အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း_၂၂
အပိုင္း_၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၁၁
Zawgyi...

*Belling*

အတန္းထဲ၌ ေက်ာင္းဆင္းေခါင္းေလာင္းသံၾကားသည္နွင့္ လႈပ္လႈပ္႐ြ႐ြျဖစ္လာၾကသည့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား။

"အဟမ္း အဟမ္း"

အတန္းေရွ႕ရွိ အသက္ ၅၀ ေက်ာ္ခန္႔ရွိေသာ ဆရာမႀကီးသည္ သူမ၏ မ်က္မွန္ကိုင္းအား ေအာက္သို႔အနည္းငယ္ေလ်ာခ်ကာ မ်က္လံုး ေဝ့ႀကည့္ၿပီးေနာက္ ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ေလသည္။

"အတန္းဆင္းခ်င္ေနၾကၿပီေပါ့ ဟုတ္လား"
"ဟုတ္ပါတယ္ ဆရာမႀကီး"

ေက်ာင္းသားတစ္ေယာက္ရဲ႕ အသံအား နားေထာင္ၿပီးေနာက္..

"ေကာင္းၿပီေလ"
"ေဟးးးး
ေရးးးးး"

ဆရာမႀကီးရဲ႕ အသံအဆံုး ေပ်ာ္လြန္းလို႔ ေအာ္ဟစ္လာၾကသည့္ အတန္းသားမ်ား။ကြၽန္ေတာ္ အပါအဝင္ေပါ့ဗ်ာ။

"ဒါေပမယ့္ ေက်ာင္းနွစ္ရက္ပိတ္မွာဆိုေတာ့ အိမ္စာေလးေတာ့ ယူသြားၾကေပါ့ေနာ္"
"ဟင္..
ဟာ..
ဆရာမႀကီးကလည္း လုပ္ၿပီ"

အားလံုး၏ အာေမဋိတ္သံမ်ားအၾကား ဆက္ေျပာလာေသာ အသံ။

"ေတာ္ တန္ တိတ္ ခ်ိတ္ ဘာသံမွ ထပ္မၾကားခ်င္ဘူး အခုကတည္းက စာလုပ္ထားမွ ၁၀တန္းက် အမွတ္ေကာင္းေကာင္းရမွာ"
"ဟင့္ ဘာမွလဲမဆိုင္ဘူး"

ေက်ာင္းသူတစ္ေယာက္ ေျပာလိုက္သည့္အသံေၾကာင့္..

"ဆိုင္တာ မဆိုင္တာ ေနာက္ထား အခုလိုက္မွတ္ေတာ့ ဖတ္စာအုပ္ဖြင့္ၾက"

ပ်င္းရိပ်င္းတြဲျဖင့္ စာအုပ္ဖြင့္ေနၾကသူေတြထဲမွာ သူလည္းအပါအဝင္ပင္။

"စာမ်က္နွာ ၄၆ က နံပါတ္ ၃၊ ၅၊ ၇၊ ၈။
စာမ်က္နွာ ၅၁ က နံပါတ္ ၂၊၄၊၉။
စာမ်က္နွာ ၆၃ က နံပါတ္ ၅ က (c),(e),(f)၊ ေနာက္ၿပီး နံပါတ္ ၇၊ ၉ ၊၁၂။
ၿပီးေတာ့ စာမ်က္နွာ ၇၈ က နံပါတ္ ၁၀ နဲ႔ ၁၄။
ရၿပီလား ေသခ်ာမွတ္ထားၾကရဲ႕လား"
"ဟုတ္ မွတ္ထားၿပီးပါၿပီ"
"ေအး အဲ့တာဆို တနလၤာေန႔ ငါမဝင္ခင္ အၿပီးတြက္ၿပီး စားပြဲေပၚမွာ ထပ္ထားၾက စာအုပ္မထပ္တဲ့သူ ဘာျဖစ္မလဲ သိတယ္မို႔လား"
"ဟုတ္ သိပါတယ္"
"ဒါဆို နႈတ္ဆက္ၾက"
"အားလံုး မတ္တပ္ရပ္ ဆရာမကို နႈတ္ဆက္"

အတန္းေခါင္းေဆာင္၏ စကားေနာက္မွာေတာ့..

"ပဥၥဂုနံ အဟံဝနၷာမိ အာစရိယဂုနံ အဟံဝနၷာမိ မဂၤလာပါ ဆရာမ"
"မဂၤလာပါကြယ္"
"ေက်းဇူးတင္ပါတယ္ ဆရာမ"

ဆရာမထြက္သြားသည္နွင့္ လြယ္အိတ္ထဲသို႔ စာအုပ္ေတြအလ်င္အျမန္ထည့္ကာ စက္ဘီးထားရာဆီသို႔ ထြက္လာၾကေလသည္။

အိမ္ျပန္လမ္းတစ္ေလ်ွာက္ စက္ဘီးအား ဒုန္းနင္းေနေသာ သူ႔အား ျမင့္ျမတ္မွ

"ဟိတ္ေကာင္ ေျဖးေျဖးနင္းလဲ မင္းအိမ္က ထြက္မေျပးပါဘူးဟ ေသမလို႔ တအားနင္းေနရလား "
"နင္းခ်င္လို႔ နင္းေနတာမဟုတ္ဘူးကြ ငါေမြးထားတဲ့ ၾကက္မက ဟိုတစ္ေန႔က သားေပါက္တာကြ ခုကေလးေတြနဲ႔ အျပင္ထြက္လာလို႔ ေခြးဆြဲမွာေၾကာက္ေနရတာ"
"မင္းကလဲကြာ ဒါမ်ား အုပ္ေဆာင္းနဲ႔ အုပ္ခဲ့ေပါ့ကြ"
"တစ္ေနကုန္ႀကီး အုပ္ထားရမွာ သနားလို႔ကြ"
"ဒါဆိုလဲ ၿပီးေရာ မင္းဟာမင္းသာ ျမန္ျမန္နင္းသြားေတာ့ ငါတို႔ ေျဖးေျဖးနင္းၿပီးပဲ လိုက္ခဲ့ေတာ့မယ္"
"ေအးေအး အာ့ဆို ငါသြားနွင့္ၿပီ"

စက္ဘီးဒုန္းနင္းသြားေသာ ဝႆန္႔အားၾကည့္ကာ ေခါင္းခါရင္းျဖင့္ ျမင့္ျမတ္ေရ႐ြတ္လိုက္မိေလသည္။

"ဒီေကာင္ ဘယ္အခ်ိန္က ၾကက္ေရာဂါရသြားတာပါလိမ့္"
_________________
အိမ္သို႔ျပန္ေရာက္ေသာ္..

"အေမ့ အေမ့"

ဝႆန္ အေမ့အား အသံအက်ယ္ႀကီးျဖင့္ ေအာ္ေခၚမိေလသည္။

"ဟဲ့ေကာင္ေလး ဘာလို႔ အိမ္ေပါက္ဝကေန ကုန္းေအာ္ေနရတာလဲ တကတည္းေတာ္ အိမ္ထဲဝင္ၿပီးမွာ ေခၚေတာ့ နင္ဘာျဖစ္မွာမို႔လို႔လဲ"

သူ႔အသံေၾကာင့္ အေမလဲ အိမ္ထဲမွထြက္လာကာ ဆူပါေလေတာ့သည္။
ဝႆန္လည္း စက္ဘီးအား ေဒါက္ေထာက္လိုက္ၿပီး လြယ္အိတ္ယူကာ အေမ့နားသြားလိုက္သည္။

"သား ၾကက္မေရာ"
"ဟဲ့ ဘယ္က ၾကက္မတုန္း"
"ဟာ အေမကလဲ သားၾကက္ပါဆို ဟို အနက္နဲ႔ အညိဳေရာင္ ေရာထားတဲ့ ၾကက္မေလ"
"ေၾသာ္ သိၿပီ နင့္ၾကက္ ေခြးလိုက္ဆြဲလို႔ ငါ ဖမ္းၿပီး အုပ္ေဆာင္းနဲ႔ အုပ္ေပးထားတယ္"
"ၾကက္ေလးေတြ ပါသြားေသးလား"
"မပါ ပါဘူး ေနပါဦး နင္ငါ့ကို အိမ္ေရွ႕ကေန ဖင္ၿပဲေအာင္ ေအာ္ေနတာ ဒါေမးမလို႔လား"
"အဟီး ေမကလဲ"
"ေမကမလဲဘူး ေထာင္ေနတာ သြား အဝတ္အစားလဲ ေရခ်ိဳးၿပီး စာက်က္ေတာ့ စာေမးပြဲက ဖင္နားကပ္ေနၿပီ စာမလုပ္ခ်င္ဘူး သြား"
"ေမကလည္း ခုမွေက်ာင္းကျပန္ေရာက္တဲ့ဟာကို"
"ေတာ္ မၾကားခ်င္ဘူး ငါက လုပ္ဆိုလုပ္ အထြန္႔လာမတက္နဲ႔"
"ဟြန္႔"

ဝႆန္ အေမ့အားမ်က္ေစာင္းထိုးကာ အိမ္ေပၚသို႔ တစ္ဒုန္းဒုန္းျဖင့္တက္သြားေလသည္။

"ဟိုအေကာင္ ငါ့အိမ္ၿပိဳရင္ နင့္လာသတ္မွာေနာ္"

ေမ့အသံေၾကာင့္ ဝႆန္ အခုနထက္ ပိုျပင္းေသာေျခလွမ္းျဖင့္ တက္သြားေလေတာ့သည္။
__________________________
"ကေလးေတြ စာေမးပြဲက ဘယ္ေလာက္မွ မက်န္ေတာ့ဘူးေနာ္ စာလုပ္ၾကေတာ့ က်ဴရွင္လခ မေပးရေသးတဲ့သူရွိရင္လဲ ေပးၾကေတာ့ ဟုတ္ၿပီလား"
"ဟုတ္ ဆရာမ"
"ကဲကဲ ဒါဆို မဂၤလာပါ"
"မဂၤလာပါဆရာမ ေက်းဇူးတင္ပါတယ္ ဆရာမ"

ဆရာမထြက္သြားသည္နွင့္ ေမႊး ေဘးသို႔လွည့္ကာ..

"နင္တို႔ေတြ မနက္ျဖန္ အိမ္ကိုလာမွာလား"
"အင္းးး လာခဲ့မယ္ေလ ဒါနဲ႔ ဟိုေကာင္ေတြကေရာ လာမွာတဲ့လား"
"မသိဘူး ခက္ထန္က လာပါ့မလားေတာင္ မသိဘူး သူ႔မွာ ဖ်ားယူရတဲ့ အထိေတာင္ဆိုေတာ့"
"ေအးေနာ္ ဟားဟား နင့္ေမာင္ေမႊခ်က္ကေတာ့ တကယ္ မနိုင္ဘူးရယ္"
"ေမးၾကည့္ရေအာင္ ေခၚလိုက္ဦး"
"ေအး"

နႏၵာေနာက္သို႔လွည့္ကာ ေခၚရန္ျပင္လိုက္စဥ္ သူတို႔ဆီသို႔ ဦးတည္လာေနေသာ နွစ္ေယာက္ေၾကာင့္

"ဟိုမယ္ ေခၚစရာမလိုဘူး လာေနၿပီ"
ဟု ေရွ႕ျပန္လွည့္ကာ ေျပာလိုက္ေလသည္။

"ေၾသာ္ ခက္ထန္ လာတာနဲ႔အေတာ္ပဲ ေမးစရာရွိလို႔"

ခက္ထန္တို႔ နွစ္ေယာက္လဲ လြတ္ေနေသာ ေရွ႕ခံုတြင္ ဝင္ထိုင္ရင္း စကားျပန္လိုက္ေလသည္။

"ဟို နင္မနက္ျဖန္ အိမ္လာၿပီး စာလာလုပ္မွာလားလို႔ အဲ့တာ"
"ငါလဲ လုပ္ေတာ့လုပ္ခ်င္ပါတယ္ ဒါေပမယ့္ ဟိုေလ"
"ကဲပါ ဒါေပမယ့္ေတြ ဘာေတြ လုပ္မေနနဲ႔ နင္စာကူးစရာရွိတယ္မို႔လား ငါတို႔ဆီမွာက အစံုမရွိဘူး ေမႊးဆီမွာပဲ ရွိတာ အဲ့ေတာ့ မနက္ျဖန္ လာျဖစ္ေအာင္ လာခဲ့"
"အာ့ဆိုလည္း ၿပီးေရာ ေမႊး နင့္ေမာင္ေလးေရာ ရွိမွာလား မနက္ျဖန္"
"ေအးေလ သူတို႔ေက်ာင္းပိတ္တယ္ ရွိတာေပါ့ ဘာလဲ နင္က ငါ့ေမာင္နဲ႔ေတြ႕ခ်င္လို႔လား"
"အာ ဘယ္ကလာ မေတြ႕ခ်င္ပါဘူး ရွိရင္ ေဝးေဝးကေရွာင္မလို႔ေမးတာ"
"ဟားဟား အဲ့ေလာက္လဲ ေၾကာက္မေနပါနဲ႔ဟယ္ ငါ့ေမာင္က အရမ္းမဆိုးပါဘူး နည္းနည္းေလာက္ကာပဲဟ"
"ေအးေလ မင္းကလဲ"
"မင္းကလဲ လုပ္မေနနဲ႔ ငါက ခံခဲ့ရတဲ့သူကြ"
"ကဲပါ ေတာ္ၾကေတာ့ အိမ္ျပန္ၾကစို႔"
"အဲ့တာပဲ ေကာင္းတယ္"

သူတို႔အသီးသီး အိမ္ျပန္ဖို႔ရာအတြက္ ဆိုင္ကယ္setting ဆီသို႔ ဦးတည္လိုက္ၾကေလသည္။
________________________
ေနာက္တစ္ေန႔ မနက္..

"ဟဲလို ေမႊးလား ငါဒီေန႔မလာနိုင္ေတာ့ဘူး ငါ့အဖြားေနမေကာင္းလို႔"
"ေအးေအး"
*Ringing*
"ေမႊး ငါမလာေတာ့ဘူးလို႔ ဒီေန႔အိမ္မွာ ဘယ္သူမွမရွိလို႔"
"ေအးပါ"

ထိုသို႔ျဖင့္ မလာနိုင္ဘူး ဖုန္းဆက္လာၾကသည္မွာ ခက္ထန္တစ္ေယာက္ပဲ က်န္ေတာ့သည့္အတြက္

'က်န္တဲ့သူေတြ မလာနိုင္ဘူးဆိုေတာ့ ခက္ထန္ကို မလာေတာ့ဖို႔ လွမ္းဆက္လိုက္ပါဦးမယ္ေလ'

အေတြးေတာင္မဆံုးေသး "ငါေရာက္ေနၿပီေဟ့"ဟူေသာအသံကို ၾကားလိုက္ရေလသည္။

ခက္ထန္ အိမ္ထဲ ဝင္ဝင္ခ်င္း အေမႊေကာင္ေလးကို မေတြ႕ရေသာေၾကာင့္ သက္ျပင္းခ်ေနမိစဥ္ အိမ္ထဲသို႔ အေျပးဝင္လာပါေသာ ထိုအေမႊေကာင္ေလး။

ဧည့္ခန္းထဲထိုင္ေနဆသာ သူ႔အား ခဏၾကည့္ေနၿပီးေနာက္ အနားသို႔ တိုးကပ္လာေလသည္။

'မလာပါနဲ႔ အဲ့လိုလည္းမၾကည့္ပါနဲ႔ ငါေၾကာက္လို႔ပါ'

စိတ္ကသာ ေျပာေနရတာ ပါးစပ္ကေတာ့မထြက္ရဲ။ထိုစဥ္ ေကာင္ေလးရဲ႕ မ်က္နွာက သူ႔မ်က္နွာနဲ႔ ပိုမိုနီးကပ္လာေလရာ

"အားးးးးး!!!!"
"အေမ့ ဟာ ခင္ဗ်ားက ဘာလို႔ထေအာ္ရတာလဲ"
"မင္း မင္း မ်က္နွာက ငါနဲ႔နီးလာေတာ့ ဘာလုပ္မလဲဆိုၿပီးေတာ့ လန္႔ၿပီးေအာ္တာေပါ့"
"ဟား ခင္ဗ်ားကလည္း အသည္းငယ္လိုက္တာဗ်ာ "
"ေအာ္မိတာနဲ႔ အသည္းငယ္တာနဲ႔ ဘာ ဘာဆိုင္လို႔လဲ"
"ထားပါေတာ့ အင္းးးး"

ဝႆန္႔ေခါင္းထဲ၌ ထိုအသည္းငယ္ေသာ လူႀကီးအား စခ်င္သည့္အေတြးေတြ ေပၚလာတာေၾကာင့္

"ခင္ဗ်ား ကြၽန္ေတာ့ကို ၾကက္ကူဖမ္းေပးပါ့လား"
"အမ္"
"ေနာ္လို႔ ေနာ္ ေနာ္ ေနာ္ ခင္ဗ်ားကလည္း ခ်စ္တယ္ေလ ေနာ္လို႔"

ခက္ထန္ သူ႔ေရွ႕၌ နႈတ္ခမ္းေထာ္ကာ ခြၽဲႏြဲ႕ၿပီးေျပာေနေသာ ေကာင္ေလးေၾကာင့္ တင္းထားေသာ စိတ္ေတြေပ်ာ့ခ်င္လာသလိုျဖစ္ေနခ်ိန္ ခ်စ္တယ္ေလ ဟူေသာ စကားေၾကာင့္ ရင္ထဲ၌ ပ်ားအေကာင္တစ္ရာ တုပ္လိုက္သလို မရိုးမ႐ြျဖစ္လာေလသည္။

"ေနာ္လို႔ ေနာ္"
"အင္း အဲ ဟုတ္ၿပီေလ ဒါနဲ႔ ငါကူဖမားေပးရင္ မင္းက ဘာျပန္ေပးမွာလဲ"

ဝႆန္ အတန္ငယ္စဥ္းစားၿပီးေနာက္...

"ခင္ဗ်ားလိုခ်င္တာျပန္ေပးမယ္ေလ ဘယ္လိုလဲ"
"သေဘာတူတယ္"
"ဒါဆို ထ ထ ျမန္ျမန္ သြားဖမ္းရေအာင္"
"အိုေကေလ"

အိမ္ထဲက အျမန္ေျပးထြက္သြားသည့္ ေကာင္ငယ္ေလးမွာေတာ့ အေနာက္က လူႀကီး၏ စိတ္ကူးကို မသိေလေလ်ာ့။

"ဒါနဲ႔ ခင္ဗ်ားက အိမ္ကို ဘာလာလညပ္တာလဲ"

ၾကက္ဖမ္းရန္ထြက္လာစဥ္ စကားစလာသည့္ေကာင္ေလးေၾကာင့္

"စာကူးဖို႔လာတာ အရင္ရက္က ဖ်ားေနလို႔ ေက်ာင္းမတက္လိုက္ရဘူး အဲ့တာေၾကာင့္"
"ေၾသာ္ ဒါနဲ႔ ခုေရာ ခံနိုင္ရည္ရွိေသးလား"
"အမ္ ဘာကိုလဲ"
"အဟင္း ဘာမွမဟုတ္ေတာ့ဘူး ဖမ္းရေအာင္"
"ဒါနဲ႔ မင္းၾကက္က ဘယ္မွာလဲ"
"ဟိုမွာ အစာစားေနတဲ့ၾကက္ ကေလးေတြနဲ႔ဆိုေတာ့ ေခြးဆြဲမွာစိုးလို႔ ဥျခင္းထဲ ထည့္ေပးမလို႔"
"ေၾသာ္"

သူတို႔လည္း ၾကက္မႀကီးအနားသို႔ေရာက္ေသာ္

"ခင္ဗ်ား ၾကက္ကေလးေတြကိုဖမ္း ကြၽန္ေတာ္ၾကက္မႀကီးကိုဖမ္းမယ္"
"ေအးေအး"

ဝႆန္႔စကားေၾကာင့္ ခက္ထန္ ၾကက္ေပါက္ေလးတစ္ေကာင္အား ေကာက္ဖမ္းလိုက္စဥ္ တကြတ္ကြတ္ေအာ္ကာ သူ႔ကေလးအား တစ္ခုခုလုပ္ေတာ့မည္အထင္နွင့္ သူ႔အားဆိတ္ရန္ အရွိန္ျဖင့္တိုးဝင္လာေလေတာ့သည္။

"ဟာ အေမႊေကာင္ မင္းၾကက္ကို ဖမ္းဟ ငါ့ဆိတ္ေတာ့မယ္"
"ဘာဗ် အေမႊေကာင္ ဟုတ္လား မဖမ္းဘူးဗ်ာ"

ဝႆန္ အစက သူ႔ရဲ႕ အလန္႔တၾကားပံုစံေၾကာင့္ ဖမ္းေပးရန္ျပင္လိုက္ေပမယ့္ အေမႊေကာင္ ဟူေသာ ေခၚသံေၾကာင့္ ဖမ္းေပးခ်င္စိတ္ေတြ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္သြားေလသည္။

"ဟာ ဟိတ္ အဲ့လို႔မလုပ္နဲ႔ေလ.... အား အေမေရ... ကယ္ၾကပါဦး.."

ဝႆန္ ၾကက္ေပါက္အား လႊတ္ခ်ကာ ပုဆိုးမနိုင္မနင္းနဲ႔ေျပးထြက္သြားသည့္ လူႀကီးေၾကာင့္ ဗိုက္နွိပ္ကာ တဟားဟားေအာ္ရယ္မိေလေတာ့သည္။

"ဟားဟားဟား ဟားဟားဟား"

ထိုစဥ္..

"ဟဲ့အေကာင္"ဟူေသာ အသံေၾကာင့္ လွည့္ၾကည့္လိုက္မိေတာ့ တုတ္တစ္ေခ်ာင္းကိုင္ကာ အိမ္ေပါက္ဝ၌ ရပ္ၾကည့္ေနေသာ ေမေမနဲ႔ မမ။

ထို႔ေနာက္မွာေတာ့..

"အားးးး ေမေမရဲ႕ ေၾကာက္ပါၿပီ ေနာက္မလုပ္ေတာ့ပါဘူး"

ဟူေသာအသံသည္ ပတ္ဝန္းက်င္အား ဖံုးလႊမ္းသြားေလေတာ့သည္။
___________________
တကယ္ေတာ့ ေရးထားတာ မေန႔ကတည္းက ၿပီးေနပါၿပီ ကိုဥကၠာနဲ႔ Chad အေၾကာင္းေတြးမိၿပီး ဝမ္းနည္းလြန္းလို႔ တစ္ညလံုးထိုင္ငိုေနတာ။မနက္မိုးလင္းေတာ့ အကိုဝမ္းကြဲက သူ႔ကိုယ္သူ သတ္ေသသြားတယ္ဆိုတဲ့ သတင္းၾကားေတာ့ လူက ညက စိတ္နဲ႔ပါလြတ္ကုန္လို႔ မနည္းျပန္စုစည္းၿပီးတင္ေပးလိုက္တယ္။
Update ၾကာသြားတဲ့အတြက္လည္း ေတာင္းပန္ပါတယ္။ဖတ္ရတာ အဆင္မေျပသည္ရွိေသာ္ မ အျပစ္မို႔ ခြင့္လႊတ္ေပးၾကပါရွင့္💜
________________________

Unicode...

*Belling*

အတန်းထဲ၌ ကျောင်းဆင်းခေါင်းလောင်းသံကြားသည်နှင့် လှုပ်လှုပ်ရွရွဖြစ်လာကြသည့် ကျောင်းသူ၊ ကျောင်းသားများ။

"အဟမ်း အဟမ်း"

အတန်းရှေ့ရှိ အသက် ၅၀ ကျော်ခန့်ရှိသော ဆရာမကြီးသည် သူမ၏ မျက်မှန်ကိုင်းအား အောက်သို့အနည်းငယ်လျောချကာ မျက်လုံး ဝေ့ကြည့်ပြီးနောက် ချောင်းတစ်ချက်ဟန့်လိုက်လေသည်။

"အတန်းဆင်းချင်နေကြပြီပေါ့ ဟုတ်လား"
"ဟုတ်ပါတယ် ဆရာမကြီး"

ကျောင်းသားတစ်ယောက်ရဲ့ အသံအား နားထောင်ပြီးနောက်..

"ကောင်းပြီလေ"
"ဟေးးးး
ရေးးးးး"

ဆရာမကြီးရဲ့ အသံအဆုံး ပျော်လွန်းလို့ အော်ဟစ်လာကြသည့် အတန်းသားများ။ကျွန်တော် အပါအဝင်ပေါ့ဗျာ။

"ဒါပေမယ့် ကျောင်းနှစ်ရက်ပိတ်မှာဆိုတော့ အိမ်စာလေးတော့ ယူသွားကြပေါ့နော်"
"ဟင်..
ဟာ..
ဆရာမကြီးကလည်း လုပ်ပြီ"

အားလုံး၏ အာမေဋိတ်သံများအကြား ဆက်ပြောလာသော အသံ။

"တော် တန် တိတ် ချိတ် ဘာသံမှ ထပ်မကြားချင်ဘူး အခုကတည်းက စာလုပ်ထားမှ ၁၀တန်းကျ အမှတ်ကောင်းကောင်းရမှာ"
"ဟင့် ဘာမှလဲမဆိုင်ဘူး"

ကျောင်းသူတစ်ယောက် ပြောလိုက်သည့်အသံကြောင့်..

"ဆိုင်တာ မဆိုင်တာ နောက်ထား အခုလိုက်မှတ်တော့ ဖတ်စာအုပ်ဖွင့်ကြ"

ပျင်းရိပျင်းတွဲဖြင့် စာအုပ်ဖွင့်နေကြသူတွေထဲမှာ သူလည်းအပါအဝင်ပင်။

"စာမျက်နှာ ၄၆ က နံပါတ် ၃၊ ၅၊ ၇၊ ၈။
စာမျက်နှာ ၅၁ က နံပါတ် ၂၊၄၊၉။
စာမျက်နှာ ၆၃ က နံပါတ် ၅ က (c),(e),(f)၊ နောက်ပြီး နံပါတ် ၇၊ ၉ ၊၁၂။
ပြီးတော့ စာမျက်နှာ ၇၈ က နံပါတ် ၁၀ နဲ့ ၁၄။
ရပြီလား သေချာမှတ်ထားကြရဲ့လား"
"ဟုတ် မှတ်ထားပြီးပါပြီ"
"အေး အဲ့တာဆို တနင်္လာနေ့ ငါမဝင်ခင် အပြီးတွက်ပြီး စားပွဲပေါ်မှာ ထပ်ထားကြ စာအုပ်မထပ်တဲ့သူ ဘာဖြစ်မလဲ သိတယ်မို့လား"
"ဟုတ် သိပါတယ်"
"ဒါဆို နှုတ်ဆက်ကြ"
"အားလုံး မတ်တပ်ရပ် ဆရာမကို နှုတ်ဆက်"

အတန်းခေါင်းဆောင်၏ စကားနောက်မှာတော့..

"ပဉ္စဂုနံ အဟံဝန္နာမိ အာစရိယဂုနံ အဟံဝန္နာမိ မင်္ဂလာပါ ဆရာမ"
"မင်္ဂလာပါကွယ်"
"ကျေးဇူးတင်ပါတယ် ဆရာမ"

ဆရာမထွက်သွားသည်နှင့် လွယ်အိတ်ထဲသို့ စာအုပ်တွေအလျင်အမြန်ထည့်ကာ စက်ဘီးထားရာဆီသို့ ထွက်လာကြလေသည်။

အိမ်ပြန်လမ်းတစ်လျှောက် စက်ဘီးအား ဒုန်းနင်းနေသော သူ့အား မြင့်မြတ်မှ

"ဟိတ်ကောင် ဖြေးဖြေးနင်းလဲ မင်းအိမ်က ထွက်မပြေးပါဘူးဟ သေမလို့ တအားနင်းနေရလား "
"နင်းချင်လို့ နင်းနေတာမဟုတ်ဘူးကွ ငါမွေးထားတဲ့ ကြက်မက ဟိုတစ်နေ့က သားပေါက်တာကွ ခုကလေးတွေနဲ့ အပြင်ထွက်လာလို့ ခွေးဆွဲမှာကြောက်နေရတာ"
"မင်းကလဲကွာ ဒါများ အုပ်ဆောင်းနဲ့ အုပ်ခဲ့ပေါ့ကွ"
"တစ်နေကုန်ကြီး အုပ်ထားရမှာ သနားလို့ကွ"
"ဒါဆိုလဲ ပြီးရော မင်းဟာမင်းသာ မြန်မြန်နင်းသွားတော့ ငါတို့ ဖြေးဖြေးနင်းပြီးပဲ လိုက်ခဲ့တော့မယ်"
"အေးအေး အာ့ဆို ငါသွားနှင့်ပြီ"

စက်ဘီးဒုန်းနင်းသွားသော ဝဿန့်အားကြည့်ကာ ခေါင်းခါရင်းဖြင့် မြင့်မြတ်ရေရွတ်လိုက်မိလေသည်။

"ဒီကောင် ဘယ်အချိန်က ကြက်ရောဂါရသွားတာပါလိမ့်"
_________________
အိမ်သို့ပြန်ရောက်သော်..

"အမေ့ အမေ့"

ဝဿန် အမေ့အား အသံအကျယ်ကြီးဖြင့် အော်ခေါ်မိလေသည်။

"ဟဲ့ကောင်လေး ဘာလို့ အိမ်ပေါက်ဝကနေ ကုန်းအော်နေရတာလဲ တကတည်းတော် အိမ်ထဲဝင်ပြီးမှာ ခေါ်တော့ နင်ဘာဖြစ်မှာမို့လို့လဲ"

သူ့အသံကြောင့် အမေလဲ အိမ်ထဲမှထွက်လာကာ ဆူပါလေတော့သည်။
ဝဿန်လည်း စက်ဘီးအား ဒေါက်ထောက်လိုက်ပြီး လွယ်အိတ်ယူကာ အမေ့နားသွားလိုက်သည်။

"သား ကြက်မရော"
"ဟဲ့ ဘယ်က ကြက်မတုန်း"
"ဟာ အမေကလဲ သားကြက်ပါဆို ဟို အနက်နဲ့ အညိုရောင် ရောထားတဲ့ ကြက်မလေ"
"သြော် သိပြီ နင့်ကြက် ခွေးလိုက်ဆွဲလို့ ငါ ဖမ်းပြီး အုပ်ဆောင်းနဲ့ အုပ်ပေးထားတယ်"
"ကြက်လေးတွေ ပါသွားသေးလား"
"မပါ ပါဘူး နေပါဦး နင်ငါ့ကို အိမ်ရှေ့ကနေ ဖင်ပြဲအောင် အော်နေတာ ဒါမေးမလို့လား"
"အဟီး မေကလဲ"
"မေကမလဲဘူး ထောင်နေတာ သွား အဝတ်အစားလဲ ရေချိုးပြီး စာကျက်တော့ စာမေးပွဲက ဖင်နားကပ်နေပြီ စာမလုပ်ချင်ဘူး သွား"
"မေကလည်း ခုမှကျောင်းကပြန်ရောက်တဲ့ဟာကို"
"တော် မကြားချင်ဘူး ငါက လုပ်ဆိုလုပ် အထွန့်လာမတက်နဲ့"
"ဟွန့်"

ဝဿန် အမေ့အားမျက်စောင်းထိုးကာ အိမ်ပေါ်သို့ တစ်ဒုန်းဒုန်းဖြင့်တက်သွားလေသည်။

"ဟိုအကောင် ငါ့အိမ်ပြိုရင် နင့်လာသတ်မှာနော်"

မေ့အသံကြောင့် ဝဿန် အခုနထက် ပိုပြင်းသောခြေလှမ်းဖြင့် တက်သွားလေတော့သည်။
__________________________
"ကလေးတွေ စာမေးပွဲက ဘယ်လောက်မှ မကျန်တော့ဘူးနော် စာလုပ်ကြတော့ ကျူရှင်လခ မပေးရသေးတဲ့သူရှိရင်လဲ ပေးကြတော့ ဟုတ်ပြီလား"
"ဟုတ် ဆရာမ"
"ကဲကဲ ဒါဆို မင်္ဂလာပါ"
"မင်္ဂလာပါဆရာမ ကျေးဇူးတင်ပါတယ် ဆရာမ"

ဆရာမထွက်သွားသည်နှင့် မွှေး ဘေးသို့လှည့်ကာ..

"နင်တို့တွေ မနက်ဖြန် အိမ်ကိုလာမှာလား"
"အင်းးး လာခဲ့မယ်လေ ဒါနဲ့ ဟိုကောင်တွေကရော လာမှာတဲ့လား"
"မသိဘူး ခက်ထန်က လာပါ့မလားတောင် မသိဘူး သူ့မှာ ဖျားယူရတဲ့ အထိတောင်ဆိုတော့"
"အေးနော် ဟားဟား နင့်မောင်မွှေချက်ကတော့ တကယ် မနိုင်ဘူးရယ်"
"မေးကြည့်ရအောင် ခေါ်လိုက်ဦး"
"အေး"

နန္ဒာနောက်သို့လှည့်ကာ ခေါ်ရန်ပြင်လိုက်စဉ် သူတို့ဆီသို့ ဦးတည်လာနေသော နှစ်ယောက်ကြောင့်

"ဟိုမယ် ခေါ်စရာမလိုဘူး လာနေပြီ"
ဟု ရှေ့ပြန်လှည့်ကာ ပြောလိုက်လေသည်။

"သြော် ခက်ထန် လာတာနဲ့အတော်ပဲ မေးစရာရှိလို့"

ခက်ထန်တို့ နှစ်ယောက်လဲ လွတ်နေသော ရှေ့ခုံတွင် ဝင်ထိုင်ရင်း စကားပြန်လိုက်လေသည်။

"ဟို နင်မနက်ဖြန် အိမ်လာပြီး စာလာလုပ်မှာလားလို့ အဲ့တာ"
"ငါလဲ လုပ်တော့လုပ်ချင်ပါတယ် ဒါပေမယ့် ဟိုလေ"
"ကဲပါ ဒါပေမယ့်တွေ ဘာတွေ လုပ်မနေနဲ့ နင်စာကူးစရာရှိတယ်မို့လား ငါတို့ဆီမှာက အစုံမရှိဘူး မွှေးဆီမှာပဲ ရှိတာ အဲ့တော့ မနက်ဖြန် လာဖြစ်အောင် လာခဲ့"
"အာ့ဆိုလည်း ပြီးရော မွှေး နင့်မောင်လေးရော ရှိမှာလား မနက်ဖြန်"
"အေးလေ သူတို့ကျောင်းပိတ်တယ် ရှိတာပေါ့ ဘာလဲ နင်က ငါ့မောင်နဲ့တွေ့ချင်လို့လား"
"အာ ဘယ်ကလာ မတွေ့ချင်ပါဘူး ရှိရင် ဝေးဝေးကရှောင်မလို့မေးတာ"
"ဟားဟား အဲ့လောက်လဲ ကြောက်မနေပါနဲ့ဟယ် ငါ့မောင်က အရမ်းမဆိုးပါဘူး နည်းနည်းလောက်ကာပဲဟ"
"အေးလေ မင်းကလဲ"
"မင်းကလဲ လုပ်မနေနဲ့ ငါက ခံခဲ့ရတဲ့သူကွ"
"ကဲပါ တော်ကြတော့ အိမ်ပြန်ကြစို့"
"အဲ့တာပဲ ကောင်းတယ်"

သူတို့အသီးသီး အိမ်ပြန်ဖို့ရာအတွက် ဆိုင်ကယ်setting ဆီသို့ ဦးတည်လိုက်ကြလေသည်။
________________________
နောက်တစ်နေ့ မနက်..

"ဟဲလို မွှေးလား ငါဒီနေ့မလာနိုင်တော့ဘူး ငါ့အဖွားနေမကောင်းလို့"
"အေးအေး"
*Ringing*
"မွှေး ငါမလာတော့ဘူးလို့ ဒီနေ့အိမ်မှာ ဘယ်သူမှမရှိလို့"
"အေးပါ"

ထိုသို့ဖြင့် မလာနိုင်ဘူး ဖုန်းဆက်လာကြသည်မှာ ခက်ထန်တစ်ယောက်ပဲ ကျန်တော့သည့်အတွက်

'ကျန်တဲ့သူတွေ မလာနိုင်ဘူးဆိုတော့ ခက်ထန်ကို မလာတော့ဖို့ လှမ်းဆက်လိုက်ပါဦးမယ်လေ'

အတွေးတောင်မဆုံးသေး "ငါရောက်နေပြီဟေ့"ဟူသောအသံကို ကြားလိုက်ရလေသည်။

ခက်ထန် အိမ်ထဲ ဝင်ဝင်ချင်း အမွှေကောင်လေးကို မတွေ့ရသောကြောင့် သက်ပြင်းချနေမိစဉ် အိမ်ထဲသို့ အပြေးဝင်လာပါသော ထိုအမွှေကောင်လေး။

ဧည့်ခန်းထဲထိုင်နေဆသာ သူ့အား ခဏကြည့်နေပြီးနောက် အနားသို့ တိုးကပ်လာလေသည်။

'မလာပါနဲ့ အဲ့လိုလည်းမကြည့်ပါနဲ့ ငါကြောက်လို့ပါ'

စိတ်ကသာ ပြောနေရတာ ပါးစပ်ကတော့မထွက်ရဲ။ထိုစဉ် ကောင်လေးရဲ့ မျက်နှာက သူ့မျက်နှာနဲ့ ပိုမိုနီးကပ်လာလေရာ

"အားးးးးး!!!!"
"အမေ့ ဟာ ခင်ဗျားက ဘာလို့ထအော်ရတာလဲ"
"မင်း မင်း မျက်နှာက ငါနဲ့နီးလာတော့ ဘာလုပ်မလဲဆိုပြီးတော့ လန့်ပြီးအော်တာပေါ့"
"ဟား ခင်ဗျားကလည်း အသည်းငယ်လိုက်တာဗျာ "
"အော်မိတာနဲ့ အသည်းငယ်တာနဲ့ ဘာ ဘာဆိုင်လို့လဲ"
"ထားပါတော့ အင်းးးး"

ဝဿန့်ခေါင်းထဲ၌ ထိုအသည်းငယ်သော လူကြီးအား စချင်သည့်အတွေးတွေ ပေါ်လာတာကြောင့်

"ခင်ဗျား ကျွန်တော့ကို ကြက်ကူဖမ်းပေးပါ့လား"
"အမ်"
"နော်လို့ နော် နော် နော် ခင်ဗျားကလည်း ချစ်တယ်လေ နော်လို့"

ခက်ထန် သူ့ရှေ့၌ နှုတ်ခမ်းထော်ကာ ချွဲနွဲ့ပြီးပြောနေသော ကောင်လေးကြောင့် တင်းထားသော စိတ်တွေပျော့ချင်လာသလိုဖြစ်နေချိန် ချစ်တယ်လေ ဟူသော စကားကြောင့် ရင်ထဲ၌ ပျားအကောင်တစ်ရာ တုပ်လိုက်သလို မရိုးမရွဖြစ်လာလေသည်။

"နော်လို့ နော်"
"အင်း အဲ ဟုတ်ပြီလေ ဒါနဲ့ ငါကူဖမားပေးရင် မင်းက ဘာပြန်ပေးမှာလဲ"

ဝဿန် အတန်ငယ်စဉ်းစားပြီးနောက်...

"ခင်ဗျားလိုချင်တာပြန်ပေးမယ်လေ ဘယ်လိုလဲ"
"သဘောတူတယ်"
"ဒါဆို ထ ထ မြန်မြန် သွားဖမ်းရအောင်"
"အိုကေလေ"

အိမ်ထဲက အမြန်ပြေးထွက်သွားသည့် ကောင်ငယ်လေးမှာတော့ အနောက်က လူကြီး၏ စိတ်ကူးကို မသိလေလျော့။

"ဒါနဲ့ ခင်ဗျားက အိမ်ကို ဘာလာလညပ်တာလဲ"

ကြက်ဖမ်းရန်ထွက်လာစဉ် စကားစလာသည့်ကောင်လေးကြောင့်

"စာကူးဖို့လာတာ အရင်ရက်က ဖျားနေလို့ ကျောင်းမတက်လိုက်ရဘူး အဲ့တာကြောင့်"
"သြော် ဒါနဲ့ ခုရော ခံနိုင်ရည်ရှိသေးလား"
"အမ် ဘာကိုလဲ"
"အဟင်း ဘာမှမဟုတ်တော့ဘူး ဖမ်းရအောင်"
"ဒါနဲ့ မင်းကြက်က ဘယ်မှာလဲ"
"ဟိုမှာ အစာစားနေတဲ့ကြက် ကလေးတွေနဲ့ဆိုတော့ ခွေးဆွဲမှာစိုးလို့ ဥခြင်းထဲ ထည့်ပေးမလို့"
"သြော်"

သူတို့လည်း ကြက်မကြီးအနားသို့ရောက်သော်

"ခင်ဗျား ကြက်ကလေးတွေကိုဖမ်း ကျွန်တော်ကြက်မကြီးကိုဖမ်းမယ်"
"အေးအေး"

ဝဿန့်စကားကြောင့် ခက်ထန် ကြက်ပေါက်လေးတစ်ကောင်အား ကောက်ဖမ်းလိုက်စဉ် တကွတ်ကွတ်အော်ကာ သူ့ကလေးအား တစ်ခုခုလုပ်တော့မည်အထင်နှင့် သူ့အားဆိတ်ရန် အရှိန်ဖြင့်တိုးဝင်လာလေတော့သည်။

"ဟာ အမွှေကောင် မင်းကြက်ကို ဖမ်းဟ ငါ့ဆိတ်တော့မယ်"
"ဘာဗျ အမွှေကောင် ဟုတ်လား မဖမ်းဘူးဗျာ"

ဝဿန် အစက သူ့ရဲ့ အလန့်တကြားပုံစံကြောင့် ဖမ်းပေးရန်ပြင်လိုက်ပေမယ့် အမွှေကောင် ဟူသော ခေါ်သံကြောင့် ဖမ်းပေးချင်စိတ်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားလေသည်။

"ဟာ ဟိတ် အဲ့လို့မလုပ်နဲ့လေ.... အား အမေရေ... ကယ်ကြပါဦး.."

ဝဿန် ကြက်ပေါက်အား လွှတ်ချကာ ပုဆိုးမနိုင်မနင်းနဲ့ပြေးထွက်သွားသည့် လူကြီးကြောင့် ဗိုက်နှိပ်ကာ တဟားဟားအော်ရယ်မိလေတော့သည်။

"ဟားဟားဟား ဟားဟားဟား"

ထိုစဉ်..

"ဟဲ့အကောင်"ဟူသော အသံကြောင့် လှည့်ကြည့်လိုက်မိတော့ တုတ်တစ်ချောင်းကိုင်ကာ အိမ်ပေါက်ဝ၌ ရပ်ကြည့်နေသော မေမေနဲ့ မမ။

ထို့နောက်မှာတော့..

"အားးးး မေမေရဲ့ ကြောက်ပါပြီ နောက်မလုပ်တော့ပါဘူး"

ဟူသောအသံသည် ပတ်ဝန်းကျင်အား ဖုံးလွှမ်းသွားလေတော့သည်။
___________________
တကယ်တော့ ရေးထားတာ မနေ့ကတည်းက ပြီးနေပါပြီ ကိုဥက္ကာနဲ့ Chad အကြောင်းတွေးမိပြီး ဝမ်းနည်းလွန်းလို့ တစ်ညလုံးထိုင်ငိုနေတာ။မနက်မိုးလင်းတော့ အကိုဝမ်းကွဲက သူ့ကိုယ်သူ သတ်သေသွားတယ်ဆိုတဲ့ သတင်းကြားတော့ လူက ညက စိတ်နဲ့ပါလွတ်ကုန်လို့ မနည်းပြန်စုစည်းပြီးတင်ပေးလိုက်တယ်။
Update ကြာသွားတဲ့အတွက်လည်း တောင်းပန်ပါတယ်။ဖတ်ရတာ အဆင်မပြေသည်ရှိသော် မ အပြစ်မို့ ခွင့်လွှတ်ပေးကြပါရှင့်💜
________________________






© Kout Tay,
книга «ေႂကြ».
အပိုင္း-၁၂
Коментарі