အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း_၂၂
အပိုင္း_၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၁၃
Zawgyi...

ဘာလိုလိုနဲ႔ ေႏြရာသီေက်ာင္းပိတ္ရက္သို႔ေရာက္ခဲ့ေပၿပီ။ဒီေန႔သည္ပင္ ေမႊးတို႔ရဲ႕ စာေမးပြဲေနာက္ဆံုးေန႔ျဖစ္၏။

*Belling*

အခ်က္ေပးေခါင္းေလာင္းသံၾကားသည္နွင့္ အခန္းထဲမွ အလ်ွိုလ်ွိုထြက္လာၾကသည့္ ေက်ာင္းသူေက်ာင္းသားမ်ား။

"ဟဲ့ နင္ေျဖနိုင္လား"
"အင္းးးး ေျဖနိုင္တယ္ပဲဆိုပါေတာ့"

ထိုစဥ္အနားသို႔ ေရာက္လာသည့္ ေမႊး။

"ဟဲ့ ေမႊး နင္ေျဖနိုင္လား"
"ေျဖနိုင္လား ဆိုေတာ့လည္း မေျဖနိုင္ဘူး မေျဖနိုင္ဘူးလားဆိုေတာ့လည္း ေျဖနိုင္တယ္"
"နင့္စကားႀကီးက ဘာႀကီးလဲဟ"
"ေအးေလ"
"ေအာင္မွတ္ေလာက္ေတာ့ ရေလာက္မွာပါဟာ"
"ေအာင္မွတ္ရေလာက္မွာပါဆိုေတာ့ မေျဖခင္ နွစ္ရက္ပိတ္တုန္းက နင္စာမလုပ္ဘူးလား"
"လုပ္တယ္ဟ"
"လုပ္ရင္ ရ ရမွာေပါ့"
"ဒါက ဒီလိုရွိတယ္ဟ..ညညဆို wattpad ဖတ္ခ်င္တဲ့စိတ္ကို ဘယ္လိုမွတားမရဘူး နည္းနည္းေလာက္ စာလုပ္ၿပီး အိပ္မယ္ဆိုၿပီး အခန္းထဲဝင္သြားပါတယ္ wattpad ေလး ဖြင့္ဖတ္လိုက္ပါဦးမယ္ေလဆိုၿပီး လုပ္လိုက္တာ ဖတ္ရင္း ဖတ္ရင္း မနက္ ၃ နာရီထိုးမွ အတင္းဇြတ္မွိတ္ အိပ္ပစ္ရတယ္ အဲ့ေတာ့ မနက္ခင္းက် စာထမလုပ္နိုင္ေတာ့ဘူး အာ့ေၾကာင့္ ခုမေသခ်ာ မေရရာျဖစ္ေနတာ"
"အမေလးဟဲ့ ငါကဘာေတြလုပ္ေနတာမ်ားလဲလို႔"
"ဟီး ဟီး"

ထိုစဥ္ အနားသို႔ေရာက္လာသည့္ စစ္ေသြးတို႔နွစ္ေယာက္။

"ေဟ့ နင္တို႔ေတြေျဖနိုင္ၾကလား"
"ဒီလိုပါပဲ ေအာင္ေတာ့ ေအာင္မွာပါ"
"ငါဗိုက္ဆာေနၿပီဟ canteen သြားၾကစို႔"
"ေအး ေအး"

canteen ေရာက္ေသာ္..

"ဦးေလးေရ ပံုမွန္ပဲဗ်ိဳ႕"
"ေအး ေအး ခဏေတာ့ေစာင့္ၾကဦး ကေလးေတြ"
"ဟုတ္ ဟုတ္"

ထို႔ေနာက္ ကိုယ္စီ ကိုယ္စီ ခံု၌ဝင္ထိုင္လိုက္ၾကေလသည္။
ၿပီးေနာက္ ထံုးစံအတိုင္း ဖုန္းဖြင့္ကာ Fb ၾကည့္ေနၾကရင္းမွ ရုတ္တရက္ႀကီး ထေအာ္လိုက္သည့္ ေမႊးအသံေၾကာင့္ canteen ထဲ ထိုင္ေနျကသူမ်ားအားလံုး လန္႔ျဖန္႔ကာ အသံလာရာဆီ ဝိုင္းၾကည္ၾကေလေတာ့သည္။

"အား!!!!!!"
"ဟဲ့ ေမႊး ဘာထျဖစ္တာလဲ"
"အား!! ဒီမယ္ၾကည့္စမ္း ဒီမယ္ၾကည့္စမ္း"

သူငယ္ခ်င္းေတြေမးသည္နွင့္ ေမႊးသူမဖုန္းအားေရွ႕သို႔ တိုးျပလိုက္ေလသည္။ျမင္ေနရသည္က ျဖဴေဖြးေသာ အသားအေရရွိၿပီး အဝတ္မပါသည့္ ေကာင္ေလးတစ္ေယာက္၏ ခနၶာကိုယ္တစ္ပိုင္းတစ္စပံုမ်ား။

ေရွ႕တိုးကာၾကည့္ရန္လုပ္ေနေသာ စစ္ေသြးအား နႏၵာတြန္းထုတ္လိုက္လ်က္

"ဖယ္ ဖယ္ ဒါက နင္တို႔ေယာက်္ားေလးေတြနဲ႔မဆိုင္ဘူး ငါတို႔နဲ႔ပဲဆိုင္တယ္ လာမၾကည့္နဲ႔"

ထိုအခါ စစ္ေသြးမွာ မ်က္နွာႀကီးရွံု႔မဲ့ကာျဖင့္ ေနာက္ဆုတ္သြားေလသည္။

"အာ့ ဘာႀကီးလဲ"
"ဟာ ဘာႀကီးရမွာလဲ တရုတ္က uke ေလးေလ ေဖြးဥၿပီး လံုးတစ္ေနတာပဲ မက္မြန္သီးေလးေတြကလဲ ပန္းႏုေရာင္ေျပးေနတာ ကိုက္ခ်င္စရာႀကီးဟယ္ ၾကည့္ပါဦး ခ်စ္စရာေလး"
"အမေလးဟဲ့ ငါတို႔မွာ ဘာမ်ားျဖစ္တာလဲလို႔ လန္႔သြားတာပဲ"
"အား!!! seme ျဖစ္ခ်င္လိုက္တာ seme ျဖစ္ခ်င္လိုက္တာ ငါသာ seme ျဖစ္လို႔ကေတာ့ uke ေလးေတြအကုန္လံုး ငါ့လက္ကမလြတ္ေစရဘူး အကုန္ဆြဲစားပစ္မွာ.. အားးး မရေတာ့ဘူး ခုပဲ ထိုင္းသြားၿပီး လိင္ေျပာင္းခ်င္လာၿပီ ကယ္ၾကပါဦး"
"ဟဲ့ ဟဲ့ စိတ္ထိန္းစမ္း"
"ဒါနဲ႔ ခက္ထန္ နင္ငါ့ေမာင္ဆီက ခုထိ အေျဖမရေသးဘူးလား"

ထိုအခါ ခက္ထန္မ်က္နွာႀကီး ရွံု႔မဲ့သြားေလေတာ့ စစ္ေသြးက ေအာ္ရယ္ပါေလေတာ့သည္။

"ဟား ဟား ဟား ေမႊး နင့္ေမာင္လုပ္တာ ငါ့ေကာင္ႀကီး ေလ်ွာေတာ့မလို႔ဟ သိလား"
"အမ္ ငါ့ေမာင္က ဘာလုပ္လိုက္လို႔တုန္း"
"နင္မသိဘူးလား"
"ေၾသာ္ မသိလို႔ နင့္ေမးတာေပါ့ သိရင္ေမးပါ့မလား"
"ေအးေလ"
"ဟုတ္ပါ့"
"ကဲ ဒါဆိုလည္း ေျပာျပမယ္ ဒီလို နင့္ေမာင္က ငါ့ေကာင္ႀကီးရဲ႕ အဓိကေနရာကို စက္ဘီးနဲ႔ ဝင္က်ံဳးလိုက္တယ္တဲ့"
"ဘာ ဟား ဟား ဟား"
"ျဖစ္မွ ျဖစ္ရေလ ခက္ထန္ရယ္ ငါသာဆို နင့္လိုေစာင့္ေနမွာမဟုတ္ဘူး တစ္ခါတည္း အခန္းထဲ lock ခ်ၿပီး အဝွာျပဳပစ္တယ္"
"ဟဲ့ ေမႊး အဲ့တာနင့္ေမာင္ေနာ္"
"ငါ့ေမာင္လဲ ဘာျဖစ္လဲ.. ဟာ ငါသာ seme ျဖစ္ရင္ သိပ္ေကာင္းမွာပဲ အဲ့လိုသာဆို uke ေလးေတြကို တစ္ေယာက္ၿပီးတစ္ေယာက္ အခန္းထဲပဲသြင္းထားမွာ"
"အမေလး က်န္တဲ့သူေတာ့ မသိဘူး ငါကေတာ့ ၾကားရတာနဲ႔တင္ ၾကက္သီးထေနၿပီ"
"ေအးေလဟယ္ နင္သာ seme ျဖစ္ရင္ uke ေလးေတြ အခန္းျပင္ေတာင္ ထြက္ရပါ့မလား မသိဘူး"
"ဟား ဟား "
"ဟဲ့ ဒါနဲ႔ မနက္ျဖန္ ငါတို႔ဘက္မွာ ဘုရားပြဲရွိတယ္ လာခဲ့ပါ့လား"
"ဘုရားပြဲက ဘယ္နွရက္လုပ္တာလဲဟ"
"ဘယ္နွရက္လဲေတာ့ ငါမသိဘူး လုပ္တာေတာ့ၾကာၿပီ ၆ ရက္ေလာက္ရွိၿပီထင္တယ္ တေပါင္းပြဲေလဟာ ေ႐ႊစာရံဘုရားပြဲလုပ္တာ အဲ့ကို အနယ္နယ္အရပ္ရပ္က တိုင္းရင္းသားေတြ အထူးသျဖင့္ ရွမ္းေတြေပါ့ဟာ သူတို႔က ကုန္ပစၥည္းေတြ ဘာေတြအစံုပဲ လာေရာင္းၾကတာဟ ထန္း႐ြက္ပုတီးေလးေတြေရာ နင္တို႔လာခဲ့ပါ့လား ေရာက္ဖူးတယ္ရွိေအာင္လို႔"
"ဘယ္လိုလဲ သြားၾကမလား"
"ေအး သြားၾကတာေပါ့ မဟုတ္လဲ အားေနၾကတဲ့ဟာ ေက်ာင္းလဲပိတ္သြားၿပီဆိုေတာ့"
"ဒါဆို သြားၾကတာေပါ့"
"အကုန္လံုးလာမွာမို႔လား"
"ေအး "
"အိုေက"
_______________________
"ေမေရ ဒီေန႔ သမီးတို႔သူငယ္ခ်င္းေတြ စုၿပီး ေ႐ႊစာရံသြားၾကမလို႔"
"သြားေပါ့ ဒုဌဝတီျမစ္ထဲေတာ့ မဆင္းၾကနဲ႔ေနာ္"
"အင္းပါ မဆင္းပါဘူး ေမကလည္း"
"ဒါနဲ႔ ငါ့သားငယ္ကိုေရာ ေခၚသြားမွာလား"
"မသိဘူးေလ သူလိုက္ခ်င္လဲ လိုက္ခဲ့ေပါ့"
"ေခၚသြားရင္လဲ ငါ့သားကို ဂရုစိုက္ဦးေနာ္ ငါၿခံထဲ လိုက္သြားလိုက္ဦးမယ္"
"အင္းပါ အမေလး သူ႔သားက် စိတ္ပူေနလိုက္တာ ဒီက သမီးကိုေတာ့ စိတ္ပူမယ္ဆိုတာမရွိဘူး"
"စိတ္ပူရတယ္ေဟ့ ငါ့သားက ခုမွ ႏုႏုထြတ္ထြတ္ေလးရွိေသးတာ ညည္းက ဘယ္ခ်ိန္ၾကည့္ၾကည့္ ႐ြက္ၾကမ္းေရက်ိဳရုပ္ဆိုေတာ့ မပူရဘူးေလ ေအ့"
"ဘယ္မွာ ၾကမ္းေနလို႔လဲ"
"အမေလး မၾကမ္းလို႔သာပဲ တစ္ခါတစ္ေလ အိမ္လာတဲ့ဧည့္သည္က အစ္မညီမ ထားေမမရွိဘူးလားလို႔ အေမးခံရတာ ၾကမ္းလို႔မဟုတ္ဘူးလား"
"ဟာ ေမေနာ္"

ေမႊးသူမအား စေနာက္ကာ ထြက္သြားေသာ အေမ့ေနာက္ေက်ာအားၾကည့္ရင္း နႈတ္ခမ္းဆူမိသည္။

"ဟြန္႔ သူ႔သားေလးက်ရင္ ကဲကိုကဲတယ္ အျမင္ကတ္ကတ္နဲ႔ ခက္ထန္နဲ႔အတူတူ အခန္းတံခါးပိတ္ၿပီး ထားပစ္လိုက္ရရင္ မေကာင္းရွိေတာ့မယ္"
"မေမႊး နင္ဘာေတြေျပာေနတာလဲ"
"အမေလး လန္႔လိုက္တာ ဝႆန္ရယ္ အသံေလးဘာေလးေပးပါ့လား"
"နင္က ဘာေတြလုပ္ေနလို႔ လန္႔ရတာလဲ"
"ဘာမွ မလုပ္ပါဘူး ေၾသာ္ ဒါနဲ႔ နင္ ငါတို႔နဲ႔ ဘုရားလိုက္မွာလား"
"ဟိုလူႀကီးေရာပါမွာလား"
"အံမယ္ ငါ့ေမာင္က မေတြ႕ရတဲ့ စာေမးပြဲရက္အတြင္းေလးမွာ အဲ့ေလာက္ေတာင္လြမ္းေနတယ္ေပါ့ေလ တန္းၿပီးကိုေမးေတာ့တာပဲ.. ပါမွာ ပါမွာ စိတ္ခ်"
"အာ့ဆို မလိုက္ေတာ့ဘူး "
"ဟာ ဘာလို႔လဲ"
"မလိုက္ခ်င္လို႔ေပါ့ဟ ရုပ္ကိုက အူေၾကာင္ၾကားရုပ္နဲ႔ က်ပ္မွျပည့္ရဲ႕လားမသိဘူး "
"နင္ကလဲ ႀကိဳက္ရင္ႀကိဳက္တယ္ေပါ့"
"ခ်ီးကို ႀကိဳက္ရမွာလား ႀကိဳက္ခ်င္းႀကိဳက္ ေကာင္မေလးေတြပဲ ႀကိဳက္မွာေပါ့ ေယာက်္ားအခ်င္းခ်င္းႀကီး ႀကိဳက္စရာလား"
"ေအးပါ ေျပာအားရွိတုန္းေတာ့ ေျပာထားေပါ့ ေနာက္မွ မခြဲနိုင္ေတာ့ပါဘူး တအားကိုႀကိဳက္ေနပါၿပီလို႔လာမေျပာနဲ႔ ကဲ ငါေတာ့ အက်ၤီသြားလဲလိုက္ဦးမယ္"

သူ႔အားေျပာကာ အေပၚတက္သြားသည့္ ေမႊးအားၾကည့္ရင္း ဝႆန္ေျပာမိသည္က..

"ေဘာကို ႀကိဳက္ရမွာလား"

ခက္ထန္ သူေရာက္ေနတာကိုမသိဘဲ ေရွ႕လွည့္ကာေျပာေနေသာ ေကာင္ေလးကို စခ်င္လာေသာေၾကာင့္..

"ဟိတ္ ဘယ္ေဘာကိုႀကိဳက္တာလဲ ကိုယ္ဝယ္ေပးမယ္ေလ"
"ခင္ဗ်ား ေဘာ အဲ မဟုတ္ ဟိုဟာ"
"ကိုယ့္ေဘာကလြဲရင္ က်န္တာႀကိဳက္ပါကြာ ဒါေလးေတာ့မလုပ္ပါနဲ႔ ေတာ္ၾကာ မင္းနဲ႔မညားခင္ ကိုယ္ေသသြားမွ မင္းတစ္ေယာက္ထဲ မုဆိုးဖိုအျဖစ္က်န္ေနခဲ့ပါဦးမယ္"
"ခင္ဗ်ား စကားႀကီးက ကြၽန္ေတာ္က မုဆိုးဖိုေတာင္ အေဖာ္ရွာၿပီး က်န္ခဲ့ေပးရမွာလား"
"အဲ အဲ့လိုလဲမဟုတ္ပါဘူး"
"ေတာ္ၿပီဗ်ာ ခင္ဗ်ားနဲ႔ ဆက္ေျပာရင္ ကြၽန္ေတာ္ပဲ အသက္တိုလိမ့္မယ္ ႐ြာထဲပဲဒိုးေတာ့မယ္"

"ဟာ မင္းက ဘုရားမလိုက္ဘူးလား"
"မလိုက္ပါဘူး ဘာလို႔လိုက္ရမွာလဲ"
"ဟင္ ကိုယ္က မင္းလိုက္မယ္ထင္ၿပီး ရွိုးေတြစမိုးေတြအေသျပင္လာရတဲ့ဟာ ၾကည့္ပါဦး ကိုယ္ဘယ္ေလာက္မိမိုက္ေနလဲဆိုတာ"

ဝႆန္ သူ႔ေရွ႕မွ ဘုရားသြားမယ္ဆိုၿပီး ဂ်င္းေဘာင္းဘီရွည္ျဖင့္ ရွိုးထုတ္လာသူအား အျမင္ကတ္လာေလသည္။ထို႔ေၾကာင့္

"အင္း အေတာ့္ကို မိမိုက္ေနတယ္ ဟိုေခြးထက္ကို ပိုမိုက္တယ္"

သူ႔ေဘးမွ ျဖတ္သြားသည့္ ေခြးတစ္ေကာင္အား လက္ညႇိုးထိုးျပကာ ေျပာၿပီးထြက္သြားသူအားၾကည့္ရင္း

"မင္းေလးဟာေလ တကယ့္အဆိုးေလး မိုက္ရင္မိုက္တယ္မေျပာဘူး အဟီး သူအူတိုတာေလးကလဲ ခ်စ္စရာေလး"

ကိုယ့္အေတြးနဲ႔ကိုယ္ ေပ်ာ္ေနမိေသာ ခက္ထန္။

ၿပီးေနာက္ ေရွ႕မွထြက္သြားေသာ ေကာင္ေလးေနာက္သို႔ အေျပးတစ္ပိုင္း လိုက္ရျပန္ေလသည္။သို႔ေသာ္လည္း အရိပ္ေတာင္မျမင္ရေတာ့။

'ဟူး လူေသးလို႔သာေပါ့ လူေကာင္သာႀကီးရင္ ငါဘယ္ေလာက္ေတာင္ လိုက္ရွာရပါ့မလဲ ျမန္လိုက္တဲ့ ေျခလွမ္း'

ေတြးရင္း လမ္းအခ်ိဳးေကြ႕ေလးထဲဝင္လိုက္မိေတာ့ ေတြ႕ပါၿပီ သူ႔အေမႊေကာင္ေလး။တိုးတိုး တိုးတိုးနဲ႔ ေဘးကေကာင္ေလးနွစ္ေယာက္နဲ႔ ဘာေတြေျပာေနသည္ မသိ။

ထို႔ေနာက္ သူတို႔ သံုးေယာက္ ထြက္သြားရာေနာက္သို႔ တိတ္တိတ္ေလး လိုက္ခဲ့မိေလသည္။ဘုရားသြားဖို႔ရာေတာင္ ဘယ္ဆီေနမွန္းမသိရေတာ့ေအာင္ အခ်စ္က ျပဳစားလြန္းေပသည္မို႔လား။

'ဟင္ ငါ့ေကာင္ေလးက ဘာလို႔ ပုဆိုးႀကီးၿခံဳၿပီး သစ္ပင္ေပၚတက္ေနရတာလဲ ျပဳတ္က်သြားမွျဖင့္ ငါရင္က်ိဳးရခ်ည္ရဲ႕ မျဖစ္ေသးပါဘူး သြားတားမွ'

အေတြးျဖင့္ သစ္ပင္ေအာက္သို႔ေရာက္ခ်ိန္ ထိုသစ္ပင္ေပၚမွ ခုန္ခ်လိုက္သည့္ ဝႆန္႔ေၾကာင့္ ခက္ထန္မ်က္လံုးမ်ားပင္ ျပဴးသြားေလသည္။စိတ္ထဲ၌လည္း 'က်ိဳးပါၿပီ'ဟု ေျပာရင္း အနားသို႔ ပိုတိုးသြားလိုက္ေလသည္။

သူ ဝႆန္႔အနားမေရာက္ခင္တြင္ ေျပးထြက္လာၾကေသာ သေကာင့္သား သံုးေယာက္။

"ဘာလို႔အတင္းေျပးးး"

စကားေတာင္မဆံုးေသး သူ႔အားတြန္းထုတ္ကာေျပးသြားေသာ သံုးေယာက္အား ေၾကာင္ေငးၾကည့္ေနစဥ္ ေနာက္သို႔ျပန္လွည့္လာေသာေကာင္ေလး။

"ဟာ ခင္ဗ်ား ဘာလုပ္ေနတာလဲ ျမန္ျမန္ေျပးေလ"

'ကိုယ့္အေမႊစိန္ေလးက ကိုယ္က်န္ခဲ့မွာေတာ့ စိုးရိမ္သားပဲ'

အေတြးေလးနဲ႔ ၿပံဳးၿဖီးေနတုန္း အေနာက္မွ တဝီဝီနဲ႔ အသံကိုၾကားလိုက္ရေသာေၾကာင့္ လွည့္ၾကည့္လိုက္ေလရာ..

အုပ္စုလိုက္ႀကီး ပ်ံလာေသာ ပ်ားမ်ား။

"အား!!!!!!"

"ခင္ဗ်ား ေအာ္မေနနဲ႔ ေျပးေလ"

ထိုအခါမွ သတိဝင္လာကာေျပးဖို႔လုပ္ရေလေတာ့သည္။

ကံဆိုးမသြားရာ မိုးလိုက္႐ြာ ဆိုသကဲ့သို႔ ေရွ႕မွ ခဲအားမျမင္ဘဲ ခလုတ္တိုက္မိေသာေၾကာင့္ လူက ေျမျပင္ေပၚသို႔ ဟက္ထိုးလဲက်သြားေလသည္။

လဲေနရာမွ အတင္းကုန္းရုန္းကာထပါေသာ္လည္း ဝီေခၚေနသည့္ ပ်ားမ်ားက သူ႔အား ဝိုင္းတုတ္ပါေလေတာ့သည္။

"အား!!! အေမေရ ေသပါၿပီ"

ဝႆန္ ခက္ထန္၏ ေအာ္သံႀကီးေၾကာင့္ အေနာက္သို႔လွည့္ႀကည့္လိုက္ေလရာ ပ်ားေတြၾကားမွ ေအာ္ေနသည့္သူ။

'ဟာ မျဖစ္ေသးဘူး' ဟုဆိုကာ ျမင့္ျမတ္တို႔အား အရင္ျပန္နွင့္ဖို႔ရာေျပာၿပီး သူ႔ပုဆိုးျဖင့္ ပ်ားမ်ားၾကားမွ ခက္ထန္အား ၿခံဳေပးလ်က္ လက္ဆြဲေခၚလာရေတာ့သည္။

ခက္ထန္မွာ သူ႔ရဲ႕အေမႊစိန္ ဟီးရိုးေလးရဲ႕ လက္အားဆြဲကိုင္ရင္း ေျပးလာရေသာေၾကာင့္ ပ်ားတုတ္ခံရၿပီး နာက်င္ေနသည့္ ဒဏ္ကိုပင္ ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္လာေလသည္။

ဝႆန္ ေျပးလာရသည္ေၾကာင့္ အပင္တစ္ပင္ေအာက္၌ရပ္ကာ ေမာေမာျဖင့္ အေနာက္ရွိခက္ထန္ကိုၾကည့္မိေတာ့ ၿပံဳးၿဖီးေနတာမ်ား ႏြားပြဲစားအတိုင္းပင္။

"ဒီမွာ ခင္ဗ်ားဘာလို႔ အဲ့ေလာက္ထိ ၿပံဳးၿဖီးေနရတာလဲ ၾကာရင္ ယင္ေကာင္ဝင္ဥသြားေတာ့မယ္"
"အဟီး ဥ ဥ ကြာ  ဥရင္လဲ ထုတ္ၿပီးေၾကာ္စားလိုက္ရံုေပါ့"
"အမေလး ႐ြံလိုက္တာ"
"အြန္ ႐ြံပါဘူး အခ်စ္ရဲ႕စြမ္းအားေတြပဲဟာ"
"ဘာဗ်"
"အဟဲ ဘာမွဟုတ္ဘူး ခ်စ္တယ္လို႔ေျပာတာ"
"ငါေနာ္ ဒီပ်ားတုတ္ခံထားရတဲ့ မ်က္ခြက္ႀကီးကို ထိုးလႊတ္လိုက္ရရင္ မေကာင္းရွိေတာ့မယ္ ဟြန္း"
"ကေလးကလဲ အဲ့ေလာက္ေတာ့ ကိုယ့္အေပၚမရက္စက္ပါနဲ႔လား နည္းနည္းေလာက္ခ်စ္ေပးပါလား ဟင္"

ရုပ္ႀကီးနဲ႔မွမလိုက္ ခြၽဲ့ႏြဲ႕ကာေျပာေနေသာ လူႀကီးအား ဝႆန္ သတ္ပစ္ခ်င္ေလာက္ေအာင္ အသဲေတြ ယားလာေလသည္။

'စိတ္ေလ်ာ့ စိတ္ေလ်ာ့ ဝႆန္ စိတ္ေလ်ာ့'ဟုေတြးကာ ေလပူတစ္ခ်က္မႈတ္ထုတ္လိုက္ေလသည္။

"ဟူးးးးး.. ဒါနဲ႔ ခင္ဗ်ား ဒီမ်က္နွာႀကီးနဲ႔ ဘုရားသြားဦးမွာလား"

ဝႆန္ေျပာမွ ခက္ထန္စဥ္းစားမိသည္။သူ ဒီမ်က္နွာႀကီးနဲ႔ေတာ့ ဘုရားသြားၿပီး အရွက္ကြဲမခံနိုင္။ေတာ္ပါၿပီ မဟုတ္လဲ ကြဲလက္စနဲ႔ အခ်စ္ေလးေရွ႕မွာပဲ ကြဲေတာ့မယ္။

"ဟင့္အင္း မသြားေတာ့ဘူး အခ်စ္အနားမွာဘဲ ေနေတာ့မယ္"
"ခင္ဗ်ားေနာ္ ဘာအခ်စ္လဲ ကြၽန္ေတာ္က ခင္ဗ်ားကိုမႀကိဳက္ဘူး ေကာင္မေလးေတြကိုပဲ ႀကိဳက္မွာ"
"ရပါတယ္ ကိုယ္ေစာင့္နိုင္ပါတယ္"
"ကဲဗ်ာ ေျပာမရလဲ မေျပာေတာ့ဘူး ဗိုက္ဆာေနၿပီ အိမ္ျပန္ေတာ့မယ္"
"ကိုယ့္ကိုလဲ ေကြၽးေနာ္"
"ဘာ ဘာကိုလဲဗ်"
"အံမယ္ ကိုယ့္အခ်စ္က မႀကိဳက္ဘူးသာေျပာတာ အေတြးထဲမွာ အဆင့္ေတြတတ္ေနၿပီမို႔လား"
"ဟာ ခင္ဗ်ား ဘာေတြေျပာ"

မ်က္နွာတစ္ခုလံုး ခရမ္းခ်ဥ္သီးကဲ့သို႔ နီရဲလာကာ ရွက္ရွက္နဲ႔ သူ႔မေစာင့္ဘဲေျပးထြက္သြားသည့္ ေကာင္ေလးအားၾကည့္ရင္း..

"ဆက္ႀကိဳးစားထား ခက္ထန္ ဒီပံုအတိုင္းဆို မၾကာခင္ မင္း ကေလးရဲ႕ အခ်စ္ကိုရေတာ့မွာ" ဟုဆိုကာ

"ကေလးေလး ကိုယ့္အခ်စ္ေလး ကိုယ့္ကို ေစာင့္ဦးေလကြာ"

ဤသို႔ျဖင့္ ႐ြာလမ္းမအလယ္၌ မရွက္မေၾကာက္ေအာ္ေျပာသူနွင့္ ရွက္ရမ္း ရမ္းကာ လံုးတံုးတံုးျဖင့္ ေရွ႕မွေျပးသြားေသာ ေကာင္ငယ္ေလးတစ္ေယာက္လဲ ရွိေလရဲ႕။
______________________________

Unicode...

ဘာလိုလိုနဲ့ နွေရာသီကျောင်းပိတ်ရက်သို့ရောက်ခဲ့ပေပြီ။ဒီနေ့သည်ပင် မွှေးတို့ရဲ့ စာမေးပွဲနောက်ဆုံးနေ့ဖြစ်၏။

*Belling*

အချက်ပေးခေါင်းလောင်းသံကြားသည်နှင့် အခန်းထဲမှ အလျှိုလျှိုထွက်လာကြသည့် ကျောင်းသူကျောင်းသားများ။

"ဟဲ့ နင်ဖြေနိုင်လား"
"အင်းးးး ဖြေနိုင်တယ်ပဲဆိုပါတော့"

ထိုစဉ်အနားသို့ ရောက်လာသည့် မွှေး။

"ဟဲ့ မွှေး နင်ဖြေနိုင်လား"
"ဖြေနိုင်လား ဆိုတော့လည်း မဖြေနိုင်ဘူး မဖြေနိုင်ဘူးလားဆိုတော့လည်း ဖြေနိုင်တယ်"
"နင့်စကားကြီးက ဘာကြီးလဲဟ"
"အေးလေ"
"အောင်မှတ်လောက်တော့ ရလောက်မှာပါဟာ"
"အောင်မှတ်ရလောက်မှာပါဆိုတော့ မဖြေခင် နှစ်ရက်ပိတ်တုန်းက နင်စာမလုပ်ဘူးလား"
"လုပ်တယ်ဟ"
"လုပ်ရင် ရ ရမှာပေါ့"
"ဒါက ဒီလိုရှိတယ်ဟ..ညညဆို wattpad ဖတ်ချင်တဲ့စိတ်ကို ဘယ်လိုမှတားမရဘူး နည်းနည်းလောက် စာလုပ်ပြီး အိပ်မယ်ဆိုပြီး အခန်းထဲဝင်သွားပါတယ် wattpad လေး ဖွင့်ဖတ်လိုက်ပါဦးမယ်လေဆိုပြီး လုပ်လိုက်တာ ဖတ်ရင်း ဖတ်ရင်း မနက် ၃ နာရီထိုးမှ အတင်းဇွတ်မှိတ် အိပ်ပစ်ရတယ် အဲ့တော့ မနက်ခင်းကျ စာထမလုပ်နိုင်တော့ဘူး အာ့ကြောင့် ခုမသေချာ မရေရာဖြစ်နေတာ"
"အမလေးဟဲ့ ငါကဘာတွေလုပ်နေတာများလဲလို့"
"ဟီး ဟီး"

ထိုစဉ် အနားသို့ရောက်လာသည့် စစ်သွေးတို့နှစ်ယောက်။

"ဟေ့ နင်တို့တွေဖြေနိုင်ကြလား"
"ဒီလိုပါပဲ အောင်တော့ အောင်မှာပါ"
"ငါဗိုက်ဆာနေပြီဟ canteen သွားကြစို့"
"အေး အေး"

canteen ရောက်သော်..

"ဦးလေးရေ ပုံမှန်ပဲဗျို့"
"အေး အေး ခဏတော့စောင့်ကြဦး ကလေးတွေ"
"ဟုတ် ဟုတ်"

ထို့နောက် ကိုယ်စီ ကိုယ်စီ ခုံ၌ဝင်ထိုင်လိုက်ကြလေသည်။
ပြီးနောက် ထုံးစံအတိုင်း ဖုန်းဖွင့်ကာ Fb ကြည့်နေကြရင်းမှ ရုတ်တရက်ကြီး ထအော်လိုက်သည့် မွှေးအသံကြောင့် canteen ထဲ ထိုင်နေကြသူများအားလုံး လန့်ဖြန့်ကာ အသံလာရာဆီ ဝိုင်းကြည်ကြလေတော့သည်။

"အား!!!!!!"
"ဟဲ့ မွှေး ဘာထဖြစ်တာလဲ"
"အား!! ဒီမယ်ကြည့်စမ်း ဒီမယ်ကြည့်စမ်း"

သူငယ်ချင်းတွေမေးသည်နှင့် မွှေးသူမဖုန်းအားရှေ့သို့ တိုးပြလိုက်လေသည်။မြင်နေရသည်က ဖြူဖွေးသော အသားအရေရှိပြီး အဝတ်မပါသည့် ကောင်လေးတစ်ယောက်၏ ခန္ဓာကိုယ်တစ်ပိုင်းတစ်စပုံများ။

ရှေ့တိုးကာကြည့်ရန်လုပ်နေသော စစ်သွေးအား နန္ဒာတွန်းထုတ်လိုက်လျက်

"ဖယ် ဖယ် ဒါက နင်တို့ယောက်ျားလေးတွေနဲ့မဆိုင်ဘူး ငါတို့နဲ့ပဲဆိုင်တယ် လာမကြည့်နဲ့"

ထိုအခါ စစ်သွေးမှာ မျက်နှာကြီးရှုံ့မဲ့ကာဖြင့် နောက်ဆုတ်သွားလေသည်။

"အာ့ ဘာကြီးလဲ"
"ဟာ ဘာကြီးရမှာလဲ တရုတ်က uke လေးလေ ဖွေးဥပြီး လုံးတစ်နေတာပဲ မက်မွန်သီးလေးတွေကလဲ ပန်းနုရောင်ပြေးနေတာ ကိုက်ချင်စရာကြီးဟယ် ကြည့်ပါဦး ချစ်စရာလေး"
"အမလေးဟဲ့ ငါတို့မှာ ဘာများဖြစ်တာလဲလို့ လန့်သွားတာပဲ"
"အား!!! seme ဖြစ်ချင်လိုက်တာ seme ဖြစ်ချင်လိုက်တာ ငါသာ seme ဖြစ်လို့ကတော့ uke လေးတွေအကုန်လုံး ငါ့လက်ကမလွတ်စေရဘူး အကုန်ဆွဲစားပစ်မှာ.. အားးး မရတော့ဘူး ခုပဲ ထိုင်းသွားပြီး လိင်ပြောင်းချင်လာပြီ ကယ်ကြပါဦး"
"ဟဲ့ ဟဲ့ စိတ်ထိန်းစမ်း"
"ဒါနဲ့ ခက်ထန် နင်ငါ့မောင်ဆီက ခုထိ အဖြေမရသေးဘူးလား"

ထိုအခါ ခက်ထန်မျက်နှာကြီး ရှုံ့မဲ့သွားလေတော့ စစ်သွေးက အော်ရယ်ပါလေတော့သည်။

"ဟား ဟား ဟား မွှေး နင့်မောင်လုပ်တာ ငါ့ကောင်ကြီး လျှောတော့မလို့ဟ သိလား"
"အမ် ငါ့မောင်က ဘာလုပ်လိုက်လို့တုန်း"
"နင်မသိဘူးလား"
"သြော် မသိလို့ နင့်မေးတာပေါ့ သိရင်မေးပါ့မလား"
"အေးလေ"
"ဟုတ်ပါ့"
"ကဲ ဒါဆိုလည်း ပြောပြမယ် ဒီလို နင့်မောင်က ငါ့ကောင်ကြီးရဲ့ အဓိကနေရာကို စက်ဘီးနဲ့ ဝင်ကျုံးလိုက်တယ်တဲ့"
"ဘာ ဟား ဟား ဟား"
"ဖြစ်မှ ဖြစ်ရလေ ခက်ထန်ရယ် ငါသာဆို နင့်လိုစောင့်နေမှာမဟုတ်ဘူး တစ်ခါတည်း အခန်းထဲ lock ချပြီး အဝှာပြုပစ်တယ်"
"ဟဲ့ မွှေး အဲ့တာနင့်မောင်နော်"
"ငါ့မောင်လဲ ဘာဖြစ်လဲ.. ဟာ ငါသာ seme ဖြစ်ရင် သိပ်ကောင်းမှာပဲ အဲ့လိုသာဆို uke လေးတွေကို တစ်ယောက်ပြီးတစ်ယောက် အခန်းထဲပဲသွင်းထားမှာ"
"အမလေး ကျန်တဲ့သူတော့ မသိဘူး ငါကတော့ ကြားရတာနဲ့တင် ကြက်သီးထနေပြီ"
"အေးလေဟယ် နင်သာ seme ဖြစ်ရင် uke လေးတွေ အခန်းပြင်တောင် ထွက်ရပါ့မလား မသိဘူး"
"ဟား ဟား "
"ဟဲ့ ဒါနဲ့ မနက်ဖြန် ငါတို့ဘက်မှာ ဘုရားပွဲရှိတယ် လာခဲ့ပါ့လား"
"ဘုရားပွဲက ဘယ်နှရက်လုပ်တာလဲဟ"
"ဘယ်နှရက်လဲတော့ ငါမသိဘူး လုပ်တာတော့ကြာပြီ ၆ ရက်လောက်ရှိပြီထင်တယ် တပေါင်းပွဲလေဟာ ရွှေစာရံဘုရားပွဲလုပ်တာ အဲ့ကို အနယ်နယ်အရပ်ရပ်က တိုင်းရင်းသားတွေ အထူးသဖြင့် ရှမ်းတွေပေါ့ဟာ သူတို့က ကုန်ပစ္စည်းတွေ ဘာတွေအစုံပဲ လာရောင်းကြတာဟ ထန်းရွက်ပုတီးလေးတွေရော နင်တို့လာခဲ့ပါ့လား ရောက်ဖူးတယ်ရှိအောင်လို့"
"ဘယ်လိုလဲ သွားကြမလား"
"အေး သွားကြတာပေါ့ မဟုတ်လဲ အားနေကြတဲ့ဟာ ကျောင်းလဲပိတ်သွားပြီဆိုတော့"
"ဒါဆို သွားကြတာပေါ့"
"အကုန်လုံးလာမှာမို့လား"
"အေး "
"အိုကေ"
_______________________
"မေရေ ဒီနေ့ သမီးတို့သူငယ်ချင်းတွေ စုပြီး ရွှေစာရံသွားကြမလို့"
"သွားပေါ့ ဒုဌဝတီမြစ်ထဲတော့ မဆင်းကြနဲ့နော်"
"အင်းပါ မဆင်းပါဘူး မေကလည်း"
"ဒါနဲ့ ငါ့သားငယ်ကိုရော ခေါ်သွားမှာလား"
"မသိဘူးလေ သူလိုက်ချင်လဲ လိုက်ခဲ့ပေါ့"
"ခေါ်သွားရင်လဲ ငါ့သားကို ဂရုစိုက်ဦးနော် ငါခြံထဲ လိုက်သွားလိုက်ဦးမယ်"
"အင်းပါ အမလေး သူ့သားကျ စိတ်ပူနေလိုက်တာ ဒီက သမီးကိုတော့ စိတ်ပူမယ်ဆိုတာမရှိဘူး"
"စိတ်ပူရတယ်ဟေ့ ငါ့သားက ခုမှ နုနုထွတ်ထွတ်လေးရှိသေးတာ ညည်းက ဘယ်ချိန်ကြည့်ကြည့် ရွက်ကြမ်းရေကျိုရုပ်ဆိုတော့ မပူရဘူးလေ အေ့"
"ဘယ်မှာ ကြမ်းနေလို့လဲ"
"အမလေး မကြမ်းလို့သာပဲ တစ်ခါတစ်လေ အိမ်လာတဲ့ဧည့်သည်က အစ်မညီမ ထားမေမရှိဘူးလားလို့ အမေးခံရတာ ကြမ်းလို့မဟုတ်ဘူးလား"
"ဟာ မေနော်"

မွှေးသူမအား စနောက်ကာ ထွက်သွားသော အမေ့နောက်ကျောအားကြည့်ရင်း နှုတ်ခမ်းဆူမိသည်။

"ဟွန့် သူ့သားလေးကျရင် ကဲကိုကဲတယ် အမြင်ကတ်ကတ်နဲ့ ခက်ထန်နဲ့အတူတူ အခန်းတံခါးပိတ်ပြီး ထားပစ်လိုက်ရရင် မကောင်းရှိတော့မယ်"
"မမွှေး နင်ဘာတွေပြောနေတာလဲ"
"အမလေး လန့်လိုက်တာ ဝဿန်ရယ် အသံလေးဘာလေးပေးပါ့လား"
"နင်က ဘာတွေလုပ်နေလို့ လန့်ရတာလဲ"
"ဘာမှ မလုပ်ပါဘူး သြော် ဒါနဲ့ နင် ငါတို့နဲ့ ဘုရားလိုက်မှာလား"
"ဟိုလူကြီးရောပါမှာလား"
"အံမယ် ငါ့မောင်က မတွေ့ရတဲ့ စာမေးပွဲရက်အတွင်းလေးမှာ အဲ့လောက်တောင်လွမ်းနေတယ်ပေါ့လေ တန်းပြီးကိုမေးတော့တာပဲ.. ပါမှာ ပါမှာ စိတ်ချ"
"အာ့ဆို မလိုက်တော့ဘူး "
"ဟာ ဘာလို့လဲ"
"မလိုက်ချင်လို့ပေါ့ဟ ရုပ်ကိုက အူကြောင်ကြားရုပ်နဲ့ ကျပ်မှပြည့်ရဲ့လားမသိဘူး "
"နင်ကလဲ ကြိုက်ရင်ကြိုက်တယ်ပေါ့"
"ချီးကို ကြိုက်ရမှာလား ကြိုက်ချင်းကြိုက် ကောင်မလေးတွေပဲ ကြိုက်မှာပေါ့ ယောက်ျားအချင်းချင်းကြီး ကြိုက်စရာလား"
"အေးပါ ပြောအားရှိတုန်းတော့ ပြောထားပေါ့ နောက်မှ မခွဲနိုင်တော့ပါဘူး တအားကိုကြိုက်နေပါပြီလို့လာမပြောနဲ့ ကဲ ငါတော့ အင်္ကျီသွားလဲလိုက်ဦးမယ်"

သူ့အားပြောကာ အပေါ်တက်သွားသည့် မွှေးအားကြည့်ရင်း ဝဿန်ပြောမိသည်က..

"ဘောကို ကြိုက်ရမှာလား"

ခက်ထန် သူရောက်နေတာကိုမသိဘဲ ရှေ့လှည့်ကာပြောနေသော ကောင်လေးကို စချင်လာသောကြောင့်..

"ဟိတ် ဘယ်ဘောကိုကြိုက်တာလဲ ကိုယ်ဝယ်ပေးမယ်လေ"
"ခင်ဗျား ဘော အဲ မဟုတ် ဟိုဟာ"
"ကိုယ့်ဘောကလွဲရင် ကျန်တာကြိုက်ပါကွာ ဒါလေးတော့မလုပ်ပါနဲ့ တော်ကြာ မင်းနဲ့မညားခင် ကိုယ်သေသွားမှ မင်းတစ်ယောက်ထဲ မုဆိုးဖိုအဖြစ်ကျန်နေခဲ့ပါဦးမယ်"
"ခင်ဗျား စကားကြီးက ကျွန်တော်က မုဆိုးဖိုတောင် အဖော်ရှာပြီး ကျန်ခဲ့ပေးရမှာလား"
"အဲ အဲ့လိုလဲမဟုတ်ပါဘူး"
"တော်ပြီဗျာ ခင်ဗျားနဲ့ ဆက်ပြောရင် ကျွန်တော်ပဲ အသက်တိုလိမ့်မယ် ရွာထဲပဲဒိုးတော့မယ်"

"ဟာ မင်းက ဘုရားမလိုက်ဘူးလား"
"မလိုက်ပါဘူး ဘာလို့လိုက်ရမှာလဲ"
"ဟင် ကိုယ်က မင်းလိုက်မယ်ထင်ပြီး ရှိုးတွေစမိုးတွေအသေပြင်လာရတဲ့ဟာ ကြည့်ပါဦး ကိုယ်ဘယ်လောက်မိမိုက်နေလဲဆိုတာ"

ဝဿန် သူ့ရှေ့မှ ဘုရားသွားမယ်ဆိုပြီး ဂျင်းဘောင်းဘီရှည်ဖြင့် ရှိုးထုတ်လာသူအား အမြင်ကတ်လာလေသည်။ထို့ကြောင့်

"အင်း အတော့်ကို မိမိုက်နေတယ် ဟိုခွေးထက်ကို ပိုမိုက်တယ်"

သူ့ဘေးမှ ဖြတ်သွားသည့် ခွေးတစ်ကောင်အား လက်ညှိုးထိုးပြကာ ပြောပြီးထွက်သွားသူအားကြည့်ရင်း

"မင်းလေးဟာလေ တကယ့်အဆိုးလေး မိုက်ရင်မိုက်တယ်မပြောဘူး အဟီး သူအူတိုတာလေးကလဲ ချစ်စရာလေး"

ကိုယ့်အတွေးနဲ့ကိုယ် ပျော်နေမိသော ခက်ထန်။

ပြီးနောက် ရှေ့မှထွက်သွားသော ကောင်လေးနောက်သို့ အပြေးတစ်ပိုင်း လိုက်ရပြန်လေသည်။သို့သော်လည်း အရိပ်တောင်မမြင်ရတော့။

'ဟူး လူသေးလို့သာပေါ့ လူကောင်သာကြီးရင် ငါဘယ်လောက်တောင် လိုက်ရှာရပါ့မလဲ မြန်လိုက်တဲ့ ခြေလှမ်း'

တွေးရင်း လမ်းအချိုးကွေ့လေးထဲဝင်လိုက်မိတော့ တွေ့ပါပြီ သူ့အမွှေကောင်လေး။တိုးတိုး တိုးတိုးနဲ့ ဘေးကကောင်လေးနှစ်ယောက်နဲ့ ဘာတွေပြောနေသည် မသိ။

ထို့နောက် သူတို့ သုံးယောက် ထွက်သွားရာနောက်သို့ တိတ်တိတ်လေး လိုက်ခဲ့မိလေသည်။ဘုရားသွားဖို့ရာတောင် ဘယ်ဆီနေမှန်းမသိရတော့အောင် အချစ်က ပြုစားလွန်းပေသည်မို့လား။

'ဟင် ငါ့ကောင်လေးက ဘာလို့ ပုဆိုးကြီးခြုံပြီး သစ်ပင်ပေါ်တက်နေရတာလဲ ပြုတ်ကျသွားမှဖြင့် ငါရင်ကျိုးရချည်ရဲ့ မဖြစ်သေးပါဘူး သွားတားမှ'

အတွေးဖြင့် သစ်ပင်အောက်သို့ရောက်ချိန် ထိုသစ်ပင်ပေါ်မှ ခုန်ချလိုက်သည့် ဝဿန့်ကြောင့် ခက်ထန်မျက်လုံးများပင် ပြူးသွားလေသည်။စိတ်ထဲ၌လည်း 'ကျိုးပါပြီ'ဟု ပြောရင်း အနားသို့ ပိုတိုးသွားလိုက်လေသည်။

သူ ဝဿန့်အနားမရောက်ခင်တွင် ပြေးထွက်လာကြသော သကောင့်သား သုံးယောက်။

"ဘာလို့အတင်းပြေးးး"

စကားတောင်မဆုံးသေး သူ့အားတွန်းထုတ်ကာပြေးသွားသော သုံးယောက်အား ကြောင်ငေးကြည့်နေစဉ် နောက်သို့ပြန်လှည့်လာသောကောင်လေး။

"ဟာ ခင်ဗျား ဘာလုပ်နေတာလဲ မြန်မြန်ပြေးလေ"

'ကိုယ့်အမွှေစိန်လေးက ကိုယ်ကျန်ခဲ့မှာတော့ စိုးရိမ်သားပဲ'

အတွေးလေးနဲ့ ပြုံးဖြီးနေတုန်း အနောက်မှ တဝီဝီနဲ့ အသံကိုကြားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်လေရာ..

အုပ်စုလိုက်ကြီး ပျံလာသော ပျားများ။

"အား!!!!!!"

"ခင်ဗျား အော်မနေနဲ့ ပြေးလေ"

ထိုအခါမှ သတိဝင်လာကာပြေးဖို့လုပ်ရလေတော့သည်။

ကံဆိုးမသွားရာ မိုးလိုက်ရွာ ဆိုသကဲ့သို့ ရှေ့မှ ခဲအားမမြင်ဘဲ ခလုတ်တိုက်မိသောကြောင့် လူက မြေပြင်ပေါ်သို့ ဟက်ထိုးလဲကျသွားလေသည်။

လဲနေရာမှ အတင်းကုန်းရုန်းကာထပါသော်လည်း ဝီခေါ်နေသည့် ပျားများက သူ့အား ဝိုင်းတုတ်ပါလေတော့သည်။

"အား!!! အမေရေ သေပါပြီ"

ဝဿန် ခက်ထန်၏ အော်သံကြီးကြောင့် အနောက်သို့လှည့်ကြည့်လိုက်လေရာ ပျားတွေကြားမှ အော်နေသည့်သူ။

'ဟာ မဖြစ်သေးဘူး' ဟုဆိုကာ မြင့်မြတ်တို့အား အရင်ပြန်နှင့်ဖို့ရာပြောပြီး သူ့ပုဆိုးဖြင့် ပျားများကြားမှ ခက်ထန်အား ခြုံပေးလျက် လက်ဆွဲခေါ်လာရတော့သည်။

ခက်ထန်မှာ သူ့ရဲ့အမွှေစိန် ဟီးရိုးလေးရဲ့ လက်အားဆွဲကိုင်ရင်း ပြေးလာရသောကြောင့် ပျားတုတ်ခံရပြီး နာကျင်နေသည့် ဒဏ်ကိုပင် မေ့မေ့ပျောက်ပျောက်ဖြစ်လာလေသည်။

ဝဿန် ပြေးလာရသည်ကြောင့် အပင်တစ်ပင်အောက်၌ရပ်ကာ မောမောဖြင့် အနောက်ရှိခက်ထန်ကိုကြည့်မိတော့ ပြုံးဖြီးနေတာများ နွားပွဲစားအတိုင်းပင်။

"ဒီမှာ ခင်ဗျားဘာလို့ အဲ့လောက်ထိ ပြုံးဖြီးနေရတာလဲ ကြာရင် ယင်ကောင်ဝင်ဥသွားတော့မယ်"
"အဟီး ဥ ဥ ကွာ  ဥရင်လဲ ထုတ်ပြီးကြော်စားလိုက်ရုံပေါ့"
"အမလေး ရွံလိုက်တာ"
"အွန် ရွံပါဘူး အချစ်ရဲ့စွမ်းအားတွေပဲဟာ"
"ဘာဗျ"
"အဟဲ ဘာမှဟုတ်ဘူး ချစ်တယ်လို့ပြောတာ"
"ငါနော် ဒီပျားတုတ်ခံထားရတဲ့ မျက်ခွက်ကြီးကို ထိုးလွှတ်လိုက်ရရင် မကောင်းရှိတော့မယ် ဟွန်း"
"ကလေးကလဲ အဲ့လောက်တော့ ကိုယ့်အပေါ်မရက်စက်ပါနဲ့လား နည်းနည်းလောက်ချစ်ပေးပါလား ဟင်"

ရုပ်ကြီးနဲ့မှမလိုက် ချွဲ့နွဲ့ကာပြောနေသော လူကြီးအား ဝဿန် သတ်ပစ်ချင်လောက်အောင် အသဲတွေ ယားလာလေသည်။

'စိတ်လျော့ စိတ်လျော့ ဝဿန် စိတ်လျော့'ဟုတွေးကာ လေပူတစ်ချက်မှုတ်ထုတ်လိုက်လေသည်။

"ဟူးးးးး.. ဒါနဲ့ ခင်ဗျား ဒီမျက်နှာကြီးနဲ့ ဘုရားသွားဦးမှာလား"

ဝဿန်ပြောမှ ခက်ထန်စဉ်းစားမိသည်။သူ ဒီမျက်နှာကြီးနဲ့တော့ ဘုရားသွားပြီး အရှက်ကွဲမခံနိုင်။တော်ပါပြီ မဟုတ်လဲ ကွဲလက်စနဲ့ အချစ်လေးရှေ့မှာပဲ ကွဲတော့မယ်။

"ဟင့်အင်း မသွားတော့ဘူး အချစ်အနားမှာဘဲ နေတော့မယ်"
"ခင်ဗျားနော် ဘာအချစ်လဲ ကျွန်တော်က ခင်ဗျားကိုမကြိုက်ဘူး ကောင်မလေးတွေကိုပဲ ကြိုက်မှာ"
"ရပါတယ် ကိုယ်စောင့်နိုင်ပါတယ်"
"ကဲဗျာ ပြောမရလဲ မပြောတော့ဘူး ဗိုက်ဆာနေပြီ အိမ်ပြန်တော့မယ်"
"ကိုယ့်ကိုလဲ ကျွေးနော်"
"ဘာ ဘာကိုလဲဗျ"
"အံမယ် ကိုယ့်အချစ်က မကြိုက်ဘူးသာပြောတာ အတွေးထဲမှာ အဆင့်တွေတတ်နေပြီမို့လား"
"ဟာ ခင်ဗျား ဘာတွေပြော"

မျက်နှာတစ်ခုလုံး ခရမ်းချဉ်သီးကဲ့သို့ နီရဲလာကာ ရှက်ရှက်နဲ့ သူ့မစောင့်ဘဲပြေးထွက်သွားသည့် ကောင်လေးအားကြည့်ရင်း..

"ဆက်ကြိုးစားထား ခက်ထန် ဒီပုံအတိုင်းဆို မကြာခင် မင်း ကလေးရဲ့ အချစ်ကိုရတော့မှာ" ဟုဆိုကာ

"ကလေးလေး ကိုယ့်အချစ်လေး ကိုယ့်ကို စောင့်ဦးလေကွာ"

ဤသို့ဖြင့် ရွာလမ်းမအလယ်၌ မရှက်မကြောက်အော်ပြောသူနှင့် ရှက်ရမ်း ရမ်းကာ လုံးတုံးတုံးဖြင့် ရှေ့မှပြေးသွားသော ကောင်ငယ်လေးတစ်ယောက်လဲ ရှိလေရဲ့။
______________________________




© Kout Tay,
книга «ေႂကြ».
အပိုင္း-၁၄
Коментарі