အပိုင်း-၂၅
Zawgyi...
"ဟင် ဒါ ဒါက"
*တောက်*
"ဟာ ငါကွာ လုပ်လိုက်ရ"
*တောက်* "ဟာကွာ"
"ဖေဖေ"
"သား သား မသိဘူး ဖေဖေ"
*တောက်*
"ဟုတ် ဟုတ်ကဲ့"
_________________
*တူ~တူ~တူ~*
"ဟယ်လို"
"ဟယ်လို ခက်ထန်"
"အေး မွှေး ပြော"
"ဘယ်ကိစ္စလဲ"
"ငါ ငါလား အင်းးးး"
"အဲ့တာက အင်းးး"
"ဒါပေမယ့်"
"အင်းး"
_________________
"ဘယ်သူလဲ"
"ပြောပြတော့"
"ရော့"
"ဒါက ဘာလုပ်ဖို့လဲ"
"Omm"
"ဟယ်လို"
"ကလေး"
"အင်း"
"ကျ ကျွန်တော်..."
Tbc...
____________________
LOVE YOU ALL💜
----------------------------
Unicode...
"ဟင် ဒါ ဒါက"
အံ့သြတကြီး လှည့်ကြည့်လာသော မေမေ။
မမွှေးမှာလည်း ပါးစပ်အဟောင်းသားဖြင့်။
"အေး အဲ့တာ မင်းသားရဲ့ ငါတို့ကို အရှက်ခွဲလိုက်မှုကြီးပဲ အခု ငါ ပတ်ဝန်းကျင်ကို ဘယ်လို မျက်နှာပြရတော့မှာလဲ"
*တောက်*
"ဟာ ငါကွာ လုပ်လိုက်ရ"
ပါးစပ်ကလည်းပြော လက်ကပါ ရွယ်လိုက်သောကြောင့် မေမေနဲ့ မမမှာ ထပ်ဆွဲရပြန်သည်။
"မ မလုပ်ပါနဲ့တော့ အဖေကြီးရယ်"
*တောက်* "ဟာကွာ"
"ဒီမှာ မင်းဝဿန် မင်းက တကယ်ပဲ အခြောက်လား"
"ဖေဖေ"
"ငါ့ကို ခေါ်ခိုင်းနေတာမဟုတ်ဘူး မင်းကိုဖြေခိုင်းနေတာ ပြောလေကွာ ပြောလေ ခုတော့ မင်းမှာ ပါးစပ်မပါတော့ဘူးလားကွ ဟမ်.. ဘယ့်နှယ့်ကွာ ငါမွေးထားတဲ့သားက အခြောက်တဲ့ လူကြားလို့မှမကောင်း.. ငါ့မှာတော့ သားလေးတစ်ယောက်ထဲမို့ ဖူးဖူးမှုတ်ပြီး ချစ်လိုက်ရတာ ဘာပဲလိုချင်လိုချင် သားမျက်နှာ မညှိုးစေရဘူး.. ခုတော့ မင်းက အဲ့တာတွေကို ဒီလိုမျိုးဆပ်လိုက်တယ်တဲ့လား.. ဟမ် ဟိတ်ကောင် ဖြေလေကွာ ငါမေးနေတယ်"
သူ့အကျီင်္ကော်လံစအား ဆွဲဆုပ်ကိုင်ကာ မေးလာသော ဖေဖေ့စကားအား ပြန်ဖြေရန် စကားလုံးများပင် ပျောက်ရှလျက်။
"သား သား မသိဘူး ဖေဖေ"
မျက်ရည်ရစ်သိုင်းနေသော မျက်ဝန်းများဖြင့် ဖေဖေ့အားကြည့်လျက် ဖြေလိုက်သည်။
*တောက်*
"ငါ မင်းကို အပြတ်ပြောလိုက်မယ် ဝဿန်.. ဒီကိစ္စကို ငယ်တုန်းမို့ အချစ်ကို အရူးအမူးဖြစ်တယ်ဆိုပြီး ငါမသိသလိုနေလိုက်မယ်.. အခုကစပြီး အိမ်ထဲက အိမ်အပြင်မထွက်ရဘူး ဖုန်းလည်းသိမ်းမယ် စာမေးပွဲကိုလည်း ဆက်ဖြေစရာမလိုတော့ဘူး.. နောက်တစ်ပတ်လောက်နေရင် မင်းအဘိုးတို့ရှိတဲ့ နေပြည်တော်ကို လိုက်သွားရမယ် အဲ့မှာပဲ ကျောင်းဆက်တက်ပြီး မင်းရဲ့အချိုးတွေကို ပြင်ခဲ့ အဲ့လိုမှမဟုတ်ဘူး အခု ငါစီစဉ်တာကို လက်မခံနိုင်ဘူးဆိုရင် ငါ့အိမ်ကနေထွက်သွား ဘယ်တော့မှ ပြန်မလာနဲ့ ငါ့ကို အဖေလို့လဲမသတ်မှတ်နဲ့ မင်းထွက်သွားတာနဲ့ ဒီအိမ်နဲ့ ဘာမှမဆိုင်ဘူးလို့သာ မှတ်ထားလိုက် ကုန်ကုန်ပြောလိုက်မယ် ငါသေရင်တောင် ငါ့ဈာပနကို မင်းလာစရာမလိုဘူး.. ဒီတော့ မင်းသေချာစဉ်းစား ငါ ဒါပဲပြောချင်တယ်"
ဒေါသတကြီး ပြောပြီးထွက်သွားသည့်ဖေဖေက တံခါးဝအရောက်မှာ နောက်သို့ငဲ့ကြည့်လျက်
"ထားမေ သူ့ဆီက ဖုန်း ယူခဲ့.. မွှေးလဲအပြင်ထွက်ခဲ့ ပြီးရင် အခန်းတံခါးကိုသော့ခတ်ပြီး စဉ်းစားချိန်ပေးထားလိုက်.. ညစာကိုလည်း ပြီးမှလာပို့ပေးလိုက်"
"ဟုတ် ဟုတ်ကဲ့"
အခန်းထဲမှ အကုန်လုံးထွက်သွားသည်နှင့် သူလည်း ကြမ်းပြင်ပေါ်သို့ ခြေပစ်လက်ပစ်ထိုင်မိသည်။မျက်ဝန်းမှလည်း မျက်ရည်များ စီးကျလျက်ဖြင့်။
'အခု ဘယ်လိုလုပ်တော့မှာလဲ တစ်ဖက်က မိဘ နောက်တစ်ဖက်က ငါ့ရဲ့ ...... ပြီးတော့ ပညာရေး.. ပညာရေးက ပြန်ကြိုးစားရင် ရပေမယ့်လည်း အခု ငါ ဘာဆက်လုပ်ရမလဲ'
_________________
ညစာလင်ဗန်းအား ကိုင်ကာ အပေါ်ထပ်တက်ရန် ပြင်လိုက်စဉ် message ဝင်လာသံကြောင့် ဖွင့်ကြည့်လိုက်သည်။
ဖုန်း ဖွင့်ကြည့်ကြည့်ချင်း မြင်လိုက်ရသည်က fb တွင်တင်ထားသည့်ပို့စ်ကို ss ရိုက်ထားသည့်ပုံတွေ ပို့ထားခြင်း။
*ဟဲ့ အဲ့တာ နင့်မောင်မို့လား*
*နမ်းနေတဲ့ သူကလည်း ခက်ထန်မို့လား*
*နင် ss က caption ကို အရင်ဖတ်ကြည့်လိုက်ဦး*
သူငယ်ချင်းပြောသလို ဖတ်ကြည့်မိတော့ 'ရွံစရာကောင်းလိုက်တာ စာကြည့်တိုက်ထဲမှာတောင် မရှက်မကြောက် ယောက်ျားချင်းနမ်းနေကြတယ် စာကြည့်တိုက်မှူးဆရာမမှ အားမနာ' ဆိုသည့် caption ဖြင့်။
မန့်ထားသည့် cmt များမှာလည်း ရှုပ်ချထားမှုများ ဆဲဆိုထားမှုများဖြင့် ပြည့်နှက်လျက်။
'ဒီကိစ္စကို ငါ ဘယ်လိုလုပ်ရမလဲ ဟာ ဟုတ်ပြီ ခက်ထန် ခက်ထန်ကို အရင် ပြောရမယ်'
ဒေါင့်တစ်နေရာသို့ အပြေးသွားကာ ဖုန်းခိုးဆက်ရသည်။
*တူ~တူ~တူ~*
"ဟယ်လို"
"ဟယ်လို ခက်ထန်"
"အေး မွှေး ပြော"
"နင် နင် ဟိုကိစ္စကို သိပြီးပြီလား"
"ဘယ်ကိစ္စလဲ"
"နင်နဲ့ ငါ့မောင်နဲ့ ပုံတွေ လိုင်းပေါ်ပျံ့နေတာကိုလေ"
"သြော် အဲ့တာလား ငါသိပြီးပြီ"
"ဒါဆို ခု နင် ဘာဆက်လုပ်မယ်လို့ စဉ်းစားထားလဲ"
"ငါ ငါလား အင်းးးး"
"မြန်မြန်ပြော အခြေအနေက နင့်အပေါ်မှာ မူတည်နေတယ် ခု ဝဿန့်ကို အခန်းထဲမှာ ပိတ်ထားကြတယ် ဖုန်းလဲသိမ်းထားတယ် စာမေးပွဲလဲ ဒီနှစ် ဆက်ဖြေခွင့်မပေးဘူးတဲ့ နေပြည်တော်ကိုလဲ ပို့မယ်လို့ပြောတယ် အဲ့တာ နင့်ဘက်က ဘယ်လိုလဲ"
"ငါ့ဘက်က ဘာကိုဘယ်လိုရမှာလဲ"
"ဟာ နင် ငါ့မောင်ကို ချစ်တယ်မှတ်လား"
"အဲ့တာက အင်းးး"
"အေး အဲ့တာဆို ခဏနေ ငါသူ့အခန်းကိုသွားရင် နင့်ဆီဖုန်းဆက်လိုက်မယ် သူ့ကိုမေးကြည့်ပေါ့ နင်တို့နှစ်ယောက်လုံးအဆင်ပြေရင် ငါ ငါ့မောင်ကို ခိုးဖို့ရာ ကူညီပေးမယ် "
"ဒါပေမယ့်"
"ဒါပေမယ့်တွေ ဘာတွေ ပြောမနေနဲ့ အရေးကြီးတာ နင် ငါ့မောင်ကို ချစ်တယ်မှတ်လား ဒါဆို ငါပြောတဲ့အတိုင်းသာလုပ် ကြားလား"
"အင်းး"
ပြီးနောက် လင်ဗန်းအားယူကာ အပေါ်သို့ ဆက်တက်ခဲ့လိုက်သည်။
_________________
"အားရှိအောင် စားလိုက်ဦး"
လင်ဗန်းအား စားပွဲပေါ်သို့ တင်ကာ ပြောလိုက်သည်။
"ကျွန်တော် စားချင်စိတ်မရှိဘူး"
အားပျက်သလို လျော့တိလျောရဲထိုင်နေသည့် မောင်ဖြစ်သူအား ကြည့်ရင်း သူမ သက်ပြင်းသဲ့သဲ့ချမိသည်။
"စားချင်စိတ်မရှိဘူးလုပ်မနေနဲ့ နည်းနည်းလောက် ဝင်အောင်စားလိုက် ပြီးရင် နင်ဖုန်းပြောရမယ့်သူတစ်ယောက်ရှိတယ်"
"ဘယ်သူလဲ"
ဝဿန် မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
"သိချင်ရင် နည်းနည်းတော့စားလိုက်"
မမွှေး မေးငေါ့ပြသော လင်ဗန်းထဲမှ ထမင်းအား ၂ ဇွန်းခန့်စားလိုက်ပြီးနောက်..
"ပြောပြတော့"
"ရော့"
"ဒါက ဘာလုပ်ဖို့လဲ"
ကမ်းပေးလာသည့် ဖုန်းအား ဝဿန် ယောင်နနဖြင့်ကြည့်ရင်း မေးလိုက်သည်။
"ဖုန်းပြောလိုက်ဦး ငါအပြင်ဘက်မှာ အရိပ်အခြေကြည့်လိုက်ဦးမယ် ဖေဖေလာရင် ငါ တံခါးခေါက်လိုက်မယ်"
"Omm"
မမွှေးအခန်းပြင် ထွက်သွားသည်နှင့် သူလည်း ဖုန်းပြောလိုက်သည်။
"ဟယ်လို"
"ကလေး"
"အင်း"
"ကလေး အခု ဘယ်လိုဆက်လုပ်ချင်လဲ "
"ဟင့်အင်း ကျွန်တော်မသိဘူး"
"ကလေးကိုယ့်ကို ချစ်လား ဟင်"
"ကျွန်တော် ကျွန်တော် မသိဘူး"
"ကိုယ့်အပေါ်မှာ နည်းနည်းလေးတောင် မခံစားရဘူးလား"
"အဲ့ အဲ့လိုလဲ မဟုတ်ပါဘူး ကျွန်တော်တို့နှစ်ယောက်က ယောက်ျားလေးတွေလေ ပတ်ဝန်းကျင်ဆိုတာကလည်း ရှိသေးတယ် နောက်ပြီး မိဘတွေကို အရှက်မရစေချင်ဘူး"
"ကလေး ယောက်ျားလေးတွေဆိုတိုင်း မချစ်ရဘူးလို့ ဘယ်သူပြောလဲ အချစ်မှာ ကျား မ ကန့်သတ်ချက်ဆိုတာ မရှိဘူး နောက်ပြီး ပတ်ဝန်းကျင်ကို ဂရုစိုက်စရာမလိုဘူး ကလေး ဂရုစိုက်ရမှာက ကိုယ့်ကိုပဲ ကိုယ့်တစ်ယောက်ထဲကိုပဲ ချစ်၊ ကိုယ့်တစ်ယောက်ထဲကိုပဲ ကြည့်ပြီး ကိုယ့်တစ်ယောက်ထဲကိုပဲ ဂရုစိုက်ရမှာ ကျန်တာ ကလေး ဂရုစိုက်စရာမလိုဘူး ပြီးတော့ မိဘတွေ ရှက်ကြမှာကို သိပေမယ့် ကလေးကို ကိုယ် ပိုင်ဆိုင်ချင်တယ် အခုချိန်မှာမိဘတွေ စိတ်ဆိုးကြရင်တောင် နောင်ကြရင် ခွင့်လွှတ်ပေးကြမှာပါ အရေးကြီးတာ ကိုယ်တို့နှစ်ယောက် အရင် နီးစပ်ကြဖို့ပဲ နောက်မှ မိဘတွေကို သေချာချော့ပြောကြမယ်လေ ဘယ်လိုလဲ ကလေး ကိုယ့်လက်ကို ရဲရဲဝံ့ဝံ့ ဆုပ်ကိုင်ရဲလား"
"ကျ ကျွန်တော်..."
သူ့ လက်ဖမိုးလေး သူကိုက်ကာ စဉ်းစားခန်းဝင်နေသည့် ဝဿန်။
Tbc...
____________________
စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းစီကို မေတ္တာရပ်ခံချင်ပါတယ်ရှင့်။
အခု ကိုယ်မေးမယ့် မေးခွန်းလေး ၄ ခုကို ဖြေပေးသွားစေချင်ပါတယ်။
ပထမ-စာကြည့်တိုက်မှာ ခက်ထန် ဝဿန့်ကို နမ်းလို
က်တဲ့ပုံကို ဘယ်သူရိုက်တယ်လို့ ထင်ပါသလဲ။
ဒုတိယ-Fb မှာ ပုံတင်လိုက်တာ ဘယ်သူဖြစ်မယ် ထင်ပါသလဲ။
တတိယ-ဝဿန်က ခက်ထန်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံမယ် ထင်ပါသလား။
စတုတ္ထ-Happy Ending or Sad Ending ဘယ်ဟာ ဖြစ်မယ်ထင်ပါသလဲ။
ကဲ ကိုယ့်ရဲ့ readers လေးတွေ အကုန်လုံးကို ဖြေပေးသွားစေချင်ပါတယ်ရှင့်။

Коментарі