Chapter 1 (အမည်ပေးခြင်း)
Chapter 2 ( ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ)
Chapter 3 (စည်းကမ်းဖောက်မိပြီ)
Chapter 4 ( ပြဿနာကို ဗုံးဖောက်ရှာ)
Chapter 5 ( ခွေးသူခိုး)
Chapter 6 ( PaPaPa ကဘာကြီးလဲ)
Chapter 7 (မျက်နှာမြင်သတ်ချင်)
Chapter 8 ( ထမင်းအလကားမကျွေးပါ)
Chapter 9 (နှုတ်ဆက်ရတော့မယ်)
Chapter 10 (ရင်ခုန်သံတွေ ပေါက်ကွဲထွက်)
Chapter 11 ( ဝမ်းကွဲအကိုကတော့ လုပ်ပြီ)
Chapter 12 ( လင်နောက်လိုက်ခြင်း)
Chapter 13 ( တောသားမြို့တတ်)
Chapter 14 ( စားပြီးနားမလည် ဝါးပြီးမြိုချ)
Chapter 15 (လက်စားချေခြင်းအနုပညာ)
Chapter 16 ( ငါတို့ကချစ်သူတွေ)
Chapter 17 (သူ ရက်စက်တယ်)
Chapter 18 ( ခွင့်မလွှတ်နိုင်)
Chapter 19 ( တစ်ခန်းရပ်ပြဇာတ်)
Chapter 20 ( ကိုယ့်လမ်းကိုယ်လျောက်ချိန်)
Chapter 21 ( ငါမင်းကိုချစ်တယ်)
Chapter 9 (နှုတ်ဆက်ရတော့မယ်)
"အကိုကြီး ဒီလိုနဲ့ပဲ ကျွင်းဝူကကျွန်တော်တို့ကိုထားခဲ့တော့မှာလား။"

"မသိပါဘူးကွာ...."

ချီရုန်က လက်ထဲတွင်ကိုင်ကာထားသော တုတ်ချောင်းဖြင့် တောထဲရှိ အပင်ရှည်များကိုလိုက်ရိုက်နေသည်။ သူ၏နောက်တွင် ထပ်ကြပ်မကွာလိုက်လာကြသူများက နန်ဖုန်းနှင့်ဖူယောင်ပင်။

"ပြောမရဘူး ကျွင်းဝူကတကယ်ပဲ သူတို့ပြောတဲ့သူဖြစ်နေရင်ရော.။ ပြီးတော့သူ့ဘဝအမှန်ကိုသူသိပြီဆိုတော့ သူတို့နဲ့ ပြန်လိုက်ချင်လိုက်သွားမှာပေါ့နော့.."

နန်ဖုန်းက လက်ညိုးတစ်ချောင်းထောင်ကာ ရေရွတ်လိုက်သည်။ ချီရုန်က ခြေလှမ်းများကိုရပ်တန့်လိုက်ပြီးနောက် သိူ့လှည့်ကြည့်သည်။ချီရုန်က

"သွားပေါ့။ သူ့ကိုအစထဲက သူ့ကိုယ်သူသိတဲ့အခါ ထွက်သွားခိုင်းမယ်လို့ပြောပြီးသားပဲ။ အခုလို လာခေါ်မဲ့သူတွေရှိပြီဆိုတော့ ပိုတောင်ကောင်းသေး။ သူဘာသာလုပ်ချင်ရာလုပ်ပါစေ။ သွားချင်သွား နေချင်နေ။ ငါတို့ကိစ္စမှမဟုတ်တာ။"

ချီရုန်၏အသံကအနည်းငယ်မြင့်တတ်နေလေ၏။ သူကပြောပြီးပြီးချင်းပင် သူ၏ဘေးရှိ အပင်ငယ်တစ်ချို့၏ပင်စည်လေးများကို ကျိုးကာပြတ်သွားသည်အထိ အားဖြင့်တုတ်ကိုလွွဲကာရိုက်ချလိုက်သည်။ နန်ဖုန်းနှင့်ဖူယောင်က တယောက်ကိုတယောက်ကြည့်လိုက်ကြသည်။

"သွားမယ်။ ရေသွားချိုးမယ်။"

"ဗျာ..."

ချီရူန်က ကြောင်တောင်တောင်ဖြစ်နေသောနန်ဖုန်းတို့နှစ်ယောက်အား လှည့်ကြည့်လိုက်သည်။

"ဟုတ်...ဟုတ်ကဲ့။"

.............................

"ဧကရာဇ် ။ ကျွန်တော်ကူလုပ်ပေးပါရစေ။"

မီးဖိုခန်းထဲတွင် ချက်ပြုတ်နေသော ကျွင်းဝူထံသို်ဖုန်းရှင့်က ရောက်လာသည်။
ကျွင်းဝူက ဖုန်းရှင့်အားတစ်ချက်ကြည့်လိုက်ပြီး ဘေးရှိ အရွက်များကို မေးမော့ကာပြလိုက်သည်။

"အဲ့တာတွေ လှီးပေး။"

"ဟုတ်ကဲ့။"

ကျွင်းဝူက ထင်းတစ်ချို့ကို မီးလင်းဖိုထဲထိုးလိုက်ရင်း စကားစလိုက်သည်။

"ငါ့ကို ရှာတွေ့ကြသားပဲ။"

"ဗျာ...ဧကရာဇ်... ဒါ..ဒါဆို..."

ဖုန်းရှင့်က ကျွင်းဝူအနားသို့ချက်ချင်းရောက်လာပြီး ဝမး်သာအားရဆိုသည်။

"ဒါဆို သတိမေ့နေတာမဟုတ်ဘူးပေါ့။ ကျွန်တော့ကိုသိတယ်ပေါ့။ ဟုတ်လား။"

"သတိမေ့နေတာတော့ဟုတ်တယ်။ ပြန်သတိရတာသိပ်မကြာသေးဘူး။ပြီးတော့ ဒီမှာရှိနေတဲ့သူတွေကိုမသိစေချင်ဘူး။ မင်းတို့လည်း ဒီလိုရုတ်တရက်ကြီးရောက်လာမယ်မထင်ခဲ့တာ။"

"ကျွန်တော်နားမလည်ဘူး။ ဘာလို့လဲ။ ဧကရာဇ် သတိရပြီဆိုရင် နန်းတော်ကိုပြန်လာသင့်တာလေ။ ဘာလို့ ဒီလိုနေရာမှာနေနေရတာလဲ။"

ကျွင်းဝူက

"ငါစောင့်ကြည့်နေခဲ့တာ။ ဒီနေရာမှာ သူတို့ဓားပြတွေအဖွဲ့အပြင် တစ်ခြား အဖွဲ့တစ်ဖွဲ့လည်းရှိသေးတယ်။ ငါ့ကိုလုပ်ကြံတဲ့အဖွဲ့က သူတို့နဲ့ဆက်စပ်မှုရှိနေလိမ့်မယ်လို့ ထင်မိတာ။".

"အဲ့တာဆို ကျွန်တော်တို့သူတို့အကုန်လုံးကိုဖမ်းလိုက်ပြီး စစ်ဆေးလိုက်မယ်။ ဒါဆိုတစ်ခုခုတော့ထွက်လာမှာပဲ။ "

"အဲ့လောက်မလွယ်ဘူး။ ပြီးတော့ ဒီခေါင်းဆောင်က အဲ့လောက်ထိတော့အန္တာရယ်မရှိဘူးဆိုတာ သေချာတယ်။ ဒါ့ကြောင့်ငါ ဒီမှာနေဖို့ဆုံးဖြတ်လိုက်တာ။ ပြီးတော့ စုံစမ်းရတာလဲ ပိုအဆင်ပြေသွားတာပေါ့။ ဒါပေမဲ့ ကြည့်ရသလောက်ဆို သူတို့ကလည်း အဲ့ဒီအဖွဲ့နဲ့ပတ်သတ်မွူမရှိလောက်ဘူး။ သူတို့ငါ့ကိုလုံးဝသိပုံမရဘူး။ ပြောရရင်သူတို့က ရန်ဖြစ်ဖိုု့ပဲသိတာထင်တယ်။ ငါသတိပြန်ရတာလဲ သူတို့ပေါက်တဲ့ခဲလုံးကြောင့်ပဲ။ "

"ခဲလူံး...."

"အင်း...အဲ့လိုတွေရှိတယ်။"

(အဲ့တာကြောင့်ချည်းပဲတော့မဟုတ်ဘူးပေါ့။)

ဖူန်းရှင့်က ကျွင်းဝူအား ပါးစပ်အဟောင်းသားလေးဖြင့်ငေးကြည့်နေလေ၏။ သူရှာတွေ့ခဲ့တာသည်လည်း မြို့အဝင်ဝတွင်ကပ်ကာထားသော အလိုရှိသည်ဟူသည့် ပုံကြောင့်ပင်။ အတိတ်မေ့နေသည့်အတောအတွင်း ဧကရာဇ် တစ်ယောက်မည်မျှအထိ ပေါက်လွတ်ပဲစားဖြစ်ခဲ့သည်ကို တွေးကြည့်ရုံနှင့်ပင်သိနိုင်သည်။

!!!ခဏလေး သတိပြန်ရတာလည်းနည်းနည်းကြာပြီဆိုတော့ တမင်ကို ပေါက်လွတ်ပဲစားလုပ်နေခဲ့တာလား။ ဘုရား ဘုရား....!!!

ရူတ်တရက်ပင် ဖူန်းရှင့်က ကျွင်းဝူလက်ထဲရှိသစ်သား ယောင်းမအား ဆွဲယူလိုက်ပြီး ကျွင်းဝူကို်ူ ကျန်လက်တစ်ဖက်ဖြင့် ကျွင်းဝူလက်အားဆွဲကာ

"မဖြစ်တော့ဘူး ။ ဒီမှာနေလို့ကိုလုံးဝမဖြစ်ဘူး။ ကျွန်တော်အကြောင်းစုံသာသိရရင်ရူးများသွားမလားပဲ။ ဧကရာဇ် ဂုဏ်ပုဒ်က ရစရာကိုရှိမှာမဟုတ်တော့ဘူး။ တော်သေးတယ် ဘယ်သူမှသေချာမသိကြလို့။ ဘာပဲဖြစ်ဖြစ် အခုထွက်သွားရင်မှီသေးတယ်။ လုပ်ကြံသူတွေကို ကျွန်တော်ပဲဆက်စုံစမ်းမယ်။"

"ခဏ..."

ကျွင်းဝူက ဖုန်းရှင့်၏လက်က်ုဆွဲဖြုတ်လိုက်သည်။
ဖုန်းရှင့်က ကျွင်းဝူဘက်သို့လှည့်ကြည့်လိုက်ပြီး

"ဒီမှာတကယ််ကိုဆက်နေလို့မဖြစ်ပါဘူး ဧကရာဇ် ။ ကျွန်တေ်ာမျိုးတကယ်တောင်းပန်ပါတယ်။ သွားမှရပါမယ်။ နန်းတော်မှာ နေရာလပ်နေတာလဲ အတော်က်ုကြာနေပါပြီ။ တကယ်လို့ပြန်မလိုက်ဘူးဆိုရင် ကျွန်တော်ကိုသာသတ်လိုက်ပါတော့။"

ဖုန်းရှင့်က ချက်ချင်းပင် ထိုနေရာတွင်သာဒူးထောက်ချလိုက်သည်။ သူက အခုချက်ချင်း သေလိုက်ဖို့ကိုပင်အသင့်ရှိနေသည့်ဟန်။

ကျွင်းဝူက သူ၏မျက်ခုံးနှစ်ခုအလည်ကြားရှိနေရာအား လက်ညိုးဖြင့် အသာဖိလိုက်ပြီးနောက် ဖုန်းရှင့်အား

"ငါပြန်လိုက်မယ်။ အချိန်ခဏတော့ပေး။ ငါလုပ်စရာရှိလို့။"

"ကောင်းပါပြီ။ ဧကရာဇ် ။"

........................
ညနေစောင်းလောက်ကျတော့ နန်ဖူန်းနှင့်ဖူယောင်ကပြန်ရောက်လာကြသည်။ ကျွင်းဝူကချီရုန်ပါအတူပါမလာသည်ကို တွေ့လေတော့ နန်ဖူန်းအား

"ခေါင်းဆောင်ရော..."

"တယောက်တည်းနေချင်တယ်လို့ပြောလို့ ငါတို့ပဲ ပြန်လာလိုက်တာ။ ရေကန်မှာ။"

ကျွင်းဝူက ဖုန်းရှင့်အား

"ကျွန်တော်လို်က်သွားလိုက်မယ်။"

"အင်း...ငါတို့ကတော့ဗိုက်ဆာနေလို့ ။"

"ကျွန်တော် ထမင်းပွဲ ပြင်ပေးထားတယ်။ စားလိုက်ကြပါ။"

"ကောင်းပြီ။"

ကျွင်းဝူက ထွက်သွားမည်အလုပ် ဖုန်းရှင့်က

"ဧကရာဇ် ဘယ်ကိုသွားမလို့ပါလဲ။"

"မင်းလိုက်စရာမလိုပါဘူး။ ငါတစ်ချို့ကိစ္စတွေ လပ်စသတ်စရာရှိလို့။"

ဖုန်းရှင့်က ဘာစကားတစ်ခွန်းမှ ပြန်မပြောတော့ပဲ ထိုနေရာတွင်သာကျန်နေခဲ့လိုက်သည်။ ကျွင်းဝူက အမြန်ပင် ပြေးထွက်သွားလေ၏။

~~~~~~~~~~~~~

© Hnin Aung,
книга «Me And My Suspicious Partner».
Chapter 10 (ရင်ခုန်သံတွေ ပေါက်ကွဲထွက်)
Коментарі