အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း_၂၂
အပိုင္း_၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၁
Zawgyi...

"ေမေမ"

ေမႊး ဧည့္ခန္းထဲတြင္ ထိုင္ေနသည့္ ေမေမ့အနားသို႔သြားကာ စကားစလိုက္သည္။

"အြန္"

"တကယ္လို႔ ေမေမ့သားသာ gay တစ္ေယာက္ျဖစ္မယ္ဆိုရင္ ဘယ္လိုလုပ္မလဲ ေမေမ"

"အင္းးး ဒါကေတာ့ ဘယ္လိုေျပာရမလဲ သမီးရယ္ ဘယ္မိဘက ကိုယ့္သားကို gay တစ္ေယာက္ျဖစ္ေစခ်င္ပါ့မလဲ တစ္ခ်ိဳ႕ဆို သားေယာက်္ားေလး လိုခ်င္လြန္းလို႔ ဘုရားမွာဆုေတာင္းရတာနဲ႔ ယၾတာေခ်ရတာနဲ႔ အမ်ိဳးကိုစံုေနေအာင္လုပ္ၾကတာပဲ ဘယ္သူမဆို သားေယာက်္ားေလးေမြးၿပီဆိုတာနဲ႔ ငါ့မွာ သားရွိၿပီ ငါ့သားကို အားကိုးလို႔ရၿပီ ဘယ္သူ႔မွမမႈေတာ့ဘူး ဆိုတဲ့ သားမ်က္နွာတစ္ကမၻာထင္တဲ့ လူမ်ိဳးေတြလဲရွိတာပဲ ဒီထဲကမွ ေမြးထားတဲ့သားက gay တစ္ေယာက္သာဆို သူတို႔ရင္ထဲကို အရင္ျမင္ၾကည့္ေပါ့ ဘယ္ေလာက္နာက်င္ေနလိုက္မလဲ ဘယ္ေလာက္ခံစားေနရမလဲ ဒါေပမယ့္လည္း သူတို႔ဘာတတ္နိုင္မွာတဲ့လဲ ဒီအ႐ြယ္ႀကီးေရာက္မွ ဟဲ့ နင့္ပံုစံကိုေျပာင္းစမ္း ဆိုၿပီး ရိုက္နွက္ဆံုးမလို႔မွမရေတာ့တာ အရွိကို အရွိအတိုင္း လက္ခံမွသာ ကိုယ္လဲ စိတ္ခ်မ္းသာသလို ကိုယ့္သားလဲ စိတ္မဆင္းရဲေတာ့ဘူးေပါ့ ေမ့ေမ့သားသာဆိုရင္လည္း ေမေမကေတာ့ ဘာမွမေျပာဘူး ေမေမ့ဘက္ကအခုခ်ိန္လက္မခံနိုင္ရင္ေတာင္ တစ္ျဖည္းျဖည္းခ်င္း လက္ခံနိုင္ဖို႔ ႀကိဳးစားမယ္ ေမေမ့ေၾကာင့္ ေမေမ့သား စိတ္ဆင္းရဲရမွာကို မျမင္ခ်င္ဘူး တစ္ခါတစ္ေလ ေမေမလဲၾကားရ သိရပါတယ္ ကိုယ့္သားက gay မို႔လို႔ လက္မခံနိုင္လို႔ဆိုၿပီး အိမ္ထဲမွာခ်ဳပ္ေနွာင္ၾကလို႔ ကေလးေတြ suicide လုပ္သြားတာေတြ ဘာေတြ သိရတယ္ အဲ့အစား ကိုယ့္သားသမီး ကိုယ့္ေဘးကေန ထာဝရေပ်ာက္ကြယ္သြားမယ့္အစား ေမေမကေတာ့ သူျဖစ္ခ်င္တဲ့အတိုင္း ျဖစ္ေစၿပီး သူ႔ဘဝနဲ႔သူ ၿပံဳးေပ်ာ္ေနတဲ့ သူ႔မ်က္နွာေလးျမင္ရရင္ကို ေမေမေက်နပ္တယ္ ငါရင္အကြဲခံရတာ တန္ပါတယ္လို႔လဲ ျမင္မိတယ္ အကယ္၍ သားကိုသာ အဲ့ေကာင္ေလးက ထားခဲ့မယ္ဆိုရင္ေတာင္ ပတ္ဝန္းက်င္ရဲ႕မ်က္ဝန္းေတြ ေဘးစကားေတြကို လစ္လ်ွဴရႈၿပီး နာက်င္ခံစားေနရတဲ့ သားကို ေမေမ့ရင္ခြင္ထဲမွာ ထည့္သိမ္းထုပ္ၿပီး သူ႔ေဝဒနာေတြသက္သာသြားတဲ့အထိ ဖက္ထားေပးခ်င္တယ္ ဘာပဲျဖစ္ျဖစ္ ေမေမ့အတြက္က ကိုယ့္သားသမီးေပ်ာ္႐ႊင္ဖို႔ပဲ အေရးႀကီးတယ္"

"တကယ္လို႔ ပတ္ဝန္းက်င္က ကဲ့ရဲ႕ရင္ေရာ ေမေမခံနိုင္ရည္ရွိပါ့မလား"

"အမေလး သမီးရယ္ ဒါေလာက္ကေတာ့ ပ်င္းေတာင္ပ်င္းေသးတယ္ ကဲ့ရဲ႕ပါေစေပါ့ ခ်ီးမြမ္း၇ရက္ ကဲ့ရဲ႕၇ရက္ပါတဲ့ဆို သူတို႔ေျပာလို႔ ပါးစပ္ေညာင္းသြားရင္ အလိုလိုပိတ္သြားလိမ့္မယ္ ေမေမ့ သားသမီးေတြဘက္မွာ ေမေမက အၿမဲအဆင္သင့္ရွိတာမို႔ ဘာမွစိတ္မပူနဲ႔ ဘယ္သူေတြဘယ္လိုေျပာေျပာ ေမေမကေတာ့ သားတို႔သမီးတို႔ကို အခ်စ္မေလ်ာ့ဘူးဆိုတာ ၿမဲၿမဲမွတ္ထား ေနာ္"

"ဟုတ္ ေမေမ ေက်းဇူးပါေမေမ အရာရာတိုင္းအတြက္ "

သူမေျပာေတာ့ အၿပံဳးႏုႏုေလးျပန္လည္ၿပံဳးျပလာသည့္ ေမေမ။ေမႊး ေမေမ့ရင္ခြင္ထဲသို႔ တိုးဝင္ကာ တင္းက်ပ္စြာ ဖက္ထားလိုက္မိသည္။
___________________

"ဟဲ့ ဒါ ငါတို႔အခန္းထဲက ေကာင္ေလးမို႔လား"

"ဘယ္မွာလဲ"

"ဒီမွာေလ သူက အေနာက္ကေန ေရွ႕ကလူကို ဖက္ထားတာ"

"ဟယ္ ဟုတ္သားပဲ"

"အဲ့ေရွ႕က သခ်ၤာေမဂ်ာက အစ္ကိုႀကီးမို႔လား"

"ေအးဟဲ့ ဟုတ္သားပဲ"

"သူတို႔နွစ္ေယာက္က ဘာေတြလဲ"

"နွစ္ေယာက္က gay ေတြလား"

"ေအး ျဖစ္နိုင္ေလာက္တယ္"

"အဲ့တာကို ဘယ္သူတင္ထားတာလဲ"

"ဘယ္သိမလဲ mailbox ထဲက တက္လာတဲ့ဟာ"

"ဒါဆို ငါတို႔အခန္းထဲမွာ အေျခာက္ေလးရွိတယ္ေပါ့ ဟား ဟား အဲ့ေကာင္ေလးက မထင္ရဘူးေနာ္"

"ေအးဟယ္ အစထဲက အဲ့လိုမို႔ ျဖဴျဖဴသန္႔သန္႔ေခ်ာေခ်ာေလး ျဖစ္ေနတာေနမယ္ ဒါကိုမသိတဲ့ ေကာင္မေလးေတြက ႀကိတ္ေႂကြေနေသးတယ္"

"သူတို႔လူကျဖင့္ ပြင့္ေနတဲ့ဟာကို ဟား ဟား"

"ဟဲ့ ဟဲ့ ဟိုမယ္ လာေနၿပီ"

ဝႆန္ အခန္းထဲဝင္လာစဥ္ အုပ္စုဖြဲ႕စကားေျပာေနေသာ မိန္းကေလးအခ်ိဳ႕၏ စိုက္ၾကည့္ေနေသာ မ်က္ဝန္းမ်ားကို ျမင္လိုက္ရသည္။

'ဘာလဲဟ လူကို မသိရင္ သူတို႔ပစၥည္းတစ္ခုခု ယူထားသလိုနဲ႔ စိတ္ေလပါတယ္ တကယ္ပဲ'

"ဟဲ့ ဝႆန္ နင့္ကို ဟိုေကာင္မေလးေတြက ဘာလို႔ၾကည့္ေနတာလဲ"

ခံုမွာ ဝင္ထိုင္လိုက္စဥ္ အာၿဗဲမဆီမွ ေမးလာေသာ စကား။

"ဘယ္သိမလဲ ငါေခ်ာလို႔ေနမွာေပါ့"

"ျဖစ္ရေသးတယ္ဟယ္.. ေသခ်ာၾကည့္လုပ္ဦး နင့္ကို စားေတာ့ဝါးေတာ့မတတ္ ၾကည့္ေနတာေနာ္"

"ထားလိုက္စမ္းပါဟာ ၾကည့္ပါေစ သူတို႔မ်က္လံုးေညာင္းတာ ငါ့မ်က္လံုးေညာင္းတာမွ မဟုတ္တာ"

"နင္အဆင္ေျပရင္လဲ ၿပီးေရာ "

ေရွ႕သို႔ျပန္လွည့္သြားသည့္ အာၿဗဲမအား ဝႆန္ေခါင္းခါရင္းသာ ၾကည့္ေနမိသည္။
____________________

*ေဒါက္ ေဒါက္*

*ေဒါက္ ေဒါက္*

"ေဟ့ နင့္ကိုငါတို႔ေခၚေနတာ မၾကားဘူးလား"

ဝႆန္ ဆရာမေပးထားခဲ့သည့္ အိမ္စာမ်ားအား လုပ္ေနစဥ္ သူ႔စာေရးစားပြဲအား လက္ညႇိုးထိပ္ျဖင့္ တစ္ေဒါက္ေဒါက္ ေခါက္လာသည့္အသံကို ၾကားေသာ္လည္း တမင္သက္သက္ပင္ ေခါင္းေမာ့မၾကည့္ဘဲ ေနလိုက္သည္။

"ငါ့မွာနာမည္ရွိတယ္ ငါ့နာမည္ကိုေခၚ နင္တို႔လက္ညႇိုးနဲ႔ေခါက္ၿပီးေခၚရေအာင္ ငါကနင္တို႔ေမြးထားတဲ့ တိရိစၦာန္မဟုတ္ဘူး"

ဝႆန္ ေခါင္းေမာ့ကာ ထိုသူ၏မ်က္ဝန္းအား စိုက္ၾကည့္ကာ ေျပာလိုက္ေလသည္။

"ငါတို႔မွ နင့္နာမည္မသိတာ"

"မသိရင္စံုစမ္းေပါ့"

"အဲ့တာထားလိုက္ပါဦး ေမးစရာရွိလို႔ ဒါနဲ႔ နင္က gay လား"

"အဲ့ေတာ့ ဘာလုပ္မလို႔လဲ"

"နင္ ေျခာက္ မေျခာက္ သိခ်င္လို႔ေလ"

"ဒီမွာ ငါ့ဟာငါ ေျခာက္ခ်င္ေျခာက္မယ္ စိုခ်င္စိုမယ္ နင္တို႔နဲ႔ဘာမွမဆိုင္ဘူး သိစရာလဲမလိုဘူး"

"ဟယ္ ေမးစရာကိုမလိုေတာ့ဘူး ဒီလို မိန္းကေလးတစ္ေယာက္နဲ႔ ၿပိဳင္ေျပာေနကတည္းက သိေနလိုက္ေတာ့"

"ေအးဟယ္ ဟုတ္ပ ေယာက်္ားႀကီးတန္မဲ့ နႈတ္သီးေကာင္းလ်ွာပါးနဲ႔ ေျပာေနလိုက္တာမ်ား"

"ဟက္ နင္တို႔မွာပဲ ပါးစပ္ပါတာမဟုတ္ဘူး ငါ့မွာလဲပါတယ္သိလား နင္တို႔ေျပာတိုင္း ၿငိမ္ခံေနရေအာင္ နင္တို႔အိမ္က အခိုင္းအေစမဟုတ္ဘူး သေဘာေပါက္"

"နင္.."

"ဆရာမလာေနၿပီ သြားစို႔ သြားစို႔"

"ဆရာမလာေနလို႔ နင္သက္သာသြားတယ္မွတ္လိုက္"

"ဟက္ ဟက္ နင့္ကိုငါက ေၾကာက္မယ္မ်ားထင္ေနလား ဂရုကိုမစိုက္တာ"

"ေတာက္!"

သူ႔အား ႀကိမ္းဝါးကာ အနားမွ ထြက္ခြာသြားသည့္ မိန္းကေလးတစ္စုအား ၾကည့္ရင္း ဝႆန္ နွာေခါင္းတစ္ခ်က္ရွံု႔လိုက္သည္။

"အေတာ္ အားယားေနၾကတဲ့ဟာေတြ"

_____________________
ေမ့သြားၾကၿပီလားလို႔😸
----------------------------------


Unicode...

"မေမေ"

မွှေး ဧည့်ခန်းထဲတွင် ထိုင်နေသည့် မေမေ့အနားသို့သွားကာ စကားစလိုက်သည်။

"အွန်"

"တကယ်လို့ မေမေ့သားသာ gay တစ်ယောက်ဖြစ်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ မေမေ"

"အင်းးး ဒါကတော့ ဘယ်လိုပြောရမလဲ သမီးရယ် ဘယ်မိဘက ကိုယ့်သားကို gay တစ်ယောက်ဖြစ်စေချင်ပါ့မလဲ တစ်ချို့ဆို သားယောက်ျားလေး လိုချင်လွန်းလို့ ဘုရားမှာဆုတောင်းရတာနဲ့ ယတြာချေရတာနဲ့ အမျိုးကိုစုံနေအောင်လုပ်ကြတာပဲ ဘယ်သူမဆို သားယောက်ျားလေးမွေးပြီဆိုတာနဲ့ ငါ့မှာ သားရှိပြီ ငါ့သားကို အားကိုးလို့ရပြီ ဘယ်သူ့မှမမှုတော့ဘူး ဆိုတဲ့ သားမျက်နှာတစ်ကမ္ဘာထင်တဲ့ လူမျိုးတွေလဲရှိတာပဲ ဒီထဲကမှ မွေးထားတဲ့သားက gay တစ်ယောက်သာဆို သူတို့ရင်ထဲကို အရင်မြင်ကြည့်ပေါ့ ဘယ်လောက်နာကျင်နေလိုက်မလဲ ဘယ်လောက်ခံစားနေရမလဲ ဒါပေမယ့်လည်း သူတို့ဘာတတ်နိုင်မှာတဲ့လဲ ဒီအရွယ်ကြီးရောက်မှ ဟဲ့ နင့်ပုံစံကိုပြောင်းစမ်း ဆိုပြီး ရိုက်နှက်ဆုံးမလို့မှမရတော့တာ အရှိကို အရှိအတိုင်း လက်ခံမှသာ ကိုယ်လဲ စိတ်ချမ်းသာသလို ကိုယ့်သားလဲ စိတ်မဆင်းရဲတော့ဘူးပေါ့ မေ့မေ့သားသာဆိုရင်လည်း မေမေကတော့ ဘာမှမပြောဘူး မေမေ့ဘက်ကအခုချိန်လက်မခံနိုင်ရင်တောင် တစ်ဖြည်းဖြည်းချင်း လက်ခံနိုင်ဖို့ ကြိုးစားမယ် မေမေ့ကြောင့် မေမေ့သား စိတ်ဆင်းရဲရမှာကို မမြင်ချင်ဘူး တစ်ခါတစ်လေ မေမေလဲကြားရ သိရပါတယ် ကိုယ့်သားက gay မို့လို့ လက်မခံနိုင်လို့ဆိုပြီး အိမ်ထဲမှာချုပ်နှောင်ကြလို့ ကလေးတွေ suicide လုပ်သွားတာတွေ ဘာတွေ သိရတယ် အဲ့အစား ကိုယ့်သားသမီး ကိုယ့်ဘေးကနေ ထာဝရပျောက်ကွယ်သွားမယ့်အစား မေမေကတော့ သူဖြစ်ချင်တဲ့အတိုင်း ဖြစ်စေပြီး သူ့ဘဝနဲ့သူ ပြုံးပျော်နေတဲ့ သူ့မျက်နှာလေးမြင်ရရင်ကို မေမေကျေနပ်တယ် ငါရင်အကွဲခံရတာ တန်ပါတယ်လို့လဲ မြင်မိတယ် အကယ်၍ သားကိုသာ အဲ့ကောင်လေးက ထားခဲ့မယ်ဆိုရင်တောင် ပတ်ဝန်းကျင်ရဲ့မျက်ဝန်းတွေ ဘေးစကားတွေကို လစ်လျှူရှုပြီး နာကျင်ခံစားနေရတဲ့ သားကို မေမေ့ရင်ခွင်ထဲမှာ ထည့်သိမ်းထုပ်ပြီး သူ့ဝေဒနာတွေသက်သာသွားတဲ့အထိ ဖက်ထားပေးချင်တယ် ဘာပဲဖြစ်ဖြစ် မေမေ့အတွက်က ကိုယ့်သားသမီးပျော်ရွှင်ဖို့ပဲ အရေးကြီးတယ်"

"တကယ်လို့ ပတ်ဝန်းကျင်က ကဲ့ရဲ့ရင်ရော မေမေခံနိုင်ရည်ရှိပါ့မလား"

"အမလေး သမီးရယ် ဒါလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ် ကဲ့ရဲ့ပါစေပေါ့ ချီးမွမ်း၇ရက် ကဲ့ရဲ့၇ရက်ပါတဲ့ဆို သူတို့ပြောလို့ ပါးစပ်ညောင်းသွားရင် အလိုလိုပိတ်သွားလိမ့်မယ် မေမေ့ သားသမီးတွေဘက်မှာ မေမေက အမြဲအဆင်သင့်ရှိတာမို့ ဘာမှစိတ်မပူနဲ့ ဘယ်သူတွေဘယ်လိုပြောပြော မေမေကတော့ သားတို့သမီးတို့ကို အချစ်မလျော့ဘူးဆိုတာ မြဲမြဲမှတ်ထား နော်"

"ဟုတ် မေမေ ကျေးဇူးပါမေမေ အရာရာတိုင်းအတွက် "

သူမပြောတော့ အပြုံးနုနုလေးပြန်လည်ပြုံးပြလာသည့် မေမေ။မွှေး မေမေ့ရင်ခွင်ထဲသို့ တိုးဝင်ကာ တင်းကျပ်စွာ ဖက်ထားလိုက်မိသည်။
___________________

"ဟဲ့ ဒါ ငါတို့အခန်းထဲက ကောင်လေးမို့လား"

"ဘယ်မှာလဲ"

"ဒီမှာလေ သူက အနောက်ကနေ ရှေ့ကလူကို ဖက်ထားတာ"

"ဟယ် ဟုတ်သားပဲ"

"အဲ့ရှေ့က သင်္ချာမေဂျာက အစ်ကိုကြီးမို့လား"

"အေးဟဲ့ ဟုတ်သားပဲ"

"သူတို့နှစ်ယောက်က ဘာတွေလဲ"

"နှစ်ယောက်က gay တွေလား"

"အေး ဖြစ်နိုင်လောက်တယ်"

"အဲ့တာကို ဘယ်သူတင်ထားတာလဲ"

"ဘယ်သိမလဲ mailbox ထဲက တက်လာတဲ့ဟာ"

"ဒါဆို ငါတို့အခန်းထဲမှာ အခြောက်လေးရှိတယ်ပေါ့ ဟား ဟား အဲ့ကောင်လေးက မထင်ရဘူးနော်"

"အေးဟယ် အစထဲက အဲ့လိုမို့ ဖြူဖြူသန့်သန့်ချောချောလေး ဖြစ်နေတာနေမယ် ဒါကိုမသိတဲ့ ကောင်မလေးတွေက ကြိတ်ကြွေနေသေးတယ်"

"သူတို့လူကဖြင့် ပွင့်နေတဲ့ဟာကို ဟား ဟား"

"ဟဲ့ ဟဲ့ ဟိုမယ် လာနေပြီ"

ဝဿန် အခန်းထဲဝင်လာစဉ် အုပ်စုဖွဲ့စကားပြောနေသော မိန်းကလေးအချို့၏ စိုက်ကြည့်နေသော မျက်ဝန်းများကို မြင်လိုက်ရသည်။

'ဘာလဲဟ လူကို မသိရင် သူတို့ပစ္စည်းတစ်ခုခု ယူထားသလိုနဲ့ စိတ်လေပါတယ် တကယ်ပဲ'

"ဟဲ့ ဝဿန် နင့်ကို ဟိုကောင်မလေးတွေက ဘာလို့ကြည့်နေတာလဲ"

ခုံမှာ ဝင်ထိုင်လိုက်စဉ် အာဗြဲမဆီမှ မေးလာသော စကား။

"ဘယ်သိမလဲ ငါချောလို့နေမှာပေါ့"

"ဖြစ်ရသေးတယ်ဟယ်.. သေချာကြည့်လုပ်ဦး နင့်ကို စားတော့ဝါးတော့မတတ် ကြည့်နေတာနော်"

"ထားလိုက်စမ်းပါဟာ ကြည့်ပါစေ သူတို့မျက်လုံးညောင်းတာ ငါ့မျက်လုံးညောင်းတာမှ မဟုတ်တာ"

"နင်အဆင်ပြေရင်လဲ ပြီးရော "

ရှေ့သို့ပြန်လှည့်သွားသည့် အာဗြဲမအား ဝဿန်ခေါင်းခါရင်းသာ ကြည့်နေမိသည်။
____________________

*ဒေါက် ဒေါက်*

*ဒေါက် ဒေါက်*

"ဟေ့ နင့်ကိုငါတို့ခေါ်နေတာ မကြားဘူးလား"

ဝဿန် ဆရာမပေးထားခဲ့သည့် အိမ်စာများအား လုပ်နေစဉ် သူ့စာရေးစားပွဲအား လက်ညှိုးထိပ်ဖြင့် တစ်ဒေါက်ဒေါက် ခေါက်လာသည့်အသံကို ကြားသော်လည်း တမင်သက်သက်ပင် ခေါင်းမော့မကြည့်ဘဲ နေလိုက်သည်။

"ငါ့မှာနာမည်ရှိတယ် ငါ့နာမည်ကိုခေါ် နင်တို့လက်ညှိုးနဲ့ခေါက်ပြီးခေါ်ရအောင် ငါကနင်တို့မွေးထားတဲ့ တိရိစ္ဆာန်မဟုတ်ဘူး"

ဝဿန် ခေါင်းမော့ကာ ထိုသူ၏မျက်ဝန်းအား စိုက်ကြည့်ကာ ပြောလိုက်လေသည်။

"ငါတို့မှ နင့်နာမည်မသိတာ"

"မသိရင်စုံစမ်းပေါ့"

"အဲ့တာထားလိုက်ပါဦး မေးစရာရှိလို့ ဒါနဲ့ နင်က gay လား"

"အဲ့တော့ ဘာလုပ်မလို့လဲ"

"နင် ခြောက် မခြောက် သိချင်လို့လေ"

"ဒီမှာ ငါ့ဟာငါ ခြောက်ချင်ခြောက်မယ် စိုချင်စိုမယ် နင်တို့နဲ့ဘာမှမဆိုင်ဘူး သိစရာလဲမလိုဘူး"

"ဟယ် မေးစရာကိုမလိုတော့ဘူး ဒီလို မိန်းကလေးတစ်ယောက်နဲ့ ပြိုင်ပြောနေကတည်းက သိနေလိုက်တော့"

"အေးဟယ် ဟုတ်ပ ယောက်ျားကြီးတန်မဲ့ နှုတ်သီးကောင်းလျှာပါးနဲ့ ပြောနေလိုက်တာများ"

"ဟက် နင်တို့မှာပဲ ပါးစပ်ပါတာမဟုတ်ဘူး ငါ့မှာလဲပါတယ်သိလား နင်တို့ပြောတိုင်း ငြိမ်ခံနေရအောင် နင်တို့အိမ်က အခိုင်းအစေမဟုတ်ဘူး သဘောပေါက်"

"နင်.."

"ဆရာမလာနေပြီ သွားစို့ သွားစို့"

"ဆရာမလာနေလို့ နင်သက်သာသွားတယ်မှတ်လိုက်"

"ဟက် ဟက် နင့်ကိုငါက ကြောက်မယ်များထင်နေလား ဂရုကိုမစိုက်တာ"

"တောက်!"

သူ့အား ကြိမ်းဝါးကာ အနားမှ ထွက်ခွာသွားသည့် မိန်းကလေးတစ်စုအား ကြည့်ရင်း ဝဿန် နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။

"အတော် အားယားနေကြတဲ့ဟာတွေ"

_____________________
မေ့သွားကြပြီလားလို့😸
----------------------------------


© Kout Tay,
книга «ေႂကြ».
အပိုင္း_၂၂
Коментарі