အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း_၂၂
အပိုင္း_၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၁၀
Zawgyi...

တိတ္ဆိတ္ေနေသာ နံနက္ခင္းကို ၿဖိဳခြင္းလိုက္သည့္အသံသည္ကား....

"ငါးမူးေနၿပီေဟ့ ငါးမူးေနၿပီ"

႐ြာလမ္းမတစ္ေလ်ာက္ ေအာ္ဟစ္သြားေသာ အသံ။
ထို႔ေနာက္ အိမ္ထဲမွ ငါးဖမ္းရာတြင္ အသံုးျပဳဖို႔႔ရာအတြက္ ပိုက္ကြန္၊ ဇကာ၊ ျခင္း၊ ဗန္း၊ အိတ္ စသည္ျဖင့္ အလ်ွိုလ်ွိုယူေဆာင္ၿပီး ထြက္လာၾကေသာ ႐ြာသူ႐ြာသားမ်ားအျပင္ ကေလးငယ္မ်ား။ၿပီးေနာက္ ေျမာင္းႀကီးရွိရာဆီသို႔ အေျပးအလႊားသြားၾကေလသည္။

"အေမ!!!!!"
အိမ္ထဲသို႔ အေျပးဝင္လာကာ အေမ့အား ေအာ္ေခၚလိုက္ေသာ ဝႆန္။

"ေအာင္မေလး ငါ့နားေတာ့ ကန္းေတာ့မွာပဲ ဘာလို႔ တအားေအာ္ေနရတာလဲ မင္းဝႆန္ရဲ႕"
"ေမ့ ေျမာင္းထဲမွာေလ ငါးမူးေနၿပီတဲ့ ေမမၾကားဘူးလား"
"ၾကားသားပဲ အဲ့တာ ငါဘာလုပ္ရမွာလဲ"
"ဟာ ေမကလဲ ဖမ္းမွာေပါ့ဗ်"
"အို မဖမ္းခ်င္ပါဘူး အကုသိုလ္ကို ဝယ္မရွာစမ္းပါနဲ႔ ၿပီးမွ သူမ်ားဖမ္းၿပီးသား ငါးအေသကိုပဲ ဝယ္စားေတာ့မယ္"
"ဟာဗ်ာ ေမကလဲ သားကဖမ္းဖူးေအာင္ ဖမ္းၾကည့္ခ်င္တာဗ်"
"ေတာ္ ငါမဖမ္းနဲ႔ဆို မဖမ္းနဲ႔ေလ နင္က အေမထက္ သားတစ္လႀကီးခ်င္တာလား"
"ဟာဗ်ာ အေမကဗ်ာ"
"သြား စာက်က္ေခ်ေတာ့ ငါထပ္ၿပီး ငါးဖမ္းဖို႔ရာ မၾကားခ်င္ေတာ့ဘူးေနာ္"

ဝႆန္တစ္ေယာက္ နႈတ္ခမ္းတစ္ေတာင္ေလာက္ ဆူကာျဖင့္ အိမ္အေပၚထပ္သို႔ တက္သြားေလသည္။

ခဏအၾကာ...

"ေမ ေမ့"
"လာျပန္ၿပီ တစ္ေယာက္ ေမႊးေရ ငါမီးဖိုခန္းထဲမွာ ဘာလို႔ဒီေလာက္ေအာ္ေနရတာလဲ"
"ေၾသာ္ ေမကလဲ ေမ့ မျမင္လို႔ေအာ္ေနတာေပါ့"

ေမႊးလည္း ေမရွိရာ မီးဖိုခန္းထဲသို႔ ဝင္သြားလိုက္ရင္း စကားျပန္လိုက္ေလသည္။

"ဒီလို ေမရဲ႕ သမီးသူငယ္ခ်င္းေတြပါလာလို႔ အဲ့ဒါ"
"ေၾသာ္ အဲ့တာမ်ား ဧည့္ခန္းထဲ ခဏထိုင္ခိုင္းလိုက္ဦး ေမ လက္ဖက္သုတ္ေပးမယ္ ခဏေစာင့္"
"ဟုတ္ ေမ့"

ၿပီးေနာက္ မီးဖိုခန္းထဲမွ ျပန္ထြက္လာကာ...

"ကဲ လာထိုင္ၾကဦး ငါအဝတ္အစားသြားလဲလိုက္ဦးမယ္ ခဏေလး"
"ေအးပါဟယ္ ရပါတယ္"

ေအာက္ထပ္က မမအသံၾကားကတည္းက ဝႆန္ အခန္းတံခါးအား နည္းနည္ဖြင့္ကာ ေခ်ာင္းနားေထာင္ေနမိစဥ္ အိမ္ေပၚတက္လာေသာ မမအား ျမင္လိုက္ရေသာေၾကာင့္...

"မမ"
"အမေလး အေမ့.. ဝႆန္ရယ္ လန္႔လိုက္တာ ဘာလဲ"
"ဟို ငါးမူးေနတယ္လို႔"
"ငါက အဲ့တာဘာလုပ္ရမွာလဲ"
"ဟာ နင္ကလည္း"
"ေၾသာ္ ေအာက္မွာ ငါ့သူငယ္ခ်င္းေတြပါလာလို႔ ေမေမလက္ဖက္သုတ္ေပးေနတယ္ နင္ကူစရာရွိတာ သြားကူလိုက္ဦး ၿပီးရင္ငါလာခဲ့မယ္"

ေျပာၿပီး အခန္းထဲ ဝင္သြားေသာ ေမႊးအားၾကည့္ရင္းျဖင့္ ဝႆန္မ်က္ေစာင္းထိုးကာ ေအာက္ထပ္သို႔ ဆင္းလာခဲ့ေလသည္။

မီးဖိုခန္းထဲမသြားခင္ ဧည့္ခန္းထဲသို႔ မ်က္စိေဝ့ၾကည့္လိုက္ေလရာ အသားညိဳညိဳ၊ အရပ္ရွည္ရွည္ အကိုႀကီးက သူ႔အျမင္အာရံုကို ဖမ္းစားသြားေလသည္။

'ဟာ ဟုတ္သား ငါအဲ့အကိုႀကီးကို သြားကပ္ၿပီး ငါးဖမ္းဖို႔ရာ အေဖာ္ညႇိၾကည့္ရမယ္' ဟု ေတြးလိုက္ေလသည္။

ခက္ထန္ ေလွကားမွဆင္းလာေသာ မ်က္လံုးဝုိင္းဝုိင္း၊ ဆံပင္ခပ္အုပ္အုပ္၊ အသားေဖြးေဖြးနဲ႔ ေကာင္ေလးက သူ႔အား ေငးၾကည့္ကာ တစ္ခုခုကို ေတြးေတာေနသည့္ပံုေပါက္ေနတာေၾကာင့္ ေသခ်ာစူးစိုက္ၾကည့္မိေလသည္။

'ခ်စ္စရာေလးပဲ'ဟုလည္း စိတ္ထဲက ေတြးမိလိုက္သည္။

တစ္ျဖည္းျဖည္းျဖင့္ ေကာင္ေလးဟာ သူ႔အနားသို႔တိုးကပ္လာၿပီး အနီးရွိ လြတ္ေနေသာခံုတြင္ဝင္ထိုင္ကာ စကားတစ္ခြန္းဆိုလာေလသည္။

"အကို ငါးဖမ္းသြားရေအာင္"တဲ့
"အမ္"
"အဲ အကိုတို႔က စာေမးပြဲ နီးၿပီမို႔ စာအတူတူလုပ္ဖို႔လာတာ ညီေလးရဲ႕"
"ဟာ မသိဘူးဗ်ာ ကြၽန္ေတာ္က ငါးဖမ္းခ်င္ေနတာ အာ့ေၾကာင့္ လိုက္ခဲ့လို႔ ေနာ္ ေနာ္"

မ်က္လံုးဝိုင္းဝိုင္းေလးမ်ားျဖင့္ နႈတ္ခမ္းေထာ္ကာ တစ္ေနာ္ထဲေနာ္ၿပီး ေျပာေနေသာ ေကာင္ေလးအားၾကည့္ရင္း ခက္ထန္စိတ္ေတြ ေဆာက္တည္ရာမရပင္္ ျဖစ္လာေလသည္။မခံနိုင္သည့္ ေနာက္ဆံုးမွာေတာ့"အင္း"ဟုဆိုကာ ထိုေကာင္ေလး ေခၚေဆာင္ရာေနာက္သို႔ လိုက္ခဲ့ေလေတာ့သည္။

"ဟဲ့ ဟဲ့ ဝႆန္ နင္ငါ့သူငယ္ခ်င္းကို ဘယ္ေခၚသြားတာလဲ"

ေမႊးတစ္ေယာက္ဟာျဖင့္ အိမ္ထဲက ေအာ္ေခၚရင္း က်န္ခဲ့ေလရဲ႕။

သူတို႔အလာတုန္းက ျမင္ခဲ့ရသည့္ေျမာင္းႀကီးေဘး၌ လူေတြဟာ ႀကိတ္ႀကိတ္တိုးလ်က္ ရွိ၏။ေျမာင္းနံေဘး၌ ငါးေကာက္ေနေသာ ကေလးသူငယ္မ်ား၊ ေျမာင္းထဲ၌ ငါးဖမ္းကာ ပစ္တင္ေနေသာ လူႀကီးမိဘမ်ားျဖင့္ ဆူညံလ်က္။

"အကို ခင္ဗ်ားဆင္းဖမ္းမလား"
"အင္ ငါဖမ္းရမယ္"
"အင္းေလ ခင္ဗ်ားက ကြၽန္ေတာ္ထက္ အရပ္လဲပိုရွည္ေတာ့ ခင္ဗ်ားဖမ္းတာ ပိုအဆင္ေျပမယ္ထင္တယ္"
"ေၾသာ္ ေအးေအး"
"အာ့ဆို ဆင္းေတာ့"
"အမ္"
"ဟာဗ်ာ ခင္ဗ်ားကလည္း ရုပ္ၾကည့္ၿပီးမထင္ရဘူး ေၾကာင္ေတာင္ေတာင္နဲ႔ ေရထဲဆင္းၿပီး ငါးဖမ္းေတာ့လို႔ ေျပာေနတာ"
"ေၾသာ္ ေအးေအး"

ထို႔ေနာက္ ေရထဲသို႔ဆင္းကာ ငါးဖမ္းရေလေတာ့သည္။

"ဟာဗ်ာ ခင္ဗ်ားခုခ်ိန္ထိ ငါးတစ္ေကာင္မွမမိေသးဘူးလားဗ် ကြၽန္ေတာ္ ဘယ္ခ်ိန္မွေကာက္ရမွာလဲ"

ဝႆန္ေျပာလည္း ေျပာခ်င္စရာပင္။ခက္ထန္ေရထဲဆင္းကာ ငါးဖမ္းေနသည္မွာၾကာလွၿပီ။ ေဘးကလူေတြကသာ ငါးေတြမိၿပီး ကုန္းေပၚက သူတို႔ကေလးေတြဆီ ငါးေတြပစ္တင္ၿပီးေကာက္ခိုင္းလိုက္ ငါးဖမ္းမိလို႔ ကေလးေတြက ေပ်ာ္ၿပီးေအာ္လိုက္ျဖင့္ သူ႔ေဘးကသာ ဆူညံေနတာ သူကေတာ့ ငါးတစ္ေကာင္မေျပာနဲ႔ ပုစြန္ဆိတ္တစ္ေကာင္ေတာင္ မမိေသး။

"မျဖစ္ေတာ့ဘူး ခင္ဗ်ားတက္ခဲ့ေတာ့ ကြၽန္ေတာ့္ဖာသာကြၽန္ေတာ္ ဆင္းဖမ္းေတာ့မယ္"ေျပာရင္း ခက္ထန္အား ကုန္းေပၚဆြဲတင္ကာ သူကေရထဲဆင္းသြားေလသည္။

"ဟာ မိၿပီဗ်ိဳ႕ မိၿပီ။ ကြၽန္ေတာ္ပစ္လိုက္မယ္ ခင္ဗ်ားေကာက္ၿပီး ေဘးက ပလက္စတစ္အိတ္ထဲထည့္လိုက္ေနာ္"
"ေအး ေအး ပစ္လိုက္ေတာ့"
"ဝွီးးးးး ဖက္"

ဝႆန္ပစ္လိုက္ေသာ ငါးသည္ ကုန္းေပၚမက်ဘဲ ခက္ထန္ မ်က္နွာေပၚသို႔ က်သြားေလသည္။

"အားးး"
ဟုေအာ္ရင္း ငါးအား ေဘးသု႔ိပစ္လႊတ္လိုက္ေလသည္။
"ဝါး ဟား ဟား ဟား"
ေဘးက ကေလးငယ္မ်ားက သူ႔အားၾကည့္ကာ ဝိုင္းရယ္ၾကေလေတာ့သည္။

"ဟာ ခင္ဗ်ား ဘာလို႔ ငါးကိုလႊင့္ပစ္ရတာလဲ"
"မင္းငါးက ငါ့မ်က္နွာေပၚေရာက္လာတာကိုး"

ငါးမွာေတာ့ ပစ္လိုက္သည့္အရွိန္ေၾကာင့္ ေျမာင္းနႈတ္ခမ္းေဘးသို႔ေရာက္ကာ ထြန္႔ထြန္႔လူးရင္းျဖင့္ ေရထဲျပန္ေရာက္သြားေလေတာ့သည္။

"ဟာဗ်ာ ခင္ဗ်ားကိုေခၚလာတာ မွားၿပီထင္ပါတယ္ ဘာမွကိုအသံုးမက်ဘူး ဒီတစ္ခါေတာ့ ေသခ်ာမိေအာင္ဖမ္းေနာ္"
"ေအးပါကြာ"
"ဟြန္႔"

ေျပာၿပီး မ်က္ေစာင္းထိုးကာ ျပန္လွည့္သြားေသာ ေကာင္ေလအား ခက္ထန္ ၿပံဳးၾကည့္လိုက္ေလသည္။

"ဒီမယ္ တစ္ေကာင္ ပစ္ၿပီေနာ္ ေသခ်ာဖမ္းထား"
"ေအး"
ေျပာရင္း ခက္ထန္ လက္နွစ္ဖက္အား ေရွ႕သို႔ထုတ္ကာ ဖမ္းဖို႔ရာ အသင့္ျပင္လိုက္ေလသည္။

"ရၿပီ ပစ္ေတာ့"

သို႔ေသာ္လည္း...

"အားးး!!!"

အခုနထက္ဆိုးေသာ အသံနက္ႀကီးနွင့္အတူ လက္ကိုဆုပ္ကိုင္ကာ မ်က္ရည္ေတြပါဝဲလာေသာ ခက္ထန္။

"ဘာ ဘာျဖစ္တာလဲ "

ေအာ္သံႀကီးေၾကာင့္ ဝႆန္လည္း အလန္႔တၾကား ကုန္းေပၚသို႔ ေျပးတက္လာေလသည္။
ထို႔ေနာက္ ဆုပ္ကိုင္ထားေသာ လက္ကိုဖြင့္ၾကည့္လိုက္ေလရာ ရဲေနေသာ ေသြးမ်ားနွင့္အတူ အနားသို႔အေျပးအလႊားေရာက္လာေသာ မမနဲ႔ သူ႔သူငယ္ခ်င္းမ်ား။

"ဟဲ့ ဘာျဖစ္တာလဲ ဝႆန္ ဟဲ့ ငါေမးေနတယ္ေလ"

မေျဖဘဲ ရပ္ကာၾကည့္ေနေသာ ဝႆန္႔အား ေမႊးေျပာလိုက္ေလရာ အထစ္ထစ္အေငါ့ေငါ့ျဖင့္ ေျပာလာေလေသာ ဝႆန္။

"င ငါး ငါးက်ီး တြက္တာ"
"ဘာ"
"ေအး နင္အိမ္ေရာက္ရင္ ေသမယ့္သာျပင္ထား ေမေမနဲ႔ကို တိုင္ေျပာမယ္"

ထိုေန႔က ဝႆန္တစ္ေယာက္ ေမေမရိုက္တာ ခံလိုက္ရသလို ေနာက္ေန႔၌ ခက္ထန္မွာလဲ စာေမးပြဲနီးခ်ိန္မွာ ဖ်ားၿပီး ေက်ာင္းပ်က္ခဲ့ရေလသည္။

------------------
ခုတစ္ေလာ ကိုယ္ ေပ်ာက္သြားခဲ့ရလို႔ ေတာင္းပန္ပါတယ္ေနာ္💜
_________

Unicode...

တိတ်ဆိတ်နေသော နံနက်ခင်းကို ဖြိုခွင်းလိုက်သည့်အသံသည်ကား....

"ငါးမူးနေပြီဟေ့ ငါးမူးနေပြီ"

ရွာလမ်းမတစ်လျောက် အော်ဟစ်သွားသော အသံ။
ထို့နောက် အိမ်ထဲမှ ငါးဖမ်းရာတွင် အသုံးပြုဖို့ရာအတွက် ပိုက်ကွန်၊ ဇကာ၊ ခြင်း၊ ဗန်း၊ အိတ် စသည်ဖြင့် အလျှိုလျှိုယူဆောင်ပြီး ထွက်လာကြသော ရွာသူရွာသားများအပြင် ကလေးငယ်များ။ပြီးနောက် မြောင်းကြီးရှိရာဆီသို့ အပြေးအလွှားသွားကြလေသည်။

"အမေ!!!!!"
အိမ်ထဲသို့ အပြေးဝင်လာကာ အမေ့အား အော်ခေါ်လိုက်သော ဝဿန်။

"အောင်မလေး ငါ့နားတော့ ကန်းတော့မှာပဲ ဘာလို့ တအားအော်နေရတာလဲ မင်းဝဿန်ရဲ့"
"မေ့ မြောင်းထဲမှာလေ ငါးမူးနေပြီတဲ့ မေမကြားဘူးလား"
"ကြားသားပဲ အဲ့တာ ငါဘာလုပ်ရမှာလဲ"
"ဟာ မေကလဲ ဖမ်းမှာပေါ့ဗျ"
"အို မဖမ်းချင်ပါဘူး အကုသိုလ်ကို ဝယ်မရှာစမ်းပါနဲ့ ပြီးမှ သူများဖမ်းပြီးသား ငါးအသေကိုပဲ ဝယ်စားတော့မယ်"
"ဟာဗျာ မေကလဲ သားကဖမ်းဖူးအောင် ဖမ်းကြည့်ချင်တာဗျ"
"တော် ငါမဖမ်းနဲ့ဆို မဖမ်းနဲ့လေ နင်က အမေထက် သားတစ်လကြီးချင်တာလား"
"ဟာဗျာ အမေကဗျာ"
"သွား စာကျက်ချေတော့ ငါထပ်ပြီး ငါးဖမ်းဖို့ရာ မကြားချင်တော့ဘူးနော်"

ဝဿန်တစ်ယောက် နှုတ်ခမ်းတစ်တောင်လောက် ဆူကာဖြင့် အိမ်အပေါ်ထပ်သို့ တက်သွားလေသည်။

ခဏအကြာ...

"မေ မေ့"
"လာပြန်ပြီ တစ်ယောက် မွှေးရေ ငါမီးဖိုခန်းထဲမှာ ဘာလို့ဒီလောက်အော်နေရတာလဲ"
"သြော် မေကလဲ မေ့ မမြင်လို့အော်နေတာပေါ့"

မွှေးလည်း မေရှိရာ မီးဖိုခန်းထဲသို့ ဝင်သွားလိုက်ရင်း စကားပြန်လိုက်လေသည်။

"ဒီလို မေရဲ့ သမီးသူငယ်ချင်းတွေပါလာလို့ အဲ့ဒါ"
"သြော် အဲ့တာများ ဧည့်ခန်းထဲ ခဏထိုင်ခိုင်းလိုက်ဦး မေ လက်ဖက်သုတ်ပေးမယ် ခဏစောင့်"
"ဟုတ် မေ့"

ပြီးနောက် မီးဖိုခန်းထဲမှ ပြန်ထွက်လာကာ...

"ကဲ လာထိုင်ကြဦး ငါအဝတ်အစားသွားလဲလိုက်ဦးမယ် ခဏလေး"
"အေးပါဟယ် ရပါတယ်"

အောက်ထပ်က မမအသံကြားကတည်းက ဝဿန် အခန်းတံခါးအား နည်းနည်ဖွင့်ကာ ချောင်းနားထောင်နေမိစဉ် အိမ်ပေါ်တက်လာသော မမအား မြင်လိုက်ရသောကြောင့်...

"မမ"
"အမလေး အမေ့.. ဝဿန်ရယ် လန့်လိုက်တာ ဘာလဲ"
"ဟို ငါးမူးနေတယ်လို့"
"ငါက အဲ့တာဘာလုပ်ရမှာလဲ"
"ဟာ နင်ကလည်း"
"သြော် အောက်မှာ ငါ့သူငယ်ချင်းတွေပါလာလို့ မေမေလက်ဖက်သုတ်ပေးနေတယ် နင်ကူစရာရှိတာ သွားကူလိုက်ဦး ပြီးရင်ငါလာခဲ့မယ်"

ပြောပြီး အခန်းထဲ ဝင်သွားသော မွှေးအားကြည့်ရင်းဖြင့် ဝဿန်မျက်စောင်းထိုးကာ အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။

မီးဖိုခန်းထဲမသွားခင် ဧည့်ခန်းထဲသို့ မျက်စိဝေ့ကြည့်လိုက်လေရာ အသားညိုညို၊ အရပ်ရှည်ရှည် အကိုကြီးက သူ့အမြင်အာရုံကို ဖမ်းစားသွားလေသည်။

'ဟာ ဟုတ်သား ငါအဲ့အကိုကြီးကို သွားကပ်ပြီး ငါးဖမ်းဖို့ရာ အဖော်ညှိကြည့်ရမယ်' ဟု တွေးလိုက်လေသည်။

ခက်ထန် လှေကားမှဆင်းလာသော မျက်လုံးဝိုင်းဝိုင်း၊ ဆံပင်ခပ်အုပ်အုပ်၊ အသားဖွေးဖွေးနဲ့ ကောင်လေးက သူ့အား ငေးကြည့်ကာ တစ်ခုခုကို တွေးတောနေသည့်ပုံပေါက်နေတာကြောင့် သေချာစူးစိုက်ကြည့်မိလေသည်။

'ချစ်စရာလေးပဲ'ဟုလည်း စိတ်ထဲက တွေးမိလိုက်သည်။

တစ်ဖြည်းဖြည်းဖြင့် ကောင်လေးဟာ သူ့အနားသို့တိုးကပ်လာပြီး အနီးရှိ လွတ်နေသောခုံတွင်ဝင်ထိုင်ကာ စကားတစ်ခွန်းဆိုလာလေသည်။

"အကို ငါးဖမ်းသွားရအောင်"တဲ့
"အမ်"
"အဲ အကိုတို့က စာမေးပွဲ နီးပြီမို့ စာအတူတူလုပ်ဖို့လာတာ ညီလေးရဲ့"
"ဟာ မသိဘူးဗျာ ကျွန်တော်က ငါးဖမ်းချင်နေတာ အာ့ကြောင့် လိုက်ခဲ့လို့ နော် နော်"

မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် နှုတ်ခမ်းထော်ကာ တစ်နော်ထဲနော်ပြီး ပြောနေသော ကောင်လေးအားကြည့်ရင်း ခက်ထန်စိတ်တွေ ဆောက်တည်ရာမရပင် ဖြစ်လာလေသည်။မခံနိုင်သည့် နောက်ဆုံးမှာတော့"အင်း"ဟုဆိုကာ ထိုကောင်လေး ခေါ်ဆောင်ရာနောက်သို့ လိုက်ခဲ့လေတော့သည်။

"ဟဲ့ ဟဲ့ ဝဿန် နင်ငါ့သူငယ်ချင်းကို ဘယ်ခေါ်သွားတာလဲ"

မွှေးတစ်ယောက်ဟာဖြင့် အိမ်ထဲက အော်ခေါ်ရင်း ကျန်ခဲ့လေရဲ့။

သူတို့အလာတုန်းက မြင်ခဲ့ရသည့်မြောင်းကြီးဘေး၌ လူတွေဟာ ကြိတ်ကြိတ်တိုးလျက် ရှိ၏။မြောင်းနံဘေး၌ ငါးကောက်နေသော ကလေးသူငယ်များ၊ မြောင်းထဲ၌ ငါးဖမ်းကာ ပစ်တင်နေသော လူကြီးမိဘများဖြင့် ဆူညံလျက်။

"အကို ခင်ဗျားဆင်းဖမ်းမလား"
"အင် ငါဖမ်းရမယ်"
"အင်းလေ ခင်ဗျားက ကျွန်တော်ထက် အရပ်လဲပိုရှည်တော့ ခင်ဗျားဖမ်းတာ ပိုအဆင်ပြေမယ်ထင်တယ်"
"သြော် အေးအေး"
"အာ့ဆို ဆင်းတော့"
"အမ်"
"ဟာဗျာ ခင်ဗျားကလည်း ရုပ်ကြည့်ပြီးမထင်ရဘူး ကြောင်တောင်တောင်နဲ့ ရေထဲဆင်းပြီး ငါးဖမ်းတော့လို့ ပြောနေတာ"
"သြော် အေးအေး"

ထို့နောက် ရေထဲသို့ဆင်းကာ ငါးဖမ်းရလေတော့သည်။

"ဟာဗျာ ခင်ဗျားခုချိန်ထိ ငါးတစ်ကောင်မှမမိသေးဘူးလားဗျ ကျွန်တော် ဘယ်ချိန်မှကောက်ရမှာလဲ"

ဝဿန်ပြောလည်း ပြောချင်စရာပင်။ခက်ထန်ရေထဲဆင်းကာ ငါးဖမ်းနေသည်မှာကြာလှပြီ။ ဘေးကလူတွေကသာ ငါးတွေမိပြီး ကုန်းပေါ်က သူတို့ကလေးတွေဆီ ငါးတွေပစ်တင်ပြီးကောက်ခိုင်းလိုက် ငါးဖမ်းမိလို့ ကလေးတွေက ပျော်ပြီးအော်လိုက်ဖြင့် သူ့ဘေးကသာ ဆူညံနေတာ သူကတော့ ငါးတစ်ကောင်မပြောနဲ့ ပုစွန်ဆိတ်တစ်ကောင်တောင် မမိသေး။

"မဖြစ်တော့ဘူး ခင်ဗျားတက်ခဲ့တော့ ကျွန်တော့်ဖာသာကျွန်တော် ဆင်းဖမ်းတော့မယ်"ပြောရင်း ခက်ထန်အား ကုန်းပေါ်ဆွဲတင်ကာ သူကရေထဲဆင်းသွားလေသည်။

"ဟာ မိပြီဗျို့ မိပြီ။ ကျွန်တော်ပစ်လိုက်မယ် ခင်ဗျားကောက်ပြီး ဘေးက ပလက်စတစ်အိတ်ထဲထည့်လိုက်နော်"
"အေး အေး ပစ်လိုက်တော့"
"ဝှီးးးးး ဖက်"

ဝဿန်ပစ်လိုက်သော ငါးသည် ကုန်းပေါ်မကျဘဲ ခက်ထန် မျက်နှာပေါ်သို့ ကျသွားလေသည်။

"အားးး"
ဟုအော်ရင်း ငါးအား ဘေးသုိ့ပစ်လွှတ်လိုက်လေသည်။
"ဝါး ဟား ဟား ဟား"
ဘေးက ကလေးငယ်များက သူ့အားကြည့်ကာ ဝိုင်းရယ်ကြလေတော့သည်။

"ဟာ ခင်ဗျား ဘာလို့ ငါးကိုလွှင့်ပစ်ရတာလဲ"
"မင်းငါးက ငါ့မျက်နှာပေါ်ရောက်လာတာကိုး"

ငါးမှာတော့ ပစ်လိုက်သည့်အရှိန်ကြောင့် မြောင်းနှုတ်ခမ်းဘေးသို့ရောက်ကာ ထွန့်ထွန့်လူးရင်းဖြင့် ရေထဲပြန်ရောက်သွားလေတော့သည်။

"ဟာဗျာ ခင်ဗျားကိုခေါ်လာတာ မှားပြီထင်ပါတယ် ဘာမှကိုအသုံးမကျဘူး ဒီတစ်ခါတော့ သေချာမိအောင်ဖမ်းနော်"
"အေးပါကွာ"
"ဟွန့်"

ပြောပြီး မျက်စောင်းထိုးကာ ပြန်လှည့်သွားသော ကောင်လေအား ခက်ထန် ပြုံးကြည့်လိုက်လေသည်။

"ဒီမယ် တစ်ကောင် ပစ်ပြီနော် သေချာဖမ်းထား"
"အေး"
ပြောရင်း ခက်ထန် လက်နှစ်ဖက်အား ရှေ့သို့ထုတ်ကာ ဖမ်းဖို့ရာ အသင့်ပြင်လိုက်လေသည်။

"ရပြီ ပစ်တော့"

သို့သော်လည်း...

"အားးး!!!"

အခုနထက်ဆိုးသော အသံနက်ကြီးနှင့်အတူ လက်ကိုဆုပ်ကိုင်ကာ မျက်ရည်တွေပါဝဲလာသော ခက်ထန်။

"ဘာ ဘာဖြစ်တာလဲ "

အော်သံကြီးကြောင့် ဝဿန်လည်း အလန့်တကြား ကုန်းပေါ်သို့ ပြေးတက်လာလေသည်။
ထို့နောက် ဆုပ်ကိုင်ထားသော လက်ကိုဖွင့်ကြည့်လိုက်လေရာ ရဲနေသော သွေးများနှင့်အတူ အနားသို့အပြေးအလွှားရောက်လာသော မမနဲ့ သူ့သူငယ်ချင်းများ။

"ဟဲ့ ဘာဖြစ်တာလဲ ဝဿန် ဟဲ့ ငါမေးနေတယ်လေ"

မဖြေဘဲ ရပ်ကာကြည့်နေသော ဝဿန့်အား မွှေးပြောလိုက်လေရာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလာလေသော ဝဿန်။

"င ငါး ငါးကျီး တွက်တာ"
"ဘာ"
"အေး နင်အိမ်ရောက်ရင် သေမယ့်သာပြင်ထား မေမေနဲ့ကို တိုင်ပြောမယ်"

ထိုနေ့က ဝဿန်တစ်ယောက် မေမေရိုက်တာ ခံလိုက်ရသလို နောက်နေ့၌ ခက်ထန်မှာလဲ စာမေးပွဲနီးချိန်မှာ ဖျားပြီး ကျောင်းပျက်ခဲ့ရလေသည်။

------------------
ခုတစ်လော ကိုယ် ပျောက်သွားခဲ့ရလို့ တောင်းပန်ပါတယ်နော်💜
_________
© Kout Tay,
книга «ေႂကြ».
အပိုင္း-၁၁
Коментарі