အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း_၂၂
အပိုင္း_၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၄
Zawgyi...

တျဖည္းျဖည္းနွင့္ မင္းဝႆန္ေလးဟာလည္း ၄ လသားအ႐ြယ္ ကေလးေလးအျဖစ္ ေရာက္လာခဲ့ၿပီ။ရင္းနွီးသူမိတ္ေဆြေတြနဲ႔ ေဆြမ်ိဳးေတြရဲ႕ ကေလးအတြက္ဝယ္ေပးသည့္ အဝတ္အစား၊ အားေဆးတို႔အျပင္ အခ်ိဳ႕ေသာ အသံုးအေဆာင္ ပစၥည္းမ်ားကလည္း အေျမာက္အျမား။

မိုးျပာေရာင္ေကာင္းကင္ထက္၌ တိမ္ျဖဴလြလြကေလးမ်ားက ယွက္သန္းေနၿပီး သူရိန္ေနမင္းႀကီးလည္း ဝင့္ႂကြားစြာထြက္ေပၚေနခ်ိန္။အိမ္ဝိုင္းထဲက မန္က်ည္းပင္အိုႀကီးေအာက္မွာ အရိပ္ခိုရင္း အရုပ္တိုင္းေဆာ့ေနၾကေသာ ေကာင္မေလးနွစ္ေယာက္။

ခဏအၾကာမွာ အိမ္ဝိုင္းထဲသို႔ဝင္လာေသာ အျဖဴေရာင္ကားေလးတစ္စီး။ထိုကားဝင္လာသည္နွင့္ အရုပ္တိုင္းေဆာ့ေနေသာ ေကာင္မေလးနွစ္ေယာက္အနက္ အျပာႏုေရာင္ဂါဝန္ေလးကို ဝတ္ဆင္ထားၿပီး ၾကက္ေတာင္စီးနွစ္ဖက္စီးထားေသာ ေကာင္မေလးက ကားနားသို႔ အေျပးအလႊားေရာက္လာေလသည္။

သူမေရာက္သည္နွင့္တစ္ၿပိဳင္နက္ ကားထဲမွထြက္လာေသာ ပါတိတ္ဝမ္းဆက္ဝတ္ဆင္ထားသည့္ အမ်ိဳးသမီးတစ္ေယာက္။ဆံထံုးကို ခပ္ျမင့္ျမင့္ထံုးထားကာ အလွပဆံုးၿပံဳးျပလ်က္ျဖင့္ အနားသို႔ေရာက္လာေသာ ေကာင္မေလးအား ေကာက္ခ်ီလိုက္ရင္း...

"ေမႊး သမီးေလးဘယ္သြားမလို႔လဲ"
"ဟင့္ တီတီမူကလည္း သမီးက ဘယ္ဆီတြားရမွာလဲ တီတီ့ကို လာႀကိဳတာေပါ့လို႔"
"ဟယ္ ဟုတ္လား မသိပါဘူး တီတီက သမီးသြားေဆာ့မွာထင္လိုက္လို႔"
"ဟုတ္ပါဝူး သမီးက တီတီ့ကိုခ်စ္လို႔ လာႀကိဳတာ"
"အမေလး မယ္တတ္ပေလးရဲ႕ ဟုတ္ပါပီ"
"အဲ့ဒါဆို သမီးဖို႔ ဘာပါလဲ ဟင္"
"အမ္ ဘာပါရမွာလဲ သမီးရဲ႕"
"ဟာ တီတီမူကလည္း အက်ၤီလွလွေလးတို႔ ဖိနပ္လွလွေလးတို႔ကို ေမးတာေပါ့"
"ဟားဟား ဒီတစ္ခါေတာ့ သမီးဖို႔ရာမပါဘူး ေမာင္ေလးဖို႔ရာပဲပါတယ္"
"အဟင့္ ဟင့္ ၿဗဲ တီတီမူက သမီးဖို႔က် ဘာမွဝယ္မလာဘူး သမီးကိုမခ်စ္ေတာ့လို႔မို႔လား အီး ဟီး.."ဟုဆိုကာ ခ်ီထားရာမွ ေအာက္သို႔ဆင္း၍ အိမ္ထဲသို႔ ငိုယိုကာ ေျပးဝင္သြားပါေသာ ေမႊးရနံ႔။

ထို႔ေနာက္ သူမလည္း အေနာက္ကေန လိုက္ဝင္ခဲ့ရေတာ့သည္။

"ဟဲ့ ဟဲ့ သမီး ေမႊး ဘာလို႔ ငိုလာတာလဲ ရန္ျဖစ္လာတာလား"

သားျဖစ္သူအား နို႔တိုက္၍ေခ်ာ့ျမဴသိပ္ရင္း အိမ္ထဲသို႔ ငိုယိုဝင္လာေသာ သမီးအား ေမးလိုက္ျခင္းပင္။

"အီး ဟီး ေမေမ့ တီတီမူက သမီးကို ခ်စ္ေတာ့ဝူးတဲ့"
"တီတီက ဘာလို႔ သမီးကိုမခ်စ္ဘူးလို႔ထင္ရတာလဲ"

ထိုစဥ္...

"သူ႔ဖို႔ အကၤ်ီဝယ္မလာလို႔တဲ့ အမေရ" ေျပာရင္း အိမ္ထဲသို႔ ဝင္လာပါေသာ တီတီမူ(ခ)မူယာႏြယ္။

"သမီးကလည္း အကၤ်ီေတြရွိရဲ႕သားနဲ႔ ဘာလို႔လိုခ်င္ရေသးတာလဲ"
"ဟင့္ သူတို႔က ေမာင္ေလးပဲ ဝယ္ေပးေနေတာ့ သမီးလည္းလိုခ်င္တာေပါ့လို႔"
"ေမာင္ေလးက ခုမွေမြးတာဆိုေတာ့ ဝယ္ေပးၾကတာပါ သမီးရဲ႕"
"ေမာင္ေလးက ခုမွေမြးေတာ့ ဘာမွ မွ မသိတတ္ေသးတာ သူက ပဲမ်ားရမွန္းလဲမသိေသးဘူးေလ အဲ့ဒါေၾကာင့္ သမီးက ဘာမွမသိေသးတဲ့ ေမာင္ေလးကို ဝယ္ေပးမယ့္အစား သမီးကိုဝယ္ေပးေတာ့ သမီးက ဝတ္ျပၿပီး အနည္းဆံုး သမီးလွတာေတာ့ သူတို႔ေတြျမင္ရမွာေပါ့လို႔ ဟင့္ သူမ်ားက ေစတနာနဲ႔ဟာကို ဟင့္"
"အမေလး ဟုတ္ပါပီ မမရယ္ ေနာက္တစ္ခါ တီတီက သမီးေလး ပဲမ်ားဖို႔ရာအတြက္ပဲ ဝယ္ခဲ့ေပးမယ္ေနာ္"
"တကယ္ေျပာတာလား တီတီ"
"ဟုတ္ကဲ့ တကယ္ပါရွင့္"
"ဟြန္႔ ပီးေရာ ေနာက္မွ ကတိမဖ်က္နဲ႔ေနာ္ အာ့ဆိုသြားေဆာ့လိုက္ဦးမယ္"ဟု ဆိုၿပီး ေဘာက္ဆက္ဆက္ျဖင့္ထြက္သြားေသာ ေကာင္မေလးအားၾကည့္ရင္း က်န္သည့္နွစ္ေယာက္မွာ...

"ဒီေကာင္မေလးဟာေလ တကယ္ကိုမနိုင္ဘူး"ဟု ေျပာလိုက္ၾကေလသည္။

Unicode...

တဖြည်းဖြည်းနှင့် မင်းဝဿန်လေးဟာလည်း ၄ လသားအရွယ် ကလေးလေးအဖြစ် ရောက်လာခဲ့ပြီ။ရင်းနှီးသူမိတ်ဆွေတွေနဲ့ ဆွေမျိုးတွေရဲ့ ကလေးအတွက်ဝယ်ပေးသည့် အဝတ်အစား၊ အားဆေးတို့အပြင် အချို့သော အသုံးအဆောင် ပစ္စည်းများကလည်း အမြောက်အမြား။

မိုးပြာရောင်ကောင်းကင်ထက်၌ တိမ်ဖြူလွလွကလေးများက ယှက်သန်းနေပြီး သူရိန်နေမင်းကြီးလည်း ဝင့်ကြွားစွာထွက်ပေါ်နေချိန်။အိမ်ဝိုင်းထဲက မန်ကျည်းပင်အိုကြီးအောက်မှာ အရိပ်ခိုရင်း အရုပ်တိုင်းဆော့နေကြသော ကောင်မလေးနှစ်ယောက်။

ခဏအကြာမှာ အိမ်ဝိုင်းထဲသို့ဝင်လာသော အဖြူရောင်ကားလေးတစ်စီး။ထိုကားဝင်လာသည်နှင့် အရုပ်တိုင်းဆော့နေသော ကောင်မလေးနှစ်ယောက်အနက် အပြာနုရောင်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ကြက်တောင်စီးနှစ်ဖက်စီးထားသော ကောင်မလေးက ကားနားသို့ အပြေးအလွှားရောက်လာလေသည်။

သူမရောက်သည်နှင့်တစ်ပြိုင်နက် ကားထဲမှထွက်လာသော ပါတိတ်ဝမ်းဆက်ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်။ဆံထုံးကို ခပ်မြင့်မြင့်ထုံးထားကာ အလှပဆုံးပြုံးပြလျက်ဖြင့် အနားသို့ရောက်လာသော ကောင်မလေးအား ကောက်ချီလိုက်ရင်း...

"မွှေး သမီးလေးဘယ်သွားမလို့လဲ"
"ဟင့် တီတီမူကလည်း သမီးက ဘယ်ဆီတွားရမှာလဲ တီတီ့ကို လာကြိုတာပေါ့လို့"
"ဟယ် ဟုတ်လား မသိပါဘူး တီတီက သမီးသွားဆော့မှာထင်လိုက်လို့"
"ဟုတ်ပါဝူး သမီးက တီတီ့ကိုချစ်လို့ လာကြိုတာ"
"အမလေး မယ်တတ်ပလေးရဲ့ ဟုတ်ပါပီ"
"အဲ့ဒါဆို သမီးဖို့ ဘာပါလဲ ဟင်"
"အမ် ဘာပါရမှာလဲ သမီးရဲ့"
"ဟာ တီတီမူကလည်း အင်္ကျီလှလှလေးတို့ ဖိနပ်လှလှလေးတို့ကို မေးတာပေါ့"
"ဟားဟား ဒီတစ်ခါတော့ သမီးဖို့ရာမပါဘူး မောင်လေးဖို့ရာပဲပါတယ်"
"အဟင့် ဟင့် ဗြဲ တီတီမူက သမီးဖို့ကျ ဘာမှဝယ်မလာဘူး သမီးကိုမချစ်တော့လို့မို့လား အီး ဟီး.."ဟုဆိုကာ ချီထားရာမှ အောက်သို့ဆင်း၍ အိမ်ထဲသို့ ငိုယိုကာ ပြေးဝင်သွားပါသော မွှေးရနံ့။

ထို့နောက် သူမလည်း အနောက်ကနေ လိုက်ဝင်ခဲ့ရတော့သည်။

"ဟဲ့ ဟဲ့ သမီး မွှေး ဘာလို့ ငိုလာတာလဲ ရန်ဖြစ်လာတာလား"

သားဖြစ်သူအား နို့တိုက်၍ချော့မြူသိပ်ရင်း အိမ်ထဲသို့ ငိုယိုဝင်လာသော သမီးအား မေးလိုက်ခြင်းပင်။

"အီး ဟီး မေမေ့ တီတီမူက သမီးကို ချစ်တော့ဝူးတဲ့"
"တီတီက ဘာလို့ သမီးကိုမချစ်ဘူးလို့ထင်ရတာလဲ"

ထိုစဉ်...

"သူ့ဖို့ အင်္ကျီဝယ်မလာလို့တဲ့ အမရေ" ပြောရင်း အိမ်ထဲသို့ ဝင်လာပါသော တီတီမူ(ခ)မူယာနွယ်။

"သမီးကလည်း အင်္ကျီတွေရှိရဲ့သားနဲ့ ဘာလို့လိုချင်ရသေးတာလဲ"
"ဟင့် သူတို့က မောင်လေးပဲ ဝယ်ပေးနေတော့ သမီးလည်းလိုချင်တာပေါ့လို့"
"မောင်လေးက ခုမှမွေးတာဆိုတော့ ဝယ်ပေးကြတာပါ သမီးရဲ့"
"မောင်လေးက ခုမှမွေးတော့ ဘာမှ မှ မသိတတ်သေးတာ သူက ပဲများရမှန်းလဲမသိသေးဘူးလေ အဲ့ဒါကြောင့် သမီးက ဘာမှမသိသေးတဲ့ မောင်လေးကို ဝယ်ပေးမယ့်အစား သမီးကိုဝယ်ပေးတော့ သမီးက ဝတ်ပြပြီး အနည်းဆုံး သမီးလှတာတော့ သူတို့တွေမြင်ရမှာပေါ့လို့ ဟင့် သူများက စေတနာနဲ့ဟာကို ဟင့်"
"အမလေး ဟုတ်ပါပီ မမရယ် နောက်တစ်ခါ တီတီက သမီးလေး ပဲများဖို့ရာအတွက်ပဲ ဝယ်ခဲ့ပေးမယ်နော်"
"တကယ်ပြောတာလား တီတီ"
"ဟုတ်ကဲ့ တကယ်ပါရှင့်"
"ဟွန့် ပီးရော နောက်မှ ကတိမဖျက်နဲ့နော် အာ့ဆိုသွားဆော့လိုက်ဦးမယ်"ဟု ဆိုပြီး ဘောက်ဆက်ဆက်ဖြင့်ထွက်သွားသော ကောင်မလေးအားကြည့်ရင်း ကျန်သည့်နှစ်ယောက်မှာ...

"ဒီကောင်မလေးဟာလေ တကယ်ကိုမနိုင်ဘူး"ဟု ပြောလိုက်ကြလေသည်။
© Kout Tay,
книга «ေႂကြ».
အပိုင္း-၅
Коментарі