အပိုင်း-၁၂
Zawgyi...
ည ၁၂ နာရီခန့်အချိန်..
"အားးး"
"အားးးးး... ဒုန်းးးး"
______________________________
တစ်နာရီခန့်အကြာ..
______________________
---------------------*----------
Unicode...
ည ၁၂ နာရီခန့်အချိန်..
ပတ်ဝန်းကျင်၌ မှောင်မိုက်ကာ တိတ်ဆိတ်နေပါသော်လည်း အခန်းငယ်တစ်ခုအတွင်း၌ရှိသော မိန်းမပျိုတစ်ဦးသည် ကုတင်ပေါ်တွင် ဖုန်းနှင့်မျက်နှာ ထိကပ်လုမတတ် စိုက်ကြည့်လျက်ရှိသည်။ကြည့်နေရင်း လက်သည်းကိုက်လိုက်၊ စောင်ကိုက်လိုက်ဖြင့် သူမ မျက်နှာထက်၌ အသည်းယားဖွယ် တစ်စုံတစ်ခုကို မြင်နေရသလိုရှိ၏။
အတန်ငယ်အကြာ ထိုမိန်းမပျိုသည် ဖုန်းကိုင်ရင်းဖြင့်
"အားးး"
ဟူသော အသံငယ်တစ်ခုအား ပြုလိုက်လေသည်။
ဘေးအခန်း၌ စာမေးပွဲနီးပြီဖြစ်သောကြောင့် ညဉ့်နက်သည်အထိစာလုပ်ရင်း စာရေးခုံပေါ်မေးတင်ကာ အိပ်ပျော်သွားသော ကောင်ငယ်လေးသည် ထိုအသံကြောင့် လန့်နိုးလာလေသည်။
"အမေ့.. ဟာ ဘာသံလဲဟ ဘယ်ကလဲ ညခင်းကြီးကို ဘယ်သူကများ လာအော်နေတာပါလိမ့်.. "
ထို့နောက် ခေါင်းတစ်ချက် ခါလိုက်ကာ နှုတ်မှ
"မဖြစ်ဘူး ငါအိပ်မှဖြစ်တော့မယ် မနက်မှမထနိုင်ရင် မေဆူတာခံရလိမ့်မယ် အိပ်မှပဲ"
ဟုဆိုကာ ကုတင်ပေါ် လဲလျောင်း၍အိပ်လိုက်လေသည်။ထိုကောင်လေး အိပ်ပျော်ရန် အနည်းငယ်အလို၌
"အားးးးး... ဒုန်းးးး"
ဟူသော အသံကို ထပ်မံကြားလိုက်ရလေသောကြောင့် လန့်နို့လာပြန်လေသည်။
"ဟာကွာ သူများအိပ်ပျော်တော့မယ်ဟာကို ဘယ်ကအသံလဲ ငါ့အထင် နီးနီးကပ်ကပ်ကြီးကို ကြားနေရတာဆိုတော့ ဘေးအခန်းကများလား"
တစ်ယောက်ထဲပြောရင်းဖြင့် ကပ်လျက်အခန်းရှိရာဆီသို့သွားကာ တံခါးဆွဲဖွင့်လိုက်လေရာ..
ကုတင်ထက်မှ စောင်ပုံများဖြင့် ရောထွေးကာ အောက်သို့ လိမ့်ကျနေသော သူမက အခုမှ ကုန်းရုံးထနေလေသည်။
"မမွှေး နင် အခုထိ မအိပ်ဘဲ ဘာလုပ်နေတာလဲ"
အိပ်ချင်နေသည့်အချိန် မအိပ်ရသောကြောင့် မွှေးအား မေးသော စကား၌ ဒေါသသံများဆွတ်နေသော်လည်း သူမေးသည့်စကားကို မွှေးသည် မကြားသကဲ့သို့ သူ့အား အစွမ်းကုန် သွားဖြဲပြလျက်..
"အဟီး ဒီမှာ ငါ ဇာတ်ကားကောင်းနေလို့ဟ နင်ရောမအိပ်သေးရင် ငါနဲ့အတူတူကြည့်ပါ့လား.. uke လေးကလေ အသည်းယားစရာလေး ဖွေးဥနေတာပဲ ချစ်ချင်စရာကြီး"
သူပြောချင်ရာ စွတ်ပြောနေသော မွှေးအား ဝဿန် သိပ်မကြည်ချင်တော့ပေ။
"အေး နင်အခုထိမှ မအိပ်သေးရင် မနက် ဖေနဲ့တိုင်ပြောပစ်မယ်"
ဟုပြောကာ ထွက်သွားသော ဝဿန်နောက်ကျောအားကြည့်လျက် မွှေးအသံတိတ် ဆဲမိလေတော့သည်။
______________________________
အတန်းချိန်တွေသာ တစ်ချိန်ပြီးတစ်ချိန်ပြီးသွားပေမယ့် ခက်ထန်မှာတော့ စာအုပ်ကြီးရှေ့ချကာ လိုက်လဲမရေးဘဲ ငူငူငိုင်ငိုင်ကြီးသာ ထိုင်နေလေသည်။
"ဟေ့ကောင် မင်းဘာဖြစ်နေတာလဲ ငါမနက်ထဲကကြည့်နေတာ မင်း စာလဲလိုက်မရေးဘူး စာမေးပွဲက နီးနေပြီဟာကို"
စစ်သွေးစကားကို ကြားပေမယ့်လည်း သူဘာမှပြန်ပြောချင်စိတ်မရှိသောကြောင့် မလှုပ်မယှက်သာ ဆက်ထိုင်နေလိုက်လေသည်။
စစ်သွေးလည်း သူ့အား စကားပြန်မလာသည့် ခက်ထန်ကို လစ်လျှူရှုပြီး စာထဲ၌သာ အာရုံစိုက်လိုက်လေတော့သည်။
တစ်နာရီခန့်အကြာ..
"ကဲ မောင်မင်းကြီးသား ဆွေးမယ်ဆိုရင်လည်း canteen ရောက်မှသာ ဆက်ဆွေးတော့ ခုဗိုက်ဆာနေပြီ သွားရအောင်"
ဟုပြောပြီး ရှေ့ကနေသာ ထွက်ခဲ့လိုက်တော့သည်။တော်ကြာ သူဆွေးတာသာ ဆက်စောင့်နေရင် ကိုယ်ထမင်းငတ်ကိန်းရှိသည်မို့။
canteen ရောက်သည့်တိုင် ဘာစကားမှလည်းမပြော၊ ဘာမှလည်းမမှာသေးဘဲ ငူငူကြီးထိုင်နေသေးသည့်ခက်ထန်ကြောင့် မွှေးတို့တစ်အုပ်စုလုံး မနေနိုင်မထိုင်နိုင်ဖြစ်ပြီး စပ်စုချင်စိတ်တွေ တဖွားဖွားပေါ်လာသောကြောင့်
"ဟဲ့ ခက်ထန် နင်ဘာဖြစ်နေတာလဲ"
မွှေးစကားကြားတော့ ခေါင်းထောင်လာသည့် ခက်ထန်။
ပြီးနောက် ယဲ့ယဲ့လေးပြုံးပြကာ..
"ငါ ငါလေ ငါ့အထင်တော့ ဟို ဟိုဟာ"
"ကဲ ပြောမှာသာပြောစမ်းပါ ကြာလိုက်တာ"
မွှေးတို့အကုန်လုံး ခက်ထန်ဆက်ပြောလာမည့် စကားအား စိတ်ဝင်တစားဖြင့် နားထောင်နေလိုက်ကြလေသည်။
"ဒီလိုဟာ ငါ့အထင်တော့ ငါ နင့်မောင်လေးကို"
ပြောရင်း အဆုံးသတ်၌ လေသံတိုးတိုးလေးဖြစ်လာသည့် ခက်ထန်ကို မွှေးစိတ်မရှည်တော့။
"နင်ဘာဖြစ်နေတာလဲ ပြောစရာရှိတာမပြောဘဲ ကြောက်သလိုလို ရွံ့သလိုလိုလာလုပ်နေတယ် ပြော"
ထိုအခါမှ ဆက်ပြောလာသည့် ခက်ထန်၏
"ငါ ငါနင့်မောင်လေးကို ကြိုက်နေတယ်ထင်တယ်"
ဟူသော စကားကြောင့် မွှေးတို့အကုန်လုံး ဘာစကားမှမပြောနိုင်ဘဲ ကြက်သေသေသွားလေတော့သည်။
"ငါ သူကြောင့် ဖျားလိုက်၊ ကြက်ဆိတ်ခံလိုက်ရဖြစ်တာတောင် ငါသူ့ကို အချိန်တိုင်းသတိရနေမိတယ်၊ ကုန်ကုန်ပြောရရင် ခုတစ်လော စားလဲသူ့စိတ်၊ အိပ်လဲသူ့စိတ်၊ ရေချိုးလဲသူ့စိတ်၊စာလုပ်လဲသူ့စိတ်၊ Toilet ဝင်လဲသူ့စိတ်၊ အခု ကျောင်းမှာတောင် ငါသူ့ကိုမျက်လုံးထဲမှာမြင်ပြီး သတိရနေတယ်ဟာ"
"သားကြီး မင်း ရောဂါက အတော်ကျွမ်းနေပြီပဲ"
စစ်သွေးစကားကြားတော့ ခက်ထန်မျက်နှာကြီးရှုံ့မဲ့သွားလေသည်။
"နင်တကယ်ပြောနေတာလား ခက်ထန်"
မွှေး၏အမေးစကားကြောင့် ခက်ထန် ခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်လေသည်။
"ဒါဆို ဘာမှမပူနဲ့ ငါက နင်နဲ့ဆို သဘောတူပြီးသား ဟီးဟီး.. နင်သာ ငါ့မောင်ကို ရအောင်လိုက်"
"တကယ်နော် အာ့ဆို မနက်ဖြန်ကစပြီး နင့်မောင်ကို လိုက်တော့မယ်.. ဟာ ကြာပါတယ် ဒီနေ့ကစပြီး လိုက်တော့မယ်.. ဒါနဲ့ဘယ်အချိန်ရှိပြီလဲ ငါနေ့လည်ခင်းပိုင်းအချိန်မတက်တော့ဘူး သူ့ဆီသွားတော့မယ်.."
"ဟဲ့ အမလေး နေပါဦး ခုမှ ၁၂နာရီခွဲရှိသေးတဲ့ဟာ.. ငါ့မောင်က ညနေ ၃နာရီမှကျောင်းဆင်းမှာ"
"ဟာ ဒါဆိုလဲ တစ်ချိန်တက်ပြီးသွားမယ်ဟာ.. လုပ် လုပ် မှာစရာရှိတာ မှာတော့"
"ငါတို့က မှာပြီး စားလို့တောင်ကုန်တော့မယ် နင်သာမှာရမှာ"
"အဟီး ဟုတ်သား ဆောရီး ဆောရီး"
မွှေးတို့တွေလည်း ခက်ထန်အား ဝိုင်းမျက်စောင်းထိုးလိုက်ကြလေသည်။
______________________
ဝဿန်တစ်ယောက် ကျောင်းအပြန်လမ်းတစ်လျှောက်၌ စက်ဘီးလေးနင်း သီချင်းတကြော်ကြော်ဆိုရင်းဖြင့် အိမ်ပြန်လာလေသည်။
"ရည်းစားလေးတစ်ယောက်တော့ လိုနေတာပေါ့..
ငါ့မှာလည်း အသည်းနဲ့ပဲ ချစ်တတ်ပါတယ်..
ရည်းစားလေးမရှိတော့ ငိုချင်တာပေါ့..
ရှိရှိသမျှအချစ်တွေ အကုန်လုံးပေးလိုက်ချင်တယ်.."
ဝဿန် သီချင်းထဲ ဈာန်ဝင်ဆိုနေသည်မို့ အရှေ့မှာ မတ်တပ်ရပ်လျက် မရှောင်ဘဲနေသော ခက်ထန်အားမမြင်မိ။
ခက်ထန် သူ့ရှေ့မှ သီချင်းဆိုရင်း လာနေသောကောင်လေးအားကြည့်ရင်း အနားရောက်မှ စမည်ဟု ကြံရွယ်ကာ စောင့်နေလေသည်။ထိုကောင်လေးဆိုသော သီချင်းအား နားထောင်ရင်းဖြင့်
"ရည်းစားလိုချင်တာများ ကိုယ်တစ်ယောက်လုံးရှိ ရှိ..'
သူ့စကားတောင်မဆုံးသေး ဝဿန်၏
"ဟာ ခင်ဗျား အရှေ့ကဖယ်လေ"ဟူသော အသံကြောင့် ကြောင်အသွားမိလေသည်။
မျက်လုံးကြီးပြူးကာ အော်ပြောလိုက်ပေမယ့်လည်း အရှိန်က ဘယ်လိုမှ ထိန်းဖို့ရာမဖြစ်နိုင်တော့သောကြောင့် ဝဿန်လည်း တိုးမိတိုးရာ ဝင်တိုးလိုက်လေရာ..
"အားးး အင့် ဒုန်းးးး" ဟူသောအသံနှင့်အတူ ခက်ထန်၏
"အမေရေ သားတော့ ဒုတိယ ပီမိုးနင်းဖြစ်ပြီထင်ပါတယ်" ဆိုသော အသံကြီးအား ကြားလိုက်ရလေသည်။
ဝဿန်လည်း လဲကျရာမြေပြင်ပေါ်မှ ထလျက် စက်ဘီးအား ဒေါက်ထောက်ပြီး ကြည့်လိုက်သောအခါ..
သူ၏ အဓိက နေရာကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်လျက် မျက်နှာကြီးရှုံ့မဲ့နေသူကို မြင်လိုက်ရသောကြောင့် ရယ်ရခက် ငိုရခက်ဖြစ်မိလေသည်။
"ခင်ဗျားဟာလေ တကယ်ပဲ ကျွန်တော်နဲ့ဆို တစ်ခုပြီးတစ်ခုကို ပတ်ဖြစ်နေတော့တာပဲ"
ခက်ထန်မှာ ဝဿန့်၏စကားအား ပြန်မပြောနိုင်ဘဲ အီလည်လည်ရုပ်ကြီးဖြင့်သာ ကြည့်နေမိသည်။
"ကဲ လာ စက်ဘီးပေါ်တက် စိတ်ညစ်ပါတယ် ငါတော့ အိမ်ရောက်ရင် ထပ်အရိုက်ခံရတော့မယ် ဟူးးးး"
ခက်ထန်တစ်ယောက် ထိုနေ့က စက်ဘီးနဲ့မတော်ရာ နေရာကိုတိုက်မိပေမယ့်လည်း ချစ်ရသူ၏ စက်ဘီးနောက်ထိုင်လိုက်ခဲ့ရသောကြောင့် ခံရခက်နေသည့်ကြားက သူ့မျက်နှာကြီးအား အစွမ်းကုန်ပြုံးဖြီးထားသည်မှာ ဘီလူးထီး သံပုရာသီး ကိုက်နေသည့် အတိုင်းပင်။

Коментарі