အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း_၂၂
အပိုင္း_၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း_၂၃
Zawgyi...

"Hey! Baby!"

"Hey! Hey!"

ခက္ထန္ သူ႔ကိုတစ္ခ်က္ကေလးမွလွည့္မၾကည့္ဘဲ မျမင္ခ်င္ေယာင္ေဆာင္ကာ ေရွ႕ဆက္သြားေနသည့္ ေကာင္ေလးေနာက္သို႔ အေျပးလိုက္ကာ ေရွ႕မွပိတ္ရပ္လိုက္သည္။

"Baby! ကိုယ္ေခၚေနတာကို ဘာလို႔လွည့္မၾကည့္တာလဲ"

မ်က္ေမွာင္က်ံဳ႕ကာေမးလိုက္ေတာ့ သူ႔မ်က္နွာေလးအား ေမာ္ခ်ီကာ ျပန္ေျဖလာသူ။

"မၾကည့္ခ်င္လို႔"

ဝႆန္ ခပ္ျပတ္ျပတ္ပင္ ေျဖလိုက္သည္။

"ဘာလို႔မၾကည့္ခ်င္ရတာလဲ အေၾကာင္းျပခ်က္ေျပာ"

"ခင္ဗ်ားက ဘာမို႔လို႔ အေၾကာင္းျပခ်က္ေျပာရမွာလဲ"

"ေဘဘီ့ ခ်စ္ခ်စ္မို႔ေပါ့"

"လဲေသလိုက္ပါလား"

"ဟာကြာ အၾကာႀကီးေနမွ ျပန္ေတြ႕ရတဲ့သူကိုေျပာတာက ေသလိုက္တဲ့လား အားးး ကိုယ့္နွလံုးသားက မခံစားနိုင္ဘူးကြာ"

ခက္ထန္ သူ႔ရင္ဘက္က နွလံုးရွိသည့္ေနရာအား အုပ္ကိုင္ကာ ေအာ္လိုက္သည္။

"မခံစားနိုင္လဲ လဲသာေသလိုက္"

ေျပာၿပီး ဝႆန္ ခက္ထန္ကိုယ္လံုးႀကီးအား တြန္းတိုက္ကာ ထြက္လာခဲ့သည္။

"ဟာ ေဟး ခဏေနဦးေလ အလြမ္းေတာင္မသယ္ရေသးဘူး ဒါကဘယ္လဲ"

ခက္ထန္ ဝႆန္႔ေနာက္ ေျပးလိုက္ရျပန္သည္။

"ခဏေနပါဦး ေဘဘီရာ ဟူးးး ေမာလိုက္တာ"

"ခင္ဗ်ား ကြၽန္ေတာ့္ေရွ႕က ဖယ္ဗ်ာ ဒီမယ္ အတန္းခ်ိန္နီးေနၿပီဗ် သူမတက္ရေတာ့တိုင္း လာရႈပ္ေနတယ္"

"အဲ့အတန္း မတက္ပါနဲ႔ေတာ့လား ေဘဘီရာ ၅ လေလာက္ၾကာမွ ကိုယ္ေဘဘီ့ဆီ လာတဲ့ရက္ေလးကို နည္းနည္းေလးေတာင္ အခ်ိန္မေပးခ်င္ဘူးလား ကိုယ့္အတြက္"

"ခင္ဗ်ား.. ခင္ဗ်ားကို အရင္ရက္ေတြက ဘယ္သူကမလာနဲ႔လို႔ေျပာထားလို႔လဲ.. ေက်ာင္းျပီးပါျပီဆိုကတည္းက ကြၽန္ေတာ့္ဆီကို တစ္ရက္ေလးေတာင္ လာခဲ့လို႔လား.. ဖုန္းလဲမဆက္၊ message တစ္ေစာင္ေတာင္မပို႔ခဲ့ဘူး.. ဘယ္သူအရင္အဆက္ျဖတ္ခဲ့တာလဲ ဟင္ ေျပာေလ ဘယ္သူအရင္အဆက္ျဖတ္ခဲ့တာလဲလို႔ အီး ဟီး အင့္ ႐ႊတ္"

"ဟုတ္ပါၿပီ ဟုတ္ပါၿပီ ကိုယ့္အမွားပါေနာ္ ကိုယ့္အမွား ကိုယ္ကေလးကို အဆက္အသြယ္မလုပ္မိတဲ့ ကိုဟ့္အမွားပါေနာ္ တိတ္ေတာ့ တိတ္ေတာ့ မရွက္ဘူးလား ေက်ာင္းထဲမွာ သူမ်ားေတြၾကည့္ကုန္ၿပီ"

ခက္ထန္ သူ႔ေရွ႕က ေက်ာပိုးအိတ္ေလးလြယ္ထားကာ တစ္ရွံု႔ရွံုငိုေနသည့္ ေကာင္ငယ္ေလးအား ရင္ခြင္ထဲ ထည့္ဖက္ထားလိုက္သည္။

"အဟင့္ ဘယ္ေလာက္ေတာင္ေမ်ွာ္ေနရလဲသိလား ဘယ္ခ်ိန္ ဖုန္းေခၚလာမလဲ၊ ဘယ္ခ်ိန္ message ေလးပို႔မလဲဆိုၿပီး ဒီကေတာ့ လြဲသြားမွာစိုးလို႔ အၿမဲ ဖုန္းနဲ႔ကိုယ္နဲ႔ကပ္ေနရတာ သူကေတာ့ သတိေတာင္ရရဲ႕လားမသိဘူး"

"ဟား ေဘဘီရယ္ ဘယ္လိုေျပာလိုက္တာလဲ သတိရတာမွ ဟိုဘက္ကမ္းေတာင္လြန္ေသးတယ္ အလုပ္ေတြပိေနလို႔ရယ္သာ"

"ခင္ဗ်ားအနည္းဆံုး ဖုန္းေလးေတာ့ ဆက္သင့္တာေပါ့ အရူးႀကီးရဲ႕"

ရင္ခြင္ထဲမွ မ်က္နွာေလးေမာ့ကာ နႈတ္ခမ္းတစ္ေထာ္ေထာ္ျဖင့္ ရန္ေထာင္လာသည့္ေကာင္ေလးအား ခက္ထန္ငံု႔နမ္းလိုက္ေလသည္။

*ႁပြတ္*

"ဟင္ ခင္ဗ်ား"

ရင္ခြင္ထဲမွ အလန္႔တၾကားထြက္ကာ သူ႔နႈတ္ခမ္းသူ အုပ္ကိုင္ထားသည့္ေကာင္ေလး။

"ခင္ ခင္ဗ်ား ဒါဘာလုပ္တာလဲ ခင္ဗ်ား မရွက္ဘူးလား လူကို သူ႔ရည္းစားမ်ား ထင္ေနလား မသိဘူး"

အဟက္.. အခုန ေအာ္ႀကီးဟစ္က်ယ္ ေအာ္ငိုေနတုန္းကက် သူမဟုတ္တဲ့အတိုင္း ရွက္ဖို႔ေမ့ေနတာလားမသိဘူး။ ဒီေကာင္ဆိုးေလးကေတာ့။

"ကိုယ့္ရည္းစားပဲဟာ"

"ဘယ္သူက ခင္ဗ်ားကို ခ်စ္ အေျဖျပန္ေပးရေသးလို႔လဲ ေျပာ"

"ေပး ေပး မေပး ေပး ေဘဘီက ကိုယ့္ရည္းစား ကိုယ့္ခ်စ္သူ ကိုယ့္အပိုင္ပဲ"

"ဟြန္႔ ေသေတာင္မခ်စ္ဘူး ဆုေတာင္းေန အဲ့နားေလးတင္"

ေျပာၿပီး သူ႔အတန္းရွိရာ ေျပးထြက္သြားတဲ့ေကာင္ေလး။

တကယ္ပါဗ်ာ.. အခု သူနဲ႔ကိုယ့္အေျခအေနက ကိုယ္ကိုယ္တိုင္ေတာင္ ဘာမွန္းကိုမသိေတာ့။ရည္းစားလို႔ေျပာရေအာင္လဲ အဆိုးေလးက ခ်စ္တယ္လို႔ အေျဖျပန္မေပး။အင္းပါ ကေလးမေပးခ်င္လဲ ေနေပါ့.. ကေလးဖြင့္မေျပာေပမယ့္ ကေလးကိုယ့္ကို ခ်စ္ေနၿပီဆိုတာ ကိုယ္ကသိၿပီးသားပါကြာ။

____________________

*T T T*

"ခင္ဗ်ားႀကီး အခုဘယ္မွာလဲ ေရာက္ရာအရပ္ကေန ခ်က္ခ်င္းျပန္လွည့္လာခဲ့"

ဖုန္းလာလို႔ ကိုင္လိုက္ပါတယ္ ဟယ္လိုေတာင္မစရေသးဘူး ေျပာခ်င္ရာေျပာၿပီး ဖုန္းခ်သြားတဲ့ ေကာင္ေလး။တကယ့္အဆိုးေလး။

အိမ္ျပန္လွည့္ဖို႔ရာ ကားတံခါးေလးဖြင့္ေနတုန္း ျပန္လာခဲ့ဆိုတဲ့ေကာင္ေလးေၾကာင့္ ခက္ထန္ ကားတံခါးေလးျပန္ပိတ္လိုင္ရသည္။

"ကဲ ဘာေျပာစရာက်န္ေသးလို႔လဲ ေဘဘီ"

အေဆာင္ေရွ႕က သစ္ပင္ႀကီးေအာက္ မ်က္နွာေအာက္ငံု႔ကာ ထိုင္ေနသည့္ ေကာင္ေလးေရွ႕ ခက္ထန္ရပ္ကာ ေျပာလိုက္သည္။

ရွပ္အက်ၤီလက္ရွည္အျဖဴေရာင္ကို လက္စကေလာက္ ေခါက္တင္ထားကာ ၾကယ္သီး ၃ လံုးခန္႔ျဖဳတ္ထားတာေၾကာင့္ အက်ၤီအတြင္းက မညိဳမျဖဴ အသားအေရက တစ္စြန္းတစ္စေပၚေနသည့္အျပင္ သူ႔ရဲ႕ က်ယ္ျပန္႔တဲ့ရင္အုပ္က ျမင္သူတိုင္း ရင္ခြင္ထဲ ပစ္ဝင္ခ်င္စရာပင္။အစကတည္းက အရပ္ရွည့္သည့္သူက စတိုင္ေဘာင္းဘီျဖင့္ တြဲဝတ္ထားေသာေၾကာင့္ ပို၍ပင္ စမတ္က်ေနသည္။

'ဒီလူႀကီးဟာေလ နည္းနည္းမွအလိုက္မသိဘူး လူကိုသဝန္တိုေအာင္လို႔..'

"ေဘဘီ ေဘဘီ"

"ဘာလဲ"

မ်က္နွာေရွ႕ လက္ရမ္းကာ ေခၚေနသူေၾကာင့္ ဝႆန္ အေငၚထူးလိုက္သည္။

"ဟင္ ေဘဘီပဲ ကိုယ့္ကိုေခၚၿပီး ဘာလဲဆိုေတာ့ ကိုယ္က ဘယ္လိုေျပာရမွာလဲ"

"ေၾသာ္ အင္း အဲ့တာက ခင္ဗ်ားေၾကာင့္"

"ဟမ္ ကိုယ္ဘာလုပ္လို႔လဲ"

"ဘာလုပ္ရမွာလဲ ခင္ဗ်ားေၾကာင့္ ကြၽန္ေတာ္ အတန္းခ်ိန္မမွီေတာ့ဘူးဗ် သိရဲ႕လား အဘိုးႀကီးရဲ႕"

"အဲ့တာမ်ား ကေလးရယ္ ကိုယ္ကဘာမ်ားလဲလို႔"

ခက္ထန္ ၿပံဳးကာေျပာလိုက္ေသာေၾကာင့္ ဝႆန္ တရွဴးရွဴး တရွဲရွဲ ျဖစ္သြားသည္။

"ခင္ဗ်ားအတြက္ ဘာမွမဟုတ္ေပမယ့္ ကြၽန္ေတာ့္အတြက္အေရးႀကီးတယ္ဗ်.. ဒီနွစ္ ဂုဏ္ထူးထြက္ေအာင္ေျဖနိုင္မွ ျဖစ္မွာသိရဲ႕လား"

"အိုေက အိုေက သိၿပီမို႔ စိတ္ေလ်ာ့ပါ ေဘဘီရယ္ ေနာ္.. ကဲခု အတန္းခ်ိန္ပ်က္သြားတယ္ ေဘဘီဘာလုပ္ခ်င္လဲေျပာ"

"ေရခဲမုန္႔စားခ်င္တယ္"

မဆိုင္းမတြေျဖလာသူေၾကာင့္ ခက္ထန္ၿပံဳးလိုက္သည္။

"ကဲ ဒါဆိုလည္း ကိုယ္ေတာ္ေလး သေဘာအတိုင္းပါဗ်ာ လာ သြားရေအာင္"

"အြန္းးးး...ေၾသာ္ ေနာက္ၿပီး ခင္ဗ်ား ေနာက္တစ္ခါ ဒီလိုဝတ္မလာခဲ့နဲ႔ ဝတ္လာရင္ အျပတ္ပဲ"

'ငင့္ ျပတ္ရေအာင္ သူကျဖင့္ အေျဖေပးေသးတာက်လို႔ လူကို ေနာက္ၿပီး ဒါဝတ္ထားတာ ဘာျဖစ္ေနတာက်လို႔ '

"ဟုတ္ကဲ့ပါဗ်ာ"

ဘာမသိညာမသိျဖင့္သာ ခက္ထန္တစ္ေယာက္ ဟုတ္ကဲ့လိုက္ရသည္။ေတာ္ၾကာ အရစ္ရွည္ေနမိရင္ ေကာင္ဆိုးေလးက စိတ္ေကာက္ေနပါဦးမည္ေလ။

Tbc...

----------------*----------------

Unicode...

"Hey! Baby!"

"Hey! Hey!"

ခက်ထန် သူ့ကိုတစ်ချက်ကလေးမှလှည့်မကြည့်ဘဲ မမြင်ချင်ယောင်ဆောင်ကာ ရှေ့ဆက်သွားနေသည့် ကောင်လေးနောက်သို့ အပြေးလိုက်ကာ ရှေ့မှပိတ်ရပ်လိုက်သည်။

"Baby! ကိုယ်ခေါ်နေတာကို ဘာလို့လှည့်မကြည့်တာလဲ"

မျက်မှောင်ကျုံ့ကာမေးလိုက်တော့ သူ့မျက်နှာလေးအား မော်ချီကာ ပြန်ဖြေလာသူ။

"မကြည့်ချင်လို့"

ဝဿန် ခပ်ပြတ်ပြတ်ပင် ဖြေလိုက်သည်။

"ဘာလို့မကြည့်ချင်ရတာလဲ အကြောင်းပြချက်ပြော"

"ခင်ဗျားက ဘာမို့လို့ အကြောင်းပြချက်ပြောရမှာလဲ"

"ဘေဘီ့ ချစ်ချစ်မို့ပေါ့"

"လဲသေလိုက်ပါလား"

"ဟာကွာ အကြာကြီးနေမှ ပြန်တွေ့ရတဲ့သူကိုပြောတာက သေလိုက်တဲ့လား အားးး ကိုယ့်နှလုံးသားက မခံစားနိုင်ဘူးကွာ"

ခက်ထန် သူ့ရင်ဘက်က နှလုံးရှိသည့်နေရာအား အုပ်ကိုင်ကာ အော်လိုက်သည်။

"မခံစားနိုင်လဲ လဲသာသေလိုက်"

ပြောပြီး ဝဿန် ခက်ထန်ကိုယ်လုံးကြီးအား တွန်းတိုက်ကာ ထွက်လာခဲ့သည်။

"ဟာ ဟေး ခဏနေဦးလေ အလွမ်းတောင်မသယ်ရသေးဘူး ဒါကဘယ်လဲ"

ခက်ထန် ဝဿန့်နောက် ပြေးလိုက်ရပြန်သည်။

"ခဏနေပါဦး ဘေဘီရာ ဟူးးး မောလိုက်တာ"

"ခင်ဗျား ကျွန်တော့်ရှေ့က ဖယ်ဗျာ ဒီမယ် အတန်းချိန်နီးနေပြီဗျ သူမတက်ရတော့တိုင်း လာရှုပ်နေတယ်"

"အဲ့အတန်း မတက်ပါနဲ့တော့လား ဘေဘီရာ ၅ လလောက်ကြာမှ ကိုယ်ဘေဘီ့ဆီ လာတဲ့ရက်လေးကို နည်းနည်းလေးတောင် အချိန်မပေးချင်ဘူးလား ကိုယ့်အတွက်"

"ခင်ဗျား.. ခင်ဗျားကို အရင်ရက်တွေက ဘယ်သူကမလာနဲ့လို့ပြောထားလို့လဲ.. ကျောင်းပြီးပါပြီဆိုကတည်းက ကျွန်တော့်ဆီကို တစ်ရက်လေးတောင် လာခဲ့လို့လား.. ဖုန်းလဲမဆက်၊ message တစ်စောင်တောင်မပို့ခဲ့ဘူး.. ဘယ်သူအရင်အဆက်ဖြတ်ခဲ့တာလဲ ဟင် ပြောလေ ဘယ်သူအရင်အဆက်ဖြတ်ခဲ့တာလဲလို့ အီး ဟီး အင့် ရွှတ်"

"ဟုတ်ပါပြီ ဟုတ်ပါပြီ ကိုယ့်အမှားပါနော် ကိုယ့်အမှား ကိုယ်ကလေးကို အဆက်အသွယ်မလုပ်မိတဲ့ ကိုဟ့်အမှားပါနော် တိတ်တော့ တိတ်တော့ မရှက်ဘူးလား ကျောင်းထဲမှာ သူများတွေကြည့်ကုန်ပြီ"

ခက်ထန် သူ့ရှေ့က ကျောပိုးအိတ်လေးလွယ်ထားကာ တစ်ရှုံ့ရှုံငိုနေသည့် ကောင်ငယ်လေးအား ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်သည်။

"အဟင့် ဘယ်လောက်တောင်မျှော်နေရလဲသိလား ဘယ်ချိန် ဖုန်းခေါ်လာမလဲ၊ ဘယ်ချိန် message လေးပို့မလဲဆိုပြီး ဒီကတော့ လွဲသွားမှာစိုးလို့ အမြဲ ဖုန်းနဲ့ကိုယ်နဲ့ကပ်နေရတာ သူကတော့ သတိတောင်ရရဲ့လားမသိဘူး"

"ဟား ဘေဘီရယ် ဘယ်လိုပြောလိုက်တာလဲ သတိရတာမှ ဟိုဘက်ကမ်းတောင်လွန်သေးတယ် အလုပ်တွေပိနေလို့ရယ်သာ"

"ခင်ဗျားအနည်းဆုံး ဖုန်းလေးတော့ ဆက်သင့်တာပေါ့ အရူးကြီးရဲ့"

ရင်ခွင်ထဲမှ မျက်နှာလေးမော့ကာ နှုတ်ခမ်းတစ်ထော်ထော်ဖြင့် ရန်ထောင်လာသည့်ကောင်လေးအား ခက်ထန်ငုံ့နမ်းလိုက်လေသည်။

*ပြွတ်*

"ဟင် ခင်ဗျား"

ရင်ခွင်ထဲမှ အလန့်တကြားထွက်ကာ သူ့နှုတ်ခမ်းသူ အုပ်ကိုင်ထားသည့်ကောင်လေး။

"ခင် ခင်ဗျား ဒါဘာလုပ်တာလဲ ခင်ဗျား မရှက်ဘူးလား လူကို သူ့ရည်းစားများ ထင်နေလား မသိဘူး"

အဟက်.. အခုန အော်ကြီးဟစ်ကျယ် အော်ငိုနေတုန်းကကျ သူမဟုတ်တဲ့အတိုင်း ရှက်ဖို့မေ့နေတာလားမသိဘူး။ ဒီကောင်ဆိုးလေးကတော့။

"ကိုယ့်ရည်းစားပဲဟာ"

"ဘယ်သူက ခင်ဗျားကို ချစ် အဖြေပြန်ပေးရသေးလို့လဲ ပြော"

"ပေး ပေး မပေး ပေး ဘေဘီက ကိုယ့်ရည်းစား ကိုယ့်ချစ်သူ ကိုယ့်အပိုင်ပဲ"

"ဟွန့် သေတောင်မချစ်ဘူး ဆုတောင်းနေ အဲ့နားလေးတင်"

ပြောပြီး သူ့အတန်းရှိရာ ပြေးထွက်သွားတဲ့ကောင်လေး။

တကယ်ပါဗျာ.. အခု သူနဲ့ကိုယ့်အခြေအနေက ကိုယ်ကိုယ်တိုင်တောင် ဘာမှန်းကိုမသိတော့။ရည်းစားလို့ပြောရအောင်လဲ အဆိုးလေးက ချစ်တယ်လို့ အဖြေပြန်မပေး။အင်းပါ ကလေးမပေးချင်လဲ နေပေါ့.. ကလေးဖွင့်မပြောပေမယ့် ကလေးကိုယ့်ကို ချစ်နေပြီဆိုတာ ကိုယ်ကသိပြီးသားပါကွာ။

____________________

*T T T*

"ခင်ဗျားကြီး အခုဘယ်မှာလဲ ရောက်ရာအရပ်ကနေ ချက်ချင်းပြန်လှည့်လာခဲ့"

ဖုန်းလာလို့ ကိုင်လိုက်ပါတယ် ဟယ်လိုတောင်မစရသေးဘူး ပြောချင်ရာပြောပြီး ဖုန်းချသွားတဲ့ ကောင်လေး။တကယ့်အဆိုးလေး။

အိမ်ပြန်လှည့်ဖို့ရာ ကားတံခါးလေးဖွင့်နေတုန်း ပြန်လာခဲ့ဆိုတဲ့ကောင်လေးကြောင့် ခက်ထန် ကားတံခါးလေးပြန်ပိတ်လိုင်ရသည်။

"ကဲ ဘာပြောစရာကျန်သေးလို့လဲ ဘေဘီ"

အဆောင်ရှေ့က သစ်ပင်ကြီးအောက် မျက်နှာအောက်ငုံ့ကာ ထိုင်နေသည့် ကောင်လေးရှေ့ ခက်ထန်ရပ်ကာ ပြောလိုက်သည်။

ရှပ်အင်္ကျီလက်ရှည်အဖြူရောင်ကို လက်စကလောက် ခေါက်တင်ထားကာ ကြယ်သီး ၃ လုံးခန့်ဖြုတ်ထားတာကြောင့် အင်္ကျီအတွင်းက မညိုမဖြူ အသားအရေက တစ်စွန်းတစ်စပေါ်နေသည့်အပြင် သူ့ရဲ့ ကျယ်ပြန့်တဲ့ရင်အုပ်က မြင်သူတိုင်း ရင်ခွင်ထဲ ပစ်ဝင်ချင်စရာပင်။အစကတည်းက အရပ်ရှည့်သည့်သူက စတိုင်ဘောင်းဘီဖြင့် တွဲဝတ်ထားသောကြောင့် ပို၍ပင် စမတ်ကျနေသည်။

'ဒီလူကြီးဟာလေ နည်းနည်းမှအလိုက်မသိဘူး လူကိုသဝန်တိုအောင်လို့..'

"ဘေဘီ ဘေဘီ"

"ဘာလဲ"

မျက်နှာရှေ့ လက်ရမ်းကာ ခေါ်နေသူကြောင့် ဝဿန် အငေါ်ထူးလိုက်သည်။

"ဟင် ဘေဘီပဲ ကိုယ့်ကိုခေါ်ပြီး ဘာလဲဆိုတော့ ကိုယ်က ဘယ်လိုပြောရမှာလဲ"

"သြော် အင်း အဲ့တာက ခင်ဗျားကြောင့်"

"ဟမ် ကိုယ်ဘာလုပ်လို့လဲ"

"ဘာလုပ်ရမှာလဲ ခင်ဗျားကြောင့် ကျွန်တော် အတန်းချိန်မမှီတော့ဘူးဗျ သိရဲ့လား အဘိုးကြီးရဲ့"

"အဲ့တာများ ကလေးရယ် ကိုယ်ကဘာများလဲလို့"

ခက်ထန် ပြုံးကာပြောလိုက်သောကြောင့် ဝဿန် တရှူးရှူး တရှဲရှဲ ဖြစ်သွားသည်။

"ခင်ဗျားအတွက် ဘာမှမဟုတ်ပေမယ့် ကျွန်တော့်အတွက်အရေးကြီးတယ်ဗျ.. ဒီနှစ် ဂုဏ်ထူးထွက်အောင်ဖြေနိုင်မှ ဖြစ်မှာသိရဲ့လား"

"အိုကေ အိုကေ သိပြီမို့ စိတ်လျော့ပါ ဘေဘီရယ် နော်.. ကဲခု အတန်းချိန်ပျက်သွားတယ် ဘေဘီဘာလုပ်ချင်လဲပြော"

"ရေခဲမုန့်စားချင်တယ်"

မဆိုင်းမတွဖြေလာသူကြောင့် ခက်ထန်ပြုံးလိုက်သည်။

"ကဲ ဒါဆိုလည်း ကိုယ်တော်လေး သဘောအတိုင်းပါဗျာ လာ သွားရအောင်"

"အွန်းးးး...သြော် နောက်ပြီး ခင်ဗျား နောက်တစ်ခါ ဒီလိုဝတ်မလာခဲ့နဲ့ ဝတ်လာရင် အပြတ်ပဲ"

'ငင့် ပြတ်ရအောင် သူကဖြင့် အဖြေပေးသေးတာကျလို့ လူကို နောက်ပြီး ဒါဝတ်ထားတာ ဘာဖြစ်နေတာကျလို့ '

"ဟုတ်ကဲ့ပါဗျာ"

ဘာမသိညာမသိဖြင့်သာ ခက်ထန်တစ်ယောက် ဟုတ်ကဲ့လိုက်ရသည်။တော်ကြာ အရစ်ရှည်နေမိရင် ကောင်ဆိုးလေးက စိတ်ကောက်နေပါဦးမည်လေ။

Tbc...

----------------*----------------












© Kout Tay,
книга «ေႂကြ».
အပိုင္း-၂၄
Коментарі