အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း_၂၂
အပိုင္း_၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၀
Zawgyi...

"ဗိုက္ဆာေနၿပီ ငါေတာ့ နင္တို႔ေရာ"

"စားၾကတာေပါ့ ဘာစားၾကမွာလဲ"

"ႀကိဳက္ရာစားၾက"

ရုပ္ရွင္ရံုထဲက ထြက္လာလာခ်င္း ေမးေနသည့္ ေမႊး။

"မသိဘူးေလ ၾကက္ေၾကာ္သြားစားရင္ေရာ"

"ေအး မဆိုးဘူး ငါလဲစားခ်င္တယ္"

"ဝႆန္ နင္ေရာ ဘာစားမွာလဲ"

"စားလို႔ရတဲ့ဟာ အကုန္စားမွာ"

"ဟဲ့ ခက္ထန္ နင္ေရာ"

ေျပာရန္ ပါးစပ္ဟၿပီးမွ မေျပာဘဲၾကည့္ေနသည့္ ခက္ထန္ကို ေမႊးတို႔ ၅ ေယာက္ ဝိုင္းၾကည့္ေနၾကသည္။

"သြားမေမးနဲ႔ သူ သရဲကားၾကည့္ၿပီး ေအာ္ရလြန္းလို႔ ပါးေညာင္းၿပီး စကားမေျပာနိုင္ေတာ့ဘူး ၾကက္ေၾကာ္မစားနိုင္ရင္ အေအးေသာက္ေနလိုက္ လာ သြားစို႔"

တန္းစီၿပီးေျပာကာ အေရွ႕မွထြက္သြားသည့္ ဝႆန္႔ေနာက္သိုု႔ လိုက္ရျပန္သည္။

ဆိုင္ေရာက္ေတာ့လည္း ထေဖာက္လာသည့္ ခက္ထန္ေၾကာင့္ ေမႊးတို႔မွာ မ်က္လံုးအဝိုင္းသားျဖင့္ ၾကည့္ေနရသည္။

ၾကက္ေၾကာ္မဝါးနိုင္လို႔ ဝါးေႂကြးရမည္တဲ့။

"ဒီမွာ ခင္ဗ်ား မ႐ြံဘူးလား"

"ဘာလို႔႐ြံရမွာလဲ ကိုယ့္ကေလးက ဝါးေႂကြးမွာပဲဟာကို"

ေမႊးတစ္ေယာက္ ရစ္ေနသည့္ ခက္ထန္အား စိတ္မရွည္ေတာ့။

"ခက္ထန္ နင္ သရဲကားၾကည့္ၿပီး တစ္ခန္းလြတ္သြားတာေတာ့ မဟုတ္ပါဘူးေနာ္"

"လြတ္စရာလား ငါ့ကေလးနဲ႔ေတာင္ လက္မထပ္ရေသးတဲ့ဟာ ေနွာ ကေလးရာ"

ဝႆန္ သူ႔ဘက္လွည့္ကာ ေမးေငါ့ေျပာလာသည့္ ခက္ထန္ကို အသံတိတ္ ဆဲလိုက္ေလသည္။

"ကေလးလို႔ ကိုယ့္ကိုခြံလို႔ အာ"

လူအမ်ားၾကားထဲ မရွက္မေၾကာက္ သူ႔ဘက္လွည့္ကာ ပါးစပ္ႀကီးၿဖဲျပေနသည့္ ခက္ထန္ေၾကာင့္ ဝႆန္ စားလက္စ ၾကက္ေပါင္အား ခက္ထန္ပါးစပ္ထဲ အတင္းထိုးထည့္လိုက္ေလသည္။

"ေရာ႕ ေရာ႕ အဲ့မွာဝေအာင္စား ကြၽန္ေတာ္မစားေတာ့ဘူး"

"အဟြတ္ အဟြတ္"

က်န္ေနသည့္ ေမႊးတို႔ ၅ ေယာက္မွာ မ်က္နွာႀကီးရွံု႔မဲ့ကာ ေခ်ာင္းတဟြတ္ဟြတ္ဆိုးေနသည့္ ခက္ထန္အား မဲ့႐ြဲ႕ကာျဖင့္ ၾကည့္လိုက္ၾကသည္။

ပါးစပ္ထဲ အလံုးအရင္းျဖင့္ ဝင္လာသည့္ၾကက္ေပါင္ေၾကာင့္ ခက္ထန္မွာ ေခ်ာင္းဆိုးလို႔ပင္ မၿပီးေတာ့။

ဝႆန္တစ္ေယာက္ကေတာ့ စိတ္ေကာက္ၿပီး ဆိုင္ထဲမွထြက္သြားေလၿပီ။

ေခ်ာ့ေပဦးေတာ့ ခက္ထန္ေရ။
____________________

"ေဒါက္ ေဒါက္"

ဝႆန္တစ္ေယာက္ ဂိမ္းေဆာ့ေနစဥ္ အခန္းတံခါးလာေခါက္သည့္ အသံေၾကာင့္

"ဝင္ခဲ့ပါ"

"ဝႆန္ ငါနင့္ကိုေမးစရာရွိလို႔"

"ေျပာ ဘာေမးမလို႔လဲ"

"ဟို နင္ ငါ့သူငယ္ခ်င္းကို ခုထိမခ်စ္ေသးဘူးလား"

"ဘယ္ သူငယ္ခ်င္းလဲ"

"ခက္ထန္ေလဟာ နင္ကလဲ"

"ဒီမွာ ငါ့အစ္မ ခ်စ္ ခ်စ္ ဆိုတိုင္း လြယ္လြယ္ခ်စ္လို႔ရတယ္ထင္ေနလား သူ႔ဘက္ ကိုယ့္ဘက္ဆိုတာ ေတြးရေသးတယ္ ေနာက္ၿပီး ငါတို႔က သာမာန္အခ်စ္မဟုတ္ဘူး မ်ိဳးတူေယာက်္ားေလးနွစ္ေယာက္ကေန ေပါက္ဖြားလာတဲ့အခ်စ္ ျဖစ္သင့္တာေတြ မျဖစ္သင့္တာေတြဆိုတာကလည္းရွိေသးတယ္ ငါတို႔နွစ္ေယာက္ထဲ ခ်စ္ေနတာနဲ႔ပဲၿပီးသြားတဲ့ ကိစၥမဟုတ္ဘူး မိသားစုအသိုင္းအဝိုင္းဆိုတာရွိေသးတယ္ သူတို႔ဘက္ကေရာ ငါတို႔ကို လက္ခံနိုင္ပါ့မလား ထားပါေတာ့ သူတို႔လက္ခံနိုင္တယ္ပဲ ေဘးပတ္ဝန္းက်င္ဆိုတာကလည္းရွိေသးတယ္ ငါကေတာ့ ပတ္ဝန္းက်င္ကိုဂရုမစိုက္တတ္ဘူး ငါ့မိဘလည္းအတူတူပဲ ဂရုမစိုက္တတ္ဘူး ဒါေပမယ့္ ပတ္ဝန္းက်င္ရဲ႕ ထိုးနွက္မႈေတြၾကားထဲမွာ ငါ့ေၾကာင့္ ငါ့မိဘကိုေတာ့ မထိခိုက္ေစခ်င္ဘူး နင္လည္းသိမွာပါ
နွဲ႔ပါမ်ားလာရင္ နဲ႔ၿပီး ကြၽတ္ထြက္သြားတတ္တဲ့သေဘာကို အာ့ေၾကာင့္ နင္လဲ ကိုယ္ဘက္ကျဖစ္ေစခ်င္တိုင္း လူတစ္ေယာက္ကို အတင္းလုပ္မယူပါနဲ႔ သူ႔စိတ္၊ သူ႔ခံစားခ်က္၊ သူ႔သေဘာအတိုင္းရွိပါေစ တစ္ခ်ိန္ခ်ိန္ ဒီလူနဲ႔အေၾကာင္းပါကိုပါရမယ္ဆိုရင္ နင္လုပ္ယူစရာေတာင္မလိုဘူး သူ႔ဘာသူညားလိမ့္မယ္"

"ဟုတ္ကဲ့ပါ ဒါဆို ငါတစ္ခုပဲေမးမယ္ တကယ္ ဒီတစ္ခါေနာက္ဆံုးပါပဲ ေနာ္"

"ဘာလဲ"

"နင္ ခက္ထန္ကိုခ်စ္လား"

"မခ်စ္ဘူး"

ဝႆန္႔ရဲ႕ မဆိုင္းမတြေျဖလာသည့္ စကားေၾကာင့္ ေမႊးမ်က္နွာေလး ညႇိုးက်သြားေလသည္။ၿပီးေနာက္ ဘာစကားမွဆက္မေျပာေတာ့ဘဲ သူ႔အခန္းထဲသူ ဝင္သြားသည္ေၾကာင့္ ဝႆန္လဲ ဂိမ္းပဲ ဆက္ေဆာ့ေနလိုက္သည္။

"နင္ၾကားလိုက္တယ္မို႔လား"

တကယ္ေတာ့ ေမႊးကို ခက္ထန္ကဖုန္းဆက္ၿပီး သြားေမးေပးဖို႔ေျပာခဲ့တာပါ။သူကိုယ္တိုင္လည္း ၾကားခ်င္သည္ဟုဆိုကာ ဖုန္းမခ်ဘဲ ေမးလိုက္ရျခင္းပင္။

"အင္း"

"ငါေတာင္းပန္ပါတယ္ ငါ့ေၾကာင့္ နင္ နာက်င္ရၿပီ"

"ရပါတယ္ ငါဘာမွမျဖစ္ပါဘူး ေနာက္ၿပီး ကေလးေျပာတာလဲ ဟုတ္ေနတာပဲဟာ "

"ေအးပါ နင္အဆင္ေျပရင္ၿပီးေရာ"

"ငါ့ဟာငါ ဆက္ၿပီးႀကိဳးစားလိုက္မယ္ နင့္မိဘေတြကိုသာ နည္းနည္းလမ္းခင္းေပး"

"အိုေက အိုေက"

"ေအး အာ့ဆို ဒါပဲေနာ္"

"အင္း"

ေမႊး ဖုန္းေလးခ်သြားသည္နွင့္ ခက္ထန္လည္း ကုတင္ေပၚ ထိုင္ေနရင္းမွ ေခါင္းငိုက္စိုက္ခ်လိုက္မိသည္။

"စိတ္ခ်ပါကေလး ကိုယ္က ကေလးကို ဘာမွမထိခိုက္ေအာင္ အတတ္နိုင္ဆံုးကာကြယ္သြားမွာမို႔"

ထို႔ေနာက္ ဖုန္းေလးယူကာ ဝႆန္႔ဆီသို႔ စာတစ္ေစာင္ပို႔လိုက္ေလသည္။

*ခ်စ္တယ္ ကေလး*

sent ျဖစ္သြားေပမယ့္ seen မျဖစ္ေသးသည့္ စာေၾကာင္းေလးအား အတန္ငယ္ ေငးၾကည့္ၿပီးမွ ကုတင္ေပၚလဲေလ်ာင္းကာ မ်က္ဝန္းေတြကိုမွိတ္၍ အိပ္စက္ျခင္းဆီသို႔ ကူးေျပာင္းလိုက္သည္။
___________________

February 14 ရက္ေန႔...

အခန္းထဲက ေက်ာင္းသူအခ်ိဳ႕လက္ထဲတြင္ ကိုင္ထားသည့္ အရုပ္မ်ား၊ ေခ်ာကလတ္မ်ားနွင့္ ပန္းစီးအခ်ိဳ႕အားၾကည့္ကာ နွာေခါင္းရွံု႔မိသည္။

"မ်က္စိကိုေနာက္ေနတာပဲ"

"မ်က္စိေနာက္ရင္လဲ မွိတ္ထားလိုက္"

အနားရွိခံုသို႔ အရုပ္ႀကီးပိုက္ကာလာထိုင္သူကို ေမာ့ၾကည့္လိုက္ေတာ့ အာၿဗဲမ။

"ေနစမ္းပါဦး နင္က ဘယ္လိုလုပ္ၿပီး.."

"ဟီးဟီး ဒါက လ်ွို႔ဝွက္ခ်က္ေလဟာ"

"ၾကည့္စမ္း ၾကည့္စမ္း သူငယ္ခ်င္း အခ်င္းခ်င္းေတာင္ လ်ွိုထားတယ္ေနာ္"

"အဲ့လိုမဟုတ္ပါဘူးဟာ နင္ကလဲ ငါလဲေျပာျပခ်င္တာေပါ့"

"ေတာ္စမ္းပါဟာ"

"ေအးပါ ေတာ္ပါၿပီ ဒါနဲ႔ နင္ေရာ ဘယ္မွာလဲ"

"ဘာကို ဘယ္ရမွာလဲ နင့္ေရွ႕မွာထိုင္ေနတဲ့ဟာ မျမင္ဘူးလား"

"ဟာ အဲ့လိုမဟုတ္ဘူးေလဟာ နင့္ကိုကိုက မေပးဘူးလားလို႔"

"ဘယ္က ကိုကိုလဲ"

"ဟာ ဘယ္သူရွိရမွာလဲ နင့္ဆီ လာ လာေနတဲ့ အစ္ကိုႀကီးေလ"

"သူနဲ႔ ငါနဲ႔က ဘာမွမဆိုင္ဘူး"

"ဟုတ္လို႔လား"

"ေၾသာ္ ဟုတ္ပါတယ္ဆို နင္တအားစပ္စုတာပဲ"

"နင္ကလဲ ငါကသိခ်င္လို႔ပါ"

"ကဲ ကဲ အရုပ္ေတြလဲသိမ္း၊ေခ်ာကလတ္ေတြလဲ ဝရင္ ဆရာမလဲ ေကြၽးပါဦးလို႔"

အသံနွင့္အတူ အခန္းထဲဝင္လာသည့္ ဆရာမေျကာင့္ စကားစအျမန္ျဖတ္ကာ ခံုေပၚထိုင္လိုက္ေလသည္။

"စတာေနာ္ ဆရာမက ဒါေပမယ့္ လာေကြၽးလဲစိတ္မဆိုးပါဘူးလို႔ ကဲ ကဲ စာအုပ္ထုတ္ေတာ့"

"ဟုတ္"

ထို႔ေနာက္ စာသင္သံအခ်ိဳ႕ပ်ံ့နွံ႔လာသည့္ အခန္းေလး။
___________________

စာေမးပြဲႀကီး နီးလာလို႔ က်ဴရွင္ေတြပင္ ဖြင့္ေနေလျပီ။

"ဟဲ့ ငါတို႔ ဒီေန႔ ေန႔လည္ အတန္းၿပီးရင္ က်ံဳးထဲသြားရေအာင္"

"ဘာသြားလုပ္မွာလဲ နင္က "

"ဟဲ့ ငါကဘာလုပ္ရမွာလဲ ပ်င္းလို႔ေပါ့ဟ"

"ငါတို႔သြားရင္ နင္ေမာင္က ဘယ္လိုလုပ္မွာလဲ"

"ဘယ္လိုလုပ္ရမွာလဲ သူပါေခၚသြားမယ္ေလ"

"အာ့ဆိုလည္း သေဘာပဲ သြားၾကတာေပါ့"

ေမႊးတို႔ ၆ ေယာက္ ဝႆန္႔က်ဴရွင္ရွိရာသို႔ ထြက္လာၾကေလသည္။သူမတို႔ေရာက္ခ်ိန္နွင့္ ဝႆန္တို႔ ေန႔လည္စာစားခ်ိန္နွင့္ ကြက္တိျဖစ္ေသာေၾကာင့္ မေစာင့္လိုက္ရဘဲ ဝႆန္႔အား ဆြဲေခၚကာ ခက္ထန္ ဆိုင္ကယ္ေပၚတင္ေပးလိုက္ေလသည္။

ေယာင္နနျဖင့္ပါလာသည့္ ဝႆန္ကေတာ့ ဘာမ်ွမသိ။

ခက္ထန္ သူ႔ေနာက္မွ ဘာမွန္းညာမွန္းမသိဘဲ လိုက္လာသည့္ ဝႆန္႔ေၾကာင့္ ရယ္ခ်င္စိတ္ကို မနည္းထိန္းေနရေလသည္။

"ဒါနဲ႔ အခုဘယ္သြားေနတာလဲ ဟင္"

လမ္းတစ္ဝက္ေရာက္မွ ထြက္လာသည့္ အသံေၾကာင့္

"က်ံဳးထဲသြားမလို႔"

"ဟမ္ ဘာသြားလုပ္မလို႔လဲ"

"ပ်င္းလို႔"

"ဟာ ခင္ဗ်ားပ်င္းတိုင္းသြားရလား ကြၽန္ေတာ့္မွာ အတန္းခ်ိန္ေတြက်န္ေသးတယ္ဗ်"

"ဖ်က္လိုက္ေတာ့ေပါ့ ကေလးရ"

"ဟာ မဖ်က္နိုင္ပါဘူး ရပ္ ရပ္ အခုရပ္ေပး အခုဆိုင္ကယ္ ရပ္ေပး"

ပါးစပ္ကလည္းေျပာရင္း သူ႔ေက်ာျပင္ကိုလည္း လက္သီးဆုပ္ေလးမ်ားျဖင့္ ထုေနသူေၾကာင့္ ထက္ထန္မွာ ၿပံဳးၿဖီးေနသည္မွာ လမ္းသြားလမ္းလာအခ်ိဳ႕ကပင္ ၾကည့္သြားၾကေလသည္။

"ကေလးရာ အခုရပ္လိုက္လို႔ ဘယ္ရမလဲ ခဏေနရင္ကို ေရာက္ေတာ့မယ့္ဟာ"

"မရဘူးေနာ္ ခင္ဗ်ားႀကီး အခုရပ္ေပးဆို"

"ကဲ ဒီေလာက္ေတာင္ ျဖစ္ေနရင္ ကိုယ္တစ္ခါတည္း ခိုးေျပးလိုက္မွာေနာ္ ဘယ္လိုလဲ ခိုးေျပးရမလား ၿငိမ္ၿငိမ္ေလးလိုက္မလား"

သူေျပာေတာ့ စကားသံေလးေတြ တိတ္ဆိတ္သြားကာဘာတံု႔ျပန္မႈမွမရွိဘဲ  ၿငိမ္ၿငိမ္ေလးထိုင္ေနသည့္ ဝႆန္႔ေၾကာင့္ ခက္ထန္ ၿပံဳးလိုက္ေလသည္။

*ကဲ ဘာတတ္နိုင္ေသးလဲ ဆိုးေနတဲ့ကေလးေလးကို ေရွ႕ေလ်ာက္ ခိုးေျပးတာနဲ႔ ကိုင္ေပါက္ၿပီး အနိုင္က်င့္ပစ္ရမယ္ ဟဲ ဟဲ*
________________

က်ံဳးထဲေရာက္ကတည္းက ဘယ္သူ႔မွလည္းစကားတစ္ခြန္းမေျပာဘဲ နႈတ္ခမ္းႀကီးစူထားသူေလးေၾကာင့္ ခက္ထန္မွာ အခ်စ္ပိုရျပန္သည္။

မၾကာေသးခင္ကမွ တပ္ထားသည့္ မ်က္မွန္အဝိုင္းေလးနဲ႔ ဆံပင္အုပ္အုပ္ေလးေၾကာင့္ ပို၍ပင္ခ်စ္ဖို႔ေကာင္းေနေတာ့သည္။


'ဟာကြာ ပါးစပ္ထဲသာ ထည့္ငံုထားလိုက္ခ်င္ေတာ့တယ္'

"ဟဲ့ ငါတို႔ စက္ဘီးစီးရေအာင္"

"စီးမယ္ေလ"

"ဘယ္ေလာက္တဲ့လဲ"

"တစ္နာရီကို ၁၀၀၀တဲ့"

"အာ့ဆိုစီးမယ္"

"နွစ္ေယာက္ တစ္စီးလား တစ္ေယာက္တစ္စီးလား"

"ငါကေတာ့ တစ္ေယာက္ထဲစီးမွာ"

"ငါက မစီးတတ္ဘူး ငါနဲ႔တစ္ေယာက္စီးေပး"

ညႇိနွိုင္းေနၾကသည့္ သူေတြေဘးမွ စူပုတ္ေလးေဘးသို႔ သြားကာ

"ကေလးေရာ "

"..."

"ကေလးနဲ႔ငါနဲ႔တူတူစီးမွာ"

"Wowwwww"

ၿပိဳင္တူအသံထြက္လာၾကသူေတြေၾကာင့္ ဝႆန္ ရွက္ရွက္ျဖင့္ ခက္ထန္အား မ်က္ေစာင္းထိုးလိုက္ေလသည္။နႈတ္မွလည္း တိုးတိုးေလးျဖင့္

"သူ႔လဲဘာမွမေျပာဘဲနဲ႔"

ခက္ထန္ကေတာ့ ကေလးနဲ႔စီးရမွာမို႔ အေက်နပ္ႀကီး ေက်နပ္ေနေတာ့သည္။

စက္ဘီးစစီးပါၿပီဆိုကတည္းက ဖင္ထိုင္ခံုအား ကိုင္ကာ ထိုင္လိုက္လာသူေၾကာင့္ ခက္ထန္မွာ မ်က္နွာႀကီးရွံု႔မဲ့ေနေလသည္။သူျဖစ္ေစခ်င္တာက ကိုယ္ကေရွ႕ကနင္း သူက ခါးေလးဖက္ၿပီးလိုက္ေပါ့။အခုေတာ့..

ထိုစဥ္ အေရွ႕မွ ျဖတ္ေျပးသြားသည္ာ ကေလးငယ္တစ္ေယာက္ေၾကာင့္ စက္ဘီးကို အျမန္ Break အုတ္လိုက္ေတာ့ ဝႆန္႔မွာ နဖူးနဲ႔ ခက္ထန္ေက်ာျပင္နဲ႔ တိုက္မိသလို ေယာင္ရမ္းကာျဖင့္ ခက္ထန္ ခါးအား သြားဖက္လိုက္မိေလသည္။

ခက္ထန္မွာ အခုမွ ကေလးကိုပဲေက်းဇူးတင္ရေတာ့မလိုပင္ ျဖစ္ေနေလသည္။

ခဏေနေတာ့ လက္ျပန္ရုတ္သြားသည္ေၾကာင့္ နင္းေနရင္း Break ထပ္အုတ္လိုက္ေတာ့ သူ႔ခါးကို ဖတ္တြယ္လာသည့္ လက္ကေလးေတြ။

ဝႆန္႔လက္ေတြ ထပ္ရုတ္လိုက္ ခက္ထန္က Break ေဆာင့္အုတ္လိုက္နဲ႔ ၾကာေတာ့ ဝႆန္စိတ္တိုလာသည္။

"ခင္ဗ်ား တမင္လုပ္ေနတာလား"

"ဟုတ္တယ္ေလ"

အျငင္းစကားမဆိုပဲ ဒဲ့တိုးႀကီးေျပာလာသူေၾကာင့္ ဝႆန္ ျပန္ေျပာရန္ျပင္လိုက္စဥ္ သူ႔လက္ကေလးေတြကိုယူကာ ခါးမွာဖက္တြယ္ေစၿပီး ခက္ထန္က သူ႔လက္ျဖင့္အုပ္ကိုင္ထားေလသည္။

"ခင္ဗ်ား"

"အခုကစၿပီး ကေလးလက္ကို မလႊတ္ေတာ့ဘူး ဒီလိုၿမဲၿမံေနေအာင္ အုပ္ကိုင္ထားေတာ့မယ္ ခ်စ္တယ္ ကေလး"

ခက္ထန္စကားေၾကာင့္ ဝႆန္႔မွာ လက္ေတြလည္း ျပန္မရုတ္ရဲသလို တစ္ျဖည္းျဖည္း ပန္းႏုေရာင္သန္းလာသည့္ မ်က္နွာေလးေၾကာင့္ ၿပံဳးကာ ေခါင္းငံု႔ထားလိုက္ေလေတာ့သည္။

"ဟယ္ ဟယ္ ၾကည့္စမ္း ေျပာေတာ့ မႀကိဳက္ပါဘူးတဲ့ အခုေတာ့ နွစ္ေယာက္ တစ္ကမၻာတည္ေနတာ ငါတို႔ကိုေတာင္ ေမ့ေနၾကၿပီ"

အေနာက္က ေမႊးတို႔မွာေတာ့ သူတို႔ေရွ႕က နွစ္ေယာက္အားၾကည့္ကာ ပြစိပြစိေျပာလို႔ပင္ မၿပီးေတာ့ေခ်။

__________________
ေမ့ေနၾကၿပီလား😸💜
______________________

Unicode...

"ဗိုက်ဆာနေပြီ ငါတော့ နင်တို့ရော"

"စားကြတာပေါ့ ဘာစားကြမှာလဲ"

"ကြိုက်ရာစားကြ"

ရုပ်ရှင်ရုံထဲက ထွက်လာလာချင်း မေးနေသည့် မွှေး။

"မသိဘူးလေ ကြက်ကြော်သွားစားရင်ရော"

"အေး မဆိုးဘူး ငါလဲစားချင်တယ်"

"ဝဿန် နင်ရော ဘာစားမှာလဲ"

"စားလို့ရတဲ့ဟာ အကုန်စားမှာ"

"ဟဲ့ ခက်ထန် နင်ရော"

ပြောရန် ပါးစပ်ဟပြီးမှ မပြောဘဲကြည့်နေသည့် ခက်ထန်ကို မွှေးတို့ ၅ ယောက် ဝိုင်းကြည့်နေကြသည်။

"သွားမမေးနဲ့ သူ သရဲကားကြည့်ပြီး အော်ရလွန်းလို့ ပါးညောင်းပြီး စကားမပြောနိုင်တော့ဘူး ကြက်ကြော်မစားနိုင်ရင် အအေးသောက်နေလိုက် လာ သွားစို့"

တန်းစီပြီးပြောကာ အရှေ့မှထွက်သွားသည့် ဝဿန့်နောက်သို့ လိုက်ရပြန်သည်။

ဆိုင်ရောက်တော့လည်း ထဖောက်လာသည့် ခက်ထန်ကြောင့် မွှေးတို့မှာ မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေရသည်။

ကြက်ကြော်မဝါးနိုင်လို့ ဝါးကြွေးရမည်တဲ့။

"ဒီမှာ ခင်ဗျား မရွံဘူးလား"

"ဘာလို့ရွံရမှာလဲ ကိုယ့်ကလေးက ဝါးကြွေးမှာပဲဟာကို"

မွှေးတစ်ယောက် ရစ်နေသည့် ခက်ထန်အား စိတ်မရှည်တော့။

"ခက်ထန် နင် သရဲကားကြည့်ပြီး တစ်ခန်းလွတ်သွားတာတော့ မဟုတ်ပါဘူးနော်"

"လွတ်စရာလား ငါ့ကလေးနဲ့တောင် လက်မထပ်ရသေးတဲ့ဟာ နှော ကလေးရာ"

ဝဿန် သူ့ဘက်လှည့်ကာ မေးငေါ့ပြောလာသည့် ခက်ထန်ကို အသံတိတ် ဆဲလိုက်လေသည်။

"ကလေးလို့ ကိုယ့်ကိုခွံလို့ အာ"

လူအများကြားထဲ မရှက်မကြောက် သူ့ဘက်လှည့်ကာ ပါးစပ်ကြီးဖြဲပြနေသည့် ခက်ထန်ကြောင့် ဝဿန် စားလက်စ ကြက်ပေါင်အား ခက်ထန်ပါးစပ်ထဲ အတင်းထိုးထည့်လိုက်လေသည်။

"ရော့ ရော့ အဲ့မှာဝအောင်စား ကျွန်တော်မစားတော့ဘူး"

"အဟွတ် အဟွတ်"

ကျန်နေသည့် မွှေးတို့ ၅ ယောက်မှာ မျက်နှာကြီးရှုံ့မဲ့ကာ ချောင်းတဟွတ်ဟွတ်ဆိုးနေသည့် ခက်ထန်အား မဲ့ရွဲ့ကာဖြင့် ကြည့်လိုက်ကြသည်။

ပါးစပ်ထဲ အလုံးအရင်းဖြင့် ဝင်လာသည့်ကြက်ပေါင်ကြောင့် ခက်ထန်မှာ ချောင်းဆိုးလို့ပင် မပြီးတော့။

ဝဿန်တစ်ယောက်ကတော့ စိတ်ကောက်ပြီး ဆိုင်ထဲမှထွက်သွားလေပြီ။

ချော့ပေဦးတော့ ခက်ထန်ရေ။
____________________

"ဒေါက် ဒေါက်"

ဝဿန်တစ်ယောက် ဂိမ်းဆော့နေစဉ် အခန်းတံခါးလာခေါက်သည့် အသံကြောင့်

"ဝင်ခဲ့ပါ"

"ဝဿန် ငါနင့်ကိုမေးစရာရှိလို့"

"ပြော ဘာမေးမလို့လဲ"

"ဟို နင် ငါ့သူငယ်ချင်းကို ခုထိမချစ်သေးဘူးလား"

"ဘယ် သူငယ်ချင်းလဲ"

"ခက်ထန်လေဟာ နင်ကလဲ"

"ဒီမှာ ငါ့အစ်မ ချစ် ချစ် ဆိုတိုင်း လွယ်လွယ်ချစ်လို့ရတယ်ထင်နေလား သူ့ဘက် ကိုယ့်ဘက်ဆိုတာ တွေးရသေးတယ် နောက်ပြီး ငါတို့က သာမာန်အချစ်မဟုတ်ဘူး မျိုးတူယောက်ျားလေးနှစ်ယောက်ကနေ ပေါက်ဖွားလာတဲ့အချစ် ဖြစ်သင့်တာတွေ မဖြစ်သင့်တာတွေဆိုတာကလည်းရှိသေးတယ် ငါတို့နှစ်ယောက်ထဲ ချစ်နေတာနဲ့ပဲပြီးသွားတဲ့ ကိစ္စမဟုတ်ဘူး မိသားစုအသိုင်းအဝိုင်းဆိုတာရှိသေးတယ် သူတို့ဘက်ကရော ငါတို့ကို လက်ခံနိုင်ပါ့မလား ထားပါတော့ သူတို့လက်ခံနိုင်တယ်ပဲ ဘေးပတ်ဝန်းကျင်ဆိုတာကလည်းရှိသေးတယ် ငါကတော့ ပတ်ဝန်းကျင်ကိုဂရုမစိုက်တတ်ဘူး ငါ့မိဘလည်းအတူတူပဲ ဂရုမစိုက်တတ်ဘူး ဒါပေမယ့် ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုတွေကြားထဲမှာ ငါ့ကြောင့် ငါ့မိဘကိုတော့ မထိခိုက်စေချင်ဘူး နင်လည်းသိမှာပါ
နှဲ့ပါများလာရင် နဲ့ပြီး ကျွတ်ထွက်သွားတတ်တဲ့သဘောကို အာ့ကြောင့် နင်လဲ ကိုယ်ဘက်ကဖြစ်စေချင်တိုင်း လူတစ်ယောက်ကို အတင်းလုပ်မယူပါနဲ့ သူ့စိတ်၊ သူ့ခံစားချက်၊ သူ့သဘောအတိုင်းရှိပါစေ တစ်ချိန်ချိန် ဒီလူနဲ့အကြောင်းပါကိုပါရမယ်ဆိုရင် နင်လုပ်ယူစရာတောင်မလိုဘူး သူ့ဘာသူညားလိမ့်မယ်"

"ဟုတ်ကဲ့ပါ ဒါဆို ငါတစ်ခုပဲမေးမယ် တကယ် ဒီတစ်ခါနောက်ဆုံးပါပဲ နော်"

"ဘာလဲ"

"နင် ခက်ထန်ကိုချစ်လား"

"မချစ်ဘူး"

ဝဿန့်ရဲ့ မဆိုင်းမတွဖြေလာသည့် စကားကြောင့် မွှေးမျက်နှာလေး ညှိုးကျသွားလေသည်။ပြီးနောက် ဘာစကားမှဆက်မပြောတော့ဘဲ သူ့အခန်းထဲသူ ဝင်သွားသည်ကြောင့် ဝဿန်လဲ ဂိမ်းပဲ ဆက်ဆော့နေလိုက်သည်။

"နင်ကြားလိုက်တယ်မို့လား"

တကယ်တော့ မွှေးကို ခက်ထန်ကဖုန်းဆက်ပြီး သွားမေးပေးဖို့ပြောခဲ့တာပါ။သူကိုယ်တိုင်လည်း ကြားချင်သည်ဟုဆိုကာ ဖုန်းမချဘဲ မေးလိုက်ရခြင်းပင်။

"အင်း"

"ငါတောင်းပန်ပါတယ် ငါ့ကြောင့် နင် နာကျင်ရပြီ"

"ရပါတယ် ငါဘာမှမဖြစ်ပါဘူး နောက်ပြီး ကလေးပြောတာလဲ ဟုတ်နေတာပဲဟာ "

"အေးပါ နင်အဆင်ပြေရင်ပြီးရော"

"ငါ့ဟာငါ ဆက်ပြီးကြိုးစားလိုက်မယ် နင့်မိဘတွေကိုသာ နည်းနည်းလမ်းခင်းပေး"

"အိုကေ အိုကေ"

"အေး အာ့ဆို ဒါပဲနော်"

"အင်း"

မွှေး ဖုန်းလေးချသွားသည်နှင့် ခက်ထန်လည်း ကုတင်ပေါ် ထိုင်နေရင်းမှ ခေါင်းငိုက်စိုက်ချလိုက်မိသည်။

"စိတ်ချပါကလေး ကိုယ်က ကလေးကို ဘာမှမထိခိုက်အောင် အတတ်နိုင်ဆုံးကာကွယ်သွားမှာမို့"

ထို့နောက် ဖုန်းလေးယူကာ ဝဿန့်ဆီသို့ စာတစ်စောင်ပို့လိုက်လေသည်။

*ချစ်တယ် ကလေး*

sent ဖြစ်သွားပေမယ့် seen မဖြစ်သေးသည့် စာကြောင်းလေးအား အတန်ငယ် ငေးကြည့်ပြီးမှ ကုတင်ပေါ်လဲလျောင်းကာ မျက်ဝန်းတွေကိုမှိတ်၍ အိပ်စက်ခြင်းဆီသို့ ကူးပြောင်းလိုက်သည်။
___________________

February 14 ရက်နေ့...

အခန်းထဲက ကျောင်းသူအချို့လက်ထဲတွင် ကိုင်ထားသည့် အရုပ်များ၊ ချောကလတ်များနှင့် ပန်းစီးအချို့အားကြည့်ကာ နှာခေါင်းရှုံ့မိသည်။

"မျက်စိကိုနောက်နေတာပဲ"

"မျက်စိနောက်ရင်လဲ မှိတ်ထားလိုက်"

အနားရှိခုံသို့ အရုပ်ကြီးပိုက်ကာလာထိုင်သူကို မော့ကြည့်လိုက်တော့ အာဗြဲမ။

"နေစမ်းပါဦး နင်က ဘယ်လိုလုပ်ပြီး.."

"ဟီးဟီး ဒါက လျှို့ဝှက်ချက်လေဟာ"

"ကြည့်စမ်း ကြည့်စမ်း သူငယ်ချင်း အချင်းချင်းတောင် လျှိုထားတယ်နော်"

"အဲ့လိုမဟုတ်ပါဘူးဟာ နင်ကလဲ ငါလဲပြောပြချင်တာပေါ့"

"တော်စမ်းပါဟာ"

"အေးပါ တော်ပါပြီ ဒါနဲ့ နင်ရော ဘယ်မှာလဲ"

"ဘာကို ဘယ်ရမှာလဲ နင့်ရှေ့မှာထိုင်နေတဲ့ဟာ မမြင်ဘူးလား"

"ဟာ အဲ့လိုမဟုတ်ဘူးလေဟာ နင့်ကိုကိုက မပေးဘူးလားလို့"

"ဘယ်က ကိုကိုလဲ"

"ဟာ ဘယ်သူရှိရမှာလဲ နင့်ဆီ လာ လာနေတဲ့ အစ်ကိုကြီးလေ"

"သူနဲ့ ငါနဲ့က ဘာမှမဆိုင်ဘူး"

"ဟုတ်လို့လား"

"သြော် ဟုတ်ပါတယ်ဆို နင်တအားစပ်စုတာပဲ"

"နင်ကလဲ ငါကသိချင်လို့ပါ"

"ကဲ ကဲ အရုပ်တွေလဲသိမ်း၊ချောကလတ်တွေလဲ ဝရင် ဆရာမလဲ ကျွေးပါဦးလို့"

အသံနှင့်အတူ အခန်းထဲဝင်လာသည့် ဆရာမကြောင့် စကားစအမြန်ဖြတ်ကာ ခုံပေါ်ထိုင်လိုက်လေသည်။

"စတာနော် ဆရာမက ဒါပေမယ့် လာကျွေးလဲစိတ်မဆိုးပါဘူးလို့ ကဲ ကဲ စာအုပ်ထုတ်တော့"

"ဟုတ်"

ထို့နောက် စာသင်သံအချို့ပျံ့နှံ့လာသည့် အခန်းလေး။
___________________

စာမေးပွဲကြီး နီးလာလို့ ကျူရှင်တွေပင် ဖွင့်နေလေပြီ။

"ဟဲ့ ငါတို့ ဒီနေ့ နေ့လည် အတန်းပြီးရင် ကျုံးထဲသွားရအောင်"

"ဘာသွားလုပ်မှာလဲ နင်က "

"ဟဲ့ ငါကဘာလုပ်ရမှာလဲ ပျင်းလို့ပေါ့ဟ"

"ငါတို့သွားရင် နင်မောင်က ဘယ်လိုလုပ်မှာလဲ"

"ဘယ်လိုလုပ်ရမှာလဲ သူပါခေါ်သွားမယ်လေ"

"အာ့ဆိုလည်း သဘောပဲ သွားကြတာပေါ့"

မွှေးတို့ ၆ ယောက် ဝဿန့်ကျူရှင်ရှိရာသို့ ထွက်လာကြလေသည်။သူမတို့ရောက်ချိန်နှင့် ဝဿန်တို့ နေ့လည်စာစားချိန်နှင့် ကွက်တိဖြစ်သောကြောင့် မစောင့်လိုက်ရဘဲ ဝဿန့်အား ဆွဲခေါ်ကာ ခက်ထန် ဆိုင်ကယ်ပေါ်တင်ပေးလိုက်လေသည်။

ယောင်နနဖြင့်ပါလာသည့် ဝဿန်ကတော့ ဘာမျှမသိ။

ခက်ထန် သူ့နောက်မှ ဘာမှန်းညာမှန်းမသိဘဲ လိုက်လာသည့် ဝဿန့်ကြောင့် ရယ်ချင်စိတ်ကို မနည်းထိန်းနေရလေသည်။

"ဒါနဲ့ အခုဘယ်သွားနေတာလဲ ဟင်"

လမ်းတစ်ဝက်ရောက်မှ ထွက်လာသည့် အသံကြောင့်

"ကျုံးထဲသွားမလို့"

"ဟမ် ဘာသွားလုပ်မလို့လဲ"

"ပျင်းလို့"

"ဟာ ခင်ဗျားပျင်းတိုင်းသွားရလား ကျွန်တော့်မှာ အတန်းချိန်တွေကျန်သေးတယ်ဗျ"

"ဖျက်လိုက်တော့ပေါ့ ကလေးရ"

"ဟာ မဖျက်နိုင်ပါဘူး ရပ် ရပ် အခုရပ်ပေး အခုဆိုင်ကယ် ရပ်ပေး"

ပါးစပ်ကလည်းပြောရင်း သူ့ကျောပြင်ကိုလည်း လက်သီးဆုပ်လေးများဖြင့် ထုနေသူကြောင့် ထက်ထန်မှာ ပြုံးဖြီးနေသည်မှာ လမ်းသွားလမ်းလာအချို့ကပင် ကြည့်သွားကြလေသည်။

"ကလေးရာ အခုရပ်လိုက်လို့ ဘယ်ရမလဲ ခဏနေရင်ကို ရောက်တော့မယ့်ဟာ"

"မရဘူးနော် ခင်ဗျားကြီး အခုရပ်ပေးဆို"

"ကဲ ဒီလောက်တောင် ဖြစ်နေရင် ကိုယ်တစ်ခါတည်း ခိုးပြေးလိုက်မှာနော် ဘယ်လိုလဲ ခိုးပြေးရမလား ငြိမ်ငြိမ်လေးလိုက်မလား"

သူပြောတော့ စကားသံလေးတွေ တိတ်ဆိတ်သွားကာဘာတုံ့ပြန်မှုမှမရှိဘဲ  ငြိမ်ငြိမ်လေးထိုင်နေသည့် ဝဿန့်ကြောင့် ခက်ထန် ပြုံးလိုက်လေသည်။

*ကဲ ဘာတတ်နိုင်သေးလဲ ဆိုးနေတဲ့ကလေးလေးကို ရှေ့လျောက် ခိုးပြေးတာနဲ့ ကိုင်ပေါက်ပြီး အနိုင်ကျင့်ပစ်ရမယ် ဟဲ ဟဲ*
________________

ကျုံးထဲရောက်ကတည်းက ဘယ်သူ့မှလည်းစကားတစ်ခွန်းမပြောဘဲ နှုတ်ခမ်းကြီးစူထားသူလေးကြောင့် ခက်ထန်မှာ အချစ်ပိုရပြန်သည်။

မကြာသေးခင်ကမှ တပ်ထားသည့် မျက်မှန်အဝိုင်းလေးနဲ့ ဆံပင်အုပ်အုပ်လေးကြောင့် ပို၍ပင်ချစ်ဖို့ကောင်းနေတော့သည်။


'ဟာကွာ ပါးစပ်ထဲသာ ထည့်ငုံထားလိုက်ချင်တော့တယ်'

"ဟဲ့ ငါတို့ စက်ဘီးစီးရအောင်"

"စီးမယ်လေ"

"ဘယ်လောက်တဲ့လဲ"

"တစ်နာရီကို ၁၀၀၀တဲ့"

"အာ့ဆိုစီးမယ်"

"နှစ်ယောက် တစ်စီးလား တစ်ယောက်တစ်စီးလား"

"ငါကတော့ တစ်ယောက်ထဲစီးမှာ"

"ငါက မစီးတတ်ဘူး ငါနဲ့တစ်ယောက်စီးပေး"

ညှိနှိုင်းနေကြသည့် သူတွေဘေးမှ စူပုတ်လေးဘေးသို့ သွားကာ

"ကလေးရော "

"..."

"ကလေးနဲ့ငါနဲ့တူတူစီးမှာ"

"Wowwwww"

ပြိုင်တူအသံထွက်လာကြသူတွေကြောင့် ဝဿန် ရှက်ရှက်ဖြင့် ခက်ထန်အား မျက်စောင်းထိုးလိုက်လေသည်။နှုတ်မှလည်း တိုးတိုးလေးဖြင့်

"သူ့လဲဘာမှမပြောဘဲနဲ့"

ခက်ထန်ကတော့ ကလေးနဲ့စီးရမှာမို့ အကျေနပ်ကြီး ကျေနပ်နေတော့သည်။

စက်ဘီးစစီးပါပြီဆိုကတည်းက ဖင်ထိုင်ခုံအား ကိုင်ကာ ထိုင်လိုက်လာသူကြောင့် ခက်ထန်မှာ မျက်နှာကြီးရှုံ့မဲ့နေလေသည်။သူဖြစ်စေချင်တာက ကိုယ်ကရှေ့ကနင်း သူက ခါးလေးဖက်ပြီးလိုက်ပေါ့။အခုတော့..

ထိုစဉ် အရှေ့မှ ဖြတ်ပြေးသွားသည်ာ ကလေးငယ်တစ်ယောက်ကြောင့် စက်ဘီးကို အမြန် Break အုတ်လိုက်တော့ ဝဿန့်မှာ နဖူးနဲ့ ခက်ထန်ကျောပြင်နဲ့ တိုက်မိသလို ယောင်ရမ်းကာဖြင့် ခက်ထန် ခါးအား သွားဖက်လိုက်မိလေသည်။

ခက်ထန်မှာ အခုမှ ကလေးကိုပဲကျေးဇူးတင်ရတော့မလိုပင် ဖြစ်နေလေသည်။

ခဏနေတော့ လက်ပြန်ရုတ်သွားသည်ကြောင့် နင်းနေရင်း Break ထပ်အုတ်လိုက်တော့ သူ့ခါးကို ဖတ်တွယ်လာသည့် လက်ကလေးတွေ။

ဝဿန့်လက်တွေ ထပ်ရုတ်လိုက် ခက်ထန်က Break ဆောင့်အုတ်လိုက်နဲ့ ကြာတော့ ဝဿန်စိတ်တိုလာသည်။

"ခင်ဗျား တမင်လုပ်နေတာလား"

"ဟုတ်တယ်လေ"

အငြင်းစကားမဆိုပဲ ဒဲ့တိုးကြီးပြောလာသူကြောင့် ဝဿန် ပြန်ပြောရန်ပြင်လိုက်စဉ် သူ့လက်ကလေးတွေကိုယူကာ ခါးမှာဖက်တွယ်စေပြီး ခက်ထန်က သူ့လက်ဖြင့်အုပ်ကိုင်ထားလေသည်။

"ခင်ဗျား"

"အခုကစပြီး ကလေးလက်ကို မလွှတ်တော့ဘူး ဒီလိုမြဲမြံနေအောင် အုပ်ကိုင်ထားတော့မယ် ချစ်တယ် ကလေး"

ခက်ထန်စကားကြောင့် ဝဿန့်မှာ လက်တွေလည်း ပြန်မရုတ်ရဲသလို တစ်ဖြည်းဖြည်း ပန်းနုရောင်သန်းလာသည့် မျက်နှာလေးကြောင့် ပြုံးကာ ခေါင်းငုံ့ထားလိုက်လေတော့သည်။

"ဟယ် ဟယ် ကြည့်စမ်း ပြောတော့ မကြိုက်ပါဘူးတဲ့ အခုတော့ နှစ်ယောက် တစ်ကမ္ဘာတည်နေတာ ငါတို့ကိုတောင် မေ့နေကြပြီ"

အနောက်က မွှေးတို့မှာတော့ သူတို့ရှေ့က နှစ်ယောက်အားကြည့်ကာ ပွစိပွစိပြောလို့ပင် မပြီးတော့ချေ။

__________________
့မေ့နေကြပြီလား😸💜
______________________


© Kout Tay,
книга «ေႂကြ».
အပိုင္း-၂၁
Коментарі
Упорядкувати
  • За популярністю
  • Спочатку нові
  • По порядку
Показати всі коментарі (1)
Eaint Choue
အပိုင္း-၂၀
Up😍😍😘😘
Відповісти
2020-11-03 20:06:38
1