အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း_၂၂
အပိုင္း_၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၃
Zawgyi...

အဲ့~အဲ့..

ထားေမတစ္ေယာက္ သားငယ္၏အသံေၾကာင့္ အိပ္ယာမွ နိုးလာၿပီး ေဘးသို႔ၾကည့္လိုက္ေလရာ သားငယ္၏ ပါးေဖာင္းေဖာင္းနွစ္ဖက္အား ညစ္ထားေသာ သမီးရဲ႕ လက္တုတ္တုတ္ေလး...
သမီးလက္နဲ႔ညစ္ထားမႈေၾကာင့္ ေရွ႕သို႔ေထာ္ထြက္ေနေသာ သားရဲ႕ နႈတ္ခမ္းပိစိေလး...

"ဟဲ့ ေၾသာ္ သမီးရဲ႕ ဘာလို႔ေမာင္ေလးပါးကို ညစ္ထားရတာလဲ"
"ေမာင္ေမာင္ေရး ပါးက အိေနတာကိုးေမေမရဲ႕ ကိုက္ခ်င္စရာႀကီး ဟီး..ဟီး.."
"ေမာင္ေလး ပါးေလးနာသြားပါဦးမယ္ကြယ္"
"ဟြန္႔ အဲ့တာပဲ ေမေမေကာ ေဖေဖေကာက ေမာင္ေရးေရာက္လာတာနဲ႔ သမီးကို မက်စ္ေတာ့ဘူးမို႔လား" ဟုဆိုကာ အစကတည္းက ေထာ္ေနေသာနႈတ္ခမ္းကိုပိုေထာ္ျပလိုက္ေလရာ နႈတ္ခမ္းမွာ ေရွ႕သို႔ တစ္ေတာင္ေလာက္ထြက္လာေလေတာ့သည္။

"ဟား..ဟား.. မဟုတ္ပါဘူးသမီးရယ္ သမီးကိုလည္း ေမေမနဲ႔ေဖေဖက ခ်စ္တာေပါ့.. ေနာက္ပီး သမီးက သားဦးဆိုေတာ့ သမီးကို အရင္ခ်စ္ရတာေလ... ခုက ေမာင္ေလးက ငယ္ေသးေတာ့ ေမေမတို႔က ပိုဂရုစိုက္ရလို႔ပါကြဲ႕.."
"ဟိ ၾကားတယ္ေနာ္ ေမာင္ေရး ေမေမနဲ႔ေဖေဖက ငါ့ကိုပိုက်စ္တယ္တဲ့... ဒါနဲ႔ ေမေမ ေမာင္ေရးက သမီးထက္ငယ္ေတာ့ သမီးစကားကို နားေထာင္ရမွာေပါ့ေနာ္"
"အင္းေပါ့ သမီးရဲ႕ အမႀကီး အမိရာတဲ့ သမီးက ေမာင္ေလးဆိုးရင္ ဆံုးမလို႔လဲ ရတယ္ေလ"
"ကဲ ဝက္ေကာင္ေပါက္ ၾကားရယ္မို႔လား ခုကစပီး နင္ငါ့ခ်ကားကိုပဲ နားေထာင္ရမယ္ေနာ္ " ဟုဆိုကာ စကားနားမလည္ေသးေသာ ေမာင္ျဖစ္သူအား လွည့္ေျပာလိုက္ေလသည္။ၿပီးေနာက္ သူမဘက္သို႔ျပန္လွည့္လာကာ..

"ေၾသာ္ ဒါနဲ႔ေမေမ ေမာင္ေရးကို ဘာနာမည္ေပးမွာလဲဟင္.. သမီးသူငယ္ခ်င္းေတြက သမီးကို နင့္ေမာင္ေရးနာမည္က ဘာလဲလို႔ ေမးေနတယ္"
"နာမည္ အင္း ဘယ္လိုေပးရမလဲ သမီးကေရာ ဘာနာမည္ေလးေပးခ်င္လည္း"
"ေမေမကလည္း သမီးက ငယ္ေသးတဲ့ဟာ ဘယ္ရိုရုပ္တိမွာလဲရို႔"
"ေဟ့ ဟိုသားမိေတြ ဘာေတြေျပာေနၾကတာလဲ သမီးေလးက ေမေမ့ကို ဂ်ီက်ေနျပန္ပီလား"

ေမႊးတစ္ေယာက္ ထိုင္ေနရာမွ ထလိုက္ကာ အေဖျဖစ္သူအား..

"ေဖေဖကလည္း သမီးက ဂ်ီမက်ပါဘူးေနာ္.. ေမာင္ေမာင္ေရး နာမည္ကို ဘာေပးမွာလဲလို႔ ေမးေနတာ"
"ဟ ငါ့သမီးက ေမာင္ေလးနာမည္ကို သိခ်င္ေနပီေပါ့"
"အင္း"
"အင္းးးး ဒါဆိုဘာနာမည္ေပးရင္ေကာင္မလဲ စဥ္းစားစမ္း"

ေမႊးတစ္ေယာက္ ဖေအျဖစ္သူရဲ႕ နားထင္ကိုလက္ညႇိုးျဖင့္ေထာက္၍ စဥ္းစားေနပံုကိုၾကည့္ပီး သူပါလိုက္လုပ္ေနသည္။

ေဒၚထားေမတစ္ေယာက္ သားအဖနွစ္ေယာက္ပံုစံအား ၾကည့္ရင္း ၿပံဳးလိုက္မိသည္... လိုက္လည္းလိုက္တဲ့ သားအဖ။

"ဟာ သိၿပီ သားနာမည္ကို ေဖေဖနာမည္ ေဇာ္မင္းပါ ပါေအာင္ လင္းထက္ေဇာ္ဆိုရင္ေရာ"
"ဟင့္အင္း ႀကိဳက္ဝူး" ဟုဆိုကာ ေခါင္းခါျပေလသည္။
"ဒါဆို ေနရထား ဆိုရင္ေရာ ေမေမ့နာမည္ပါတယ္ေလ"
"no"
"အြန္ သားသားက မိုးရာသီမွာေမြးတာဆိုေတာ့ မိုးဝႆန္ ဆိုရင္ေရာ"
"အကိုကလည္း မိုးဝႆန္က မိန္းကေလးနာမည္ႀကီးေလ"
"ေအး ဟုတ္သား ဒါဆို မင္းဝႆန္ ဆိုရင္ေရာ"
"အဲ့နာမည္ ႀကိဳက္ရယ္ေဖေဖ လွရယ္"
"ဟုတ္ပါပီေတာ္ အဲ့ဒါဆို ေမာင္ေလးနာမည္ကို သမီးႀကိဳက္တဲ့ မင္းဝႆန္ ဆိုတာေလး ေပးလိုကာမယ္ေနာ္"
"ေဟး ဒါမွ တို႔ေမေမကြ"
"ဝက္ေကာင္ေပါက္ ခုကစၿပီး နင့္နာမည္က မင္းဝႆန္ျဖစ္သြားပီေနာ္ " ဟုဆိုကာ သားကိုလွည့္ေျပာေနေသာ သမီးစကားအား သားငယ္က နားလည္သည့္အလား သူ႔မ်က္ဝန္း ေမွးေမွးေလးမ်ားျဖင့္ၾကည့္ရင္း ျပံဳးရယ္ျပေနေလရဲ႕။


Unicode...

အဲ့~အဲ့..

ထားမေတစ်ယောက် သားငယ်၏အသံကြောင့် အိပ်ယာမှ နိုးလာပြီး ဘေးသို့ကြည့်လိုက်လေရာ သားငယ်၏ ပါးဖောင်းဖောင်းနှစ်ဖက်အား ညစ်ထားသော သမီးရဲ့ လက်တုတ်တုတ်လေး...
သမီးလက်နဲ့ညစ်ထားမှုကြောင့် ရှေ့သို့ထော်ထွက်နေသော သားရဲ့ နှုတ်ခမ်းပိစိလေး...

"ဟဲ့ သြော် သမီးရဲ့ ဘာလို့မောင်လေးပါးကို ညစ်ထားရတာလဲ"
"မောင်မောင်ရေး ပါးက အိနေတာကိုးမေမေရဲ့ ကိုက်ချင်စရာကြီး ဟီး..ဟီး.."
"မောင်လေး ပါးလေးနာသွားပါဦးမယ်ကွယ်"
"ဟွန့် အဲ့တာပဲ မေမေကော ဖေဖေကောက မောင်ရေးရောက်လာတာနဲ့ သမီးကို မကျစ်တော့ဘူးမို့လား" ဟုဆိုကာ အစကတည်းက ထော်နေသောနှုတ်ခမ်းကိုပိုထော်ပြလိုက်လေရာ နှုတ်ခမ်းမှာ ရှေ့သို့ တစ်တောင်လောက်ထွက်လာလေတော့သည်။

"ဟား..ဟား.. မဟုတ်ပါဘူးသမီးရယ် သမီးကိုလည်း မေမေနဲ့ဖေဖေက ချစ်တာပေါ့.. နောက်ပီး သမီးက သားဦးဆိုတော့ သမီးကို အရင်ချစ်ရတာလေ... ခုက မောင်လေးက ငယ်သေးတော့ မေမေတို့က ပိုဂရုစိုက်ရလို့ပါကွဲ့.."
"ဟိ ကြားတယ်နော် မောင်ရေး မေမေနဲ့ဖေဖေက ငါ့ကိုပိုကျစ်တယ်တဲ့... ဒါနဲ့ မေမေ မောင်ရေးက သမီးထက်ငယ်တော့ သမီးစကားကို နားထောင်ရမှာပေါ့နော်"
"အင်းပေါ့ သမီးရဲ့ အမကြီး အမိရာတဲ့ သမီးက မောင်လေးဆိုးရင် ဆုံးမလို့လဲ ရတယ်လေ"
"ကဲ ဝက်ကောင်ပေါက် ကြားရယ်မို့လား ခုကစပီး နင်ငါ့ချကားကိုပဲ နားထောင်ရမယ်နော် " ဟုဆိုကာ စကားနားမလည်သေးသော မောင်ဖြစ်သူအား လှည့်ပြောလိုက်လေသည်။ပြီးနောက် သူမဘက်သို့ပြန်လှည့်လာကာ..

"သြော် ဒါနဲ့မေမေ မောင်ရေးကို ဘာနာမည်ပေးမှာလဲဟင်.. သမီးသူငယ်ချင်းတွေက သမီးကို နင့်မောင်ရေးနာမည်က ဘာလဲလို့ မေးနေတယ်"
"နာမည် အင်း ဘယ်လိုပေးရမလဲ သမီးကရော ဘာနာမည်လေးပေးချင်လည်း"
"မေမေကလည်း သမီးက ငယ်သေးတဲ့ဟာ ဘယ်ရိုရုပ်တိမှာလဲရို့"
"ဟေ့ ဟိုသားမိတွေ ဘာတွေပြောနေကြတာလဲ သမီးလေးက မေမေ့ကို ဂျီကျနေပြန်ပီလား"

မွှေးတစ်ယောက် ထိုင်နေရာမှ ထလိုက်ကာ အဖေဖြစ်သူအား..

"ဖေဖေကလည်း သမီးက ဂျီမကျပါဘူးနော်.. မောင်မောင်ရေး နာမည်ကို ဘာပေးမှာလဲလို့ မေးနေတာ"
"ဟ ငါ့သမီးက မောင်လေးနာမည်ကို သိချင်နေပီပေါ့"
"အင်း"
"အင်းးးး ဒါဆိုဘာနာမည်ပေးရင်ကောင်မလဲ စဉ်းစားစမ်း"

မွှေးတစ်ယောက် ဖအေဖြစ်သူရဲ့ နားထင်ကိုလက်ညှိုးဖြင့်ထောက်၍ စဉ်းစားနေပုံကိုကြည့်ပီး သူပါလိုက်လုပ်နေသည်။

ဒေါ်ထားမေတစ်ယောက် သားအဖနှစ်ယောက်ပုံစံအား ကြည့်ရင်း ပြုံးလိုက်မိသည်... လိုက်လည်းလိုက်တဲ့ သားအဖ။

"ဟာ သိပြီ သားနာမည်ကို ဖေဖေနာမည် ဇော်မင်းပါ ပါအောင် လင်းထက်ဇော်ဆိုရင်ရော"
"ဟင့်အင်း ကြိုက်ဝူး" ဟုဆိုကာ ခေါင်းခါပြလေသည်။
"ဒါဆို နေရထား ဆိုရင်ရော မေမေ့နာမည်ပါတယ်လေ"
"no"
"အွန် သားသားက မိုးရာသီမှာမွေးတာဆိုတော့ မိုးဝဿန် ဆိုရင်ရော"
"အကိုကလည်း မိုးဝဿန်က မိန်းကလေးနာမည်ကြီးလေ"
"အေး ဟုတ်သား ဒါဆို မင်းဝဿန် ဆိုရင်ရော"
"အဲ့နာမည် ကြိုက်ရယ်ဖေဖေ လှရယ်"
"ဟုတ်ပါပီတော် အဲ့ဒါဆို မောင်လေးနာမည်ကို သမီးကြိုက်တဲ့ မင်းဝဿန် ဆိုတာလေး ပေးလိုကာမယ်နော်"
"ဟေး ဒါမှ တို့မေမေကွ"
"ဝက်ကောင်ပေါက် ခုကစပြီး နင့်နာမည်က မင်းဝဿန်ဖြစ်သွားပီနော် " ဟုဆိုကာ သားကိုလှည့်ပြောနေသော သမီးစကားအား သားငယ်က နားလည်သည့်အလား သူ့မျက်ဝန်း မှေးမှေးလေးများဖြင့်ကြည့်ရင်း ပြုံးရယ်ပြနေလေရဲ့။




© Kout Tay,
книга «ေႂကြ».
အပိုင္း-၄
Коментарі