Chapter 1 (အမည်ပေးခြင်း)
Chapter 2 ( ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ)
Chapter 3 (စည်းကမ်းဖောက်မိပြီ)
Chapter 4 ( ပြဿနာကို ဗုံးဖောက်ရှာ)
Chapter 5 ( ခွေးသူခိုး)
Chapter 6 ( PaPaPa ကဘာကြီးလဲ)
Chapter 7 (မျက်နှာမြင်သတ်ချင်)
Chapter 8 ( ထမင်းအလကားမကျွေးပါ)
Chapter 9 (နှုတ်ဆက်ရတော့မယ်)
Chapter 10 (ရင်ခုန်သံတွေ ပေါက်ကွဲထွက်)
Chapter 11 ( ဝမ်းကွဲအကိုကတော့ လုပ်ပြီ)
Chapter 12 ( လင်နောက်လိုက်ခြင်း)
Chapter 13 ( တောသားမြို့တတ်)
Chapter 14 ( စားပြီးနားမလည် ဝါးပြီးမြိုချ)
Chapter 15 (လက်စားချေခြင်းအနုပညာ)
Chapter 16 ( ငါတို့ကချစ်သူတွေ)
Chapter 17 (သူ ရက်စက်တယ်)
Chapter 18 ( ခွင့်မလွှတ်နိုင်)
Chapter 19 ( တစ်ခန်းရပ်ပြဇာတ်)
Chapter 20 ( ကိုယ့်လမ်းကိုယ်လျောက်ချိန်)
Chapter 21 ( ငါမင်းကိုချစ်တယ်)
Chapter 5 ( ခွေးသူခိုး)
"ကျွင်းဝူ။ ကျွင်းဝူ။ ငါ့ကိုကူအုန်း"

အားလုံးက အိမ်တော်ရှိ မီးလောင်သွားသောအဆောင်တစ်ချို့ကို မီးငြိမ်းနေကြသည်။
ကျွင်းဝူက ချီရုန်စောင့်ခိုင်းထားသည့်အတိုင်း အုတ်တံတိုင်း၏အပြင်ဘက်တွင် ဆောင့်ကြောင့်ထိုင်ကာ မြေကြီးတို့ကိုဆွနေလေ၏။

ချီရုန်၏ အသံကြောင့် ကျွင်းဝူ ကဝမ်းသာအားရဖြင့်အမြန်ထပြီး ကြည့်လိုက်သည်။ ချီရုန်က သူ၏ချိုင်းကြားတွင် တစ်ခုခုကို အဝတ်ဖြင့်ထုတ်ကာပိုက်ထားသည်။

"ခေါင်းဆောင်...."

"ရော့...ဒါကိုယူထား။"

ချီရှန်က တဖက်မှနေ၍ ကျွင်းဝူကို ထိုအထုပ်ကိုကျွင်းဝူကိုပစ်ပေးလိုက်သည်။ ကျွင်းဝူ၏ လက်သည်လည်းမသိလိုက်ပဲ အမြန်ထိုအထုပ်အားဖမ်းလိုက်သည်။

"ဒါက။"

ကျွင်းဝူလက်ထဲသို့အထုပ်ရောက်လေတော့ ထိုအထုပ်၏အထိအတွေ့ကတစ်ခုခုထူးဆန်းနေလေသည်။
ပျော့စိစိဖြစ်နေသလိုလို၊ မာနေသလိုလိုနှင့်ပင်။ ပ်ု၍ခံစားရဆိုးသည်က ထိုအရာကလွုပ်၍နေသည့်အပြင် အသက်ပါရွုနေသေးသည်။

ကျွင်းဝူကထိုအထုပ်ကိုအလန့်တကြားနှင့်ပင် ဖြည်ကြည့်လိုက်သည်။ ထိုအချိန်တွင်ပဲ ချီရုန်က နံရံကိုကျော်ကာသူ့ရေှ့သို့ ကျလာလေပြီ။

"ခေါင်း...ခေါင်းဆောင်။ ဒါကြီးက။"

"ပြေးရအောင်။"

ချီရုန်က ကျွင်းဝူ၏ လက်တစ်ဖက်ကိုအမြန်ဆွဲလိုက်သည်။ ကျွင်းဝူက ထိုအထုပ်ကိုလက်တစ်ဖက်နှင့်သာအမြန်စုကိုင်လိုက်ပြီး ပါသွားလေတော့သည်။

"ခွေးသူခိုး။ ခွေးသူခိုး။"

အိမ်တော်အတွင်းမှ ကျယ်လောင်စွာအော်သည့်အသံကြီးက ဟိန်းကာထွက်လာလေသည်။

"ခွေးသူခိုး။ ငါ့ရဲ့ သည်းသည်းတုံလေး ကို ခိုးသွားကြပြီ။လိုက်ကြစမ်း။ ရှိသမျှအင်အားသုံးပြီလိုက်ကြစမ်း။"

မီးလည်းအတော်အသင့်ငြိမ်းလေတော့ အိမ်တော်ထဲရှိ အစောင့်များက လက်နက်များကိုင်ဆောင်ကာ ထိုလူရေှ့သို့စုရုံးလိုက်ကြသည်။

မုချင်က အိမ်ဝတွင် ခါးကြီးထောက်ကာ အော်ဟစ်နေသည်။ သူက သူ၏လက်တစ်ဖက်ကို ချီရုန်ကျော်တတ်သွားသော အုတ်တံတိုင်းကိုလက်ညိူးထိုးပြကာဒေါကြီးမောကြီးပြောဆိုနေသည်။

"အဲ့ကောင်ကို အခုငါ့ရေှ့ခေါ်လာ။ ငါ့သည်းသည်းတုံးလေးကို ခိုးသွားတဲ့အကောင်။ ဒင်းကိုခေါင်းဖြတ်သတ်မယ်။ ခွေးသူခိုးကောင်။"

"ဟုတ်ကဲ့ပါ လူကြီးမင်း။"

အိမ်တော်အတွင်းရှိ ဆယ်ယောက်ထက်မနည်းသောလူအုပ်တစ်စုက အမြန်ပင် ချီရုန်တို့နောက်လိုက်ကြလေတော့သည်။

ကျွင်းဝူက ချီရုန်ခေါ်ရာနောက်လိုက်ရင်း နှင့်ပင်သူ၏ အထုပ်အား လက်တစ်ဖက်ဖြင့် ပွေ့ထားလိုက်သည်။ ထိုအထဲတွင်ရှိနေသော အရာက ခွေးလေးတစ်ကောင်ပင်။ စုတ်ဖွားခွေးလေးဖြစ်သည့်အပြင် ပုပုလုံးလုံးလေးနှင့် ချစ်စရာလည်းကောင်းသည်။

"ခေါင်းဆောင် ။ ကျွန်တော် တို့သူ့ကို ဘာလုပ်ဖို့ခေါ်လာတာလဲ။"

ချီရုန်က အတော်သဘောကျကာပျော်နေပုံရသည်။သူကကျွင်းဝူဘက်သိူ့လှည့်ကာ

"ဟဲဟဲ။ ချက်စားတာဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပေါ့။ ငါသူ့အိမ်ထဲဝင်ကြည့်တာ လိုချင်တာမရှိတာနဲ့ သူဖက်အိပ်နေတဲ့ ခွေးကို မ လာလိုက်တာ။"

"ရပ်ကြစမ်း။ ခွေးသူခိုးတွေ။"

"အိုး။ လိုက်လာကြပြီ။ ပြေး။"

နောက်က တစ်တန်းကြီးပါလာသော လူများကိုကြည့်၍ ချီရုန်ကအော်လိုက်သည်။ သူက ကျွင်းဝူ၏လက်ကို တင်းကျပ်သည်အထိကိုင်လိုက်ပြီးနောက် ဆက်ပြေးလေသည်။

ကျွင်းဝူက ထူးဆန်းသည်ထက်ထူးဆန်းလာသော ချီရုန်ပိုသူတကယ်နားမလည်နိုင်တော့သည့်ပုံစံမျိုးနှင့်သာကြည့်လိုက်တော့သည်။ ပြီးတော့ သူ့ရဲ့ ဘယ်ဘက်ရင်အုံက လိုသည်ထက်လည်းပို၍ မြန်စွာခုန်နေသေးသည်။ သဘောကျစွာရီမောနေသော သူ့ရေှ့က စိတ်သိပ်မမှန်သည့်သူတစ်ယောက်ကို ကြည့်ရင်း သူ့ရဲ ရင်ခုန်သံက ပိုပြင်းထန်လာတယ်။ ဒါက ပြေးနေလို့ုဖြစ်တာမျိုး။

ချီရုန်က တမင်သက်သက်ပင် ထိုလူများကို မျှားခေါ်လာပုံရသည်။သူက ပြေးတိုင်းလိုက်တိုင်းဆော့ရသည်ကိုနှစ်သက်ပုံပင်။ သို့သော်ကံဆိုးမွုကစလေပြီ။

သူတို့အပြေးလွန်လာလိုက်တာ ယခုချောက်ကမ်းပါးပင်ရောက်ချေလေပြီ။ နှစ်ဦးသားက ချောကမ်းပါး အစွန်းနားတွင် ရောက်ကာနေပြီး သူတို့ကို ထိုလူတစ်အုပ်က ဝိုင်းကာထားသည်။

ကျွင်းဝူက သူ့ရင်ခွင်ထဲတွင်ပိုက်ကာထားသော ခွေးလေးအား တစ်ချက်ကြည့်လိုက်သည်။ အပီအပြင်ပြေးလွွားထားသောကြောင့် ခွေးလေးက မူးနေပုံရသည်။ အထုပ်ထဲမှ ခေါင်းပြူထွက်နေရင်း လျှာပါထွက်ကာ မျက်လုံးအဝိုင်းသားနှင့် သူ့ကို ပြန်ကြည့်သည်။

ကျွင်းဝူက ထိူခွေးလေးအားကြည့်ရင်း တစ်ချက်ပြုံးလိုက်သည်။ ချီရုန်က ရေှ့ရှိ ဝိုင်းအုံကာထားသော သူတစ်ချို့ကို တိုက်ခိုက်ရန် အဆင်သင့်ပြင်ကာထားပြီး ကျွင်းဝူကိုမူ သူ့အနောက်တွင်သာထားသည်။

သို့သော် ထိုတစ်ဖက်ရှိ လူများက ယခုအချိန်ထိ မလွုပ်ရှားသေးချေ။ သူတိူ့တစ်ယောက်ယောက်ကိုစောင့်နေပုံရသည်။သေချာပါသည်။ တစ်ခဏနေတော့ ထို လူအုပ်ဆွသိူ့ လူတစ်ယောက်ရောက်လာသည်။ ဖရိိုဖရဲ ညအိတ်ဝတ်စုံ အဖြူထည်နှင့်ဆံန်တို့ကရွုပ်ပွာကာနေသည့် မုချင်ဟူသော လူကြီးမင်းပင်။

သူက အားလုံးကျော်ကာ ချီရုန်တို့နှင့်မလှမ်းမကမ်းတွင် ရပ်လိုက်သည်။

"ငါ့သည်းသည်းတုံလေးကိုပြန်ပေး။"

ချီရုန်က ကျွင်းဝူ ၏ လက်ထဲရှိ ခွေးအား အမြန်ဆွဲယူလိုက်သည်။သူက ခွေးကို လည်ပင်းရှိ လည်ပတ်ပုံစံကြိုးမှ ဆွဲကိုင်လိုက်ပြီး

"ဒါလား။"

"ဟုတ်တယ်။"

မုချင်ကပြန်ဖြေသည်။ချီရုန်က နားမလည်နိုင်သည့်ပုံစံဖြင့် ခွေးကိုကြည့်လိုက်ပြီး

"ဒါက ခွေးလေ။ ခင်ဗျား မယားမှမဟုတ်တာ။ သည်းသည်းတုံလေး လို့ခေါ်ရအောင်။"

"မင်း။"

မုချင်က သူ့ဘေးရှိ လူတစ်ယောက်ဆီမှ ဓားကိုဆွဲထုတ်လိူက်ပြီး ချီရုန်ဆီသို့လာရန်ပြင်လိုက်သည်။
ကျွင်းဝူက သူ့နောက်တွင် ငြိမ်ကာရပ်နေသည်။ သူ့ပုံစံက ခေါင်းငိုက်ဆိုက်ကျနေလေ၏။

ချီရုန်က ထိုခွေးကို ဂုတ်မှကိုင်ထားလျက်ပင် ချောက်မ်းပါးအစွန်းသို့ ပိုနီးကပ်စွာသွားလိုက်သည်။ သူက ခွေးကို ချောက်ကမ်းပါး အောက်ပစ်ချမည့်ပုံစံရွယ်လိုက်ပြီး

"ရေှ့တိုးလာရင် ပစ်ချလိုက်မှာ။"

"မလုပ်နဲ့။"

မုချင်က လက်ကို ကာပြီး အမြန်တားသည်။ချီရုန်က သဘောကျစွာရီသည့်အပြင် ထိုခွေးလေးကလည်း ချီရုန်အား လျှာလေးထုတ်ကာကြည့်နေသည်။

ခဏနေတော့ ချီရုန်က ထိုခွေးလေးကိုကြည့်လိူက်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။ သူက ခွေးလေးအား ပြန်ဆွဲယူကာ မြေပေါ်သို့ချပေးလိုက်သည်။

ခွေးလေးက ချက်ချင်းပင် မုချင်ဆီသို့တန်းပြေးလေ၏။
ချီရုန်က ချက်ချင်းပင် ကျွင်းဝူ၏ လက်ကိုဆွဲကာ ဆချာက်ကမ်းပါးမှ ခုန်ချရန်ပြင်လိုက်သည်။ သုကအစထဲက ထိုကိစ္စနှင့်ပတ်သတ်၍ မပူခဲေ့ပ။ အောက်တွင်က သူတို့ ရေချိုးနေကြ စမ်းချောင်း၏ ပင်မ ရေကန်ကြီးရှိနေသောကြောင့်ပင်။ ကျန်တာသာမသိလျင်နေမည်။ ဤနယ်မြေနှင့်ပတ်သတ်လျင်တော့ ချီရုန်က အလွန်ကျွမ်းသည်။

"ကျွင်းဝူ။ ခုန်ရအောင်။ "

ချီရုန်က ကျွင်းဝူ၏ လက်ကို အမြန်ဆွဲက ခုန်ချရန်ပြင်လိုက်သော်လည်း ကျွင်းဝူက မလွုပ်ပေ။ သိူ့သော်သူက ထိုချောက်ကမ်းပါးအောက်ကို သေချာကြည့်နေသည်။ သူ၏ မျက်ဝန်းများက ထိတ်လန့်နေသည့်ပုံစံ။ တစ်ခုခုကိုလည်းသတိရနေသည့်ပုံစံ။

"ကျွင်းဝူ။ ခုန်ရအောင်လို့။ ကြောက်စရာမလိုဘူး။"

ချီရုန်က ကျွင်းဝူ၏ လက်ကို လွုပ်လိုက်သည်။ ကျွင်းဝူ၏ နွုတ်ခမ်းတစ်စုံက တုန်ရီနေပြီး ချီရုန်အား လှမ်းကြည့်သည်။

"ခေါင်း...ခေါင်းဆောင်။ ကျွန်...ကျွန်တော်..."

"ကျွင်းဝူ။ ကျွင်းဝူ။ မင်း...မင်း..ဘာဖြစ်။"

"အာ့...ခေါင်း...ကျွန်တော့်ခေါင်းက..."

ကျွင်းဝူက သူ၏ခေါင်းကိုကိုင်ထားလျက်ပင် တဖြည်းဖြည်း ဒူးထောက်ထိုင်ချလိုက်သည်။ ချီရုန်ကလည်း အလန့်တကြားနှင့်ပင် လိုက်ထိုင်လိုက်ပြီး ကျွင်းဝူအား အသည်းအသန်မေးနေတော့သည်။

"ဘာဖြစ်လို့လဲ ။ ခေါင်းကနာလာလို့လား။ တစ်ခုခုကိုသတိရလို့လား။ "

ကျွင်းဝူ၏ မှတ်ဉာဏ်များက ဟိုတစ်ကွက်သည်တစ်ကွက်ပေါ်နေသည်။ သူ့ခေါင်းနောက်ဘက်ကှိ နာကျင်မွုက အတော်ဆိုးဝါးလွန်းသဖြင့် သူမခံစားနိူင်တော့ချေ။ ဤချောက်ကမ်းပါးတွင် တစ်ခုခုဖြစ်ပျက်ခဲ့ပုံရသည်။ ယခုကဲ့သို့ပင် လူတစ်စုကလည်းသူ့ကိုဝိုင်းထားကြသည့်ပုံစံမျိုးပင်။ ကျွင်းဝူ၏ အသိစိ်တ်က ချီရုန်အော်ခေါ်နေသည့်ကြားမှ တဖြည်းဖြည်း ချီရုန်၏ အသံကိုမကြားနိုင်တော့စွာဖြင့်ပင် မေ့မြောသွားတော့သည်။

မုချင်က သူ၏လူများနှင့်အတူ ချီရုန်တို့ကို သူ့ခွေးအားပိုက်ထားလျင်ပင် ကြည့်နေသည်။ပြီးနောက်သူက ချီရုန်ကို ကြည့်လျက်ပင်

"အဲ့ဒီ ခွေးသူခိုး နှစ်ကောင်ကို ဖမ်းလိုက်။"

ချီရုန်က ကျွင်းဝူကို အတင်းလွုပ်နွိုးလိူက် ချောက်ကမ်းပါးကို ကြည့်လိုက်ဖြင့်အလုပ်ရွုပ််နေသည်။အကယ်၍ ယခုအချိန်သူ ထိုချောက်ကမ်းပါးထိပ်မှ ခုန်ချမည်ဆိုလျင် အေးအေးလူလူပင် လွတ်ချေလိမ့်မည်။ ယခုမူ ကျွင်းဝူပါ ပါနေသည့်အပြင် ထိုသူက ဘာမှမလူပ်နိုင်တော့သည့်အတွက် သူ့အတွက်ခက်ခဲလာသည်။

မုချင်၏ လူများကလည်း တဖြည်းဖြည်းချင်း သူတိူ့အနားသိူ့ကပ်ကာလာကြသည်။ချီရုန်အနေနှင့်လည်းသူက လုံးဝပင် ကျွင်းဝူကိုထားခဲ့လိမ့်မည်မဟုတ်။ သူက ညီအကိုဟုသတ်မှတ်ပြီးလျင် သစ္စာ ဖောက်တတ်သည့်သူမျိုးတော့မဟုတ်ပေ။

ချီရုန်က ကျွင်းဝူအား အတင်းလွုပ်နွိုးနေရင်းနှင့်ပင် အော်ထည့်လိုက်သည်။

"ချီးပဲ............."

~~~~~~~~~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «Me And My Suspicious Partner».
Chapter 6 ( PaPaPa ကဘာကြီးလဲ)
Коментарі