အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း_၂၂
အပိုင္း_၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၄
Zawgyi...

*ကေလးေရ*

*ေဘဘီေလးေရ*

*ပူတူတူးေလးေရ*

*အသည္းနွလံုး ေက်ာက္ကပ္ေလးေရ*

*ကဲ ခင္ဗ်ားဒီေန႔ စာပို႔လို႔ ၿပီးဦးမွာလား... ကြၽန္ေတာ္စာလုပ္ရဦးမယ္ဗ် စာေမးပြဲနီးေနပါၿပီဆိုေန*

*ဟုတ္ကဲ့ပါခင္ဗ် သခင္ေလးသေဘာေတာ္အတိုင္း ကြၽန္ေတာ္မ်ိဳး စာမပို႔ေတာ့ပါဘူး ခင္ဗ်..*

*ၿပီးေရာ*

*စာေသခ်ာလုပ္ေနာ္ သခင္ေလး ဖိုက္တင္းးးးး*

*အိမ္းးးး ေကာင္းပါၿပီ ေမာင္မင္း*

*ခ်စ္တယ္ ကိုယ့္သခင္ေလး မြ မြ*

ဝႆန္ ခက္ထန္ပို႔လာသည့္ စာေၾကာင္းအား ဖတ္ရင္း ၿပံဳးေနမိသည္။

'အားးး ဒီလူႀကီး အနားမွာသာရွိရင္ ဆြဲကုတ္ပစ္လိုက္တယ္ အူယားစရာႀကီး'

ထို႔ေနာက္ ဖုန္းေလးအား ေဘးသို႔ခ်ကာ စာလုပ္ရန္ျပင္ရျပန္သည္။သူဒီနွစ္ဂုဏ္ထူးထြက္မွျဖစ္မည္ေလ။

________________

စာေမးပြဲေျဖသည့္ေန႔မွစ၍ အခန္းေပါက္မွာ လာေစာင့္ေနသည့္သူေၾကာင့္ စာေျဖရင္းလဲ မသိမသာၿပံဳးေနမိသည္။

ဒါ့အျပင္ တိုက္လိုက္သည့္ အားေဆးေတြဆိုသည္မွာလဲ ခနၶာကိုယ္ကပင္ ေဆးနံ႔ထြက္ေနသည္အထိ။မသိရင္ သူက ကိုယ့္အေမက်ေနတာပဲ။ကိုယ့္အေမေတာင္ အဲ့ေလာက္ဂရုမစိုက္ဘူး။

"ေျဖနိုင္လား ကေလး"

စာေမးပြဲခန္းထဲက ထြက္တာနဲ႔ တန္းေမးတဲ့ သူ႔ရဲ႕စကား။လက္ကလဲ ေရဗူးအပိတ္ကို ဖြင့္လ်က္ျဖင့္။

သူကမ္းေပးသည့္ ေရဗူးအား တစ္ငံုယူေသာက္ၿပီးေနာက္

"အင္း ေျဖနိုင္တယ္"

"ဟူး ေတာ္ေသးတာေပါ့ ကေလးရယ္ ကိုယ္က ကေလးမေျဖနိုင္မွာစိုးေနတာ"

"ဒီေလာက္ကေတာ့ အသာေလးပါ ခင္ဗ်ားကလဲ"

"ဒါနဲ႔ ကေလးက ဘာလို႔မ်ား ဒီေလာက္ထိ ဂုဏ္ထူးတန္းတက္ခ်င္ေနရတာလဲ"

"ခင္ဗ်ားကလဲ တံုးလိုက္တာ Tutor ျဖစ္ခ်င္လို႔ေပါ့"

"ဘာလို႔ျဖစ္ခ်င္ေနရတာလဲ ကေလးရာ မဟုတ္လဲ ေနာင္တစ္ခ်ိန္ ကိုယ္လုပ္ေကြၽးရမယ့္ဟာ ကေလးက အပင္ပန္းခံမေနစမ္းပါနဲ႔ကြာ"

"ဘာေျပာတယ္ ခင္ဗ်ားေနာ္ ဘယ္သူက ခင္ဗ်ားကို ယူမယ္လို႔ ေျပာလို႔လဲ အိပ္မက္ မက္ေနတယ္"

"ဟားဟား မက္မယ္ဗ်ာ မက္မယ္ အႀကီးႀကီးကို မက္ပစ္မယ္ အိပ္မက္ထဲမွာတင္ ကေလး တစ္ဒါဇင္ေလာက္ ေမြးတဲ့အထိ မက္ပစ္မယ္"

"ဟာ ခင္ဗ်ားေနာ္"

"ဟား ဟား စတာပါ ကေလးရာ"

"ဒါနဲ႔ ခင္ဗ်ားက ကေလးခ်စ္တတ္တာလား"

"ကေလးလား ခ်စ္တာေပါ့ အာ့ေၾကာင့္လဲ ဒီက ကေလးေလးကို ခ်စ္ေနတာေပါ့"

"ဒီက အေကာင္းေမးေနတာကို"

"ဟုတ္ပါၿပီဗ်ာ ဒါနဲ႔ ကေလး အခုဗိုက္ဆာေနေလာက္ေရာေပါ့ ဘာစားခ်င္လဲ ကေလးေလး"

"အင္းးး.. မသိဘူး canteen အရင္ သြားရေအာင္ ဟိုေရာက္မွ ဘာစားခ်င္လဲ ၾကည့္လိုက္မယ္ေလ"

"အိုေကပါဗ်"

"ေၾသာ ခဏ ကန္တင္းအရင္မသြားနဲ႔ဦး.. စာၾကည့္တိုက္အရင္သြားရေအာင္ မနက္ျဖန္ေျဖမယ့္ဘာသာရဲ႕ေမးခြန္းေဟာင္းပံုစံ ၾကည့္ခ်င္လို႔"

ဝႆန္ ခက္ထန္လက္အား လွမ္းဆြဲကာ ေျပာလိုက္သည္။

"သေဘာေတာ္အတိုင္းပါဗ်ာ"

ခက္ထန္ ေျပာလိုက္ေတာ့ မ်က္လံုးဝိုင္းေလးေတြ မွိတ္က်သြားသည္အထိ ၿပံဳးလိုက္သည့္ ေကာင္ေလးကို တခဏမ်ွ ေငးမိသည္။

စာၾကည့္တိုက္ ေရာက္ကတည္းက သူ႔ကိုအဖက္ပင္မလုပ္ဘဲ ေမးခြန္းေဟာင္းေတြၾကား ေခါင္းနစ္ေနသူအားၾကည့္ရင္း ခက္ထန္ တစ္ေယာက္ထဲ အလိုမက်ျဖစ္ေနရသည္။

ၾကည့္ပါဦးဗ်ာ။ ေခၚတုန္းကေတာ့ ေခၚလာၿပီး ေရာက္ကတည္းက ကိုယ့္ကို ေမာ့ေတာင္မၾကည့္လာေတာ့ ေရွ႕မွာထိုင္ေနရတဲ့ ကြၽန္ေတာ့္အျဖစ္ကို ခင္ဗ်ားတို႔ ကိုယ္ခ်င္းစာၾကည့္ေပးၾကပါဦးဗ်ာ။

မျဖစ္။တကယ္ကို မျဖစ္ေသးဘူး။ သူ ကိုယ့္ကို နည္းနည္းေလာက္ေတာ့ အဖက္လုပ္လာေအာင္ တစ္ခုခုႀကံစည္မွျဖစ္ေတာ့မည္။ဟူးးးးး။

*႐ႊတ္*

~ဟင္~

ရုတ္ခ်ည္း ပန္းႏုေရာင္ေျပးသြားေသာ ပါးနွစ္ဖက္အား လက္ဖဝါးနွစ္ဖက္ျဖင့္ အုပ္ကိုင္ကာ ေရွ႕မွာထိုင္ေနၿပီး သူမဟုတ္သလို မ်က္နွာလႊဲထားသူအား ဝႆန္ ေအာက္နႈတ္ခမ္းကိုက္ကာ မ်က္ေစာင္း႐ြယ္လိုက္သည္။

ပံုစံကိုက သူဘာမွမလုပ္သည့္အတိုင္း။

ေခါင္းငံု႔ကာ စာထဲသို႔ျပန္စိတ္နွစ္လိုက္ျပန္သည္နွင့္ ထပ္မံက်ေရာက္လာသည့္ အနမ္းမ်ားေၾကာင့္ ဝႆန္႔မွာ အံ့ၾသလြန္းလို႔ ပါးစပ္အေဟာင္းသားပင္။

သူမို႔ အရွက္မရွိ။
အဲ့တာပဲ ယိုသူမရွက္ ျမင္သူရွက္ ဆိုတာ။နမ္းတဲ့ သူက မရွက္ေပမယ့္ အနမ္းခံရတဲ့ ကြၽန္ေတာ့္မွာေတာ့ ရွက္လြန္းလို႔ ေခါင္းပင္မေဖာ္ရဲ။စာၾကည့္တိုက္ထဲမွာမို႔ ထေအာ္လိုက္လို႔ကလဲမျဖစ္။တစ္ေယာက္ေယာက္မ်ား ျမင္သြားရင္ျဖင့္ အားးးးး ရွက္လိုက္တာ။ ေတြးရင္းနဲ႔တင္ မ်က္နွာပူလာၿပီ။

"ဒီမွာ ခင္ဗ်ား မရွက္ဘူးလား ဘယ္လိုျဖစ္ေနတာလဲ"

ဝႆန္ ခက္ထန္အနားသို႔ကပ္ကာ တိုးတိုးေလး ေျပာလိုက္သည္။

"မရွက္ပါဘူး.. ဘာလို႔ရွက္ရမွာလဲ ကိုယ့္ကေလး ကိုယ္နမ္းတဲ့ဟာကို သူတို႔မျမင္ခ်င္ရင္ မၾကည့္နဲ႔ေပါ့"

"ေနပါဦး ခင္ဗ်ားက ဘာလို႔ ကြၽန္ေတာ့္ကို လာနမ္းေနရတာလဲ"

"အျပစ္ေပးတာေလ ကေလးဘာလို႔ ေရာက္ကတည္းပ ကိုယ့္ကို အဖက္မလုပ္လဲ"

"ဟာ ကြၽန္ေတာ္က စာလုပ္ေနတာေလ အလကား ေနေနတာမွမဟုတ္တာ"

"ဘာပဲျဖစ္ျဖစ္ ကေလးစာလုပ္လဲ ကိုယ့္ကိုအဖက္လုပ္ရမယ္ ဒါပဲ"

"ဟာ ခင္ဗ်ား"

*႐ႊတ္*

"ကဲဟာ နမ္းခ်င္ဦး"

*ဘုန္း**ဘုန္း*

ေဘးရွိ စာအုပ္ေတြျဖင့္ ခက္ထန္ေက်ာအား ရိုက္လိုက္သည့္အသံေၾကာင့္ စာၾကည့္တိုက္အတြင္းရွိလူမ်ားက သူတို႔နွစ္ေယာက္ရွိရာသို႔ လွည့္ၾကည့္လာၾကသည္။စာၾကည့္တိုက္မွဴးပင္ မ်က္မွန္ပင့္ကာ ေမာ့ၾကည့္လာေသာေၾကာင့္ ဝႆန္ သူမဟုတ္သလိုျဖင့္ စာ႐ြက္ေတြၾကား ေခါင္းငံု႔ထားလိုက္သည္။

သူလဲ ခ်က္ခ်င္းဆိုသလို ဒီလူႀကီးရဲ႕ အက်င့္ေတြ ကူးလာပါလား။
___________________

*Tin*

fb သံုးေနစဥ္ ေရာက္လာသည့္ message ေၾကာင့္ ဖြင့္ၾကည့္လိုက္ေတာ့ မ်က္လံုးေတြပင္ ျပာသြားသည္အထိ။

'ဟင္ ဒါ ဒါက ဘယ္လိုျဖစ္ရတာလဲ'

ခ်က္ခ်င္း ထိုင္ေနရာမွထကာ အေပၚထပ္ရွိ သားငယ္အခန္းသို႔ တက္သြားလိုက္သည္။

*ေဒါက္ ေဒါက္*

"ဝႆန္ ဟိတ္ေကာင္ မင္းဝႆန္"

"ဗ် ဗ်ာ ေဖေဖ့"

ဝႆန္ စာေရးခံုေပၚတြင္ အိပ္ငိုက္ေနမိကာမွ ေဖေဖ့အသံေၾကာင့္ လန္႔ျဖန္႔သြားရသည္။

"ဖြင့္စမ္း တံခါးကို ျမန္ျမန္ဖြင့္"

"ဟုတ္ ဟုတ္ လာၿပီ ေဖ့"

*ကြၽီ*

*ဝုန္း*

"ဟဲ့ ဟဲ့ ဘာျဖစ္တာလဲ"

မီးဖိုခန္းထဲတြင္ ေမေမ့အား ကူေနစဥ္ အိမ္ေပၚထပ္မွ အသံေၾကာင့္ သားအမိနွစ္ေယာက္ အေျပးအလႊားပင္ တက္သြားရသည္။

အခန္းတံခါးအား ဖြင့္လိုက္သည္နွင့္တစ္ၿပိဳင္နက္ သူ႔အား တြန္းလႊတ္လိုက္သည့္ ေဖေဖ။

*ခြပ္ ခြပ္*

ရုတ္တစ္ရက္ ၾကမ္းျပင္ေပၚမွ ဆြဲထူကာ လက္သီးျဖင့္ထိုးလာသည္ေၾကာင့္ ဝႆန္ အံ့ၾသသြားရသည္။

"အို အေဖႀကီး ဒါဘာလုပ္တာလဲ ဘာလို႔ သားကို ထိုးရတာလဲ"

ထိုစဥ္ ေမေမနဲ႔ မမေရာက္လာကာ ေဖေဖ့အား ဝိုင္းဆြဲၾကေလသည္။

"ငါက ငါက အေၾကာင္းျပခ်က္ မရွိဘဲ ကိုယ့္သားကိုယ္ထိုးမလား.. ထားေမ မင္း သားလုပ္ပံုေကာင္းေသးရဲ႕လား ဟမ္ သူလုပ္ပံုေကာင္းေသးရဲ႕လားလို႔ ငါ ငါအခု ပတ္ဝန္းက်င္ကို ဘယ္လိုမ်က္နွာျပရေတာ့မလဲ ငါ ရွက္လြန္းလို႔ ေဟာဒီမ်က္နွာႀကီးကို ဆြဲၿဖဲပစ္လိုက္ခ်င္ေတာ့တယ္ကြ"

"ေန ေနပါဦး အေဖႀကီးရယ္ သားက ဘာေတြမ်ားလုပ္လို႔ ရွင္က ဒီေလာက္ထိ ေဒါသထြက္ေနရတာလဲ"

"ေဟာ့ ဒီမယ္ ၾကည့္ၾကည့္ မင္းရဲ႕အဖိုးတန္သားေလးက ငါ့တို႔ကို လူပံုအလယ္မွာ အရွက္ခြဲခဲ့ၿပီကြ"

ေဖေဖ့ဖုန္းအား သံုးေယာက္သား ဝိုင္းၾကည့္လိုက္ၾကစဥ္ ျမင္လိုက္ရသည့္ပံုက...


Tbc...

__________________

Zawgyi...

*ကလေးရေ*

*ဘေဘီလေးရေ*

*ပူတူတူးလေးရေ*

*အသည်းနှလုံး ကျောက်ကပ်လေးရေ*

*ကဲ ခင်ဗျားဒီနေ့ စာပို့လို့ ပြီးဦးမှာလား... ကျွန်တော်စာလုပ်ရဦးမယ်ဗျ စာမေးပွဲနီးနေပါပြီဆိုနေ*

*ဟုတ်ကဲ့ပါခင်ဗျ သခင်လေးသဘောတော်အတိုင်း ကျွန်တော်မျိုး စာမပို့တော့ပါဘူး ခင်ဗျ..*

*ပြီးရော*

*စာသေချာလုပ်နော် သခင်လေး ဖိုက်တင်းးးးး*

*အိမ်းးးး ကောင်းပါပြီ မောင်မင်း*

*ချစ်တယ် ကိုယ့်သခင်လေး မွ မွ*

ဝဿန် ခက်ထန်ပို့လာသည့် စာကြောင်းအား ဖတ်ရင်း ပြုံးနေမိသည်။

'အားးး ဒီလူကြီး အနားမှာသာရှိရင် ဆွဲကုတ်ပစ်လိုက်တယ် အူယားစရာကြီး'

ထို့နောက် ဖုန်းလေးအား ဘေးသို့ချကာ စာလုပ်ရန်ပြင်ရပြန်သည်။သူဒီနှစ်ဂုဏ်ထူးထွက်မှဖြစ်မည်လေ။

________________

စာမေးပွဲဖြေသည့်နေ့မှစ၍ အခန်းပေါက်မှာ လာစောင့်နေသည့်သူကြောင့် စာဖြေရင်းလဲ မသိမသာပြုံးနေမိသည်။

ဒါ့အပြင် တိုက်လိုက်သည့် အားဆေးတွေဆိုသည်မှာလဲ ခန္ဓာကိုယ်ကပင် ဆေးနံ့ထွက်နေသည်အထိ။မသိရင် သူက ကိုယ့်အမေကျနေတာပဲ။ကိုယ့်အမေတောင် အဲ့လောက်ဂရုမစိုက်ဘူး။

"ဖြေနိုင်လား ကလေး"

စာမေးပွဲခန်းထဲက ထွက်တာနဲ့ တန်းမေးတဲ့ သူ့ရဲ့စကား။လက်ကလဲ ရေဗူးအပိတ်ကို ဖွင့်လျက်ဖြင့်။

သူကမ်းပေးသည့် ရေဗူးအား တစ်ငုံယူသောက်ပြီးနောက်

"အင်း ဖြေနိုင်တယ်"

"ဟူး တော်သေးတာပေါ့ ကလေးရယ် ကိုယ်က ကလေးမဖြေနိုင်မှာစိုးနေတာ"

"ဒီလောက်ကတော့ အသာလေးပါ ခင်ဗျားကလဲ"

"ဒါနဲ့ ကလေးက ဘာလို့များ ဒီလောက်ထိ ဂုဏ်ထူးတန်းတက်ချင်နေရတာလဲ"

"ခင်ဗျားကလဲ တုံးလိုက်တာ Tutor ဖြစ်ချင်လို့ပေါ့"

"ဘာလို့ဖြစ်ချင်နေရတာလဲ ကလေးရာ မဟုတ်လဲ နောင်တစ်ချိန် ကိုယ်လုပ်ကျွေးရမယ့်ဟာ ကလေးက အပင်ပန်းခံမနေစမ်းပါနဲ့ကွာ"

"ဘာပြောတယ် ခင်ဗျားနော် ဘယ်သူက ခင်ဗျားကို ယူမယ်လို့ ပြောလို့လဲ အိပ်မက် မက်နေတယ်"

"ဟားဟား မက်မယ်ဗျာ မက်မယ် အကြီးကြီးကို မက်ပစ်မယ် အိပ်မက်ထဲမှာတင် ကလေး တစ်ဒါဇင်လောက် မွေးတဲ့အထိ မက်ပစ်မယ်"

"ဟာ ခင်ဗျားနော်"

"ဟား ဟား စတာပါ ကလေးရာ"

"ဒါနဲ့ ခင်ဗျားက ကလေးချစ်တတ်တာလား"

"ကလေးလား ချစ်တာပေါ့ အာ့ကြောင့်လဲ ဒီက ကလေးလေးကို ချစ်နေတာပေါ့"

"ဒီက အကောင်းမေးနေတာကို"

"ဟုတ်ပါပြီဗျာ ဒါနဲ့ ကလေး အခုဗိုက်ဆာနေလောက်ရောပေါ့ ဘာစားချင်လဲ ကလေးလေး"

"အင်းးး.. မသိဘူး canteen အရင် သွားရအောင် ဟိုရောက်မှ ဘာစားချင်လဲ ကြည့်လိုက်မယ်လေ"

"အိုကေပါဗျ"

"သြော ခဏ ကန်တင်းအရင်မသွားနဲ့ဦး.. စာကြည့်တိုက်အရင်သွားရအောင် မနက်ဖြန်ဖြေမယ့်ဘာသာရဲ့မေးခွန်းဟောင်းပုံစံ ကြည့်ချင်လို့"

ဝဿန် ခက်ထန်လက်အား လှမ်းဆွဲကာ ပြောလိုက်သည်။

"သဘောတော်အတိုင်းပါဗျာ"

ခက်ထန် ပြောလိုက်တော့ မျက်လုံးဝိုင်းလေးတွေ မှိတ်ကျသွားသည်အထိ ပြုံးလိုက်သည့် ကောင်လေးကို တခဏမျှ ငေးမိသည်။

စာကြည့်တိုက် ရောက်ကတည်းက သူ့ကိုအဖက်ပင်မလုပ်ဘဲ မေးခွန်းဟောင်းတွေကြား ခေါင်းနစ်နေသူအားကြည့်ရင်း ခက်ထန် တစ်ယောက်ထဲ အလိုမကျဖြစ်နေရသည်။

ကြည့်ပါဦးဗျာ။ ခေါ်တုန်းကတော့ ခေါ်လာပြီး ရောက်ကတည်းက ကိုယ့်ကို မော့တောင်မကြည့်လာတော့ ရှေ့မှာထိုင်နေရတဲ့ ကျွန်တော့်အဖြစ်ကို ခင်ဗျားတို့ ကိုယ်ချင်းစာကြည့်ပေးကြပါဦးဗျာ။

မဖြစ်။တကယ်ကို မဖြစ်သေးဘူး။ သူ ကိုယ့်ကို နည်းနည်းလောက်တော့ အဖက်လုပ်လာအောင် တစ်ခုခုကြံစည်မှဖြစ်တော့မည်။ဟူးးးးး။

*ရွှတ်*

~ဟင်~

ရုတ်ချည်း ပန်းနုရောင်ပြေးသွားသော ပါးနှစ်ဖက်အား လက်ဖဝါးနှစ်ဖက်ဖြင့် အုပ်ကိုင်ကာ ရှေ့မှာထိုင်နေပြီး သူမဟုတ်သလို မျက်နှာလွှဲထားသူအား ဝဿန် အောက်နှုတ်ခမ်းကိုက်ကာ မျက်စောင်းရွယ်လိုက်သည်။

ပုံစံကိုက သူဘာမှမလုပ်သည့်အတိုင်း။

ခေါင်းငုံ့ကာ စာထဲသို့ပြန်စိတ်နှစ်လိုက်ပြန်သည်နှင့် ထပ်မံကျရောက်လာသည့် အနမ်းများကြောင့် ဝဿန့်မှာ အံ့သြလွန်းလို့ ပါးစပ်အဟောင်းသားပင်။

သူမို့ အရှက်မရှိ။
အဲ့တာပဲ ယိုသူမရှက် မြင်သူရှက် ဆိုတာ။နမ်းတဲ့ သူက မရှက်ပေမယ့် အနမ်းခံရတဲ့ ကျွန်တော့်မှာတော့ ရှက်လွန်းလို့ ခေါင်းပင်မဖော်ရဲ။စာကြည့်တိုက်ထဲမှာမို့ ထအော်လိုက်လို့ကလဲမဖြစ်။တစ်ယောက်ယောက်များ မြင်သွားရင်ဖြင့် အားးးးး ရှက်လိုက်တာ။ တွေးရင်းနဲ့တင် မျက်နှာပူလာပြီ။

"ဒီမှာ ခင်ဗျား မရှက်ဘူးလား ဘယ်လိုဖြစ်နေတာလဲ"

ဝဿန် ခက်ထန်အနားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"မရှက်ပါဘူး.. ဘာလို့ရှက်ရမှာလဲ ကိုယ့်ကလေး ကိုယ်နမ်းတဲ့ဟာကို သူတို့မမြင်ချင်ရင် မကြည့်နဲ့ပေါ့"

"နေပါဦး ခင်ဗျားက ဘာလို့ ကျွန်တော့်ကို လာနမ်းနေရတာလဲ"

"အပြစ်ပေးတာလေ ကလေးဘာလို့ ရောက်ကတည်းပ ကိုယ့်ကို အဖက်မလုပ်လဲ"

"ဟာ ကျွန်တော်က စာလုပ်နေတာလေ အလကား နေနေတာမှမဟုတ်တာ"

"ဘာပဲဖြစ်ဖြစ် ကလေးစာလုပ်လဲ ကိုယ့်ကိုအဖက်လုပ်ရမယ် ဒါပဲ"

"ဟာ ခင်ဗျား"

*ရွှတ်*

"ကဲဟာ နမ်းချင်ဦး"

*ဘုန်း**ဘုန်း*

ဘေးရှိ စာအုပ်တွေဖြင့် ခက်ထန်ကျောအား ရိုက်လိုက်သည့်အသံကြောင့် စာကြည့်တိုက်အတွင်းရှိလူများက သူတို့နှစ်ယောက်ရှိရာသို့ လှည့်ကြည့်လာကြသည်။စာကြည့်တိုက်မှူးပင် မျက်မှန်ပင့်ကာ မော့ကြည့်လာသောကြောင့် ဝဿန် သူမဟုတ်သလိုဖြင့် စာရွက်တွေကြား ခေါင်းငုံ့ထားလိုက်သည်။

သူလဲ ချက်ချင်းဆိုသလို ဒီလူကြီးရဲ့ အကျင့်တွေ ကူးလာပါလား။
___________________

*Tin*

fb သုံးနေစဉ် ရောက်လာသည့် message ကြောင့် ဖွင့်ကြည့်လိုက်တော့ မျက်လုံးတွေပင် ပြာသွားသည်အထိ။

'ဟင် ဒါ ဒါက ဘယ်လိုဖြစ်ရတာလဲ'

ချက်ချင်း ထိုင်နေရာမှထကာ အပေါ်ထပ်ရှိ သားငယ်အခန်းသို့ တက်သွားလိုက်သည်။

*ဒေါက် ဒေါက်*

"ဝဿန် ဟိတ်ကောင် မင်းဝဿန်"

"ဗျ ဗျာ ဖေဖေ့"

ဝဿန် စာရေးခုံပေါ်တွင် အိပ်ငိုက်နေမိကာမှ ဖေဖေ့အသံကြောင့် လန့်ဖြန့်သွားရသည်။

"ဖွင့်စမ်း တံခါးကို မြန်မြန်ဖွင့်"

"ဟုတ် ဟုတ် လာပြီ ဖေ့"

*ကျွီ*

*ဝုန်း*

"ဟဲ့ ဟဲ့ ဘာဖြစ်တာလဲ"

မီးဖိုခန်းထဲတွင် မေမေ့အား ကူနေစဉ် အိမ်ပေါ်ထပ်မှ အသံကြောင့် သားအမိနှစ်ယောက် အပြေးအလွှားပင် တက်သွားရသည်။

အခန်းတံခါးအား ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့အား တွန်းလွှတ်လိုက်သည့် ဖေဖေ။

*ခွပ် ခွပ်*

ရုတ်တစ်ရက် ကြမ်းပြင်ပေါ်မှ ဆွဲထူကာ လက်သီးဖြင့်ထိုးလာသည်ကြောင့် ဝဿန် အံ့သြသွားရသည်။

"အို အဖေကြီး ဒါဘာလုပ်တာလဲ ဘာလို့ သားကို ထိုးရတာလဲ"

ထိုစဉ် မေမေနဲ့ မမရောက်လာကာ ဖေဖေ့အား ဝိုင်းဆွဲကြလေသည်။

"ငါက ငါက အကြောင်းပြချက် မရှိဘဲ ကိုယ့်သားကိုယ်ထိုးမလား.. ထားမေ မင်း သားလုပ်ပုံကောင်းသေးရဲ့လား ဟမ် သူလုပ်ပုံကောင်းသေးရဲ့လားလို့ ငါ ငါအခု ပတ်ဝန်းကျင်ကို ဘယ်လိုမျက်နှာပြရတော့မလဲ ငါ ရှက်လွန်းလို့ ဟောဒီမျက်နှာကြီးကို ဆွဲဖြဲပစ်လိုက်ချင်တော့တယ်ကွ"

"နေ နေပါဦး အဖေကြီးရယ် သားက ဘာတွေများလုပ်လို့ ရှင်က ဒီလောက်ထိ ဒေါသထွက်နေရတာလဲ"

"ဟော့ ဒီမယ် ကြည့်ကြည့် မင်းရဲ့အဖိုးတန်သားလေးက ငါ့တို့ကို လူပုံအလယ်မှာ အရှက်ခွဲခဲ့ပြီကွ"

ဖေဖေ့ဖုန်းအား သုံးယောက်သား ဝိုင်းကြည့်လိုက်ကြစဉ် မြင်လိုက်ရသည့်ပုံက...


Tbc...

__________________

© Kout Tay,
книга «ေႂကြ».
အပိုင္း-၂၅
Коментарі