အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း_၂၂
အပိုင္း_၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၁၉
Zawgyi...

*ဝုတ္~ဝုတ္*(message ျမည္သံ)

စာၾကည့္စားပြဲမွာထိုင္ကာ စာလုပ္ရင္းအိပ္ငိုက္ေနစဥ္ ျမည္လာသည့္ ဖုန္း message သံေၾကာင့္ လန္႔နိုးလာေလသည္။

စားပြဲေရွ႕က နာရီကိုၾကည့္လိုက္ေတာ့ ၁၂ နာရီ ၂၅ မိနစ္။

"ဟာ ဒီအခ်ိန္ႀကီး ဘယ္သူ message ပို႔တာလဲ"

ေျပာေျပာဆိုဆို ဖုန္းအားဖြင့္ၾကည့္လိုက္ေတာ့ ပို႔သူနာမည္က အဘိုးႀကီး။

"ဒီအဘိုးႀကီးကေတာ့လား လူအိပ္ခ်ိန္ေရာက္ေနၿပီဆိုတာကို မသိဘူးလား မသိဘူး"

ပို႔ထားသည့္စာကို ဖတ္ၾကည့္လိုက္ေတာ့ အိပ္ခ်င္ေနသည့္ မ်က္လံုးပင္ ျပဴးက်ယ္သြားသေယာင္။

*ေဘဘီေလး ကိုယ့္အသည္းေပါက္စနိုးေပါက္စနေလး ကိုယ့္အေမႊေကာင္ေလး ဝက္ေကာင္လံုးကင္ေလး မအိပ္ေသးဘူးလား*

"ဒီလူႀကီး သူနဲ႔ငါနဲ႔လဲ ဘာမွမဆိုင္ဘဲနဲ႔ လူကိုလာၿပီး အသည္းေတြဘာေတြလုပ္ေနတယ္ သူ႔အသည္း ထုတ္ၿပီးခ်က္စားပစ္လိုက္ရ မေကာင္းျဖစ္ေတာ့မယ္"

*ေဘာကို ေပါက္စနိုးေပါက္စနပါလား*

*ဟာ ကေလးကလဲကြာ ro လို႔ကိုမရဘူး*

*ro ရေအာင္ ကြၽန္ေတာ္က ခင္ဗ်ားရည္းစားမို႔လို႔လား ခင္ဗ်ားႀကီး လက္သီးစာမိခ်င္ေနၿပီထင္တယ္*

*အဟား ကေလးက ကိုယ့္ကိုလက္သီးနဲ႔ထိုးခ်င္တာေပါ့ ဟုတ္လား ကေလးလက္သီးနဲ႔ထိုးတာေလာက္ကေတာ့ ကိုယ့္ပါးကို ပန္းနဲ႔ေပါက္သလိုပဲရွိမွာပါကြာ မထိုးခ်င္ပါနဲ႔ ေတာ္ၾကာ လက္ႏုႏုေလးနာသြားမွျဖင့္ ကိုယ္ရင္က်ိဳးေနရပါဦးမယ္*

*ေဘာကိုရင္က်ိဳးပါ့လား မနက္ကေတာ့ သူမ်ားအခန္းေရွ႕ ေအာ္ႀကီးဟစ္က်ယ္ ငိုေနတဲ့သူက ညေနေက်ာင္းဆင္းေတာ့ ၾကာဇံေၾကာ္ ထိုင္စားေနတာမ်ား ျမင္မေကာင္ဘူး ေျပာေတာ့ မင္းမွမခ်စ္ရင္ ေသရပါေတာ့မယ္တဲ့ အဲ့အခ်ိန္က်ေတာ့ မင္းဆိုတဲ့ေကာင္ကို သတိရဖို႔ေနေနသာသာ သတိေတာင္ထားမိမွာမဟုတ္ဘူး*

*ေၾသာ္ လက္စသတ္ေတာ့ ကေလးက ၾကာဇံေၾကာ္မစားရလို႔ စိတ္ေကာက္ေနတာလား*

*ခ်ီးကို ၾကာဇံေၾကာ္မစားရလို႔ စိတ္ေကာက္ရမွာလား ကြၽန္ေတာ့္ကိုေတာင္ သတိမရဘဲ ၾကာဇံေၾကာ္သည္ေရွ႕ သြားၿဖဲနားၿဖဲစားေနတဲ့ ခင္ဗ်ားကို စိတ္တိုေနတာ*

*အြန္ စိတ္တိုေနတာမဟုတ္ပါဘူး သဝန္တိုေနတာပါ ကိုယ့္ကို*

*လဲသာေသလိုက္ေတာ့ အဲ့နားတင္ ကြၽန္ေတာ္က ဘာကိစၥ ခင္ဗ်ားကို သဝန္တိုရမွာလဲ*

*အဟား ဟား ဟား ေကာင္ေလးတစ္ေယာက္ ခုခ်ိန္ ရွက္ရမ္းရမ္းၿပီး မ်က္နွာႀကီးနီေနေလာက္ၿပီထင္တယ္ေနာ္*

ခက္ထန္အေျပာေၾကာင့္ ဝႆန္ထိုင္ရာမွအျမန္ထာကာ မွန္ယူၾကည့္ရေသးသည္။

*ခင္ဗ်ားႀကီးေလ်ွာက္မေျပာနဲ႔ ကြၽန္ေတာ္ေသခ်ာၾကည့္ၿပီးၿပီ ဘာမွမနီဘူး*

*အယ္ မွန္ေတာင္ယူၾကည့္လိုက္ေသးတယ္ေပါ့*

*ဟာ ခင္ဗ်ားႀကီး ေတာ္ၿပီဗ်ာ ဆင္းၿပီ*

*ဟိုး ဟိုး ဟိုး ေနပါဦးကေလးရာ ဒီမွာကိုယ္ေျပာစရာေတြက်န္ေသးတယ္*

*ဘာလဲေျပာ*

*ယံုပါကေလးရာ ကိုယ့္ရဲ႕အခ်စ္ေတြအကုန္လံုး ဒီက ကေလးအတြက္ပါပဲကြာ*

*ေတာ္စမ္းပါဗ်ာ အဲ့စကားေတြအကုန္လံုး ၾကာဇံေၾကာ္သည္ကိုပဲ သြားေျပာေခ် ကြၽန္ေတာ့္ကိုလာမေျပာနဲ႔*

*တကယ္ပါကြာ ကိုယ္တကယ္ဘာအတၲမွမရွိဘဲ ပိုင္ဆိုင္ခ်င္မိတာ ကေလးအၿပံဳးေလးေတြပါကြာ၊ ကိုယ္မင္းကို မေန႔ကထက္ပိုခ်စ္တယ္ ဒီစကားကို မနက္ျဖန္ေတြေရာက္တိုင္းထပ္ေျပာမယ္၊ ကေလးက မခ်စ္လဲ ကိုယ္ကပဲခ်စ္မယ္ အကယ္၍ ကေလးကခ်စ္တယ္ဆိုရင္ေတာင္ ပိုခ်စ္ရတဲ့သူက ကိုယ္ပဲျဖစ္ပါရေစ ေနာ္ ကေလး*

"ဟာ ဒီလူႀကီး ဘာေတြလာေျပာေနတာလဲ ဒါနဲ႔ေနပါဦး ဒီစာသားေတြကိုသိေနသလိုပဲ... ဟာ ဟုတ္သား"

ေခတၲမ်ွစဥ္းစားၿပီးေနာက္ ဝႆန္႔ေခါင္းထဲေပၚလာသည့္အရာက

*ခင္ဗ်ားႀကီး ဒါ fb ေပၚကစာသားေတြမို႔လား*

*ကေလးက ဘယ္လိုလုပ္သိတာလဲ*

*ဟား တကယ္ပဲကိုး*

*ကိုယ့္ခံစားခ်က္ေတြနဲ႔ တိုက္ဆိုင္ေနလို႔ ေျပာမိတာပါကြာ*

*ဒါေပမယ့္ ဘာပဲျဖစ္ျဖစ္ ခင္ဗ်ားကြၽန္ေတာ့္ကို တကယ္မခ်စ္တာ သိသြားၿပီ*

*ဟာ ဘယ္လိုေျပာလိုက္တာလဲ ကေလးရာ ကိုယ္က ကေလးကိုမခ်စ္လို႔ ဘယ္သူ႔သြားခ်စ္ရမွာလဲ*

*ေတာ္ပါဗ်ာ အပိုေတြ အိပ္ေတာ့မယ္ ဆင္းၿပီ*

*ဟာ ကေလး ေနပါဦး*

*မေနနိုင္ဘူး ဆင္းၿပီ*

*အာ့ဆိုလဲ good night ေနာ္ ကိုယ့္ကေလးေလး ပူတူတူးေလး ပိစိေလး မြမြ*

ဝႆန္ ခက္ထန္ပို႔လာသည့္ message အားၾကည့္ကာ ၿပံဳးလိုက္ေလသည္။

"တကယ္ကို မုန္းခ်င္စရာႀကီး ကဲဟာ ကဲဟာ"

ဝႆန္ ကုတင္ေပၚရွိ ေခါင္းအံုးအား ခက္ထန္အမွတ္ျဖင့္ ေျခေရာလက္ေရာသံုးကာ ထုရိုက္လိုက္၊ ကန္လိုက္ျဖင့္ လုပ္ေနလိုက္သည္။
______________________

"ဟဲ့ ဒီေန႔မနက္ပိုင္း ငါတို႔ tutorial မရွိဘူးဆိုေတာ့ ရုပ္ရွင္သြားၾကည့္ရေအာင္လား"

"ရုပ္ရွင္ ဘာကားလဲ"

"လိပ္ျပာစံအိမ္ ေလဟာ"

"အယ္ အဲ့ကားကျပေနၿပီလား"

"ေအး ငါတို႔သြားၾကည့္ရေအာင္"

"ဟဲ့ အခ်ိန္လဲၾကည့္ဦး ၈ နာရီခြဲေတာ့မွာ "

"ဟာ ဘာျဖစ္လဲ ၉ နာရီမွစမယ့္ဟာ"

"၉ နာရီစမယ္ထားဦး ငါတို႔ေရာက္တဲ့အခ်ိန္ လက္မွတ္ကရပါဦးမလား"

"ေအးေလ ဒါလဲဟုတ္သား"

*ဘုတ္ ဘုတ္ ဘုတ္ ဘုတ္*

"အေမ့" "ဟဲ့ ပလုတ္တုတ္"

ေခါင္းကိုစာအုပ္ျဖင့္ရိုက္သူအား ေမႊးတို႔အေနာက္လွည့္ၾကည့္လိုက္ေတာ့ ဟိုနွစ္ေကာင္။

"မွန္မွန္ေျပာစမ္း နင္တို႔ေလးေယာက္ ေခါင္းခ်င္းဆိုင္ၿပီး ဘာလုပ္ေနၾကတာလဲ"

"ငါတို႔ဟာ ငါတို႔ဘာလုပ္လုပ္ေပါ့"

"ဟဲ့ ခဏ ခဏ ခက္ထန္ ငါတို႔ေတြရုပ္ရွင္သြားၾကည့္ရေအာင္"

"ရုပ္ရွင္ ဘာကားလဲ"

"ေျပာရမွာေမာတယ္ဟယ္ ၾကည့္မွာလားမၾကည့္ဘူးလားသာေျပာ"

"အင္း ၾကည့္ေတာ့ ၾကည့္ခ်င္ေပမယ့္လည္း..."

"အိုေက အိုေက ၾကည့္မယ္လို႔ပဲ သတ္မွတ္လိုက္မယ္ လာသြားၾကစို႔ မမွီဘဲေနလိမ့္မယ္"

"ဟာ ေဟ့ ငါဘာမွမေျပာရေသးဘူးေလ ခဏ ေနပါဦး"

"ဘာလဲဟာ ဒီမယ္ေနာက္က်ေတာ့မယ္"

"ငါ့ ငါ့ကေလးကိုပါေခၚသြားရေအာင္"

"ဘာ ကေလး နင္ဘယ္တုန္းက အိမ္ေထာင္က်သြားတာလဲ"

"ေအးေလ"

"ဟဲ့ ခက္ထန္ နင္ရႈတ္ရႈတ္ ရႈတ္ရႈတ္မလုပ္နဲ႔ေနာ္ ဒီလိုသာဆို ငါနင့္ကို ငါ့ေမာင္နဲ႔သေဘာမတူနိုင္ဘူး"

"ဟာ ဘာေတြေျပာေနတာလဲ ငါေျပာတဲ့ကေလးက ဝႆန္႔ကိုေျပာတာ"

"ေၾသာ္ နင္ကရွင္းေအာင္ေျပာပါ့လား"

"ေအးေလ"

"အမေလး rs ေတြမ်ား အျမင္ကိုကတ္တယ္"

"ေအးေလ မင္းကလဲ ရွင္းေနတာကိုရႈပ္ေအာင္လာလုပ္ေနတယ္"

"rs ဘဝေတာ့မေရာက္ေသးပါဘူးကြာ အခုမွလိုက္တုန္းရွိေသးတယ္"

"မင္းကလဲဖ်င္းတာကြာ လိုက္ေနတာ ဘယ္နွနွစ္ရွိေနၿပီလဲ"

"ငါလဲ ဘယ္ဖ်င္းခ်င္ပါ့မလဲ"

"ကဲပါ ဝႆန္႔ပါေခၚမယ္ဆိုလဲ သူ႔အေဆာင္သြားရေအာင္"

ခက္ထန္တို႔ ဝႆန္႔အေဆာင္ေရာက္သြားေတာ့ ဝႆန္တစ္ေယာက္ စာအုပ္ပံုထဲမွာ ေခါင္းစိုက္ေနေလသည္။စာလုပ္ေနတယ္လို႔ေတာ့ မထင္လိုက္ပါနဲ႔။ ေခါင္းစိုက္ၿပီးေတာ့ အိပ္ေနတာပါ။

ခက္ထန္လည္း အခန္းထဲဝင္သြားလိုက္ၿပီး ဝႆန္႔ပခံုးအားကိုင္ကာ လႈပ္နွိုးလိုက္ေလသည္။

"ကေလး ကိုယ့္အခ်စ္ေလး"

"အင္"

"ထေတာ့ ကေလး မိုးလင္းေနၿပီ"

"အမ္"

ဝႆန္တစ္ေယာက္ သူ႔မ်က္လံုးနွစ္ဖက္အား ပြတ္သပ္ကာျဖင့္ ထလာေလသည္။

"ဟာ တအားႀကီးမပြတ္နဲ႔ေလ မ်က္လံုးေတြနီကုန္မွျဖင့္ကြာ"

"ေဘာကို မိုးလင္းပါ့လား မိုးလင္းလို႔ေက်ာင္းေရာက္ေနတာေပါ့"

"ကေလးကလဲ"

"ခင္ဗ်ားႀကီးေနာ္ မေန႔ကကိစၥေက်နပ္တယ္မ်ားထင္ေနလား"

"ကဲပါ မေက်နပ္လဲထားလိုက္ေတာ့ ခုအတန္းခ်ိန္ရွိလား"

"ဟာ ေက်ာင္းလာမွေတာ့ အတန္းခ်ိန္ရွိမွာေပါ့ဗ်"

"ဟဲ့ အထဲကနွစ္ေယာက္ ဒီတစ္သက္ၿပီးဦးမွာလား ေခၚစရာရွိတာေခၚၿပီးထြက္ခဲ့ေတာ့ ေနာက္က်ေနပါတယ္ဆို"

"ကဲ ေအာ္ေနၿပီ လာ လာ သြားၾကစို႔"

ေျပာရင္းဆိုရင္း ခက္ထန္ ဝႆန္႔ေက်ာပိုးအိတ္ထဲ စာေရးခံုေပၚက ျပန္႔က်ဲေနသည့္စာအုပ္မ်ား အတင္းထိုးထည့္ကာလြယ္ေပးလိုက္ေလသည္။

"ေနဦးေလ အတန္းရွိေသးတယ္ ဘယ္ကိုသြားမွာလဲ"

"ဟိုေရာက္ရင္သိလိမ့္မယ္ ကေလးရာ"

ဝႆန္တစ္ေယာက္ ဘုမသိဘမသိျဖင့္ ခက္ထန္လက္ဆြဲေခၚရာေနာက္ ယက္ကန္ယက္ကန္ျဖင့္ ပါသြားေလသည္။

_____________________

*လိပ္ျပာစံအိမ္*

New Ocean က ရုပ္ရွင္ရံုေရွ႕ရွိ ပိုစတာႀကီးက ဝႆန္႔ကို ေျပာင္ျပေနသေယာင္ပင္။

'လူက အစကတည္းက သရဲေၾကာက္ပါတယ္ဆိုေနမွ ဒီဘိုးေတာ္ႀကီးကေတာ့လား.. စိတ္တိုလိုက္တာေနာ္'

"နင့္မ်က္နွာႀကီးက ရွံု႔မဲ့ၿပီးဘာျဖစ္ေနတာလဲ ဝႆန္"

"ဘားမွမျဖစ္ဘူး"

ဆူပုတ္ကာျဖင့္ ေပါက္ေပါက္သြားဝယ္ရန္ျပင္ေနသည့္ ဝႆန္႔ေၾကာင့္ ေမႊးႀကိတ္ရယ္လိုက္ေလသည္။

သူမသိဘဲ ေနမလား ဝႆန္ သရဲဆိုေသေအာင္ေၾကာက္တာကို။ငယ္ငယ္ကဆို toilet သြားရင္ မီးဖြင့္၊ တံခါးႀကီးဖြင့္ၿပီး အေရွ႕မွာ လူတစ္ေယာက္က အၿမဲေစာင့္ေပးရတယ္။ဒါမွ သူဝင္ရဲတာ။နို႔မို႔ဆို အာၿဗဲႀကီးနဲ႔ ထ ထေအာ္တာ။

"ကေလး ဘယ္သြားမလို႔လဲ"

ဝႆန္ ခက္ထန္အား ဂ်ိဳၾကည့္ၾကည့္လ်က္

"ေပါက္ေပါက္သြားဝယ္မလို႔"

"ေၾသာ္"

ခက္ထန္ စိတ္ထဲတြင္ၿပံဳးလိုက္ေလသည္။

'ငါေတာ့ပိုင္ၿပီပဲ.. ကေလးေၾကာက္ရင္ ရင္ခြင္ထဲ ထည့္ၿပီး ဖက္ထားပစ္မယ္..'

အႀကံဆိုးႀကီးနဲ႔ ခက္ထန္တစ္ေယာက္ကေတာ့ ေပ်ာ္ျမဴးေနသည္မွာ အမွန္အကန္ပင္။

ရုပ္ရွင္စျပကတည္းက စာအုပ္နဲ႔ မ်က္နွာနဲ႔ကြယ္ၾကည့္ေနသည့္ ဝႆန္ေၾကာင့္

"ကေလး ေၾကာက္ေနတာလား လာ ေၾကာက္ရင္ ကိုယ္ဖက္ထားေပးမယ္"

"မေၾကာက္ပါဘူး"

'အဟင္း ေျပာအားရွိတုန္းေတာ့ ေျပာထားေပါ့ကြာ ၿပီးမွေၾကာက္တယ္ဆိုၿပီး ဝင္လာေတာ့မွ မလႊတ္ေပးဘဲကို ဖက္ထားမွာ'

"အား!!!!!!"

ရုပ္ရွင္ရံုထဲက လူေတြအကုန္လံုး သူတို႔နွစ္ေယာက္အား ဝိုင္းၾကည့္လာၾကေလသည္။

ဝႆန္႔မွာ မခ်ိၿပံဳးၿပံဳးျပရင္းျဖင့္ ခက္ထန္နား႐ြက္အား ေဆာင့္ဆြဲလိုက္ေလသည္။

"ခင္ဗ်ားႀကီး ဘာလို႔ အက်ယ္ႀကီး ထေအာ္ေနတာလဲ"

"ဟာ ကေလးကလဲ ေၾကာက္တာကိုးလို႔"

ဝႆန္႔မွာ ေခါင္းတစ္ခ်က္ခါကာျဖင့္

'ဒါကိုမ်ား ဖက္ထားေပးဦးမယ္တဲ့ ေဘာကိုဖက္ထားေပး'

စိတ္ထဲကေနသာ က်ိန္ဆဲလိုက္ေတာ့သည္။

"အား!!!.. အု .. ဝု.."

ဒီတစ္ေခါက္ေတာ့ ဝႆန္ ခက္ထန္ပါးစပ္အား ပိတ္ထားလိုက္ေတာ့သည္။

"ခင္ဗ်ားႀကီးေနာ္ ေနာက္တစ္ခါထပ္ေအာ္ဦးမွာလား ဒီမယ္ နားေတြလဲ ကြဲေတာ့မယ္"

ေခါင္းခါျပသည့္ ခက္ထန္ေၾကာင့္ ဝႆန္ လက္ဖယ္ေပးလိုက္သည္။

"ေနာက္တစ္ခါ ေအာ္ရဲေအာ္ၾကည့္လိုက္ ေသမယ္"

'အဲ့တာသာ ၾကည့္ၾကပါေတာ့ဗ်ာ သရဲေၾကာက္လို႔ေအာ္တာေတာင္ ေအာ္ရဲေအာ္ၾကည့္တဲ့ ေဟာဒီက ခက္ထန္ဘဝေလးကို မသနားၾကေတာ့ဘူးလား'

ဝႆန္တစ္ေယာက္ ေျပာလိုက္ရလို႔ ပါးစပ္ေညာင္းသြားတာပဲ အဖက္တင္သည္။ ခက္ထန္ကေတာ့ ေအာ္ၿမဲပင္။ကိုယ္ကေၾကာက္လို႔ ထေအာ္မယ္လုပ္လိုက္ရင္း သူကဦးေအာင္ေအာ္လိုက္ရင္းျဖင့္ သရဲကားလဲ ဘာမွန္းမသိလိုက္ရသလို နားေတြလဲ ကြဲေတာ့မည္။

ထို႔ေၾကာင့္ စိတ္ထဲတြင္ ဒုန္းဒုန္းခ်လိုက္သည့္အရာက

*ဒီတစ္သက္ ဘယ္ေတာ့မွ ခက္ထန္နဲ႔ သရဲကားၾကည့္ေတာ့မည္ မဟုတ္*

_________________________



Unicode...

*ဝုတ်~ဝုတ်*(message မြည်သံ)

စာကြည့်စားပွဲမှာထိုင်ကာ စာလုပ်ရင်းအိပ်ငိုက်နေစဉ် မြည်လာသည့် ဖုန်း message သံကြောင့် လန့်နိုးလာလေသည်။

စားပွဲရှေ့က နာရီကိုကြည့်လိုက်တော့ ၁၂ နာရီ ၂၅ မိနစ်။

"ဟာ ဒီအချိန်ကြီး ဘယ်သူ message ပို့တာလဲ"

ပြောပြောဆိုဆို ဖုန်းအားဖွင့်ကြည့်လိုက်တော့ ပို့သူနာမည်က အဘိုးကြီး။

"ဒီအဘိုးကြီးကတော့လား လူအိပ်ချိန်ရောက်နေပြီဆိုတာကို မသိဘူးလား မသိဘူး"

ပို့ထားသည့်စာကို ဖတ်ကြည့်လိုက်တော့ အိပ်ချင်နေသည့် မျက်လုံးပင် ပြူးကျယ်သွားသယောင်။

*ဘေဘီလေး ကိုယ့်အသည်းပေါက်စနိုးပေါက်စနလေး ကိုယ့်အမွှေကောင်လေး ဝက်ကောင်လုံးကင်လေး မအိပ်သေးဘူးလား*

"ဒီလူကြီး သူနဲ့ငါနဲ့လဲ ဘာမှမဆိုင်ဘဲနဲ့ လူကိုလာပြီး အသည်းတွေဘာတွေလုပ်နေတယ် သူ့အသည်း ထုတ်ပြီးချက်စားပစ်လိုက်ရ မကောင်းဖြစ်တော့မယ်"

*ဘောကို ပေါက်စနိုးပေါက်စနပါလား*

*ဟာ ကလေးကလဲကွာ ro လို့ကိုမရဘူး*

*ro ရအောင် ကျွန်တော်က ခင်ဗျားရည်းစားမို့လို့လား ခင်ဗျားကြီး လက်သီးစာမိချင်နေပြီထင်တယ်*

*အဟား ကလေးက ကိုယ့်ကိုလက်သီးနဲ့ထိုးချင်တာပေါ့ ဟုတ်လား ကလေးလက်သီးနဲ့ထိုးတာလောက်ကတော့ ကိုယ့်ပါးကို ပန်းနဲ့ပေါက်သလိုပဲရှိမှာပါကွာ မထိုးချင်ပါနဲ့ တော်ကြာ လက်နုနုလေးနာသွားမှဖြင့် ကိုယ်ရင်ကျိုးနေရပါဦးမယ်*

*ဘောကိုရင်ကျိုးပါ့လား မနက်ကတော့ သူများအခန်းရှေ့ အော်ကြီးဟစ်ကျယ် ငိုနေတဲ့သူက ညနေကျောင်းဆင်းတော့ ကြာဇံကြော် ထိုင်စားနေတာများ မြင်မကောင်ဘူး ပြောတော့ မင်းမှမချစ်ရင် သေရပါတော့မယ်တဲ့ အဲ့အချိန်ကျတော့ မင်းဆိုတဲ့ကောင်ကို သတိရဖို့နေနေသာသာ သတိတောင်ထားမိမှာမဟုတ်ဘူး*

*သြော် လက်စသတ်တော့ ကလေးက ကြာဇံကြော်မစားရလို့ စိတ်ကောက်နေတာလား*

*ချီးကို ကြာဇံကြော်မစားရလို့ စိတ်ကောက်ရမှာလား ကျွန်တော့်ကိုတောင် သတိမရဘဲ ကြာဇံကြော်သည်ရှေ့ သွားဖြဲနားဖြဲစားနေတဲ့ ခင်ဗျားကို စိတ်တိုနေတာ*

*အွန် စိတ်တိုနေတာမဟုတ်ပါဘူး သဝန်တိုနေတာပါ ကိုယ့်ကို*

*လဲသာသေလိုက်တော့ အဲ့နားတင် ကျွန်တော်က ဘာကိစ္စ ခင်ဗျားကို သဝန်တိုရမှာလဲ*

*အဟား ဟား ဟား ကောင်လေးတစ်ယောက် ခုချိန် ရှက်ရမ်းရမ်းပြီး မျက်နှာကြီးနီနေလောက်ပြီထင်တယ်နော်*

ခက်ထန်အပြောကြောင့် ဝဿန်ထိုင်ရာမှအမြန်ထာကာ မှန်ယူကြည့်ရသေးသည်။

*ခင်ဗျားကြီးလျှောက်မပြောနဲ့ ကျွန်တော်သေချာကြည့်ပြီးပြီ ဘာမှမနီဘူး*

*အယ် မှန်တောင်ယူကြည့်လိုက်သေးတယ်ပေါ့*

*ဟာ ခင်ဗျားကြီး တော်ပြီဗျာ ဆင်းပြီ*

*ဟိုး ဟိုး ဟိုး နေပါဦးကလေးရာ ဒီမှာကိုယ်ပြောစရာတွေကျန်သေးတယ်*

*ဘာလဲပြော*

*ယုံပါကလေးရာ ကိုယ့်ရဲ့အချစ်တွေအကုန်လုံး ဒီက ကလေးအတွက်ပါပဲကွာ*

*တော်စမ်းပါဗျာ အဲ့စကားတွေအကုန်လုံး ကြာဇံကြော်သည်ကိုပဲ သွားပြောချေ ကျွန်တော့်ကိုလာမပြောနဲ့*

*တကယ်ပါကွာ ကိုယ်တကယ်ဘာအတ္တမှမရှိဘဲ ပိုင်ဆိုင်ချင်မိတာ ကလေးအပြုံးလေးတွေပါကွာ၊ ကိုယ်မင်းကို မနေ့ကထက်ပိုချစ်တယ် ဒီစကားကို မနက်ဖြန်တွေရောက်တိုင်းထပ်ပြောမယ်၊ ကလေးက မချစ်လဲ ကိုယ်ကပဲချစ်မယ် အကယ်၍ ကလေးကချစ်တယ်ဆိုရင်တောင် ပိုချစ်ရတဲ့သူက ကိုယ်ပဲဖြစ်ပါရစေ နော် ကလေး*

"ဟာ ဒီလူကြီး ဘာတွေလာပြောနေတာလဲ ဒါနဲ့နေပါဦး ဒီစာသားတွေကိုသိနေသလိုပဲ... ဟာ ဟုတ်သား"

ခေတ္တမျှစဉ်းစားပြီးနောက် ဝဿန့်ခေါင်းထဲပေါ်လာသည့်အရာက

*ခင်ဗျားကြီး ဒါ fb ပေါ်ကစာသားတွေမို့လား*

*ကလေးက ဘယ်လိုလုပ်သိတာလဲ*

*ဟား တကယ်ပဲကိုး*

*ကိုယ့်ခံစားချက်တွေနဲ့ တိုက်ဆိုင်နေလို့ ပြောမိတာပါကွာ*

*ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ခင်ဗျားကျွန်တော့်ကို တကယ်မချစ်တာ သိသွားပြီ*

*ဟာ ဘယ်လိုပြောလိုက်တာလဲ ကလေးရာ ကိုယ်က ကလေးကိုမချစ်လို့ ဘယ်သူ့သွားချစ်ရမှာလဲ*

*တော်ပါဗျာ အပိုတွေ အိပ်တော့မယ် ဆင်းပြီ*

*ဟာ ကလေး နေပါဦး*

*မနေနိုင်ဘူး ဆင်းပြီ*

*အာ့ဆိုလဲ good night နော် ကိုယ့်ကလေးလေး ပူတူတူးလေး ပိစိလေး မွမွ*

ဝဿန် ခက်ထန်ပို့လာသည့် message အားကြည့်ကာ ပြုံးလိုက်လေသည်။

"တကယ်ကို မုန်းချင်စရာကြီး ကဲဟာ ကဲဟာ"

ဝဿန် ကုတင်ပေါ်ရှိ ခေါင်းအုံးအား ခက်ထန်အမှတ်ဖြင့် ခြေရောလက်ရောသုံးကာ ထုရိုက်လိုက်၊ ကန်လိုက်ဖြင့် လုပ်နေလိုက်သည်။
______________________

"ဟဲ့ ဒီနေ့မနက်ပိုင်း ငါတို့ tutorial မရှိဘူးဆိုတော့ ရုပ်ရှင်သွားကြည့်ရအောင်လား"

"ရုပ်ရှင် ဘာကားလဲ"

"လိပ်ပြာစံအိမ် လေဟာ"

"အယ် အဲ့ကားကပြနေပြီလား"

"အေး ငါတို့သွားကြည့်ရအောင်"

"ဟဲ့ အချိန်လဲကြည့်ဦး ၈ နာရီခွဲတော့မှာ "

"ဟာ ဘာဖြစ်လဲ ၉ နာရီမှစမယ့်ဟာ"

"၉ နာရီစမယ်ထားဦး ငါတို့ရောက်တဲ့အချိန် လက်မှတ်ကရပါဦးမလား"

"အေးလေ ဒါလဲဟုတ်သား"

*ဘုတ် ဘုတ် ဘုတ် ဘုတ်*

"အမေ့" "ဟဲ့ ပလုတ်တုတ်"

ခေါင်းကိုစာအုပ်ဖြင့်ရိုက်သူအား မွှေးတို့အနောက်လှည့်ကြည့်လိုက်တော့ ဟိုနှစ်ကောင်။

"မှန်မှန်ပြောစမ်း နင်တို့လေးယောက် ခေါင်းချင်းဆိုင်ပြီး ဘာလုပ်နေကြတာလဲ"

"ငါတို့ဟာ ငါတို့ဘာလုပ်လုပ်ပေါ့"

"ဟဲ့ ခဏ ခဏ ခက်ထန် ငါတို့တွေရုပ်ရှင်သွားကြည့်ရအောင်"

"ရုပ်ရှင် ဘာကားလဲ"

"ပြောရမှာမောတယ်ဟယ် ကြည့်မှာလားမကြည့်ဘူးလားသာပြော"

"အင်း ကြည့်တော့ ကြည့်ချင်ပေမယ့်လည်း..."

"အိုကေ အိုကေ ကြည့်မယ်လို့ပဲ သတ်မှတ်လိုက်မယ် လာသွားကြစို့ မမှီဘဲနေလိမ့်မယ်"

"ဟာ ဟေ့ ငါဘာမှမပြောရသေးဘူးလေ ခဏ နေပါဦး"

"ဘာလဲဟာ ဒီမယ်နောက်ကျတော့မယ်"

"ငါ့ ငါ့ကလေးကိုပါခေါ်သွားရအောင်"

"ဘာ ကလေး နင်ဘယ်တုန်းက အိမ်ထောင်ကျသွားတာလဲ"

"အေးလေ"

"ဟဲ့ ခက်ထန် နင်ရှုတ်ရှုတ် ရှုတ်ရှုတ်မလုပ်နဲ့နော် ဒီလိုသာဆို ငါနင့်ကို ငါ့မောင်နဲ့သဘောမတူနိုင်ဘူး"

"ဟာ ဘာတွေပြောနေတာလဲ ငါပြောတဲ့ကလေးက ဝဿန့်ကိုပြောတာ"

"သြော် နင်ကရှင်းအောင်ပြောပါ့လား"

"အေးလေ"

"အမလေး rs တွေများ အမြင်ကိုကတ်တယ်"

"အေးလေ မင်းကလဲ ရှင်းနေတာကိုရှုပ်အောင်လာလုပ်နေတယ်"

"rs ဘဝတော့မရောက်သေးပါဘူးကွာ အခုမှလိုက်တုန်းရှိသေးတယ်"

"မင်းကလဲဖျင်းတာကွာ လိုက်နေတာ ဘယ်နှနှစ်ရှိနေပြီလဲ"

"ငါလဲ ဘယ်ဖျင်းချင်ပါ့မလဲ"

"ကဲပါ ဝဿန့်ပါခေါ်မယ်ဆိုလဲ သူ့အဆောင်သွားရအောင်"

ခက်ထန်တို့ ဝဿန့်အဆောင်ရောက်သွားတော့ ဝဿန်တစ်ယောက် စာအုပ်ပုံထဲမှာ ခေါင်းစိုက်နေလေသည်။စာလုပ်နေတယ်လို့တော့ မထင်လိုက်ပါနဲ့။ ခေါင်းစိုက်ပြီးတော့ အိပ်နေတာပါ။

ခက်ထန်လည်း အခန်းထဲဝင်သွားလိုက်ပြီး ဝဿန့်ပခုံးအားကိုင်ကာ လှုပ်နှိုးလိုက်လေသည်။

"ကလေး ကိုယ့်အချစ်လေး"

"အင်"

"ထတော့ ကလေး မိုးလင်းနေပြီ"

"အမ်"

ဝဿန်တစ်ယောက် သူ့မျက်လုံးနှစ်ဖက်အား ပွတ်သပ်ကာဖြင့် ထလာလေသည်။

"ဟာ တအားကြီးမပွတ်နဲ့လေ မျက်လုံးတွေနီကုန်မှဖြင့်ကွာ"

"ဘောကို မိုးလင်းပါ့လား မိုးလင်းလို့ကျောင်းရောက်နေတာပေါ့"

"ကလေးကလဲ"

"ခင်ဗျားကြီးနော် မနေ့ကကိစ္စကျေနပ်တယ်များထင်နေလား"

"ကဲပါ မကျေနပ်လဲထားလိုက်တော့ ခုအတန်းချိန်ရှိလား"

"ဟာ ကျောင်းလာမှတော့ အတန်းချိန်ရှိမှာပေါ့ဗျ"

"ဟဲ့ အထဲကနှစ်ယောက် ဒီတစ်သက်ပြီးဦးမှာလား ခေါ်စရာရှိတာခေါ်ပြီးထွက်ခဲ့တော့ နောက်ကျနေပါတယ်ဆို"

"ကဲ အော်နေပြီ လာ လာ သွားကြစို့"

ပြောရင်းဆိုရင်း ခက်ထန် ဝဿန့်ကျောပိုးအိတ်ထဲ စာရေးခုံပေါ်က ပြန့်ကျဲနေသည့်စာအုပ်များ အတင်းထိုးထည့်ကာလွယ်ပေးလိုက်လေသည်။

"နေဦးလေ အတန်းရှိသေးတယ် ဘယ်ကိုသွားမှာလဲ"

"ဟိုရောက်ရင်သိလိမ့်မယ် ကလေးရာ"

ဝဿန်တစ်ယောက် ဘုမသိဘမသိဖြင့် ခက်ထန်လက်ဆွဲခေါ်ရာနောက် ယက်ကန်ယက်ကန်ဖြင့် ပါသွားလေသည်။

_____________________

*လိပ်ပြာစံအိမ်*

New Ocean က ရုပ်ရှင်ရုံရှေ့ရှိ ပိုစတာကြီးက ဝဿန့်ကို ပြောင်ပြနေသယောင်ပင်။

'လူက အစကတည်းက သရဲကြောက်ပါတယ်ဆိုနေမှ ဒီဘိုးတော်ကြီးကတော့လား.. စိတ်တိုလိုက်တာနော်'

"နင့်မျက်နှာကြီးက ရှုံ့မဲ့ပြီးဘာဖြစ်နေတာလဲ ဝဿန်"

"ဘားမှမဖြစ်ဘူး"

ဆူပုတ်ကာဖြင့် ပေါက်ပေါက်သွားဝယ်ရန်ပြင်နေသည့် ဝဿန့်ကြောင့် မွှေးကြိတ်ရယ်လိုက်လေသည်။

သူမသိဘဲ နေမလား ဝဿန် သရဲဆိုသေအောင်ကြောက်တာကို။ငယ်ငယ်ကဆို toilet သွားရင် မီးဖွင့်၊ တံခါးကြီးဖွင့်ပြီး အရှေ့မှာ လူတစ်ယောက်က အမြဲစောင့်ပေးရတယ်။ဒါမှ သူဝင်ရဲတာ။နို့မို့ဆို အာဗြဲကြီးနဲ့ ထ ထအော်တာ။

"ကလေး ဘယ်သွားမလို့လဲ"

ဝဿန် ခက်ထန်အား ဂျိုကြည့်ကြည့်လျက်

"ပေါက်ပေါက်သွားဝယ်မလို့"

"သြော်"

ခက်ထန် စိတ်ထဲတွင်ပြုံးလိုက်လေသည်။

'ငါတော့ပိုင်ပြီပဲ.. ကလေးကြောက်ရင် ရင်ခွင်ထဲ ထည့်ပြီး ဖက်ထားပစ်မယ်..'

အကြံဆိုးကြီးနဲ့ ခက်ထန်တစ်ယောက်ကတော့ ပျော်မြူးနေသည်မှာ အမှန်အကန်ပင်။

ရုပ်ရှင်စပြကတည်းက စာအုပ်နဲ့ မျက်နှာနဲ့ကွယ်ကြည့်နေသည့် ဝဿန်ကြောင့်

"ကလေး ကြောက်နေတာလား လာ ကြောက်ရင် ကိုယ်ဖက်ထားပေးမယ်"

"မကြောက်ပါဘူး"

'အဟင်း ပြောအားရှိတုန်းတော့ ပြောထားပေါ့ကွာ ပြီးမှကြောက်တယ်ဆိုပြီး ဝင်လာတော့မှ မလွှတ်ပေးဘဲကို ဖက်ထားမှာ'

"အား!!!!!!"

ရုပ်ရှင်ရုံထဲက လူတွေအကုန်လုံး သူတို့နှစ်ယောက်အား ဝိုင်းကြည့်လာကြလေသည်။

ဝဿန့်မှာ မချိပြုံးပြုံးပြရင်းဖြင့် ခက်ထန်နားရွက်အား ဆောင့်ဆွဲလိုက်လေသည်။

"ခင်ဗျားကြီး ဘာလို့ အကျယ်ကြီး ထအော်နေတာလဲ"

"ဟာ ကလေးကလဲ ကြောက်တာကိုးလို့"

ဝဿန့်မှာ ခေါင်းတစ်ချက်ခါကာဖြင့်

'ဒါကိုများ ဖက်ထားပေးဦးမယ်တဲ့ ဘောကိုဖက်ထားပေး'

စိတ်ထဲကနေသာ ကျိန်ဆဲလိုက်တော့သည်။

"အား!!!.. အု .. ဝု.."

ဒီတစ်ခေါက်တော့ ဝဿန် ခက်ထန်ပါးစပ်အား ပိတ်ထားလိုက်တော့သည်။

"ခင်ဗျားကြီးနော် နောက်တစ်ခါထပ်အော်ဦးမှာလား ဒီမယ် နားတွေလဲ ကွဲတော့မယ်"

ခေါင်းခါပြသည့် ခက်ထန်ကြောင့် ဝဿန် လက်ဖယ်ပေးလိုက်သည်။

"နောက်တစ်ခါ အော်ရဲအော်ကြည့်လိုက် သေမယ်"

'အဲ့တာသာ ကြည့်ကြပါတော့ဗျာ သရဲကြောက်လို့အော်တာတောင် အော်ရဲအော်ကြည့်တဲ့ ဟောဒီက ခက်ထန်ဘဝလေးကို မသနားကြတော့ဘူးလား'

ဝဿန်တစ်ယောက် ပြောလိုက်ရလို့ ပါးစပ်ညောင်းသွားတာပဲ အဖက်တင်သည်။ ခက်ထန်ကတော့ အော်မြဲပင်။ကိုယ်ကကြောက်လို့ ထအော်မယ်လုပ်လိုက်ရင်း သူကဦးအောင်အော်လိုက်ရင်းဖြင့် သရဲကားလဲ ဘာမှန်းမသိလိုက်ရသလို နားတွေလဲ ကွဲတော့မည်။

ထို့ကြောင့် စိတ်ထဲတွင် ဒုန်းဒုန်းချလိုက်သည့်အရာက

*ဒီတစ်သက် ဘယ်တော့မှ ခက်ထန်နဲ့ သရဲကားကြည့်တော့မည် မဟုတ်*

_________________________


© Kout Tay,
книга «ေႂကြ».
အပိုင္း-၂၀
Коментарі