အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း_၂၂
အပိုင္း_၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၁၈
Zawgyi...

"ေဟး! ဝႆန္ ငါ့ေစာင့္ဦး"

ေက်ာင္းေဆာင္နွင့္ မလွမ္းမကမ္းတြင္ရွိေနေသာ သူ႔အား အေနာက္မွ အသစ္စက္စက္သူငယ္ခ်င္းမဟု ဆိုရမည္ျဖစ္ေသာ ေပါင္းတာ ၁ လခန္႔ေလာက္ရွိေနၿပီျဖစ္သည့္ အာၿဗဲစိန္ (ခ) မွဴးသက္ႏြယ္။

ဝႆန္ မၾကည္ၾကည့္ျဖင့္ေနာက္လွည့္ၾကည့္လ်က္

"အာၿဗဲစိန္ ဘာလို႔ ငါ့နာမည္ကို တစ္ေက်ာင္းလံုးၾကားေအာင္ ေအာ္ေခၚေနရတာလဲ ငါမကန္းေသးပါဘူး ဟ"

"အဟီး နင္ကလဲ ငါက အသံေအာင္လို႔ပါဟ"

"ေအာင္ရင္လဲ နင့္အိမ္မွာပဲေအာ္ ၾကာရင္ ေက်ာင္းထဲကလူေတြရဲ႕ မကန္းတဲ့နားက နင့္ေအာ္သံေၾကာင့္ ကန္းကုန္ေတာ့မယ္"

"နင္ကလဲ ငါ့အသံက ဒီေလာက္နားေထာင္လို႔ေကာင္းေနတဲ့ဟာကို"

"ဘ ဘာ နင့္အသံကေကာင္းတယ္ ဟုတ္လား ဘယ္သူေျပာတာလဲ အဲ့ေျပာတဲ့သူကို ငါ ငွက္ေပ်ာသီး သံုးဖီး၊ အုန္းသီးတစ္လံုးနဲ႔ ကန္ေတာ့ပြဲထိုးၿပီး သြား ကန္ေတာ့ခ်င္လို႔ပါ ဒီအသံကိုမ်ား အဲ့ဒီလူနားက ဘယ္လိုနားေထာင္ေနတာလဲမသိဘူး"

"ေခြးေကာင္ ငါ့အသံကိုမ်ား မွိုခ်ိဳးမ်ွစ္ခ်ိဳးေျပာေနတယ္ နင့္ေၾကာင့္ ငါအဆိုေတာ္ျဖစ္ခ်င္တဲ့ အိမ္မက္ေတာင္ ေပ်ာက္သြားၿပီ"

"အမေလး ဒီအသံနဲ႔ အဆိုေတာ္တဲ့ ဘယ္ခ်ိန္ စင္ေပၚက ကန္ခ်ခံရမွန္းမသိ သူမို႔မွန္းလဲမွန္းတက္ပါ့"

"ကဲ ေတာ္ေတာ့ ငါနင့္ကိုေျပာစရာရွိလို႔ဟ"

ဝႆန္ စပ္ၿဖီးၿဖီးျဖစ္လာသည့္ အာၿဗဲမရုပ္အားၾကည့္ကာ

"ဘာလဲ ေျပာ"

"အဲ အဲ့တာကေလ ဒီေန႔ ငါတို႔ေမဂ်ာနဲ႔ သခ်ၤာေမဂ်ာနဲ႔ basketball ကစားပြဲရွိတယ္တဲ့ ဟ"

"အဲ့ေတာ့"

"ငါ ငါတို႔ အတန္းလစ္ၿပီး သြားၾကည့္ရေအာင္ဟာ ေနာ္"

"ဘာ ဒီမွာ အာၿဗဲမ ငါဘယ္ေလာက္ထိ ဒီစာေမးပြဲအတြက္ စာႀကိဳးစားေနလဲဆိုတာ နင္သိမွာပါေနာ္ မလိုက္ဘူး လစ္ခ်င္ရင္ နင္တစ္ေယာက္ထဲ လစ္"

"ဟာ အဲ့လိုမလုပ္ပါနဲ႔ ဝႆန္ရာ နင္ကလဲ စာေမးပြဲက ၂လေက်ာ္ေက်ာ္ႀကီးမ်ားေတာင္လိုေသးတဲ့ဟာကို နင္ကလဲ ငါတကယ္သြားၾကည့္ခ်င္လို႔ပါဟာ လစ္ရေအာင္ ေနာ္ ေနာ္ ေနာ္"

"မရဘူး မလစ္ဘူး ေသတာေတာင္မလစ္ဘူး "

"ေအး နင္နဲ႔ငါနဲ႔ တစ္ေန႔ေတြ႕ဦးမွာေပါ့ဟာ"

သူ႔အား ေျပာကာ ေလွကားေပၚသို႔ ေျခသံျပင္းျပင္းနင္းလ်က္ အေပၚထပ္စာသင္ခန္းရွိရာဆီတက္သြားေသာ အာၿဗဲမအား ဝႆန္ လွမ္းေအာ္၍ေျပာလိုက္သည္။

"တစ္ေန႔ေန႔တင္မဟုတ္ဘူး နင္နဲ႔ငါနဲ႔က ေန႔တိုင္းေတြ႕ေနရမွာ"

အာၿဗဲမအား ေအာ္ေျပာၿပီး သူလဲ စာသင္ခန္းဆီသို႔တက္လာစဥ္ ေလွကားထိပ္၌ ရပ္ေစာင့္ေနေသာ အားကစားဖိနပ္တစ္စံုအားျမင္ေတြ႕လိုက္ရေသာေၾကာင့္ ေမာ့ၾကည့္လိုက္ေလသည္။

"ဒီေန႔ ကိုယ့္ကို လာအားေပးမွာလား"

ခပ္တည္တည္ျဖင့္ ဆူပုတ္ကာေျပာလာသူေၾကာင့္ ဝႆန္ မ်က္ခံုးနွစ္စံုအား က်ံဳ႕လိုက္လ်က္

"အားအားယားယား လာစရာလား အတန္းရွိတယ္"

ဟုေျပာၿပီး သူ႔ပခံုးအား တြန္းတိုက္ကာ ထြက္လာခဲ့လိုက္ေလသည္။

ခက္ထန္ ပခံုးအားတိုက္လ်က္ထြက္သြားေသာ ေကာင္ေလးအား လွည့္ၾကည့္လ်က္ ေအာ္ေျပာလိုက္ေလသည္။

"ဝႆန္ ကိုယ္ေစာင့္ေနရတာၾကာၿပီေလကြာ မင္းအခုထိ ကိုယ့္အခ်စ္ေတြကို မျမင္နိုင္ေသးဘူးလား ကိုယ္ ကိုယ္အခုအရမ္းခံစားေနရတယ္သိလား မင္း သူမ်ားနဲ႔ ၿပံဳးေပ်ာ္ေနတာျမင္လိုက္ရတိုင္း ကိုယ့္ေရွ႕ေရာက္ရင္ တည္သြားတဲ့ မ်က္နွာေလးကိုျပန္ျမင္ေယာင္ျပီး ကိုယ္ဘယ္ေလာက္ နာက်င္ေနရလဲ မင္းသိလား ကိုယ့္ကိုနည္းနည္းေလာက္ ျပန္ခ်စ္ေပးလို႔မရဘူးလားကြာ မင္းမွမခ်စ္ရင္ မင္းမွမရွိရင္ ကိုယ္အသက္ဆက္ရွင္နိုင္မယ္မထင္ဘူး မင္းသိလား မင္းမခ်စ္ရင္ ကိုယ္ေသမွာ အီး ဟီး"

ဝႆန္ သူ႔ေနာက္မွေအာ္ေျပာေနသူအား အစက လွည့္ေျပာရန္ျပင္လိုက္ေပမယ့္ ဘာေတြၾကားရမလဲဟုေတြးၿပီး ေစာင့္နားေထာင္ေနရာမွ ပိုဆိုးလာသည့္အျပင္ ေအာ္ေျပာသံကပို၍ပင္က်ယ္လာေလသည္။

'ဟာ ဒီအဘိုးႀကီး ဘာေတြေျပာေနတာလဲ'

စိတ္ထဲမွပင္ႀကိတ္၍ေမတၲာပို႔မိေသာ္လည္း တကယ့္အျပင္မွာေတာ့ ေဘးအခန္းကလူမ်ားက အခန္းေပါက္မွာ ေခါင္းေလးေတြျပဴတစ္ကာျဖင့္ ေခ်ာင္းၾကည့္ေနၾကေသာေၾကာင့္ လူကပါးေတြပင္နီးျမန္းလာကာ ရွက္စိတ္ေၾကာင့္ ထိုေနရာမွ အေငြ႕ပင္ပ်ံ၍ေပ်ာက္ကြယ္ခ်င္လာၿပီျဖစ္သည္။

မျဖစ္ေတာ့ သူမွ လွမ္းမေဟာက္ရင္မျဖစ္ေတာ့ေသာေၾကာင့္ အားတင္းၿပီးေနာက္လွည့္ၾကည့္လိုက္ေတာ့ ေသခါနီးရုပ္ႀကီးနဲ႔ မ်က္ရည္လည္႐ႊဲျဖင့္ ငိုေနသည့္ final ေက်ာင္းသားဘိုးေအႀကီး။

"ခင္ဗ်ားႀကီး အခန္းေရွ႕မွာ ငိုေနတာ မရွက္ဘူးလား အခုျပန္မွာလား မျပန္ဘူးလားေျပာ အခုမွမျပန္ရင္ အိမ္လာခြင့္ permit တစ္သက္လံုးပိတ္ပစ္မွာေနာ္"

ဝႆန္ ခပ္ႀကိတ္ႀကိတ္ေျပာလာသည့္ စကားေၾကာင့္ ခက္ထန္ ခ်က္ခ်င္းေလွကားမွဆင္းကာ ကိုယ့္အေဆာင္ကို တန္းျပန္ရသည္။

ဆက္ေနလို႔ကမျဖစ္ေတာ့ဘူးေလ။အိမ္လာခြင့္သာ ပိတ္ရင္ သူတစ္သက္လံုး ဒီေကာင္ေလးကိုပိုင္ဆို္င္ရမွာမဟုတ္ေတာ့ဘူး။ေယာကၡမကို ဖ်ားေယာင္းဖို႔ရာနဲ႔ ေကာင္ေလးဆီက အေျဖရဖို႔ရာ အမ်ားဆံုးေသာ အခြင့္အေရးက အိမ္ မို႔လား။ဒီေတာ့မျဖစ္ေတာ့့ဘူးေလ ကိုယ့္အေဆာင္ပဲ တန္းဒိုးရေတာ့တာေပါ့ဗ်ာ။

ဝႆန္႔မွာလည္း ခက္ထန္အားေျပာၿပီးသည္နွင့္ ေရွ႕သိုု႔ျပန္လွည့္ကာ အနီးအနားရွိၾကည့္ေနၾကေသာလူအခ်ိဳ႕အား ရွက္ၿပံဳး ၿပံဳးျပၿပီး အတန္းထဲသို႔ ေခါင္းမေဖာ္တမ္း ေျပးဝင္လာခဲ့ေတာ့သည္။

'ေသနာ ဘိုးေတာ္ ခက္ထန္'

_____________________

"ဟဲ့ ဟဲ့ ဝႆန္ အဲ့တာဘာျဖစ္လာတာလဲ"

သူ႔အေရွ႕ရွိ အာၿဗဲမကိုပင္မျမင္နိုင္ဘဲ ဝင္တိုက္မိေလေတာ့ ထံုးစံအတိုင္း အသံက်ယ္ႀကီးျဖင့္ေမးလာသည္။
အခန္းထဲက လူအခ်ိဳ႕ကလဲ လွည့္ၾကည့္လာေသာေၾကာင့္ ဝႆန္႔မ်က္နွာမွာ ပို၍ပင္နီျမန္းလာေလသည္။

'ဟာ ေသသာေသလိုက္ခ်င္ေတာ့တယ္ သူလုပ္တာနဲ႔ အခန္းထဲကလူေတြ ငါ့ ဝိုင္းၾကည့္ေနၾကၿပီ'

"ဘာ ဘာမွမျဖစ္ပါဘူး"

"ဟဲ့ ဘာမွမျဖစ္ဘူးသာေျပာတာ ေခါင္းႀကီးငံု႔ၿပီး အတင္းေျပးဝင္လာၿပီးေတာ့ ေနစမ္းပါဦး နင့္မ်က္နွာတစ္ခုလံုးနီျမန္းေနတာပဲ"

သူ႔ေမးဖ်ားအား ဆြဲယူကာ မ်က္နွာကို ေသခ်ာစိုက္ၾကည့္ကာေျပာေနသည့္ အာၿဗဲမအား ဝႆန္ စိတ္ရွိလက္ရွိ ေခါင္းေခါက္ပစ္လိုက္လ်ွင္ေတာ့ အာလူးေတြစီထြက္လာမွာ အေသအခ်ာပင္။

"ဘာမွမျဖစ္ပါဘူးဆို နင္ဘယ္လိုျဖစ္ေနတာလဲ"

"အမေလး အာ့ဆိုလည္း ၿပီးေရာ ေစတနာ႔ကိုမရွိဘူး"

ပြစိပြစိေျပာကာ အနားမွခြာၿပီး သူ႔ခံုသူဝင္ထိုင္ေနေသာ အာၿဗဲမေၾကာင့္ ဝႆန္ခုမွပင္ အလံုးႀကီးက်သြားေတာ့သည္။သူလဲ ေဘးခံုမွာဝင္ထိုင္ရင္း ခဏေနဝင္ေတာ့မည့္ ဆရာရဲ႕ဘာသာရပ္စာအုပ္အားထုတ္ထားလိုက္ေလသည္။

"ကဲ ကဲ အားလံုးနားေထာင္ၾက "

အတန္းေရွ႕မွ EC ရဲ႕ စကားေၾကာင့္ အခန္းထဲရွိ ဆူညံေနေသာ အသံမ်ားတိတ္သြားကာ ေရွ႕သို႔႔အာရံုစိုက္လိုက္ၾကေလသည္။

"ခဏေနရင္ ငါတို႔ေမဂ်ာနဲ႔သခ်ၤာေမဂ်ာနဲ႔ basketball ၿပိဳင္ပြဲရွိတာ သိၾကတယ္မို႔လား အခုဆရာမက ငါတို႔ပထမနွစ္ေတြအကုန္လံုး အဲ့ပြဲကိုသြားအားေပးရမယ္တဲ့ roll call ကိုလဲ ပြဲလာအားေပးတဲ့သူပဲရမွာ မလာရင္ absent တဲ့ "

"ကြၽတ္ စိတ္ေလပါတယ္ဟာ"

"ဘာမွစိတ္ေလမေနနဲ႔ လာသြားမယ္ ဝႆန္ ေပ်ာ္စရာႀကီး ၾကည့္ရေတာ့မယ္ေဟ့"

သူ႔ေရွ႕မွ ေပ်ာ္ျမဴးကာထြက္သြားေသာ အာၿဗဲမအား ေနာက္ကေနသာ ေဆာင့္ကန္ခ်ခ်င္လိုက္ေတာ့သည္။

________________

"ဒုန္း ဒုန္း ဒုန္း သခ်ၤာ ဒုန္း ဒုန္း ဒုန္း သခ်ၤာ"

အားကစားခန္းမထဲဝင္လိုက္သည္နွင့္ ၾကားလိုက္ရသည့္ အားေပးသံမ်ားက နားစည္ကြဲမတတ္ပင္။

"လာ ဝႆန္ ငါတို႔ဟိုနားသြားထိုင္ရေအာင္"

အာၿဗဲမၫႊန္ျပရာေနရာသို႔ ၾကည့္ရင္း ေနာက္မွလိုက္လာခဲ့ေလသည္။

"ဟဲ့ သခ်ၤာဘက္က အားေပးသံၾကည့္ပဲ ငါတို႔ေမဂ်ာကဟာေတြဘာလုပ္ေနတာလဲမသိဘူး ဝႆန္ ငါေရဗူးခြံေတြေတာင္းလိုက္မယ္ ငါတို႔လဲ ရိုက္ရေအာင္"

ထိုင္ေနရာမွထကာ ေရဗူးခြံလိုက္ေတာင္းရန္ျပင္ေနသည့္ အာၿဗဲမအား အျမန္ပင္ဆြဲခ်ကာ ျပန္ထိုင္ေစရသည္။

"ဟ ဘာလို႔ ဆြဲေနတာလဲ"

"နင့္ေဘးပတ္ပတ္လည္လည္း သတိထားမိရဲ႕လား"

"ငါ့တို႔ေဘးက ဘာျဖစ္ေနလို႔လဲ"

"ဘာျဖစ္ရမွာလဲ နင္ေနရာအေ႐ြးေတာ္သြားတာ အခု သခ်ၤာေမဂ်ာက လူေတြၾကားထဲ ငါတို႔ေရာက္ေနတာေလ သူတို႔ၾကားထဲကေနသာ ထေအာ္လိုက္ရင္ ငါတို႔နွစ္ေယာက္လံုး ဂြိၿပီ"

"အိ အယ္ ဟုတ္သား ငါတို႔ေမဂ်ာကလူေတြကဘယ္မွာလည္း မသိဘူး ဟိုဘက္ျခမ္းကလည္း သူတို႔ပဲမို႔လား"

"ဟုတ္တယ္ သူတို႔ေမဂ်ာကၾကည့္ပဲ"

"သြားပါၿပီ ငါက အားရပါးရအားေပးမလို႔ဟာကို"

ရွံု႔မဲ့သြားသည့္ အာၿဗဲမမ်က္နွာအားၾကည့္ကာ ဝႆန္ မရယ္မိေအာင္ ထိန္းထားရေလသည္။

"ဟယ္ ဟဲ့ ဟဲ့ ဝႆန္ ၾကည့္စမ္း အဲ့တာ နင္ဆီလာ လာေနတဲ့ အကိုႀကီးမို႔လား"

အာၿဗဲမ လက္ညႇိုးၫႊန္ျပရာေနရာကို ၾကည့္မိေတာ့ ဟိုလူ။အားကစားအက်ၤီအျဖဴေရာင္အပါးက ေခြၽးေၾကာင့္ ခနၶာကိုယ္နွင့္ ကပ္ေနကာ လက္ေမာင္းႀကြက္သားမ်ားနွင့္ ဝမ္းဗိုက္ေပၚတြင္ေနရာယူထားသည့္ ႂကြက္သားအစိုင္အခဲမ်ားက သိသိသာသာ လစ္ဟျပထားသလိုေပၚေနေလသည္။နဖူးတြင္လည္း ေခြၽးစအခ်ိဳ႕ရွိေနသည့္အျပင္ တစ္ခါတစ္ခါ နဖူးေပၚက်လာသည့္ ဆံစအခ်ိဳ႕အားေနာက္လွန္သိမ္းလိုက္တိုင္း တစ္ဝိုးဝိုး တစ္ဝါးဝါး တစ္အားအား ထေအာ္ၾကသည့္ မိန္းကေလးအခ်ိဳ႕က အျမင္ကတ္စရာပင္။

ဝႆန္ ေယာင္ေယာင္ရမ္းရမ္းျဖင့္ သူ႔ဗိုက္ေလးအား စမ္းၾကည့္ကာ

"ဟြန္႔ မုန္းစရာေကာင္းတဲ့လူႀကီး ငါ့က်သူလိုႂကြက္သားလဲမရွိဘူး"

"ဟဲ့ ဝႆန္ လုပ္ပါဦး ငါ အဲ့အကိုႀကီးကို ေႂကြသြားၿပီဟ"

"ေႀကြရင္လည္း လဲသာေသလိုက္ေတာ့ သူက ငါ့အပိုင္"

"ဟမ္"

ေျပာၿပီး ဆူပုတ္ေနသည့္ မ်က္နွာျဖင့္ ဝႆန္ အားကစားခန္းမထဲက အရင္ထြက္လာခဲ့ေလသည္။roll call လည္းသူမလိုခ်င္ေတာ့။အခုခ်ိန္မွာ တစ္ေယာက္ေယာက္အား စိတ္တိုေနသည္မွလြဲ၍ သူဘာမွမသိေတာ့။

"ဟဲ့ ဝႆန္ နင္ဘာေျပာသြားတာလဲ"

အေနာက္က အာၿဗဲမကေတာ့ ေအာ္ဟစ္ေမးရင္း အေျပးလိုက္လာခဲ့ေလရဲ႕။
_________________

အတန္းခ်ိန္ၿပီးမရွိေတာ့တာၾကာၿပီ အိမ္ျပန္ဖို႔ရာမေမႊးကိုေစာင့္ေနေပမယ့္ ဒင္းက ေပၚမလာဇာတ္ကားရိုက္လို႔ မၿပီးေသးဘူးထင္ပါရဲ႕။

ဝႆန္လဲေစာင့္ရတာ စိတ္မရွည္လာေသာေၾကာင့္ မေမႊးတို႔အေဆာင္ဘက္သို႔ ထြက္လာခဲ့လိုက္သည္။

အေဆာင္နွင့္မလွမ္းမကမ္းသစ္ပင္ေအာက္၌ အခ်ဥ္ေပါင္း၊ ေရခဲေခ်ာင္း၊ ၾကာဇံေၾကာ္၊ ေခါက္ဆြဲေၾကာ္၊ နို႔ေဝဖာ စသည္တို႔ကိုေရာင္းခ်ေနေသာ ေဈးသည္အခ်ိဳ႕လဲ ရွိ၏။

ေရခဲေခ်ာင္း စားခ်င္လာသည့္စိတ္ေၾကာင့္ မိန္းေဆာင္ေရွ႕ကျဖတ္ေလ်ွာက္ေနရာမွ လမ္းကူးကာ ေရာင္းသည့္ဦးေလးႀကီးဆီသို႔ သြားလိုက္ေလသည္။

ေရခဲေခ်ာင္းဝယ္ၿပီး ေနာက္အလွည့္ ျမင္လိုက္ရသည္က ၾကာဇံေၾကာ္သည္ေရွ႕မွာ အငတ္တိုင္းျပည္ကလာသည့္အတိုင္း အငမ္းမရစားေသာက္ေနေသာ ဘိုးေတာ္။

သူ႔ကိုမျမင္နိုင္ေလာက္ေအာင္ထိကို အစားငမ္းေနသည္မွာ ျမင္မေကာင္း။ဆိတ္ေသြးခဲေၾကာ္မ်ားနွင့္ အသားတုေၾကာ္မ်ားကို အခ်ဥ္ရည္ျဖင့္ တို႔ကာ ပါးစပ္ထဲတစ္ခုၿပီးတစ္ခုထည့္ေနသည္မွာ ျမင္ရသည့္ဝႆန္ေတာင္ သြားႀကိမ္းလာရသည္။

ဘုရားစူး အခုသူ႔ေရွ႕မွာျမင္ေနရသည့္လူဟာ မနက္က  ပထမနွစ္အခန္းေရွ႕မွာ ငိုႀကီးခ်က္မနဲ႔ မင္းမွမခ်စ္ရင္ မင္းမွမရွိရင္ ေသမွာဆိုတဲ့လူႀကီးပင္။

"အာ့ေၾကာင့္ ေျပာတာ မုန္းစရာႀကီး အျမင္ကတ္စရာႀကီးလို႔.. ေတြ႕မယ္ ေနာက္ေန႔ငါ့နားလာရဲရင္လာၾကည့္စမ္း ဖမ္းခ်ဳပ္ၿပီးေတာ့ကို ၾကာဇံေၾကာ္သည္နဲ႔ ေပးစားပစ္မယ္ ဘိုးေအႀကီး အဘိုးႀကီး"

ဝႆန္မွာေတာ့ တစ္ေယာက္ထဲ ေဒါသထြက္ကာေျပာဆိုေနေပမယ့္ ပြဲၿပီးကတည္းက ဗိုက္ဆာဆာနဲ႔အားရပါးရထိုင္စားေနသည့္ ခက္ထန္မွာေတာ့ မိုးမျမင္ေလမျမင္ျဖစ္ေနသည့္အျပင္ အနီးနားကစူးစိုက္ၾကည့္ေနသည့္ ခ်စ္ရသူကိုပါမျမင္ဘဲ အစားကမၻာထဲမွာ ေပ်ာ္ေမြ့ေနေလေတာ့သည္။

___________________

ေမးစရာရွိလို႔ ေဆြးရတာကိုႀကိဳက္ၾကလားဟင္😁
စကားမစပ္ ကိုယ္ fb acc ေလးဖြင့္ထားပါတယ္ ေနာက္လာမယ့္ fic ေလးက crush အေၾကာင္းဆိုေတာ့ ကိုယ့္ readers ေတြထဲက တစ္စံုတစ္ေယာက္ကို crush ဖူးရင္ အေတြ႕အႀကံဳေလးကို မ်ွေဝေပးပါဦးလို႔ ေျပာပါရေစ readers ေတြနဲ႔ကိုယ္နဲ႔ၾကား ရင္းနွီးမႈရွိတဲ့ စကားဝိုင္းေလးလဲျဖစ္ေအာင္ ေနာက္ အမွတ္တရေလးလဲျဖစ္ေအာင္လို႔ အဲ့ fic ေလးထဲမွာ အေၾကာင္းအရာေလးေတြထည့္ေရးခ်င္လို႔ပါ ေျပာရရင္ ကုန္ၾကမ္းရွာတာေပါ့ေနာ္ 😅 အဲ့ေတာ့ေျပာခ်င္တာက ကူညီေပးၾကပါဦးလို႔ 💜
________________________


Unicode...

"ဟေး! ဝဿန် ငါ့စောင့်ဦး"

ကျောင်းဆောင်နှင့် မလှမ်းမကမ်းတွင်ရှိနေသော သူ့အား အနောက်မှ အသစ်စက်စက်သူငယ်ချင်းမဟု ဆိုရမည်ဖြစ်သော ပေါင်းတာ ၁ လခန့်လောက်ရှိနေပြီဖြစ်သည့် အာဗြဲစိန် (ခ) မှူးသက်နွယ်။

ဝဿန် မကြည်ကြည့်ဖြင့်နောက်လှည့်ကြည့်လျက်

"အာဗြဲစိန် ဘာလို့ ငါ့နာမည်ကို တစ်ကျောင်းလုံးကြားအောင် အော်ခေါ်နေရတာလဲ ငါမကန်းသေးပါဘူး ဟ"

"အဟီး နင်ကလဲ ငါက အသံအောင်လို့ပါဟ"

"အောင်ရင်လဲ နင့်အိမ်မှာပဲအော် ကြာရင် ကျောင်းထဲကလူတွေရဲ့ မကန်းတဲ့နားက နင့်အော်သံကြောင့် ကန်းကုန်တော့မယ်"

"နင်ကလဲ ငါ့အသံက ဒီလောက်နားထောင်လို့ကောင်းနေတဲ့ဟာကို"

"ဘ ဘာ နင့်အသံကကောင်းတယ် ဟုတ်လား ဘယ်သူပြောတာလဲ အဲ့ပြောတဲ့သူကို ငါ ငှက်ပျောသီး သုံးဖီး၊ အုန်းသီးတစ်လုံးနဲ့ ကန်တော့ပွဲထိုးပြီး သွား ကန်တော့ချင်လို့ပါ ဒီအသံကိုများ အဲ့ဒီလူနားက ဘယ်လိုနားထောင်နေတာလဲမသိဘူး"

"ခွေးကောင် ငါ့အသံကိုများ မှိုချိုးမျှစ်ချိုးပြောနေတယ် နင့်ကြောင့် ငါအဆိုတော်ဖြစ်ချင်တဲ့ အိမ်မက်တောင် ပျောက်သွားပြီ"

"အမလေး ဒီအသံနဲ့ အဆိုတော်တဲ့ ဘယ်ချိန် စင်ပေါ်က ကန်ချခံရမှန်းမသိ သူမို့မှန်းလဲမှန်းတက်ပါ့"

"ကဲ တော်တော့ ငါနင့်ကိုပြောစရာရှိလို့ဟ"

ဝဿန် စပ်ဖြီးဖြီးဖြစ်လာသည့် အာဗြဲမရုပ်အားကြည့်ကာ

"ဘာလဲ ပြော"

"အဲ အဲ့တာကလေ ဒီနေ့ ငါတို့မေဂျာနဲ့ သင်္ချာမေဂျာနဲ့ basketball ကစားပွဲရှိတယ်တဲ့ ဟ"

"အဲ့တော့"

"ငါ ငါတို့ အတန်းလစ်ပြီး သွားကြည့်ရအောင်ဟာ နော်"

"ဘာ ဒီမှာ အာဗြဲမ ငါဘယ်လောက်ထိ ဒီစာမေးပွဲအတွက် စာကြိုးစားနေလဲဆိုတာ နင်သိမှာပါနော် မလိုက်ဘူး လစ်ချင်ရင် နင်တစ်ယောက်ထဲ လစ်"

"ဟာ အဲ့လိုမလုပ်ပါနဲ့ ဝဿန်ရာ နင်ကလဲ စာမေးပွဲက ၂လကျော်ကျော်ကြီးများတောင်လိုသေးတဲ့ဟာကို နင်ကလဲ ငါတကယ်သွားကြည့်ချင်လို့ပါဟာ လစ်ရအောင် နော် နော် နော်"

"မရဘူး မလစ်ဘူး သေတာတောင်မလစ်ဘူး "

"အေး နင်နဲ့ငါနဲ့ တစ်နေ့တွေ့ဦးမှာပေါ့ဟာ"

သူ့အား ပြောကာ လှေကားပေါ်သို့ ခြေသံပြင်းပြင်းနင်းလျက် အပေါ်ထပ်စာသင်ခန်းရှိရာဆီတက်သွားသော အာဗြဲမအား ဝဿန် လှမ်းအော်၍ပြောလိုက်သည်။

"တစ်နေ့နေ့တင်မဟုတ်ဘူး နင်နဲ့ငါနဲ့က နေ့တိုင်းတွေ့နေရမှာ"

အာဗြဲမအား အော်ပြောပြီး သူလဲ စာသင်ခန်းဆီသို့တက်လာစဉ် လှေကားထိပ်၌ ရပ်စောင့်နေသော အားကစားဖိနပ်တစ်စုံအားမြင်တွေ့လိုက်ရသောကြောင့် မော့ကြည့်လိုက်လေသည်။

"ဒီနေ့ ကိုယ့်ကို လာအားပေးမှာလား"

ခပ်တည်တည်ဖြင့် ဆူပုတ်ကာပြောလာသူကြောင့် ဝဿန် မျက်ခုံးနှစ်စုံအား ကျုံ့လိုက်လျက်

"အားအားယားယား လာစရာလား အတန်းရှိတယ်"

ဟုပြောပြီး သူ့ပခုံးအား တွန်းတိုက်ကာ ထွက်လာခဲ့လိုက်လေသည်။

ခက်ထန် ပခုံးအားတိုက်လျက်ထွက်သွားသော ကောင်လေးအား လှည့်ကြည့်လျက် အော်ပြောလိုက်လေသည်။

"ဝဿန် ကိုယ်စောင့်နေရတာကြာပြီလေကွာ မင်းအခုထိ ကိုယ့်အချစ်တွေကို မမြင်နိုင်သေးဘူးလား ကိုယ် ကိုယ်အခုအရမ်းခံစားနေရတယ်သိလား မင်း သူများနဲ့ ပြုံးပျော်နေတာမြင်လိုက်ရတိုင်း ကိုယ့်ရှေ့ရောက်ရင် တည်သွားတဲ့ မျက်နှာလေးကိုပြန်မြင်ယောင်ပြီး ကိုယ်ဘယ်လောက် နာကျင်နေရလဲ မင်းသိလား ကိုယ့်ကိုနည်းနည်းလောက် ပြန်ချစ်ပေးလို့မရဘူးလားကွာ မင်းမှမချစ်ရင် မင်းမှမရှိရင် ကိုယ်အသက်ဆက်ရှင်နိုင်မယ်မထင်ဘူး မင်းသိလား မင်းမချစ်ရင် ကိုယ်သေမှာ အီး ဟီး"

ဝဿန် သူ့နောက်မှအော်ပြောနေသူအား အစက လှည့်ပြောရန်ပြင်လိုက်ပေမယ့် ဘာတွေကြားရမလဲဟုတွေးပြီး စောင့်နားထောင်နေရာမှ ပိုဆိုးလာသည့်အပြင် အော်ပြောသံကပို၍ပင်ကျယ်လာလေသည်။

'ဟာ ဒီအဘိုးကြီး ဘာတွေပြောနေတာလဲ'

စိတ်ထဲမှပင်ကြိတ်၍မေတ္တာပို့မိသော်လည်း တကယ့်အပြင်မှာတော့ ဘေးအခန်းကလူများက အခန်းပေါက်မှာ ခေါင်းလေးတွေပြူတစ်ကာဖြင့် ချောင်းကြည့်နေကြသောကြောင့် လူကပါးတွေပင်နီးမြန်းလာကာ ရှက်စိတ်ကြောင့် ထိုနေရာမှ အငွေ့ပင်ပျံ၍ပျောက်ကွယ်ချင်လာပြီဖြစ်သည်။

မဖြစ်တော့ သူမှ လှမ်းမဟောက်ရင်မဖြစ်တော့သောကြောင့် အားတင်းပြီးနောက်လှည့်ကြည့်လိုက်တော့ သေခါနီးရုပ်ကြီးနဲ့ မျက်ရည်လည်ရွှဲဖြင့် ငိုနေသည့် final ကျောင်းသားဘိုးအေကြီး။

"ခင်ဗျားကြီး အခန်းရှေ့မှာ ငိုနေတာ မရှက်ဘူးလား အခုပြန်မှာလား မပြန်ဘူးလားပြော အခုမှမပြန်ရင် အိမ်လာခွင့် permit တစ်သက်လုံးပိတ်ပစ်မှာနော်"

ဝဿန် ခပ်ကြိတ်ကြိတ်ပြောလာသည့် စကားကြောင့် ခက်ထန် ချက်ချင်းလှေကားမှဆင်းကာ ကိုယ့်အဆောင်ကို တန်းပြန်ရသည်။

ဆက်နေလို့ကမဖြစ်တော့ဘူးလေ။အိမ်လာခွင့်သာ ပိတ်ရင် သူတစ်သက်လုံး ဒီကောင်လေးကိုပိုင်ဆိုင်ရမှာမဟုတ်တော့ဘူး။ယောက္ခမကို ဖျားယောင်းဖို့ရာနဲ့ ကောင်လေးဆီက အဖြေရဖို့ရာ အများဆုံးသော အခွင့်အရေးက အိမ် မို့လား။ဒီတော့မဖြစ်တော့ဘူးလေ ကိုယ့်အဆောင်ပဲ တန်းဒိုးရတော့တာပေါ့ဗျာ။

ဝဿန့်မှာလည်း ခက်ထန်အားပြောပြီးသည်နှင့် ရှေ့သို့ပြန်လှည့်ကာ အနီးအနားရှိကြည့်နေကြသောလူအချို့အား ရှက်ပြုံး ပြုံးပြပြီး အတန်းထဲသို့ ခေါင်းမဖော်တမ်း ပြေးဝင်လာခဲ့တော့သည်။

'သေနာ ဘိုးတော် ခက်ထန်'

_____________________

"ဟဲ့ ဟဲ့ ဝဿန် အဲ့တာဘာဖြစ်လာတာလဲ"

သူ့အရှေ့ရှိ အာဗြဲမကိုပင်မမြင်နိုင်ဘဲ ဝင်တိုက်မိလေတော့ ထုံးစံအတိုင်း အသံကျယ်ကြီးဖြင့်မေးလာသည်။
အခန်းထဲက လူအချို့ကလဲ လှည့်ကြည့်လာသောကြောင့် ဝဿန့်မျက်နှာမှာ ပို၍ပင်နီမြန်းလာလေသည်။

'ဟာ သေသာသေလိုက်ချင်တော့တယ် သူလုပ်တာနဲ့ အခန်းထဲကလူတွေ ငါ့ ဝိုင်းကြည့်နေကြပြီ'

"ဘာ ဘာမှမဖြစ်ပါဘူး"

"ဟဲ့ ဘာမှမဖြစ်ဘူးသာပြောတာ ခေါင်းကြီးငုံ့ပြီး အတင်းပြေးဝင်လာပြီးတော့ နေစမ်းပါဦး နင့်မျက်နှာတစ်ခုလုံးနီမြန်းနေတာပဲ"

သူ့မေးဖျားအား ဆွဲယူကာ မျက်နှာကို သေချာစိုက်ကြည့်ကာပြောနေသည့် အာဗြဲမအား ဝဿန် စိတ်ရှိလက်ရှိ ခေါင်းခေါက်ပစ်လိုက်လျှင်တော့ အာလူးတွေစီထွက်လာမှာ အသေအချာပင်။

"ဘာမှမဖြစ်ပါဘူးဆို နင်ဘယ်လိုဖြစ်နေတာလဲ"

"အမလေး အာ့ဆိုလည်း ပြီးရော စေတနာ့ကိုမရှိဘူး"

ပွစိပွစိပြောကာ အနားမှခွာပြီး သူ့ခုံသူဝင်ထိုင်နေသော အာဗြဲမကြောင့် ဝဿန်ခုမှပင် အလုံးကြီးကျသွားတော့သည်။သူလဲ ဘေးခုံမှာဝင်ထိုင်ရင်း ခဏနေဝင်တော့မည့် ဆရာရဲ့ဘာသာရပ်စာအုပ်အားထုတ်ထားလိုက်လေသည်။

"ကဲ ကဲ အားလုံးနားထောင်ကြ "

အတန်းရှေ့မှ EC ရဲ့ စကားကြောင့် အခန်းထဲရှိ ဆူညံနေသော အသံများတိတ်သွားကာ ရှေ့သို့အာရုံစိုက်လိုက်ကြလေသည်။

"ခဏနေရင် ငါတို့မေဂျာနဲ့သင်္ချာမေဂျာနဲ့ basketball ပြိုင်ပွဲရှိတာ သိကြတယ်မို့လား အခုဆရာမက ငါတို့ပထမနှစ်တွေအကုန်လုံး အဲ့ပွဲကိုသွားအားပေးရမယ်တဲ့ roll call ကိုလဲ ပွဲလာအားပေးတဲ့သူပဲရမှာ မလာရင် absent တဲ့ "

"ကျွတ် စိတ်လေပါတယ်ဟာ"

"ဘာမှစိတ်လေမနေနဲ့ လာသွားမယ် ဝဿန် ပျော်စရာကြီး ကြည့်ရတော့မယ်ဟေ့"

သူ့ရှေ့မှ ပျော်မြူးကာထွက်သွားသော အာဗြဲမအား နောက်ကနေသာ ဆောင့်ကန်ချချင်လိုက်တော့သည်။

________________

"ဒုန်း ဒုန်း ဒုန်း သင်္ချာ ဒုန်း ဒုန်း ဒုန်း သင်္ချာ"

အားကစားခန်းမထဲဝင်လိုက်သည်နှင့် ကြားလိုက်ရသည့် အားပေးသံများက နားစည်ကွဲမတတ်ပင်။

"လာ ဝဿန် ငါတို့ဟိုနားသွားထိုင်ရအောင်"

အာဗြဲမညွှန်ပြရာနေရာသို့ ကြည့်ရင်း နောက်မှလိုက်လာခဲ့လေသည်။

"ဟဲ့ သင်္ချာဘက်က အားပေးသံကြည့်ပဲ ငါတို့မေဂျာကဟာတွေဘာလုပ်နေတာလဲမသိဘူး ဝဿန် ငါရေဗူးခွံတွေတောင်းလိုက်မယ် ငါတို့လဲ ရိုက်ရအောင်"

ထိုင်နေရာမှထကာ ရေဗူးခွံလိုက်တောင်းရန်ပြင်နေသည့် အာဗြဲမအား အမြန်ပင်ဆွဲချကာ ပြန်ထိုင်စေရသည်။

"ဟ ဘာလို့ ဆွဲနေတာလဲ"

"နင့်ဘေးပတ်ပတ်လည်လည်း သတိထားမိရဲ့လား"

"ငါ့တို့ဘေးက ဘာဖြစ်နေလို့လဲ"

"ဘာဖြစ်ရမှာလဲ နင်နေရာအရွေးတော်သွားတာ အခု သင်္ချာမေဂျာက လူတွေကြားထဲ ငါတို့ရောက်နေတာလေ သူတို့ကြားထဲကနေသာ ထအော်လိုက်ရင် ငါတို့နှစ်ယောက်လုံး ဂွိပြီ"

"အိ အယ် ဟုတ်သား ငါတို့မေဂျာကလူတွေကဘယ်မှာလည်း မသိဘူး ဟိုဘက်ခြမ်းကလည်း သူတို့ပဲမို့လား"

"ဟုတ်တယ် သူတို့မေဂျာကကြည့်ပဲ"

"သွားပါပြီ ငါက အားရပါးရအားပေးမလို့ဟာကို"

ရှုံ့မဲ့သွားသည့် အာဗြဲမမျက်နှာအားကြည့်ကာ ဝဿန် မရယ်မိအောင် ထိန်းထားရလေသည်။

"ဟယ် ဟဲ့ ဟဲ့ ဝဿန် ကြည့်စမ်း အဲ့တာ နင်ဆီလာ လာနေတဲ့ အကိုကြီးမို့လား"

အာဗြဲမ လက်ညှိုးညွှန်ပြရာနေရာကို ကြည့်မိတော့ ဟိုလူ။အားကစားအင်္ကျီအဖြူရောင်အပါးက ချွေးကြောင့် ခန္ဓာကိုယ်နှင့် ကပ်နေကာ လက်မောင်းကြွက်သားများနှင့် ဝမ်းဗိုက်ပေါ်တွင်နေရာယူထားသည့် ကြွက်သားအစိုင်အခဲများက သိသိသာသာ လစ်ဟပြထားသလိုပေါ်နေလေသည်။နဖူးတွင်လည်း ချွေးစအချို့ရှိနေသည့်အပြင် တစ်ခါတစ်ခါ နဖူးပေါ်ကျလာသည့် ဆံစအချို့အားနောက်လှန်သိမ်းလိုက်တိုင်း တစ်ဝိုးဝိုး တစ်ဝါးဝါး တစ်အားအား ထအော်ကြသည့် မိန်းကလေးအချို့က အမြင်ကတ်စရာပင်။

ဝဿန် ယောင်ယောင်ရမ်းရမ်းဖြင့် သူ့ဗိုက်လေးအား စမ်းကြည့်ကာ

"ဟွန့် မုန်းစရာကောင်းတဲ့လူကြီး ငါ့ကျသူလိုကြွက်သားလဲမရှိဘူး"

"ဟဲ့ ဝဿန် လုပ်ပါဦး ငါ အဲ့အကိုကြီးကို ကြွေသွားပြီဟ"

"ကြွေရင်လည်း လဲသာသေလိုက်တော့ သူက ငါ့အပိုင်"

"ဟမ်"

ပြောပြီး ဆူပုတ်နေသည့် မျက်နှာဖြင့် ဝဿန် အားကစားခန်းမထဲက အရင်ထွက်လာခဲ့လေသည်။roll call လည်းသူမလိုချင်တော့။အခုချိန်မှာ တစ်ယောက်ယောက်အား စိတ်တိုနေသည်မှလွဲ၍ သူဘာမှမသိတော့။

"ဟဲ့ ဝဿန် နင်ဘာပြောသွားတာလဲ"

အနောက်က အာဗြဲမကတော့ အော်ဟစ်မေးရင်း အပြေးလိုက်လာခဲ့လေရဲ့။
_________________

အတန်းချိန်ပြီးမရှိတော့တာကြာပြီ အိမ်ပြန်ဖို့ရာမမွှေးကိုစောင့်နေပေမယ့် ဒင်းက ပေါ်မလာဇာတ်ကားရိုက်လို့ မပြီးသေးဘူးထင်ပါရဲ့။

ဝဿန်လဲစောင့်ရတာ စိတ်မရှည်လာသောကြောင့် မမွှေးတို့အဆောင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။

အဆောင်နှင့်မလှမ်းမကမ်းသစ်ပင်အောက်၌ အချဉ်ပေါင်း၊ ရေခဲချောင်း၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ နို့ဝေဖာ စသည်တို့ကိုရောင်းချနေသော ဈေးသည်အချို့လဲ ရှိ၏။

ရေခဲချောင်း စားချင်လာသည့်စိတ်ကြောင့် မိန်းဆောင်ရှေ့ကဖြတ်လျှောက်နေရာမှ လမ်းကူးကာ ရောင်းသည့်ဦးလေးကြီးဆီသို့ သွားလိုက်လေသည်။

ရေခဲချောင်းဝယ်ပြီး နောက်အလှည့် မြင်လိုက်ရသည်က ကြာဇံကြော်သည်ရှေ့မှာ အငတ်တိုင်းပြည်ကလာသည့်အတိုင်း အငမ်းမရစားသောက်နေသော ဘိုးတော်။

သူ့ကိုမမြင်နိုင်လောက်အောင်ထိကို အစားငမ်းနေသည်မှာ မြင်မကောင်း။ဆိတ်သွေးခဲကြော်များနှင့် အသားတုကြော်များကို အချဉ်ရည်ဖြင့် တို့ကာ ပါးစပ်ထဲတစ်ခုပြီးတစ်ခုထည့်နေသည်မှာ မြင်ရသည့်ဝဿန်တောင် သွားကြိမ်းလာရသည်။

ဘုရားစူး အခုသူ့ရှေ့မှာမြင်နေရသည့်လူဟာ မနက်က  ပထမနှစ်အခန်းရှေ့မှာ ငိုကြီးချက်မနဲ့ မင်းမှမချစ်ရင် မင်းမှမရှိရင် သေမှာဆိုတဲ့လူကြီးပင်။

"အာ့ကြောင့် ပြောတာ မုန်းစရာကြီး အမြင်ကတ်စရာကြီးလို့.. တွေ့မယ် နောက်နေ့ငါ့နားလာရဲရင်လာကြည့်စမ်း ဖမ်းချုပ်ပြီးတော့ကို ကြာဇံကြော်သည်နဲ့ ပေးစားပစ်မယ် ဘိုးအေကြီး အဘိုးကြီး"

ဝဿန်မှာတော့ တစ်ယောက်ထဲ ဒေါသထွက်ကာပြောဆိုနေပေမယ့် ပွဲပြီးကတည်းက ဗိုက်ဆာဆာနဲ့အားရပါးရထိုင်စားနေသည့် ခက်ထန်မှာတော့ မိုးမမြင်လေမမြင်ဖြစ်နေသည့်အပြင် အနီးနားကစူးစိုက်ကြည့်နေသည့် ချစ်ရသူကိုပါမမြင်ဘဲ အစားကမ္ဘာထဲမှာ ပျော်မွေ့နေလေတော့သည်။

___________________

မေးစရာရှိလို့ ဆွေးရတာကိုကြိုက်ကြလားဟင်😁
စကားမစပ် ကိုယ် fb acc လေးဖွင့်ထားပါတယ် နောက်လာမယ့် fic လေးက crush အကြောင်းဆိုတော့ ကိုယ့် readers တွေထဲက တစ်စုံတစ်ယောက်ကို crush ဖူးရင် အတွေ့အကြုံလေးကို မျှဝေပေးပါဦးလို့ ပြောပါရစေ readers တွေနဲ့ကိုယ်နဲ့ကြား ရင်းနှီးမှုရှိတဲ့ စကားဝိုင်းလေးလဲဖြစ်အောင် နောက် အမှတ်တရလေးလဲဖြစ်အောင်လို့ အဲ့ fic လေးထဲမှာ အကြောင်းအရာလေးတွေထည့်ရေးချင်လို့ပါ ပြောရရင် ကုန်ကြမ်းရှာတာပေါ့နော် 😅 အဲ့တော့ပြောချင်တာက ကူညီပေးကြပါဦးလို့ 💜
________________________




© Kout Tay,
книга «ေႂကြ».
အပိုင္း-၁၉
Коментарі