အပိုင်း-၁
အပိုင်း-၂
အပိုင်း-၃
အပိုင်း-၎
အပိုင်း-၅
အပိုင်း-၆
အပိုင်း-၇
အပိုင်း-၈
အပိုင်း-၉
အပိုင်း-၁၀
အပိုင်း-၁၁
အပိုင်း-၁၂
အပိုင်း-၁၃
အပိုင်း-၁၄
အပိုင်း-၁၅
အပိုင်း-၁၆
အပိုင်း-၁၇
အပိုင်း-၁၈
အပိုင်း-၁၉
အပိုင်း-၂၀
အပိုင်း-၂၁
အပိုင်း_၂၂
အပိုင်း_၂၃
အပိုင်း-၂၄
အပိုင်း-၂၅
အပိုင်း-၉
Zawgyi...


"ဒါပေါ့ကွ"


"ဘာလဲ"




----------------------------


"ဘာကိုလဲ"
"အေးလေ"


"အမ်"
"အေး အေး"


"ဘယ်မှာလဲ"



"ဟုတ် ရပါတယ် ထိုင်လေ"
"ရှင်"

"သြော် ဟုတ်"
"ဟို ဘယ်အတန်းကလဲ ဟင်"


"သြော် အာ့ကြောင့်ကိုး"
"ဒါပေါ့"
"အိုကေ အိုကေ"



Tbc...

Unicode...

ကျောင်းသို့သွားရာ လမ်း၌..

"ဝဿန် မင်းကို အခန်းထဲက ကြည်ပြာလင်းက ကြိုက်လို့တဲ့ကွ"
"ဟာ ရှုတ်ရှုတ်ယှက်ယှက် ငါစိတ်မဝင်စားပါဘူး"
"ဒါဆို မင်းက ဘာကိုစိတ်ဝင်စားတာလဲ"
"စာကလွဲရင် ဘာမှစိတ်မဝင်စားဘူး  အခုချိန် ငါ့ရဲ့ရည်မှန်းချက်က ၁၀တန်းမှာ ဘာသာစုံဂုဏ်ထူးပါဖို့ပဲ"
"အဲ့တာကြောင့် အခုတည်းက မင်းကကြိုးစားနေတယ်ပေါ့လေ"
"ဒါပေါ့ကွ"

စကားပြောရင်း ကျောင်းသို့ရောက်လာလေသည်။စက်ဘီးရပ်ရန်နေရာ၌ စက်ဘီးထားပြီး နောက်သို့အလှည့် သူ့အား စာရွက်ခေါက်လေးကိုင်ကာ ရှေ့သို့လက်လှမ်း၍ပေးနေသော ကောင်မလေးတစ်ယောက်။သေချာကြည့်ကာမှ ဆံပင်ဂုတ်ဝဲ၊မျက်မှန်ဝိုင်းလေးနှင့် ပြုံးကာကြည့်နေသော ကောင်မလေးက ချစ်စရာလေးပင်။

"ဘာလဲ"

သူ့စကားအဆုံး စကားသံတိုးတိုးလေးထွက်လာသော ကောင်မလေး။

"ဟို ဟို စာ ရည်းစားစာ ငါက နင့် နင့်ကိုပေူတာ"
"အာ့ဆိုလဲ ပြန်ယူသွားလိုက်တော့ ငါကနင့်ကို စိတ်မဝင်စားဘူး"
ပြောပြီး အတန်းဘက်သို့သာ ခြေဦးလှည့်မိသည်။အနောက်မှာ ကျန်ရစ်ခဲ့တဲ့ကောင်မလေးမျက်နှာ ဘယ်လိုဖြစ်သွားမလဲ သူမသိချင်တော့။

'ဆောရီး ကောင်မလေး ခုချိန်မှာ ငါ့အတွက် အဲ့တာတွေမလိုအပ်သေးဘူး'

နှုတ်ခမ်းအား တွန့်ရုံမျှ ပြုံးလိုက်ရင်းဖြင့် စာသင်ခန်းရှိရာ ဆီသို့။
----------------------------

ကန်တင်းသို့သွားရာ လမ်းတစ်လျှောက်၌..

"ဟဲ့ နင်တို့ကြားမိသေးလား"
"ဘာကိုလဲ"
"ငါတို့အတန်းကို ဒီနေ့ ကျောင်းသားအသစ်တစ်ယောက် ပြောင်းလာမှာလေ"
"ဟမ် နင့်ဘယ်သူပြောတာလဲ"
"ငါလဲ EC ပြောတာ ကြားတာပေါ့ဟ"
"ဒါနဲ့ ကောင်လေးလား ကောင်မလေးလား ဟင်"
"ဟွန် စလာပြီ နှာခေါင်းရောဂါက ကောင်လေးဟေ့ ကောင်လေး"
"နှာခေါင်းဆိုလို့ ငါလေ ငါ့မောင်ကို ယောက်ျားပေးစားချင်လို့"
"အမ် ဟဲ့ နင့်မောင်က အခုမှ ၉ တန်းရှိသေးတာလေ"
"အေးလေ"
"ခုမှ ငယ်သေးတဲ့ဟာ ငါကပဲ သူ့ကို အနစ်နာခံပြီး စောင့်လိုက်ပါ့မယ်"
"အားကြီးကြီး နင်နဲ့ ငါ့မောင်ကို ဘာလို့ပေးစားရမှာလဲ ငါ့မောင်လို နုနုထွတ်ထွတ်လေးက ယောက်ျားရမှ အဆင်ပြေမှာ ဟဲ့"
"ကဲ တော်ကြတော့ ဆိုင်လဲရောက်နေပြီဟာကို"

သူငယ်ချင်းတစ်စု ခုံမှာဝင်ထိုင်လိုက်ကြစဉ်..

"ကဲ ငါ့တူမကြီးတို့က ပုံမှန်ပဲမို့လား"
"မဟုတ်ဘူး ဦးလေး ဒီနေ့ ချိုစိမ့်"
"အမ်"
"ဟား ဟား စု ဦးလေးကို စမနေနဲ့.. ပုံမှန်ပဲ ဦးလေး"
"အေး အေး"

မှာထားသည့် အစားအစာများ ရောက်လာ၍ စားနေကြစဉ်..

"ဟဲ့ ဟိုဘက်က ခုံက ကောက်လေးနှစ်ယောက်က ဘာလို့ ငါတို့ကိုကြည့်နေတာလဲမသိဘူး"
"ဘယ်မှာလဲ"
"ဟယ် ဟို ကောင်လေးက ချောလိုက်တာ "
"အေးဟယ် အသားလေးက ညိုညိုလေး၊ အရပ်ကလည်း အရှည်ကြီးနဲ့ အားကိုးချင်စရာကြီး ဟိဟိ"
"ဟဲ့ ကောင်မတွေ သူများကိုသွားပြီး ပစ်မှားမနေကြနဲ့ သူ့မှာကောင်မလေးရှိရင် ဘယ်လိုလုပ်မလဲ"
"ဟဲ့ ဟဲ့ ငါတို့ဆီကို ဦးတည်လာနေပြီ ခပ်တည်တည်နေကြ အဟမ်း"

ချောင်းတစ်ချက် ဟန့်လိုက်ပြီး ရှေ့သို့လှည့်၍ မသိချင်ယောင်ဆောင်ကာ စားစရာရှိတာ ဆက်စားနေလိုက်ကြသည်။

"ဟိုလေ ကျွန်တော်တို့ ဒီနားမှာ ခဏထိုင်လို့ရမလား"

ခွင့်တောင်းသလို ပြောလာသော လူရွယ်နှစ်ယောက်အား ပြန်ပြုံးပြကြကာ...
"ဟုတ် ရပါတယ် ထိုင်လေ"
"ဟို တစ်မျိုးတော့မထင်ပါနဲ့နော် ဘာကိစ္စရှိလို့လဲရှင့်"
"သြော် ထွေထွေထူးထူး ကိစ္စမဟုတ်ပါဘူး ဒီက ညီမတို့နဲ့ ခင်ချင်လို့ပါ"
"ဒါနဲ့ ကျွန်တော်နာမည်က ခက်ထန်ပါ...သူကတော့ စစ်သွေးပါ"
အသားညိုညိုနဲ့ကောင်လေးက သူ့ဘေးရှိ မှန်ကြောင်ကောင်လေးကိုပါ မိတ်ဆက်ပေးလေသည်။

"သြော် ဟုတ်"

"ရှင်"
"ဟို ဘယ်အတန်းကလဲ ဟင်"

စပ်စုနေသော ယမင်းခါးအာ မွှေးလက်ဖြင့် တို့လိုက်လေရာ ဘာလဲဟူသောအကြည့်ဖြင့် ကြည့်လာသောကြောင့် မျက်လုံးပြန်ပြူးပြလိုက်လေသည်။

"ဟုတ် ကျွန်တော်တို့က သင်္ချာ ဒုတိယနှစ်ကပါ"
"ဟယ် ဟုတ်လား ကိုယ်တွေနဲ့အတူတူပဲပေါ့"
"ဟာ ဒါဆို အတန်းတူတယ်ပေါ့နော် "
"မင်းကလဲ အတူတူပါပဲဆို အတန်းပါ တူမှာပေါ့ကွ"
"ငါက သေချာအောင်လို့ပါ ဟီး"
"ဒါနဲ့ ဘယ်အခန်းကလဲ အရင်ကမမြင်ဖူးပါဘူး"
"ဟုတ်တယ် ကျွန်တော်တို့က အခုမှပြောင်းလာတာဗျ"
"သြော် အာ့ကြောင့်ကိုး"
"ကဲ အာ့ဆို အခုကစပြီး ဘော်ဒါတွေဖြစ်သွားကြပြီပေါ့နော်"
"ဒါပေါ့"
"ဒါဆို ဘာမှာကြဦးမလဲ စားပြီးရင် အတန်းသွားတက်ကြရအောင်"
"အိုကေ အိုကေ"
"ဟေး ညီလေး ဒီဘက်ဝိုင်းကို လာပါဦး"

ရယ်ကာမောကာ စကားတွေပြောရင်း ဝိုင်းဖွဲ့စားသောက်နေကြသည့်  သူငယ်ချင်းအဖွဲ့လေး။

အချစ်ရဲ့အစက ချဉ်းကပ်ခြင်းဆိုရင် အဆုံးသတ်ကရော...

Tbc...



© Kout Tay,
книга «ေႂကြ».
အပိုင္း-၁၀
Коментарі