အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း_၂၂
အပိုင္း_၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၆
Zawgyi...

႐ြာေလးသည္ နည္းနည္းခ်င္းတိုးတက္လာခဲ့ေပမယ့္ ေက်ာင္းမွာေတာ့ ၄ တန္းအထိသာရွိသည္။ထို႔ေၾကာင့္ ၁၀တန္းထိရွိေသာ ေဘး႐ြာေက်ာင္းသို႔ စက္ဘီးေလးျဖင့္သြားတက္ရသည္။

ေက်ာင္းသြားရာ လမ္းေဘးတစ္ေလ်ာက္ စီးဆင္းေနေသာေျမာင္းႀကီးနွင့္ ေျမာင္းေဘးတြင္ေပါက္ေရာက္ေနေသာ ပိန္းပန္းမ်ား၊ ေဗဒါပန္းမ်ားအျပင္ အျခားေသာပန္းမ်ားလည္း ဖူးပြင့္လ်က္ရွိ၏။

လမ္းတစ္ေလ်ာက္ ကိုယ့္အုပ္စုနွင့္ကိုယ္ စက္ဘီးစီးနင္းေနၾကေသာ ေက်ာင္းသူေက်ာင္းသားမ်ားကလည္း စလိုက္ေနာက္လိုက္ျဖင့္ ေပ်ာ္႐ႊင္ရယ္ေမာကာ ေက်ာင္းသို႔သြားလ်က္ရွိၾကသည္။

ဝႆန္တို႔ သူငယ္ခ်င္းသံုးေယာက္သည္လည္း စကားတေျပာေျပာျဖင့္ စီးနင္းေနၾကသည္။

"ေဟ့ေကာင္ ဝႆန္ မင္းဘာလိုငိုၿပီး အိမ္ထဲကထြက္လာတာလဲ"သံုးေယာက္ထဲမွ ျမင့္ျမတ္ေမာင္က ေမးလိုက္ျခင္းျဖစ္သည္။

"ဘာလို႔ရမွာလဲ မမေမႊးေပါ့ ငါ့ကိုလင္ေပးစားမလို႔တဲ့ ေမေမကလည္း လင္မယူခ်င္လဲ ေယာက်္ားယူတဲ့ အဟင့္"
"ဟားဟား ေနပါဦး မင္းကဘာလို႔ လင္မယူခ်င္ရတာလဲ"
"ဟာ မင္းစဥ္းစားၾကည့္ေလ ငါကမွ ေယာက်္ားေလးပါဆို ဘာလို႔ လင္ယူရမွာလဲ မိန္းမဆိုေတာ္ေသးတယ္ "

ထိုအခါ မေနနိုင္စြာျဖင့္ ေဘးက ေကာင္းထက္လင္းကပါ ဝင္ေျပာေလေတာ့သည္။

"ေအးေလ မင္းမမကလဲ သူမယူဘဲနဲ႔ ငါ့သူငယ္ခ်င္းကို လာေပးစားေနတယ္"
"ေအးေလ ခုေတာ့ သူတို႔သားမိနွစ္ေယာက္လံုးကေပါင္းၿပီး ငါ့ကို ေယာက်္ားေပးစားေနၾကတာ ဒါနဲ႔ ငါလဲ ေဖေဖျပန္လာရင္ တိုင္ေျပာမယ္လို႔ ေျပာခဲ့လိုက္တယ္"
"မင္းကလဲ အိမ္ကေယာက်္ားေပးစားရင္ ယူလိုက္စမ္းပါ ကိုယ္ေတာင္ရွာမစားရဘူး သူတို႔ကရွာေကြၽးလိမ့္မယ္ ေနတတ္ရင္ေပ်ာ္စရာႀကီးပါကြာ မဟုတ္လည္း မင္းက တစ္အိမ္လံုးမွာ ဘယ္သူနဲ႔မွမတူပဲ အရပ္ပုပု၊ အသားေဖြးေဖြးေလးနဲ႔ မထိရက္မကိုင္ရက္ ႏုႏု႐ြ႐ြေလးဆိုေတာ့ မိန္းကေလးနဲ႔မွားခ်င္စရာပဲဟာ အာ့ေၾကာင္းလဲ မင္းအမက လင္ေပးစားတာေနမွာေပါ့ ယူလိုက္စမ္းပါကြာ "
"မင္းေမႀကီးေတာ္ႀကီးမို႔ ယူရမွာလား ငါက မင္းဟာမင္းယူပါ့လား ငါေတာ့မယူနိုင္ဘူး"
"ျမင့္ျမတ္ ဘာလို႔ ဝႆန္႔ကို စေနတာလဲ ဒါနဲ႔ ကေလးကငိုေတာ့မယ္"
"ခ်ီးမို႔လို႔ ကေလးလား ငါက.. ကေလးမဟုတ္ဘူးကြ ကိုးတန္းေက်ာင္းသားျဖစ္ေနပီ ဟင့္ ႐ႊတ္ အၿမဲတမ္းသူမ်ားအရပ္ကို လာထိခိုက္ေနၾကတယ္ မေကာင္းတဲ့ေကာင္ေတြ ဟီး"
"ဟာ ေဟ့ေကာင္ ငိုမေနနဲ႔ မင္းငိုရင္ လွတာလဲမဟုတ္ဘူး ေကာင္းထက္ ေျပာလိုက္ဦးေလ"
"ဟုတ္သားပဲ ကေလးကလဲ မငိုပါနဲ႔ မင္းငိုရင္ မ်က္ရည္ေတြက သနပ္ခါးပါးကြက္ၾကားေတြမွာ အေၾကာင္းလိုက္ႀကီးက်န္ေနခဲ့တာ သရဲႀကီးက်ေနတာပဲ"
"အီး ဟီး မင္းတို႔ကိုလဲ မေခၚေတာ့ဘူး အၿမဲတမ္းေက်ာင္းသြားရင္ သနပ္ခါးပါးကြက္ၾကားလိမ္းခိုင္းတဲ့ ေမေမ့ကိုလဲမေခၚေတာ့ဘူး .."ဟုဆိုကာ စက္ဘီးအားေရွ႕မွ ဒုန္းနင္းသြားေလေတာ့သည္။

အေနာက္က နွစ္ေယာက္မွာလည္း စိတ္ေကာက္သြားေသာ သူငယ္ခ်င္းအားၾကည့္ရင္း တဟားဟားျဖင့္ ရယ္လို႔မၿပီးေတာ့ေပ။

ထိုေန႔က ဝႆန္တစ္ေယာက္ သနပ္ခါးပါးကြက္ၾကား တစ္ဖက္ျပတ္ျဖင့္ ေက်ာင္းသို႔ေရာက္ခဲ့ေလသည္။

Unicode...

ရွာလေးသည် နည်းနည်းချင်းတိုးတက်လာခဲ့ပေမယ့် ကျောင်းမှာတော့ ၄ တန်းအထိသာရှိသည်။ထို့ကြောင့် ၁၀တန်းထိရှိသော ဘေးရွာကျောင်းသို့ စက်ဘီးလေးဖြင့်သွားတက်ရသည်။

ကျောင်းသွားရာ လမ်းဘေးတစ်လျောက် စီးဆင်းနေသောမြောင်းကြီးနှင့် မြောင်းဘေးတွင်ပေါက်ရောက်နေသော ပိန်းပန်းများ၊ ဗေဒါပန်းများအပြင် အခြားသောပန်းများလည်း ဖူးပွင့်လျက်ရှိ၏။

လမ်းတစ်လျောက် ကိုယ့်အုပ်စုနှင့်ကိုယ် စက်ဘီးစီးနင်းနေကြသော ကျောင်းသူကျောင်းသားများကလည်း စလိုက်နောက်လိုက်ဖြင့် ပျော်ရွှင်ရယ်မောကာ ကျောင်းသို့သွားလျက်ရှိကြသည်။

ဝဿန်တို့ သူငယ်ချင်းသုံးယောက်သည်လည်း စကားတပြောပြောဖြင့် စီးနင်းနေကြသည်။

"ဟေ့ကောင် ဝဿန် မင်းဘာလိုငိုပြီး အိမ်ထဲကထွက်လာတာလဲ"သုံးယောက်ထဲမှ မြင့်မြတ်မောင်က မေးလိုက်ခြင်းဖြစ်သည်။

"ဘာလို့ရမှာလဲ မမမွှေးပေါ့ ငါ့ကိုလင်ပေးစားမလို့တဲ့ မေမေကလည်း လင်မယူချင်လဲ ယောက်ျားယူတဲ့ အဟင့်"
"ဟားဟား နေပါဦး မင်းကဘာလို့ လင်မယူချင်ရတာလဲ"
"ဟာ မင်းစဉ်းစားကြည့်လေ ငါကမှ ယောက်ျားလေးပါဆို ဘာလို့ လင်ယူရမှာလဲ မိန်းမဆိုတော်သေးတယ် "

ထိုအခါ မနေနိုင်စွာဖြင့် ဘေးက ကောင်းထက်လင်းကပါ ဝင်ပြောလေတော့သည်။

"အေးလေ မင်းမမကလဲ သူမယူဘဲနဲ့ ငါ့သူငယ်ချင်းကို လာပေးစားနေတယ်"
"အေးလေ ခုတော့ သူတို့သားမိနှစ်ယောက်လုံးကပေါင်းပြီး ငါ့ကို ယောက်ျားပေးစားနေကြတာ ဒါနဲ့ ငါလဲ ဖေဖေပြန်လာရင် တိုင်ပြောမယ်လို့ ပြောခဲ့လိုက်တယ်"
"မင်းကလဲ အိမ်ကယောက်ျားပေးစားရင် ယူလိုက်စမ်းပါ ကိုယ်တောင်ရှာမစားရဘူး သူတို့ကရှာကျွေးလိမ့်မယ် နေတတ်ရင်ပျော်စရာကြီးပါကွာ မဟုတ်လည်း မင်းက တစ်အိမ်လုံးမှာ ဘယ်သူနဲ့မှမတူပဲ အရပ်ပုပု၊ အသားဖွေးဖွေးလေးနဲ့ မထိရက်မကိုင်ရက် နုနုရွရွလေးဆိုတော့ မိန်းကလေးနဲ့မှားချင်စရာပဲဟာ အာ့ကြောင်းလဲ မင်းအမက လင်ပေးစားတာနေမှာပေါ့ ယူလိုက်စမ်းပါကွာ "
"မင်းမေကြီးတော်ကြီးမို့ ယူရမှာလား ငါက မင်းဟာမင်းယူပါ့လား ငါတော့မယူနိုင်ဘူး"
"မြင့်မြတ် ဘာလို့ ဝဿန့်ကို စနေတာလဲ ဒါနဲ့ ကလေးကငိုတော့မယ်"
"ချီးမို့လို့ ကလေးလား ငါက.. ကလေးမဟုတ်ဘူးကွ ကိုးတန်းကျောင်းသားဖြစ်နေပီ ဟင့် ရွှတ် အမြဲတမ်းသူများအရပ်ကို လာထိခိုက်နေကြတယ် မကောင်းတဲ့ကောင်တွေ ဟီး"
"ဟာ ဟေ့ကောင် ငိုမနေနဲ့ မင်းငိုရင် လှတာလဲမဟုတ်ဘူး ကောင်းထက် ပြောလိုက်ဦးလေ"
"ဟုတ်သားပဲ ကလေးကလဲ မငိုပါနဲ့ မင်းငိုရင် မျက်ရည်တွေက သနပ်ခါးပါးကွက်ကြားတွေမှာ အကြောင်းလိုက်ကြီးကျန်နေခဲ့တာ သရဲကြီးကျနေတာပဲ"
"အီး ဟီး မင်းတို့ကိုလဲ မခေါ်တော့ဘူး အမြဲတမ်းကျောင်းသွားရင် သနပ်ခါးပါးကွက်ကြားလိမ်းခိုင်းတဲ့ မေမေ့ကိုလဲမခေါ်တော့ဘူး .."ဟုဆိုကာ စက်ဘီးအားရှေ့မှ ဒုန်းနင်းသွားလေတော့သည်။

အနောက်က နှစ်ယောက်မှာလည်း စိတ်ကောက်သွားသော သူငယ်ချင်းအားကြည့်ရင်း တဟားဟားဖြင့် ရယ်လို့မပြီးတော့ပေ။

ထိုနေ့က ဝဿန်တစ်ယောက် သနပ်ခါးပါးကွက်ကြား တစ်ဖက်ပြတ်ဖြင့် ကျောင်းသို့ရောက်ခဲ့လေသည်။

© Kout Tay,
книга «ေႂကြ».
အပိုင္း-၇
Коментарі