အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း_၂၂
အပိုင္း_၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၁
Zawgyi...

နံနက္ခင္းတစ္ခုရဲ႕ ေနေရာင္တစ္ပိုင္းတစ္စေလး ဝင္ေရာက္လာေသာအခ်ိန္။
တစ္အိမ္လံုးကို ထရံမ်ားျဖင့္ကာရံထားၿပီး ေရွ႕မ်က္နွာသာျပန္႔ခ်ထားေသာ ခက္ေကာင္းေကာင္းအိမ္ေလးတစ္အိမ္။
ထိုအိမ္ေလးရဲ႕ ပိတ္ထားေသာ ျပတင္းေပါက္၌ ရပ္ကာ ထုရိုက္၍ ေအာ္ဟစ္ငိုယိုေနေသာ ၃ နွစ္အ႐ြယ္ ေကာင္မေလးတစ္ေယာက္နွင္ ထလိုက္၊ ထိုင္လိုက္၊ လမ္းေလ်ွာက္လိုက္ျဖင့္ ဂဏာမၿငိမ္ျဖစ္ေနေသာ ေယာက်္ားတစ္ဦး။

အီး~ ဟီး~ ဟီး~
" ေဖေဖေရ ေမေမ့ကို ဒီအန္တီႀကီးက အေပါက္ပိတ္ပီး ဘာလုပ္ေနတာလဲ မသိဘူး.. ေမေမက ေအာ္ေနတာ.. ေမေမ့ကို ျပန္ေခၚေပး..ၿဗဲ.. ေမႀကီးေရ ေမေမ့ကို ထုတ္ေပးဦး.. အီး.. ဟီး.."
" ဟာ ဒီေကာင္မေလးနဲ႔ေတာ့ ခက္ေတာ့တာပါပဲ... နင္လုပ္မွ ငါ့မိန္းမ ကေလးေမြးတာ တစ္႐ြာလံုးသိေတာ့မယ္..တိတ္ေတာ့ .. သြားေဆာ့ခ်ည္ေတာ့ သြား"
" ဟီး.. ၿဗဲ.. မတိတ္ဘူးဟာ.. ေမေမ့ကို ေခၚေပးလို႔.."
"ဟာ ဒီေကာင္မေလး ေျပာေလကဲေလပါလား... ငါရိုက္လိုက္ရ"
"အာေမႀကီးေရ... ဒီမွာ ေဖေဖက သမီးကိုရိုက္မလို႔တဲ့.. ေဖေဖ့ကိုျပန္ရိုက္ေပး... ၿဗဲ"
"ေအာ္ ခက္ေတာ့ေတာပဲ ဒီသားဖနွစ္ေယာက္ကေတာ့...မင္းကလည္း ဘာမွမသိေသးတဲ့ ကေလးကို ေငါက္ေနတယ္.. လာ လာ ငါ့ေျမး ေမႀကီးဆီလာ.. ေမႀကီးက ခ်ိဳခ်ိဳတိုက္မယ္ ငါ့ေျမးကို.."
"အီး.. ဟုတ္ ေဖေဖ့ကိုခ်စ္ေတာ့ဘူး"
"အမေလး ဟုတ္ပါပီ လာပါေတာ့ေတာ္ေရ႕"

အေမျဖစ္သူေနာက္ လိုက္ပါသြားေသာ သမီးအား ၾကည့္ရင္း ေလးတြဲစြာ သက္ျပင္းခ်လိုက္မိသည္။
" အင္းးး ဒီေကာင္မေလးႀကီးလာရင္ေတာ့ မလြယ္ေလာက္ဘူး ဘယ္ေလာက္ေတာင္ ဆိုးေနမွန္းမသိဘူး..ဟူး.."

ခဏအၾကာ~

အူဝဲ~ အူဝဲ~
ဟူေသာ အသံနွင့္အတူ "ေမြးၿပီးေဟ့ ေမြးၿပီ ေယာက်္ားေလး ေတာ္ေရ႕"
ထို႔ေနာက္ ေမြးလာေသာ ကေလးေလးအား အနွီးပတ္ေပးျခင္းမ်ားနွင့္အတူ အလုပ္ရႈပ္ျခင္းမ်ား ဆီသို႔။

"ဘယ္မလဲ ဟိုေကာင္မေလး အဆိုးအေပေလး ဘယ့္နွယ့္ေတာ္ သူ႔အတြက္ေမာင္ေလးေမြးေပးတာကို သူ႔အေမကိုပဲ ငါက ရိုက္နွက္ေနသလို၊ အနိုင္က်င့္ေနသလိုလိုနဲ႔ ခုနစ္အိမ္ၾကား ရွစ္အိမ္ၾကား ေအာ္ဟစ္ငိုယိုေနတာ နင္တို႔သမီးကေတာ့ တကယ္ပါပဲ"
"ဟား ဟား ဟုတ္ပါ့ဗ်ာ ကြၽန္ေတာ္လည္း အေဖသာျဖစ္တာ မနိုင္ဘူးရယ္ ခုလည္း သူ႔ေငါက္လိုက္လို႔ အေမနဲ႔ ပါသြားေလရဲ႕"

*****

Unicode...

နံနက်ခင်းတစ်ခုရဲ့ နေရောင်တစ်ပိုင်းတစ်စလေး ဝင်ရောက်လာသောအချိန်။
တစ်အိမ်လုံးကို ထရံများဖြင့်ကာရံထားပြီး ရှေ့မျက်နှာသာပြန့်ချထားသော ခက်ကောင်းကောင်းအိမ်လေးတစ်အိမ်။
ထိုအိမ်လေးရဲ့ ပိတ်ထားသော ပြတင်းပေါက်၌ ရပ်ကာ ထုရိုက်၍ အော်ဟစ်ငိုယိုနေသော ၃ နှစ်အရွယ် ကောင်မလေးတစ်ယောက်နှင် ထလိုက်၊ ထိုင်လိုက်၊ လမ်းလျှောက်လိုက်ဖြင့် ဂဏာမငြိမ်ဖြစ်နေသော ယောက်ျားတစ်ဦး။

အီး~ ဟီး~ ဟီး~
" ဖေဖေရေ မေမေ့ကို ဒီအန်တီကြီးက အပေါက်ပိတ်ပီး ဘာလုပ်နေတာလဲ မသိဘူး.. မေမေက အော်နေတာ.. မေမေ့ကို ပြန်ခေါ်ပေး..ဗြဲ.. မေကြီးရေ မေမေ့ကို ထုတ်ပေးဦး.. အီး.. ဟီး.."
" ဟာ ဒီကောင်မလေးနဲ့တော့ ခက်တော့တာပါပဲ... နင်လုပ်မှ ငါ့မိန်းမ ကလေးမွေးတာ တစ်ရွာလုံးသိတော့မယ်..တိတ်တော့ .. သွားဆော့ချည်တော့ သွား"
" ဟီး.. ဗြဲ.. မတိတ်ဘူးဟာ.. မေမေ့ကို ခေါ်ပေးလို့.."
"ဟာ ဒီကောင်မလေး ပြောလေကဲလေပါလား... ငါရိုက်လိုက်ရ"
"အာမေကြီးရေ... ဒီမှာ ဖေဖေက သမီးကိုရိုက်မလို့တဲ့.. ဖေဖေ့ကိုပြန်ရိုက်ပေး... ဗြဲ"
"အော် ခက်တော့တောပဲ ဒီသားဖနှစ်ယောက်ကတော့...မင်းကလည်း ဘာမှမသိသေးတဲ့ ကလေးကို ငေါက်နေတယ်.. လာ လာ ငါ့မြေး မေကြီးဆီလာ.. မေကြီးက ချိုချိုတိုက်မယ် ငါ့မြေးကို.."
"အီး.. ဟုတ် ဖေဖေ့ကိုချစ်တော့ဘူး"
"အမလေး ဟုတ်ပါပီ လာပါတော့တော်ရေ့"

အမေဖြစ်သူနောက် လိုက်ပါသွားသော သမီးအား ကြည့်ရင်း လေးတွဲစွာ သက်ပြင်းချလိုက်မိသည်။
" အင်းးး ဒီကောင်မလေးကြီးလာရင်တော့ မလွယ်လောက်ဘူး ဘယ်လောက်တောင် ဆိုးနေမှန်းမသိဘူး..ဟူး.."

ခဏအကြာ~

အူဝဲ~ အူဝဲ~
ဟူသော အသံနှင့်အတူ "မွေးပြီးဟေ့ မွေးပြီ ယောက်ျားလေး တော်ရေ့"
ထို့နောက် မွေးလာသော ကလေးလေးအား အနှီးပတ်ပေးခြင်းများနှင့်အတူ အလုပ်ရှုပ်ခြင်းများ ဆီသို့။

"ဘယ်မလဲ ဟိုကောင်မလေး အဆိုးအပေလေး ဘယ့်နှယ့်တော် သူ့အတွက်မောင်လေးမွေးပေးတာကို သူ့အမေကိုပဲ ငါက ရိုက်နှက်နေသလို၊ အနိုင်ကျင့်နေသလိုလိုနဲ့ ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အော်ဟစ်ငိုယိုနေတာ နင်တို့သမီးကတော့ တကယ်ပါပဲ"
"ဟား ဟား ဟုတ်ပါ့ဗျာ ကျွန်တော်လည်း အဖေသာဖြစ်တာ မနိုင်ဘူးရယ် ခုလည်း သူ့ငေါက်လိုက်လို့ အမေနဲ့ ပါသွားလေရဲ့"

*****
© Kout Tay,
книга «ေႂကြ».
အပိုင္း-၂
Коментарі