီ..ဦးယာလည်း၄ဂဏန်းထိပ်စီးပြောင်းလောက်ရောပေါ့နော်...လုံးလုံးလေးကတော့အရမ်းခန့်တဲ့ဦးယာကိုအဖိုးတော်ရမှာဆိုတော့ပျော်နေတော့မှာပဲ...ဘယ်တွေရောက်နေလဲဦးယာ...."
တဖြည်းဖြည်းတိမ်ဝင်လာသောအသံလေးသည်ငိုသံစွတ်လာလေပြီ....ဝရန်တာလေးမှာထွက်ကာဘယ်သူမှမကြားနိုင်တဲ့စကားတွေကိုသူတစ်ယောက်ထဲပြောနေမိခဲ့သည်....
ညတစ်ညကိုကုန်ဆုံးလို့မနက်ခင်းလေးကိုပြန်လည်ရောက်ရှိချိန်တွင်အေးရိပ်သည်သူ့ဝတ္တရားလေးအတိုင်းခုံတန်းလေးတွင်ထိုင်နေပြန်သည်...ဆောင်းတွင်ကအအေးကြီးမဟုတ်သော်လည်းငြိမ်သက်စွာထိုင်နေသောသူ့အတွက်တော့အေးလွန်းနေခဲ့သည်....သည်လိုဆောင်းတွင်းမျိုးကိုသူ၅နှစ်တိုင်ဖြတ်ကျော်ခဲ့ပြီးပြီ....နောက်ထပ်ရောဘယ်လောက်ထပ်ဖြတ်ကျော်ရဦးမှာလဲလေ.....
ထိုနေ့ကလည်းသူထုံးစံအတိုင်းစောင့်ခဲ့ပါတယ်...ဦးယာပြန်မလာခဲ့ပါ.....
"ဟယ်လို..."
"ဟယ်လိုဖေငယ်..."
"အင်းယိမ်းလေးပြောလေကလေး..."
"ဖေငယ်နေကောင်းရဲ့လား..."
"ကောင်းပါတယ်...ယိမ်းလေးရော..နေကောင်းရဲ့လား...လုံးလုံးလေးကန်သေးလား..."
"တအားတော့မကန်တော့ပါဘူးဖေငယ်ရဲ့...ဖေငယ်အတွက်သတင်းကောင်းရှိတယ်...."
"သတင်းကောင်း..?"
"ဟုတ်..."
"ဘာများလဲဗျ.."
"မနက်ဖြန်ပြောမယ်..ဟီးဟီး..."
"ဟုတ်ပါပြီ...."
"ဒါပဲနော်ဖေငယ်...ဂရုစိုက်နော်.."
"ဟုတ်ပါပြီဗျာ...ဒါပဲနော်ကလေး..."
"ဟုတ်..."
ဖုန်းလေးကျသွားသည်နှင့်အေးရိပ်ဝေပြုံးလိုက်မိသည်...ဘာသတင်းကောင်းမို့ယိမ်းယိမ်းလေးပျော်နေသည်မသိဖုန်းထဲကအသံလေးသည်ရွှင်ပြလို့.......
မနက်ဖြန်ယိမ်းယိမ်းလေးတို့လာမည်ဆိုတာကြောင့်သူလည်းပဲမုန့်လုပ်ကျွေးရအောင်ညနေခင်းလေးတွင်စျေးဝယ်ထွက်လိုက်လေသည်......ထိုနေ့ကတော့အိမ်သန့်ရှင်းရေးလုပ်၊မုန့်လုပ်ကျွေးရန်ပြင်ဆင်နှင့်အေးရိပ်ဝေမှာဦးယာကိုတောင်ပြည့်ပြည့်ဝဝမလွမ်းခဲ့ရပါ...........
နေ့သစ်တစ်ဖန်အစပြုချိန်တွင်တော့အေးရိပ်မှာထုံးစံမပျက်ခုံတန်းလေးတွင်စောင့်ဆိုင်းပြန်သည်....သည်နေ့ကျမှာအချမ်းပိုနေလိုက်တာ...ဆောင်းကုန်တော့မှာမို့နှုတ်ဆက်တဲ့အနေနဲ့အသားကုန်အေးပေးနေသလားအောက်မေ့ရလေသည်...
မြူတွေဆိုင်းနေတဲ့လမ်းမထက်ကိုပဲ ခြံထဲမှလှမ်းငေးနေမိသည်...အကယ်၍ဦးယာသာပြန်လာရင်ကားနဲ့ပြန်လာမှာလား...လမ်းလျှောက်ပြန်လာမှာလားစိတ်ကူးယဥ်ကြည့်ရင်းပေါ့.....ဒီလိုနေ့တိုင်းစောင့်ရလို့မငြီးငွေ့ဘူးလားလို့မေးကြရင်သူလုံးဝမငြီးငွေ့ခဲ့ဖူးပါဘူး...တစ်ရက်လေးတောင်စောင့်ရတာကိုမငြီးငွေ့ခဲ့ဖူးဘူး....ဦးယာရဲ့အိမ်ပြန်လမ်းလေးကိုမျှော်ရတာသိပ်ပျော်ရသည်မို့...........
ထိုစဥ်အိပ်ကပ်ထဲမှဖုန်းလေးရဲ့မြည်သံကြောင့်ကြည့်လိုက်တော့ယိမ်းယိမ်းလေး....
"ဟယ်လို..."
"ဖေငယ်...သတင်းကောင်းရောက်ပြီလား..."
"သတင်းကောင်း..?"
"ဟုတ်...ယိမ်းယိမ်းသတင်းကောင်းပါးလိုက်တယ်ရောက်လား...."
"ရောက်ပါပြီ..."အေးရိပ်ရဲ့ဖြေသံမဟုတ်သောအသံသည်နောက်မှထွက်လာလေသည်......ထိုအချိန်ယိမ်းယိမ်းရဲ့ဖုန်းမှာလည်းကျသွားလေပြီ......
"ဦး!..."
"ဦးယာ....."
ဟုတ်ပါရဲ့...ဦးယာမှဦးယာစစ်စစ်ပါ...သူ့ကိုမတ်တပ်ရပ်ကြည့်နေလေသည်...ပြုံးလို့...အရင်လိုပိန်မနေတော့ဘဲတွေ့ကာစကလိုတောင့်တင်းတဲ့ခန္ဓာကိုယ်နဲ့ကျန်းမာတဲ့လူတစ်ယောက်အဖြစ်နဲ့......
"ကိုယ်တို့ပြန်တွေ့ကြပြန်ပြီနော်ရိပ်...."ဟုပြောကာအေးရိပ်ထံသို့လက်ကိုဆန့်တန်းပေးလေသည်.....
"လာပါဦး...ကိုယ့်ကိုမနှုတ်ဆက်တော့ဘူးလား..."
"နှုတ်ဆက်ရမှာပေါ့ဦးယာရယ်"ဟုပြောလျက်မင်းဦးယာ၏ရင်ခွင်ထဲသို့ပြေးဝင်မိသည်...နွေးထွေးသွားလိုက်တာ.....အရင်တုန်းကမသိသာခဲ့ပေမယ့်ခုလိုကျဦးယာဟာသိပ်ကိုအရပ်ရှည်တာပဲ...........တလိမ့်လိမ့်နှင့်ကျနေသောမျက်ရည်များကိုမင်းဦးယာဟာလက်ဖဝါးပြင်နွေးနွေးလေးနှင့်ပွတ်ဆွဲ၍သုတ်ပေးရှာသည်.....ရင်ခွင်ထဲမှခေါင်းလေးမော့ကာကြည့်နေရှာသောကောင်လေးသည်လွန်ခဲ့တဲ့၅နှစ်ကလိုသိပ်ကိုချစ်ဖို့ကောင်းသည်...အငိုမျက်လုံးလေးနဲ့အပြုံးမျက်နှာလေးနှင့်ရိပ်ဟာသိပ်အေးချမ်းသည်......
"ပြောပါဦး..ခုရောကိုယ့်ကိုစောင့်ရှောက်ပေးဦးမှာလား...."
"စောင့်ရှောက်ပေးဦးမှာပေါ့ဦးယာ.."
"တစ်သက်လုံးအတွက်ဆိုရင်ကော..."
"တစ်သက်လုံးအတွက်ဆိုရင်တောင်မငြီးမငြူနဲ့စောင့်ရှောက်ပါ့မယ်...."
"မြတ်နိုးလိုက်ရတာရိပ်ငယ်လေးရယ်...ကိုယ့်အတွက်အမြဲခွန်အားဖြစ်ခဲ့ပေးလို့ကျေးဇူးတင်ပါတယ်ကိုယ့်ရဲ့အားအင်လေးရယ်..."
မော့ကြည့်နေဆဲမျက်နှာလေးကိုစေ့စေ့ကြည့်ပြီးပြောတော့အသိအမှတ်ပြုဟန်ပြုံးလို့ရင်ခွင်ထဲခေါင်းတိုးဝင်လာလေသည်.....
"အပြင်မှာအရမ်းအေးတာကိုဘာလို့အမြဲစောင့်နေခဲ့တာလဲ...."
"အပြင်မှာအေးပေမယ့်ဦးယာပြန်လာတာကိုစောင့်နေတယ်ဆိုတဲ့စိတ်လေးကနွေးထွေးလွန်းတော့အအေးဒဏ်ကတောင်တိုးမဝင်တော့လို့ပေါ့ဦးယာရယ်...."
"ဟုတ်ပါပြီ...အရမ်းကြာသွားခဲ့လို့တောင်းပန်ပါတယ်နော်ရိပ်..."
"ဟင့်အင်း..မလိုပါဘူး...ဦးယာဂတိတည်တာနဲ့တင်ကျေနပ်ပါပြီ..."
"ရိပ်..."
"ဗျာ..."
"အရမ်းပင်ပန်းခဲ့ရပြီနော်..."
"မဟုတ်တာ..နည်းနည်းမှမပင်ပန်းခဲ့ပါဘူးဦးယာ...."
"အိမ်ထဲဝင်ရအောင်နော်ကိုယ့်ရဲ့ရိပ်ငယ်လေး....."
"ဟုတ်...."
ချစ်စကားတွေကိုတရစပ်မဆိုနေခဲ့ကြသော်လည်းတစ်ယောက်ကိုတစ်ယောက်လွတ်သွားမှာစိုးသည့်အလားမင်းဦးယာကလည်းအေးရိပ်ပုခုံးကိုတင်းကျပ်စွာဆုပ်ကိုင်ရင်းအေးရိပ်ကလည်းမင်းဦးယာရဲ့ခါးကိုတင်းတင်းကျပ်ကျပ်ဖက်ထားရင်း........
"Surprise!!"
"ဟင်..."
အိမ်ထဲသို့ဝင်လိုက်သည်နှင့်အိမ်ထဲတွင်ယိမ်းယိမ်းတို့လင်မယားရော..ဒေါက်တာမြတ်သူရော...ဖိုးနဲ့ဖွားရောကြီးမေနဲ့ဦးလေးပါရောက်နေကြလေသည်......
ဖိုးတို့ဖွားတို့မှာအသက်၆၀စွန်းစွန်းအရွယ်ရောက်နေပြီဖြစ်ပြီးသော်လည်းသားကိုမျှော်ကာပြန်လာရင်အရင်လိုထွေးပွေ့နိုင်ကြရေးအတွက်ကျန်းမာရေးကိုအထူးဂရုစိုက်ခဲ့ကြတာကြောင့်အသက်အရွယ်ထက်ပင်နုပျိုနေသယောင်ထင်ရလေသည်.....အားလုံးရဲ့အပြုံးမျက်နှာလေးတွေဟာလန်းဆန်းလို့....
"ဘယ်တုန်းကရောက်နေကြတာလဲ..."
"ဟီးဟီး..စောနတည်းက..."
"အယ်..အိမ်ရှေ့မှာမတွေ့မိဘူး..."
"နောက်ပေါက်ကခိုးဝင်လာကြတာဖေငယ်ကိုSurpriseလုပ်ရအောင်..."
ယိမ်းယိမ်းလေးရဲ့စကားအဆုံးမှာအေးရိပ်ပြုံးလိုက်မိသည်...စိတ်လိုလက်ရ...အားပါးတရ.....
ထိုနေ့လေးကထိုအိမ်လေးထဲမှာဝမ်းနည်းခြင်းတွေလုံးဝကင်းစင်သွားသောရယ်သံလေးတွေလွှမ်းလျက်.....ပျော်ရွှင်ခြင်း၊ကြည်နူးခြင်း၊ပီတိတွေဖြင့်သာလွှမ်းခြုံလျက်ချစ်ရိပ်မြုံလေးဟာပြည့်စုံသွားလေပြီ........
"ဦးယာ...."
"အင်း...ဒီနေ့လူတွေစုံသွားတော့ပင်ပန်းနေတော့မှာပဲ..."
"မပင်ပန်းပါဘူးဦးယာရဲ့....ဦးယာကမနေ့တည်းကဘာလို့လာမတွေ့ခဲ့တာလဲ..."
"တွေ့ချင်တာပေါ့.. မနေ့ကသမီးကရိပ်ဆီဖုန်းဆက်တော့ကိုယ်ရောက်နေပြီ..မင်းအသံကြားထဲကပြေးလာချင်ခဲ့တာ...သမီးကခုမသွားပါနဲ့တော့...သူ့ရဲ့ဖေငယ်မိုးလင်းတိုင်းဝမ်းနည်းနေရတာကိုသေချာမြင်အောင်ကြည့်ရမယ်ဆိုပြီးမနက်မှသွားခိုင်းလို့...."
"ယိမ်းလေးကတော့လုပ်ပြီ"
"ဟင့်အင်း...သမီးပြောတာမှန်ပါတယ်...ကိုယ်ကတော်တော်ဆိုးခဲ့တာပဲနော်...မင်းကို၅နှစ်ကြီးများတောင်စောင့်ခိုင်းမိတာ...."
"မဆိုးပါဘူးဦးယာရဲ့....ဦးယာကဆက်ဆက်ပြန်လာခဲ့တာပဲ...ဒီလိုကျန်းကျန်းမာမာပြန်လာပေးတာနဲ့တင်ကျွန်တော်ကျေနပ်ပြီ..."
"ရိပ်...ကိုယ့်နားလာပါဦး...."
ကုတင်ပေါ်တွင်ထိုင်နေသောဦးယာသည်လက်ကိုဆန့်တန်း၍သူ့အားခေါ်လေသည်.....ဦးယာ၏ဘေးတွင်ဝင်ထိုင်လိုက်တော့ယုယစွာထွေးပွေ့လာခဲ့သည် .....
"မင်းကကိုယ့်ရဲ့အလင်းရောင်လေး...အိမ်မက်နဲ့မျှော်လင့်ချက်ဆိုတာမနက်ဖြန်အတွက်အလင်းရောင်လို့ပြောကြတယ်သိလား....လွန်ခဲ့တဲ့၅နှစ်အတွင်းမှာကိုယ်မင်းတို့ရဲ့သတင်းတွေကိုမြတ်သူဆီကပြန်ကြားရပါတယ်....မင်းစောင့်နေတယ်ဆိုတဲ့အကြောင်းကိုသိရတော့ကိုယ်အရမ်းပျော်မိတယ်သိလား....ကိုယ်ရဲ့အိမ်မက်ကမင်း၊ကိုယ့်ရဲ့မျှော်လင့်ချက်ကမင်း၊ကိုယ့်ရဲ့မနက်ဖြန်အတွက်အလင်းရောင်ကလည်းမင်း....မင်းရှိနေတယ်ဆိုတဲ့စိတ်နဲ့ကိုယ်ကြိုးစားရှင်သန်ခဲ့တာ....ကိုယ့်ရဲ့မနက်ဖြန်တိုင်းမှာမင်းရှိနေမယ်ဆိုတဲ့စိတ်နဲ့.....မင်းကဝေးနေတာတောင်ကိုယ့်ကိုအားဖြစ်စေခဲ့တာပဲ....."
မင်းဦးယာ၏စကားဆုံးတော့အေးရိပ်ဝေဟာလှပစွာပြုံးလေသည်...ထိုအပြုံးလေးသည် မင်းဦးယာမျက်လုံးတွေပြန်မြင်ရတုန်းက၊အေးရိပ်ဝေဆိုတဲ့လူသားလေးကိုပထမဆုံးမြင်တွေ့ခဲ့ရတုန်းကလိုအပြုံးလေး...ကြည်လင်တယ်၊တောက်ပတယ်၊အေးချမ်းတယ်.........
"ကိုယ်တို့အနားယူကြတော့မလား..."
"ဟုတ်..."
"ဒီနေ့တော့ကိုယ်နဲ့အနီးဆုံးမှာနေပေးနော်...ကိုယ့်ရင်ခုန်သံကိုနားထောင်ပေး"
"နားထောင်ပေးပါ့မယ်ဦးယာ..."
ထို့နောက်နှစ်ဦးသားကုတင်ထက်ဝယ်လဲလျောင်းရင်းမင်းဦးယာသည်လည်းအေးရိပ်ကိုသူ့နှလုံးသားထဲမထည့်ရုံတမယ်သာဖက်ထားလေသည်......
"ဒီနေ့ညတော့ကျွန်တော်အိပ်တောင်ပျော်ပါ့မလားမသိဘူး..."
"ကိုယ်ကအိပ်ပျော်အောင်ကူညီမှာပေါ့....မျက်လုံးလေးမှိတ်ထား...ကိုယ်ပြောချင်တဲ့စကားတွေကိုသီချင်းလေးနဲ့ပြောပြမယ်...နားထောင်နေနော်ရိပ်ငယ်..."
"ဟုတ်"

🎶 အပြုံးနဲ့မှေးစက်တော့ချစ်သူရေ
ထပ်ပြီးတော့မဝေးတော့ဘူး
ငြိမ်းချမ်းလှပတဲ့ကိုယ့်အချစ်များစွာယူ
အလွမ်းများကြောင့်ကျခဲ့တဲ့မျက်ရည်တွေ
ဒီအချိန်မှာတိတ်လိုက်တော့
မျှော်လင့်ခဲ့ရတဲ့အချစ်ညလေး
အတူတူရောက်ရှိခဲ့ပေါ့...
အတူရောက်ရှိခဲ့ပေါ့.....
အပြာရောင်အချစ်ည
မင်းလှမ်းကြည့်လိုက်စမ်း
မိုးကောင်းကင်ထက်များတဲ့တို့အချစ်များ
ကြယ်စင်အားလုံးထက်လင်းတဲ့တို့ အချစ်များ
အပြာရောင်အချစ်ညကမ္ဘာမှာ.....
သီချင်းလေးနဲ့ချော့သိပ်ချင်တယ်
ဒီရင်မှာအိပ်စက်တော့
ပျောက်ဆုံးမသွားတော့မဲ့အချစ်ညလေး
ထာဝရသိမ်းထားလိုက်တော့
သိမ်းထားလိုက်တော့
အပြာရောင်အချစ်ည
မင်းလှမ်းကြညိ့လိုက်စမ်း
မိုးကောင်းကင်ထက်
များတဲ့တို့အချစ်များ
ကြယ်စင်အားလုံးထက်
လင်းတဲ့တို့အချစ်များ
အပြာရောင်အချစ်ညကမ္ဘာမှာ🎶
သံစဥ်မပါပါဘဲနှစ်ကိုယ်ကြားရုံသာဆိုနေသောမင်းဦးယာ၏သီချင်းသံလေးဟာထိုအခန်းလေးထဲသာယာစွာလွင့်ပျံ့လို့.......
သီချင်းလေးအဆုံးမှာအိပ်ပျော်သွားတဲ့ကောင်လေးရဲ့နဖူးပြင်လေးထက်ပထမဆုံးအကြိမ်ယုယစွာအနမ်းချွေမိသည်...
"အရမ်းကိုပင်ပန်းခဲ့ရပြီ
ကိုယ့်ရဲ့ရိပ်ငယ်လေး
ခုကစပြီးကိုယ့်ရင်ခွင်မှာပဲ
အပြုံးလေးနဲ့မှေးစက်တော့နော်
ကိုယ်တို့ဘယ်တော့မှမဝေးကြတော့ဘူးနော်
မင်းဘဝလေးလုံခြုံအောင်ခုကစပြီးကိုယ်ကနွေးထွေးမှုအပြည့်နဲ့တန်ဖိုးထားပေးပါ့မယ်........
ကိုယ့်ရဲ့အလင်းရောင်လေး၊ကိုယ့်ရဲ့ခွန်အားလေး၊ကိုယ့်ရဲ့မနက်ဖြန်လေးတစ်သက်လုံးအတွက်မင်းကိုကိုယ်စောင့်ရှောက်ပါ့မယ်
ရိပ်ငယ်.........."
အိပ်မောကျနေပြီဖြစ်သောမျက်နှာလေးကိုစေ့စေ့ကြည့်ရင်းလက်ဖဝါးနွေးနွေးနှင့်ပါးပြင်လေးထက်ပွတ်သပ်ပေးရင်း...စကားဆိုမိခဲ့သည်........
မဖိတ်ခေါ်ပါဘဲနဲ့ဝင်လာခဲ့တဲ့အထူးဧည့်သည်လေး
နွေးထွေးမှုတွေနဲ့အတူမေတ္တာတွေကိုပါသယ်ဆောင်လာခဲ့တယ်
အဖိုးမဖြတ်နိုင်တဲ့သံယောဇဥ်တွေကိုပြသပေးခဲ့တယ်
အလှပဆုံးဖြစ်တည်မှုလေးကိုရင်နှင့်အမျှပျိုးပေးခဲ့တယ်
အိမ်ရှင်တွေဟာလည်းထိုဧည့်သည်လေးကိုမနှင်ရက်ခဲ့သလို
ဧည့်သည်လေးဟာလည်းနွေးထွေးကြင်နာမှုတွေကိုဆက်လက်တည့်တံ့အောင်ထိန်းသိမ်းပေးခဲ့တယ်
သိပ်ကိုမြတ်နိုးရတဲ့ဧည့်သည်လေးရေ
မင်းဖန်တီးပေးတဲ့အရိပ်လေးက
အေးချမ်းလွန်းလို့
ထာဝရအတွက်ခိုလှုံပါရစေတော့ကွယ်
ပြီးပါပြီ.......☆Yate☆
//////////////////////////////////
"ဖေငယ်"
"မီးလေး..."
"ဟုတ်..."
"ဟုတ်..."
"ဒီဆောင်းတွင်းတောင်ကုန်တော့မယ်နော်ဦးယာ..ဘယ်တွေခရီးလွန်နေတာလဲ....ကျွန်တော်ဆက်စောင့်နေသေးတယ်ဦးယာရဲ့......ဦးယာတောင်အဖိုးဖြစ်တော့မယ်သိလား...ဦးယာကအဖိုးဖြစ်ဖို့စောဦးမယ်ထင်တယ်နော်....ယိမ်းယိမ်းလေးကိုသေချာမပေးနိုင်ခဲ့တဲ့အချစ်တွေမြေးလေးကိုတော့ပေးရမယ်မလားဦးယာ...ကျွန်တော့်အသက်တောင်၃ဂဏန်းထိပ်စီးပြောင်းသွားပြီ..ဦးယာလည်း၎ဂဏန်းထိပ်စီးပြောင်းလောက်ရောပေါ့နော်...လုံးလုံးလေးကတော့အရမ်းခန့်တဲ့ဦးယာကိုအဖိုးတော်ရမှာဆိုတော့ပျော်နေတော့မှာပဲ...ဘယ်တွေရောက်နေလဲဦးယာ...."
"ဟယ်လို..."
"ဟယ်လိုဖေငယ်..."
"ဖေငယ်နေကောင်းရဲ့လား..."
"သတင်းကောင်း..?"
"ဟုတ်..."
"ဘာများလဲဗျ.."
"ဟုတ်ပါပြီ...."
"ဟုတ်..."
မနက်ဖြန်ယိမ်းယိမ်းလေးတို့လာမည်ဆိုတာကြောင့်သူလည်းပဲမုန့်လုပ်ကျွေးရအောင်ညနေခင်းလေးတွင်ဈေးဝယ်ထွက်လိုက်လေသည်......ထိုနေ့ကတော့အိမ်သန့်ရှင်းရေးလုပ်၊မုန့်လုပ်ကျွေးရန်ပြင်ဆင်နှင့်အေးရိပ်ဝေမှာဦးယာကိုတောင်ပြည့်ပြည့်ဝဝမလွမ်းခဲ့ရပါ...........
"ဟယ်လို..."
"သတင်းကောင်း..?"
"ဦး!..."
"ဦးယာ....."
"ရိပ်..."
"ဗျာ..."
"ဟုတ်...."
"Surprise!!"
"ဟင်..."
"ဟီးဟီး..စောနတည်းက..."
"ဦးယာ...."
"ရိပ်...ကိုယ့်နားလာပါဦး...."
"ဟုတ်..."
"ဟုတ်"

အတူရောက်ရှိခဲ့ပေါ့.....
အပြာရောင်အချစ်ည
ဒီရင်မှာအိပ်စက်တော့
သိမ်းထားလိုက်တော့
အပြာရောင်အချစ်ည
မိုးကောင်းကင်ထက်
ကြယ်စင်အားလုံးထက်
ကိုယ့်ရဲ့ရိပ်ငယ်လေး
ရိပ်ငယ်.........."
အေးချမ်းလွန်းလို့
ပြီးပါပြီ.......☆Yate☆

Коментарі