အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း_၂၂
အပိုင္း_၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၁၄
Zawgyi...

ဘာလိုလိုနဲ႔ သၾကၤန္ရက္သို႔ပင္ ေရာက္ေတာ့မည္။ေဖေဖနဲ႔ေမေမကေတာ့ တရားစခန္းဝင္ဖို႔ရာ စီစဥ္ေနၾကေပၿပီ။ထို႔အတူ ဟိုလူႀကီးသည္လည္း အခုထိ အိမ္မရွိယာမရွိသကဲ့သို႔ အိမ္ကိုေခ်ာင္းေပါက္မတက္လာဆဲပင္။

အခုလည္း သူက အိမ္ရဲ႕ဧည့္ခန္းထဲမွာ အခန္႔သားထိုင္ကာ TV ၾကည့္ေနေလသည္။မသိရင္ ကိုယ္ကပဲ သူ႔အိမ္လာေနသလိုပင္။

"ဒီမွာ ခင္ဗ်ားႀကီးကို ကြၽန္ေတာ္ေမးခ်င္ေနတာၾကာၿပီ။ ခင္ဗ်ားမွာ အိမ္မရွိဘူးလား။ ဘာလို႔ ကြၽန္ေတာ္တို႔အိမ္ကို ခဏတိုင္းလာေနရတာလဲ။ ဒါမွမဟုတ္ ခင္ဗ်ား မေမႊးကို ႀကိဳက္ေနတာလား။ ႀကိဳက္ေနရင္လည္း ျမန္ျမန္ဖြင့္ေျပာလိုက္ေလဗ်ာ။အခုလိုအိမ္ကို ေန႔တိုင္းလာေနတာႀကီးက မေကာင္းပါဘူးဗ်ာ"

ဧည့္ခန္းထဲမွာ ၿငိမ္ၿငိမ္ေလးထိုင္ကာ TV ၾကည့္ေနသည့္ ခက္ထန္အနီးသို႔လာကာ ေမးခြန္းေတြ တရစပ္ေမးေနသည့္ ေကာင္ေလးအား ခက္ထန္မ်က္လံုးျပဴး၍ပင္ ၾကည့္ေနမိသည္။စေတြ႕ကတည္းက ဒီေကာင္ေလးသည္ အခုေလာက္ သူ႔ကိုစကားအမ်ားႀကီး မေျပာဘူးေသာေၾကာင့္ပင္။

"ကေလးကလည္း ကိုယ္က ေမႊးလိုရုပ္ဆိုးပန္းဆိုးႀကီးကို ဘာလို႔ႀကိဳက္ရမွာလဲ ႀကိဳက္ခ်င္းႀကိဳက္ ကေလးကိုပဲ ႀကိဳက္မွာေပါ့လို႔ အခ်စ္ကလည္း"
"ဘာာာာာ ျပန္ေျပာလိုက္စမ္း ခက္ထန္ နင္ ျပန္ေျပာလိုက္စမ္းပါ"

ဝႆန္ေတာင္ ျပန္ေျပာဖို႔ရာ ပါးစပ္မဟရေသး အေနာက္က ဘယ္အခ်ိန္ကတည္းက ေရာက္ေနမွန္းမသိသည့္ မေမႊး၏ အသံႀကီးက ဟိန္းထြက္လာေလသည္။

ခက္ထန္မွာ ေမႊးမ်က္နွာႀကီးအား အလန္႔တၾကားၾကည့္လ်က္ျဖင့္ သြားသာ ၿဖဲျပလိုက္ေလသည္။

"ဟဲ ဟဲ ဟဲ"
"ဘာ ဟဲ ဟဲ လဲ သြား နင္အခုခ်က္ခ်င္း အိမ္ကျပန္ေတာ့ ငါ့ေမာင္နဲ႔လည္း ဆက္ၿပီးေအာင္သြယ္မေပးနိုင္ေတာ့ဘူး သြား ခုျပန္"
"ဟာ ေမႊး သူငယ္ခ်င္းကလည္း ငါကခ်စ္လို႔စတဲ့ဟာကို နင္ကလည္း အဲ့ေလာက္မရက္စက္ပါနဲ႔ဟာ ငါ့ကိုသနားပါေနာ္ ေနာ္"

ဝႆန္မွာ မ်က္နွာငယ္ျဖင့္ ေမႊးအားေျပာေနေသာ ခက္ထန္ကိုၾကည့္ကာ ရယ္ခ်င္စိတ္ကို မနည္းထိန္းထားရေလသည္။

"ေတာ္ တန္ တိတ္ ခက္ထန္ သြား ျပန္ေတာ့"
"ခ်စ္သူငယ္ခ်င္းကလည္းဟာ"

ေမႊးကလည္း နည္းနည္းမွမေလ်ာ့သလို ခက္ထန္ကလည္း ဇြတ္ကပ္ၿပီးေတာ့ကို ေျပာေနဆဲပင္။

"ကဲ ေတာ္ၾကပါေတာ့ ဒါနဲ႔ မေမႊး နင္က ေမေမတို႔ တရားစခန္းသြားဖို႔ရာ ျပင္ေပးေနတာမဟုတ္ဘူးလား ဒီနားဘာလာလုပ္တာလဲ"
"အတြဲလာေခ်ာင္းတာ အဲ မဟုတ္ပါဘူး ဘာေတြလာေမးေနတာလဲ ငါကဒီအတိုင္း ေရဆင္းေသာက္တာ ဟဲ ဟဲ နင္တို႔လဲ ဆက္ေျပာၾကေလ ငါသြားလိုက္ဦးမယ္သိလား"

ေျပာခ်င္ရာေျပာၿပီး အိမ္ေပၚေျပးထြက္သြားသည့္ ေမႊးအား ဝႆန္ နွာေခါင္းရွံု႔ၾကည့္လိုက္ေလသည္။

ခက္ထန္အား စကားေျပာဖို႔ရာ လွည့္ၾကည့္လိုက္ေတာ့ သြားသံုးဆယ့္နွစ္ေခ်ာင္းေပၚေအာင္ ၿဖဲထားသည္မွာ ပါးစပ္ နား႐ြက္တက္ခ်ိတ္မတက္ပင္။

"ခင္ဗ်ားက အဲ့တာ ဘာျဖစ္ေနတာလဲ"
"အဟီး ကိုယ့္အခ်စ္ေလး ကိုယ့္အသည္းေလး ကိုယ့္အသက္ေလး ကိုယ့္ပူတူတူးေလး ကိုယ့္အေမႊစိန္ေလး ကိုယ့္ဟီးရိုးေလး ကိုယ့္.."
"ေတာ္ပါေတာ့ ကြၽန္ေတာ္က ခင္ဗ်ားအသက္လည္း မဟုတ္ဘူး ပူတူတူးလဲမဟုတ္ဘူး ဘာေတြလာေျပာေနမွန္းကိုမသိဘူး သြား အခုျပန္ေတာ့"
"ဟင္ ကေလးကပါ ကိုယ့္ကိုေမာင္းထုတ္ေနတာလား"
"ဟုတ္တယ္ေလ သြားေတာ့"
"အမေလး ေမြးေမေရ လွည့္ၾကည့္ပါဦး အေမ့သားေလးကို ေဟာ့ဒီက အေမ့သမက္ေလးက အိမ္ေပၚကနွင္ခ်ေနၿပီဗ် အဟင့္ အီး"
"ဟာ ခင္ဗ်ား ဘာနွင္ခ်တာလဲ မသိရင္သူ႔အိမ္က်ေနတာပဲ ေတာ္ ပိတ္ေတာ့ မ်က္ရည္လဲမထြက္ဘဲနဲ႔ အသံႀကီးနဲ႔ပဲေအာ္ေနတယ္ "
"အာ့ဆို မ်က္ရည္ထြက္ေအာင္ လုပ္ေပးမယ္ေနာ္ ခဏ ကိုယ္ေရသြားယူလိုက္ဦးမယ္သိလား"
"ဟာ ခင္ဗ်ား ျပန္မွာလား မျပန္ဘူးလား ကြၽန္ေတာ္လုပ္လိုက္ေတာ့မွာေနာ္"
"ဟီး ကိုယ္ကလဲ အလုပ္ခံခ်င္ေနတာၾကာၿပီ အဟဲ"
"ေတာ္ ေတာ္ ခင္ဗ်ား မ်က္နွာကိုေျပာင္တယ္ အခုမျပန္ေသးဘူးလား ေတြ႕မယ္ ခင္ဗ်ား ခဏေနဦး"

ေျပာၿပီး ထသြားသည့္ ဝႆန္။

"ရတယ္ ကိုယ္ကဘယ္ေလာက္ၾကာၾကာ ေစာင့္နိုင္တယ္"

ၿပံဳးၿပံဳး ၿပံဳးၿပံဳးျဖင့္ အေနာက္ကေနလွမ္းေျပာသည့္ ခက္ထန္စကားေၾကာင့္ ဝႆန္မဲ့ၿပံဳး ၿပံဳးလိုက္ေလသည္။

ခဏအၾကာ လက္ေနာက္ပစ္ၿပီး ဧည့္ခန္းထဲ ျပန္ေရာက္လာသည့္ ဝႆန္။

"ခင္ဗ်ား အခုထိမျပန္ေသးဘူးေပါ့ ဟုတ္လား"

ၿပံဳးၿပီးေျပာေနသည့္ ဝႆန္႔အား ခက္ထန္ၾကည့္လ်က္

"အင္း ကေလးကုတ္နဲ႔ေကာ္ထုတ္ေတာင္ ကိုယ္မျပန္ဘူး"
"ေကာင္းၿပီေလ ဒါဆိုလဲ ကဲဟာ ကဲဟာ ျဖန္း ျဖန္း"
"အား အေမ့ နာလိုက္တာ ကေလးရာ ဘာလို႔ကိုယ့္ကို တုတ္နဲ႔ရိုက္တာလဲ"
"ခင္ဗ်ားမွမျပန္တာ ဘာလဲ ထပ္ရိုက္ရဦးမွာလား"
"ေတာ္ပါၿပီ ေတာ္ပါၿပီး ျပန္ပါ့မယ္ အဟင့္"

တင္ပါးကို လက္ျဖင့္ပြတ္ကာ ျပန္သြားသည့္ ခက္ထန္အားၾကည့္ၿပီး

"ဘယ္လိုလူမွန္းကို မသိဘူး ကိုယ့္အိမ္ကျပန္ဖို႔ေတာင္ တုတ္နဲ႔ရိုက္ၿပီး ျပန္ခိုင္းရတယ္"
_____________________
သၾကၤန္ရက္သို႔ ေရာက္ခဲ့ေပၿပီ။

႐ြာထိပ္ရွိ အုန္းလက္မ်ားျဖင့္ အလွဆင္ထားကာ ေရကစားမ႑ပ္မွာေတာ့ လူႀကီးလူငယ္မေ႐ြး စည္ကားလ်က္ရွိ၏။

"ပန္းခင္းႀကီးထဲ ေရာက္သလို ျဖဴနီျပာဝါေရာင္စံုေပါ့
သၾကၤန္မယ္ေတြ ဟိုမွာၾကည့္
အားလံုးဖူးပြင့္ၾကတဲ့
ေရေတြေရေတြစိုကာ႐ႊဲ ရင္ခုန္စရာ အတူတူၾကည့္
နွစ္သစ္ကူးေျပာင္းလဲေတာ့ အတာေရေတြကို ပတ္ျဖန္း
စိုစိုပါေစ ေႏြမွာေအး
ပန္းပိေတာက္တို႔ပြင့္တယ္ ပ်ိဳေမေတြကလွတယ္
အတာသၾကၤန္မွာ ေပ်ာ္စရာေဟ့
အျဖဴကတစ္မ်ိဳး အနီကတစ္မ်ိဳး ေရစိုပ်ိဳေမေတြရယ္ အလွကတိုး
ဒီမ႑ပ္က အလွဆံုး ဘယ္လိုမ်ားေ႐ြးရမွာတုန္း
အျပာေရာင္ေလး အဝါေရာင္ေလး ကိုယ္စီအၿပိဳင္အဆိုင္ဒီလိုလွေတာ့ေငး
ဒီမ႑ပ္ကအလွဆံုး ဘယ္သူလဲေျပာၾကပါဦး"

ထို႔အျပင္ အာဇာနည္ရဲ႕ ျဖဴနီ ျပာဝါ သီခ်င္းသံကလည္း ညံလ်က္ရွိ၏။

သို႔ေသာ္လည္း ဝႆန္တို႔အိမ္မွာေတာ့ ႐ြာထိပ္သြားကာ ေရမကစားရဘူးဆိုသည့္ ဝႆန္႔၏ တစ္ခ်က္လႊတ္အမိန္႔ေၾကာင့္ ေမႊးမွာ အခန္းထဲ၌ ေအာ္ႀကီးဟစ္က်ယ္ျဖင့္ ငိုလ်က္။

"မသာေကာင္ေလး ေသနာေကာင္ေလး ငါ့ေမာင္မဟုတ္တဲ့အေကာင္ေလး က်က္သတုန္းေလး ငါ့က်ေရမေဆာ့ခိုင္းဘူး အီး ဟီး ေမေမတို႔ျပန္လာရင္ တိုင္ဦးမွာ"
"ေဟ့ မေမႊး နင္ေျပာေနတာေတြ ငါၾကားရတယ္ေနာ္ နင့္ကိုယ္နင္ ေရေဆာ့ရေအာင္ ငယ္တယ္လို႔ထင္ေနတာလား မေဆာ့ရဘူး ေဆာ့ခ်င္ရင္ အိမ္ေရွ႕မွာ ေရပံုးခ်ေပးထားမယ္ အိမ္ေရွ႕က လာတဲ့သူေတြပဲ ေရပတ္ရမယ္ ေအး ငိုသံထပ္မၾကားခ်င္ေတာ့ဘူးေနာ္ ေအာ္ငိုေနတာမ်ား သူ႔ကိုယ္သူ ကေလးမွတ္ေနလား မသိဘူ ဟူးးးး"

သက္ျပင္းခ်ကာ အခန္းေရွ႕မွ ထြက္သြားသည့္ ဝႆန္႔ေျခသံၾကားသည္နွင့္ ေမႊးမွာ သူမ၏ ဓာတ္ျပားေဟာင္းႀကီးကို ဆက္ဖြင့္ပါေတာ့သည္။

"ေခြးေကာင္ နင္တစ္ေန႔ငါ့လက္ကမလြတ္ပါဘူးဟာ မိမွ နင့္ကို ခက္ထန္နဲ႔တူတူ အခန္းတံခါးပိတ္ထားပစ္မယ္ ဟင္းးး ေျပာသာေျပာရတာ ဟိုေကာင္က ဓမၼမိတ္ေဆြရယ္ အခန္းထဲထည့္ၿပီးကာမွ ထိုင္ၾကည့္ၿပီး တရားေဟာေနရင္ ဘယ္လိုလုပ္မလဲ အမေလး ကံတရားက ငါ့ဘက္မွာမရွိလိုက္တာ ေတာ္ၿပီ ဆက္ပဲ ငိုေတာ့မယ္ အီး ဟီး ေမေမေရ ေမေမ့သမီး ဘဝကို လာၾကည့္ပါဦး ဟင့္"

ေမႊးအားဆူၿပီး အိမ္ေအာက္ထပ္ဆင္းလာေတာ့ မေမ်ွာ္သည့္သူက ေစာင့္ႀကိဳလ်က္ရွိ၏။တကယ္ကို ဘယ္လိုပဲ အိမ္မလာပါနဲ႔ေျပာေျပာ မရသည့္ သူႀကီးပင္။ ဒီေန႔လည္း ဘာလာလုပ္တာပါလိမ္။

"ကဲ ေျပာပါဦး ခင္ဗ်ားက ဘာလာလုပ္တာလဲ"

ခက္ထန္ ဝႆန္႔အား အစြမ္းကုန္ရယ္ျပရင္း

"ကေလးကလည္း ေရတူတူေဆာ့ဖို႔ရာ လာတာေပါ့လို႔"
"ဟင္း ဟင္း ရုပ္ကိုက အဆီတဝင္းဝင္းနဲ႔ ေရေဆာ့ဖို႔ရာ လာတာမွ ဟုတ္ရဲ႕လား"
"အဟဲ ကေလးကလည္း"
"ေတာ္ၿပီ ေတာ္ၿပီ ကြၽန္ေတာ္က မ႑ပ္သြားေဆာ့မွာ မဟုတ္ဘူးေနာ္ ေျမာင္းထဲသြားမွာ "
"အမ္ ေျမာင္း ေျမာင္းထဲဘာသြားလုပ္မွာလဲ "
"ေရကူးရင္း ပတ္မွာေလ ခင္ဗ်ားလိုက္ခ်င္လိုက္ မလိုက္ခ်င္ေန ဒါပဲ"
"လိုက္ လိုက္မွာပါကြာ"

ေျပာၿပီးေရခြက္ယူကာ ထြက္သြားသူေနာက္သို႔ အေျပးလိုက္ရျပန္သည္။
_________________
ေျမာင္းေရာက္ကတည္းက ေရဆင္းကူးလိုက္ ကုန္းေပၚျပန္တက္ၿပီး ျဖတ္သြားျဖတ္လာေတြကို ေရပတ္လိုက္ လုပ္ေနသည့္ ကေလးက သူ႔ကို႔ေမ့ေနပံုပင္။

ပိုဆိုးသည္က လာသမ်ွမိန္းကေလးတိုင္းကို ေရလိုက္ေလာင္းေနျခင္းပင္။

ခက္ထန္ ေရေလာင္းၿပီးဆင္းလာသည့္ ကေလးအနားသို႔သြားကာ..

"ကေလးလို႔ "
"ဟာ ဘာလဲဗ်ာ ေျပာ"
"ကေလးက ကိုယ့္ကိုလဲ ဂရုမစိုက္ဘူး"
"ဟာ ခင္ဗ်ားက ကေလးေပါက္စမို႔ ကြၽန္ေတာ္က ဂရုစိုက္ရမွာလား"
"ဒါေပမယ့္လည္း.."
"ေဟာ ဟိုမွာေကာင္မေလးတစ္ေယာက္"

ေျပာၿပီး ေရဆင္းခပ္ေနသည့္ ဝႆန္႔အား ခက္ထန္ မ်က္ေမွာင္က်ံဳ႕ၾကည့္လိုက္ေလသည္။

အေရွ႕ကလာေနသည့္ ေကာင္မေလးအား ေရပတ္ရန္လုပ္ေနသည့္ ဝႆန္႔ေရွ႕မွာ ခက္ထန္မတ္တပ္ရပ္လိုက္ေလသည္။

အရပ္ရွည္သည့္အျပင္ ေရပတ္မည္လုပ္တိုင္း လိုက္ကြယ္ေနေသာ ခက္ထန္ေၾကာင့္ ဝႆန္႔မွာ ေကာင္မေလးကို ေရပတ္လို႔မရျဖစ္ေနသည္။

"ခင္ဗ်ား အဲ့တာ ကြၽန္ေတာ့ေရွ႕ကေန ဘာရပ္လုပ္ေနတာလဲ"
"ကေလး ေကာင္မေလးေတြကို ေရမပတ္ေစခ်င္လို႔"
"ေၾသာ္ ခင္ဗ်ားအႀကံအဲ့တာအကုန္ပဲလား"
"ဟုတ္တယ္"
"ေကာင္းၿပီေလ ရတယ္ အာ့ဆို ကြၽန္ေတာ္ကလဲ ရေအာင္ပတ္ျပမယ္ ၾကည့္ေန"

သို႔ေသာ္လည္း ဘယ္လိုလုပ္လုပ္မရေသာေၾကာင့္ စိတ္တိုလာကာ သူ႔ေရွ႕ရွိ ခက္ထန္ေခါင္းအား ခုန္ၿပီး ေရခြက္ျဖင့္ေခါက္လိုက္ေလေတာ့သည္။

"ဂြပ္"
" အ ေသပါၿပီ ကေလး ကိုယ့္ကို ဘာလို႔ေခါက္တာလဲ"
"ခင္ဗ်ားမွ မဖယ္ေပးတာ ေခါက္မွာပဲ "

ထိုအခါ ခက္ထန္မွာ မ်က္နွာငယ္ေလးျဖင့္

"အာ့ဆိုလည္း ကိုယ္ျပန္ေတာ့မယ္"

ေျပာၿပီးလွည့္ထြက္သြားသူအား ၾကည့္ကာ ဝႆန္႔ရင္ထဲမွာလဲမေကာင္းေပ။

"ငါလုပ္လိုက္တာ လြန္မ်ားလြန္သြားလား မသိဘူး"
________________________

Unicode...

ဘာလိုလိုနဲ့ သင်္ကြန်ရက်သို့ပင် ရောက်တော့မည်။ဖေဖေနဲ့မေမေကတော့ တရားစခန်းဝင်ဖို့ရာ စီစဉ်နေကြပေပြီ။ထို့အတူ ဟိုလူကြီးသည်လည်း အခုထိ အိမ်မရှိယာမရှိသကဲ့သို့ အိမ်ကိုချောင်းပေါက်မတက်လာဆဲပင်။

အခုလည်း သူက အိမ်ရဲ့ဧည့်ခန်းထဲမှာ အခန့်သားထိုင်ကာ TV ကြည့်နေလေသည်။မသိရင် ကိုယ်ကပဲ သူ့အိမ်လာနေသလိုပင်။

"ဒီမှာ ခင်ဗျားကြီးကို ကျွန်တော်မေးချင်နေတာကြာပြီ။ ခင်ဗျားမှာ အိမ်မရှိဘူးလား။ ဘာလို့ ကျွန်တော်တို့အိမ်ကို ခဏတိုင်းလာနေရတာလဲ။ ဒါမှမဟုတ် ခင်ဗျား မမွှေးကို ကြိုက်နေတာလား။ ကြိုက်နေရင်လည်း မြန်မြန်ဖွင့်ပြောလိုက်လေဗျာ။အခုလိုအိမ်ကို နေ့တိုင်းလာနေတာကြီးက မကောင်းပါဘူးဗျာ"

ဧည့်ခန်းထဲမှာ ငြိမ်ငြိမ်လေးထိုင်ကာ TV ကြည့်နေသည့် ခက်ထန်အနီးသို့လာကာ မေးခွန်းတွေ တရစပ်မေးနေသည့် ကောင်လေးအား ခက်ထန်မျက်လုံးပြူး၍ပင် ကြည့်နေမိသည်။စတွေ့ကတည်းက ဒီကောင်လေးသည် အခုလောက် သူ့ကိုစကားအများကြီး မပြောဘူးသောကြောင့်ပင်။

"ကလေးကလည်း ကိုယ်က မွှေးလိုရုပ်ဆိုးပန်းဆိုးကြီးကို ဘာလို့ကြိုက်ရမှာလဲ ကြိုက်ချင်းကြိုက် ကလေးကိုပဲ ကြိုက်မှာပေါ့လို့ အချစ်ကလည်း"
"ဘာာာာာ  ပြန်ပြောလိုက်စမ်း ခက်ထန် နင် ပြန်ပြောလိုက်စမ်းပါ"

ဝဿန်တောင် ပြန်ပြောဖို့ရာ ပါးစပ်မဟရသေး အနောက်က ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသည့် မမွှေး၏ အသံကြီးက ဟိန်းထွက်လာလေသည်။

ခက်ထန်မှာ မွှေးမျက်နှာကြီးအား အလန့်တကြားကြည့်လျက်ဖြင့် သွားသာ ဖြဲပြလိုက်လေသည်။

"ဟဲ ဟဲ ဟဲ"
"ဘာ ဟဲ ဟဲ လဲ သွား နင်အခုချက်ချင်း အိမ်ကပြန်တော့ ငါ့မောင်နဲ့လည်း ဆက်ပြီးအောင်သွယ်မပေးနိုင်တော့ဘူး သွား ခုပြန်"
"ဟာ မွှေး သူငယ်ချင်းကလည်း ငါကချစ်လို့စတဲ့ဟာကို နင်ကလည်း အဲ့လောက်မရက်စက်ပါနဲ့ဟာ ငါ့ကိုသနားပါနော် နော်"

ဝဿန်မှာ မျက်နှာငယ်ဖြင့် မွှေးအားပြောနေသော ခက်ထန်ကိုကြည့်ကာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရလေသည်။

"တော် တန် တိတ် ခက်ထန် သွား ပြန်တော့"
"ချစ်သူငယ်ချင်းကလည်းဟာ"

မွှေးကလည်း နည်းနည်းမှမလျော့သလို ခက်ထန်ကလည်း ဇွတ်ကပ်ပြီးတော့ကို ပြောနေဆဲပင်။

"ကဲ တော်ကြပါတော့ ဒါနဲ့ မမွှေး နင်က မေမေတို့ တရားစခန်းသွားဖို့ရာ ပြင်ပေးနေတာမဟုတ်ဘူးလား ဒီနားဘာလာလုပ်တာလဲ"
"အတွဲလာချောင်းတာ အဲ မဟုတ်ပါဘူး ဘာတွေလာမေးနေတာလဲ ငါကဒီအတိုင်း ရေဆင်းသောက်တာ ဟဲ ဟဲ နင်တို့လဲ ဆက်ပြောကြလေ ငါသွားလိုက်ဦးမယ်သိလား"

ပြောချင်ရာပြောပြီး အိမ်ပေါ်ပြေးထွက်သွားသည့် မွှေးအား ဝဿန် နှာခေါင်းရှုံ့ကြည့်လိုက်လေသည်။

ခက်ထန်အား စကားပြောဖို့ရာ လှည့်ကြည့်လိုက်တော့ သွားသုံးဆယ့်နှစ်ချောင်းပေါ်အောင် ဖြဲထားသည်မှာ ပါးစပ် နားရွက်တက်ချိတ်မတက်ပင်။

"ခင်ဗျားက အဲ့တာ ဘာဖြစ်နေတာလဲ"
"အဟီး ကိုယ့်အချစ်လေး ကိုယ့်အသည်းလေး ကိုယ့်အသက်လေး ကိုယ့်ပူတူတူးလေး ကိုယ့်အမွှေစိန်လေး ကိုယ့်ဟီးရိုးလေး ကိုယ့်.."
"တော်ပါတော့ ကျွန်တော်က ခင်ဗျားအသက်လည်း မဟုတ်ဘူး ပူတူတူးလဲမဟုတ်ဘူး ဘာတွေလာပြောနေမှန်းကိုမသိဘူး သွား အခုပြန်တော့"
"ဟင် ကလေးကပါ ကိုယ့်ကိုမောင်းထုတ်နေတာလား"
"ဟုတ်တယ်လေ သွားတော့"
"အမလေး မွေးမေရေ လှည့်ကြည့်ပါဦး အမေ့သားလေးကို ဟော့ဒီက အမေ့သမက်လေးက အိမ်ပေါ်ကနှင်ချနေပြီဗျ အဟင့် အီး"
"ဟာ ခင်ဗျား ဘာနှင်ချတာလဲ မသိရင်သူ့အိမ်ကျနေတာပဲ တော် ပိတ်တော့ မျက်ရည်လဲမထွက်ဘဲနဲ့ အသံကြီးနဲ့ပဲအော်နေတယ် "
"အာ့ဆို မျက်ရည်ထွက်အောင် လုပ်ပေးမယ်နော် ခဏ ကိုယ်ရေသွားယူလိုက်ဦးမယ်သိလား"
"ဟာ ခင်ဗျား ပြန်မှာလား မပြန်ဘူးလား ကျွန်တော်လုပ်လိုက်တော့မှာနော်"
"ဟီး ကိုယ်ကလဲ အလုပ်ခံချင်နေတာကြာပြီ အဟဲ"
"တော် တော် ခင်ဗျား မျက်နှာကိုပြောင်တယ် အခုမပြန်သေးဘူးလား တွေ့မယ် ခင်ဗျား ခဏနေဦး"

ပြောပြီး ထသွားသည့် ဝဿန်။

"ရတယ် ကိုယ်ကဘယ်လောက်ကြာကြာ စောင့်နိုင်တယ်"

ပြုံးပြုံး ပြုံးပြုံးဖြင့် အနောက်ကနေလှမ်းပြောသည့် ခက်ထန်စကားကြောင့် ဝဿန်မဲ့ပြုံး ပြုံးလိုက်လေသည်။

ခဏအကြာ လက်နောက်ပစ်ပြီး ဧည့်ခန်းထဲ ပြန်ရောက်လာသည့် ဝဿန်။

"ခင်ဗျား အခုထိမပြန်သေးဘူးပေါ့ ဟုတ်လား"

ပြုံးပြီးပြောနေသည့် ဝဿန့်အား ခက်ထန်ကြည့်လျက်

"အင်း ကလေးကုတ်နဲ့ကော်ထုတ်တောင် ကိုယ်မပြန်ဘူး"
"ကောင်းပြီလေ ဒါဆိုလဲ ကဲဟာ ကဲဟာ ဖြန်း ဖြန်း"
"အား အမေ့ နာလိုက်တာ ကလေးရာ ဘာလို့ကိုယ့်ကို တုတ်နဲ့ရိုက်တာလဲ"
"ခင်ဗျားမှမပြန်တာ ဘာလဲ ထပ်ရိုက်ရဦးမှာလား"
"တော်ပါပြီ တော်ပါပြီး ပြန်ပါ့မယ် အဟင့်"

တင်ပါးကို လက်ဖြင့်ပွတ်ကာ ပြန်သွားသည့် ခက်ထန်အားကြည့်ပြီး

"ဘယ်လိုလူမှန်းကို မသိဘူး ကိုယ့်အိမ်ကပြန်ဖို့တောင် တုတ်နဲ့ရိုက်ပြီး ပြန်ခိုင်းရတယ်"
_____________________
သင်္ကြန်ရက်သို့ ရောက်ခဲ့ပေပြီ။

ရွာထိပ်ရှိ အုန်းလက်များဖြင့် အလှဆင်ထားကာ ရေကစားမဏ္ဍပ်မှာတော့ လူကြီးလူငယ်မရွေး စည်ကားလျက်ရှိ၏။

"ပန်းခင်းကြီးထဲ ရောက်သလို ဖြူနီပြာဝါရောင်စုံပေါ့
သင်္ကြန်မယ်တွေ ဟိုမှာကြည့်
အားလုံးဖူးပွင့်ကြတဲ့
ရေတွေရေတွေစိုကာရွှဲ ရင်ခုန်စရာ အတူတူကြည့်
နှစ်သစ်ကူးပြောင်းလဲတော့ အတာရေတွေကို ပတ်ဖြန်း
စိုစိုပါစေ နွေမှာအေး
ပန်းပိတောက်တို့ပွင့်တယ် ပျိုမေတွေကလှတယ်
အတာသင်္ကြန်မှာ ပျော်စရာဟေ့
အဖြူကတစ်မျိုး အနီကတစ်မျိုး ရေစိုပျိုမေတွေရယ် အလှကတိုး
ဒီမဏ္ဍပ်က အလှဆုံး ဘယ်လိုများရွေးရမှာတုန်း
အပြာရောင်လေး အဝါရောင်လေး ကိုယ်စီအပြိုင်အဆိုင်ဒီလိုလှတော့ငေး
ဒီမဏ္ဍပ်ကအလှဆုံး ဘယ်သူလဲပြောကြပါဦး"

ထို့အပြင် အာဇာနည်ရဲ့ ဖြူနီ ပြာဝါ သီချင်းသံကလည်း ညံလျက်ရှိ၏။

သို့သော်လည်း ဝဿန်တို့အိမ်မှာတော့ ရွာထိပ်သွားကာ ရေမကစားရဘူးဆိုသည့် ဝဿန့်၏ တစ်ချက်လွှတ်အမိန့်ကြောင့် မွှေးမှာ အခန်းထဲ၌ အော်ကြီးဟစ်ကျယ်ဖြင့် ငိုလျက်။

"မသာကောင်လေး သေနာကောင်လေး ငါ့မောင်မဟုတ်တဲ့အကောင်လေး ကျက်သတုန်းလေး ငါ့ကျရေမဆော့ခိုင်းဘူး အီး ဟီး မေမေတို့ပြန်လာရင် တိုင်ဦးမှာ"
"ဟေ့ မမွှေး နင်ပြောနေတာတွေ ငါကြားရတယ်နော် နင့်ကိုယ်နင် ရေဆော့ရအောင် ငယ်တယ်လို့ထင်နေတာလား မဆော့ရဘူး ဆော့ချင်ရင် အိမ်ရှေ့မှာ ရေပုံးချပေးထားမယ် အိမ်ရှေ့က လာတဲ့သူတွေပဲ ရေပတ်ရမယ် အေး ငိုသံထပ်မကြားချင်တော့ဘူးနော် အော်ငိုနေတာများ သူ့ကိုယ်သူ ကလေးမှတ်နေလား မသိဘူ ဟူးးးး"

သက်ပြင်းချကာ အခန်းရှေ့မှ ထွက်သွားသည့် ဝဿန့်ခြေသံကြားသည်နှင့် မွှေးမှာ သူမ၏ ဓာတ်ပြားဟောင်းကြီးကို ဆက်ဖွင့်ပါတော့သည်။

"ခွေးကောင် နင်တစ်နေ့ငါ့လက်ကမလွတ်ပါဘူးဟာ မိမှ နင့်ကို ခက်ထန်နဲ့တူတူ အခန်းတံခါးပိတ်ထားပစ်မယ် ဟင်းးး ပြောသာပြောရတာ ဟိုကောင်က ဓမ္မမိတ်ဆွေရယ် အခန်းထဲထည့်ပြီးကာမှ ထိုင်ကြည့်ပြီး တရားဟောနေရင် ဘယ်လိုလုပ်မလဲ အမလေး ကံတရားက ငါ့ဘက်မှာမရှိလိုက်တာ တော်ပြီ ဆက်ပဲ ငိုတော့မယ် အီး ဟီး မေမေရေ မေမေ့သမီး ဘဝကို လာကြည့်ပါဦး ဟင့်"

မွှေးအားဆူပြီး အိမ်အောက်ထပ်ဆင်းလာတော့ မမျှော်သည့်သူက စောင့်ကြိုလျက်ရှိ၏။တကယ်ကို ဘယ်လိုပဲ အိမ်မလာပါနဲ့ပြောပြော မရသည့် သူကြီးပင်။ ဒီနေ့လည်း ဘာလာလုပ်တာပါလိမ်။

"ကဲ ပြောပါဦး ခင်ဗျားက ဘာလာလုပ်တာလဲ"

ခက်ထန် ဝဿန့်အား အစွမ်းကုန်ရယ်ပြရင်း

"ကလေးကလည်း ရေတူတူဆော့ဖို့ရာ လာတာပေါ့လို့"
"ဟင်း ဟင်း ရုပ်ကိုက အဆီတဝင်းဝင်းနဲ့ ရေဆော့ဖို့ရာ လာတာမှ ဟုတ်ရဲ့လား"
"အဟဲ ကလေးကလည်း"
"တော်ပြီ တော်ပြီ ကျွန်တော်က မဏ္ဍပ်သွားဆော့မှာ မဟုတ်ဘူးနော် မြောင်းထဲသွားမှာ "
"အမ် မြောင်း မြောင်းထဲဘာသွားလုပ်မှာလဲ "
"ရေကူးရင်း ပတ်မှာလေ ခင်ဗျားလိုက်ချင်လိုက် မလိုက်ချင်နေ ဒါပဲ"
"လိုက် လိုက်မှာပါကွာ"

ပြောပြီးရေခွက်ယူကာ ထွက်သွားသူနောက်သို့ အပြေးလိုက်ရပြန်သည်။
_________________
မြောင်းရောက်ကတည်းက ရေဆင်းကူးလိုက် ကုန်းပေါ်ပြန်တက်ပြီး ဖြတ်သွားဖြတ်လာတွေကို ရေပတ်လိုက် လုပ်နေသည့် ကလေးက သူ့ကို့မေ့နေပုံပင်။

ပိုဆိုးသည်က လာသမျှမိန်းကလေးတိုင်းကို ရေလိုက်လောင်းနေခြင်းပင်။

ခက်ထန် ရေလောင်းပြီးဆင်းလာသည့် ကလေးအနားသို့သွားကာ..

"ကလေးလို့ "
"ဟာ ဘာလဲဗျာ ပြော"
"ကလေးက ကိုယ့်ကိုလဲ ဂရုမစိုက်ဘူး"
"ဟာ ခင်ဗျားက ကလေးပေါက်စမို့ ကျွန်တော်က ဂရုစိုက်ရမှာလား"
"ဒါပေမယ့်လည်း.."
"ဟော ဟိုမှာကောင်မလေးတစ်ယောက်"

ပြောပြီး ရေဆင်းခပ်နေသည့် ဝဿန့်အား ခက်ထန် မျက်မှောင်ကျုံ့ကြည့်လိုက်လေသည်။

အရှေ့ကလာနေသည့် ကောင်မလေးအား ရေပတ်ရန်လုပ်နေသည့် ဝဿန့်ရှေ့မှာ ခက်ထန်မတ်တပ်ရပ်လိုက်လေသည်။

အရပ်ရှည်သည့်အပြင် ရေပတ်မည်လုပ်တိုင်း လိုက်ကွယ်နေသော ခက်ထန်ကြောင့် ဝဿန့်မှာ ကောင်မလေးကို ရေပတ်လို့မရဖြစ်နေသည်။

"ခင်ဗျား အဲ့တာ ကျွန်တော့ရှေ့ကနေ ဘာရပ်လုပ်နေတာလဲ"
"ကလေး ကောင်မလေးတွေကို ရေမပတ်စေချင်လို့"
"သြော် ခင်ဗျားအကြံအဲ့တာအကုန်ပဲလား"
"ဟုတ်တယ်"
"ကောင်းပြီလေ ရတယ် အာ့ဆို ကျွန်တော်ကလဲ ရအောင်ပတ်ပြမယ် ကြည့်နေ"

သို့သော်လည်း ဘယ်လိုလုပ်လုပ်မရသောကြောင့် စိတ်တိုလာကာ သူ့ရှေ့ရှိ ခက်ထန်ခေါင်းအား ခုန်ပြီး ရေခွက်ဖြင့်ခေါက်လိုက်လေတော့သည်။

"ဂွပ်"
" အ သေပါပြီ ကလေး ကိုယ့်ကို ဘာလို့ခေါက်တာလဲ"
"ခင်ဗျားမှ မဖယ်ပေးတာ ခေါက်မှာပဲ "

ထိုအခါ ခက်ထန်မှာ မျက်နှာငယ်လေးဖြင့်

"အာ့ဆိုလည်း ကိုယ်ပြန်တော့မယ်"

ပြောပြီးလှည့်ထွက်သွားသူအား ကြည့်ကာ ဝဿန့်ရင်ထဲမှာလဲမကောင်းပေ။

"ငါလုပ်လိုက်တာ လွန်များလွန်သွားလား မသိဘူး"
________________________
© Kout Tay,
книга «ေႂကြ».
အပိုင္း-၁၅
Коментарі