Chapter 1 (အမည်ပေးခြင်း)
"အကိုကြီး....ကျွန်တော်တို့
စမ်းချောင်းနားမှာ ဒီလူကိုတွေ့ခဲ့တယ်...."
"ဘယ်သူလည်း......"
ချီရုန်က ထိုသူကိုတချက်ကြည့်ပြီး
သူ၏တပည့်များအားမေးလိုက်သည်။
တပည့်များက ခေါင်းကုတ်လျက်
"ကျွန်တော်တို့လည်း မသိဘူး
ဒီလူက ဒဏ်ရာဗလပွနဲ့ ပြီးတော့
မသေသေးဘူး ထင်တယ်......အဲ့တာကြောင့်
ခေါ်လာလိုက်တာ...."
ချီရုန်က ရုတ်တရက်ဆိုသလိုပင်
ထိုစကားပြောသော သူတယောက်၏
ရင်ဘတ်ဝတ်ရုံစအား ဆွဲကိုင်လိုက်သည်။
"ရူးနေလား...မသေသေးရင်
သတ်ပစ်လိုက်လေ...ငါတို့ကဓားပြတွေ
ပြီးတော့ ဒါက ဓားပြစခန်း
ဒုက္ခ သည်စခန်းမှမဟုတ်တာ...ဒဏ်ရာရတိုင်းခေါ်လာရအောင်...."
"ဒါ...ဒါ..ပေမဲ့......"
ချီရုန်၏ တပည့်နှစ်ယောက်က
ထစ်ထစ်အအဖြင့် ချီရုန်အားကြည့်နေကြသည်။
ချီရုန်က လက်ပိုက်လျက်
ထိုသူတို့အား မျက်နှာလွွဲထားသည်။
"ချီရုန်...မင်းလုပ်ပြန်ပြီလား....."
အပေါ်ထပ်လေှကားမှတစ်ဆင့်
ဆင်းလာသူက အသံပြုလိုက်သည်။
ချီရုန်က ထိုအသံကိုကြားတော့
ပိုက်ထားသော လက်ကိုဖြုတ်လိုက်ပြီး
"လခွမ်းပဲ...လာပြန်ပြီ....."
ထိုသူက ချီရုန်၏ဘေးတွင်
လာရပ်လိုက်သည်။
တပည့်နှစ်ယောက်ကိုင်ကာထားသော
သတိလစ်မေ့မြောနေဖွယ်ရသည့်
ထိုသူအား သေချာစူးစမ်းနေသည်။
ထိုသူ၏မျက်နှာနှင့် တချို့နေရာများတွင်
ထိခိုက်ရှရာများတွေ့ရသည်။
လက်မောင်းရှိ ဒဏ်ရာမှာ ဓားဒဏ်ရာနှင့်ဆင်တူလှသည်။
"နန်ဖုန်းနဲ့ ဖူယောင် သူ့ကိုဘယ်နားမှာ
တွေ့ခဲ့ကြတာ...."
နန်ဖုန်းကဖြေသည်။
"စစ်ချောင်းဘေးမှာပါ..."
ချီရုန်က စိတ်မရှည်ဟန်ဖြင့်
"ဝမ်းကွဲအကို...ငါ့ကိုလွွတ်ပေးထားပြီး
မင်းကောက်စရာရှိတဲ့အမွိုက်ကို
သွားကောက်စမ်းပါ
မင်းကြောင့် ငါ့ဓားပြစခန်းလည်း
တဖြည်းဖြည်း ဘုံကျောင်းနဲ့တူလာပြီ
မင်းကြောင့် ငါမြောက်ပိုင်းက
ခွေးရူးကောင် အယုတ်တမာဟွားချန်ဆီမှာ
အရှက်ရနေတာ
အခုနောက်ပိုင်း ဓားပြလောကမှာ
ပြစရာမျက်နှာတောင်ပျောက်နေပြီ...."
"သူနဲ့ဘာဆိုင်လို့လည်း ချီရုန်
မင်းဘာသာ အသုံးမကျတာလေ
အခုလည်း မင်း တောင်ပိုင်းကို
ချယ်လှယ်ခွင့်ရနေတာပဲ
သူသာမင်းကိုသက်ညှာမပေးရင်
မင်းအခုချိန် ဘာတစ်ခုမှချယ်လှယ်ခွင့်ရမှာမဟုတ်ဘူး"
"ဝမ်းကွဲ အကို မင်းဘာလို့သူ့ဘက်က.
နာပေးနေတာလည်း..."
ရှဲ့လျန်က သူ၏လက်ကို
ခါပြလိုက်သည်။
"ထားလိုက်တော့ ထားလိုက်တော့...
ဘာပဲဖြစ်ဖြစ် မင်းလူတွေက ကယ်လာပြီးပြီဆိုတော့
သူ့ကို ဆက်ကယ်လိုက်တော့
အသက်တစ်ချောင်းကယ်ကောင်းတယ်..."
"ချီးပဲကွာ....."
ချီရုန်၏မျက်နှာကြီးမှာ
ဆူပုတ်နေလျက်ရှိသည်။
ရှဲ့လျန်က ချီရုန်နှင့် ဆက်ရန်ဖြစ်မနေတော့ပဲ
ထောင့်တနေရာတွင်ထား ထားသော
သူ၏အမွိုက်ကောက်အိတ်ကြီးအား
သွားယူကာ ထမ်းလိုက်သည်။
အထဲတွင် မည်သည့်ပစ္စည်းများဖြင့်
ပြည့်နှက်နေသည်ကိုတော့ သေချာမသိ။
အိတ်မှာ ကြီးသလောက်အတော်ပင်ဖောင်းနေသေးသည်။
ရှဲ့လျန်သည် ရေတစ်ပုံးကိုသာ
လေးသည်ဟု ထင်လျင်ထင်ပေလိမ့်မည်။
သူ၏အိတ်ကိုတော့ ဘယ်သောအခါမှ
မနိုင်သည်ဟုမရှိခဲ့ပေ။
ရှဲ့လျန်က သူ၏ကျောတွင်ကပ်ထားသော
ဝါးခမောက်ကို ဆောင်းကာ
အပြင်သို့ထွက်သွားတော့သည်။
"အကိုကြီး...သူ့ကိုဘယ်မှာ
ထားလိုက်ရမလည်း..."
"ငလူးထဲမှ...ငါကဘယ်လိုလုပ်သိမှာလည်း
မင်းတို့ဘာသာ လုပ်ချင်သလိုလုပ်.....
ပြန်ကောင်းသွားရင်တော့ နှင်ထုတ်လိုက်"
"ဟုတ်ကဲ့ပါ...အကိုကြီး..."
ခွင့်ပြုချက်ရသွားသောကြောင့်
နန်ဖုန်းနှင့်ဖူယောင်တို့နှှစ်ယောက်မှာ ပျော်ရွွင်သွားပုံရသည်။
ထိုသူအား သူတိူ့စုပေါင်းအိပ်စက်သော
ကုတင်ရှည်ကြီး၏ တနေရာတွင်
သေချာစွာ ချပေးလိုက်ပြီးနောက်
ထိုသူ၏ ကိုယ်ခန္တာ ရှိ သွေးစများအား
ဖယ်ရှားသုတ်သင်ပေးနေသည်။
ချီရုန်က တိုင်တစ်ခုကိုမှီရင်း
လက်ပိုက်ကာ ကုတင်ပေါ်ရှိထိုလူအား
ကြည့်နေသည်။
ထို့နောက် နှာတစ်ချက်မွုတ်ကာ
အကြည့်လွွဲလိုက်ပြီး
"ငါ အပြင်သွားလိုက်အုန်းမယ်.....
ခွေးရူးကောင် ဟွားချန်လာရင်
ငါ့ကို လာသတင်းပေး....."
"ဟုတ်ကဲ့ပါ....အကိုကြီး...."
ချီရုန်ထွက်သွားပြီးနောက် ဒဏ်ရာရနေသော
သူအား သန့်ရှင်းပေးနေရင်း
နန်ဖုန်းကဆိုသည်။
"ငါတို့အကိုကြီးက ဘာလို့
မြောက်ပိုင်းခေါင်းဆောင်ဟွားချန်ကို အသေမုန်းနေတာလည်း မသိဘူး..."
ဖူယောင်က နန်ဖုန်းအား မျက်စောင်းထိုးကာ
ခေါင်းကို ခေါက်ချလိုက်သည်။
"မမုန်းပဲနေမလား...ငါတို့အကိုကြီးကသူ့ကို
အမြဲတမ်းရွုံးနေတာလေ
ပြီးတော့ မြောက်ပိုင်းခေါင်းဆောင်ဟွားချန်က.
ငါတို့အကိုကြီးဆို မတူသလိုမတန်သလိုဆက်ဆံတာ
နောက်ဆုံးတခေါက် နယ်မြေလုပွဲကိုပဲကြည့်ပါလား
အကိုကြီးနဲ့ပြိုင်နေရင်း အကိုကြီးရွုံးခါနီးကို
ဓားနဲ့မခုတ်တော့ပဲ ခဲနဲ့အဆက်မပြတ်ပိတ်ပေါက်တာလေ
မင်းသာဆို ခံနိုင်မလား...."
"ဒါသက်သက်စော်ကားတာပေါ့...ငါတို့အကိုကြီးကို......."
"အေးပေါ့....ဟော...မျက်တောင်ခတ်လာပြီ
ဒီလူမျက်တောင်ခတ်လာပြီ....သတိရပြီထင်တယ်.."
ဒဏ်ရာရထားသောသူ၏
မျက်ဝန်းတို့က တဖြည်းဖြည်း ပွင့်လာသည်။
"ဟေ့လူ...သတိရပြီလား..."
ကောင်လေးနှစ်ဦးအနက်တစ်ဦးက
မေးလိုက်သည်။
ဒဏ်ရာရထားသော တယောက်က
တဖြည်းဖြည်း ချင်းထိုင်လိုက်သည်။
ထိုသူကသူ၏ နားထင်အားဖိကိုင်ထားရင်း
"အာ့.......ကျွန်..ကျွန်တော်....
ဘယ်ရောက်နေတာလည်းဟင်...."
ဖူယောင်တို့ကသူ့အားကြည့်ရင်း
ထိုသူ၏ မျက်နှာရေှ့အား လက်ဖြင့်ယမ်းလိုက်သည်။
"မင်း..ဘာမှမမှတ်မိတော့ဘူးလား
မင်းဘယ်သူလည်းရောသိလား......ဘယ်ကလာတာလည်းရော...."
"ကျွန်...ကျွန်တော်...ဘာမှမမှတ်မိတော့ဘူး
ကျွန်တော်ဘယ်သူလည်း...ကျွနိတော်...ဘယ်..ဘယ်က လာတာလည်း...."
နန်ဖုန်းနှင့်ဖူယောင်က တယောက်ကိုတယောက်
ကြည့်နေသည်။
ဖူယောင်က နန်ဖုန်းကို ထောင့်တနေရာသိူ့
ဆွဲခေါ်လိုက်ပြီး တီးတိုးဆိုသည်။
"သူကဘာမှမသိတော့ဘူးတဲ့ကွ
ငါတို့ဘယ်လိုလုပ်မှာလည်း....အကိုကြီးက..
ကောင်းသွားတာနဲ့ ပြန်လွွတ်ခိုင်းတာလေ..."
နန်ဖုန်းက ဖူယောင်၏
ခေါင်းအား တချက်ရိုက်လိုက်ပြီး
"တုံးလိုက်တာ...အဲ့တာမကောင်းသေးတာပေါ့.
သူသတိပြန်ရလာရင် ကောင်းတာပေါ့.."
ဖူယောက်က သူ၏ ခေါင်းအားပွတ်ရင်း
"မင်းပြောတာ သဘာဝကျတယ်...."
.
"အေး...."
ထို့နောက် ဒဏ်ရာရနေသော သူဘက်အား
ပြန်လှည့်လာလိုက်ပြီး
နန်ဖုန်းက ဆိုသည်။
"ဒါဆို မင်းသတိပြန်ရလာတဲ့အချိန်ထိ
ဒီမှာနေ...ဟုတ်ပြီလား...."
ထိုသူက သူတို့နှစ်ဦး အား.
သေချာစွာကြည့်နေရင်း
"ကျွန်တော်တကယ်ဒီမှာနေလို့ရလား..."
"ရ...ရတယ်...".
"ကျေးဇူးတင်ပါတယ်
ကျေးဇူးအများကြီးတင်ပါတယ် "
နန်ဖုန်းတို့က
"ရပါတယ်..ကျေးဇူးကငါတို့အကိုကြီးကို
တင်သင့်တာ သူက အပြင်ကသာ
မကောင်းတာတွေပဲပြောတာ အတွင်းစိတ်က
အရမ်းဖြူစင်တယ်...."
ထိုစကားကိုပြောတော့
ဖူယောင်က နန်ဖုန်း၏ လက်မောင်းအား
အားပါပါဖြင့် တချက်ပိတ်ချလိုက်သည်။
ဖူယောင်က နန်ဖုန်းအား အံကြိတ်ပြကာ
"မဖောနဲ့...အရမ်းကြီးဖောမပြနဲ့...."
"ဘာလည်း...ဘာဖြစ်လည်း...".
ဒဏ်ရာနှင်လူက အငြင်းအခုံဖြစ်နေသော
ဖူယောင်တို့အား ကြောင်ကြည့်နေသည်။
..................................................
"အဲ့တော့ ဒီငလူးက အတိတ်မေ့နေတာပေါ့..."
"ဟုတ်ပါတယ် အကိုကြီး...."
အယောက်နှစ်ဆယ်နီးပါး စုဝေးစားသောက်သော
အဆောင်သဖွယ် အိမ်လေးတစ်လုံးထဲတွင်
ကြောက်မက်ဖွယ်ရာ စစ်ဆေးမွုကြီးအား
.ပြုလုပ်နေသည်။
ရှဲ့လျန်က မူ ထမင်းစားပွဲလေးဝိုင်းရှိသည့်အနက်မှ
ပထမဆုံးဝိုင်းတွင်ထိုင်ကာ.
သူ၏ ဝေပုံကျပေါက်စီကိုသာ
ကိုက်စားနေသည်။
ချီရုန်ကမူ လက်ပိုက်ကာ
နေ့လည်က သံသယဖြစ်ဖွယ်ထိုဒဏ်ရာရနေသောသူအား ရေှ့တွင်ထား၍စစ်ဆေးနေသည်။
နန်ဖုန်း၏အဖြေကြောင့် ချီရုန်ကသူ၏
နှဖူးကိုသူပြန်ရိုက်လိုက်သည်။
ရေှ့ရှိ ဒဏ်ရာရသူက သူ၏ ခေါင်းကို.
ငုံ့ကာထားသည်။
"လခွမ်းပဲ...ဒဏ်ရာက လက်မှာမဟုတ်ဘူးလား.သူကဘာကိစ္စအတိတ်မေ့ရတာလည်း
ငါ့ကိုပညာရေးအခြေခံမရှိဘူးဆိုပြီး
ညှက်ချချင်တာလား....ပြောစမ်း......"
ချီရုန်က ရုတ်တရက်ဆိုသလိုပင်
ထိုသူ၏ မေးစေ့အား ဆုပ်ကိုင်လိုက်ပြီး
သူနှင့် မျက်ဝန်းချင်းဆုံစေသည်။
ထိုသူက ချီရုန်အား ရီဝေနေသော
မျက်ဝန်းတို့ဖြင့်ကြည့်ရင်း
"ကျွန်...ကျွန်တော်..တကယ်..
ဘာမှမသိတော့လို့ပါ....ကျွန်တော့ကို
ကျေးဇူးပြုပြီး လက်ခံပေးပါ...."
ချီရုန်က ထိုသူ၏ အကြည့်ကြောင့်
မေးစေ့အား ပြန်လွွတ်ပေးလိုက်ပြီး
အကြည့်လွွဲလိုက်သည်။
"အင်းပါ..မင်းပုံစံကြည့်ရတာ
သနားဖို့အတော်ကောင်းတယ်
ပြီးတော့........."
ချီရုန်က သူ၏ နှဖူးရေှ့အနည်းငယ်ကျနေသော
ဆံနွယ်တို့အား နှဖူးပေါ်သို့
သတ်တင်လိုက်ရင်း
ထိုသူအား ကြည့်လိုက်သည်။
"တော်တန်ရုံလူ ဆို ငါ့အကြည့်ကို
ခံနိုင်ရည်ရှိတာမဟုတ်ဘူး
သူတို့လိမ်နေရင်တောင် ချက်ချင်း အန်ထွက်ကျလာမှာ
ဟုတ်တယ်မလား ညီနောင်တို့...."
ချီရုန်က ခါးထောက်လိုက်ပြီး
ဆိုသည်။
သူ၏ဘေးရှိ လူငယ်လေးများက
ကိုယ်စီလက်ခုပ်တီးကာ ထောက်ခံကြသည်။
ထိုအထဲတွင် လက်ခုပ်သံအကျယ်ဆုံးမှာ
နန်ဖုန်းနှင့်ဖူယောင်ပင်ဖြစ်သည်။
ရှဲ့လျန်ကမူ ဘာမှကိုဂရုမစိုက်ဟန်ဖြင့်
သူ၏ ပေါက်စီကိုသာ တသက်လုံးစားမည့်ပုံစံဖြင့်
နည်းနည်းချင်းဖဲ့ကာ ကိုက်နေသည်။
ချီရုန်က ထိုသူထိုင်နေသာ
ခုံတန်းလက်ကိုင်ကို ရုတ်တရက်ကိုင်လိုက်ပြီး
"ဒါဆို မင်းကို နာမည်ပေးရမှာပေါ့....
အမ်း....ဘာပေးရင်ကောင်းမလည်း....
ချောင်ရူ...လီဖန်း...ရုံလျိွု့....."
ထိုသူက ချီရုန်ကို ကြည့်နေသည်။
သူ၏စိတ်ထဲတွင်တော့
အတော်မွန်းကျပ်နေပုံပင်။
ချီရုန်က တကယ်ကောင်းသည့်အမည်တစ်ခုကို
ရသွားပုံပေါ်သည်။
သူကလက်ဖျောက်တချက်တီးလိုက်ပြီး
"သိပြီ....ကျွင်းဝူ.....
ကျွင်းဝူ..... လို့ခေါ်မယ်...."
ထိုသူ၏မျက်နှာက အနည်းငယ်တော့ညိုးနေသည်။
"ကျွန်တော်က...ဒီအတိုင်း...."
ချီရုန်က သူ့အားစကားကို
ဆုံးအောင်မပြောခိုင်းပေ။
"ဘာလည်း...ငါ့ကိုအာခံချင်တာလား...."
"ဟုတ်တယ်...မင်းကအာခံချင်တာလား...
ငါတို့အကိုကြီးက တော်ရုံလူကို
နာမည်ပေးတယ်များမှတ်နေလား...မင်းအတော်ကံ
ကောင်းလို့ကွ ရှင်းလား..."
သူတို့ထဲမှတယောက်က ထအော်သည်။
ကျန်သူများကလည်း အကြီးအကျယ်ထောက်ခံကြသည်။
"ဟုတ်ကဲ့...ကျွင်းဝူ သိပါပြီ...."
ချီရုန်က ထိုသူ၏အဖြေကြောင့်
ကြိတ်ရီနေဖွယ်ရှိသည်။
ထိုအမည်က တခုခုတော့မူမမှန်ပေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စမ်းချောင်းနားမှာ ဒီလူကိုတွေ့ခဲ့တယ်...."
"ဘယ်သူလည်း......"
ချီရုန်က ထိုသူကိုတချက်ကြည့်ပြီး
သူ၏တပည့်များအားမေးလိုက်သည်။
တပည့်များက ခေါင်းကုတ်လျက်
"ကျွန်တော်တို့လည်း မသိဘူး
ဒီလူက ဒဏ်ရာဗလပွနဲ့ ပြီးတော့
မသေသေးဘူး ထင်တယ်......အဲ့တာကြောင့်
ခေါ်လာလိုက်တာ...."
ချီရုန်က ရုတ်တရက်ဆိုသလိုပင်
ထိုစကားပြောသော သူတယောက်၏
ရင်ဘတ်ဝတ်ရုံစအား ဆွဲကိုင်လိုက်သည်။
"ရူးနေလား...မသေသေးရင်
သတ်ပစ်လိုက်လေ...ငါတို့ကဓားပြတွေ
ပြီးတော့ ဒါက ဓားပြစခန်း
ဒုက္ခ သည်စခန်းမှမဟုတ်တာ...ဒဏ်ရာရတိုင်းခေါ်လာရအောင်...."
"ဒါ...ဒါ..ပေမဲ့......"
ချီရုန်၏ တပည့်နှစ်ယောက်က
ထစ်ထစ်အအဖြင့် ချီရုန်အားကြည့်နေကြသည်။
ချီရုန်က လက်ပိုက်လျက်
ထိုသူတို့အား မျက်နှာလွွဲထားသည်။
"ချီရုန်...မင်းလုပ်ပြန်ပြီလား....."
အပေါ်ထပ်လေှကားမှတစ်ဆင့်
ဆင်းလာသူက အသံပြုလိုက်သည်။
ချီရုန်က ထိုအသံကိုကြားတော့
ပိုက်ထားသော လက်ကိုဖြုတ်လိုက်ပြီး
"လခွမ်းပဲ...လာပြန်ပြီ....."
ထိုသူက ချီရုန်၏ဘေးတွင်
လာရပ်လိုက်သည်။
တပည့်နှစ်ယောက်ကိုင်ကာထားသော
သတိလစ်မေ့မြောနေဖွယ်ရသည့်
ထိုသူအား သေချာစူးစမ်းနေသည်။
ထိုသူ၏မျက်နှာနှင့် တချို့နေရာများတွင်
ထိခိုက်ရှရာများတွေ့ရသည်။
လက်မောင်းရှိ ဒဏ်ရာမှာ ဓားဒဏ်ရာနှင့်ဆင်တူလှသည်။
"နန်ဖုန်းနဲ့ ဖူယောင် သူ့ကိုဘယ်နားမှာ
တွေ့ခဲ့ကြတာ...."
နန်ဖုန်းကဖြေသည်။
"စစ်ချောင်းဘေးမှာပါ..."
ချီရုန်က စိတ်မရှည်ဟန်ဖြင့်
"ဝမ်းကွဲအကို...ငါ့ကိုလွွတ်ပေးထားပြီး
မင်းကောက်စရာရှိတဲ့အမွိုက်ကို
သွားကောက်စမ်းပါ
မင်းကြောင့် ငါ့ဓားပြစခန်းလည်း
တဖြည်းဖြည်း ဘုံကျောင်းနဲ့တူလာပြီ
မင်းကြောင့် ငါမြောက်ပိုင်းက
ခွေးရူးကောင် အယုတ်တမာဟွားချန်ဆီမှာ
အရှက်ရနေတာ
အခုနောက်ပိုင်း ဓားပြလောကမှာ
ပြစရာမျက်နှာတောင်ပျောက်နေပြီ...."
"သူနဲ့ဘာဆိုင်လို့လည်း ချီရုန်
မင်းဘာသာ အသုံးမကျတာလေ
အခုလည်း မင်း တောင်ပိုင်းကို
ချယ်လှယ်ခွင့်ရနေတာပဲ
သူသာမင်းကိုသက်ညှာမပေးရင်
မင်းအခုချိန် ဘာတစ်ခုမှချယ်လှယ်ခွင့်ရမှာမဟုတ်ဘူး"
"ဝမ်းကွဲ အကို မင်းဘာလို့သူ့ဘက်က.
နာပေးနေတာလည်း..."
ရှဲ့လျန်က သူ၏လက်ကို
ခါပြလိုက်သည်။
"ထားလိုက်တော့ ထားလိုက်တော့...
ဘာပဲဖြစ်ဖြစ် မင်းလူတွေက ကယ်လာပြီးပြီဆိုတော့
သူ့ကို ဆက်ကယ်လိုက်တော့
အသက်တစ်ချောင်းကယ်ကောင်းတယ်..."
"ချီးပဲကွာ....."
ချီရုန်၏မျက်နှာကြီးမှာ
ဆူပုတ်နေလျက်ရှိသည်။
ရှဲ့လျန်က ချီရုန်နှင့် ဆက်ရန်ဖြစ်မနေတော့ပဲ
ထောင့်တနေရာတွင်ထား ထားသော
သူ၏အမွိုက်ကောက်အိတ်ကြီးအား
သွားယူကာ ထမ်းလိုက်သည်။
အထဲတွင် မည်သည့်ပစ္စည်းများဖြင့်
ပြည့်နှက်နေသည်ကိုတော့ သေချာမသိ။
အိတ်မှာ ကြီးသလောက်အတော်ပင်ဖောင်းနေသေးသည်။
ရှဲ့လျန်သည် ရေတစ်ပုံးကိုသာ
လေးသည်ဟု ထင်လျင်ထင်ပေလိမ့်မည်။
သူ၏အိတ်ကိုတော့ ဘယ်သောအခါမှ
မနိုင်သည်ဟုမရှိခဲ့ပေ။
ရှဲ့လျန်က သူ၏ကျောတွင်ကပ်ထားသော
ဝါးခမောက်ကို ဆောင်းကာ
အပြင်သို့ထွက်သွားတော့သည်။
"အကိုကြီး...သူ့ကိုဘယ်မှာ
ထားလိုက်ရမလည်း..."
"ငလူးထဲမှ...ငါကဘယ်လိုလုပ်သိမှာလည်း
မင်းတို့ဘာသာ လုပ်ချင်သလိုလုပ်.....
ပြန်ကောင်းသွားရင်တော့ နှင်ထုတ်လိုက်"
"ဟုတ်ကဲ့ပါ...အကိုကြီး..."
ခွင့်ပြုချက်ရသွားသောကြောင့်
နန်ဖုန်းနှင့်ဖူယောင်တို့နှှစ်ယောက်မှာ ပျော်ရွွင်သွားပုံရသည်။
ထိုသူအား သူတိူ့စုပေါင်းအိပ်စက်သော
ကုတင်ရှည်ကြီး၏ တနေရာတွင်
သေချာစွာ ချပေးလိုက်ပြီးနောက်
ထိုသူ၏ ကိုယ်ခန္တာ ရှိ သွေးစများအား
ဖယ်ရှားသုတ်သင်ပေးနေသည်။
ချီရုန်က တိုင်တစ်ခုကိုမှီရင်း
လက်ပိုက်ကာ ကုတင်ပေါ်ရှိထိုလူအား
ကြည့်နေသည်။
ထို့နောက် နှာတစ်ချက်မွုတ်ကာ
အကြည့်လွွဲလိုက်ပြီး
"ငါ အပြင်သွားလိုက်အုန်းမယ်.....
ခွေးရူးကောင် ဟွားချန်လာရင်
ငါ့ကို လာသတင်းပေး....."
"ဟုတ်ကဲ့ပါ....အကိုကြီး...."
ချီရုန်ထွက်သွားပြီးနောက် ဒဏ်ရာရနေသော
သူအား သန့်ရှင်းပေးနေရင်း
နန်ဖုန်းကဆိုသည်။
"ငါတို့အကိုကြီးက ဘာလို့
မြောက်ပိုင်းခေါင်းဆောင်ဟွားချန်ကို အသေမုန်းနေတာလည်း မသိဘူး..."
ဖူယောင်က နန်ဖုန်းအား မျက်စောင်းထိုးကာ
ခေါင်းကို ခေါက်ချလိုက်သည်။
"မမုန်းပဲနေမလား...ငါတို့အကိုကြီးကသူ့ကို
အမြဲတမ်းရွုံးနေတာလေ
ပြီးတော့ မြောက်ပိုင်းခေါင်းဆောင်ဟွားချန်က.
ငါတို့အကိုကြီးဆို မတူသလိုမတန်သလိုဆက်ဆံတာ
နောက်ဆုံးတခေါက် နယ်မြေလုပွဲကိုပဲကြည့်ပါလား
အကိုကြီးနဲ့ပြိုင်နေရင်း အကိုကြီးရွုံးခါနီးကို
ဓားနဲ့မခုတ်တော့ပဲ ခဲနဲ့အဆက်မပြတ်ပိတ်ပေါက်တာလေ
မင်းသာဆို ခံနိုင်မလား...."
"ဒါသက်သက်စော်ကားတာပေါ့...ငါတို့အကိုကြီးကို......."
"အေးပေါ့....ဟော...မျက်တောင်ခတ်လာပြီ
ဒီလူမျက်တောင်ခတ်လာပြီ....သတိရပြီထင်တယ်.."
ဒဏ်ရာရထားသောသူ၏
မျက်ဝန်းတို့က တဖြည်းဖြည်း ပွင့်လာသည်။
"ဟေ့လူ...သတိရပြီလား..."
ကောင်လေးနှစ်ဦးအနက်တစ်ဦးက
မေးလိုက်သည်။
ဒဏ်ရာရထားသော တယောက်က
တဖြည်းဖြည်း ချင်းထိုင်လိုက်သည်။
ထိုသူကသူ၏ နားထင်အားဖိကိုင်ထားရင်း
"အာ့.......ကျွန်..ကျွန်တော်....
ဘယ်ရောက်နေတာလည်းဟင်...."
ဖူယောင်တို့ကသူ့အားကြည့်ရင်း
ထိုသူ၏ မျက်နှာရေှ့အား လက်ဖြင့်ယမ်းလိုက်သည်။
"မင်း..ဘာမှမမှတ်မိတော့ဘူးလား
မင်းဘယ်သူလည်းရောသိလား......ဘယ်ကလာတာလည်းရော...."
"ကျွန်...ကျွန်တော်...ဘာမှမမှတ်မိတော့ဘူး
ကျွန်တော်ဘယ်သူလည်း...ကျွနိတော်...ဘယ်..ဘယ်က လာတာလည်း...."
နန်ဖုန်းနှင့်ဖူယောင်က တယောက်ကိုတယောက်
ကြည့်နေသည်။
ဖူယောင်က နန်ဖုန်းကို ထောင့်တနေရာသိူ့
ဆွဲခေါ်လိုက်ပြီး တီးတိုးဆိုသည်။
"သူကဘာမှမသိတော့ဘူးတဲ့ကွ
ငါတို့ဘယ်လိုလုပ်မှာလည်း....အကိုကြီးက..
ကောင်းသွားတာနဲ့ ပြန်လွွတ်ခိုင်းတာလေ..."
နန်ဖုန်းက ဖူယောင်၏
ခေါင်းအား တချက်ရိုက်လိုက်ပြီး
"တုံးလိုက်တာ...အဲ့တာမကောင်းသေးတာပေါ့.
သူသတိပြန်ရလာရင် ကောင်းတာပေါ့.."
ဖူယောက်က သူ၏ ခေါင်းအားပွတ်ရင်း
"မင်းပြောတာ သဘာဝကျတယ်...."
.
"အေး...."
ထို့နောက် ဒဏ်ရာရနေသော သူဘက်အား
ပြန်လှည့်လာလိုက်ပြီး
နန်ဖုန်းက ဆိုသည်။
"ဒါဆို မင်းသတိပြန်ရလာတဲ့အချိန်ထိ
ဒီမှာနေ...ဟုတ်ပြီလား...."
ထိုသူက သူတို့နှစ်ဦး အား.
သေချာစွာကြည့်နေရင်း
"ကျွန်တော်တကယ်ဒီမှာနေလို့ရလား..."
"ရ...ရတယ်...".
"ကျေးဇူးတင်ပါတယ်
ကျေးဇူးအများကြီးတင်ပါတယ် "
နန်ဖုန်းတို့က
"ရပါတယ်..ကျေးဇူးကငါတို့အကိုကြီးကို
တင်သင့်တာ သူက အပြင်ကသာ
မကောင်းတာတွေပဲပြောတာ အတွင်းစိတ်က
အရမ်းဖြူစင်တယ်...."
ထိုစကားကိုပြောတော့
ဖူယောင်က နန်ဖုန်း၏ လက်မောင်းအား
အားပါပါဖြင့် တချက်ပိတ်ချလိုက်သည်။
ဖူယောင်က နန်ဖုန်းအား အံကြိတ်ပြကာ
"မဖောနဲ့...အရမ်းကြီးဖောမပြနဲ့...."
"ဘာလည်း...ဘာဖြစ်လည်း...".
ဒဏ်ရာနှင်လူက အငြင်းအခုံဖြစ်နေသော
ဖူယောင်တို့အား ကြောင်ကြည့်နေသည်။
..................................................
"အဲ့တော့ ဒီငလူးက အတိတ်မေ့နေတာပေါ့..."
"ဟုတ်ပါတယ် အကိုကြီး...."
အယောက်နှစ်ဆယ်နီးပါး စုဝေးစားသောက်သော
အဆောင်သဖွယ် အိမ်လေးတစ်လုံးထဲတွင်
ကြောက်မက်ဖွယ်ရာ စစ်ဆေးမွုကြီးအား
.ပြုလုပ်နေသည်။
ရှဲ့လျန်က မူ ထမင်းစားပွဲလေးဝိုင်းရှိသည့်အနက်မှ
ပထမဆုံးဝိုင်းတွင်ထိုင်ကာ.
သူ၏ ဝေပုံကျပေါက်စီကိုသာ
ကိုက်စားနေသည်။
ချီရုန်ကမူ လက်ပိုက်ကာ
နေ့လည်က သံသယဖြစ်ဖွယ်ထိုဒဏ်ရာရနေသောသူအား ရေှ့တွင်ထား၍စစ်ဆေးနေသည်။
နန်ဖုန်း၏အဖြေကြောင့် ချီရုန်ကသူ၏
နှဖူးကိုသူပြန်ရိုက်လိုက်သည်။
ရေှ့ရှိ ဒဏ်ရာရသူက သူ၏ ခေါင်းကို.
ငုံ့ကာထားသည်။
"လခွမ်းပဲ...ဒဏ်ရာက လက်မှာမဟုတ်ဘူးလား.သူကဘာကိစ္စအတိတ်မေ့ရတာလည်း
ငါ့ကိုပညာရေးအခြေခံမရှိဘူးဆိုပြီး
ညှက်ချချင်တာလား....ပြောစမ်း......"
ချီရုန်က ရုတ်တရက်ဆိုသလိုပင်
ထိုသူ၏ မေးစေ့အား ဆုပ်ကိုင်လိုက်ပြီး
သူနှင့် မျက်ဝန်းချင်းဆုံစေသည်။
ထိုသူက ချီရုန်အား ရီဝေနေသော
မျက်ဝန်းတို့ဖြင့်ကြည့်ရင်း
"ကျွန်...ကျွန်တော်..တကယ်..
ဘာမှမသိတော့လို့ပါ....ကျွန်တော့ကို
ကျေးဇူးပြုပြီး လက်ခံပေးပါ...."
ချီရုန်က ထိုသူ၏ အကြည့်ကြောင့်
မေးစေ့အား ပြန်လွွတ်ပေးလိုက်ပြီး
အကြည့်လွွဲလိုက်သည်။
"အင်းပါ..မင်းပုံစံကြည့်ရတာ
သနားဖို့အတော်ကောင်းတယ်
ပြီးတော့........."
ချီရုန်က သူ၏ နှဖူးရေှ့အနည်းငယ်ကျနေသော
ဆံနွယ်တို့အား နှဖူးပေါ်သို့
သတ်တင်လိုက်ရင်း
ထိုသူအား ကြည့်လိုက်သည်။
"တော်တန်ရုံလူ ဆို ငါ့အကြည့်ကို
ခံနိုင်ရည်ရှိတာမဟုတ်ဘူး
သူတို့လိမ်နေရင်တောင် ချက်ချင်း အန်ထွက်ကျလာမှာ
ဟုတ်တယ်မလား ညီနောင်တို့...."
ချီရုန်က ခါးထောက်လိုက်ပြီး
ဆိုသည်။
သူ၏ဘေးရှိ လူငယ်လေးများက
ကိုယ်စီလက်ခုပ်တီးကာ ထောက်ခံကြသည်။
ထိုအထဲတွင် လက်ခုပ်သံအကျယ်ဆုံးမှာ
နန်ဖုန်းနှင့်ဖူယောင်ပင်ဖြစ်သည်။
ရှဲ့လျန်ကမူ ဘာမှကိုဂရုမစိုက်ဟန်ဖြင့်
သူ၏ ပေါက်စီကိုသာ တသက်လုံးစားမည့်ပုံစံဖြင့်
နည်းနည်းချင်းဖဲ့ကာ ကိုက်နေသည်။
ချီရုန်က ထိုသူထိုင်နေသာ
ခုံတန်းလက်ကိုင်ကို ရုတ်တရက်ကိုင်လိုက်ပြီး
"ဒါဆို မင်းကို နာမည်ပေးရမှာပေါ့....
အမ်း....ဘာပေးရင်ကောင်းမလည်း....
ချောင်ရူ...လီဖန်း...ရုံလျိွု့....."
ထိုသူက ချီရုန်ကို ကြည့်နေသည်။
သူ၏စိတ်ထဲတွင်တော့
အတော်မွန်းကျပ်နေပုံပင်။
ချီရုန်က တကယ်ကောင်းသည့်အမည်တစ်ခုကို
ရသွားပုံပေါ်သည်။
သူကလက်ဖျောက်တချက်တီးလိုက်ပြီး
"သိပြီ....ကျွင်းဝူ.....
ကျွင်းဝူ..... လို့ခေါ်မယ်...."
ထိုသူ၏မျက်နှာက အနည်းငယ်တော့ညိုးနေသည်။
"ကျွန်တော်က...ဒီအတိုင်း...."
ချီရုန်က သူ့အားစကားကို
ဆုံးအောင်မပြောခိုင်းပေ။
"ဘာလည်း...ငါ့ကိုအာခံချင်တာလား...."
"ဟုတ်တယ်...မင်းကအာခံချင်တာလား...
ငါတို့အကိုကြီးက တော်ရုံလူကို
နာမည်ပေးတယ်များမှတ်နေလား...မင်းအတော်ကံ
ကောင်းလို့ကွ ရှင်းလား..."
သူတို့ထဲမှတယောက်က ထအော်သည်။
ကျန်သူများကလည်း အကြီးအကျယ်ထောက်ခံကြသည်။
"ဟုတ်ကဲ့...ကျွင်းဝူ သိပါပြီ...."
ချီရုန်က ထိုသူ၏အဖြေကြောင့်
ကြိတ်ရီနေဖွယ်ရှိသည်။
ထိုအမည်က တခုခုတော့မူမမှန်ပေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Коментарі