Chapter 1 (အမည်ပေးခြင်း)
Chapter 2 ( ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ)
Chapter 3 (စည်းကမ်းဖောက်မိပြီ)
Chapter 4 ( ပြဿနာကို ဗုံးဖောက်ရှာ)
Chapter 5 ( ခွေးသူခိုး)
Chapter 6 ( PaPaPa ကဘာကြီးလဲ)
Chapter 7 (မျက်နှာမြင်သတ်ချင်)
Chapter 8 ( ထမင်းအလကားမကျွေးပါ)
Chapter 9 (နှုတ်ဆက်ရတော့မယ်)
Chapter 10 (ရင်ခုန်သံတွေ ပေါက်ကွဲထွက်)
Chapter 11 ( ဝမ်းကွဲအကိုကတော့ လုပ်ပြီ)
Chapter 12 ( လင်နောက်လိုက်ခြင်း)
Chapter 13 ( တောသားမြို့တတ်)
Chapter 14 ( စားပြီးနားမလည် ဝါးပြီးမြိုချ)
Chapter 15 (လက်စားချေခြင်းအနုပညာ)
Chapter 16 ( ငါတို့ကချစ်သူတွေ)
Chapter 17 (သူ ရက်စက်တယ်)
Chapter 18 ( ခွင့်မလွှတ်နိုင်)
Chapter 19 ( တစ်ခန်းရပ်ပြဇာတ်)
Chapter 20 ( ကိုယ့်လမ်းကိုယ်လျောက်ချိန်)
Chapter 21 ( ငါမင်းကိုချစ်တယ်)
Chapter 11 ( ဝမ်းကွဲအကိုကတော့ လုပ်ပြီ)
"မလိုက်ရပါဘူး။"

ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့် နှစ်ဦးသား ထိုအသံလာရာသိူ့လှမ်းကြည့်မိသည်။ သေချာသည်ကတော့ လူနှစ်ယောက်က သူတိူ့အားရပ်ကြည့်နေလေ၏။ တယောက်ကအတော်လေးကို ဝပုံပေါ်သည်။ သူ၏ကိုယ်ခန္တာက အတော်လေးကိုဖောင်းကားနေလေ၏။ နောက်တစ်ယောက်ကမူ ပိန်ပိန်သွယ်သွယ် အရပ်ခပ်ရှည်ရှည်နှင့်ပင် ထို လူဝကြီး၏နောက်မှ လက်ပိုက်ကာ မတ်တပ်ရပ်နေသည်။

ချီရုန်က ကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။

"အော့...ဝမ်းကွဲအကို။ မင်းနောက်ဆုံးတော့ပြန်လာပြီပေါ့။ "

ရှဲ့လျန်က သူ၏အမှိုက်အိတ်ကြီးကို ထမ်းလျက်ပင် သူတို့ရှိရာသို့ ဒုန်းဆိုင်းရောက်လာသည်။ နောက်တွင် ဟွားချန်ကလည်း ထပ်ကြပ်မကွာ လိုက်ပါလာလေ၏။  ရှဲ့လျန်က ချီရုန်တို့ နှစ်ဦးရှေ့နားသို့ရောက်လေတော့ သူ၏ အမှိုက်အိတ်အား ဘေးတွင်အသာချကာ နှစ်ချက်ခန့်ပုတ်လိုက်သည်။

"ရတယ် ကိုကို။ ကျွန်တော်ကြည့်ထားလိုက်မယ်။"

ဟွားချန်က ထိုအမှိုက်အိတ်ဘေးတွင် ရပ်လိုက်ရင်းဆိုသည်။ ထိုအခါရှဲ့လျန်က ဟွားချန်အားပြုံးပြကာ

"အဟမ်း...အွန်း ကောင်းပြီ စန်းလန်။ ကျေးဇူးနော်။"

ချီရုန်နှင့် ကျွင်းဝူကသူတိူ့နှစ်ဦးအားကြောင်တောင်တောင်ဖြင့် ရပ်ကြည့်နေကြသည်။ ဒီအမှိုက်ထုပ်အား အဘယ်ကြောင့် ဤမျှလောက်ဥစ္စာခြောက်နေမှန်း ချီရုန်တစ်ယောက် တွေးကြည့်လို့ပင်မရနိုင်ချေ။ တစ်နေ့တော့ ကျွင်းဝူကိုမေးဖြစ်အောင်မေးကြည့်ပြီး သူပဲ ဉာဏ်မမှီတာလား။ သူ့တစ်ဝမ်းကွဲအကိုကပဲ ကျပ်မပြည့်တာလား ဆိုသည်ကိုစစ်​ဆေးရလိမ့်မည်။

သူ၏တပည့်များကလည်း သူနှင့်ဉာဏ်ရည်တူများဖြစ်တာကြောင့်တစ်ယောက်မှအဖြေသိကြမှာမဟုတ်။ ဟွားချန်က အစဦးကတည်းကပင် ကြောင်တောင်တောင်ဖြစ်နေသည့်အပြင် ယခုသူ့အကိုတစ်ဝမ်းကွဲကိုပါ သဘောကျနေသည့်အတွက် ဟွားချန်သည်လည်း ကောင်းကိုကောင်းလာလိမ့်တော့မည်မဟုတ်ချေ။ ဤသို့ဆိုလျှင် ယခုအချိန်တွင် အားလုံးထဲ၌ အတော်ဆုံးသည် မိမိရှေ့ရှိ ကျွင်းဝူသာရှိလိမ့်မည်။

"ဒီကိစ္စက ဧကရာဇ်အထိတင်ပြဖို့လိုပါ့မလား။"

ချီရုန်က ကျွင်းဝူကိုမော့ကြည့်လျက်အသာရေရွတ်လိုက်သည်။ ကျွင်းဝူက အမှိုက်ထုပ်ဖြင့်အလုပ်ရှုပ်နေသော ရှဲ့လျန်တို့ကိုကြည့်နေရင်းမှ ချီရုန်၏စကားကြောင့် ချီရုန်ကိုပြန်ကြည့်လာသည်။

"ဗျာ!!!!"

"ဘာမှမဟုတ်ပါဘူး။"

ချီရုန်ကခေါင်းပြန်ငုံလိုက်သည်။

"ချီရုန်။ ငါပြောမယ်။ မင်းသူနဲ့လိုက်မသွားရဘူးနော်။ "

ရှဲ့လျန်က သူ၏ အထုပ်နေရာအတည်အကျဖြစ်လေတော့ ခါးနှစ်ဖက်ထောက်ကာ ချီရုန်ကိုပြောလေသည်။ ချီရုန်က ရှဲ့လျန်ကိုကြည့်လိုက်ပြီး

"ဘာလို့လဲ။ မင်းကျ သူနဲ့လျှောက်သွားနေပြီး ငါကျဘာလို့ မရတာလဲ။"

ချီရုန်ကရှဲ့လျန် ဘေးရှိဟွားချန်ကိုမေးမော့ပြရင်းဆိုသည်။ ရှဲ့လျန်က ဟွားချန်ကိုတစ်ချက်ကြည့်လိုက်ပြီးမှ ချီရုန်ဘက်သို့ပြန်လှည့်ကာ

"ချီရုန် မင်းကိုယ့်အကိုကိုပြန်ပြောနေတာလား။ ငါမင်းကို စောင့်ရှောက်ပေးဖို့ မင်းမိဘတွေကို ကတိပေးခဲ့ပြီးသား။ မင်းအန္တာရာယ်ဖြစ်စေမဲ့အရာမှန်သမျှငါပေးမလုပ်ဘူး။ နန်းတော်ဆိုတာကမင်းအတွက် အန္တာရာယ်များတယ်။ မသွားရဘူး။"

"မင်းဘယ်လိုသိလဲ။"

"......."

ချီရုန်မေးလိုက်သည့် စကားကို ရှဲ့လျန်ကအဖြေမပေးနိုင်ပဲ ရပ်တန့်ကာသွားသည်။ ချီရုန်ကဆက်ပြောလာလေ၏။

"မင်းမရောက်ဖူးပဲ ဘယ်လိုသိလဲလို့။ မင်းရောက်ဖူးလို့လား။"

"ငါ....."

ရှဲ့လျန်က ချီရုန်ကိုအကြောင်းပြချက်တစ်ခုခုပေးရန်ရှာဖွေနေပုံရသည်။ သူ၏မျက်ဆံများက ဟိုသည်ပြေးလွှားနေလေ၏။ ဟွားချန်ကတော့ မည်သည့်တစ်ခွန်းမျှ ဝင်မပါပဲရှဲ့လျန်၏ဘေးတွင်သာ သူတို့ကိုလက်ပိုက်ကြည့်နေသည်။ ရှဲ့လျန်က နောက်ဆုံးသူ၏ အကြည့်ကို ကျွင်းဝူဆီတွင်ဂိတ်ဆုံးစေလိုက်ကာဆိုသည်။

" သူ့ကိုခေါ်သွားလို့မရဘူး။ မင်းသာ အခုလက်ရှိဧကရာဇ်ဆိုတာမှန်ရင် ဒီကနေအခုထွက်သွား။ ဒီနေရာ၊ ဒီတောထဲကနေထွက်သွား။ သူ့ကိုတကယ်သဘောကျတယ်ဆိုရင် ပြန်မလာခဲ့နဲ့။ သူနဲ့ဘယ်တော့မှ လာမတွေ့နဲ့။သူနဲ့ဝေးဝေးမှာနေ။"

ရှဲ့လျန်က ပြတ်သားလွန်းသည့်စကားကိုပြောလိုက်ပြီးသည့်နောက်တွင် ချီရုန်၏လက်တစ်ဖက်ကိုဆောင့်ဆွဲကာ သူ့နောက်ဘက်သို့ခေါ်လိုက်သည်။ ချီရုန်က မျက်လုံးအဝိုင်းသားနှင့်ပင် ရှဲ့လျန်နောက်သို့ ပါလာလေ၏။

"ဘာလုပ်တာလဲ။ ဘာလို့အဲ့လိုတွေပြောနေတာလဲ။"

ချီရုန်က ရှဲ့လျန်အနောက်မှနေ၍ ပြောလေသည်။ ရှဲ့လျန်က နော​က်သို့အနည်းငယ်စောင်းကာ ချီရုန်ကို ကြည့်လိုက်ပြီး တိတ်တိတ်နေရန်အချက်ပြသည်။ ချီရုန်က မျက်နှာလွှဲလိုက်ပြီးနောက် ရှဲ့လျန်၏အနောက်မှ ပြန်ထွက်ရန်ပြင်လေတော့ ဟွားချန်က ချီရုန်၏ပုခုံးမှနေ၍ ဖိကိုင်ထားသည်။

"မင်းတို့နှစ်ယောက်ပေါင်းပြီး ဘာလို့ ငါ့ကိုအနိုင်ကျင့်နေတာလဲ။ အရင်ကတစ်ယောက်တည်းလေ အခုနှစ်ယောက်တဲ့လား။"

ရှဲ့လျန်က ချီရုန်အား ဟွားချန်လက်ထဲသို့အပ်လိုက်ပြီးနောက် မည်သည့်စကားတစ်ခွန်းမျှ ဟမလာသည့် ကျွင်းဝူကိုကြည့်လိုက်သည်။

"စခန်းနေရာကိုပြန်လာစရာမလိုတော့ဘူး။ ငါမင်းရဲ့လူတွေကို ဒီနေရာကိုလွှတ်လိုက်မယ်။ တစ်ခါတည်း မင်းရဲ့နေရာကိုပြန်လိုက်တော့။နောက်ထပ် ဒီကိုထပ်မလာပါနဲ့။ မင်းနဲ့သူနဲ့က မဖြစ်နိုင်ဘူး။"

ရှဲ့လျန်က သူ၏အမှိုက်အိတ်ကိုပြန်ထမ်းလိုက်သည်။ ပုခုံးကိုလက်ဖြင့်ဆုပ်ကိုင်ကာ အထိန်းခံထားရသော ချီရုန်က တစ်ကိုယ်လုံးလှုပ်ရှားရုန်းကန်နေလေ၏။ သို့သော်လည်း ဟွားချန်က သူ၏ နောက်လက်တစ်ဖက်ဖြင့်ပင် ချီရုန်၏ လက်နှစ်ဖက်စလုံးကိုနောက်ဘက်သို့စုကာ ဖမ်းကိုင်ပစ်လိုက်သည်။ သုံးယောက်သား လှည့်ထွက်ရန်ပြင်လေတော့ ကျွင်းဝူက

"ကျွန်တော့်ကိုလည်း အကြောင်းပြချက်တစ်ခုခုပေးလေ။ ဘာလို့ ကျွန်တော်နဲ့သူနဲ့မဖြစ်နိုင်ရတာလဲဆိုတာကို။"

တဖက်သိူ့လှည့်ထွက်သွားပြီဖြစ်သော ရှဲ့လျန်တို့သုံးယောက်လုံးက ကျွင်းဝူ၏အေးစက်စက်အသံကြောင့် ပြန်လှည့်ကြည့်လာသည်။ ရှဲ့လျန်က သက်ပြင်းချလိုက်ပြီးနောက် ဟွားချန်ကိုကြည့်ကာ

"စန်းလန်။ ချီရုန်ကို အရင်ခေါ်သွားပေးလို့ရမလား။"

"ရတယ် ကိုကို။"

ဟွားချန်ကအလိုက်သိစွာပင် ချီရုန်အား ချုပ်နှောင်လျက်ခေါ်သွားလေတော့သည်။ ချီရုန်က ကျွင်းဝူကိူလှည့်ကြည့်နေရင်းပင်  အတင်းရုန်းကန်နေလေ၏။  ဤပုံစံက တစ်ယောက်ကိုတစ်ယောက် အလွန်အင်မတန်ချစ်မြတ်နိုးသော သမီးရည်းစားစုံတွဲတစ်တွဲအား မိန်းကလေးဘက်၏ အမေဖြစ်သူမှ "နင့်ကိုငါ့သမီးနဲ့သဘောမတူနိုင်ဘူး ။ ငါ့သမီးနဲ့ဝေးရာကိုထွက်သွား။" ဟုဆိုကာ သူ့သမီးကိုလည်း လုံခြုံရေးတစ်ယောက်အား အတင်းဖမ်းချုပ်သွားစေပြီး သမီးဖြစ်သူက "သမီးသူနဲ့မခွဲနိုင်ပူးမေမေ သမီးကိုသူနဲ့ခွဲမယ်ဆိုရင်သမီးသေပစ်လိုက်မှာ အဟင့်အဟင့်" ဆိုပြီးငိုနေတာမျိုးတော့မဟုတ်ပေမဲ့ မိခင်ကသာ သမီးပါသွားမည်စိုးသဖြင့် သမီးလေးအား အိမ်ကိုပြန်ခေါ်သွားပြီး အိမ်ကိုပါအလုံပိတ်ထားရန် စီစဥ်နေသည့် ဆန်ကန်မြေလေး ၁၀၉ ၁၁၀ကောင်နှင့် မပေးစားရက်သည့် မိခင်၏ မေတ္တာကြီးမားပုံကိုဖော်ပြနေခြင်းနှင့် ဆင်တူနေလှသည်။

ရှဲ့လျန်က ဟွားချန်တို့ထွက်သွားလေတော့မှ ကျွင်းဝူကိုကြည့်ကာဆိုသည်။

"လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကမှ မင်းတို့ 'ပိုင်'မျိုးနွယ်တွေ စတင်ပြီးနန်းတတ်ခဲ့တာမလား။ အရင်မင်းဆက်ကို ဖြုတ်ချပြီး မင်းရဲ့ဖခင်လား သူနန်းစတတ်ခဲ့တာ။ မင်းက ဒုတိယမင်းဆက်ပဲ။ "

"အဲ့ဒီတော့။ အဲ့တာနဲ့ ရုန်လေးနဲ့က ဘာဆိုင်လို့လဲ။"

"ငါက အဲ့ဒီမင်းတို့ဖြုတ်ချခဲ့တဲ့ တိုင်းပြည်ရဲ့ အိမ်ရှေ့စံပဲ။ ချီရုန်က ငါနဲ့အတူအသက်ရှင်ကျန်ရစ်ခဲ့တဲ့ တစ်ဦးတည်းသောတော်ဝင်မျိုးဆက်။ မင်းနဲ့ ငါတို့က ရန်သူတွေပဲ။ "

ကျွင်းဝူ၏ ခြေလှမ်းများကနော​က်သို့ အနည်းငယ်ဆုတ်ကာသွားသည်။ နောက်ဘက်တွင်ချောက်ကမ်းပါးပင်ရှိတော့သည်မို့ သူသည်လည်း ထိုချောက်ကမ်းပါး၏ အစပ်နားတွင်ပင်ရောက်နေချေပြီ။ ခြေကိုတရွတ်တိုက်လိုက်သည်မို့ တစ်ချို့သော ကျောက်ခဲအသေးစားလေးများပင်လျင် ချောက်ကမ်းပါးအောက်ရှိ ရေကန်ထဲသို့ ပလုံမြည်ကာ ကျနေသည်။ ရှဲ့လျန်ကဆက်ပြောသည်။

"ဒီလောက်ဆို ငါပြောချင်တဲ့စကားတွေကိုမင်းနားလည်လောက်တော့မှာပါ။ မင်းတို့ကအစထဲက မတွေ့ခဲ့သင့်ဘူး။ ငါသာနန်ဖုန်းတို့နဲ့ တွေ့ပြီး အကျိုးအကြောင်းသာ မသိခဲ့ရရင် သူမင်းနဲ့ပါသွားတော့မလို့။ ဘာပဲဖြစ်ဖြစ် သူ့ကိုငါတာဝန်ယူမှာမလို့ မင်းသူ့ရှေ့မှာထပ်ပေါ်မလာပေးရင်ရပြီ။"

ကျွင်းဝူက မည်သည့်စကားတစ်ခွန်းမျှဆက်မပြောတော့ပဲ သူ၏ခေါင်းကိုငုံ့ကာငြိမ်နေလေ၏။ ရှဲ့လျန်က ကျွင်းဝူကိုကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ ဝါရဝပြုလိုက်သည်။

"သွားခွင့်ပြုပါအုန်း။ ဧကရာဇ်ပိုင်ဝူရှန့်။"

ရှဲ့လျန်ထွက်သွားပြီးသည်အထိ ကျွင်းဝူကထိုနေရာတွင်သာ ရပ်တန့်နေခဲ့သေးသည်။ အလွန်လှပခဲ့သည့်ညတစ်ညသည် ချက်ချင်းပင် တိမ်မဲတို့ဖြင့် အမှောင်ဖုံးခံလိုက်ရသည့် လမင်းကြီးလိုပင် မဲမှောင်သွားသည်ကို ခံစားလိုက်ရသည်။ ထိုချောက်ကမ်းပါးနားတွင်တော့  ကျွင်းဝူတစ်ယောက်တည်းသာငြိမ်သက်စွာရပ်တန့်လျက် ​ကျန်ရစ်ခဲ့လေတော့သည်။

~~~~~~~~~~~~~~~
A/N 😚😚 အူးမွ
© Hnin Aung,
книга «Me And My Suspicious Partner».
Chapter 12 ( လင်နောက်လိုက်ခြင်း)
Коментарі