အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း_၂၂
အပိုင္း_၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၁၅
Zawgyi...

သၾကၤန္ၿပီးလို႔ ၁၀ တန္း အေဆာင္ဝင္ခ်ိန္ေတာင္ ေရာက္ေတာ့မည္။ေနနိုင္လြန္းသူႀကီးကေတာ့ အခုထိပင္ ကိုယ္ေယာင္ေဖ်ာက္ကာ ေပၚမလာေသး။

"ဟင္းးးး တကယ္ပဲ စိတ္တိုလိုက္တာ ငါေျပာတာ လြန္သြားလို႔မ်ားလား မသိဘူး ဟူးးးးး"
"ဘာေတြသက္ျပင္းခ်ေနတာလဲ ဟဲ့အေကာင္ ထည့္စရာရွိတာ ထည့္မထားဘဲနဲ႔"

တစ္ေယာက္ထဲ ဧည့္ခန္းထဲထိုင္ကာ ညည္းေနတုန္း အေနာက္ကမေမႊးအသံေျကာင့္

"အကုန္ထည့္ၿပီးသြားလို႔ သြားဖို႔ရာေတာင္ အဆင္သင့္ျဖစ္ေနၿပီ"
"ေျပာတာပဲ ၿပီးမွ မေနနိုင္ေတာ့ပါဘူးဆိုၿပီး ျပန္လာရင္ေတာ့ နင္အေသပဲ"
"ကဲပါ အဲ့တာေတြေနာက္ထား အခုငါေမးတာကိုအရင္ေျဖ"
"ဘာလဲ"
"ဟို နင္ ဟိုလူႀကီးနဲ႔ေတြ႕ျဖစ္ေသးလား"
"ဘယ္လူႀကီးလဲ"
"ဟာ နင္ကလည္း နင့္သူငယ္ခ်င္းေလဟာ"
"ေၾသာ္ သိၿပီ ခက္ထန္ကိုေျပာတာလား"
"အင္းး"
"ေတြ႕ရေအာင္ သူက ငါ့ရည္းစားမွမဟုတ္တာ "
"ဟာ ငါက အဲ့လိုေျပာတာမဟုတ္ဘူး ဒီတိုင္း အဲ့လူႀကီးကိုမျမင္မိလို႔ ေမးၾကည့္တာ"
"အံမယ္ အံမယ္ ေသခ်ာလို႔လား ႀကိတ္လြမ္းေနတာ မဟုတ္ဘူးလား"
"ဘာ ဘာကိုလြမ္းရမွာလဲ သူ႔ရုပ္လား လြမ္းခ်င္စရာေကာင္းတာ အျမင္ကိုကတ္တယ္"
"အင္းပါ ေျပာအားရွိတုန္း ေျပာထားေပါ့ ေနာက္မွ"
"ဘာကိုမွ မေနာက္ဘူး ေတာ္ၿပီ အခန္းထဲပဲ သြားေတာ့မယ္"
"အယ္ အယ္ ေကာင္ေလးတစ္ေယာက္ေတာ့ အခ်စ္နဲ႔စေတြ႕ေနၿပီ ထင္တယ္ေနာ္ ဟ ဟ"

မေမႊးကို ေျပာၿပီးေတာ့သာ အခန္းထဲ ဝင္လာရတယ္ စိတ္ထဲမွာေတာ့ 'ငါသူ႔ကို မျမင္ရလို႔ စိတ္တိုေနတာက တကယ္ပဲ လြမ္းေနလို႔မ်ားလား မသိဘူး' ဟုေတြးမိေလသည္။
____________________

ေမႊးတို႔တကၠသိုလ္ေတြပင္ ျပန္ဖြင့္ေနၿပီ ျဖစ္ေသာေၾကာင့္ ေက်ာင္းမသြားခင္ ဝႆန္႔အား လိုအပ္တာေတြ ဝင္ေပးရန္ ျပင္ဆင္ေနျခင္းျဖစ္သည္။

"ေမေရ ထည့္စရာရွိတာ အကုန္ထည့္ေပးလုိက္ေနာ္ ၿပီးမွ ဘာက်န္ခဲ့လို႔ ညာက်န္ခဲ့လို႔ သြားေပး ေပးပါဦး လာမလုပ္နဲ႔"
"အမေလး ေအးပါဟဲ့ ေအးပါ"
"မုန္႔ဖိုးေရာ ထည့္ေပးဦးမွာလား"
"ေပးရမွာေပါ့ ေတာ္ၾကာ ငါ့သားေလး သူမ်ားလို သံုးခ်င္တဲ့အခ်ိန္ ပိုက္ဆံမရွိရင္ ဘယ္လိုလုပ္မလဲေအ့"
"ဟြန္႔ သူ႔သားက်ေတာ့ မေျပာလိုက္ခ်င္ဘူး ေပးေတာ့ သြားေတာ့မယ္"

ေျပာၿပီး ဆိုင္ကယ္ေလးကို ဝႆန္ရွိရာ အေဆာင္ဆီ ေမာင္းထြက္လာခဲ့ေလသည္။
____________________

"ဟယ္လို ေအး နင္တို႔ေရာက္ေနၿပီလား ေအးေအး လာၿပီ"

"ဟဲ့ ေျပာေတာ့ နင့္ေမာင္ဆီ သြားမွာဆို ဘာလို႔ေက်ာင္းကိုအရင္ဝင္လာရတာလဲ"

canteen ေရာက္လို႔ အိတ္ပင္မခ်ရေသး ေမးလာသူေၾကာင့္

"ဗိုက္ဆာလို႔ ဒါနဲ႔ ခက္ထန္ ငါ့ေမာင္ဆီ လိုက္ဦးမလား မ်က္နွာေလးဘာေလး ျမင္ရေအာင္လို႔"

ထိုစကားၾကားေတာ့ ခက္ထန္ အေနာက္မွီထိုင္ေနရာမွ ေက်ာမတ္သြားေလသည္။

"လိုက္ခ်င္ေပမယ့္ သူက ငါ့ျမင္ခ်င္မွာမဟုတ္ေလာက္ပါဘူးဟာ"

ခက္ထန္ မွိုင္မွိုင္ေတြေတြျဖင့္ ေျပာလိုက္ေတာ့

"ဘာလို႔မျမင္ခ်င္ရမွာလဲ သူအေဆာင္မဝင္ခင္ကတည္းက နင့္ကိုမျမင္ရလို႔ေျပာေနတာ"

ထိုစကားၾကားေတာ့ ခက္ထန္မ်က္နွာမွာ လအစင္းတစ္ရာသာေနသလို ၾကည္လင္ဝင္းပလာကာ

"တကယ္လား"
"တကယ္ ငါ့ကိုေတာင္ နင္နဲ႔မေတြ႕ျဖစ္ဘူးလား ဘာလားနဲ႔ေမးေနတာ"
"ဟာ အာ့ဆို လိုက္ခဲ့မယ္ လုပ္ လုပ္ ျမန္ျမန္စား သြားရေအာင္"
"လဒရဲ႕ ျမန္ျမန္စားရေအာင္ ငါ့ပါးစပ္က ေမာ္တာတပ္ထားတာမွမဟုတ္တာ"
"အာ့ဆိုလဲ တတ္နိုင္သေလာက္ ျမန္ျမန္စားဟာ ေနာ္"
"ေခြးေကာင္..."

ေမႊး၏ ဆူဆဲသံမ်ားျဖင့္ ျပည့္သြားသည့္ canteenရဲ႕ နံနက္စာဝိုင္းေလး။
______________________

"ဆရာမ ဝႆန္နဲ႔ေတြ႕ခ်င္လို႔"
"ေၾသာ္ ေမႊး လာေလ သမီး"

ေမႊး ၁၀ တန္းတုန္းကလည္း ဒီေဘာ္ဒါေဆာင္မွာေနခဲ့တာမို႔ ဆရာမေတြနဲ႔ ရင္းနွီးသည္။ထို႔အျပင္ အေဆာင္မွာလည္း ေမႊးတို႔ေက်ာင္းနွင့္ နီးေသာေၾကာင့္ သြားခ်င္တဲ့အခ်ိန္ သြားလို႔ရသည္။

"လာ ခက္ထန္"

ခက္ထန္အားေခၚၿပီး ဧည့္ခန္းတြင္ထိုင္လိုက္ေလသည္။

"ဆရာမ ဝႆန္႔အေျခအေန ဘယ္လိုရွိလဲ"
"အေျခအေနကေတာ့ ခုထိေကာင္းပါတယ္ ညလဲ ၁၂ေလာက္မွအိပ္တယ္ ေန႔လည္ခင္းလဲ နာရီဝက္ေလာက္အလို အရင္ထၿပီး စာလုပ္တတ္ေသးတယ္ ဆရာေတြကေတာ့ အေတာ္ခ်ီးက်ဴးေနၾကတယ္ သူေျပာတာေတာ့ All D ပါေအာင္လုပ္မွာတဲ့ တစ္ခုပဲ နင့္လိုအပ်င္းမႀကီးတာတစ္ခုေတာ့ ရွိတယ္"
"ဆရာမကလည္း"
"ဟား ဟား ေဟာ ဟိုမွာထြက္လာၿပီ သြားေတြ႕လိုက္ၾကဦး "
"ဟုတ္ ဆရာမ"

ေမႊး ဝႆန္႔အနားသြားကာ အေမေပးလိုက္သည့္အရာမ်ားအားေပးၿပီး ခက္ထန္ကို မ်က္စပစ္ျပလိုက္ေတာ့ စပ္ၿဖီးၿဖီးျဖင့္ အနားေရာက္လာေလသည္။

ခက္ထန္ ေဘာင္းဘီတိုေလးနွင့္တီရွပ္အပြတစ္ထည္အား တြဲဝတ္ထားေသာ အေမႊေကာင္ေလးအား ၾကည့္ၿပီး အူယားေနေလသည္။

ေမႊးမွာ ထိုနွစ္ေကာင္အနားမွ အလိုက္သင့္ထြက္ခြာလာၿပီး ဆရာမရွိရာဆီ ျပန္သြားကာ စကားေျပာေနလိုက္သည္။စိတ္ထဲမွာေတာ့ ေခ်ာင္းခ်င္ေပမယ့္လည္း အခြင့္မသာျဖစ္ေနေသာေၾကာင့္ မေက်နပ္မိေပ။

"ခင္ဗ်ား ဘာလာလုပ္တာလဲ"

အေဆာင္နားက ဒန္းေပၚထိုင္ေနရင္း ေျပာလာသည့္ အေမးစကားတစ္ခြန္း။

"လြမ္းလို႔ ကေလးကို အရမ္းလြမ္းေနတာ"

မဆိုင္းမတြေျဖလာသည့္ စကားေၾကာင့္ ဝႆန္တစ္ခ်က္ နွာေခါင္းရွံု႔ကာ ရယ္လိုက္ေလသည္။

"ဟက္ ဘာလြမ္းတာလဲ အခုမွေပၚလာၿပီးေတာ့မ်ား"

ထိုအခါ မ်က္နွာအား ေအာက္သို႔ငံု႔ခ်လ်က္ျဖင့္

"အခုမွလာရတာက ကိုယ့္ေမေမ ေနမေကာင္းလို႔ပါ"

သူ႔အေျပာေၾကာင့္ စိတ္ဆိုးေနသည့္စိတ္ပင္ ဘယ္ေရာက္သြားမွန္းမသိ။

"အာ့ဆိုလည္း ေစာေစာစီးစီးေျပာပါ့လား ဒီကေတာ့ စိတ္ဆိုးသြားၿပီထင္ၿပီး ညစ္ေနရတာ"
"အာ့ဆို ခုေရာ ညစ္ေနေသးလား"
"ခုေတာ့ ဘယ္လိုလုပ္ ညစ္ရမွာလဲ အစကတည္းက ေနမေကာင္းရင္ မေကာင္းဘူးေျပာပါ့လား ဒီကိုပဲ လူဆိုးႀကီးျဖစ္ေအာင္လုပ္ၿပီးေတာ့"
"ဟ ဟ ကိုယ့္ရဲ႕လူဆိုးေလးက ခ်စ္စရာေလး"

သူေျပာေတာ့ မ်က္ေစာင္းထိုးကာ ေဘးလွည့္သြားသည့္ ေကာင္ေလး။

"ဒါနဲ႔ ခင္ဗ်ားက ဒီကိုဘာလာလုပ္တာလဲ"
"ဟင္ ကိုယ္လား ဘယ္ေကာင္ေလးလဲမသိပါဘူးကြာ ကိုယ့္ကိုလြမ္းေနတယ္ဆိုလုိ႔ ေကာင္ေလးအလြမ္းေျပေအာင္ အားနာပါးနာနဲ႔ လိုက္လာရတာ"
"ေအာ္ေဟာ္ ဒီေတာ့ ခင္ဗ်ားက လာခ်င္လို႔လာတာမဟုတ္ဘူးေပါ့ ဟုတ္လား"
"ဒါေပါ့ "
"ဘာ သြား ခင္ဗ်ားျပန္ေတာ့ ေနာက္ထပ္လဲမလာနဲ႔ေတာ့"
"ဒါနဲ႔ ကိုယ့္ကိုလြမ္းေနတဲ့ေကာင္ေလးက မင္းလား မင္းလို႔ေျပာရေအာင္လဲ ကိုယ္နာမည္ထုတ္မေျပာရေသးပါဘူး"

ခက္ထန္ေျပာေတာ့ ဝႆန္႔မ်က္နွာမွာ ခ်က္ခ်င္းပန္းေရာင္သမ္းလာကာ စကားအထစ္ထစ္ျဖင့္


"ဟာဗ်ာ ေတာ္ ေတာ္ၿပီသြား ခင္ဗ်ားျပန္ေတာ့"

ဟုဆိုကာ ရွက္ရမ္းရမ္းၿပီး အေဆာင္ထဲေျပးဝင္သြားေလသည္။

"ဟား ဟား"

ခက္ထန္တစ္ေယာက္ အေနာက္မွေန၍ ေအာ္ရယ္လိုက္ေတာ့ အေမႊေကာင္ေလးရဲ႕ တန္ျပန္မ်က္ေစာင္းေလးေတာ့ လြင့္လာေသးသည္။
______________________
တိုသြားတယ္ထင္တယ္။ဒီအပိုင္းက ထပ္စဥ္းစားလို႔ မရေတာ့လို႔ပါ။ေနာက္အပိုင္းက်ရင္ေတာ့ ႀကီးေပးလိုက္ေတာ့မယ္ေနာ္💜
______________________________

Unicode...

သင်္ကြန်ပြီးလို့ ၁၀ တန်း အဆောင်ဝင်ချိန်တောင် ရောက်တော့မည်။နေနိုင်လွန်းသူကြီးကတော့ အခုထိပင် ကိုယ်ယောင်ဖျောက်ကာ ပေါ်မလာသေး။

"ဟင်းးးး တကယ်ပဲ စိတ်တိုလိုက်တာ ငါပြောတာ လွန်သွားလို့များလား မသိဘူး ဟူးးးးး"
"ဘာတွေသက်ပြင်းချနေတာလဲ ဟဲ့အကောင် ထည့်စရာရှိတာ ထည့်မထားဘဲနဲ့"

တစ်ယောက်ထဲ ဧည့်ခန်းထဲထိုင်ကာ ညည်းနေတုန်း အနောက်ကမမွှေးအသံကြောင့်

"အကုန်ထည့်ပြီးသွားလို့ သွားဖို့ရာတောင် အဆင်သင့်ဖြစ်နေပြီ"
"ပြောတာပဲ ပြီးမှ မနေနိုင်တော့ပါဘူးဆိုပြီး ပြန်လာရင်တော့ နင်အသေပဲ"
"ကဲပါ အဲ့တာတွေနောက်ထား အခုငါမေးတာကိုအရင်ဖြေ"
"ဘာလဲ"
"ဟို နင် ဟိုလူကြီးနဲ့တွေ့ဖြစ်သေးလား"
"ဘယ်လူကြီးလဲ"
"ဟာ နင်ကလည်း နင့်သူငယ်ချင်းလေဟာ"
"သြော် သိပြီ ခက်ထန်ကိုပြောတာလား"
"အင်းး"
"တွေ့ရအောင် သူက ငါ့ရည်းစားမှမဟုတ်တာ "
"ဟာ ငါက အဲ့လိုပြောတာမဟုတ်ဘူး ဒီတိုင်း အဲ့လူကြီးကိုမမြင်မိလို့ မေးကြည့်တာ"
"အံမယ် အံမယ် သေချာလို့လား ကြိတ်လွမ်းနေတာ မဟုတ်ဘူးလား"
"ဘာ ဘာကိုလွမ်းရမှာလဲ သူ့ရုပ်လား လွမ်းချင်စရာကောင်းတာ အမြင်ကိုကတ်တယ်"
"အင်းပါ ပြောအားရှိတုန်း ပြောထားပေါ့ နောက်မှ"
"ဘာကိုမှ မနောက်ဘူး တော်ပြီ အခန်းထဲပဲ သွားတော့မယ်"
"အယ် အယ် ကောင်လေးတစ်ယောက်တော့ အချစ်နဲ့စတွေ့နေပြီ ထင်တယ်နော် ဟ ဟ"

မမွှေးကို ပြောပြီးတော့သာ အခန်းထဲ ဝင်လာရတယ် စိတ်ထဲမှာတော့ 'ငါသူ့ကို မမြင်ရလို့ စိတ်တိုနေတာက တကယ်ပဲ လွမ်းနေလို့များလား မသိဘူး' ဟုတွေးမိလေသည်။
____________________

မွှေးတို့တက္ကသိုလ်တွေပင် ပြန်ဖွင့်နေပြီ ဖြစ်သောကြောင့် ကျောင်းမသွားခင် ဝဿန့်အား လိုအပ်တာတွေ ဝင်ပေးရန် ပြင်ဆင်နေခြင်းဖြစ်သည်။

"မေရေ ထည့်စရာရှိတာ အကုန်ထည့်ပေးလိုက်နော် ပြီးမှ ဘာကျန်ခဲ့လို့ ညာကျန်ခဲ့လို့ သွားပေး ပေးပါဦး လာမလုပ်နဲ့"
"အမလေး အေးပါဟဲ့ အေးပါ"
"မုန့်ဖိုးရော ထည့်ပေးဦးမှာလား"
"ပေးရမှာပေါ့ တော်ကြာ ငါ့သားလေး သူများလို သုံးချင်တဲ့အချိန် ပိုက်ဆံမရှိရင် ဘယ်လိုလုပ်မလဲအေ့"
"ဟွန့် သူ့သားကျတော့ မပြောလိုက်ချင်ဘူး ပေးတော့ သွားတော့မယ်"

ပြောပြီး ဆိုင်ကယ်လေးကို ဝဿန်ရှိရာ အဆောင်ဆီ မောင်းထွက်လာခဲ့လေသည်။
____________________

"ဟယ်လို အေး နင်တို့ရောက်နေပြီလား အေးအေး လာပြီ"

"ဟဲ့ ပြောတော့ နင့်မောင်ဆီ သွားမှာဆို ဘာလို့ကျောင်းကိုအရင်ဝင်လာရတာလဲ"

canteen ရောက်လို့ အိတ်ပင်မချရသေး မေးလာသူကြောင့်

"ဗိုက်ဆာလို့ ဒါနဲ့ ခက်ထန် ငါ့မောင်ဆီ လိုက်ဦးမလား မျက်နှာလေးဘာလေး မြင်ရအောင်လို့"

ထိုစကားကြားတော့ ခက်ထန် အနောက်မှီထိုင်နေရာမှ ကျောမတ်သွားလေသည်။

"လိုက်ချင်ပေမယ့် သူက ငါ့မြင်ချင်မှာမဟုတ်လောက်ပါဘူးဟာ"

ခက်ထန် မှိုင်မှိုင်တွေတွေဖြင့် ပြောလိုက်တော့

"ဘာလို့မမြင်ချင်ရမှာလဲ သူအဆောင်မဝင်ခင်ကတည်းက နင့်ကိုမမြင်ရလို့ပြောနေတာ"

ထိုစကားကြားတော့ ခက်ထန်မျက်နှာမှာ လအစင်းတစ်ရာသာနေသလို ကြည်လင်ဝင်းပလာကာ

"တကယ်လား"
"တကယ် ငါ့ကိုတောင် နင်နဲ့မတွေ့ဖြစ်ဘူးလား ဘာလားနဲ့မေးနေတာ"
"ဟာ အာ့ဆို လိုက်ခဲ့မယ် လုပ် လုပ် မြန်မြန်စား သွားရအောင်"
"လဒရဲ့ မြန်မြန်စားရအောင် ငါ့ပါးစပ်က မော်တာတပ်ထားတာမှမဟုတ်တာ"
"အာ့ဆိုလဲ တတ်နိုင်သလောက် မြန်မြန်စားဟာ နော်"
"ခွေးကောင်..."

မွှေး၏ ဆူဆဲသံများဖြင့် ပြည့်သွားသည့် canteenရဲ့ နံနက်စာဝိုင်းလေး။
______________________

"ဆရာမ ဝဿန်နဲ့တွေ့ချင်လို့"
"သြော် မွှေး လာလေ သမီး"

မွှေး ၁၀ တန်းတုန်းကလည်း ဒီဘော်ဒါဆောင်မှာနေခဲ့တာမို့ ဆရာမတွေနဲ့ ရင်းနှီးသည်။ထို့အပြင် အဆောင်မှာလည်း မွှေးတို့ကျောင်းနှင့် နီးသောကြောင့် သွားချင်တဲ့အချိန် သွားလို့ရသည်။

"လာ ခက်ထန်"

ခက်ထန်အားခေါ်ပြီး ဧည့်ခန်းတွင်ထိုင်လိုက်လေသည်။

"ဆရာမ ဝဿန့်အခြေအနေ ဘယ်လိုရှိလဲ"
"အခြေအနေကတော့ ခုထိကောင်းပါတယ် ညလဲ ၁၂လောက်မှအိပ်တယ် နေ့လည်ခင်းလဲ နာရီဝက်လောက်အလို အရင်ထပြီး စာလုပ်တတ်သေးတယ် ဆရာတွေကတော့ အတော်ချီးကျူးနေကြတယ် သူပြောတာတော့ All D ပါအောင်လုပ်မှာတဲ့ တစ်ခုပဲ နင့်လိုအပျင်းမကြီးတာတစ်ခုတော့ ရှိတယ်"
"ဆရာမကလည်း"
"ဟား ဟား ဟော ဟိုမှာထွက်လာပြီ သွားတွေ့လိုက်ကြဦး "
"ဟုတ် ဆရာမ"

မွှေး ဝဿန့်အနားသွားကာ အမေပေးလိုက်သည့်အရာများအားပေးပြီး ခက်ထန်ကို မျက်စပစ်ပြလိုက်တော့ စပ်ဖြီးဖြီးဖြင့် အနားရောက်လာလေသည်။

ခက်ထန် ဘောင်းဘီတိုလေးနှင့်တီရှပ်အပွတစ်ထည်အား တွဲဝတ်ထားသော အမွှေကောင်လေးအား ကြည့်ပြီး အူယားနေလေသည်။

မွှေးမှာ ထိုနှစ်ကောင်အနားမှ အလိုက်သင့်ထွက်ခွာလာပြီး ဆရာမရှိရာဆီ ပြန်သွားကာ စကားပြောနေလိုက်သည်။စိတ်ထဲမှာတော့ ချောင်းချင်ပေမယ့်လည်း အခွင့်မသာဖြစ်နေသောကြောင့် မကျေနပ်မိပေ။

"ခင်ဗျား ဘာလာလုပ်တာလဲ"

အဆောင်နားက ဒန်းပေါ်ထိုင်နေရင်း ပြောလာသည့် အမေးစကားတစ်ခွန်း။

"လွမ်းလို့ ကလေးကို အရမ်းလွမ်းနေတာ"

မဆိုင်းမတွဖြေလာသည့် စကားကြောင့် ဝဿန်တစ်ချက် နှာခေါင်းရှုံ့ကာ ရယ်လိုက်လေသည်။

"ဟက် ဘာလွမ်းတာလဲ အခုမှပေါ်လာပြီးတော့များ"

ထိုအခါ မျက်နှာအား အောက်သို့ငုံ့ချလျက်ဖြင့်

"အခုမှလာရတာက ကိုယ့်မေမေ နေမကောင်းလို့ပါ"

သူ့အပြောကြောင့် စိတ်ဆိုးနေသည့်စိတ်ပင် ဘယ်ရောက်သွားမှန်းမသိ။

"အာ့ဆိုလည်း စောစောစီးစီးပြောပါ့လား ဒီကတော့ စိတ်ဆိုးသွားပြီထင်ပြီး ညစ်နေရတာ"
"အာ့ဆို ခုရော ညစ်နေသေးလား"
"ခုတော့ ဘယ်လိုလုပ် ညစ်ရမှာလဲ အစကတည်းက နေမကောင်းရင် မကောင်းဘူးပြောပါ့လား ဒီကိုပဲ လူဆိုးကြီးဖြစ်အောင်လုပ်ပြီးတော့"
"ဟ ဟ ကိုယ့်ရဲ့လူဆိုးလေးက ချစ်စရာလေး"

သူပြောတော့ မျက်စောင်းထိုးကာ ဘေးလှည့်သွားသည့် ကောင်လေး။

"ဒါနဲ့ ခင်ဗျားက ဒီကိုဘာလာလုပ်တာလဲ"
"ဟင် ကိုယ်လား ဘယ်ကောင်လေးလဲမသိပါဘူးကွာ ကိုယ့်ကိုလွမ်းနေတယ်ဆိုလို့ ကောင်လေးအလွမ်းပြေအောင် အားနာပါးနာနဲ့ လိုက်လာရတာ"
"အော်ဟော် ဒီတော့ ခင်ဗျားက လာချင်လို့လာတာမဟုတ်ဘူးပေါ့ ဟုတ်လား"
"ဒါပေါ့ "
"ဘာ သွား ခင်ဗျားပြန်တော့ နောက်ထပ်လဲမလာနဲ့တော့"
"ဒါနဲ့ ကိုယ့်ကိုလွမ်းနေတဲ့ကောင်လေးက မင်းလား မင်းလို့ပြောရအောင်လဲ ကိုယ်နာမည်ထုတ်မပြောရသေးပါဘူး"

ခက်ထန်ပြောတော့ ဝဿန့်မျက်နှာမှာ ချက်ချင်းပန်းရောင်သမ်းလာကာ စကားအထစ်ထစ်ဖြင့်


"ဟာဗျာ တော် တော်ပြီသွား ခင်ဗျားပြန်တော့"

ဟုဆိုကာ ရှက်ရမ်းရမ်းပြီး အဆောင်ထဲပြေးဝင်သွားလေသည်။

"ဟား ဟား"

ခက်ထန်တစ်ယောက် အနောက်မှနေ၍ အော်ရယ်လိုက်တော့ အမွှေကောင်လေးရဲ့ တန်ပြန်မျက်စောင်းလေးတော့ လွင့်လာသေးသည်။
______________________
တိုသွားတယ်ထင်တယ်။ဒီအပိုင်းက ထပ်စဉ်းစားလို့ မရတော့လို့ပါ။နောက်အပိုင်းကျရင်တော့ ကြီးပေးလိုက်တော့မယ်နော်💜
______________________________


© Kout Tay,
книга «ေႂကြ».
အပိုင္း-၁၆
Коментарі