အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း_၂၂
အပိုင္း_၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၁၆
Zawgyi...

၁၀ တန္းစာေမးပြဲပင္ေျဖရေတာ့မည္။နွစ္စပိုင္းတုန္းက ေႂကြးေၾကာ္ခဲ့သည့္ All D ဆိုတာႀကီးက ေျဖခါနီးလာေလေလ 1 D ေတာင္ ပါပါ့မလားဟု စိတ္ပူလာမိေလျဖစ္လာသည္။

"ကေလး ဘယ္လိုလဲ ေျဖဖို႔အဆင္သင့္ျဖစ္ၿပီလား"

မဖိတ္ေခၚဘဲ အေဆာင္သို႔ လာ လာေတြ႕ေနေသာ လူႀကီး။ၾကာေတာ့ အတန္းထဲကလူေတြေရာ ဆရာ၊ ဆရာမေတြကပင္ ဘာေတြလဲဆိုေသာအၾကည့္ေတြျဖင့္ ၾကည့္ေနၾကၿပီ။

"ဒီမွာ ခင္ဗ်ား ဘာလို႔ကြၽန္ေတာ့္ကို ကေလးလို႔ေခၚေနရတာလဲ ကြၽန္ေတာ္ ကေလးမဟုတ္ေတာ့ဘူးဗ် လူႀကီးျဖစ္ေနၿပီ ေနာက္ၿပီး ေဘးလူၾကားရင္လဲ မေကာင္းဘူး"
"ကေလးကလဲ ကိုယ္က ခ်စ္လို႔ဟာကို"
"ေတာ္ ဘာခ်စ္တာလဲ ခ်စ္တာေတြ ေမတၲာေတြ ကြၽန္ေတာ္မသိဘူး သြား ျပန္ေတာ့"
"ဟာ baby ကလည္းကြာ "
"ဟာေတြ ဘာေတြလုပ္မေနနဲ႔ ၾကာရင္ ခင္ဗ်ားလုပ္လို႔ ကြၽန္ေတာ္ All D ပါဖို႔ရာလဲ မေသခ်ာမေရရာျဖစ္ေနၿပီဗ် သိရဲ႕လား"
"သိတာကေတာ့ သိပါရဲ႕ ဒါေပမယ့္ မရွင္းမရွင္းျဖစ္ေနေသးတယ္ ကိုယ္က ကေလးကို ဘာေတြလုပ္မိတာလဲ ဟို ကိုယ္ ကေလးးးးကို ဟိုဒင္း ဟိုဟာ"
"ဟာ ခင္ဗ်ားႀကီးဘာေတြလာေျပာေနတာလဲ ကေလးကို"
"ငင့္ အခုနပဲ လူႀကီးဆို"
"ဟာ ဘာပဲျဖစ္ျဖစ္ဗ်ာ ေတာ္ၿပီ စာသြားလုပ္ေတာ့မယ္ ျပန္ေတာ့ ေၾသာ္ ေျပာရဦးမယ္ ေနာက္ေန႔ေတြ ထပ္မလာနဲ႔ေတာ့ေနာ္ ခင္ဗ်ားေၾကာင့္ ကြၽန္ေတာ္စာမလုပ္နိုင္ဘဲ ျဖစ္ေနလိမ့္မယ္"
"ဟာကြာ ကေလးကလဲကြာ ကိုယ္ကဘာလုပ္ေနလို႔လဲ"

ေနာက္မွေန၍ ဆူပုတ္ကာေျပာေနသူကို ဝႆန္ လွည့္မၾကည့္ပဲေနမိသည္။ေတာ္ၾကာ သူ႔ရဲ႕ခ်စ္တယ္ဆိုတဲ့ စကားထဲေမ်ာသြားရင္ ၿပီးပါေရာလား။
_____________________

"ဒီနွစ္ သၾကၤန္ကိုေရာ ဘယ္သြားလည္ဖို႔ရာ စီစဥ္ထားလဲ"

အိမ္ေအာက္ထပ္ရွိ ဧည့္ခန္းထဲတြင္ ေခါင္းခ်င္းဆိုင္တိုင္ပင္ေနၾကသည့္ နွစ္ေယာက္။

"ငါကေတာ့ ကေလးသေဘာပဲ"
"ခ်ီးကို ကေလးသေဘာပါ့လား မသာေကာင္ရဲ႕ နင့္ကေလးက မသြားရင္ဘယ္လိုလုပ္မလဲ"
"အာ့ဆို ငါလဲမသြားဘူး"
"ေခြးေကာင္ ေမာင္ေပးရက်ိဳး မနပ္တဲ့အေကာင္"

ေမႊး ခက္ထန္အား ေျပာဆိုၿပီး အေပၚထပ္သို႔သာ တက္လာခဲ့လိုက္ေတာ့သည္။

ထိုစဥ္ အိမ္ေနာက္ေဖးမွ ဝင္လာေသာေကာင္ေလး။တစ္ကိုယ္လံုး၌လည္း ႐ြံ႕ေတြေပပြေနသည္မွာ လူရုပ္ပင္မေပၚေတာ့။

"ကေလး ဘယ္ကျပန္.. ဟာ ဘာေတြလုပ္လာတာလဲ"

ဝႆန္ ၁၀တန္း စာေမးပြဲေျဖၿပီး အိမ္ျပန္ေရာက္ရင္ေတာ့ ေကာင္းေကာင္းနွပ္ေတာ့မည္ဟု စဥ္းစားထားေသာ္လည္း အိမ္သို႔ကိုယ့္ထက္အရင္ႀကိဳေရာက္ေနသူႀကီးေၾကာင့္ ပတ္ေရွာင္ေနရေလသည္။

ေနာက္ဆံုး အေရွာင္လြန္ၿပီး ႐ြာထဲက ကေလးေတြနဲ႔ ငွက္ပစ္ဖို႔ရာ ေလာက္စာ ကူလံုးေပးေနရေတာ့သည္။

"ေလာက္စာလံုးၿပီးျပန္လာတာ ကြၽန္ေတာ္ေရသြားခ်ိဳးလိုက္ဦးမယ္ ခင္ဗ်ားလဲျပန္ေတာ့"
"ဟာ ကေလးကလဲ ကိုယ့္ကိုဆို အၿမဲျပန္လႊတ္ေနေတာ့တာပဲ"
"ဘာလဲ အရိုက္ခံခ်င္ေသးတာလား"
"ဟင့္အင္း ျပန္ေတာ့မယ္ သြားၿပီ ေၾသာ္ သၾကၤန္ဘယ္သြားလည္မွာလဲတဲ့"
"ဘယ္မွမလည္ဘူး ကြၽန္ေတာ္ ၁၀ တန္းေအာင္ ေအာင္ ဘုန္းႀကီးေက်ာင္းသြားမွာ "
"ဟာ အဲ့ေလာက္ေတာ့ မရက္စက္ပါနဲ႔ကေလးရာ"
"ဘာ မရက္စက္ပါနဲ႔လဲ ခင္ဗ်ားက ကြၽန္ေတာ့္ကို ၁၀ တန္းမေအာင္ေစခ်င္ဘူးလား စိတ္ဓာတ္ပဲ ဒီမွာ ခင္ဗ်ားဟာ ခင္ဗ်ား လိုက္ခ်င္လိုက္ မလိုက္ခ်င္ေန ကြၽန္ေတာ္ကေတာ့သြားမွာ ဟြန္း ဘုရားတရားမသိလိုက္တာ ေသရင္ ငရဲအိုးဂ်ိဳးကပ္မယ့္ဟာႀကီး ကြၽတ္ ကြၽတ္ ကြၽတ္"

သူ႔အား စုတ္တစ္သပ္သပ္ျဖင့္ ေျပာသြားသူအား ၾကည့္ရင္း ခက္ထန္မ်က္နွာမွာ ရွံု႔မဲ့လ်က္။
______________________

"အီး ဟီး ဟီး အဟင့္ ႐ႊတ္ မေကာင္းတဲ့လူႀကီး သူ႔ေၾကာင့္ ငါ All D မထြက္တာ လူယုတ္မာႀကီး အီး ဟီး.."

အခန္းထဲ၌ ခုနစ္အိမ္ၾကား ရွစ္အိမ္ၾကား ၾကားေအာင္ ေျခေထာက္နွစ္ဖက္အား ပြတ္ကာ ငိုေနေသာ ေကာင္ေလးတစ္ေယာက္။

ထို႔အတူ ေကာင္ေလးရဲ႕အခန္းေရွ႕မွာလဲ တံခါးနားကပ္ကာ အထဲကအသံကို နားေထာင္ေနေသာ လူ႐ြယ္တစ္ဦး။

ထိုစဥ္ ထိုလူ႐ြယ္ကို ေဘးသို႔တြန္းဖယ္ကာ အခန္းထဲဝင္သြားပါေသာ မိန္းမပ်ိဳ။

"ဟဲ့ ဝႆန္ နင္မရွက္ဘူးလား ဘာလို႔ေအာ္ငိုေနရတာလဲ ကိုယ္မႀကိဳးစားလို႔ D မထြက္တဲ့ဟာကို ဘာလို႔သူမ်ားကိုလႊဲခ်ေနရတာလဲ"
"နင္မသိဘဲနဲ႔မေျပာနဲ႔ အဲ့လူႀကီး ငါ့ဆီခဏတိုင္းလာၿပီး ခ်စ္ေၾကာင္းေျပာေနလို႔ ငါ Dမထြက္တာ အဟင့္"

ထိုစဥ္အမ်ိဳးသမီးတစ္ဦးဝင္လာကာ

"ကဲပါ သားရယ္ ၿပီးခဲ့တာေတြလည္းၿပီးပါေစေတာ့ ဘာမွစိတ္ထဲထားမေနနဲ႔ တကၠသိုလ္မွာ ဆက္ႀကိဳးစားေပါ့ ေနာ္ ေမ့သားေလးက လိမၼာပါတယ္ကြယ္"
"ဟုတ္သားပဲ ကေလးကလဲ"
"ခင္ဗ်ားႀကီး ကြၽန္ေတာ့္အခန္းထဲကိုဝင္မလာနဲ႔ ကဲဟာ ကဲဟာ"

ေျပာရင္း စိတ္တိုလာကာ ကုတင္ေပၚရွိ ေခါင္းဦးျဖင့္ ပစ္ေပါက္သျဖင့္ ခက္ထန္မွာ အခန္းျပင္သို႔ ထြက္ေျပးရျပန္သည္။
_____________________

အခ်ိန္ေတြပင္ အေတာ္ကုန္လြန္ခဲ့ၿပီ။
ဒီေန႔သည္ ဝႆန္႔ရဲ႕ တကၠသိုလ္ စတက္ရမည့္ေန႔ပင္ျဖစ္သည္။

"ဟဲ့ အိမ္ေပၚကအေကာင္ နင္အခုထိမထေသးဘူးလား ေက်ာင္းသြားရမွာေရာ သိေသးရဲ႕လား"

ထိုအခါမွ အိပ္ယာထဲက ကုန္းရုန္းထကာျဖင့္

"ထၿပီ ထၿပီ"
"အားးး shit ငါေက်ာင္းသြားရမွာကိုေမ့ေနတာ ဒီေန႔ကပထမဆံုးေန႔ဆိုေတာ့ အခုထဲက ေစာ္ၾကည္ေအာင္ လုပ္ထားရမယ္"

ထို႔ေနာက္ ေလေလးတစ္ခြၽန္ခြၽန္ျဖင့္ ေရခ်ိဳးခန္းထဲသို႔ ဝင္သြားေလသည္။
____________________

"သားငယ္ လာ မနက္စာ စားသြားဦးေလ "
"ေတာ္ၿပီ ေမေမ ေက်ာင္းေရာက္မွပဲ စားေတာ့မယ္ မေမႊး လာ သြားစို႔"
"မသာေလးရဲ႕ ငါစားေနတာ နင္မျမင္ဘူးလား ခဏေစာင့္ဦး"

"ဟြန္႔ ဒီက ေက်ာင္းကိုေစာေစာသြားၿပီး ေစာ္ရွိုးမလို႔ပါဆိုေန အဲဒီ မေမႊးဟာေလ နည္းနည္းမွ အလိုက္မသိဘူး"

ဟု တစ္ေယာက္ထဲ ပြစိပြစိ႐ြတ္ကာျဖင့္ အိမ္ေရွ႕သို႔သာထြက္လာခဲ့လိုက္သည္။
_____________________

ေက်ာင္းေရာက္ကတည္းက သူ႔အေမႊေကာင္ေလးကို မျမင္ရေသးေသာေၾကာင့္ ခက္ထန္တစ္ေယာက္ ဂဏာမၿငိမ္ျဖစ္ေနရသည္။ဒင္းေလးကလဲ canteen ေတာင္လိုက္မလာဘူး။ဒီက သူ႔မ်က္နွာေလး ျမင္ခ်င္ေနတဲ့ဟာကို။

အေတြးထဲမွာလည္း ကေလးကို ခ်စ္ဖို႔ေကာင္းလြန္းလို႔ဆိုၿပီး ေကာင္မေလးေတြမ်ား ဖမ္းထားၾကေလမလား ဟုဆိုကာ စိုးရိမ္ပူပန္ေနရ၏။

"ဟဲ့ ခက္ထန္ ငါနင့္ကိုၾကည့္ေနတာၾကာၿပီ ေမ်ာက္ မီးခဲဖင္ခုထိုင္ထားသလိုပဲ ဂဏာကိုမၿငိမ္ဘူး နင္ဘာျဖစ္ေနတာလဲ"
"အဟီး ငါ ကေလးနဲ႔မေတြ႕ရေသးလို႔"

သြားၿဖီးကာ ေျပာလာသူအား ေမႊးမၾကည္ၾကည့္ ၾကည့္လိုက္ေလသည္။

'ကဲကိုကဲတယ္။ သူ႔ဟာေလးကျဖင့္ ခုခ်ိန္ေကာင္မေလးေတြၾကားထဲမွာ သာယာေနေလာက္ၿပီ'

ေမႊး အေတြးထဲမွာသာ ေျပာေနရသည္။ ေတာ္ၾကာအျပင္ထုတ္ေျပာလိုက္ရင္ ဟိုေကာင္ ေသြးေဆာင့္တက္ၿပီး မုန္႔ဟင္းခါးစားေနရမွာ စိုး၍ပင္။

"မရေတာ့ဘူးဟာ ငါမေနနိုင္ေတာ့ဘူး ကေလးဆီပဲသြားေတာ့မယ္"

ေျပာရင္းဆိုရင္း canteen မွ ေျပးထြက္သြားသူအား ဘယ္သူမွ မတားလိုက္မိၾကေပ။
____________________

E major အေဆာင္ေအာက္ကို ေရာက္ေနေသာ္လည္း အခုထိကေလးအရိပ္ေယာင္ကိုပင္အျမင္ရ။ထို႔ေၾကာင့္ ေဘးမွျဖတ္ေလ်ွာက္သြားသူအား first year ေတြက ဘယ္အထပ္လဲ ဟုေမးၿပီး လိုက္ရွာရသည္။

ေဟာ ေတြ႕ပါၿပီ သူ႔အေမႊေကာင္ေလး။ အံမယ္ သူက မိန္းကေလးေတြၾကားထဲမွာ တဟီးဟီးတဟားဟားနဲေတာင္ ရယ္ေနလိုက္ေသးတယ္။

ထိုစဥ္ ေကာင္ငယ္ေလးရဲ႕ပါးကို ေဘးကမိန္းကေလးတစ္ေယာက္က ဆြဲဖဲ့လိုက္သျဖင့္ ခက္ထန္ေျခလွမ္းေတြမွာ ထိုေနရာသို႔ အလိုလိုေနရင္းပင္ ေလ်ွာက္သြားေတာ့သည္။ထို႔အျပင္ မိန္းကေလးရဲ႕ လက္ေကာက္ဝတ္အား အားျဖင့္ဆြဲဖယ္လိုက္ေတာ့ ေကာင္မေလးမွာ နာက်င္မႈေၾကာင့္ မ်က္နွာရွံု႔မဲ့သြားေလသည္။

ဝႆန္နွင့္အတူ ထိုင္ေနၾကသူမ်ားအားလံုး သူ႔အားေၾကာင္ၾကည့္လာၾကေသာေၾကာင့္ အင္း အဲ အသံျပဳၿပီး သြားၿဖဲျပလိုက္ရေလေတာ့သည္။

ဝႆန္လဲ ခက္ထန္လက္အား ဆြဲကာ အခန္းျပင္သို႔ ေခၚလာခဲ့လိုက္ရသည္။

"ခင္ဗ်ား သူမ်ားကို ဘာလို႔အဲ့တိုင္းႀကီးလုပ္လိုက္ရတာလဲ အားနာစရာႀကီးဟာကို"

အတန္းျပင္သို႔ဆြဲေခၚလာၿပီး သူ႔အားဆူေနေသာေကာင္ေလးအား ၾကည့္ရင္း

"သူက ကိုယ္ေတာင္ မထိရက္လို႔ ဥထားတဲ့ ကေလးပါးကို ဖဲ့လိုက္တာကိုး"

ဟုျပန္ေျပာလိုက္ေလသည္။

"ဟာ ခင္ဗ်ားကလည္း ပါးဖဲ့တာ ဘာျဖစ္တာက်လို႔ ေရးႀကီးခြင္က်ယ္လာလုပ္ေနတယ္ တကယ္ပဲ"
"အာ့ဆို ကိုယ္ေရာ လုပ္လို႔ရလား"
" ရတာေပါ့ အဲ မဟုတ္ ဘာလုပ္"
*႐ႊတ္*
"ဟာ ခင္ဗ်ား"

ခက္ထန္အား လက္ညႇိုးထိုးကာ ေဘးသို႔ လူရွိ မရွိၾကည့္ေနေသာ ေကာင္ေလးပါးကို ထပ္မံ၍ နမ္းလိုက္ေလသည္။

*႐ႊတ္*

"ဟာ လုပ္ျပန္ၿပီ ခင္ဗ်ား ေတာ္ေတာ္အသားယူတာပဲ အရွက္ကိုမရွိဘူး ေတာ္ၿပီ အတန္းထဲပဲ သြားေတာ့မယ္"

ေျပာၿပီး အခန္းထဲေျပးဝင္သြားေသာ ေကာင္ေလးအားၾကည့္ရင္း ခက္ထန္မွာ ေအာင္နိုင္သူအၿပံဳးႀကီးျဖင့္။

_______________________

Unicode...

၁၀ တန်းစာမေးပွဲပင်ဖြေရတော့မည်။နှစ်စပိုင်းတုန်းက ကြွေးကြော်ခဲ့သည့် All D ဆိုတာကြီးက ဖြေခါနီးလာလေလေ 1 D တောင် ပါပါ့မလားဟု စိတ်ပူလာမိလေဖြစ်လာသည်။

"ကလေး ဘယ်လိုလဲ ဖြေဖို့အဆင်သင့်ဖြစ်ပြီလား"

မဖိတ်ခေါ်ဘဲ အဆောင်သို့ လာ လာတွေ့နေသော လူကြီး။ကြာတော့ အတန်းထဲကလူတွေရော ဆရာ၊ ဆရာမတွေကပင် ဘာတွေလဲဆိုသောအကြည့်တွေဖြင့် ကြည့်နေကြပြီ။

"ဒီမှာ ခင်ဗျား ဘာလို့ကျွန်တော့်ကို ကလေးလို့ခေါ်နေရတာလဲ ကျွန်တော် ကလေးမဟုတ်တော့ဘူးဗျ လူကြီးဖြစ်နေပြီ နောက်ပြီး ဘေးလူကြားရင်လဲ မကောင်းဘူး"
"ကလေးကလဲ ကိုယ်က ချစ်လို့ဟာကို"
"တော် ဘာချစ်တာလဲ ချစ်တာတွေ မေတ္တာတွေ ကျွန်တော်မသိဘူး သွား ပြန်တော့"
"ဟာ baby ကလည်းကွာ "
"ဟာတွေ ဘာတွေလုပ်မနေနဲ့ ကြာရင် ခင်ဗျားလုပ်လို့ ကျွန်တော် All D ပါဖို့ရာလဲ မသေချာမရေရာဖြစ်နေပြီဗျ သိရဲ့လား"
"သိတာကတော့ သိပါရဲ့ ဒါပေမယ့် မရှင်းမရှင်းဖြစ်နေသေးတယ် ကိုယ်က ကလေးကို ဘာတွေလုပ်မိတာလဲ ဟို ကိုယ် ကလေးးးးကို ဟိုဒင်း ဟိုဟာ"
"ဟာ ခင်ဗျားကြီးဘာတွေလာပြောနေတာလဲ ကလေးကို"
"ငင့် အခုနပဲ လူကြီးဆို"
"ဟာ ဘာပဲဖြစ်ဖြစ်ဗျာ တော်ပြီ စာသွားလုပ်တော့မယ် ပြန်တော့ သြော် ပြောရဦးမယ် နောက်နေ့တွေ ထပ်မလာနဲ့တော့နော် ခင်ဗျားကြောင့် ကျွန်တော်စာမလုပ်နိုင်ဘဲ ဖြစ်နေလိမ့်မယ်"
"ဟာကွာ ကလေးကလဲကွာ ကိုယ်ကဘာလုပ်နေလို့လဲ"

နောက်မှနေ၍ ဆူပုတ်ကာပြောနေသူကို ဝဿန် လှည့်မကြည့်ပဲနေမိသည်။တော်ကြာ သူ့ရဲ့ချစ်တယ်ဆိုတဲ့ စကားထဲမျောသွားရင် ပြီးပါရောလား။
_____________________

"ဒီနှစ် သင်္ကြန်ကိုရော ဘယ်သွားလည်ဖို့ရာ စီစဉ်ထားလဲ"

အိမ်အောက်ထပ်ရှိ ဧည့်ခန်းထဲတွင် ခေါင်းချင်းဆိုင်တိုင်ပင်နေကြသည့် နှစ်ယောက်။

"ငါကတော့ ကလေးသဘောပဲ"
"ချီးကို ကလေးသဘောပါ့လား မသာကောင်ရဲ့ နင့်ကလေးက မသွားရင်ဘယ်လိုလုပ်မလဲ"
"အာ့ဆို ငါလဲမသွားဘူး"
"ခွေးကောင် မောင်ပေးရကျိုး မနပ်တဲ့အကောင်"

မွှေး ခက်ထန်အား ပြောဆိုပြီး အပေါ်ထပ်သို့သာ တက်လာခဲ့လိုက်တော့သည်။

ထိုစဉ် အိမ်နောက်ဖေးမှ ဝင်လာသောကောင်လေး။တစ်ကိုယ်လုံး၌လည်း ရွံ့တွေပေပွနေသည်မှာ လူရုပ်ပင်မပေါ်တော့။

"ကလေး ဘယ်ကပြန်.. ဟာ ဘာတွေလုပ်လာတာလဲ"

ဝဿန် ၁၀တန်း စာမေးပွဲဖြေပြီး အိမ်ပြန်ရောက်ရင်တော့ ကောင်းကောင်းနှပ်တော့မည်ဟု စဉ်းစားထားသော်လည်း အိမ်သို့ကိုယ့်ထက်အရင်ကြိုရောက်နေသူကြီးကြောင့် ပတ်ရှောင်နေရလေသည်။

နောက်ဆုံး အရှောင်လွန်ပြီး ရွာထဲက ကလေးတွေနဲ့ ငှက်ပစ်ဖို့ရာ လောက်စာ ကူလုံးပေးနေရတော့သည်။

"လောက်စာလုံးပြီးပြန်လာတာ ကျွန်တော်ရေသွားချိုးလိုက်ဦးမယ် ခင်ဗျားလဲပြန်တော့"
"ဟာ ကလေးကလဲ ကိုယ့်ကိုဆို အမြဲပြန်လွှတ်နေတော့တာပဲ"
"ဘာလဲ အရိုက်ခံချင်သေးတာလား"
"ဟင့်အင်း ပြန်တော့မယ် သွားပြီ သြော် သင်္ကြန်ဘယ်သွားလည်မှာလဲတဲ့"
"ဘယ်မှမလည်ဘူး ကျွန်တော် ၁၀ တန်းအောင် အောင် ဘုန်းကြီးကျောင်းသွားမှာ "
"ဟာ အဲ့လောက်တော့ မရက်စက်ပါနဲ့ကလေးရာ"
"ဘာ မရက်စက်ပါနဲ့လဲ ခင်ဗျားက ကျွန်တော့်ကို ၁၀ တန်းမအောင်စေချင်ဘူးလား စိတ်ဓာတ်ပဲ ဒီမှာ ခင်ဗျားဟာ ခင်ဗျား လိုက်ချင်လိုက် မလိုက်ချင်နေ ကျွန်တော်ကတော့သွားမှာ ဟွန်း ဘုရားတရားမသိလိုက်တာ သေရင် ငရဲအိုးဂျိုးကပ်မယ့်ဟာကြီး ကျွတ် ကျွတ် ကျွတ်"

သူ့အား စုတ်တစ်သပ်သပ်ဖြင့် ပြောသွားသူအား ကြည့်ရင်း ခက်ထန်မျက်နှာမှာ ရှုံ့မဲ့လျက်။
______________________

"အီး ဟီး ဟီး အဟင့် ရွှတ် မကောင်းတဲ့လူကြီး သူ့ကြောင့် ငါ All D မထွက်တာ လူယုတ်မာကြီး အီး ဟီး.."

အခန်းထဲ၌ ခုနစ်အိမ်ကြား ရှစ်အိမ်ကြား ကြားအောင် ခြေထောက်နှစ်ဖက်အား ပွတ်ကာ ငိုနေသော ကောင်လေးတစ်ယောက်။

ထို့အတူ ကောင်လေးရဲ့အခန်းရှေ့မှာလဲ တံခါးနားကပ်ကာ အထဲကအသံကို နားထောင်နေသော လူရွယ်တစ်ဦး။

ထိုစဉ် ထိုလူရွယ်ကို ဘေးသို့တွန်းဖယ်ကာ အခန်းထဲဝင်သွားပါသော မိန်းမပျို။

"ဟဲ့ ဝဿန် နင်မရှက်ဘူးလား ဘာလို့အော်ငိုနေရတာလဲ ကိုယ်မကြိုးစားလို့ D မထွက်တဲ့ဟာကို ဘာလို့သူများကိုလွှဲချနေရတာလဲ"
"နင်မသိဘဲနဲ့မပြောနဲ့ အဲ့လူကြီး ငါ့ဆီခဏတိုင်းလာပြီး ချစ်ကြောင်းပြောနေလို့ ငါ Dမထွက်တာ အဟင့်"

ထိုစဉ်အမျိုးသမီးတစ်ဦးဝင်လာကာ

"ကဲပါ သားရယ် ပြီးခဲ့တာတွေလည်းပြီးပါစေတော့ ဘာမှစိတ်ထဲထားမနေနဲ့ တက္ကသိုလ်မှာ ဆက်ကြိုးစားပေါ့ နော် မေ့သားလေးက လိမ္မာပါတယ်ကွယ်"
"ဟုတ်သားပဲ ကလေးကလဲ"
"ခင်ဗျားကြီး ကျွန်တော့်အခန်းထဲကိုဝင်မလာနဲ့ ကဲဟာ ကဲဟာ"

ပြောရင်း စိတ်တိုလာကာ ကုတင်ပေါ်ရှိ ခေါင်းဦးဖြင့် ပစ်ပေါက်သဖြင့် ခက်ထန်မှာ အခန်းပြင်သို့ ထွက်ပြေးရပြန်သည်။
_____________________

အချိန်တွေပင် အတော်ကုန်လွန်ခဲ့ပြီ။
ဒီနေ့သည် ဝဿန့်ရဲ့ တက္ကသိုလ် စတက်ရမည့်နေ့ပင်ဖြစ်သည်။

"ဟဲ့ အိမ်ပေါ်ကအကောင် နင်အခုထိမထသေးဘူးလား ကျောင်းသွားရမှာရော သိသေးရဲ့လား"

ထိုအခါမှ အိပ်ယာထဲက ကုန်းရုန်းထကာဖြင့်

"ထပြီ ထပြီ"
"အားးး shit ငါကျောင်းသွားရမှာကိုမေ့နေတာ ဒီနေ့ကပထမဆုံးနေ့ဆိုတော့ အခုထဲက စော်ကြည်အောင် လုပ်ထားရမယ်"

ထို့နောက် လေလေးတစ်ချွန်ချွန်ဖြင့် ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။
____________________

"သားငယ် လာ မနက်စာ စားသွားဦးလေ "
"တော်ပြီ မေမေ ကျောင်းရောက်မှပဲ စားတော့မယ် မမွှေး လာ သွားစို့"
"မသာလေးရဲ့ ငါစားနေတာ နင်မမြင်ဘူးလား ခဏစောင့်ဦး"

"ဟွန့် ဒီက ကျောင်းကိုစောစောသွားပြီး စော်ရှိုးမလို့ပါဆိုနေ အဲဒီ မမွှေးဟာလေ နည်းနည်းမှ အလိုက်မသိဘူး"

ဟု တစ်ယောက်ထဲ ပွစိပွစိရွတ်ကာဖြင့် အိမ်ရှေ့သို့သာထွက်လာခဲ့လိုက်သည်။
_____________________

ကျောင်းရောက်ကတည်းက သူ့အမွှေကောင်လေးကို မမြင်ရသေးသောကြောင့် ခက်ထန်တစ်ယောက် ဂဏာမငြိမ်ဖြစ်နေရသည်။ဒင်းလေးကလဲ canteen တောင်လိုက်မလာဘူး။ဒီက သူ့မျက်နှာလေး မြင်ချင်နေတဲ့ဟာကို။

အတွေးထဲမှာလည်း ကလေးကို ချစ်ဖို့ကောင်းလွန်းလို့ဆိုပြီး ကောင်မလေးတွေများ ဖမ်းထားကြလေမလား ဟုဆိုကာ စိုးရိမ်ပူပန်နေရ၏။

"ဟဲ့ ခက်ထန် ငါနင့်ကိုကြည့်နေတာကြာပြီ မျောက် မီးခဲဖင်ခုထိုင်ထားသလိုပဲ ဂဏာကိုမငြိမ်ဘူး နင်ဘာဖြစ်နေတာလဲ"
"အဟီး ငါ ကလေးနဲ့မတွေ့ရသေးလို့"

သွားဖြီးကာ ပြောလာသူအား မွှေးမကြည်ကြည့် ကြည့်လိုက်လေသည်။

'ကဲကိုကဲတယ်။ သူ့ဟာလေးကဖြင့် ခုချိန်ကောင်မလေးတွေကြားထဲမှာ သာယာနေလောက်ပြီ'

မွှေး အတွေးထဲမှာသာ ပြောနေရသည်။ တော်ကြာအပြင်ထုတ်ပြောလိုက်ရင် ဟိုကောင် သွေးဆောင့်တက်ပြီး မုန့်ဟင်းခါးစားနေရမှာ စိုး၍ပင်။

"မရတော့ဘူးဟာ ငါမနေနိုင်တော့ဘူး ကလေးဆီပဲသွားတော့မယ်"

ပြောရင်းဆိုရင်း canteen မှ ပြေးထွက်သွားသူအား ဘယ်သူမှ မတားလိုက်မိကြပေ။
____________________

E major အဆောင်အောက်ကို ရောက်နေသော်လည်း အခုထိကလေးအရိပ်ယောင်ကိုပင်အမြင်ရ။ထို့ကြောင့် ဘေးမှဖြတ်လျှောက်သွားသူအား first year တွေက ဘယ်အထပ်လဲ ဟုမေးပြီး လိုက်ရှာရသည်။

ဟော တွေ့ပါပြီ သူ့အမွှေကောင်လေး။ အံမယ် သူက မိန်းကလေးတွေကြားထဲမှာ တဟီးဟီးတဟားဟားနဲတောင် ရယ်နေလိုက်သေးတယ်။

ထိုစဉ် ကောင်ငယ်လေးရဲ့ပါးကို ဘေးကမိန်းကလေးတစ်ယောက်က ဆွဲဖဲ့လိုက်သဖြင့် ခက်ထန်ခြေလှမ်းတွေမှာ ထိုနေရာသို့ အလိုလိုနေရင်းပင် လျှောက်သွားတော့သည်။ထို့အပြင် မိန်းကလေးရဲ့ လက်ကောက်ဝတ်အား အားဖြင့်ဆွဲဖယ်လိုက်တော့ ကောင်မလေးမှာ နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားလေသည်။

ဝဿန်နှင့်အတူ ထိုင်နေကြသူများအားလုံး သူ့အားကြောင်ကြည့်လာကြသောကြောင့် အင်း အဲ အသံပြုပြီး သွားဖြဲပြလိုက်ရလေတော့သည်။

ဝဿန်လဲ ခက်ထန်လက်အား ဆွဲကာ အခန်းပြင်သို့ ခေါ်လာခဲ့လိုက်ရသည်။

"ခင်ဗျား သူများကို ဘာလို့အဲ့တိုင်းကြီးလုပ်လိုက်ရတာလဲ အားနာစရာကြီးဟာကို"

အတန်းပြင်သို့ဆွဲခေါ်လာပြီး သူ့အားဆူနေသောကောင်လေးအား ကြည့်ရင်း

"သူက ကိုယ်တောင် မထိရက်လို့ ဥထားတဲ့ ကလေးပါးကို ဖဲ့လိုက်တာကိုး"

ဟုပြန်ပြောလိုက်လေသည်။

"ဟာ ခင်ဗျားကလည်း ပါးဖဲ့တာ ဘာဖြစ်တာကျလို့ ရေးကြီးခွင်ကျယ်လာလုပ်နေတယ် တကယ်ပဲ"
"အာ့ဆို ကိုယ်ရော လုပ်လို့ရလား"
" ရတာပေါ့ အဲ မဟုတ် ဘာလုပ်"
*ရွှတ်*
"ဟာ ခင်ဗျား"

ခက်ထန်အား လက်ညှိုးထိုးကာ ဘေးသို့ လူရှိ မရှိကြည့်နေသော ကောင်လေးပါးကို ထပ်မံ၍ နမ်းလိုက်လေသည်။

*ရွှတ်*

"ဟာ လုပ်ပြန်ပြီ ခင်ဗျား တော်တော်အသားယူတာပဲ အရှက်ကိုမရှိဘူး တော်ပြီ အတန်းထဲပဲ သွားတော့မယ်"

ပြောပြီး အခန်းထဲပြေးဝင်သွားသော ကောင်လေးအားကြည့်ရင်း ခက်ထန်မှာ အောင်နိုင်သူအပြုံးကြီးဖြင့်။

_______________________











© Kout Tay,
книга «ေႂကြ».
အပိုင္း-၁၇
Коментарі